Monday 18 October 2010

Data and Information (Hard disk)

ကျနော် Storage Device တွေအကြောင်းရေးမလို့ပါ ။ ကျနော့်အရေးအသားနဲ့ဆို လိုရင်းမရောက်ပဲ လည်နေမှာစိုးလို့ Life Style ထဲမှာပါတဲ့ ကိုဖိုးနိုင်ဝင်း(Masterpiece) ရဲ့ အရေးအသား အတိုင်း တိုက်ရိုက် ပြန်တင်ပေးလိုက်ပါတယ်။ လေ့လာကြည့်ကြပါဦး ။

◘ IT,Information age, Information Technology စတဲ့အသုံးနှုန်းတွေ နေ့စဉ်နဲ့အမျှ ကြားနေ၊ ဖတ်နေရပါတယ်။ အဖွဲ့အစည်းတစ်ခုအတွင်းမှာ Information ဆိုတာ အရေးကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံး အရင်းအမြစ် တစ်ခုဖြစ်ပါတယ်။ Information နဲ့ Data ကို တစ်ခါတစ်ရံမှာ ရောထွေးစွာ နားလည်နေ တတ်ကြပါတယ်။ Storage device တွေအကြောင်း မရေးသားခင်မှာ Data နဲ့ Information ဆိုတာကို ကွဲကွဲပြားပြား သိရှိထားဖို့လိုအပ်တဲ့အတွက် Data နဲ့ Information အကြောင်း အရင်ရေးသားပါမယ်။

Data

◘ Data ဆိုတာ အချက်အလက်အကြမ်း (raw facts)တွေပါပဲ ။ ဥပမာပြောရရင် အလုပ်သမားတွေရဲ့ အမည်၊ တစ်ပတ်မှာ အလုပ်ဆင်းတဲ့နာရီပေါင်း၊ ကုန်အ၀င်ပစ္စည်းတစ်ခုရဲ့ နံပါတ် စတာတွေဟာ Data တွေဖြစ်ပါတယ်။


Data တွေဟာလည်း အမျိုးအစားအမျိုးမျိုး ရှိနေနိုင်ပါတယ်။ အုပ်စုခွဲကြည့်ရင် သချာင်္ကိန်းတွေ၊ စာ ကြောင်း တွေ၊ အက္ခရာတွေပါဝင်တဲ့ Alphanumeric Data ၊ ဂရပ်ဖစ်ပုံတွေ၊ရုပ်ပုံတွေပါဝင်တဲ့ Image Data နဲ့ အသံတွေ၊ တီးလုံးတွေပါဝင်တဲ့ Audio Data ၊သက်ဝင်လှုပ်ရှားမှုတွေ ပါဝင်တဲ့ Video Data ဆိုပြီးရှိနေပါမယ် ။ အဲဒီအချက်အလက်အကြမ်းတွေကို အဓိပ္ပါယ်သက်ဝင်စေတဲ့ စုစည်းဆောင်ရွတ်မှု၊ စီမံဆောင်ရွတ်မှုတွေ လုပ်ဆောင်ပြီးတဲ့အခါမှသာ Information ဆိုပြီး ဖြစ်လာပါတယ်။



Information

◘ Information ဆိုတာ အဲဒီအချက်အလက် Data တွေကို စုစည်းပြီးတန်ဖိုးရှိတဲ့ ၊ အဓိပ္ပါယ်ရှိတဲ့ ဆောင်ရွတ်မှုတစ်ခုကို ပေါင်းစပ်ပြီး ရရှိလာတဲ့အဖြေ၊ ရလဒ်ဖြစ်ပါမယ်။ ဥပမာပြောရရင် sales manager တစ်ယောက်ဟာ လစဉ် အရောင်းစာရင်းတွေကို ကြည့်ပြီး၊ စစ်ဆေးပြီး သူနဲ့အသင့်တော်ဆုံးလုပ်ဆောင်မှု တစ်ခုကို ဆုံးဖြတ်လိုက်တာမျိုး ဖြစ်ပါတယ်။ အရင်ကသီးခြားတန်ဖိုးရှိနေတဲ့ အရောင်းစာရင်း Data တွေကို ပိုပြီးတန်ဖိုးရှိအောင် ဆောင်ရွတ်လိုက်ပြီးလို့ ရရှိလာတဲ့ ရလဒ်ဟာ Information ဖြစ်ပါတယ်။ Information Technology အကြောင်းဆက်ရေးနေရင် စီမံခန့်ခွဲမှု management အပိုင်းရောက်သွား မှာဖြစ်လို့ ကိုယ်နဲ့ သက်ဆိုင်တဲ့ Storage အပိုင်းကိုဆက်ရေးပါမယ်။

◘ Secondary Storage တွေဖြစ်တဲ့ ကွန်ပျူတာရဲ့ အမြဲတမ်းသိုလှောင်သိမ်းဆည်းပစ္စည်းတွေကို Access လုပ်တဲ့ နည်းလမ်းနဲ့ အုပ်စုခွဲကြည့်ရင် Direct နဲ့ Sequential method ဆိုပြီး နှစ်ပိုင်း ခွဲနိုင်ပါ တယ်။ ကွန်ပျူတာကတော့ Data တွေပဲ ဖြစ်ဖြစ်၊Information တွေပဲဖြစ်ဖြစ် Direct Access နဲ့ရော Sequential Access နဲ့ပါ သိုလှောင်သိမ်းဆည်းနိုင်ပါတယ်။

◘ Sequential Access ဆိုတာ Data တွေကို အစီအစဉ် အလိုက် သိမ်းဆည်းထားတာ ဖြစ်ပါတယ်။ ဥပမာ ပြောရရင် ကုန်အ၀င်စာရင်းတွေကို အမှတ် ၁၀၁ ၊ ၁၀၂၊ ၁၀၃ ဆိုပြီးမှတ်သားထားတာ မျိုးဖြစ် ပါတယ်။ တကယ်လို့ သင်လိုချင်တဲ့ Data ဟာ အမှတ် ၁၂၅ မှာရှိတယ်ဆိုရင် သူနဲ့သက်ဆိုင်နေတဲ့ Data တွေရဲ့အစ ၀၀၁ ကနေ ၁၂၄ အထိ အစဉ်လိုက်သွားနေစရာမလိုပဲ ၁၂၅ ကို တိုက်ရိုက်ဖတ်ယူနိုင်တာမျိုး ဖြစ်ပါတယ်။

◘ အဲဒီအတွက် Data တွေကို တိုက်ရိုက်ရယူနိုင်စွမ်းရှိတဲ့ Direct Access နည်းလမ်းအသုံးပြုတဲ့ Device တွေဟာ အကြမ်းဖျင်းအားဖြင့် အစီအစဉ်အလိုက် ဖတ်ယူရတဲ့ Sequential Access Storage Device တွေထက် ပိုမြန်လေ့ ရှိပါတယ်။ Secondary Storage Device တွေကို အုပ်စုခွဲလိုက်ရင် Sequential Access Storage Device (SASDs) နဲ့ Direct Access Storage Device (DASDs)ဆိုပြီးရှိပါမယ်။

◘ နားလည်လွယ်တဲ့ ဥပမာပြောရရင် ဗီဒီယိုတိပ်ခွေတွေ၊ သီချင်းတိပ်ခွေတွေဟာ SASD တွေဖြစ်ပြီး ၊ သီချင်း CD တို့ VCD တို့ဟာ DASD တွေဖြစ်ပါမယ်။



ကွန်ပျူတာရဲ့ သိုလှောင်သိမ်းဆည်းပစ္စည်းများ
(Data Storage Devices)
ကွန်ပျူတာကနေ အချက်အလက် (Data)တွေကို တွက်ချက်စစ်ဆေးဆောင်ရွတ် (Processing) လုပ်နေပါတယ်။ ဥပမာ စာစီစာရိုက် ပရိုဂရမ်တစ်ခု ကိုသုံးပြီး စာတစ်စောင်ရေးသား ဖန်တီးနေတယ် ဆိုပါစို့။ အဲဒီအချက်အလက်တွေဟာ အီလက်ထရောနစ် ပုံစံအနေနဲ့ RAM(Radom Access Memory) ထဲမှာ အရင်သိမ်းထားပါတယ်။ RAM ဆိုတာ ကွန်ပျူတာတွေရဲ့ အလုပ်လုပ် တဲ့နေရာပါ။ ဒါပေမဲ့ RAM တွေဟာ လျှပ်စစ်အား အဆက်မပြတ် ထုတ်လွှတ်နေဖို့ လိုအပ်ပါတယ်။ မီးပိတ်လိုက်ရင်၊ မီးပျက်ရင် Data တွေ အားလုံး ဆုံးရှုံးကုန်ပါတယ်။ အဲဒီအတွက် အမြဲတမ်းသိမ်းဆည်းထားနိုင်တဲ့ သိုလှောင်သိမ်းဆည်း ပစ္စည်းတွေ လိုအပ်လာပါတယ်။ ရှေးဦးစွာ သိမ်းဆည်းထားနိုင်တဲ့ ပစ္စည်းတွေကတော့ Hard drive တွေ ဖြစ်ပြီး နောက်ပိုင်းမှာ တခြားအမျိုးအစား အမြောက်အမြား ရှိလာပါတယ်။


အသုံးအများဆုံး သိုလှောင်သိမ်းဆည်း ပစ္စည်းဖြစ်တဲ့ Hard drive တွေဟာ သံလိုက်အားသုတ် လိမ်းထား တဲ့ သတ္တုစပ်အ၀ိုင်းပြား Platter တွေပေါ်မှာ Data တွေကို အလွန်သေးငယ်တဲ့ Read/Write head ကို အသုံးပြု ရေးဖတ်ပါတယ်။ Platter အ၀ိုင်းပြားတွေနဲ့ Hard drive Platter ရဲ့ Head တွေဟာ မထိဘူး ဆိုရုံလေး လွတ်နေပါတယ်။ Hard drive တွေဟာ အစပိုင်းတုန်းက 10 Megabyte, 20 Megabyte လောက်ပဲ ရှိခဲ့ရာကနေ 80 Megabyte, 120 MB, 540 MB, 850 MB စသဖြင့် တဖြည်းဖြည်း တိုးတက် ထုတ်လုပ်ခဲ့တာ အခုဆိုရင် Desktop ကွန်ပျူတာသုံး 3.5" Hard drive တစ်လုံးစာ 40 GB(Gigabyte), 80 GB အထိရှိလာပါပြီ။ ( ၂၀၀၄ ခုနှစ်ခန့်က ရေးခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာ Hard disk ဟာ 400GB, 500 GB 750 GB အထိ ဈေးကွက်မှာ တွင်ကျယ်စွာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ Extra Hard disk လို့ ခေါ်တဲ့ USB သုံး External Hard drive တွေကိုတော့ 1000 GB အထိ ၀ယ်ယူလို့ ရနိုင်ပါပြီ။ ... သံလုံငယ် ... )ဘယ်လိုပဲ Capacity တွေ တိုးခဲ့ပေမယ့် အခြေခံကျတဲ့ နည်းပညာနဲ့ သံလိုက်အား အသုံးပြုတာ Read/Write head ကို အသုံးပြုတာမျိုးကတော့ ပြောင်းလဲခြင်းမရှိပါဘူး။


Hard drive ရဲ့အတွင်းဖက်မှာ ရှိတဲ့ Platter တွေရဲ့ပုံဖြစ်ပါတယ်။ သံလိုက်အားသုံးပြီး အချက်အလက်တွေကို ရေးဖတ်တာပါ။ Ramdom Access ဒါမှမဟုတ် Direct Access လုပ်နိုင်တဲ့ Storage device ဖြစ်ပါတယ်။


Image Hosting by Picoodle.com

Data တွေ ၀င်ဆံ့တဲ့သိပ်သည်းဆ၊ Platter တွေလည်တဲ့ မြန်နှုန်း၊ RPM (Revolution Per Mini) Data တွေ ဖတ်ယူနိုင်စွမ်းရှိတဲ့ အမြန်နှုန်း (Access time) တွေကတော့ အများကြီး တိုးတက်ခဲ့ပါတယ်။ Notebook တွေအတွက်လည်း 2.5" ပဲ ရှိတဲ့ Hard drive တွေဟာ GB နဲ့ ဆံ့နေပါပြီ။ Floppy disk (diskette) လို့ခေါ်တဲ့ သံလိုက်အားသုံး Data Storage တွေ ရှိပါသေးတယ်။ အစပိုင်းက floppy disk တွေဟာ အရွယ်အစား 8" လောက် ရှိခဲ့ပြီး နောက်ပိုင်း 5.25" ၊ အဲဒီကနေမှ 3.5" အရွယ်အစား ဖြစ်လာခဲ့ တာပါ။ Hard disk တွေထက်စာရင် Data ၀င်ဆံ့မှု အရမ်းနည်းနေတာ ဖြစ်ပေမယ့် သယ်ဆောင်လို့ လွယ်ကူတဲ့ အတွက် တော်ရံဖိုင်လေးတွေ ရွှေ့ပြောင်းရာမှာ၊ သယ်ယူသွားလိုရာမှာ လွယ်ကူတဲ့ အတွက် အခုထိ သုံးနေဆဲဖြစ်ပါတယ်။ အခု 5.25" disk နဲ့ drive တွေကို မသုံးတော့ဘဲ 3.5" disk တွေပဲ သုံးပါတော့တယ်။ သူ့ရဲ့ Data တွေ ထည့်သွင်းနိုင်တဲ့ density ပေါ်မူတည်ပြီး 1.44 MB, 1.4 MB နဲ့ 2.88 MB ဆိုပြီး ရှိပါမယ်။ (အခုခေတ်မှာ 1 MB သာသာပဲ ၀င်ဆန့်တဲ့ diskette နေရာမှာ flash drive တွေ အစားဝင်လာပြီ ဖြစ်ပါတယ်။ 24 x 32 x 2,1 мм ပဲ ရှိတဲ့ flash drive တွေဟာ 16 GB ထိ ၀င်ဆန့်လာပါတယ်။ အဲဒီအတွက် နောက်ပိုင်း ထုတ်တဲ့ Laptop တွေမှာ Floppy drive ရဲ့နေရာမှာ 5 in 1 Card reader တွေ ကို အစားထိုးလာပါတယ်။ ... သံလုံငယ် ... )


Image Hosting by Picoodle.com

သံလိုက်စွမ်းအင်သုံး tape drive တွေ ရှိပါသေးတယ်။ အရင်တုန်းက တိပ်ရီကော်ဒါ တွေနဲ့ဆင်ပါတယ်။ နောက်ပိုင်းမှာ ဗီဒီယိုတိပ်ခွေ အရွယ်လောက်၊ အဲဒီနောက်ပိုင်းမှာတော့ ကက်ဆက်တိပ်ခွေလောက် သေးငယ်အောင် လုပ်လာနိုင်ပါတယ်။ ကွန်ပျူတာတိုင်းမှာ Tape drive တွေ မပါရှိပေမယ့် Data တွေ backup လုပ်ဖို့လိုတဲ့ လုပ်ငန်းတွေမှာ သုံးစွဲလေ့ ရှိပါတယ်။ လက်ရှိသုံးနေတဲ့ Tape drive တွေဟာ .25" (QIC) Quarter inch cartridge လို့လည်းခေါ်တဲ့ drive တွေ 18 မီလီမီတာနဲ့ 4 မီလီမီတာ (Digital Audio tape လို့လည်းခေါ်ပါတယ်) ဆိုပြီး ထုတ်လုပ်တဲ့ ကုမ္ပဏီအမျိုးအစား အမျိုးမျိုးရှိနေပါတယ်။ Data ၀င်ဆံ့မှုတွေကတော့ 20 Megabytes ကနေ 10 MB အထိရှိနေပါတယ်။ ကွန်ပျူတာ တစ်လုံးနဲ့ တစ်လုံး အချက်အလက်တွေ လွှဲပြောင်း သုံးစွဲလိုခဲ့ရင်တော့ အသုံးပြုမယ့် ကွန်ပျူတာမှာ အမျိုးအစားတူတဲ့ drive တွေကို သုံးစွဲဖို့ လိုပါမယ်။

Image Hosting by Picoodle.com

အခုရေးပြီးခဲ့တဲ့ drive တွေဟာ သံလိုက်အား အသုံးပြုပြီး အချက်အလက်တွေကို ရေးမှတ်တဲ့ storage device တွေဖြစ်ပါတယ်။ နည်းပညာအားဖြင့်ကွာခြားပြီး လေဆာ အလင်းတန်းသုံးစွဲတဲ့ CD-ROM, DVD-ROM နဲ့ အခြား Optical drive တွေ ရှိပါသေးတယ်။
CD တွေဟာ ရွှေ့ပြောင်းသယ်ဆောင်ရ လွယ်ကူခြင်း၊ အချက်အလက်တွေပျက်စီးမှု အတန်အသင့် ခံနိုင်ရည်ရှိခြင်းနဲ့ Data တွေ အမြောက်အမြားဆံ့ခြင်းတို့ကြောင့် ရေပန်းစားခဲ့ပါတယ်။ အစပိုင်းကတော့ သူ့ရဲ့ Read Only ဆိုတဲ့အတိုင်း ရေးလို့မရဘဲ ဖတ်လို့ပဲ ရခဲ့ပါတယ်။ နောက်ပိုင်းမှာ ဖတ်ရုံတင်မက တစ်ကြိမ်ပြန်ရေးနိုင်တဲ့ CD-R ၊ အကြိမ်ကြိမ် ပြန်ဖျက် ပြန်ရေးနိုင်တဲ့ CD-RW တွေပေါ်လာပါပြီ။


CD ရဲ့ အတွင်းပိုင်းဖွဲ့စည်းထားတဲ့ layer တွေ ပုံဖြစ်ပါတယ်။

DVD တွေကတော့ CD တွေရဲ့နည်းပညာနဲ့ ဆင်တူပေမယ့် Data တွေဆံ့တဲ့နေရာမှာ တခြားစီဖြစ် သွားပြန်ပါတယ်။ CD-ROM တွေထက် အဆပေါင်းများစွာပိုဆံ့တဲ့အတွက် data တွေ အမြောက်အမြား အသုံးပြုဖို့ လိုအပ်တဲ့ Audio, Video လုပ်ငန်းတွေအတွက် အများကြီးအထောက်အကူ ဖြစ်ခဲ့ပါတယ်။ (DVD မှာ R, RW လို ကူးဖတ်လို့ ရတဲ့ အပေါ်မူတည် ပြီး အမျိုးအစားခွဲသလို၊ ဖွဲစည်းထားတဲ့ layer ပေါ်မူတည်ပြီးလည်း အမျိုးအစားတွေ ရှိပါသေးတယ်။ DVD-5,DVD-9,DVD-10,DVD-14,DVD-18 တို့ဖြစ်ပါတယ်။ နောက်မှ သေးစိတ်ပြန်ရေးပေးပါ့မယ်။ ... သံလုံငယ် ... )

Image Hosting by Picoodle.com

ဒီမှာ အသုံးနည်းတဲ့ Magneto-optical disk တွေ ရှိပါသေးတယ်။ သံလိုက်အားနဲ့ optical (laser) နည်းပညာနှစ်မျိုးလုံး ပေါင်းစပ် အသုံးပြုထားတဲ့ အဲဒီ disk တွေကဟာ floppy disk တွေနဲ့ ဆင်တူပါ တယ်။ ဒါပေမယ့် floppy တွေထက် နည်းနည်းပိုထူပါတယ်။ 3.5" disk အမျိုးအစားနဲ့ 3.5" drive နဲ့ disk တွေဟာ ပျမ်းမျှခြင်းအားဖြင့် 128MB လောက်ဆံ့ပြီး 5.25" disk တွေကတော့ 650 MB လောက်ဆံ့ပါတယ်။ နောက်ပိုင်းနည်းပညာပိုင်း တိုးတက်လာတဲ့ အတွက် 1GB, 2GB ဆိုတဲ့ အမျိုးအစားတွေ ရှိနေပါတယ်။


Image Hosting by Picoodle.com
Image Hosting by Picoodle.com
Image Hosting by Picoodle.com


ဆရာဖိုးနိုင်ဝင်း ရဲ့ Data,Information နဲ့ Storage Device များ ဆောင်းပါးရဲ့ နောက်ဆုံး ပိုင်းဖြစ်ပါတယ်။ ဖတ်နေကြတဲ့ လူတွေ အတွက် ဘာမှ ထပ်ပြောပြနေဖို့ မလိုတော့ပါဘူးနော်။ မဖတ်ရသေးတဲ့ လူတွေ အတွက် နာမည်တွေမှာ click နှိပ်ပြီး ကြည့်လိုက်ပါ။ ကဲ လေ့လာလိုက်ပါဦး။ အင်မတန် ကောင်းတဲ့ ဗဟုသုတ တွေပါ ဗျာ .....

Data Compression

Image Hosting by Picoodle.com
Data တွေနဲ့ ပတ်သတ်လို့ သိထားသင့်တဲ့ အချက်တစ်ခုကတော့ Data Compression (အချက်အလက်တွေကို ဖိသိပ် သိမ်းဆည်းခြင်း) ဖြစ်ပါတယ်။ ဖိုင်တစ်ဖိုင် ပုံမှန်သိမ်းဆည်းတဲ့ ပမာဏထက်ကို လျော့နည်းအောင် စကားလုံးတူတာတွေကို endcode လုပ် သိမ်းတဲ့နည်းဖြစ်ပါတယ်။ ဥပမာ ပြောရရင် စာတစ်ပိုဒ်ထဲမှာ The man and the woman ပါနေတယ် ဆိုပါစို့။ "The man and 1 Wo2" ဆိုပြီး the ဆိုတာနဲ့ man ဆိုတာကို ဘုံထုတ်ပြီး code လုပ် သိမ်းဆည်းလိုက်တဲ့ အတွက် သိမ်းဆည်းရတဲ့ ပမာဏ လျော့နည်းသွားစေပြီး file ရဲ့ ပမာဏ သေးသွားစေတာ ဖြစ်ပါတယ်။ ကိုယ်သုံးနေတဲ့ storage media တစ်ခုထက် ဖိုင်အရွယ်အစား ပမာဏ ပိုကြီးနေတဲ့အခါမျိုးမှာ အသုံးပြုပါတယ်။ ရှင်းအောင်ပြောရရင်တော့ ပုံတစ်ပုံဟာ 2MB ရှိနေတယ် ဆိုပါစို့။ floppy disk က 1.44 MB ပဲ ဆံ့တဲ့အတွက် ပုံမှန်အတိုင်း သိမ်းဆည်းလို့ မရနိုင်ပါဘူး။ Data Compression ပရိုဂရမ် တစ်ခုခု သုံးပြီး ဖိုင်အရွယ်ပမာဏ ကို လျှော့ချသိမ်းဆည်းနိုင်တာမျိုးဖြစ်ပါတယ်။ Win Zip ပရိုဂရမ်ဟာ Data Compression လုပ်တဲ့ ပရိုဂရမ်တွေထဲမှာ ထင်ရှားပြီး အသုံးများပါတယ်။ ( အခုခေတ်မှာ တော့ Win Rar ကို ပိုသုံးများလာကြပါတယ်။ ကျနော် win rar အသုံးပြုနည်းကို ဒီပို့စ်လေးမှာ ရေးခဲ့ ပြီးပါပြီ။ ) More ရဲ့ ဥပဒေသဟာ ၁၈လ ကြာတိုင်းကြာတိုင်း transistor တွေရဲ့ ၀င်ဆံ့တဲ့ ပမာဏ နှစ်ဆတိုးစေတယ်လို့ ဆိုပါတယ်။ (အခု အနည်းငယ် သွေဖည်နေပါပြီ။ P4 မှာ transistor နှစ်ဆ မထည့်သွင်းနိုင်တော့ပါဘူး။) Storage device တွေမှာ Data တွရဲ့ ၀င်ဆံ့မှုပမာဏတွေကို ဆန်းစစ်ကြည့်ရင် ၁၂လ ကြာတိုင်း ကြာတိုင်း ၀င်ဆံ့မှု ပမာဏ နှစ်ဆတိုးတာတွေ့ရပါမယ်။ အသုံးပြုတဲ့ နည်းပညာ အမျိုးအစားကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ဘယ်ပစ္စည်းတွေ ဘယ်တုန်းကပေါ်တယ်၊ ဘယ်လောက်ဆံ့တယ်ဆိုတာကို နှိုင်းယှဉ်ပြထားတာကို ဆက်ပြီး ဖတ်ရှုကြည့်ပါဦး။


IBM ရဲ့ 350 Disk Storage Unit (1956)
ပထမဦးဆုံး Random Access Hard Disk ဖြစ်ပါတယ်။ အရွယ်အစား အနေနဲ့ ရေခဲသေတ္တာ အသေးစား လောက် ရှိပြီး သူ့ထဲမှာ အချင်းနှစ်ပေရှိတဲ့ သတ္တုဝိုင်းပြား (Platters) အချပ် ၅၀ သုံးထားပါတယ်။ Data ၀င်ဆံ့မှု 5 MB ပဲ ရှိခဲ့ပြီး လက်နှိပ်စက်နဲ့ ရိုက်ထားတဲ့ စာမျက်နှာ ၁၅၀၀ လောက်ပဲ ဆံ့ပါတယ်။
Image Hosting by Picoodle.com

IBM ရဲ့ 3340 Hard disk (1973)
ပထမဦးဆုံး Winchester Hard disk ဖြစ်ပါတယ်။ Capicity အနေနဲ့ 70MB ဆံ့ပါတယ်။ platter အရွယ် အစား 8" ရှိပြီး Platter အချပ်ရေ ၄ ချပ်ပဲ သုံးထားပါတယ်။
Image Hosting by Picoodle.com

Seagate ရဲ့ 5.25" Hard disk (1980)
ပထမဦးဆုံး 5.25" Hard disk ဖြစ်ပြီး Platter လေးခုမှာ Data တွေ ဆံ့တဲ့ ပမာဏ 5MB ရှိပါတယ်။ Atari ရဲ့ Pac-Man ဆိုတဲ့ ဂိမ်းထည့်သွင်းခဲ့ရင် ဂိမ်း ၁၃၀၀၀ ထည့်သွင်းနိုင်လောက်တဲ့ ပမာဏ ရှိပါမယ်။ ရောင်းဈေး ဒေါ်လာ ၆၀၀ ရှိလို့ 1MB ကို ဒေါ်လာ ၁၂၀ တန်ဖိုး ကုန်ကျပါမယ်။
Image Hosting by Picoodle.com
Image Hosting by Picoodle.com

CD-ROM Drive (1985)
1985 မှာ ပထမဦးဆုံး PC သုံး CD-ROM တွေကို ပွဲထုတ်ခဲ့ပြီး 650 MB digital Audio အနေနဲ့ ၇၄ မိနစ်စာ ဆံ့ပါတယ်။ အရွယ်အစား 5" ပဲ ရှိပါတယ်။
Image Hosting by Picoodle.com

Pvairie Tek 220
ပထမဦးဆုံး 2.5" Hard disk ကို တီထွင်ခဲ့ပြီး portable PC တွေမှာ သုံးခဲ့ပါတယ်။ Platter နှစ်ချပ်ပဲ သုံးထားပြီး စုစုပေါင်း 20MB ဆံ့တဲ့အတွက် Platter တစ်ချပ်မှာ 10 MB ဆံ့ပါတယ်။ Britannica စွယ်စုံ ကျမ်း နှစ်စုံစာ ဆံ့ပါမယ်။ ဈေးနှုန်း ဒေါ်လာ ၇၀၀ ရှိတဲ့ အတွက် 1MB ကို ၃၅ ဒေါ်လာ ကျသင့်ပါတယ်။

DVD-RAM (1998)
ပြန်ရေးနိုင်တဲ့ DVD-RAM drive တွေ ၁၉၉၈ မှာ ဈေးကွက်တင်ခဲ့ပြီး CD နဲ့ အရွယ်အစားတူတဲ့ disc တစ်ချပ်မှာ 5.2 GB ဆံ့ပါတယ်။ CD နဲ့ မတူတဲ့ အချက်ကတော့ နှစ်ဖက်စလုံးသုံးတဲ့ Double-sided ဖြစ်ပါတယ်။ တစ်ဖက်မှာ 2.6GB ဆံ့ပါတယ်။ Hollywood ရုပ်ရှင် နှစ်နာရီစာလောက် ဆံ့ပါတယ်။

IBM ရဲ့ Micro-Drive
IBM ရဲ့ Micro-Drive အသစ်ဟာ Portable device ဖြစ်ပြီး အရွယ်အစား ၁.၇ လက်မ x ၁.၄ လက်မ ရှိပါတယ်။ 34MB ဆံ့ပြီး Platter အရွယ်အစား တစ်လက်မလောက်ပဲ ရှိပါတယ်။ 2-Megapixel ဒစ်ဂျစ်တယ် ပုံတွေ ၅၅ ပုံလောက် ဆံ့ပါမယ်။
Image Hosting by Picoodle.com

Quinta ရဲ့ Optically Assisted Winchester (QAW) (2001)
1999 တုန်းက QAW တွေဟာ 2001 မှာ ဈေးကွက် တင်နိုင်မယ်လို့ ခန့်မှန်းပါတယ်။ Data ၀င်ဆံ့မှု 40 GB ရှိပြီး platter ရဲ့ အရွယ်အစား ၃.၅ လက်မ ရှိပါတယ်။ တစ်လက်မ ပတ်လည်ရှိတဲ့ ဧရိယာမှာ ဆိုရင် 20GB ဆံ့ပါတယ်။ ရောင်းဈေး ဒေါ်လာ ၁၀၀၀ လောက် ရှိမှာ ဖြစ်တဲ့အတွက် 1 MB ပေါ်မှာကုန်ကျစရိတ် 1 Cent ပဲ ရှိပါတယ်။ (၁၉၉၉ တုန်းက ခန့်မှန်းတာ ဖြစ်ပြီး လက်တွေ့မှာ ဈေးကွက်တင်နိုင်ခြင်း ရှိမရှိ သေသေချာချာ မသိရပါ။)

3.5" သာမန် Hard drive (2005) ခန့်မှန်း
လက်ရှိသုံးစွဲနေတဲ့ Hard drive တွေဟာလည်း နည်းပညာ ပိုင်းဆိုင်ရာ တိုးတက်လာမှုကြောင့် ၂၀၀၅ ခုနှစ်လောက်ကျရင် Platter ၅ ခုသုံး Hard drive တွေဟာ 280 GB လောက်ရှိလာပါမယ်။
Storage media တွေမှာ Data တွေ ပိုဆံ့လာသလို Operation system တွေရဲ့ လိုအပ်တဲ့ ပမာဏဟာ လည်း ပိုများလာပါတယ်။
၁၉၈၁ မှာ ဖြန့်ချိတဲ့ MS-DOS (Microsoft Disk Operating System) ဟာ Disk space 160 လောက်ပဲ လိုအပ်ပါတယ်။ ၁၉၉၂ မှာ ဖြန့်ချိတဲ့ windows 3.11 ဟာ Standard installation အတွက် 10 MB လိုအပ်ပြီး ၁၉၉၉ Microsoft windows 2000 ဟာ Browser အပါအ၀င် Install လုပ်ခဲ့ရင် 1000 MB နေရာလွတ် လိုပါမယ်။
Storage device တွေဟာ ရွှေ့ပြောင်းသယ်ဆောင်ဖို့ အတွက် အပြင် တခြား လူသုံး၊ အိမ်သုံး၊ အီလက် ထရောနစ် ပစ္စည်းတွေမှာပါ သုံးစွဲဖို့အတွက် ပိုပြီးသေးငယ်ပေါ့ပါးအောင် တီထွင်ထားတာတွေ ရှိပါသေး တယ်။ အခု နှိုင်းယှဉ်ရေးသားထားတဲ့ အချက်အလက်တွေကတော့ အသေးစိတ်နှိုင်းယှဉ်ပြထားတာ မဟုတ်ပါဘူး။ storage device တွေကို ဘယ်လိုပဲ နှိုင်းယှဉ်ကြည့်ကြည့် ကွန်ပျူတာ ပစ္စည်းတွေဟာ ပိုသေးရမယ်၊ ပိုပေါရမယ်၊ ပိုဆံ့ရမယ် ဆိုတဲ့ ဥပဒေအတိုင်း ပိုသေး၊ ပိုဆံ့၊ ပိုပေါလာတာ ကတော့ အမှန်ပဲ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

ဒီနေရာကို နှိပ်ပြီး နှစ် ၅၀ Hard disk သမိုင်းကြောင်း ကိုလည်း လေ့လာကြည့်လိုက်ပါဦး။ ကျနော် မြန်မာလို ပြန်မရေးတော့ပါဘူး ။ ဗဟုသုတ တိုးပိုးပါစေကြောင်း ဆုတောင်းရင်း ...

ရေးသားသူ၊ ဇော်မင်းအောင်

0 comments:

Post a Comment