Tuesday 26 October 2010
အိမ်သုံးဝါယာလက် လုံခြုံရေး
သာမာန်ထက် လုံခြုံစိတ်ချရသော အိမ်သုံး Wireless တစ်ခုတည်ဆောက်မယ်...
ဒါကတော့ မိမိရဲ့ အိမ်သုံး၊ ရုံးသုံး Wireelss Access Point တွေအတွက် လုံခြုံစိတ်ချရ အောင် နည်းလမ်းတစ်ချို့ပါ။
၁။ Wireless Router or Access Point ရဲ့ မူလနေရာတွင်
Wireless Router ဒါမှမဟုတ် Wireless Access Point တိုင်းမှာ Administrator တစ်ယောက်အနေနဲ့ Device Configuration Setting တွေကို ပြင်ဆင်လို့ရအောင် manufacture setting အနေနဲ့ user name = admin , password = admin နဲ့ Wireless Access Password အနေနဲ့ WEP protect လုပ်ထားရင် passsword = aabbccddee စသည့်ဖြင့် အသုံးပြုသူအနေနဲ့ လွယ်ကူအောင် Factory Default တွေသတ်မှတ်ထားပါတယ်။ သာမာန် ကွန်ပျူတာကို တပ်ဆင်အသုံးပြုသူတွေအနေနဲ့ အင်တာနက်ကို တန်းဝယ် ကောက်ဆင်လုပ်တတ်တဲ့အတွက် ဒီ Setting နှစ်ခုကို protect လုပ်ဖို့ သတိမရကြပါဘူး။ တစ်ချို့ Technician တွေအနေနဲ့လည်း ပြီးရင်ပြီးရော password ရှိတာပဲ ဆိုကာ ဒီအတိုင်းပဲ ထားခဲ့တတ်ကြပါတယ်။ ဒီတော့ ကွန်ပျူတာ အနည်းငယ်တတ်ကျွမ်းတဲ့ သူတွေက သူတို့ရဲ့ Notebook ကိုဖွင့်က အနီးအနားက Wireless ကိုဖမ်းတဲ့အခါ တစ်ချို့ Device တွေက Factory Default တွေပါ။ ဆိုလိုတာက Aztech ဆိုရင် SSID မှာ aztech , D-link  = d-link  နဲ့ Linksys ဆိုရင် linksys စသည်ပေါ့။ ဒီလို ပေါ်နေပြီဆိုရင် ၉၀% ကတော့ သူတို့ ဒီ router / ap ရဲ့ default ကိုမပြောင်းရသေးပါဘူး။ wireless ရဲ့ password ကိုမပြောင်းရသေးမှတော့ Device ရဲ့ administrative password ကိုလည်း မပြောင်းရသေးတာသေချာပါတယ်။
Administrator password နဲ့ Wireless Password ကိုပြောင်းဖို့မမေ့ပါနဲ့။ ဒါက အဓိက။
၂။ Don't broadcast your SSID (Service Set IDentifier)
ဒါကတော့ အခုနောက်ပေါ်တဲ့ Access Point တစ်ချို့ (အကုန်လုံးနီးပါး) မှာပါတဲ့ Function တစ်ခုပါ။ Linksys ရဲ့ WAP54G ကိုကြည့်မယ်ဆိုရင် သူက အနီးအနားမှာ ရှိတဲ့ AP နဲ့ Router Device တွေကို ရှာဖွေကာ AP to AP , AP to Router ချိတ်ဆက်တာပါ။ ပုံမှန်အားဖြင့်တော့ ဒါလေးက On နေတတ်ပါတယ်.. ဒီလိုအချိန်မျိုးမှာ တစ်ခြား AP or Router နေရာကနေ Signal ကိုယူက Network Traffic ကို sniffing လုပ်နိုင်ပါတယ်..
အသုံးမလိုက ပိတ်ထားပါ။
၃။ WPA/WPA2 ကို WEP အစားသုံးပါ။
WPA (Wi-Fi Protected Access WEP) ဆိုတာ WEP (Wired Equivalent Privacy) ထက်ပိုပြီး လုံခြုံစိတ်ချရပါတယ်။
WEP password သာပေးထားရင် ဟက်ကာ မဟုတ်လည်း Hacking Tool တွေနဲ့ ဟက်ရင် ၅ မိနှစ်မကြာပါဘူး။ WPA ကိုကော ဟက်လို့မရဘူးလားဆိုတော့ ရတော့ရတယ်.. ခက်တယ်။
၎။ MAC filtering လုပ်ခြင်း
MAC (Media Access Control) ဆိုတာကတော့ Network Adapters / Network Interface Cards (NICs) တိုင်းမှာပါတဲ့၎င်းတို့ရဲ့ Manufacturer  for Identification ပါ။ Character ၁၂ ပါတဲ့ မတူညီ အမှတ်ပါ။ MAC filtering Setting ကိုသွား၍ မိမိတို့ရဲ့ MAC ကိုကြိုတင် Reserved လုပ်ခြင်းဖြင့် Network Security ကိုပိုပြီး စိတ်ချစေနိုင်ပါတယ်။ ဒါက Private အတွက်ပါ။
၅။ Remote Administration ကို ပိတ်ခြင်းပါ။
ပုံမှန်အားဖြင့်တော့ Remote Access ကို Wireless Device တော်တော်များများမှာ ပိတ်ထားတတ်ပါတယ်။ Remote Administration ဆိုတာကတော့ ဘယ်နေရာပဲရောက်ရောက် မိမိရဲ့ အိမ်၊ ရုံးက Router ရဲ့ Configuration Setting တွေကို ပြုပြင်လို့ရတဲ့ advanced management setting တစ်ခုပါ။
ဒါလေးကို လည်း Check ဖို့မမေ့ပါနဲ့။
source: lannthit
အပြည့်အစုံ
Understanding BIOS Features
ဒီ Understanding BIOS Featuresဟာ ကွန်ပျူတာလက်ဝယ်ရှိသူများအတွက် လေ့လာထားသင့်တဲ့
ပို့စ်တစ်ပုဒ်ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်မြန်မာအိုင်အာစီနှင့်မြန်မာစကားဝိုင်းမှ ကူးယူ
ဖေါ်ပြပေးလိုက်တယ်။ ကဲ...လေ့လာကြရအောင်...
Bios and coms setup utility သည် ကွန်ပျူတာတိုင်းတွင် မရှိမဖြစ်လိုအပ်သော အရာတစ် ခုဖြစ်သည်..hardware နဲ့ operating system တို့ ချိတ်ဆက် လုပ် ဆောင်ကြသည့် အခါအရေးကြီး သောကြားခံmedia တစ်ခုဆိုရင်လည်းမမှားပေ..BIOS သည် basic input/output system ဖြစ်ပြီး instructions အစုအဝေး တစ်ခုဖြစ်သည် အဲဒီ instructions တွေကို power off သွားသည့်တိုင်မ ပျောက်ပျက်အောင်ထိမ်းသိမ်းပေးတဲ့ အရာကတော့ CMOS (Complementary Metal Oxide Semiconductor)ဖြစ်ပါတယ်..အောက်မှာပြထားတဲ့ ပုံက BIOS ရဲ့  feature တွေဖြစ်ပါတယ် အ ကြောင်းအရာအပြည့်အစုံတော့မဟုတ် ဘူး အရေး ကြီး တဲ့ အချက် တွေ ကိုသာဖော်ပြလိုက်ပါ တယ် ..ဒီ bios ထဲကို ၀င်ရောက်ဖို့ အတွက် စက်စဖွင့်လျင်ဖွင့်ချင်း ကီးဘုတ်မှ delete Key ကိုနိုပ်ထား ပေးရပါတယ် ..POST လုပ်ငန်းစဉ် ပြီးဆုံးတာနဲ့  အောက်က screen အပြာ ရောင်လေးတက် လာ ပါမယ်..ဖော်ပြထားတဲ့ feature တစ်ခုချင်းစီက ဘာလုပ်ငန်းတွေ ကိုလုပ်ဆောင်တယ်ဆိုတာ အောက် မှာလေ့လာနိုင်ပါတယ်…
Standard CMOS Features
Advanced BIOS Features
Advanced BIOS Features မှာ boot setting တွေပါဝင်ပါတယ် နောက်အခြား feature ဖြစ်တဲ့  level 1,level 2 cache တွေရဲ့ setting တွေပါဝင်တယ်.. အဓိကကတော့ user များအသုံးများတဲ့ boot setting တွေကိုအစဉ်လိုက်ကြေငြာထားတယ် အဲဒီကြေငြာထားတဲ့ အတိုင်း system ကအလုပ် လုပ်သွားမှာဖြစ် ပါတယ်..ဆိုပါစို့ ကျနော်တို့ က first boot device ကို CD ROM လို့ ပြောင်းထားမယ် ဆိုရင် computer စဖွင့်ဖွင့်ခြင်းမှာ post လုပ်ငန်းစဉ်ပြီးတာနဲ့  bios ကို စစ်ပါတယ်..အဲဒီမှာ ကျနော်တို့  က CD ROM လို့ ကြေငြာခဲ့ တဲ့ အတွက် စက်က ပထမဆုံးboot လုပ်မည့် CDROM drive မှာ information သွားစစ်ပါ တယ် ..installation လုပ်မည့်ခွေမထည့်ထားရင်သူက second boot ဖြစ်တဲ့  hard disk ကိုဖတ်မယ် ..တကယ်လို့  first boot ကော second boot ကောတပ်မ ထားဘူးဆိုရင်တော့ third boot ဖြစ်တဲ့  floppy ကိုဖတ်မှာဖြစ်ပါတယ်..(ဒါပေမဲ့ ဒီဘက်ခေတ်မှာ floppy ကမသုံးသလောက်ရှားသွားခဲ့ ပါပြီ) Windows installation လုပ်တဲ့ အခါမျိုးကျရင်ဒီနေရာ first boot device မှာ CD ROM ထားပေးရပါမယ်..ကျန်တဲ့ အချိန်မှာတော့ first boot ကို Hard disk ထားပေးရပါတယ်..
ပုံမှန်အတိုင်းဆိုရင်
First boot device =Hard disk
Second boot device=CD ROM
Third boot device=Floppy
Advanced Chipset Features
ဒီ features မှာ user အနေနဲ့  hardware တွေရဲ့ အလုပ်လုပ်ဆောင်ပုံနဲ့ ရင်းနှီးကျွမ်းဝင်သူ ဖြစ်မှသာ ပြုပြင်တာ အဆင်ပြေမှာဖြစ်တယ်..ကိုယ်က မသိပဲနဲ့ ပြင်လိုက်တဲ့ အခါ system unstable ဖြစ်သွားနိုင်ပါတယ်…ဒီ setting မှာ memory ရဲ့  timming တွေကိုပြုပြင်ပြောင်းလဲ လို့ ရပါတယ်..
Inegrated Peripherals
Hardware device တွေရဲ့  I/O(input/output)controller ဖြစ်တဲ့  IDE drive,serial port.,parallel port ,keyboard စတဲ့  device တွေ ကို Modify လုပ်ပေးနိုင်တယ်..များသောအားဖြင့်တော့ usb keybord ကိုပြောင်းလဲတပ်ဆင်တဲ့အခါမှာ ကီးဘုတ်က အလုပ်မလုပ်တာတို့ ဖြစ်ခဲ့မယ်ဆိုရင် ဒီနေရာလေးမှာ usb keyboard ကိုenable ပေးထားသလားဆိုတာ လာစစ်လို့ ရပါတယ်…
Power Management Setup
Power management က power အမျိုးမျိုး တွေရဲ့ feature တွေကို control လုပ်ပေးတယ်မ လိုအပ်တဲ့ အချိန်မှာ power ကို reduce လုပ်ဖို့ အတွက် modify လုပ်နိုင်ပါတယ်..Display monitor , Hard drive, Shut down,Hibernate and stand by mode နဲ့ Low battery warnings တွေကို power management ကနေပြီးတော့ ဆောင်ရွက်ပေးပါတယ်..
PnP/PCI Configurations
PnP/PCI Configurations မှာ PCI slot တွေရဲ့  IRQ's တွေကို assign လုပ်ပေးနိုင်တယ်.. IRQ ဆိုတာinterest requestခေါ်ဆိုတာ ဖြစ်ပါတယ် သူ ကhardware device တွေရဲ့ level တွေကို IRQ number တွေနဲ့ ခွဲခြားပေးထားတာဖြစ်တယ်..
PC Health Status
PC Health Status မှာ cpu ရဲ့  temperature ,cpu ရဲ့ fan speed, voltages တွေကိုပြထားတယ်.. အဲမှာ temperature မြင့်လာတာနဲ့ အမျှ heat တက်လာမယ်..heat တက်လာတဲ့ အခါ cpu အ၇မ်းပူလာပြီးတော့လောင်သွားနိုင်တယ်..ခုနောက်ပိုင်းမှာတော့ သတ်မှတ်ထားတဲ့ cpu temperature ထက်ကျော်လာ၇င်တော့ cut off လုပ်လိုက်ပါတယ်.(သို့ ) Restart ကျသွားပါ တယ်..အစိမ်းရောင်နဲ့ မြင်တွေ့ နေရတဲ့  informations တွေက user အနေနဲ့ ပြောင်းလဲခွင့်မရှိပဲ ဖတ်ရှုလို့ ရရုံသက်သက် Information တွေဖြစ်တယ်..cpu warning message ပြစေချင်တယ်ဆို၇င် enable ပေးထားလို့ လည်းရပါတယ်…
Load Fail-Safe Defaults
ကိုယ့်ရဲ့ စက်မှာ Bios ကပြုပြင်ပြောင်းလဲဖို့  (သို့ )system unstable ဖြစ်လာပြီဆိုရင် သူ့ နဂိုမူရင်း Ddfault setting ကို ပြောင်းလဲပေးနိုင်တယ်..Bios ထဲမှာ ကိုယ့်ရဲ့ ပြောင်းလည်းမှုတွေက အ၇မ်း များနေမယ်..ကိုယ့်ဘာသာကို ဘာပြောင်းလို့ ပြောင်းလိုက်မိမှန်း မသိတော့တဲ့ အခြေအနေမျိုး တစ်ခါ တခါကျတော့လဲBios ထဲမှာ ဘယ် setting မှားလို့ မှားနေမှန်းမသိတော့ဘူးဆိုရင် အကောင်းဆုံးက တော့ ဒီ Load Fail Safe Mode Defaults ကိုရွေးပေးလိုက်ပါ..ပြီးတာနဲ့  function key F10 ကိုနိုပ်လိုက်လို့ ရှိရင် အောက်ကပုံအတိုင်းပေါ်လာမယ်အဲကျရင် ကီးဘုတ်မှ Y ကိုနိုပ်ပေးလိုက်ပါ..
Load Optimized Defaults
သူကလည်း Load Fail-Safe Defaults နဲ့ တူတူပါပဲ..ဒါပေမဲ့ system ကို အကောင်းဆုံးနဲ့  အဆင်ပြေဆုံး setting တွေကို သူကပြင်ဆင်ပေးတယ် သူကိုလည်း save ပြီးထွက်မယ်ဆိုရင် F10 ကို နိုပ်ပြီး အောက်ကပုံပေါ်လာတာနဲ့  Y (yes) ပေးလိုက်ပါ..
Set Supervisor Password / Set User Password
Bios password လို့ လည်းခေါ်ကြပါတယ်..သူက system ကို တခြားသူတွေ ၀င်ရောက်ပြုပြင်ပြီး system unstable ဖြစ်မှာစိုးတဲ့အတွက် ဒီ Bios ကို password ခံထားလို့ ရပါတယ် …ကိုယ်က အကြောင်းအမျိုးမျိုးကြောင့်password မေ့ သွားခဲ့ရင်လည်း motherboard ပေါ်မှာ cmos jumper ကို reset လုပ်လိုက်တာနဲ့ အဆင်ပြေပါတယ်..ဒါမှမဟုတ်ရင်လည်း cmos battery ကိုစက္ကန့် 30 လောက်ဖြုတ်ထားပြီးပြန်တပ်လိုက်ရင်လည်း bios ထဲကိုပြန်ဝင်လို့ ရပါတယ်..
Save and Exit Setup
Bios ထဲမှာ ပြုပြင်ပြောင်းလဲထားသမျှကို အတည်ပြုသိမ်းဆည်း တော့မယ်ဆိုရင် ဒီ save and exit setup ကို enter ခေါက်လိုက်တာနဲ့  ပြောင်းလဲလိုက်တဲ့အတိုင်း သိမ်းမည်လား မသိမ်းဘူးလားလို့  မေးတဲ့ အခါ yes or no (Y/N)ရိုက်ပေးလိုက်ရုံပါပဲ…
Exit without Saving
တကယ်လို့ မှ မိမိက ပြုပြင်ပြောင်းလဲထားတာတွေကို မသိမ်းချင်ဘူးဆိုရင်Exit without Saving နဲ့  ထွက်ပြီး သိမ်းမှာလားဆိုရင် No ပေါ့ ..” N ”ဟုရိုက်ပြီးထွက်ပါ..
ညီအစ်ကိုမောင်နှမများအားအစဉ်လေးစားလျက်
မြန်မာချက်အွန်လိုင်းဖိုရမ်
Kosannyeinnn
6.20.2010
အပြည့်အစုံ
Electronics ဖြစ်ပေါ်လာပုံ
Electronics နည်းပညာကို လေ့ လာ လိုက်စားတော့မည် ဆိုလျှင် “Electronics” ဟူသော ဝေါဟာရ ကို အခြေ အ မြစ်ကျကျ သိရှိ နားလည်ထားရန်လိုအပ်ပါသည်။ Electronics (အီလက်ထရွန်းနစ်) ဟူသော ဝေါဟာရကို အင်္ဂလိပ် မြန်မာ အဘိဓာန်များ၌ ပရမာ အနုမြူနှင့် ဆိုင် သော ရူပဗေဒ ဘာသာရပ် ဟုအဓိပ္ပာယ် ဖွင့်ဆိုထားလေသည်။
Electronics ဟူသော ဝေါဟာရကို (GREEK) ဂရိဘာ သာစကားမှ စတင်ဆင်းသက် ပေါက်ဖွားလာခဲ့ သည်။ ဂရိဘာသာစကားတွင် Electronics ဟူသော ဝေါဟာရ ကို ပယင်းကျောက်တုံးဟု အဓိပ္ပာယ် ရလေ သည်။ စာဖတ်သူများအနေဖြင့် အီလက်ထရွန်းနစ်ပညာကိုလေ့ လာလိုက်စားရာတွင် ဗဟုသုတအနေ ဖြင့် သော်လည်ကောင်း၊ မိမိဝါသနာပါရာ အီလက်ထရွန်းနစ်ပညာ၏ သမိုင်းကြောင်းဆိုင်ရာ သိမှတ်စရာအဖြစ် လည်းကောင်း အထောက်အကူဖြစ်စေခြင်းငှာ အီလက်ထရွန်းနစ်၏ သမိုင်းကြောင်းကို စတင်ပါတော့မယ် ခင်ဗျာ။
လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ကျော်လောက်က ပိုးသားဝတ်စုံများကို မြတ်နိုးစွာ ၀တ်ဆင်လေ့ရှိ သော ဂရိလူမျိုးများစွာတို့အနက် လက်အငြိမ်မနေသောတတ်သော ဂရိလူမျိုးတစ်ဦး ရှိလေသည်။ ထိုသူ တွင် လုံးဝန်းသော ပုံသဏ္ဍာန်ရှိသည့် ပယင်းကျောက်တုံး (AMBER) တစ်လုံးရှိလေသည်။ ထိုသူသည် အားလပ်သော အချိန်တိုင်းတွင် ၎င်းပိုင်ဆိုင်သော ပယင်းကျောက်တုံး ကလေးကို သူ၏ ပိုးသားဝတ်ရုံဖြင့် အစဉ်သဖြင့် ပွတ်တိုက်လှုပ်ရှား၍ သာနေသည်။ ထိုသူ၏ အငြိမ်မနေတတ်သော အကျင့်သည် သာမန် အားဖြင့်ဆိုလျှင် မည့်သို့မျှထူးခြား စိတ်ဝင်စားဖွယ် မရှိသော်လည်း ထိုသို့ အငြိမ်မနေတတ်သော ဂရိလူမျိုး တစ်ဦး၏ ပိုးသားဝတ်ရုံစဖြင့် ပယင်းကျောက်တုံးကလေးကို စဉ်ဆက်မပြတ်ပွတ်တိုက် လှုပ်ရှားရာမှ စ၍ ယခုမျက်မှောက်ကာလ ကမ္ဘာနှင့်အ၀ှမ်း အီလက်ထရွန်းနစ်နည်းပညာများ ဖွံဖြိုးတိုးတတ်လာခဲ့သည် ဆို လျှင် ယုံနိုင်ဖွယ်မရှိအောင် အံ့သြကြမည်မှာ မလွှဲပါ။
တစ်နေ့သော်ထိုသူသည် ၎င်းပိုင်ဆိုင်သော ပယင်းကျောက်တုံးကလေးကို ပိုးဝတ်ရုံစဖြင့် စဉ်ဆက်မ ပြတ် ပွတ်တိုက်ရာမှ လက်ထဲမှာ ပူနွေးညောင်းညာလာသဖြင့် ၎င်းပယင်းကျောက်တုံးကလေးကို အနီးရှိ စားပွဲခုံတစ်ခုပေါ် တင်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ ပေါ့ပါးသော စက္ကူစများ၊ ငှက်မွှေးများ၊ ဂွမ်းစကဲ့သို့ သော ပေါ့ပါးသော အရာဝတ္တုများသည် ၎င်းပယင်းကျောက်တုံးဆီသို့ အပြေးအလွှား ကပ်ညှိသွားသည်ကို အဲ့ဩဖွယ်ရာ မြင်တွေ့လိုက်ရသည်။ ထိုသူသည်လွန်စွာ အံ့အားသင့်သွားသည်။
သို့သော် အဘယ်ကြောင့်ထိုသို့ ဖြစ်ရသည်ကိုမူ ၎င်းအနေဖြင့် သိနိုင်စွမ်းမရှိခဲ့ပေ။ သို့သော် ထိုသူ သည် ၎င်း၏ ပယင်းကျောက်တုံးကလေးကို ပိုးဝတ်ရုံစဖြင့် ပူနွေးလာစေရန် အဆက်မပြတ် ပွတ်တိုက်၍ လူပုံလယ်တွင် မည့်သည့် အဆက်အသွယ်မှ မရှိဘဲ သံနှင့်သံလိုက် မဟုတ်ပါပဲ အ၀တ်စ၊ ငှက်မွှေး၊ ဂွမ်းစ နှင့် စက္ကူစုတ်များကို ပယင်းကျောက်တုံးသို့ ပြေးဝင်ကပ်ညှိအောင် လုပ်နိုင်စွမ်းသူ တစ်ဦးအဖြစ် ဂရိလူမျိုး များစွာတို့၏ အံ့ဩမှုကို ခံယူခဲ့ရလေသည်။ 
အမှန်စင်စစ် ထိုအချိန်က အရာဝတ္တုတစ်ခုကို အခြားအရာဝတ္တုတစ်ခုနှင့် ပွတ်တိုက်သည့်အခါ (FRICTIONAL ELECTRICITY) ဖရက်ရှင်းနယ်လ် အီလက်ထရစ်စီတီ ခေါ်အပူကြောင့်ဖြစ်ပေါ်သော အပူ လျှပ်စီးကြောင်း၏ သဘောတရားကို မည်သူမျှ နားလည်သဘောပေါက်ခြင်း မရှိသေးပေ။ သို့သော ပယင်း ကျောက်တုံးကို အ၀တ်စတစ်ခုခုဖြင့် ပွတ်တိုက်ပေးလျှင် အ၀တ်စ၊ ငှက်မွှေး၊ ဂွမ်းစနှင့် အခြားပေါပါးသော အရာဝတ္တုများ ပြေးဝင် ကပ်ညှိနိုင်သောသဘောကို အီလက်ထရွန် (သို့မဟုတ်) အီလက်ထရစ် ဟုခေါ်ဆို ကြလေသည်။ ၎င်း၏ အ ဓိပ္ပာယ်မှာ ပယင်းကျောက် ဟု၍ပင်ဖြစ်သည်။
အချိန်ကာလာ အတန်ကြာသိအထိ ပယင်းကျောက်တုံး၏ နိယာမမှာ တိုးတက်ပြောင်းလဲခြင်းမရှိဘဲ နေလာခဲ့ရာ (၁၆) ရာစုသို့ ရောက်သောအခါ (Doctor William Gilbert) ဒေါက်တာဝီလျံဂီးဘတ် ဆိုသူ သည် ချိတ်၊ အင်တွဲ၊ ကန့်၊ ဖန် စသောအစိုင်အခဲတို့သည်လည်း အ၀တ်စဖြင့် ပူလာသည်အထိ ကြိမ်ဖန် များစွာ ပွတ်တိုက်ပါက ပယင်းကျောက်တုံးကဲ့သို့ပင် ပေါ့ပါးသော အရာဝတ္တုများကို ဆွဲငင်နိုင်ကြောင်း ထပ်မံစမ်းသပ် တွေ့ရှိလာခဲ့သည်။
ထိုပြင် အီလက်ထရွန်တို့သည် တစ်နေရာမှ တစ်နေရာသို့ ၀ိုင်ယာကြိုးစသည့် တစ်စုံတစ်ခုဆက် သွယ်ခြင်း မရှိပဲ အာကာသ အတွင်းသို့ အလိုအလျှောက် ပျံနှံရောက်ရှိနိုင်ကြောင်း သိရှိခဲ့ရလေသည်။ ထိုပြင် (FRICTIONAL ELECTRICITY) ဖရက်ရှင်းနယ်လ် အီလက်ထရစ်စီတီခေါ် အပူကြောင့် အလို အလျှောက် စွမ်းအင်တစ်မျိုး ဖြစ်ပေါ်စေကြောင်းနှင့် ပယင်း၊ ချိတ်၊ ကန့်၊ ဖန်၊ အင်တွဲ၊ ထင်းရူးဆီတို့၌ ငြိမ် ၀ပ်လျှက်ရှိသော စွမ်းအင်များသည် ပွတ်တိုက်မှုကြောင့် ပူနွေးနိုးထလှုပ်ရှားပြီး ရှင်သန်သော စွမ်းအင်များ ပေါ်ထွက်လာနိုင်သည် ဟူ၍၎င်း၊ ထိုသို့ ဖြစ်ပေါ်လာသော လျှပ်စစ်စွမ်းအင်ကို (FRICTIONAL ELECTRICITY) အပူကြောင့် ဖြစ်ပေါ်လာသော လျှပ်စစ်စွမ်းအင် (သို့မဟုတ်) ( Static Electricity) စတက်တစ်ခ် အီလက်ထရစ်စီးတီး တည်ငြိမ်မှု နိုးထသော လျှပ်စစ်စွမ်းအင် ဟုခေါ်ဆိုကြလေသည်။
ဤသို့ဖြင့် ၁၈၁၉ ခုနှစ်သို့ ရောက်ရှိလာသောအခါ (Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် ဆိုသူသည် အရာဝတ္တု တစ်ခုနှင့်တစ်ခု ပွတ်တိုက်လိုက်သော အခါအပူကြောင့် သံလိုက်ဓာတ်ကဲ့သို့ ဆွဲသင်ယူဆောင်နိုင်သော စက်ကွင်း (သို့မဟုတ်) လျှပ်စီးစွမ်းအင်များ ထွက်ပေါ်လာ သည်။ ထို့အပြင် ၎င်းလျှပ်စီးစွမ်းအင်တို့သည် ရွှေ၊ ငွေ၊ ကြေး၊ အလူမီနီယံ၊ သံ စသော သတ္တုများတွင် စီး ၀င်နိုင်သည်။ ၎င်းသတ္တုတို့တွင် အီလက်ထရွန်များ လွပ်လပ်စွာ တည်ရှိနိုင်မှုကြောင့် လျှပ်ကူးစွမ်းရည်ပို ကောင်းသည်။ မီးခံကျောက်၊ ရော်ဘာ၊ ဖယောင်း၊ ပလပ်စတစ်၊ လကြေးတို့သည် အီလက်ထရွန်သက် ရောက်မှု နည်းပါးသဖြင့် လျှပ်ကူးမှုစွမ်းအင် နည်းပါးပြီး ရောက်ရှိလာသော လျှပ်စီးစွမ်းအားတို့ကို တားဆီး သောသဘောရှိသည်ဟု သိရှိလာသည့်အပြင် ထပ်မံစူးစမ်းလေ့လာသောအခါ ထိုသူသည် အောက်ဖော်ပြ ပါအချက်တို့ကို တွေ့ရှိနိုင်ခဲ့လေသည်။
  1. အရာဝတ္တုတစ်ခုနှင့်တစ်ခု ပွတ်တိုက်သည့်အခါ အပူကြောင့် လျှပ်စီးစွမ်းအားကို ရရှိစေနိုင် သည်။
  2. ရွှေ၊ ငွေ၊ ကြေး၊ သံ စသော သတ္တုတို့သည် လျှပ်စစ်စွမ်းအင်ကို လက်ခံဖြတ်သန်းစီးဆင်းစေ နိုင်သည်။
  3. လျှပ်စစ်စွမ်းအင်များသည် ရွှေ၊ ငွေ၊ ကြေး၊ သံ စသော သတ္တုတို့ကို ဖြတ်သန်းစီးဆင်းသော အခါ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် လျှပ်စစ်သံလိုက်ကွင်းများ ဖြစ်ပေါ်နေသည်။
  4. ၎င်း ရွှေ၊ ငွေ၊ ကြေး၊ သံ များကို ကြိုးခွေတစ်ခုသဖွယ် ခွေ၍ထားပါက လျှပ်စစ်သံလိုက်စက် ကွင်းအင်အားများပို၍ ဖြစ်ပေါ်စေသည်။
  5. ၎င်း ရွှေ၊ ငွေ၊ ကြေး၊ သံ ကြိုးခွေအတွင်း လျှပ်စစ်စွမ်းအား ဖြတ်သန်းနေစဉ် ၎င်းကြိုးခွေ အ တွင်း၌ သံချောင်းတစ်ခုကို ထားပါက ၎င်းသံချောင်းသည် သံလိုက်ဖြစ်နေပြီး လျှပ်စစ်စွမ်း အား ရပ်ဆိုင်းသွားသည့်အခါ ၎င်းသံလိုက်ချောင်းသည် သံလိုက်ဓာတ် ကွယ်ပျောက်သွား သည်။
  6. မီးခံကျောက်၊ ရော်ဘာ၊ ဖယောင်း၊ ပလပ်စတစ်၊ လကြေး တို့သည် အီလက်ထရွန်ကူးသန်းမှု ကို တားဆီးခုခံနိုင်သည်။ ထိုသို့ တားဆီးခုခံမှု (Resistance) အနည်းအများသည် အရာဝတ္တု တစ်ခု၏ လျှပ်စီးတားဆီးနိုင်မှု ပမာဏအပေါ်မှုတည်၍ တိုင်းတာသိရှိနိုင်သည်။ ထိုခုခံတားဆီးမှု ပမာဏကို (OHM) ဖြင့် တိုင်းတာသတ်မှတ်နိုင်သည်။
(Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် ဆိုသူသည် အထက်ပါ (၆) မျိုးသော အကြောင်းအ ရာ တို့ကို သာရှာဖွေနိုင်ခဲ့သောလည်း ထိုသူ၏ အကျိုးကျေးဇူးဖြင့် ထရန်စဖော်မာ ၏ အခြေခံဖြစ်သော ကွိုင်၏ သဘောတရာနှင့် လျှပ်စီးခုခံမှု ပမာဏကို တိုင်းတာနိုင်သော ( OHM Law) အုမ်းလော ခေါ် လျှပ်စစ်ခုခံမှုတိုင်း တာသော ဥပဒေများ၏ အခြေခံသဘောတရား များနှင့် အီလက်ထရွန်းနစ် ပစ္စည်းများတွင် မရှိမဖြစ် အဓိက အ သုံးပြုသော (Resistor) ရီစစ္စတာ ခေါ် အီလက်ထရွန်းနစ် လျှပ်ခံပစ္စည်းပေါ်ပေါက်ရခြင်း၏ အကျိုးကျေးဇူး များ ကို ရရှိခဲ့ရပေသည်။
ဤသို့ဖြင့် ၁၆၃၁ ခုနှစ် သို့ ရောက်သောအခါ မိုက်ကယ်ဖာရာဒေး ( MICHAL FARADAY) ဆိုသူ သည် အထက်ဖော်ပြပါ (Doctor William Gilbert) ဒေါက်တာဝီလျံဂီးဘတ်၊ (Hans-Christian Oersted) ဟန်ခရေယံ အော(စ်)တက် တို့၏ ရှာဖွေတွေ့ရှိချက်များအပေါ် မူတည်၍ အဓိကအကျဆုံး လျှပ်စစ်စွမ်း အားထုတ်ယူသုံးစွဲနည်း ပညာများကို တိုက်ရိုက်တီထွင်နိုင်ခဲ့သည်။
ယခင်ပုဂ္ဂိုလ်များသည် အရာဝတ္တု တစ်ခုနှင့်တစ်ခု ပွတ်တိုက်ခြင်းဖြင့် အပူကြောင်း လျှပ်စစ်စွမ်းအင် ရရှိနိုင်သည်ဟု၎င်း၊ ၎င်းလျှပ်စစ်စွမ်းအင်စီးဆင်းရာ ၀န်းကျင်တွင် သံလိုက်စက်ကွင်းဖြစ်ပေါ်စေပြီး သံ ချောင်းကို ပင် သံလိုက်ချောင်းဖြစ်စေနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ သို့သော် မိုက်ကယ်ဖာရာဒေး ကမူ ၎င်းတို့ ရှာဖွေတွေ့ရှိချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သော သံလိုက်မှ လျှပ်စစ်စွမ်းအားကို ထုတ်ယူ ပေးနိုင်ခဲ့လေသည်။
မိုက်ကယ်ဖာရာဒေးသည် ကြေးနီဝါယာနန်းကြိုးခွေတစ်ခုအတွင်း၌ သံလိုက်တုံးကို မရပ်အနားလှုပ် ရှားစေခြင်းကြောင့် ကြေးနီဝိုင်ယာကြိုးအတွင်း လျှပ်စစ်ဓာတ်အားကို ဖြစ်ပေါ်စေသည်ကို စမ်းသပ်လေ့လာ တွေ့ရှိခဲ့လေသည်။
မိုက်ကယ်ဖာရာဒေးသည် လျှပ်စစ်စီးအားတစ်ခုသည် ကွိုင်တစ်ခုအတွင်း ဖြတ်သန်းစီးဝင်နေပါက ၎င်း ကွိုင်၏ ပတ်ဝန်ကျင်တွင် လျှပ်စစ်သံလိုက်စက်ကွင်းများ ဖြစ်ပေါ်နေပြီး၊ ၎င်းအနီးတွင် မည်သည့် အဆက်အသွယ်မျှ မရှိဘဲ အခြားကွိုင်တစ်ခုကို ထားရှိပါကလည်း ထိုကွိုင်အတွင်းသို့ လျှပ်စစ်လှိုင်းများ အလိုလျောက် ကူးပြောင်းရောက်ရှိနိုင်ကြောင်းကို ရှာဖွေသိရှိခဲ့လေသည်။
ဤသို့အားဖြင့် မိုက်ကယ်ဖာရာဒေး၏ ကျေးဇူးဖြင့် (၁၈၃၀) ခုနှစ်၊ နှောင်းပိုင်းကာလ သို့မဟုတ် (၁၉) ရာစုနှစ်တွင် လျှပ်စစ်နှင့် ပက်သက်သော အကျိုးတရားများ ဖြစ်ထွန်းခဲ့လေသည်။ မိုက်ကယ်ဖာရာဒေး၏ လေ့လာ စူးစမ်းမှုအပေါ် အခြေပြု၍ (၁၈၃၁) နှစ်နောက်ပိုင်း ကာလတွင် အီလက်ထရွန်(ခေါ်) ပယင်း ကျောက်တုံးကလေးမှ စတင်ခဲ့သော လျှပ်စစ်စွမ်းအင်နှင့် သက်ဆိုင်သော အသိပညာများ၊ လူသား အကျိုးပြု လျှပ်စစ်ကိရိယာများစွာ တိုးတက်ဖွံဖြိုးလာပေသည်။ လျှပ်စစ်ဆိုင်ရာ အတတ်ပညာနှင့် သက်ဆိုင်နှီးနှောသော အတတ်ပညာပိုင်းဆိုင်ရာ အခေါ်အဝေါ်များကို စတင်ဖြစ်ပေါ်ခဲ့ရာ အခြေအမြစ်ဖြစ် သော ပယင်းကျောက်တုံးကိ အစွဲပြု၍ ယနေ့ချိန်ထိ အီလက်ထရွန်၊ အီလက်ထရစ်၊ အီလက်ထရွန်းနစ် စသည်အားဖြင့် ခေါ်ဝေါ် သုံးစွဲကြလေတော့သည်။
အထက်ဖော်ပြပါ အကြောင်းအရာတို့သည် အီလက်ထရွန်းနစ် (Electronics) ဟူဟော ဝေါဟာရ မည်သို့ ဖြစ်ပေါ်လာ သည်ကို ဗဟုသုတ ရရှိစေရန် ဖော်ပြလိုက်ရခြင်း ဖြစ်ပေတော့သည်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ ။
ရေးသားသူ။  ။ မောင်နိုင်
အပြည့်အစုံ
Sunday 24 October 2010
Keylogger Detector
Keylogger Detector လေးတင်ပေး လိုက်ပါတယ်။ အင်တာနက်ဆိုင်မှာ သုံးသူများအတွက် ဒါလေးကို USB လေးနဲ့ ယူသွားပြီး Install လုပ်လိုက်တာနဲ့ မိမိသုံးမယ့် ကွန်ပျူတာမှာ Keylogger ထည့်ထားမထား ပေါ်လာပါလိမ့်မယ့်။ အင်တာနက်ဆိုင်တိုင်းကို မဆိုလိုပါဘူး။ လုံခြုံစိတ်ချမှု ရှိအောင်တော့ စမ်းသပ်ပြီး သုံးကြည့်စေချင်ပါတယ်။
Download file
အပြည့်အစုံ
Friday 22 October 2010
How To Install Window XP From USB Flash Drive
USB Flash Drive နဲ့ Window XP သွင်းနည်းလေးပါ။ ဓါတ်ပုံတွေ၊ ဗွီဒီယိုဖိုင်တွေနဲ့ ဝေေ၀ဆာဆာ တင်ပေးလိုက်ပါတယ်။ ပုံတွေ ဗွီဒီယိုတွေ ကြည့်ပြီးတော့ နားလည်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
အဆင့်(၁)။ Novicorp WinToFlash ဆော့ဝဲလ်အား ဤနေရာမှဒေါင်းလုပ်ချပါ။ ဒေါင်းလုပ်ချပြီးပါက ရရှိလာသော ZIP ဖိုင်လားဖြေလိုက်ပါ။ ထိုနောက် WinToFlash.exe အား Click လုပ်ပါ။ Accept ပေးပါ။ ထိုနောက် Windows Setup transfer Wizard ဟူသော အစိမ်းရောင် button အား နှိပ်ပါ။
အဆင့်(၂)။ Next ပေးပါ။
အဆင့်(၃)။ Window files path: ဆိုသောနေရာတွင် CD Driver ခွေရှိသည့်နေရာအားပေး၍ အိုကေ ပေးပါ။
အဆင့်(၄)။ USB Drive: နေရာတွင် မိမိ USB ရှိသောနေရာအား ပေး၍ အိုကေပေးပါ။
အဆင့်(၅)။ Next ပေးပါ။ ဒီအဆင့်ကတော့ မိမိတို့ဝယ်လာတဲ့ ၀င်းဒိုးစီဒီခွေထဲက ဖိုင်တွေကို USB ထဲကို transfer လုပ်နေတဲ့အဆင့်ပဲဖြစ်ပါတယ်။
အဆင့်(၆)။ အားလုံးပြီးသွားလျှင် Next ပေးပါ။
အဆင့်(၇)။ Exit ပေးပါ။ ဒါဆိုရင် အားလုံးအိုကေသွားပါပြီခင်ဗျာ။
မိမိကွန်ပျူတာအား restart ချပြီး Boot Menu မှာ USB အား First Boot ပေး၍ ၀င်းဒိုးအား အင်စတောလုပ်ပါ။ ၀င်းဒိုးအင်စတောလေးရှင်းကတော့ ပုံမှန်အတိုင်းပါပဲခင်ဗျာ။ မရှင်းလင်းပါကအောက်တွင် ဗီဒီယိုဖိုင်ကြည့်နိုင် သည်ခင်ဗျာ။ အားလုံးပဲ အိုကေကြပါစေ။
ရေးသားသူ။ ။ မောင်နိုင်
အပြည့်အစုံ
Drivers တွေ ရှာပေးမယ့် My Driver Program.
ကွန်ပျူတာထဲမှာ Driver တွေပျောက်နေတယ်။ Driver မရှိလို့ ဂိမ်းကစားမရဘူး။ ၀င်းဒိုးအသစ်တင်လိုက်တာ Driver တွေ ပျောက်သွားတယ်ဆိုသူတွေ အတွက်ပါ။ My Driver ဆိုတဲ့ Driver ရှာပေး တဲ့ ဆော့ဝဲလ်လေး တင်ပေးလိုက်ပါတယ်။ မိမိ ကွန်ပျူတာထဲ ဒေါင်းလော့လုပ်ပြီး Install လုပ် Drivers တွေကို ပြန်လည်ရယူနိုင်ပါစေ။ ဒေါင်းလော့ လုပ်မယ့်သူတွေအတွက် ဒီနေရာမှာ နှိပ်ပါ ပြီး ဒေါင်းလော့ လုပ်ယူနိုင်ပါတယ်ခင်ဗျား။ ဒေါင်းလော့လုပ်မယ်ဆိုရင် Read More ကို နှိပ်ပြီးမှ ဒေါင်းလော့လုပ်ယူနိုင်မှာပါ ခင်ဗျား...။
အပြည့်အစုံ
Nanotechnology (နာနိုနည်းပညာ)
နာနိုနည်းပညာသည် အဏုမြူလေးများ၏ တည်ဆောက်ထားပုံ အနေအထားကို သိပ္ပံပညာ ရှင်များက မိမိတို့ အလိုရှိသလို စိတ်ကြိုက် ရွှေ့ပြောင်းနေရာချထားကာ လူသားများ အလိုရှိနေသည့် ပစ္စည်းကိရိယာများ၊ အသုံးအဆောင် ပစ္စည်းများကို ဖန်တီးရယူမည့် နည်းပညာပင် ဖြစ်ပါသည်။ လူသား တို့၏ ကျန်းမာရေး၊ စီးပွားရေး၊ စွမ်းအင်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှအစ စစ်ရေးကဏ္ဍ အားလုံး တို့တွင် နာနိုနည်းပညာ၏ အရေးပါလာနိုင်မှုအား တတ်နိုင်သမျှ စုစည်း၍ တင်ပြထားပါသည်။
ယနေ့ခေတ်အချိန်ကာလတွင် နည်းပညာများ တိုးတက်ပြောင်းလဲလာသည်နှင့် အမျှ ယင်းသို့ တိုးတက် ပြောင်းလဲလာသော နည်းပညာများ၏ အသီးအပွင့်များကိုခံစားရင်း လူသားတို့ အနေဖြင့် ခြိမ်း ခြောက်မှုများနှင့် စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ခဲ့ကြရပါသည်။ ယင်းအပေါ်မှ အတွေ့အကြုံများ၊ သင်ခန်းစာများ ရယူကာ ပိုမို၍ ဆန်းသစ်သော လူ့ဘောင်နှင့် လောကကြီးအား ပိုမို၍ အကျိုးပြု ထောက်ပံ့နိုင်စွမ်းသော နည်းပညာ အသစ်အဆန်းများ ထပ်မံတီထွင်ဖန်တီးကြပြန်ပါသည်။ ယနေ့ ကမ္ဘာကြီးတွင် နည်းပညာတိုးတက်မှုများ အံ့မ ခန်းရှိသလို ဆုတ်ယုတ်မှု များဖြစ်သော သဘာဝပတ် ၀န်းကျင်ပျက်စီးမှုများ၊ သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ၊ ရာသီဥတုဖေါက်ပြန်မှုများ၊ လောင်စာ ရှားပါးလာမှုများ၊ စားနပ်ရိက္ခာ ရှားပါးလာမှုများ၊ ကုစားမရသေးသည့်ရောဂါဘယများ အစရှိသည့် ပြဿနာများလည်း အများအပြားရှိပေသည်။ ထို့ကြောင့် ၎င်းပြဿနာတို့ကို ပြေလည်အောင် ဖြေရှင်းနိုင်မည့် နည်းပညာသစ် တစ်ရပ်လိုအပ်လျှက် ရှိပေသည်။ ယခုမှပင် စတင်ဖွံ့ဖြိုးခါစရှိပါသေး သည်ဟု တင်းစားခေါ်ဆိုနေကြသည့် နာနိုနည်းပညာသည် ထူးကဲစွာသောအရှိန်အဟုန်ဖြင့် တိုးတက် ကြီးထွားလာတော့မည်ဖြစ်ရာ ယင်း၏ အကျိုးပြုမှုများနှင့် စိန်ခေါ် မှုများကို ၂၁ ရာစုလူသားများ အနေ ဖြင့် မလွဲမသွေ ရင်ဆိုင်ကြရတော့မည် ဖြစ်ပါသည်။
နာနိုနည်းပညာသည် မျက်မှောက်ခေတ်လူသားများနှင့် ယဉ်ပါးပီးဖြစ်နေသည့် မိုက်ခရို နည်းပညာတွင် ပါဝင်နေသည့် ရုပ်ဝတ္တုပစ္စည်းများအား ပို၍သေးငယ်သွားစေရန်၊ အနုစိပ်သွားစေရန် ချဉ်းကပ် ဆောင်ရွက်ရာမှ ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ နာနိုစကေးအရွယ်အစား ဖြစ်သည့် မော်လီကျူးများ၊ အက်တမ်များအား မိမိတို့အလိုရှိရာ ဂုဏ်သတ္တိနှင့် အသုံးချနိုင်မှု တန်ဖိုးများ ရရှိလာ စေရန် စီစဉ်နေရာချ တည်ဆောက်ခြင်း ဖြစ်ပါသည်။
နာနိုနည်းပညာသည် အဏုမြူလေးများ၏ တည်ဆောက်ထားပုံအနေအထားကို သိပ္ပံပညာရှင် များက မိမိတို့ အလိုရှိသလို စိတ်ကြိုက်ရွှေ့ပြောင်းနေရာချထားကာ လူသားများ အလိုရှိနေသည့် ပစ္စည်းကိရိယာများ၊ အသုံးအဆောင်ပစ္စည်းများကို ဖန်တီးရယူမည့် နည်းပညာပင်ဖြစ်ပါသည်။ သိပ္ပံပညာရှင်များ အနေဖြင့် အတိုင်းအတာပမာဏအရွယ်အစား တစ်နာနိုမီတာမှ တစ်ရာနာနိုမီတာ အတွင်းကို နာနိုခရစ္စတယ်(သို့မဟုတ်) နာနိုဒြပ်ပစ္စည်းများ(နာနိုအမှုန်ကလေးများ) ဟု ခေါ်ဝေါ်သုံးစွဲ ခဲ့ကြပါသည်။
စကြာဝဠာအတွင်းရှိ သက်ရှိသက်မဲ့အရာ ၀တ္တုဟူသမျှသည် အက်တမ်များ၊ မော်လီကျူးများ စုဖွဲ့ရာမှ Bottom-up Approach ဖြင့် သဘာဝတရားအလျှောက် ဖြစ်ပေါ်လာခြင်း ဖြစ်သော်လည်း ယနေ့အသုံးပြုနေသည့် နည်းပညာများသည် အရာဝတ္တုများကို Top-down Approach ဖြင့် ဖန်တီး ထုတ်လုပ်နေခြင်းဖြစ်ရာ နာနိုနည်းပညာသည် ယနေ့ ဖြစ်ပေါ်ပြီး နည်းပညာများနှင့် ကွဲပြားစွာ သဘာဝ အတိုင်း ပေါ်ထွက်လာမည့် သစ်ဆန်းသော နည်းပညာတစ်ရပ် ဖြစ်ပါသည်။
အဏုမြူများကို စိတ်ကြိုက်ရွှေ့ ပြောင်း နေရာချပေးနိုင်သည်နှင့်အမျှ ကျွန်ုပ်တို့ လူသားများ အနေဖြင့် အသွင်မတူ၊ စွမ်းရည်မတူသော ပစ္စည်းအမျိုးမျိုးကို စိတ်တိုင်းကျ ထုတ်လုပ်လာနိုင်ကြမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အစားအစာ၊ အ၀တ်အထည် ထုတ်လုပ်ကြသော ပစ္စည်းများ၊ နေအိမ်တိုက် တာအဆောက်အဦးများ၊ စက်ကိရိယာပစ္စည်းများ၊ မော်တော်ယာဉ်နှင့် လေယာဉ်၊ ရေယာဉ်များ၊ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အစိတ်အပိုင်း ဟူသရွေ့ တို့ကို အဏုမြူများနှင့် ဖွဲ့စည်းထားသည်ဖြစ်၍ နာနိုနည်း ပညာက ထိုအရာအားလုံးအပြင် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင် ရှိရှိသမျှသော အရာအားလုံးတို့ကို ပြုပြင်ပြောင်းလဲလွှမ်းမိုး လာပေလိမ့်မည်။ တစ်နည်းဆိုရသော် အနာဂတ်နည်းပညာ၏ ကြီးကျယ်သော လုပ်ငန်းစဉ်အားများ သေးငယ်သော အမှုန်အမွှား ကလေးများက အဓိကထိန်းကျောင်းလာကြလိမ့်မည်။
နာနိုနည်းပညာအားရှာဖွေတွေ့ရှိခြင်း
ဒြပ်ပစ္စည်းများသည် နာနိုစကေးအရွယ်အစားသို့ ရောက်ရှိချိန်တွင် ထူးခြားသော ဂုဏ်သတ္တိ များ၊ ဆန်းကျယ်သော စွမ်းအင်များ ထုတ်ဖေါ်ပြသထွက်ပေါ်လာသည်ကို လူသားတို့သည် ၎င်းတို့၏ ပတ်ဝန်းကျင်တွင် တစ်ခါတစ်ရံ၌ အမှတ်မထင်တွေ့မြင်ကြုံတွေ့ခဲ့ရပါသည်။ သို့သော်လည်း ယင်းဖြစ် စဉ်များသည် မည်သည့်အတွက်ကြောင့် မည်ကဲ့သို့ ဖြစ်ပေါ်လာရသည်ကို နားလည်နိုင်စွမ်းမရှိဘဲနေခဲ့ ကြရာမှ ဖန်ထည်ပစ္စည်းများ၊ မှန်များ ထုတ်လုပ်ခဲ့သည့် ခေတ်အလယ်ပိုင်း ကာလများသို့ ရောက်သော အခါဖန်ထည်လုပ်သားများသည် ယင်းသို့ ဒြပ်ပစ္စည်းများအနေဖြင့် အလွန်သေးငယ်သည့် အရွယ်အ စားသို့ ရောက်ရှိချိန်တွင် ဂုဏ်သတ္တိများပြောင်းလဲသွားကြသည်ကို တွေ့ရှိအသုံးပြုခဲ့ကြပြီး ၎င်းတို့ သည် ရွှေကို အလွန့်အလွန်သေးငယ်သော ရွှေမှုန်၊ ရွှေစကလေးများပြုလုပ်ပြီ ဖန်ထည်များထဲသို့ ထည့်လိုက်သည့်အခါ ၎င်းရွှေမှုန်၊ ရွှေစကလေးများသည် အရွယ်အစားအသေးအကြီး ပမာဏပေါ်မှု တည်၍ အ၀ါရောင်မှ အပြာရောင်အဖြစ်သို့ လည်းကောင်း၊ အချို့ သည် အစိမ်းရောင်အဖြစ်သို့ လည်း ကောင်း၊ အချို့ သည် အနီရောင်အဖြစ်သို့လည်းကောင်း ပြောင်းလဲသွားသည်ကို တွေ့ရှိခဲ့ကြပါသည်။ ထိုကဲ့သို့ ရှာဖွေတွေ့ရှိခဲ့သည့် ဖန်ထည်လုပ်သားများအား Early Nanotechnologists ဟု ခေါ်ဆိုရမည် ဖြစ်ပါသည်။ ယင်းသို့ တွေ့ရှိခဲ့ရာမှ ၎င်းတို့သည် ယင်းရွှေမှုန်၊ ရွှေစကလေးများ (Gold Particles) ကို အသုံးပြု၍ အလွန်လှပသော အရောင်အဆင်းရှိသည့် ဖန်ထည်ပစ္စည်းများ၊ မှန်များကို ဖန်တီး ထုတ် လုပ်ခဲ့ကြပြီး “Ruby Glass” ဟုခေါ်ဆိုခဲ့ကြပါသည်။ ယင်းခေတ် အချိန်ကာလဖြစ်သည့် (၁၇) ရာစုက ဥရောပတွင် တည်ဆောက်ထားရှိခဲ့သည့် ဘုရားကျောင်းများ၊ အဆောက်အဦးများ၏ ပြတင်းတံခါးများ တွင် အရောင်ထည့်သွင်းထားသည့် မှန်များတပ်ဆင် အသုံးပြုခဲ့သည်ကို ယနေ့တိုင် တွေ့မြင်ရမည် ဖြစ်ပါသည်။ ၎င်းဖန်ထည်လုပ်သားများသည် ယင်းအချိန်ကာလက အဖြစ်မှန်အခြေအနေမှန်ကို ကျိုး ကြောင်းဆက်စပ်၍ သိရှိနားလည်နိုင်စွမ်းမရှိခဲ့သော်လည်း ၎င်းတို့သည် ရွှေကိုနာနိုစကေးအရွယ် (Gold Nanocrystal) ပြုလုပ်ဖန်တီးခဲ့ကြပြီး လက်တွေ့ အသုံးချနိုင်ခဲ့ကြပါသည်။ တစ်နည်းဆိုရသော် နာနိုနည်းပညာသည် လူသားတို့အား စတင်၍ မိတ်ဆက်ခဲ့ခြင်းဖြစ်ပါသည်။
ခေတ်ပေါ် နာနိုနည်းပညာနှင့် ပတ်သက်သည့် အတွေးအခေါ် အယူအဆကို စတင် စဉ်းစား တွေးခေါ်ခဲ့သူမှာ ၁၉၆၅ ခုနှစ်တွင် ရူပဗေဒနိုဗယ်ဆုရရှိခဲ့သော အမေရိကန် ရူပဗေဒပညာရှင် Richard Phillip Feynman ဖြစ်ပြီး ၎င်းသည် ၁၉၅၉ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် American Physical Society ၌ ရူပဗေဒနယ်ပယ်သစ်ဆီသို့ ၀င်ရောက်ရန် ဖိတ်ခေါ်ခြင်းဟူသော ခေါင်းစဉ်ဖြင့် ၎င်း၏ အတွေးအခေါ် အယူအဆများကို ထုတ်ဖေါ်ပြောကြား ခဲ့ပါသည်။ ၎င်းက There’s Plenty of Room at the Bottom ဟုပြောဆိုခဲ့ပြီး အလွန်သေးငယ်သော ဖွဲ့စည်း တည်ဆောက်မှု (Ultra small Structure) များကို ထုတ်လုပ်နိုင်ခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းကို ရူပဗေဒပညာရှင် Richard Phillip Feynman က စီစဉ်ပြသခဲ့သည်။ ယင်းသို့ ပြုလုပ်သည့် အခမ်းအနားတွင် Feynman က ဤသို့ Ultra small Structure များကို ထုတ်လုပ်လာနိုင်ပါက စွယ်စုံကျမ်းစာအုပ် (Encyclopedia Britannica) တွင် ပါဝင်သော အကြောင်းအချက်အလက်များသည် ပင်အပ်၏ ခေါင်းအရွယ် အစားအတွင်း ချုံ့ ၍ စုစည်းနိုင်ကြောင်းနှင့် လူသားတို့၏ သိနားလည်ထားသမျှသော အသိပညာ၊ အတတ်ပညာ ဗဟုသုတ များကို ချုံ့ ၍ စုစည်းကာ ပုံနှိပ်ထုတ်ဝေပါက ပုံမှန်စာရွက် (12”x19”) ဖြင့်စာမျက်နှာ ၃၆ မျက်နှာမျှ အတွင်း ထည့်သွင်းနိုင်ကြောင်း တွက်ချက်ပြသခဲ့ပါသည်။ ၎င်းက ပြောဆိုရာတွင် လူများအနေဖြင့် အရာဝတ္တုများကို Ultra small Structure များအဖြစ် ပြုလုပ်ရန် ယခုထိတိုင် မစဉ်းစားကြသေးသည် ကို အံ့သြမိကြောင်းနှင့် နောင်တွင် လျှပ်စစ်မော်တာတစ်ခုကို လက်သည်းခွံအရွယ်အစားအတွင်း ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပြောဆို ခဲ့ပါသည်။ ယင်းအချိန်က သူ၏ ပြောဆိုမှုများမှာ မဖြစ်နိုင်သကဲ့သို့ ရှိခဲ့ပြီး စိတ်ဝင်စားမှုလည်း နည်းပါးခဲ့ပါသည်။ သို့သော် ယခုအချိန်တွင် သူ၏ပြောဆိုမှုအတိုင်း စတင်ပြု လုပ်နိုင်ပြီဖြစ်သည့်အတွက် Richard Phillip Feynman ပြောဆိုခဲ့သည့် စကားများကို Dip-Pen Nanolithography ဖြင့်ရေးသားပြီး မှတ်တမ်းတင်ကာ ဂုဏ်ပြုခဲ့ကြပါသည်။ ယင်းသို့ ရေးသားရာတွင် စာလုံးတစ်လုံး၏ အရွယ်အစားမှာ ၆၀ နာနိုမီတာမှ ၄၀၀ နာနိုမီတာအတွက်း၌သာ ရှိကြောင်း တွေ့ရှိခဲ့ ကြပါသည်။ Richard Phillip Feynman အားဂုဏ်ပြုသည့်အနေဖြင့် ၎င်းပြောကြားခဲ့သည်များအား Dip-Pen Nanolithography ဖြင့်ရေးသားပြီး Atomic Force Microscope ဖြင့်တွေ့မြင်ရပုံကို ပုံ(၁) တွင် ဖော်ပြအပ်ပါသည်။
Feynman သည် ရူပဗေဒနိယာမများအရ နာနိုစကေးကိရိယာများ၊ ပစ္စည်းများကို ပြုလုပ်နိုင် မည်ဟု ယုံကြည်ခဲ့ပါသည်။ ထို့အပြင် အက်တမ်အချင်းချင်း ဓာတုဗေဒစည်းများဖြင့် တိကျစွာတွဲဆက် ၍ Structure ( a molecule or a device ) များဖြစ်ပေါ်နိုင်ခြင်းအပေါ်တွင် အထူးပြုရန် ရည်ညွှန်းပြီး Universal Assembler ဆိုသည်မှာ နာနိုစကေးအတိုင်းအတာအတွင်းရှိ Robotic Device များဖြစ်ပြီး လိုအပ်သည့် Chemical Compounds များရရှိရန်အတွက် Atom များအား အလိုအလျှောက် စုစည်း တွဲဆက်ပေးသည့် ကိရိယာများဖြစ်သည်။ ဥပမာအားဖြင့် Carbon Atom များဖြင့် တန်ဖိုးမကြီးသည့် Synthetic Diamond များထုတ်လုပ်ခြင်းဖြစ်ပါသည်။ Synthetic Diamond များသည် ပေါ့ပါးခြင်း၊ အလွန်မာကျောခြင်း၊ အပူစီးကူးမှုကောင်းသော်လည်း လျှပ်ကာပစ္စည်းအဖြစ် အသုံးပြုနိုင်ခြင်း စသည့် ဂုဏ်သတ္တိများကြောင့် ယခုအခါတွင် စက်မှုလုပ်ငန်းများနှင့် အသုံးအဆောင်ပစ္စည်းများအဖြစ် များစွာ အသုံးပြုနေကြပီ ဖြစ်ပါသည်။ ၁၉၇၀ ပြည့်နှစ်များသို့ ရောက်ရှိလာသောအခါ အနာဂတ်နည်းပညာ၏ အရေးပါသော အစိတ်အပိုင်းအဖြစ် နာနိုနည်းပညာအား အလေးထား ဂရုပြုလာခဲ့ကြသည်။ နာနိုနည်း ပညာဟူသည့် ပညာရပ်၏ ဆိုင်ရာခေါ်ဝေါ်သုံးစွဲမှုကို ပထမဦးဆုံး စတင်အသုံးပြုခဲ့သူမှာ ဂျပန်သိပ္ပံ ပညာရှင် Norio Taniguchi ဖြစ်ပြီး ၁၉၇၄ ခုနှစ်တွင် ၎င်းအနေဖြင့် စာတမ်းတစ်စောင် ပြုစုရေးသား ရာတွင် “On the Basic Concept of Nanotechnology” ဟု ခေါင်းစဉ်တပ်၍ သုံးစွဲခဲ့ခြင်းဖြင့် စတင်ခဲ့ သည်။ ယင်းနောက် ၁၉၈၀ ခုနှစ်တွင် ၁၉၉၀ ခုနှစ်များတွင် နာနိုနည်းပညာနှင့် ပက်သက်၍ စဉ်ဆက် မပြတ် စိတ်ပါဝင်စားမှုကြီးမားစွာဖြင့် စူးစမ်းလေ့လာမှုများ ပြုလုပ်ခဲ့ကြပါသည်။
၁၉၈၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ဟူစတန်ရှိ ရိုက်စ်တက္ကသိုလ်မှာ ပါမောက္ခ Richard E Smalley ဦးဆောင်သည့် ဓာတုဗေဒပညာရှင်များသည် ကာဗွန်အက်တမ် ၆၀ ပါဝင်ဖွဲ့စည်းထားသော ဘောလုံးပုံသဏ္ဍာန်ကာဗွန်မော်လီကျူးများကို စတင်တွေ့ရှိခဲ့သည်။ ယင်းသို့ တွေ့ရှိခဲ့မှုအတွက် ဓာတုဗေဒ ပညာရပ်တွင် နိုဘယ်လ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရပေသည်။ သိပ္ပံပညာရှင်များ က ၎င်းဘောလုံးသဏ္ဍာန် ကာဗွန်မော်လီကျူးများကို Bucky ball (သို့မဟုတ်) Fullerenes ဟု အမည် ပေးခဲ့ကြသည်။ ပုံ (၂) တွင် Bucky ball ၏ ပုံကိုဖော်ပြအပ်ပါသည်။
ယင်းသို့ ကာဗွန်မော်လီကျူးများ တွေ့ရှိခဲ့ခြင်းသည် များစွာသော စိတ်လှုပ်ရှားဖွယ်အကြောင်း အရာများကို ဖြစ်ပေါ်စေခဲ့သည်။ ကာဗွန်သည် လူသားတို့၏ နေထိုင်မှု ဘ၀တွင် အခြေခံကျသော ဒြပ်ပစ္စည်းများအနက် တစ်ခုဖြစ်ပြီး ကာဗွန်အက်တမ်များထက် ပိုမို၍ဒြပ်ပေါင်းများ ဖြစ်ပေါ်စေနိုင်သည့် ဂုဏ်သတ္တိများရှိပါသည်။ ကာဗွန်အက်တမ်များသည် ခိုင်မာသောစည်း (Bond) များဖြင့် ချိတ်ဆက် ထားနိုင်ပြီး အခြားဒြပ်ပစ္စည်းများနှင့် နှိုင်းယှဉ်လျှင်လည်း ပေါ့ပါးသည့် ဂုဏ်သတ္တိများရှိကြသည်။ သိပ္ပံ ပညာရှင်များ ရှာဖွေတွေ့ရှိခဲ့သည့် ဘောလုံးသဏ္ဍာန် ကာဗွန်မော်လီကျူးများ Bucky balls သည် ပိုမို၍ စိတ်လှုပ်ရှားဖွယ်ရာ ဆန်းကြယ်သော ဂုဏ်သတ္တိများ ရှိကြပြီး ၎င်းတို့သည် အလွန်မြင့်မားသည့် အပူ ချိန်နှင့် ဖိအားကို ခံနိုင်ရည်ရှိကြောင်း တွေ့ရှိခဲ့ကြပါသည်။ ယင်းတို့ကို ၁၅ % ဖိသိပ်လိုက်ခြင်းဖြင့် လျှပ်ကူးနိုင်မှု စွမ်းရည် ၁၀၀ ဆ တို့မြှင့်သွားကြောင်း တွေ့ရှိရပါသည်။ Bucky ball များကို Molecular Ball Bearing များအဖြစ် လည်းကောင်း၊ ဓာတ်ကူးပစ္စည်းအဖြစ်လည်းကောင်း၊ Molecular Sieve များ အဖြစ်လည်းကောင်း အသုံးပြုလျက်ရှိပါသည်။
၁၉၉၁ ခုနှစ်တွင် ဂျပန်နိုင်ငံ NEC ကော်ပိုရေးရှင်းဗဟိုသုတေသနဌာနမှ ရူပဗေဒပညာရှင် Sumio Iijima က ပါမောက္ခ Smalley နှင့်အဖွဲ့ ရှာဖွေတွေ့ရှိခဲ့သည့် ဘောလုံးပုံသဏ္ဍာန် ကာဗွန်မော် လီကျူးများ Bucky Ball Discovery ကို ကျယ်ပြန့်စွာ လေ့လာခဲ့ရာမှ ပိုက်ပုံသဏ္ဍာန် ကာဗွန်မော်လီ ကျူးအသွင်တစ်မျိုးကို ထပ်မံတွေ့ရှိခဲ့ရာ ယင်းကာဗွန်မော်လီကျူးအသွင်သဏ္ဍာန်ကို Carbon Nanotube ဟုအမည်ပေးခဲ့ပါသည်။ ၁၉၉၃ ခုနှစ်တွင် သုတေသနပညာရှင်နှစ်ဦးဖြစ်သော ဂျပန်နိုင်ငံမှ ရူပဗေဒပညာရှင် Iijima နှင့် အမေရိကန်နိုင်ငံ California ရှိ IBM Almaden သုတေသနဌာနမှ ရူပဗေဒပညာရှင် Donald S-Bithune တို့ နှစ်ဦးသည် အက်တမ်တစ်ခု၏ အရွယ်အစားသာ အထူရှိ သော Nanotube ကိုထပ်မံတွေ့ရှိခဲ့ခြင်းဖြင့် ထူးခြားသော အကျိုးဖြစ်ထွန်းမှုများ ရရှိခဲ့ပါသည်။ ယင်း ကာဗွန် Nanotube များသည် Surface to Volume ratio မြင့်မားသည့်အတွက် အလွန်ပါးလွှာပြီး ပေါ့ပါးခိုင်ခန့်သည့် ဂုဏ်သတ္တိများ ရှိကြောင်း တွေ့ရှိရပါသည်။ သံမဏိများထက် အဆ ၁၀၀ ခန့် ပိုမို ခိုင်မာခြင်း၊ သံမဏိအလေးချိန်၏ ငါးပုံတစ်ပုံခန့်သာ ရှိခြင်းစသည့် အရည်အသွေးများရှိပြီး ပြုလုပ်နိုင်ခဲ့ သမျှသော ဒြပ်ပစ္စည်းထဲတွင် အမာဆုံးဒြပ်ပစ္စည်းဖြစ်ကြောင်း သုတေသနပြုတွေ့ရှိခဲ့ကြပါသည်။ ပုံ (၃) ဖြင့် Carbon Nanotube များကို ဖော်ပြအပ်ပါသည်။
Single–wall Nanotube ဆိုသည်မှာ အသေးဆုံးနာနိုတည်ဆောက်မှုတစ်ခု ဖြစ်ပြီး အရွယ် အစားအား ဖြင့် တစ်နာနိုမီတာခန့်သာရှိပြီ ကာဗွန်အက်တမ် အလွှာတစ်လွှာတည်းဖြင့် တည်ဆောက် ထားသည့် လက်ရှိ ပစ္စည်းများထဲတွင် အခိုင်မာဆုံး၊ လျှပ်စီးမှုအကောင်းဆုံးနှင့် ကွေးညွှတ်မှုဒဏ်ကို လည်း ခံနိုင်ရည်အများဆုံး ဖြစ်သည်။ ကာဗွန်ဖြင့်ပြုလုပ်ခြင်းကြောင့် ပေါ့ပါးမှုရှိပြီး သံမဏိထက်အဆ ၆၀ ကျော်ခန့် ခိုင်ခံမည် ဖြစ်ပါသည်။ အပူစီးကူးမှုတွင်လည်း အကောင်းဆုံးဖြစ်ပြီး လျှပ်စစ်ခုခံမှုလည်း မရှိသ လောက်နည်းပါးမည် ဖြစ်ပါသည်။ Single–wall Nanotube များကို Electronic Circuit အဖြစ် အသုံးပြုနိုင်ခြင်းဖြင့် Transistor သန်းပေါင်းများစွာ အသုံးပြုရသည့် Computer Chip များနေရာတွင် အစားထိုး အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ယနေ့အသုံးပြုနေသည့် Computer Chip များသည် Transistor ၄၂ သန်းပါဝင်သဖြင့် ယင်းတို့နေရာတွင် Carbon Nanotube များကို အစားထိုးအသုံးပြု ခြင်းဖြင့် ကွန်ပျူတာများသည် တစ်ဖြေးဖြေး သေးငယ်လာခြင်း၊ ပို၍မြန်ဆန်လာခြင်း၊ ပို၍စွမ်းရည် မြင့်မားလာဖြင်းစသည့် အားသာချက်များ ရရှိလာနိုင်မည် ဖြစ်ပါသည်။ ယင်း Carbon Nanotube ကို အခြေခံ၍ သေးငယ်ပြီး စွမ်းရည်မြင့်မားသော အီလက်ထရောနစ်ပစ္စည်းများသည် နေ့စဉ်နှင့်အမျှ စမ်းသပ်ပြုလုပ်အောင်မြင်မှုများ ရရှိနေသည်ဖြစ်ပါသည်။ ထို့အပြင် Carbon Nanotube များသည် စက်မှု၊ လျှပ်စစ်နှင့် အပူဆိုင်ရာ ဂုဏ်သတ္တိများ အထူးမြင့်မားသည် ဖြစ်ပေရာလက်ရှိ အသုံးပြုနေသော နယ်ပယ်အသီးသီးရှိ ကုန်ပစ္စည်းများအား အစား ထိုးလာနိုင်တော့မည် ဖြစ်ပါသည်။ Carbon Nanotube များသည် ပေါ့ပါးသော်လည်း စက်မှုဆိုင်ရာ ဂုဏ်သတ္တိများ အထူးမြင့်မားသည်ကို ဇယား (၁) တွင် နှိုင်းယှဉ်တွေ့ရှိ ရပါသည်။
Nano Composite Material များသည် သတ္တုဗေဒနည်းပညာ၊ ဓာတုဗေဒနည်းပညာ များဖြင့် ဖန်တီး နိုင်စွမ်းမရှိသော ခိုင်ခန့်မှု၊ မာကျောမှုနှင့် ပေါ့ပါးမှု စွမ်းရည်များကို ပေစွမ်းနိုင်ခြင်းမှာ အောက် ဖော်ပြပါ အကြောင်းများကြောင့်ဖြစ်ပါသည်။
• Nanostructured Material များသည် Molecule တစ်ခုနှင့်တစ်ခုအကြားတွင် ဖြစ်ပေါ်နေသည့် Binding Gap ကို အလွန်လျော့နည်းစေရန် တည်ဆောက်နိုင်ခြင်း။
• ယနေ့အချိန်တွင် စက်မှုကုန်ထုတ်ပစ္စည်းများ ပြုလုပ်နိုင်ရန်အတွက် ပေါ်ပေါက်ပြီးသော နည်းပညာ များဖြင့် ထုတ်လုပ်ထားသည့် Steel Structure များသည် မော်လီကျူး တည်ဆောက်မှု (၁၅ မှ ၂၀) နာနိုမီတာအတွင်း ကင်းလွတ်မှု ရှိကြသော်လည်း နာနိုနည်းပညာ ဖြင့် မော်လီကျူး ကင်းလွတ်မှု အကွာအဝေး မရှိတော့သလောက်ဖြစ်ပြီး ထိစပ်တင်းကြပ်မှု ပိုမို ရရှိစေရန် တည်ဆောက်နိုင်သဖြင့် မူလ ပစ္စည်းများထက် ပိုမိုတောင့်တင်း ခိုင်မာမှု ရရှိ လာနိုင်ခြင်း။ Steel များ၏ Austenite Grain Structure ကို ပုံ(၄) ဖြင့်လည်းကောင်း၊ ယနေ့ အသုံးပြုနေသည့် Nanostructured Material ကို ပုံ(၅) ဖြင့်လည်းကောင်း နှိုင်းယှဉ် ဖော်ပြအပ်ပါသည်။
ယခုအခါတွင် နာနိုနည်းပညာကို အသုံးပြု၍ စက်မှုကဏ္ဍ ထုတ်လုပ်ရေးနယ်ပယ်တွင် Samsung ကုမ္ပဏီသည် Sliver Nanoparticle များဖြင့် Nano Health System တွင် အသုံးချမှုပြု လုပ်လျှက်ရှိသည်ကို တွေ့ရှိရပါသည်။ နည်းပညာအသုံးချမှုမှာ နာနိုစကေးအရွယ် အစားရှိ ငွေဒြပ်စင် များကို သန့်ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကုန်ပစ္စည်းများ ထုတ်လုပ်မှုတွင် အသုံးချလာခြင်း ဖြစ်ပါ သည်။ အဆိုပါ Sliver Nanoparticle များဖြင့် အန္တရာယ်ဖြစ်စေနိုင်မည့် ဘက်တီးရီယားများကို ဖယ် ထုတ်သန့်စင်ပေးခြင်း၊ အန္တရာယ်ဖြစ်စေမည့် ဘက်တီးရီယားများကင်းစင်ရာ နယ်မြေအဖြစ် ဖန်တီးခြင်း တို့ကို လုပ်ဆောင်ပေးနိုင်သည့် နည်းပညာကို အသုံးပြုလျှက်ရှိပါသည်။ ၎င်း နည်းပညာကို Samsung ကုမ္ပဏီမှ ထုတ်လုပ်သည့် ရေခဲသေတ္တာများ၊ အ၀တ်လျှော်စက်များ၊ လေအေးပေးစက်များ နှင့် ဖုန်စုပ်စက်များတွင် ထည့်သွင်းအသုံးပြုလျှက်ရှိပါသည်။
နာနိုနည်းပညာဖြင့် Antibacterial Technology တွင် အသုံးပြုလျှက်ရှိပါသည်။ နာနိုနည်း ပညာဖြင့် ရောဂါဖြစ်ပွားစေသော ပိုမွှားများ၊ မှိုများနှင့် ဘက်တီးရီယား အမျိုးအစား ၆၅၀ ကျော်ကို သတ်ဖြတ် ရှင်းလင်းပေးနိုင်စွမ်းရှိပါသည်။ Sliver Nano Health System ပါဝင်သည့် ရေခဲသေတ္တာ သည် အခြားရေခဲသေတ္တာများထက် မည်သည့်ပစ္စည်းကိုမဆို ၅ ဆခန့် ပို၍ ကြာရှည် အထားခံ ပါသည်။ Sliver Nano Health System ကြောင့် အ၀တ်အထည်များ လျှော်ဖွတ်စဉ် ဘက်တီးရီယား ၉၉.၉ ရာခိုင်နှုန်းကို သတ်ဖြတ်ရှင်းလင်းပေးနိုင်ရုံသာမက Nano Coating အသုံးပြုခြင်းဖြင့် အ၀တ် အစားများအား ရက်ပေါင်း ၃၀ အထိ ဘက်တီးရီယားများ ၀င်ရောက်ကပ်ညှိခြင်းမရှိအောင် ကာကွယ် တားဆီးပေးနိုင်ပါသည်။
ဇီဝဗေဒဆိုင်ရာ ဆေးပညာများတွင်လည်း နာနိုနည်းပညာကို စတင်အသုံးပြုလာပြီ ဖြစ်ပါ သည်။ ဗိုက်ရပ်စ်ပိုး၏ အရွယ်အစားသည် ပုံမှန်အားဖြင့် ၁၀၀ နာနိုမီတာ အရွယ်ခန့်ရှိရာ နာနိုနည်းပညာ ဖြင့် ဗိုက်ရပ်စ်အား သတ်ဖြတ်ရှင်းလင်းရန် အကောင်းဆုံးနှင့် အလွယ်ကူဆုံးအဖြစ် တွေ့မြင်သိရှိလာကြပါသည်။ သက်ရှိဆဲလ်များသည် ပြင်ပမှ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာသော ကုန်ကြမ်းများကို ကုန်ချောအဖြစ် ပြုပြင်ထုတ်လုပ်ပေးနိုင်ပြီး လောင်စာကို စွမ်းအင်အဖြစ်ပြောင်းလဲ ပေးနိုင်ပါသည်။ ဆဲလ်တစ်ခုတွင် နာဂိုမှုလပါရှိသော (Deoxyribo Nucleric Acid-DNA) ဗီဇ၏ ပရိုဂရမ်အစီအစဉ်အတိုင်း ပရိုတင်းများ၊ အင်ဇိုင်းများကို အတိအကျ ထုတ်ပေးနိုင်ပါသည်။ နာနိုနည်း ပညာအရ ကလပ်စည်းဆဲလ်တစ်ချင်း၏ အရွယ်ပမာဏရှိသော စက်ကလေးများကို ပရိုဂရမ်ဖြင့် စေခိုင်း အလုပ်လုပ်စေနိုင်မည် ဖြစ်ပါသည်။
ထို့အပြင် နာနိုနည်းပညာနှင့် ဆက်စပ်ဖြစ်ထွန်းမှုများ ဖြစ်သော Nanotube များ၊ Molecule Motor များ၊ DNA-based Assembly များ၊ Quantum Dot များသည် အီလက်ထရွန်းနစ်နည်းပညာကို တော်လှန်ရေး တစ်ရပ်သဖွယ် ပြောင်းလဲစေမည့် အနေအထားသို့ ရောက်ရှိစေရန် တာစူလျက်ရှိနေပေ သည်။ နာနိုအီလက်ထရောနစ်သည် များမကြာမီ အနာဂတ်ကာလတွင် အီလက်ထရောနစ်နည်းပညာ ရပ်၏ အသေးငယ်ဆုံးသော အဓိကသုတေသနပြု နယ်ပယ်ဖြစ်လာတော့မည် ဖြစ်ပါသည်။ ယနေ့ခေတ်တွင် လူသားများသည် Microelectronic နည်းပညာကိုလည်း ပိုင်ဆိုင်ထားပြီး ဖြစ်ပါသည်။
နေ့ရက်ပေါင်းများစွာကို အမှတ်တရလေးတွေနဲ့ ကျွန်တော်တို့ ဖြတ်သန်းခဲ့ကြပါတယ်။
------------------------------------------------------------------------------------
၀၁. နာနိုအတိုင်းအတာ
နန်နို Nano သည် တစ်-နန်နိုမီတာ (၁၀ ၏ ထပ်ညွှန်းကိန်း အနုတ် ၉ မီတာ) အတိုင်းအတာကို ကိုယ်စားပြု ပေ သည်။ တစ်-နန်နိုမီတာသည် (Millionth of a Millimetre (၀ါ) About One Eighty Thousandth the Width of a Human Hair) နှင့်ညီမျှပေသည်။ နန်နို-ဒြပ်ထုပစ္စည်း nanoparticles တို့သည် သေးငယ်သော်လည်း ၎င်း တို့၏ ကိုယ်ပိုင်ဂုဏ်သတ္တိများ (Their Unique Properties) , (ရုပ်ပိုင်း၊ ဓါတ်ပိုင်း)မှာ အံ့သြဖွယ်ကောင်း လှပေ သည်။
၀၂.အရောင်နှင့် ပုံပန်းသဏ္ဍန်
၎င်းတို့၏ အရောင်(Luster, color of particles in colloidal)မှာ ၎င်းတို့၏ အရွယ်နှင့်ပုံပန်းသဏ္ဍန်(Size and Shape) ပေါ်မူတည်၍ အမျိုးမျိုးပြောင်းလဲ တတ်ကြပေသည်။ ဥပမာ- Gold-နန်နို ဒြပ်ထု (Gold Nanoparticles) ၏ အရောင်(Luster, color of colloidal)သည် အနီ(Red)၊ အပြာ(Blue)၊ အပြာနု(Light Blue) စသည်ဖြင့် အမျိုးမျိုး ရှိနိုင်ပေသည်။ နန်နို-ဒြပ်ပစ္စည်းတို့သည် အလွန်ပေါ့ပါးခြင်း၊ အပူစီးကူးမှုကောင်း ခြင်း၊ လျှပ်စီးမှုကောင်းခြင်းတို့မှာ မူလသတ္တု၏ဂုဏ်သတ္တိထက် များစွာသာလွန်ပေသည်။ ၎င်းဒြပ်ပစ္စည်း ထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်လာမည့်ဆိုးကျိုးမှာလည်း လက်ရှိလေ့လာစမ်းသပ်ချက်များအရ ပြောပလောက် အောင် မတွေ့ရသေးချေ။ 
၀၃.အသုံးချမှုများ
၎င်း၏ထူးကဲကောင်းမွန်သော ဂုဏ်သတ္တိများကြောင့်၊ ၎င်း၏ဂုဏ်သတ္တိအမျိုးမျိုးကိုလိုက်၍ နယ်ပယ်အသီးသီးတွင်-တွင်ကျယ်စွာဖြင့် တွေးတောကြံဆ အသုံးပြုလာ ကြပေသည်။ အထူးသဖြင့် အီလက်ထရောနစ်နယ်ပယ်၊ ဆေးပညာနယ်ပယ်၊ သတင်းနှင့်နည်းပညာဆိုင်ရာနယ်ပယ်၊ စွမ်းအင် ထိန်းသိမ်းရေးကဏ္ဌဆိုင်ရာနယ်ပယ်၊ မျိုးဗီဇ ဆိုင်ရာနယ်ပယ်တို့တွင် အောင်မြင်စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးချလျှက်ရှိနေသည်မှာ ဆယ်စုနှစ်ခန့်ပင်ရှိပေပြီ။ ယနေ့လက်ရှိကမ္ဘာတွင်လည်း အစိုးရအသီးသီးနှင့် ပုဂ္ဂလိကစီးပွားရေး အဖွဲ့အစည်း အမျိုးမျိုးတို့သည်လည်း နန်နိုနည်းပညာ (Nanotechnology) ဖွံ့ဖြိုးရေးနှင့်၊ ၎င်းဒြပ်ပစ္စည်းကို အကျိုးရှိရှိထိရောက်စွာ အသုံးချနိုင်ရေး တို့အတွက်ရည်ရွယ်၍ တစ်စထက်တစ်စတိုး၍ ရင်းနှီးမြှုပ်နှံမှု့များ ပြုလုပ်လာနေကြပေသည်။ အမှန်စင်စစ်အားဖြင့် နန်နိုနည်းပညာ (Nanotechnology) သည် မျက်မှောက်ခေတ်သိပ္ပံနယ်ပယ်တွင် နှစ်လိုဖွယ် အကျိုးဖြစ်ထွန်းမှု၊ အံ့မခန်းသော ဒြပ်ပစ္စည်း အသစ်များ ရှာဖွေတွေ့ရှိမှုတို့နှင့် အတူယှဉ်တွဲလျှက် ကျွန်ုပ်တို့မှီတင်းနေထိုင်ရာ ဤကမ္ဘာလောကကြီးအတွက် အမှန်တကယ် အကျိုးကျေးဇူးရှိသည့် ဆိုးကျိုး အနည်းဆုံးသော နည်းပညာသစ်တစ်ရပ် ဖြစ်သလောဆိုသည့် မေးခွန်းနှင့်လည်း ရင်ဆိုင်နေရဦးမည် ဖြစ်ပေသည်။
၀၄.အက်တမ်, ဒြပ်ပစ္စည်း အခြေခံသဘောတရားများ
နန်နိုသိပ္ပံနှင့်နန်နိုနည်းပညာ Nanoscience and Nanotechnology ၏သဘောကို နားလည် သဘောပေါက်ရန် ၎င်း၏အရေးပါပုံကို နိဒါန်းအနေနှင့် ဖေါ်ပြပြီးနောက် ဒြပ်သတ္တုပစ္စည်းများ၏ တည်ဆောက်ပုံနှင့် ဂုဏ်သတ္တိများကို အခြေခံကျကျနား လည်သဘောပေါက်ရန်အတွက် အက်တမ်များ၏ ဖွဲ့စည်းတည်ဆောက်ပုံကို ဖော်ပြပါမည်။ ထို့အပြင် ဒြပ်သတ္တုပစ္စည်းများ၏ သဘာဝရုပ်အခြေအနေများ၊ အက်တမ်များ ပုံဆောင်ခဲအဖြစ် ဖွဲ့စည်းတည်ဆောက်ပုံ၊ ၎င်းတို့၏ပုံဆောင်ခဲငြမ်းများအကြောင်းကိုလည်း ဆက်လက် ဖော်ပြပေးပါမည်။ နန်နိုနည်းပညာနယ်ပယ်၌ အချိန်နှင့်တပြေးညီပင် အသစ်၊ အသစ်သော ဒြပ်ပစ္စည်းများ ပေါ်ထွက်လျှက် ရှိုပေသည်။ ထို့ကြောင့် ၎င်းတို့နှင့်ပတ်သက်သော သိပ္ပံပညာရပ်ကို သိရှိနားလည်ရန်၊ သိပ္ပံနည်းကျကျ လေ့လာအသုံးပြုနိုင်ရန်နှင့် အသုံးပြုနေစဉ် ဖြစ်ပေါ်တတ်သော ၎င်းတို့၏ အပြုအမူကို ချုပ်ကိုင်ထားသည့် အချက်များကို နှံ့နှံ့စပ်စပ်သိရှိထားရန် အထူး လိုအပ်လှပေသည်။
၀၅.အက်တမ်(အနုမြူ)များ, Atoms
အားလုံးသော အရာဝတ္ထုများကို အက်တမ်(အနုမြူ)များဖြင့် ဖွဲ့စည်တည်ဆောက်ထား၏။ အက်တမ်တစ်ခုစီ၏ အလယ်ဗဟို၌ ပရိုတွန်ခေါ် အလေးချိန်စီးသည့် အမြုတေ (Nucleus) တစ်ခုစီပါရှိပြီး ၎င်းသည် လျှပ်စစ်အဖိုဓာတ်ကို ဆောင်၏။ ဤအမြုတေ(Nucleus)ကို လျှပ်စစ်အမဓာတ်ဆောင်သော တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍များသည့် အလွန်သေးငယ်သော အီလက်ထရွန်များက မိမိတို့၏ ပါတ်လမ်းအတိုင်း အဆက်မပြတ် လည်ပတ်၍၀န်းရံထား၏။ အကြောင်းမှာ အမြုတေရှိ အဖိုဓာတ်နှင့် ၎င်းအားပတ်လမ်း အတိုင်းလှည့်ပတ်နေသော အီလက်ထရွန်အမဓာတ်တို့သည် အပြန်အလှန်ခိုင်မြဲစွာ ဆွဲငင်နေကြသောကြောင့် ဖြစ်ပေသည်။ အချို့သောအီလက်ထရွန်များသည် အမြုတေ ၏အနားမှ နီးကပ်စွာလှည့်ပတ်၍၊ အချို့မှာအမြုတေနှင့်ပို၍ဝေးသည့် နေရာများမှလှည့်ပတ်လျှက် ရှိနေကြ၏။ အီလက်ထရွန်ပတ်လမ်း၏ ပျမ်းမျှအချင်းသည် ၁၀-၈ စင်တီမီတာ (၁/၁၀၀၀၀၀၀၀၀ စင်တီမီတာ ) ခန့်ရှိ၏။ ပရိုတွန်နှင့်နှိုင်းစာပါက အီလက်ထရွန်များ၏ အလေးချိန်သည် ပြောပလောက်အောင်မရှိပေ။ အရွယ်ပမာဏ အားဖြင့် အမြုတေ(Nucleus)သည် (ပျမ်းမျှ ၃×၁၀-၁၅ မီတာ) ရှိ၍၊ အက်တမ်(Atom)မှာ (ပျမ်းမျှ ၃×၁၀-၁၀ မီတာ) ရှိပေသည်။ သို့ဖြစ်ခြင်းကြောင့် ပတ်လမ်းတစ်ခုရှိ အီလက်ထရွန်တစ်လုံးသည် အမြုတေ(Nucleus)ကို တိုက်မိရန် အခွင့်အရေးမှာ ဖြစ်နိုင်ချေအားဖြင့်(သုည၊ zero ဖြစ်ပေလိမ့်မည်) မရှိပေ။
ရေးသားသူ။ ။ မောင်နိုင်
အပြည့်အစုံ
Power Video Maker
Power Point ကနေ ဗွီဒီယို ဖိုင်လေးတွေ လုပ်ချင်သူများ အတွက် PowerVideoMaker ကို မိတ်ဆက် တင်ပေးလိုက်ပါတယ်။ PowerPoint မှ DVD-quality video ဖိုင်တွေအဖြစ် WMV, AVI, or MPEG ပြောင်းလဲပေးပြီး  PowerPoint to DVD အခွေကူးဖို့ပါ လုပ်ဆောင်ပေးပါတယ်။ ဒေါင်းလော့နေရာကို နှိပ်ပြီး ဒေါင်းလော့ လုပ် ယူ၊ ကွန်ပျူတာထဲမှာ Save လုပ်ပြီး။ Install လုပ်ယူရပါမယ် ခင်ဗျား...။ Install လုပ်ပြီးရင်တော့ စတင်အသုံးပြုလို့ ရပါပြီ။ (ကျေးဇူးတင်ပါတယ်)
အပြည့်အစုံ
DVDFab Platinum 6.0 (အခွေကူးမယ်)
ဒါကတော့ Nero နဲ့ အဆင် သိပ်မပြေသူများ . Nero ကို သိပ်ကျွမ်းကျွမ်း ကျင်ကျင် မသုံးတတ်သူများ အတွက်ပါ . လွယ်ကူတဲ့အပြင် Nero နဲ့ ကူးလို့မရတဲ့ DVD ကိုတောင် ကူးလို့နိုင် ပါတယ်တဲ့ . ကျွန်တော်တောင် မသုံးရသေးဘူး . ရရချင်း တင်ပေးလိုက်တာ .. သုံးကြည့်ပါဦး . လိုချင်ရင် အောက်မှာ Download လုပ်ယူလိုက်ပါ .. 
ရေးသားသူ ။ ညီနေမင်း
အပြည့်အစုံ
Monday 18 October 2010
Myanmar_English Portable Dictionary
Myanmar_English Portable Dictionary လေး တင်ပေးလိုက်ပါတယ်။ အလွယ်တကူ သွားလေရာမှာ ယူသွားပြီး သုံးလို့ရအောင်ပါ။ လင့်ကတော့ ဒီနေရာ ကိုနှိပ်လိုက်ပါခင်ဗျား...။
အပြည့်အစုံ
Bios password Bypass and Reset
နောက် post တစ်ခုအနေနဲ့ ထပ်ရေးမယ်လို့ ပြောထားတဲ့ အတိုင်း ဆက်ရေးလိုက်ပါတယ်။ BIOS မှာ Password ထားရင်ကျော် ဖို့၊ Reset လုပ်ဖို့ နည်းလမ်းလေးပါ။ ဒီpost အတွက် BIOS, CMOS, နဲ့ IBM BIOS ဆိုတဲ့ အသုံးနှုန်းတွေ မြင်ရမှာပါ။ အသေးစိတ်တော့ ကျနော် မရေးနိုင်တော့ပါဘူး။ ကျော်တဲ့ နည်းပဲ ရေးမှာ မို့ပါ။ လေ့လာချင် သူတွေ အတွက် link ချိပ်ထားပေးပါတယ်။ အောက်က စာလုံးလေးတွေ မှာ click ပြီး ဖတ်ကြည့်ကြပါ။
BIOS ဆိုတာ ...
CMOS ဆိုတာ ...
BIOS နဲ့ CMOS ကွာခြားချက် ...
IBM BIOS အကြောင်း ...
စလိုက်ရအောင်ဗျာ ... ။ အစီစဉ်မကျရင်လည်း သီးခံ ဖတ်ပေးပါဗျာ။
TOSHIBA laptop နဲ့ Desktop အများစု မှာ BIOS password ကို ကျော်ဖို့ အတွက် ... Boot တတ်နေ စဉ် အတွင်း ဘယ်ဘက်မှ Shift key(left Shift) ကို နိုပ်ထားပေးပါ။
IBM BIOS မှာဆိုရင် .... Boot တက်နေစဉ် mouse ရဲ့ Buttons ၂ ခု စလုံးကို တစ်ပြိုင်ထဲ ထပ်ခါ ထပ်ခါ နိုပ်ပေးပါ။
# BIOS password ကို သုံးခါထက် ပိုပြီး မှားရိုက်မိရင် locked ဖြစ်တတ်ပါတယ်။ #
PC Locked ဖြစ်သွားရင် BIOS password ကို crack or reset လုပ်ဖို့ အောက်ပါ software လေးသုံးလို့ရပါတယ်။
CMOS password recovery tool 4.8
Jumper ကို ဖြုတ်ရင်လည်း CMOS password ကို Clear ဖြစ်စေပါတယ်။ Jumper ကတော့ Motherboard အမျိုးအစားကို လိုက်ပြီး နေရာကွဲပြားတတ်ပါတယ်။ များသောအားဖြင့် Motherboard အစွန်းက CMOS Battery နဲ့ ကပ်လျက် ဒါမှမဟုတ် Processor နဲ့ ကပ်လျက်မှာ ရှိတတ်ပါတယ်။ ရေးထားတတ်တဲ့ အမည်တွေကတော့ CLEAR - CLEAR CMOS - CLR - CLRPWD - PASSWD - PASSWORD - PWD တို့ပဲ ဖြစ်ပါတယ်။(Laptop တွေမှာဆိုရင် jumper ဟာ keyboard ရဲ့ အောက် (သို့) laptop အောက်ခြေ မှာရှိတဲ့ အကန့်လေးတွေမှာ တွေ့နိုင်ပါတယ်။)
Image Hosting by Picoodle.comImage Hosting by Picoodle.com
* ကွန်ပျူတာကို power ပိတ် plug ဖြုတ်ပြီးရင် jumper ကိုဖြုတ်ပါ။ ပြီးရင် ကွန်ပျူတာကို power ဖွင့်ပြီး ခဏထားပြီး ပြန်ပိတ်လိုက်ပါ။ ပြီးရင်တော့ jumper ကို ပြန်တပ်လိုက်ရင် password reset ဖြစ်သွားပါပြီ။ *
Image Hosting by Picoodle.comရေးသားသူ၊ ဇော်မင်းအောင်
အပြည့်အစုံ
Data and Information (Hard disk)
ကျနော် Storage Device တွေအကြောင်းရေးမလို့ပါ ။ ကျနော့်အရေးအသားနဲ့ဆို လိုရင်းမရောက်ပဲ လည်နေမှာစိုးလို့ Life Style ထဲမှာပါတဲ့ ကိုဖိုးနိုင်ဝင်း(Masterpiece) ရဲ့ အရေးအသား အတိုင်း တိုက်ရိုက် ပြန်တင်ပေးလိုက်ပါတယ်။ လေ့လာကြည့်ကြပါဦး ။
◘ IT,Information age, Information Technology စတဲ့အသုံးနှုန်းတွေ နေ့စဉ်နဲ့အမျှ ကြားနေ၊ ဖတ်နေရပါတယ်။ အဖွဲ့အစည်းတစ်ခုအတွင်းမှာ Information ဆိုတာ အရေးကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံး အရင်းအမြစ် တစ်ခုဖြစ်ပါတယ်။ Information နဲ့ Data ကို တစ်ခါတစ်ရံမှာ ရောထွေးစွာ နားလည်နေ တတ်ကြပါတယ်။ Storage device တွေအကြောင်း မရေးသားခင်မှာ Data နဲ့ Information ဆိုတာကို ကွဲကွဲပြားပြား သိရှိထားဖို့လိုအပ်တဲ့အတွက် Data နဲ့ Information အကြောင်း အရင်ရေးသားပါမယ်။
Data
◘ Data ဆိုတာ အချက်အလက်အကြမ်း (raw facts)တွေပါပဲ ။ ဥပမာပြောရရင် အလုပ်သမားတွေရဲ့ အမည်၊ တစ်ပတ်မှာ အလုပ်ဆင်းတဲ့နာရီပေါင်း၊ ကုန်အ၀င်ပစ္စည်းတစ်ခုရဲ့ နံပါတ် စတာတွေဟာ Data တွေဖြစ်ပါတယ်။
Data တွေဟာလည်း အမျိုးအစားအမျိုးမျိုး ရှိနေနိုင်ပါတယ်။ အုပ်စုခွဲကြည့်ရင် သချာင်္ကိန်းတွေ၊ စာ ကြောင်း တွေ၊ အက္ခရာတွေပါဝင်တဲ့ Alphanumeric Data ၊ ဂရပ်ဖစ်ပုံတွေ၊ရုပ်ပုံတွေပါဝင်တဲ့ Image Data နဲ့ အသံတွေ၊ တီးလုံးတွေပါဝင်တဲ့ Audio Data ၊သက်ဝင်လှုပ်ရှားမှုတွေ ပါဝင်တဲ့ Video Data ဆိုပြီးရှိနေပါမယ် ။ အဲဒီအချက်အလက်အကြမ်းတွေကို အဓိပ္ပါယ်သက်ဝင်စေတဲ့ စုစည်းဆောင်ရွတ်မှု၊ စီမံဆောင်ရွတ်မှုတွေ လုပ်ဆောင်ပြီးတဲ့အခါမှသာ Information ဆိုပြီး ဖြစ်လာပါတယ်။
Information
◘ Information ဆိုတာ အဲဒီအချက်အလက် Data တွေကို စုစည်းပြီးတန်ဖိုးရှိတဲ့ ၊ အဓိပ္ပါယ်ရှိတဲ့ ဆောင်ရွတ်မှုတစ်ခုကို ပေါင်းစပ်ပြီး ရရှိလာတဲ့အဖြေ၊ ရလဒ်ဖြစ်ပါမယ်။ ဥပမာပြောရရင် sales manager တစ်ယောက်ဟာ လစဉ် အရောင်းစာရင်းတွေကို ကြည့်ပြီး၊ စစ်ဆေးပြီး သူနဲ့အသင့်တော်ဆုံးလုပ်ဆောင်မှု တစ်ခုကို ဆုံးဖြတ်လိုက်တာမျိုး ဖြစ်ပါတယ်။ အရင်ကသီးခြားတန်ဖိုးရှိနေတဲ့ အရောင်းစာရင်း Data တွေကို ပိုပြီးတန်ဖိုးရှိအောင် ဆောင်ရွတ်လိုက်ပြီးလို့ ရရှိလာတဲ့ ရလဒ်ဟာ Information ဖြစ်ပါတယ်။ Information Technology အကြောင်းဆက်ရေးနေရင် စီမံခန့်ခွဲမှု management အပိုင်းရောက်သွား မှာဖြစ်လို့ ကိုယ်နဲ့ သက်ဆိုင်တဲ့ Storage အပိုင်းကိုဆက်ရေးပါမယ်။
◘ Secondary Storage တွေဖြစ်တဲ့ ကွန်ပျူတာရဲ့ အမြဲတမ်းသိုလှောင်သိမ်းဆည်းပစ္စည်းတွေကို Access လုပ်တဲ့ နည်းလမ်းနဲ့ အုပ်စုခွဲကြည့်ရင် Direct နဲ့ Sequential method ဆိုပြီး နှစ်ပိုင်း ခွဲနိုင်ပါ တယ်။ ကွန်ပျူတာကတော့ Data တွေပဲ ဖြစ်ဖြစ်၊Information တွေပဲဖြစ်ဖြစ် Direct Access နဲ့ရော Sequential Access နဲ့ပါ သိုလှောင်သိမ်းဆည်းနိုင်ပါတယ်။
◘ Sequential Access ဆိုတာ Data တွေကို အစီအစဉ် အလိုက် သိမ်းဆည်းထားတာ ဖြစ်ပါတယ်။ ဥပမာ ပြောရရင် ကုန်အ၀င်စာရင်းတွေကို အမှတ် ၁၀၁ ၊ ၁၀၂၊ ၁၀၃ ဆိုပြီးမှတ်သားထားတာ မျိုးဖြစ် ပါတယ်။ တကယ်လို့ သင်လိုချင်တဲ့ Data ဟာ အမှတ် ၁၂၅ မှာရှိတယ်ဆိုရင် သူနဲ့သက်ဆိုင်နေတဲ့ Data တွေရဲ့အစ ၀၀၁ ကနေ ၁၂၄ အထိ အစဉ်လိုက်သွားနေစရာမလိုပဲ ၁၂၅ ကို တိုက်ရိုက်ဖတ်ယူနိုင်တာမျိုး ဖြစ်ပါတယ်။
◘ အဲဒီအတွက် Data တွေကို တိုက်ရိုက်ရယူနိုင်စွမ်းရှိတဲ့ Direct Access နည်းလမ်းအသုံးပြုတဲ့ Device တွေဟာ အကြမ်းဖျင်းအားဖြင့် အစီအစဉ်အလိုက် ဖတ်ယူရတဲ့ Sequential Access Storage Device တွေထက် ပိုမြန်လေ့ ရှိပါတယ်။ Secondary Storage Device တွေကို အုပ်စုခွဲလိုက်ရင် Sequential Access Storage Device (SASDs) နဲ့ Direct Access Storage Device (DASDs)ဆိုပြီးရှိပါမယ်။
◘ နားလည်လွယ်တဲ့ ဥပမာပြောရရင် ဗီဒီယိုတိပ်ခွေတွေ၊ သီချင်းတိပ်ခွေတွေဟာ SASD တွေဖြစ်ပြီး ၊ သီချင်း CD တို့ VCD တို့ဟာ DASD တွေဖြစ်ပါမယ်။
ကွန်ပျူတာရဲ့ သိုလှောင်သိမ်းဆည်းပစ္စည်းများ
(Data Storage Devices)
ကွန်ပျူတာကနေ အချက်အလက် (Data)တွေကို တွက်ချက်စစ်ဆေးဆောင်ရွတ် (Processing) လုပ်နေပါတယ်။ ဥပမာ စာစီစာရိုက် ပရိုဂရမ်တစ်ခု ကိုသုံးပြီး စာတစ်စောင်ရေးသား ဖန်တီးနေတယ် ဆိုပါစို့။ အဲဒီအချက်အလက်တွေဟာ အီလက်ထရောနစ် ပုံစံအနေနဲ့ RAM(Radom Access Memory) ထဲမှာ အရင်သိမ်းထားပါတယ်။ RAM ဆိုတာ ကွန်ပျူတာတွေရဲ့ အလုပ်လုပ် တဲ့နေရာပါ။ ဒါပေမဲ့ RAM တွေဟာ လျှပ်စစ်အား အဆက်မပြတ် ထုတ်လွှတ်နေဖို့ လိုအပ်ပါတယ်။ မီးပိတ်လိုက်ရင်၊ မီးပျက်ရင် Data တွေ အားလုံး ဆုံးရှုံးကုန်ပါတယ်။ အဲဒီအတွက် အမြဲတမ်းသိမ်းဆည်းထားနိုင်တဲ့ သိုလှောင်သိမ်းဆည်း ပစ္စည်းတွေ လိုအပ်လာပါတယ်။ ရှေးဦးစွာ သိမ်းဆည်းထားနိုင်တဲ့ ပစ္စည်းတွေကတော့ Hard drive တွေ ဖြစ်ပြီး နောက်ပိုင်းမှာ တခြားအမျိုးအစား အမြောက်အမြား ရှိလာပါတယ်။
အသုံးအများဆုံး သိုလှောင်သိမ်းဆည်း ပစ္စည်းဖြစ်တဲ့ Hard drive တွေဟာ သံလိုက်အားသုတ် လိမ်းထား တဲ့ သတ္တုစပ်အ၀ိုင်းပြား Platter တွေပေါ်မှာ Data တွေကို အလွန်သေးငယ်တဲ့ Read/Write head ကို အသုံးပြု ရေးဖတ်ပါတယ်။ Platter အ၀ိုင်းပြားတွေနဲ့ Hard drive Platter ရဲ့ Head တွေဟာ မထိဘူး ဆိုရုံလေး လွတ်နေပါတယ်။ Hard drive တွေဟာ အစပိုင်းတုန်းက 10 Megabyte, 20 Megabyte လောက်ပဲ ရှိခဲ့ရာကနေ 80 Megabyte, 120 MB, 540 MB, 850 MB စသဖြင့် တဖြည်းဖြည်း တိုးတက် ထုတ်လုပ်ခဲ့တာ အခုဆိုရင် Desktop ကွန်ပျူတာသုံး 3.5" Hard drive တစ်လုံးစာ 40 GB(Gigabyte), 80 GB အထိရှိလာပါပြီ။ ( ၂၀၀၄ ခုနှစ်ခန့်က ရေးခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာ Hard disk ဟာ 400GB, 500 GB 750 GB အထိ ဈေးကွက်မှာ တွင်ကျယ်စွာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ Extra Hard disk လို့ ခေါ်တဲ့ USB သုံး External Hard drive တွေကိုတော့ 1000 GB အထိ ၀ယ်ယူလို့ ရနိုင်ပါပြီ။ ... သံလုံငယ် ... )ဘယ်လိုပဲ Capacity တွေ တိုးခဲ့ပေမယ့် အခြေခံကျတဲ့ နည်းပညာနဲ့ သံလိုက်အား အသုံးပြုတာ Read/Write head ကို အသုံးပြုတာမျိုးကတော့ ပြောင်းလဲခြင်းမရှိပါဘူး။
Hard drive ရဲ့အတွင်းဖက်မှာ ရှိတဲ့ Platter တွေရဲ့ပုံဖြစ်ပါတယ်။ သံလိုက်အားသုံးပြီး အချက်အလက်တွေကို ရေးဖတ်တာပါ။ Ramdom Access ဒါမှမဟုတ် Direct Access လုပ်နိုင်တဲ့ Storage device ဖြစ်ပါတယ်။
Image Hosting by Picoodle.com
Data တွေ ၀င်ဆံ့တဲ့သိပ်သည်းဆ၊ Platter တွေလည်တဲ့ မြန်နှုန်း၊ RPM (Revolution Per Mini) Data တွေ ဖတ်ယူနိုင်စွမ်းရှိတဲ့ အမြန်နှုန်း (Access time) တွေကတော့ အများကြီး တိုးတက်ခဲ့ပါတယ်။ Notebook တွေအတွက်လည်း 2.5" ပဲ ရှိတဲ့ Hard drive တွေဟာ GB နဲ့ ဆံ့နေပါပြီ။ Floppy disk (diskette) လို့ခေါ်တဲ့ သံလိုက်အားသုံး Data Storage တွေ ရှိပါသေးတယ်။ အစပိုင်းက floppy disk တွေဟာ အရွယ်အစား 8" လောက် ရှိခဲ့ပြီး နောက်ပိုင်း 5.25" ၊ အဲဒီကနေမှ 3.5" အရွယ်အစား ဖြစ်လာခဲ့ တာပါ။ Hard disk တွေထက်စာရင် Data ၀င်ဆံ့မှု အရမ်းနည်းနေတာ ဖြစ်ပေမယ့် သယ်ဆောင်လို့ လွယ်ကူတဲ့ အတွက် တော်ရံဖိုင်လေးတွေ ရွှေ့ပြောင်းရာမှာ၊ သယ်ယူသွားလိုရာမှာ လွယ်ကူတဲ့ အတွက် အခုထိ သုံးနေဆဲဖြစ်ပါတယ်။ အခု 5.25" disk နဲ့ drive တွေကို မသုံးတော့ဘဲ 3.5" disk တွေပဲ သုံးပါတော့တယ်။ သူ့ရဲ့ Data တွေ ထည့်သွင်းနိုင်တဲ့ density ပေါ်မူတည်ပြီး 1.44 MB, 1.4 MB နဲ့ 2.88 MB ဆိုပြီး ရှိပါမယ်။ (အခုခေတ်မှာ 1 MB သာသာပဲ ၀င်ဆန့်တဲ့ diskette နေရာမှာ flash drive တွေ အစားဝင်လာပြီ ဖြစ်ပါတယ်။ 24 x 32 x 2,1 мм ပဲ ရှိတဲ့ flash drive တွေဟာ 16 GB ထိ ၀င်ဆန့်လာပါတယ်။ အဲဒီအတွက် နောက်ပိုင်း ထုတ်တဲ့ Laptop တွေမှာ Floppy drive ရဲ့နေရာမှာ 5 in 1 Card reader တွေ ကို အစားထိုးလာပါတယ်။ ... သံလုံငယ် ... )
Image Hosting by Picoodle.com
သံလိုက်စွမ်းအင်သုံး tape drive တွေ ရှိပါသေးတယ်။ အရင်တုန်းက တိပ်ရီကော်ဒါ တွေနဲ့ဆင်ပါတယ်။ နောက်ပိုင်းမှာ ဗီဒီယိုတိပ်ခွေ အရွယ်လောက်၊ အဲဒီနောက်ပိုင်းမှာတော့ ကက်ဆက်တိပ်ခွေလောက် သေးငယ်အောင် လုပ်လာနိုင်ပါတယ်။ ကွန်ပျူတာတိုင်းမှာ Tape drive တွေ မပါရှိပေမယ့် Data တွေ backup လုပ်ဖို့လိုတဲ့ လုပ်ငန်းတွေမှာ သုံးစွဲလေ့ ရှိပါတယ်။ လက်ရှိသုံးနေတဲ့ Tape drive တွေဟာ .25" (QIC) Quarter inch cartridge လို့လည်းခေါ်တဲ့ drive တွေ 18 မီလီမီတာနဲ့ 4 မီလီမီတာ (Digital Audio tape လို့လည်းခေါ်ပါတယ်) ဆိုပြီး ထုတ်လုပ်တဲ့ ကုမ္ပဏီအမျိုးအစား အမျိုးမျိုးရှိနေပါတယ်။ Data ၀င်ဆံ့မှုတွေကတော့ 20 Megabytes ကနေ 10 MB အထိရှိနေပါတယ်။ ကွန်ပျူတာ တစ်လုံးနဲ့ တစ်လုံး အချက်အလက်တွေ လွှဲပြောင်း သုံးစွဲလိုခဲ့ရင်တော့ အသုံးပြုမယ့် ကွန်ပျူတာမှာ အမျိုးအစားတူတဲ့ drive တွေကို သုံးစွဲဖို့ လိုပါမယ်။
Image Hosting by Picoodle.com
အခုရေးပြီးခဲ့တဲ့ drive တွေဟာ သံလိုက်အား အသုံးပြုပြီး အချက်အလက်တွေကို ရေးမှတ်တဲ့ storage device တွေဖြစ်ပါတယ်။ နည်းပညာအားဖြင့်ကွာခြားပြီး လေဆာ အလင်းတန်းသုံးစွဲတဲ့ CD-ROM, DVD-ROM နဲ့ အခြား Optical drive တွေ ရှိပါသေးတယ်။
CD တွေဟာ ရွှေ့ပြောင်းသယ်ဆောင်ရ လွယ်ကူခြင်း၊ အချက်အလက်တွေပျက်စီးမှု အတန်အသင့် ခံနိုင်ရည်ရှိခြင်းနဲ့ Data တွေ အမြောက်အမြားဆံ့ခြင်းတို့ကြောင့် ရေပန်းစားခဲ့ပါတယ်။ အစပိုင်းကတော့ သူ့ရဲ့ Read Only ဆိုတဲ့အတိုင်း ရေးလို့မရဘဲ ဖတ်လို့ပဲ ရခဲ့ပါတယ်။ နောက်ပိုင်းမှာ ဖတ်ရုံတင်မက တစ်ကြိမ်ပြန်ရေးနိုင်တဲ့ CD-R ၊ အကြိမ်ကြိမ် ပြန်ဖျက် ပြန်ရေးနိုင်တဲ့ CD-RW တွေပေါ်လာပါပြီ။
CD ရဲ့ အတွင်းပိုင်းဖွဲ့စည်းထားတဲ့ layer တွေ ပုံဖြစ်ပါတယ်။
DVD တွေကတော့ CD တွေရဲ့နည်းပညာနဲ့ ဆင်တူပေမယ့် Data တွေဆံ့တဲ့နေရာမှာ တခြားစီဖြစ် သွားပြန်ပါတယ်။ CD-ROM တွေထက် အဆပေါင်းများစွာပိုဆံ့တဲ့အတွက် data တွေ အမြောက်အမြား အသုံးပြုဖို့ လိုအပ်တဲ့ Audio, Video လုပ်ငန်းတွေအတွက် အများကြီးအထောက်အကူ ဖြစ်ခဲ့ပါတယ်။ (DVD မှာ R, RW လို ကူးဖတ်လို့ ရတဲ့ အပေါ်မူတည် ပြီး အမျိုးအစားခွဲသလို၊ ဖွဲစည်းထားတဲ့ layer ပေါ်မူတည်ပြီးလည်း အမျိုးအစားတွေ ရှိပါသေးတယ်။ DVD-5,DVD-9,DVD-10,DVD-14,DVD-18 တို့ဖြစ်ပါတယ်။ နောက်မှ သေးစိတ်ပြန်ရေးပေးပါ့မယ်။ ... သံလုံငယ် ... )
Image Hosting by Picoodle.com
ဒီမှာ အသုံးနည်းတဲ့ Magneto-optical disk တွေ ရှိပါသေးတယ်။ သံလိုက်အားနဲ့ optical (laser) နည်းပညာနှစ်မျိုးလုံး ပေါင်းစပ် အသုံးပြုထားတဲ့ အဲဒီ disk တွေကဟာ floppy disk တွေနဲ့ ဆင်တူပါ တယ်။ ဒါပေမယ့် floppy တွေထက် နည်းနည်းပိုထူပါတယ်။ 3.5" disk အမျိုးအစားနဲ့ 3.5" drive နဲ့ disk တွေဟာ ပျမ်းမျှခြင်းအားဖြင့် 128MB လောက်ဆံ့ပြီး 5.25" disk တွေကတော့ 650 MB လောက်ဆံ့ပါတယ်။ နောက်ပိုင်းနည်းပညာပိုင်း တိုးတက်လာတဲ့ အတွက် 1GB, 2GB ဆိုတဲ့ အမျိုးအစားတွေ ရှိနေပါတယ်။
Image Hosting by Picoodle.com
Image Hosting by Picoodle.com
Image Hosting by Picoodle.com
ဆရာဖိုးနိုင်ဝင်း ရဲ့ Data,Information နဲ့ Storage Device များ ဆောင်းပါးရဲ့ နောက်ဆုံး ပိုင်းဖြစ်ပါတယ်။ ဖတ်နေကြတဲ့ လူတွေ အတွက် ဘာမှ ထပ်ပြောပြနေဖို့ မလိုတော့ပါဘူးနော်။ မဖတ်ရသေးတဲ့ လူတွေ အတွက် နာမည်တွေမှာ click နှိပ်ပြီး ကြည့်လိုက်ပါ။ ကဲ လေ့လာလိုက်ပါဦး။ အင်မတန် ကောင်းတဲ့ ဗဟုသုတ တွေပါ ဗျာ .....
Data Compression
Image Hosting by Picoodle.com
Data တွေနဲ့ ပတ်သတ်လို့ သိထားသင့်တဲ့ အချက်တစ်ခုကတော့ Data Compression (အချက်အလက်တွေကို ဖိသိပ် သိမ်းဆည်းခြင်း) ဖြစ်ပါတယ်။ ဖိုင်တစ်ဖိုင် ပုံမှန်သိမ်းဆည်းတဲ့ ပမာဏထက်ကို လျော့နည်းအောင် စကားလုံးတူတာတွေကို endcode လုပ် သိမ်းတဲ့နည်းဖြစ်ပါတယ်။ ဥပမာ ပြောရရင် စာတစ်ပိုဒ်ထဲမှာ The man and the woman ပါနေတယ် ဆိုပါစို့။ "The man and 1 Wo2" ဆိုပြီး the ဆိုတာနဲ့ man ဆိုတာကို ဘုံထုတ်ပြီး code လုပ် သိမ်းဆည်းလိုက်တဲ့ အတွက် သိမ်းဆည်းရတဲ့ ပမာဏ လျော့နည်းသွားစေပြီး file ရဲ့ ပမာဏ သေးသွားစေတာ ဖြစ်ပါတယ်။ ကိုယ်သုံးနေတဲ့ storage media တစ်ခုထက် ဖိုင်အရွယ်အစား ပမာဏ ပိုကြီးနေတဲ့အခါမျိုးမှာ အသုံးပြုပါတယ်။ ရှင်းအောင်ပြောရရင်တော့ ပုံတစ်ပုံဟာ 2MB ရှိနေတယ် ဆိုပါစို့။ floppy disk က 1.44 MB ပဲ ဆံ့တဲ့အတွက် ပုံမှန်အတိုင်း သိမ်းဆည်းလို့ မရနိုင်ပါဘူး။ Data Compression ပရိုဂရမ် တစ်ခုခု သုံးပြီး ဖိုင်အရွယ်ပမာဏ ကို လျှော့ချသိမ်းဆည်းနိုင်တာမျိုးဖြစ်ပါတယ်။ Win Zip ပရိုဂရမ်ဟာ Data Compression လုပ်တဲ့ ပရိုဂရမ်တွေထဲမှာ ထင်ရှားပြီး အသုံးများပါတယ်။ ( အခုခေတ်မှာ တော့ Win Rar ကို ပိုသုံးများလာကြပါတယ်။ ကျနော် win rar အသုံးပြုနည်းကို ဒီပို့စ်လေးမှာ ရေးခဲ့ ပြီးပါပြီ။ ) More ရဲ့ ဥပဒေသဟာ ၁၈လ ကြာတိုင်းကြာတိုင်း transistor တွေရဲ့ ၀င်ဆံ့တဲ့ ပမာဏ နှစ်ဆတိုးစေတယ်လို့ ဆိုပါတယ်။ (အခု အနည်းငယ် သွေဖည်နေပါပြီ။ P4 မှာ transistor နှစ်ဆ မထည့်သွင်းနိုင်တော့ပါဘူး။) Storage device တွေမှာ Data တွရဲ့ ၀င်ဆံ့မှုပမာဏတွေကို ဆန်းစစ်ကြည့်ရင် ၁၂လ ကြာတိုင်း ကြာတိုင်း ၀င်ဆံ့မှု ပမာဏ နှစ်ဆတိုးတာတွေ့ရပါမယ်။ အသုံးပြုတဲ့ နည်းပညာ အမျိုးအစားကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ဘယ်ပစ္စည်းတွေ ဘယ်တုန်းကပေါ်တယ်၊ ဘယ်လောက်ဆံ့တယ်ဆိုတာကို နှိုင်းယှဉ်ပြထားတာကို ဆက်ပြီး ဖတ်ရှုကြည့်ပါဦး။
IBM ရဲ့ 350 Disk Storage Unit (1956)
ပထမဦးဆုံး Random Access Hard Disk ဖြစ်ပါတယ်။ အရွယ်အစား အနေနဲ့ ရေခဲသေတ္တာ အသေးစား လောက် ရှိပြီး သူ့ထဲမှာ အချင်းနှစ်ပေရှိတဲ့ သတ္တုဝိုင်းပြား (Platters) အချပ် ၅၀ သုံးထားပါတယ်။ Data ၀င်ဆံ့မှု 5 MB ပဲ ရှိခဲ့ပြီး လက်နှိပ်စက်နဲ့ ရိုက်ထားတဲ့ စာမျက်နှာ ၁၅၀၀ လောက်ပဲ ဆံ့ပါတယ်။
Image Hosting by Picoodle.com
IBM ရဲ့ 3340 Hard disk (1973)
ပထမဦးဆုံး Winchester Hard disk ဖြစ်ပါတယ်။ Capicity အနေနဲ့ 70MB ဆံ့ပါတယ်။ platter အရွယ် အစား 8" ရှိပြီး Platter အချပ်ရေ ၄ ချပ်ပဲ သုံးထားပါတယ်။
Image Hosting by Picoodle.com
Seagate ရဲ့ 5.25" Hard disk (1980)
ပထမဦးဆုံး 5.25" Hard disk ဖြစ်ပြီး Platter လေးခုမှာ Data တွေ ဆံ့တဲ့ ပမာဏ 5MB ရှိပါတယ်။ Atari ရဲ့ Pac-Man ဆိုတဲ့ ဂိမ်းထည့်သွင်းခဲ့ရင် ဂိမ်း ၁၃၀၀၀ ထည့်သွင်းနိုင်လောက်တဲ့ ပမာဏ ရှိပါမယ်။ ရောင်းဈေး ဒေါ်လာ ၆၀၀ ရှိလို့ 1MB ကို ဒေါ်လာ ၁၂၀ တန်ဖိုး ကုန်ကျပါမယ်။
Image Hosting by Picoodle.com
Image Hosting by Picoodle.com
CD-ROM Drive (1985)
1985 မှာ ပထမဦးဆုံး PC သုံး CD-ROM တွေကို ပွဲထုတ်ခဲ့ပြီး 650 MB digital Audio အနေနဲ့ ၇၄ မိနစ်စာ ဆံ့ပါတယ်။ အရွယ်အစား 5" ပဲ ရှိပါတယ်။
Image Hosting by Picoodle.com
Pvairie Tek 220
ပထမဦးဆုံး 2.5" Hard disk ကို တီထွင်ခဲ့ပြီး portable PC တွေမှာ သုံးခဲ့ပါတယ်။ Platter နှစ်ချပ်ပဲ သုံးထားပြီး စုစုပေါင်း 20MB ဆံ့တဲ့အတွက် Platter တစ်ချပ်မှာ 10 MB ဆံ့ပါတယ်။ Britannica စွယ်စုံ ကျမ်း နှစ်စုံစာ ဆံ့ပါမယ်။ ဈေးနှုန်း ဒေါ်လာ ၇၀၀ ရှိတဲ့ အတွက် 1MB ကို ၃၅ ဒေါ်လာ ကျသင့်ပါတယ်။
DVD-RAM (1998)
ပြန်ရေးနိုင်တဲ့ DVD-RAM drive တွေ ၁၉၉၈ မှာ ဈေးကွက်တင်ခဲ့ပြီး CD နဲ့ အရွယ်အစားတူတဲ့ disc တစ်ချပ်မှာ 5.2 GB ဆံ့ပါတယ်။ CD နဲ့ မတူတဲ့ အချက်ကတော့ နှစ်ဖက်စလုံးသုံးတဲ့ Double-sided ဖြစ်ပါတယ်။ တစ်ဖက်မှာ 2.6GB ဆံ့ပါတယ်။ Hollywood ရုပ်ရှင် နှစ်နာရီစာလောက် ဆံ့ပါတယ်။
IBM ရဲ့ Micro-Drive
IBM ရဲ့ Micro-Drive အသစ်ဟာ Portable device ဖြစ်ပြီး အရွယ်အစား ၁.၇ လက်မ x ၁.၄ လက်မ ရှိပါတယ်။ 34MB ဆံ့ပြီး Platter အရွယ်အစား တစ်လက်မလောက်ပဲ ရှိပါတယ်။ 2-Megapixel ဒစ်ဂျစ်တယ် ပုံတွေ ၅၅ ပုံလောက် ဆံ့ပါမယ်။
Image Hosting by Picoodle.com
Quinta ရဲ့ Optically Assisted Winchester (QAW) (2001)
1999 တုန်းက QAW တွေဟာ 2001 မှာ ဈေးကွက် တင်နိုင်မယ်လို့ ခန့်မှန်းပါတယ်။ Data ၀င်ဆံ့မှု 40 GB ရှိပြီး platter ရဲ့ အရွယ်အစား ၃.၅ လက်မ ရှိပါတယ်။ တစ်လက်မ ပတ်လည်ရှိတဲ့ ဧရိယာမှာ ဆိုရင် 20GB ဆံ့ပါတယ်။ ရောင်းဈေး ဒေါ်လာ ၁၀၀၀ လောက် ရှိမှာ ဖြစ်တဲ့အတွက် 1 MB ပေါ်မှာကုန်ကျစရိတ် 1 Cent ပဲ ရှိပါတယ်။ (၁၉၉၉ တုန်းက ခန့်မှန်းတာ ဖြစ်ပြီး လက်တွေ့မှာ ဈေးကွက်တင်နိုင်ခြင်း ရှိမရှိ သေသေချာချာ မသိရပါ။)
3.5" သာမန် Hard drive (2005) ခန့်မှန်း
လက်ရှိသုံးစွဲနေတဲ့ Hard drive တွေဟာလည်း နည်းပညာ ပိုင်းဆိုင်ရာ တိုးတက်လာမှုကြောင့် ၂၀၀၅ ခုနှစ်လောက်ကျရင် Platter ၅ ခုသုံး Hard drive တွေဟာ 280 GB လောက်ရှိလာပါမယ်။
Storage media တွေမှာ Data တွေ ပိုဆံ့လာသလို Operation system တွေရဲ့ လိုအပ်တဲ့ ပမာဏဟာ လည်း ပိုများလာပါတယ်။
၁၉၈၁ မှာ ဖြန့်ချိတဲ့ MS-DOS (Microsoft Disk Operating System) ဟာ Disk space 160 လောက်ပဲ လိုအပ်ပါတယ်။ ၁၉၉၂ မှာ ဖြန့်ချိတဲ့ windows 3.11 ဟာ Standard installation အတွက် 10 MB လိုအပ်ပြီး ၁၉၉၉ Microsoft windows 2000 ဟာ Browser အပါအ၀င် Install လုပ်ခဲ့ရင် 1000 MB နေရာလွတ် လိုပါမယ်။
Storage device တွေဟာ ရွှေ့ပြောင်းသယ်ဆောင်ဖို့ အတွက် အပြင် တခြား လူသုံး၊ အိမ်သုံး၊ အီလက် ထရောနစ် ပစ္စည်းတွေမှာပါ သုံးစွဲဖို့အတွက် ပိုပြီးသေးငယ်ပေါ့ပါးအောင် တီထွင်ထားတာတွေ ရှိပါသေး တယ်။ အခု နှိုင်းယှဉ်ရေးသားထားတဲ့ အချက်အလက်တွေကတော့ အသေးစိတ်နှိုင်းယှဉ်ပြထားတာ မဟုတ်ပါဘူး။ storage device တွေကို ဘယ်လိုပဲ နှိုင်းယှဉ်ကြည့်ကြည့် ကွန်ပျူတာ ပစ္စည်းတွေဟာ ပိုသေးရမယ်၊ ပိုပေါရမယ်၊ ပိုဆံ့ရမယ် ဆိုတဲ့ ဥပဒေအတိုင်း ပိုသေး၊ ပိုဆံ့၊ ပိုပေါလာတာ ကတော့ အမှန်ပဲ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
ဒီနေရာကို နှိပ်ပြီး နှစ် ၅၀ Hard disk သမိုင်းကြောင်း ကိုလည်း လေ့လာကြည့်လိုက်ပါဦး။ ကျနော် မြန်မာလို ပြန်မရေးတော့ပါဘူး ။ ဗဟုသုတ တိုးပိုးပါစေကြောင်း ဆုတောင်းရင်း ...
ရေးသားသူ၊ ဇော်မင်းအောင်
အပြည့်အစုံ