Friday 17 September 2010

Windows password သူများ ပြောင်းလို့ မရအောင် ပိတ်မယ်

ကွန်ပျူတာကို password ခံထားတတ်ကြပါတယ်။
password ခံထားရုံနဲ့ မလုံလောက်သေးဘူး ထင်ရင်တော့ ဒီနည်းကို သုံးကြည့်ပါ။.

၁၊ window+R နှိပ်ပြီး Run box ခေါ်လိုက်ပါ။
၂၊ gpedit.msc ကို ရိုက်ထည့် ok(or)Enter နှိပ်လိုက်ပါ။
၃၊ Group Policy Object Editor ဆိုတဲ့ box ကျလာပါလိမ့်မယ်။
၎၊ အဲဒီ box ရဲ့ Local Computer Policy အောက်က User Configuration ကို သွားလိုက်ပါ။
၅၊ User Configuration ရဲ့အောက်မှ Administrative Template ဆိုတာကို double click ပေးပြီသူ့ရဲ့အောက်က system ဆိုတာလေးကို double click ထပ်ပေးလိုက်ပါ။
၆၊ ပြီးရင်တော့ ညာဘက်မှာရှိနေတဲ့ setting ရဲ့အောက်က Ctrl +Alt +Del ဆိုတာကို double click ပေးပြီဝင်လိုက်ပါ။
၇၊ အပေါ်ဆုံးမှာမြင်နေရတဲ့ Remove change password ကို double click လုပ်ပြီး ၀င်လိုက်ပါ။
၈၊ အဲဒီမှာ Remove Change Password Properties ဆိုတဲ့ box ထပ်ပေါ်လာပါလိမ့်မယ်။
၉၊ အဲဒီ box ရဲ့ setting ထဲက Enable ဆိုတာလေးကို အမှန်ခြစ်လေးပေးပြီး apply , ok
ပေးလိုက်ရင် ကွန်ပျူတာ ပိုပြီးတော့ စိတ်ချရပါလိမ့်မယ်။

0 comments:

Post a Comment