Thursday 3 January 2013

သိထားသင့်သော ကွန်ပျူတာအကြောင်း....

ကွန်ပျူတာ တစ်လုံး မှာ hardware နဲ့ software ဆိုပြီး နှစ်ပိုင်း ရှိပါတယ်။

Hardware ဆိုတာက အရှင်းဆုံးပြောရရင် လက်နဲ့ကိုင်တွယ်လို့ရတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။
ဥပမာ။ ။ monitor၊ mouse   

Software ဆိုတာက လက်နဲ့ကိုင်တွယ်လို့မရတဲ့ ကွန်ပျူတာအသုံးပြု ပစ္စည်းလို့ ပြောရင်လည်းမှန်ပါတယ်။
program များကို စုဆောင်းထားတာကို software လို့ခေါ်ပါတယ်။ software ဆိုတာ ကွန်ပျူတာကို ဘာလုပ်ရမယ်၊ ဘယ်အချိန်မှာ လုပ်ရမလဲဆိုတာ ထိန်းကျောင်းပေးတဲ့ ညွန်ကြားချက် အစုအဝေးလည်းဖြစ်ပါတယ်။ software မပါဘဲ ကွန်ပျူတာ ဘာမှလုပ်လို့မရသလို hardware မပါဘဲနဲ့လည်း ကွန်ပျူတာ ဘာမှ လုပ်လို့ရမှာ မဟုတ်ပါဘူး။

software မှာ နှစ်မျိုးထပ်ခွဲပါသေးတယ်။
၁။ application software
၂။ system software

application software

application software ဆိုတာကတော့ application တွေမှာ အသုံးပြုဖို့ အလုပ်လုပ်ဖို့ user (အသုံးပြုသူ)တွေကို အကူအညီပေးတဲ့ software တွေဖြစ်ပါတယ်။

system software

system software ဆိုတာကတော့ hardware တွေ အလုပ်လုပ်နိုင်ဖို့အတွက်နဲ့ application software တွေ အသုံးပြုနိုင်ရန်အတွက် maintain လုပ်ပေးပါတယ်။

နောက်ပြီး ကွန်ပျူတာမှာ ဂဏန်း နှစ်လုံးနဲ့ဘဲ အလုပ်လုပ်ပါတယ်။ 0 နဲ. 1 ပါ။ Binary number လို့လဲခေါ်ပါတယ်။ Binary Digit ကိန်းလို့လဲခေါ်ဆိုရပါတယ်။ အတိုကောက်ကိုတော့ Bit လို့ခေါ်ပါတယ်။
ဂဏန်းတစ်လုံး၊ စပေ့ဘားတစ်ချက်၊ စာတစ်လုံးကိုဆိုရင် 8 bit လို့ခေါ်ပါတယ်။
01010101 ယခုလို 0 နဲ့ 1 တွေချည်းပါတဲ့ ဂဏန်း 8 လုံးတွဲကို 8 bit လို့ခေါ်ပြီး 8 Bit ဟာ 1 byte နဲ့ ညီမျှပါတယ်။
1 bit (binary digit*) = the value of 0 or 1
8 bits = 1 byte
1024 bytes = 1 kilobyte
1024 kilobytes = 1 megabyte
1024 megabytes = 1 gigabyte
1024 gigabytes = 1 terabyte
1024 terabytes = 1 petabyte
Abbreviations
1 kilobyte = 1 k
1 megabyte = 1 MB
1 gigabyte = 1 GB
1 terabyte = 1 TB
1 petabyte = 1 PB
Size in "bytes"
Kilobyte (KB) = 1,024
Megabyte (MB) = 1,048,576
Gigabyte (GB) = 1,073,741,824
Terabyte (TB) = 1,099,511,627,776
Petabyte (PB) = 1,125,899,906,842,624


ကွန်ပျူတာသမိုင်း
ရှေးယခင်က ကွန်ပျူတာ ကို သတ်မှတ်ဖို့ ရန်အလွန်တရာမှခက်ခဲ ခဲ့ သည်။ယခုအချိန်တွင်မူကွန်ပျူတာကို အမည်အမျိုးမျိုး ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပြီဖြစ်သည်။ ယခုအချိန်တွင်မူကိရိယာများ (Devices) တော်တော်များများကို ကွန်ပျူတာ တပ်ပြီးခေါ်နေကြပြီဖြစ်သည်။အစောဆုံး ကွန်ပျူတာ သည် တွက်ချက်မှုပိုင်းကို ပေသီး(Abacus)များမှ စခဲ့သည်။ ပေသီးသည် ပထမဆုံးဂဏန်းပေါင်းစက် ပင်ဖြစ်သည်။ ပေသီးကို တရုတ်ပြည်တွင် စတင်အသုံးပြုခဲ့သည်။

အလယ်ခေတ်အရောက်တွင် ဥရောပ သချာင်္ နှင့် အင်ဂျင်နီယာ ပညာရှင် Wilhelm Schickard က ၁၆၂၃ခုနှစ် တွင် ပထမဆုံး စက်ပစ္စည်းနှင့်တွက်ချက်သောဂဏန်းပေါင်းစက်(Calculators) တစ်ခုကို တည်ဆောက်ခဲ့သည်။သို့သော်လည်းယခုခေတ်တွင် ၎င်း ကိရိယာDevice ကို ကွန်ပျူတာ လို့ခေါ်ဆို၍ မရတော့ပေ။အဘယ်ကြောင့်ဆို သော်၎င်းကိရိယာသည် Programmed ပါဝင်ခြင်းမရှိသောကြောင့်ဖြစ်သည်။ ၁၈၀၁ ခုနှစ် တွင် Joseph Marie Jacquard သည် Textile ယက်ကန်းစက်ကို အခြေခံပြီး Punched Paper Cards Series ကို အသုံးပြုပြီး သူ့၏ ယက်ကန်းစက်ကို အလိုအလျှောက် အလုပ်လုပ်စေခဲ့သည်။ Jacquard ၏ ယက်ကန်းစက်မှ ရလဒ်သည် ကွန်ပျူတာ ဖြစ်ပေါ်တိုးတက်လာစေဖို့ရန် အကြောင်းရင်း တစ်ရပ်ဖြစ်သည်။ ၁၈၃၇ ခုနှစ် တွင် Charles Babbage သည် Programmable Mechanical Computer ကို စတင် Design ရေးဆွဲခဲ့သည်။ Analytical Engine ဟုအမည်ပေးခဲ့သည်။ ၁၈၉၀ ခုနှစ် အရောက် တွင်US Census က Punched Card အတွက် ကြီးမားသော Scale Automated Data Processing စွမ်းဆောင်ရည်ရှိအောင် Tabulating Machines ကို Herman Hollerith က Designed ရေးဆွဲခဲ့သည်။ Computing Tabulating Recording Corporation ( ယခုအခါ IBM ဖြစ်လာသည် ) က ထုတ်လုပ်ခဲ့ပါသည်။

၁၉ ရာစု အကုန်အရောက် တွင်ကွန်ပျူတာ တွေဟာ အသုံးဝင်သောအရာတစ်ခုဖြစ်လာခဲ့သည်။ ကွန်ပျူတာ သည် လူတို့ အတွက်လိုအပ်နေပြီဆိုတာက သက်သေပြလိုက်ပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် Punched Card, Boolean Algebra , The Vacuum Tube (Thermionic Value) နဲ့ Teleprinter တွေဟာ ပေါ်ပေါက်ခဲ့သောကြောင့်ဖြစ်သည်။၂၀ ရာစု အတောအတွင်းတွင် သိပ္ပံပညာသည် များစွာတိုးတက်မှုရှိလာခဲ့ပြီး Analog Computer များလည်း တိုးတက်ပေါ်ပေါက်ခဲ့သည်။ သို့သော်လည်း၎င်း ကွန်ပျူတာများသည် Programmable မဖြစ်သည့်အပြင် အခုခေတ် Digital ကွန်ပျူတာ များ၏ တိကျသော စွမ်းဆောင်ရည် များလည်းပါဝင်ခြင်း မရှိသေးပေ။


ကွန်ပျူတာ အလုပ်လုပ်ပုံ
ယေဘုယျသုံး ကွန်ပျူတာ တွင် အဓိက လေးမျိုးမှာ ဂဏန်း သင်္ချာ နှင့် လော့ဂျစ် အစိတ်အပိုင်း (arithmetic and logic unit)၊ ထိန်းချူပ် အစိတ်အပိုင်း (control unit)၊ မှတ်ဥာဏ်(Memory Device) နှင့် အသွင်း အထုတ် ကိရိယာ (I/O) များတို့ ဖြစ်သည်။ ၄င်း အစိတ်အပိုင်း တို့ကို ဝါယာကြိုးများ အတွဲလိုက်ဖြစ်သော ဘတ်စ် များ ဖြင့် တွယ်ချိတ်ထားသည်။

ထိန်းချုပ်ဌာန

ဗဟိုထိန်းချူပ် ဌာန (control unit, often called a control system or CPU) သို့မဟုတ် စီပီယူ သည် ကွန်ပျူတာ၏ အစိတ်အပိုင်း မျိုးစုံကို လမ်းဆောင်သည်။ ၄င်းသည် ပရိုဂရမ် ၏ ညွှန်ကြားချက်များကို တစ်ကြောင်းခြင်း ဖတ်ရှူ ပြီး အဓိပ္ပါယ် ပြန်သည်။ ထိန်းချူပ် ဌာနသည် အဆင့်မြင့်သော ကွန်ပျူတာများတွင် ၄င်းညွှန်ကြားချက် အစဉ်များကို မြန်ဆန်စေရန်အတွက် ခုန်ကျော် ဖတ်ရှူ ခြင်း လုပ်လေ့ရှိသည်။

ထိန်းချူပ် ဌာန ၏ အဓိက မှာ ပရိုဂရမ် ကောင်တာ၊ နောက် ညွှန်းကြားချက် ကို ဘယ်နေရာမှ ဖက်ရှူမည် ကို မှတ်သားထားသော အထူး သိုလှောင်ရာ ရာဂျစ်စတာ တို့ဖြစ်သည်။
MIPS architecture ၏ ညွှန်ကြားချက် ကို ထိန်းချူပ် ဌာနမှ ဖတ်ရှူပုံ ဖော်ပြသော ပုံကြမ်း


ထိန်းချူပ် ဌာန၏ အလုပ်များမှာ နောက် စီပီယူများတွင် ကွာခြားနိုင်သော်လည်း အခြေခံမှာ အောက်ပါအတိုင်းဖြစ်သည်။
  1. ပရိုဂရမ် ကောင်တာ ညွှန်ပြသော အခန်းမှ လာမည့် ညွှန်ကြားချက် (instruction) ကုဒ်ကို ဖက်ပါ။
  2. ၄င်းညွှန်ကြားချက် ကုဒ်ကို အဓိပ္ပါယ် ပြန်ပြီး အမိန့်ပေးချက် (command) များ သို့မဟုတ် အခြားစက်များ၏ အဝင်လှိုင်း (signal) များ အဖြစ် လုပ်ဆောင်ပါ။
  3. ညွှန်ကြားချက် အသစ်ရေးရန် ပရိုဂရမ် ကောင်တာကို တစ်ခုမြင့်ပါ။
  4. ညွှန်ကြားချက် ပါလျှင် မှတ်ဥာဏ်(Memory Device) အခန်းများမှ အချက်အလက်များကို ဖက်ပါ။ များသောအားဖြင့် ၄င်းဖက်ရှူရမည့် အခန်းနံပါတ်ကို ညွှန်ကြားချက် ကုဒ် ထည်မှာပင် သိမ်းဆီးလေ့ရှိသည်။
  5. ညွှန်ကြားချက် သည် အေအယ်လ်ယူ သို့မဟုတ် အထူးစက်များမှ လုပ်ဆောင်ချက်များ လိုအပ်လျှင် ၄င်းစက်အား မောင်းနှင်ပါ။
  6. အေအယ်လ်ယူမှ အဖြေကို မှတ်ဥာဏ်(Memory Device)တွင်းသို့ ပြန်လည်သိမ်းဆည်းပါ သို့မဟုတ် ပရင့်တာ ကဲ့သို့ ပုံနှိပ်စက် များတွင် ထုတ်ပါ။
  7. အစ အဆင့် (၁) သို့ ပြန်သွားပါ။
ဂဏန်း သင်္ချာ နှင့် လော့ဂျစ် ဌာန
Main articles: Arithmetic logic unit and အေယ်လ်ယူ
ဂဏန်း သင်္ချာ နှင့် လော့ဂျစ် အစိတ်အပိုင်း (Arithmetic and logic unit, ALU) ခေါ် အေယ်လ်ယူ သည် ဂဏန်း သင်္ချာ နှင့် လော့ဂျစ် ဆောင်ရွက်မှု အပိုင်း နှစ်ခု ကိုလုပ်ဆောင်သည်။
ဂဏန်း သင်္ချာ လုပ်ဆောင်မှုတွင် ALU သည် အခြေခံများဖြစ်သည့် အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား၊ တြီဂိုနိုမေတြီ ဖန်ရှင်များ နှင့် square root တို့ လုပ်ဆောင်သည်။ အချိုသော လုပ်ဆောင်မှု များမှာ ကိန်းပြည့်များတိုတာ လုပ်ဆောင်နိုင်ပြီး အချိုမှာ တိကျမှု ရော့ကျနိုင်သော်လည်း ဒဿမ ကိန်း (floating point) မှ ကိန်းစစ် (real number) များအထိ လုပ်ဆောင်နိုင်သည်။ သို့သော်၊ မည်သည့် ကွန်ပျူတာမဆို မည်မျှပင် ခက်ခဲသော အလုပ်ဖြစ်ပါစေ တစ်ဆင့်ခြင်း လွယ်ကူသော အဆင့်များအဖြစ် ပြောင်းလည်းစေခြင်းဖြင့် စွမ်းဆောင်နိုင်သည်။ ထို့ကြောင့် မည်သည့် ကွန်ပျူတာမဆို ဘယ်လို ဂဏန်းသင်္ချာပြဿနာမဆို ဖြေရှင်းနိုင်ပြီး ၄င်း၏ အေယ်လ်ယူ က တိုက်ရိုက် ဖြေရှင်၍မရပါက သွယ်ဝိုက်သော်နည်းဖြင့် ဖြေရှင်းနိုင်သည် ။

အပြည့်အစုံ

Command Prompt ကို Disable ပြုလုပ်နည်း(၃)မျိုး

command-prompt
command-prompt
မိမိကွန်ပျူတာကို အခြားတစ်ယောက်အား ခေတ္တငှားရမည့်အခါမျိုးတွင် Command Prompt ကို Disable ပြုလုပ်ထားခြင်းဖြင့် ကွန်ပျူတာကို အတန်အသင့် စိတ်ချလုံခြုံစေနိုင်ပါသည်။ ထို့အပြင် Command Prompt ကိုအသုံးပြု၍ ကွန်ပျူတာကိုကလိခြင်းမှလည်း ကာကွယ် နိုင်ပါသည်။Command Prompt ကို Disable ပြုလုပ်ရန်အတွက်
Start \ Run မှ တစ်ဆင့်အောက်ဖော်ပြပါ စာသားများကို Copy ကူး၍ Ok ကို Click ပေးရပါမည်။ ထိုအခါ Command Prompt ကို Disable ပြုလုပ်ပြီးဖြစ်ပါသည်။
REG add HKCU\Software\Policies\Microsoft\Windows\System /v DisableCMD /t REG_DWORD /d 0 /f
ဒုတိယနည်းမှာ Registry Editor သို့ဝင်ရောက်၍ Command Prompt ကို Disable ပြုလုပ်ခြင်းဖြစ်ပါသည်။
၁။ Register Editor သို့ဝင်ရောက်ရပါမည်။ Start\ Run တွင် regedit ဟုရိုက်နှိပ်၍ Ok ပေးရပါမည်။
၂။ အောက်ဖော်ပြပါ အတိုင်းဝင်ရောက်ရပါမည်-
HKEY_CURRENT_USER\Software\Policies\Microsoft\Windows\System
၃။ ထို့နောက် ညာဘက် Pane အတွင်းရှိ DisableCMD ကို Double Click နှိပ်၍ Data တွင် ၀ ဟုပေးရပါမည်။
၎။ Register Editor ကို ပိတ်ပြီးနောက် Command Prompt ကို Disable ပြုလုပ်ပြီးဖြစ်ပါသည်။
နောက်ဆုံးနည်းလမ်းတစ်မျိုးမှာ Group Policy မှတစ်ဆင့် Disable ပြုလုပ်ခြင်းဖြစ်ပါသည်။
၁။ Start \ Run တွင် gpedit.msc ဟုရိုက်၍ Ok ပေးပြီး Group Policy သို့ဝင်ရောက်ရပါမည်။
၂။ User Configuration > Administrative Templates > System သို့ဝင်ရောက်ရပါမည်။
၃။ System Click ပြီးနောက် ညာဘက် Pane အတွင်းရှိ “Prevent access to the command prompt” ကို Double click နှိပ်၍
Disable ကို Check ပေး၍ Ok ပေးရပါမည်။ ထို့နောက် Group Policy ကို ပိတ်ပြီနောက် Command Prompt ကို Disable ပြုလုပ်ပြီး ဖြစ်ပါ သည်။ (ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံ

Windows အကြောင်းနှင့် Windows Genuine ပြဿနာ

diff_disks_vm_9
WGA_Validation
Windows ဆိုသည်မှာ computer တစ်လုံး၏ အရေးအကြီးဆုံးသော အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။  Windows တွင် Window 98, Window XP, Window Vista နှင့် Window 7 ဟူ၍ မျိုးစုံရှိပါသည်။ အသုံးပြုရာတွင် style များလှပခြင်း၊ အဆင်သင့်အသုံးပြုနိုင်သည့် Software များထည့်သွင်းပေးထားခြင်း စသည်ဖြင့် Window တစ်ခုနှင့်တစ်ခု မတူသော်လည်း အခြေခံအားဖြင့် Window တစ်ခု၏လုပ်ဆောင်ချက်များမှာ အားလုံးအတူတူပင်ဖြစ်ပါသည်။  တိတိကျကျပြောရမည်ဆိုပါက Window ဆိုသည်မှာ Microsoft မှ ထုတ်လုပ်ထားသည့်  Operating System တစ်ခုပင်ဖြစ်ပါသည်။Operating System တွင် System ၂ မျိုးရှိပါသည်။ ၄င်းတို့မှာ DOS (Disk Operating System) နှင့် NOS (Network Operating System) ဟူ၍ဖြစ် ပါသည်။ DOS (Disk Operating System) တွင် သာမန်ကွန်ပျူတာမျာ၌ အသုံးပြုသည့် Window များဖြစ်သည့် Microsoft Window XP, Window Vista စသည်များနှင့် apple ၏  Window Mac အစရှိသည်တို့ပါဝင်ပါသည်။ NOS (Network Operating System)  တွင်Microsoft Window Server, Linux, Novell’s Netwar စသည်ဖြင့် ပါဝင်ပါသည်။ များသောအားဖြင့် NOS များကို သာမန် Client ကွန်ပျူတာများတွင် အသုံးမပြုပဲ Server အဖြစ် အသုံးပြုသော ကွန်ပျူတာများတွင်သာ အသုံးပြုလေ့ရှိပါသည်။ ထူးခြားမှုတစ်ရပ်အနေဖြင့် Linux သည် ယခင်က Server များအတွက်သာရည်ရွယ်၍ ထုတ်လုပ် သော်လည်း ယခုအခါ Client များတွင်အသုံးပြုနိုင်ရန် Version ကိုပါထုတ်လုပ်နေပြီဖြစ်ပါသည်။ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Window တွင် windows Genuine ဆိုပြီး အောက်ဖော်ပြပါ အတိုင်း Error Message တွေပေါ်လာခဲ့ရင် ပြုလုပ်ရန် နည်းလမ်းဖြစ်ပါသည်။
WGA_Validation
WGA_Validation
၁။  Window Task Manager ကိုခေါ်၍ Process သို့ဝင်ကာ wgatray.exe ကို End ပြုလုပ်ပေးရ ပါမည်။
၂။ ကွန်ပျူတာကို Restart ချကာ Safe Mode သို့ဝင်ရောက်ရပါမည်။ ( ကွန်ပျူတာကို Restart ချပြီးနောက် F8 ကို နှိပ်၍ Safe Mode သို့ဝင်ရောက်နိုင်ပါသည်။)
၃။ Safe Mode တွင် C:\Windows\System32\ သို့သွား၍ WgaTray.exe ကို Delet ရပါမည်။
၎။ ထို့နောက် ကွန်ပျူတာကို Restart ပေးလိုက်ပါက Window Genuine ပြဿနာကို ရှင်းလင်း ပြီးဖြစ်ပါသည်။ သို့ရာတွင် အချို့ ကွန်ပျူတာ များတွင် အထက်ပါအတိုင်းပြုလုပ်သော်လည်း ဖြေရှင်း ပေးနိုင်ခြင်းမရှိပါက အောက်ဖော်ပြပါအတိုင်းဆက်လက်လုပ်ဆောင်ရပါမည်။
၅။ အဆင့် ၃ ထိလုပ်ဆောင်ရပါမည်။ ထို့နောက် C:\Windows\System32\dllcache သို့သွား၍ WgaTray.exe ကို Delet ရပါမည်။
၆။ Registry Editor သို့ဝင်ရောက်ရပါမည်။ Start \ Run တွင် regedit ဟုရိုက်၍ ၀င်ရောက်ရပါ မည်။
၇။ Registry Editor တွင် HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon\Notify သို့သွား၍ WgaLogon Folder ကို Delet ပြုလုပ်ပေးရပါ မည်။
၈။ ထို့နောက် ကွန်ပျူတာကို Restart ပေးပြီးနောက် Window ပြန်တက်လာသည့်အခါတွင် Window Genuine ပြဿနာကို ဖြေရှင်း ပြီးဖြစ်ပါသည်။
Sysem File Type များ

အပြည့်အစုံ

Sysem File Type များ

System File
System File
ကွန်ပျူတာတွင်အသုံးပြုထားသည့် System File Type များနှင့် ၄င်းတို့၏ File Extension များကို ဗဟုသုတအနေဖြင့်ဖော်ပြလိုက်ပါသည်။ ထိုသို့ သိရှိထားခြင်းဖြင့် ကွန်ပျူတာ System ၏ အရေးကြီးသည့် File များကို မှားယွင်းဖျတ်မိခြင်းမှလည်း ကင်းဝေးစေနိုင်ပါသည်။
Extension- File Description
.adm- Administrative Template File
.ani -Animated Cursor
.ann -Help Annotations
.bmk -Help Bookmarks
.cab -Windows Cabinet File
.cnt -Contents File
.cpl -Windows Control Panel
.cur -Windows Cursor
.desklink- Desktop Shortcut
.dev -Windows Device Driver File
.dmp -Windows Memory Dump
.drv- Device Driver
.dss- DCC Active Designer File
.dvd -DOS Device Driver
.ffa- Find Fast Status File
.ffl- Find Fast Document List
.ffo- Find Fast Document Properties Cache
.ffx- Microsoft Find Fast Index
.fpbf -Mac OS X Burn Folder
.ftg- Full Text Group
.fts- Full Text Search
.grp- Windows Program Manager Group
.hdmp- Windows Heap Dump
.hhc- HTML Help Table of Contents
.hhk- HTML Help Index
.hlp -Windows Help File
.icns -Icon Resource
.ico- Icon File
.idx- Index File
.ini- Initialization File
.ins-Internet Naming Service File
.ion- 4DOS File Description
.its- Internet Document Set
.kbd- Keyboard Layout Script
.kext- Mac OS X Kernel Extension
.key- Security Key
.manifest- Windows Visual Styles File
.mapimail -Send To Mail Recipient
.mdmp- Windows Minidump
.msc- Microsoft Management Console Snap-in Control F
.msp- Windows Installer Patch
.msstyles- Windows XP Style
.mui- MultiLanguage Resource File
.mydocs- Send To My Documents
.nt- Windows NT Startup File
.p7b- PKCS #7 Certificate File
.pdr- Windows Port Driver
.pfx PKCS- #12 Certificate File
.pid- Creative Driver File
.pol- Windows Policy File
.prefpane- Mac OS X System Preference Pane
.prf- Windows System File
.prt -Printer Driver File
.pwl- Windows Password List
.reg- Registry File
.scf- Windows Explorer Command
.scr- Windows Screensaver
.sdb- Custom Application Compatibility Database
.str- Windows Screensaver File
.swp- Swap File
.sys- System File
.sys- Motorola Driver File
.theme -Desktop Theme
.vga- VGA Display Driver
.vgd- Generic CADD VGA Driver
.vxd- Virtual Device Driver
.wdgt- Dashboard Widget
(ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။) 

အပြည့်အစုံ

NTLDR ပျောက်ဆုံးသည့်ပြဿနာ

NTLDR Missing Message
NTLDR ဆိုသည်မှာ NT Loader ရဲ့ အတိုကောက်တစ်ခုဖြစ်ပြီး Windows NT ကို တက်အောင်ကူညီပေးပါသည်။ အကြောင်းအမျိုးမျိုးကြောင့် NTLDR  Program File သည် Hard disk မှ ပျောက်ဆုံးသွားခဲ့ပါက ကွန်ပျူတာကို Window အသစ်တင်သည့်အခါတွင်  Windows တက်လာမည်မဟုတ်ပါ။ Windows XP သည် NTLDR ကို အသုံးပြုထား သည့်အတွက် NTLDR ပျောက်သွားသည့်အခါ Windows XP လည်းတက်လာနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကွန်ပျူတာတွင် NTLDR ပျောက်ဆုံးသွားပါက Boot လုပ်တဲ့အချိန်တွင်
NTLDR is missing
Press any key to Restart ဟူသော စာတန်းကိုသာမြင်တွေ့ရပြီး Windows တက်လာခြင်း မရှိတော့ပေ။ ထိုသို့ဖြစ်ရခြင်းမှာ-
၁။ Hard Disk ကို BIOS setup ထဲတွင် တိတိကျကျ မကြေငြာထားခြင်း။ Window တင်ရာ တွင် BIOS မှ မှားယွင်းကြေငြာမိခြင်း။
၂။ Boot မလုပ်ပေးနိုင်သော နေရာမှနေ၍ Computer ကို သွား၍ Boot လုပ်ခိုင်းမိခြင်း။
၃။ Boot.ini ဆိုသည့် File အား မှားယွင်းပြီး Configuration လုပ်ထားမိခြင်း။ NTLDR ပျက်ခြင်း နှင့် NTDETECT.COM ဆိုသည့်ဖိုင်နှစ်ခုမှ တစ်ခုပျက်စီးပျောက်ဆုံးသွားခြင်း။
၎။ Hard Disk အသစ်တစ်လုံးအား ကွန်ပျူတာတွင်ထပ်မံ၍ တပ်ဆင်အသုံးပြုထာားမိခြင်း။ Hard Disk အတွင်းရှိ Boot Sector (သို့မဟုတ်) Master Boot Record ပျက်သွားခြင်း။
(၈) Windows XP ကြီးတစ်ခုလုံး ပျက်သွားရခြင်း စသည့်အကြောင်းများကြောင့် ဖြစ်ပါသည်။ အဆိုပါ ပြဿနာကို ဖြေရှင်းရန်အတွက် Window တင်ရာတွင် Window ခွေဖြင့်တစ်ပါတည်း ဖြေရှင်းနိုင်သကဲ့သို့ NTLDR Boot Disk ဖြင့်လည်းဖြေရှင်းနိုင်ပါသည်။ Window ခွေဖြင့် ဖြေရှင်းရန်အတွက် အောက်ပါအတိုင်းပြုလုပ်ပေးရပါမည်-
၁။ ကွန်ပျူတာကိဖွင့်၍ု BIOS မှ First Boot ကို CD ဟုရွေးချယ်ပေး၍ Window ခွေထည့်၍ Window တင်ပေးရပါမည်။ ထို့နောက် အောက်ဖော်ပြပါပုံအတိုင်း Window XP Professional Setup သို့ရောက်ရှိလာပါက Repair ပြုလုပ်ရန်အတွက် Keyboard မှ R ကို နှိပ်ပေးရပါမည်။
NTLDR Missing
NTLDR Missing
၂။ ထို့နောက် 1 ကိုရိုက်၍ Enter ကို နှိပ်ပေးရပါမည်။ ကွန်ပျူတာတွင် Window တင်ထား သည့် C Partition တစ်ခုတည်းရှိသည့်အတွက် 1 ဟု ရိုက်ခြင်းဖြစ်ပါသည်။ ကွန်ပျူတာတွင် Window 2 ခုတင်ထားပါက 2 ဟုရိုက်ပေးရမည်ဖြစ်ပါသည်။
၃။ Administrator Password အသုံးပြုထားပါက ရိုက်နှိပ်ပေးရပါမည်။ Administrator Password အသုံးပြုထားခြင်းမရှိပါက Enter ကိုနှိပ်ပေးရပါမည်။
၎။ NTLDR နှင့် NTDETECT.COM ဆိုသည့် File  နှစ်ခုကို Command Prompt အသုံးပြု၍ CD Drive မှ Hard Disk သို့ ကူးထည့်ပေးရပါမည်။ အောက်ဖော်ပြပါ စာသားများကို အသုံးပြု၍ ကူးထည့်ပေးရပါမည်။
COPY D:I386NTLDR C:
ဟုရိုက်ပြီးနောက် Enter ကို နှိပ်ရပါမည်။ ထိုအခါ 1 File(s) Copied ဟုMessage ကိုတွေ့မြင် ရပါက File ကူးယူခြင်းပြီးဆုံးပြီဖြစ်ပါသည်။ ထို့နောက်ဆက်လက်၍
COPY D:I386NTDETECT.COM C:
ဟုရိုက်ပြီးနောက် Enter ကို နှိပ်ရပါမည်။ 1 File(s) Copied ဟုMessage ကိုတွေ့မြင်ရပါက File ကူးယူခြင်းပြီးဆုံးပြီးဖြစ်ပြီး Window CD ခွေကိုထုတ်၍ ကွန်ပျူတာကို Restart ချပေးရ ပါမည်။ ထိုအခါ NTLDR ပျောက်ဆုံးခြင်းကို ဖြေရှင်းပြီးဖြစ်ပါသည်။
http://www.computerhope.com/issues/ch000465.htm တွင်အသေးစိတ်လေ့လာနိုင်ပါ သည်။

အပြည့်အစုံ

Software Install ပြုလုပ်မရခြင်း


ကွန်ပျူတာတွင် Window XP အသုံးပြုသူများအနေဖြင့် Software အသစ်များကို Install ပြုလုပ်ရာတွင် အောက်ဖော်ပြပါပုံအတိုင်း Error Message ကိုတွေ့မြင်ရပြီး Install ပြုလုပ်မရသည့်အခါမျိုးကြုံတွေ့ရတတ်ပါသည်။
ထိုသို့ကြုံတွေ့ရပါက Software ကို အောင်မြင်စွာ Install ပြုလုပ်ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါအတိုင်းပြုလုပ်ပေးရပါမည်။
၁။ Start \ Run တွင် regedit ဟုရိုက်၍ Registry Editor သို့ဝင်ရောက်ရပါမည်။
၂။ Registry Editor တွင် HEKY_LOCAL_ MACHINE သို့ဝင်ရောက်၍ Software\Policies\Microsoft\Windows\Installer သို့ ၀င်ရောက်ရပါမည်။
၃။ ၄င်းတွင် DisableMSI ကို Value ၀(သုည) ဟုပေး၍ OK ပေးရပါမည်။ ထို့နောက် Install ပြုလုပ်မရသည့် Software ကို အောင်မြင်စွာ Install ပြုလုပ်နိုင်ပြီဖြစ်ပါသည်။

အပြည့်အစုံ

Virus များကို CMD ဖြင့်သတ်ခြင်း

ကွန်ပျူတာအသုံးပြုရာတွင် Anti Virus Software များအသုံးမပြု၍သော်လည်းကောင်း၊ အသုံးပြု ထားသည့် Anti Virus Software များ ကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့်သော်လည်းကောင်း Virus များပျံ့နှံ့ကူးစက်နိုင်ပါသည်။ ထိုသို့ကြုံတွေ့ရပါက CMD မှတစ်ဆင့် Virus များ ကို ရှင်းလင်းနိုင်ပါသည်။ ထိုသို့ရှင်းလင်းရန်အတွက် Virus အမည်ကိုသိရှိရန်လိုအပ်ပါသည်။ ကွန်ပျူတာ အသုံးပြုသူများအနေဖြင့် သိရှိထားသင့်ပြီး အကျိုးရှိနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ အောက်ဖော်ပြပါအတိုင်း တစ်ဆင့်ခြင်း စီ ပြုလုပ်သွားရပါမည်။
၁။ Start \ Run တွင် cmd ဟုရိုက်၍ OK ပေးရပါမည်။

၂။ ထို့နောက် ကွန်ပျူတာတွင်ရှိနေသည့် Partition များမှ Virus 0င်ရောက်နေသည့် အပိုင်းသို့ဝင်ရောက်ရပါမည်။ ဆိုလိုသည်မှာ ကွန်ပျူတာတွင် Partition ၃ ခုရှိသည့်အနက်  D တွင် Virus ၀င်ရောက်နေပါက cmd တွင် D: ဟုရိုက်၍ Enter ကို နှိပ်ပေးရပါမည်။ ထိုအခါ cmd တွင် Virus ၀င်ရောက်နေသည့် Partition သို့ဝင်ရောက်ပြီးဖြစ်ပါသည်။

၃။ ထို့နောက် attrib -r -h -s(virus name.frile extension) ရိုက်၍ Enter ပေးရပါမည်။ virus name.file extension ဆိုသည်မှာ မိမိစက် တွင် ၀င်ရောက်နေသည့် Virus အမည်နှင့် အမျိုးအစားကို ဆိုလိုခြင်းဖြစ်ပါသည်။

၎။ ထိုသို့ပြုလုပ်ပေးပြီးပါက c:\windows>- ဟုcmd တွင်တွေ့မြင်နေရမည်ဖြစ်ပြီး Virus ကိုရှင်းလင်းရန်အတွက် del(virus name.frile extension) ဟုရိုက်၍ Enter ပေးရပါမည်။ ထိုသို့ပြုလုပ်ပြီးပါက ကွန်ပျူတာတွင်ဝင်ရောက်သော Virus ကိုရှင်းလင်းပြီးဖြစ်ပါသည်။ (ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံ

Task Manager ကို .Bat File ဖြင့်ဖွင့်၍ အသုံးပြုနည်း

ကွန်ပျူတာတစ်လုံးကိုအသုံးပြုရာ၌ ထိုကွန်ပျူတာအတွင်း Install ပြုလုပ်ထားသည့် Software များ၊ Application များကိုသိရှိနိုင်ရန်အတွက် Task Manager ကိုဖွင့်၍ ကြည့်ရှုနိုင်ပါသည်။ Keyboard မှ Ctrl+Alt+del ကိုနှိပ်၍ဖြစ်စေ၊ Taskbar ပေါ်တွင် Right Click ထောက်၍ Task Manager မှတစ်ဆင့်ဝင်၍ဖြစ်စေကြည့်ရှုနိုင်ပါသည်။ သို့ရာတွင် အချို့သော ကွန်ပျူတာများတွင် Task Manager ကိုကြည့်ရှုမရနိုင်စေရန် ပိတ်ထားတတ်ကြပါသည်။ အကြောင်းအမျိုးမျိုးကြောင့် အင်တာနက်ဆိုင်များတွင် အင်တာနက်အသုံးပြုရသည့်အခါတွင်ဖြစ်စေ၊ မိမိကိုယ်ပိုင်မဟုတ်သည့်ကွန်ပျူတာများကို အသုံးပြုရသည့်အခါတွင်ဖြစ်စေ မိမိ၏ personal Data များကိုခိုးယူခြင်းမခံရစေရန် သတိပြုရန်လိုအပ်ပါသည်။ အကယ်၍ မိမိအသုံး ပြုနေသော ကွန်ပျူတာတွင် Keylogger ကဲ့သို့သော Software မျိုးကို Install ပြုလုပ်ထားပါ က Keyboard မှ ရိုက်လိုက်သည့် စာလုံးများကို မှတ်သားထားခြင်း၊ ကွန်ပျူတာတွင် အသုံးပြုမှုမှန်သမျှကို သိမ်းဆည်းထားခြင်းတို့ပြုလုပ်မည်ဖြစ်ပြီး အရေးကြီးသည့် Personal Data များကို ခိုးယူခံရမည်ဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်ပိုင်မဟုတ်သည့်ကွန်ပျူတာများကို စတင်အသုံးပြုသည်နှင့် Task Manager ကိုဖွင့်၍ ကွန်ပျူတာတွင် Install ပြုလုပ်ထားသည့် Software များကို ဂရုတစိုက်ကြည့်ရှုရန်လိုအပ်ပါသည်။ အကယ်၍ Task Manager ကို ပိတ်ထားပါက အောက်ဖော်ပြပါအတိုင်းပြုလုပ်၍ ကြည့်ရှုနိုင်ပါသည်-
၁။ Start \ All Program \ Accessories မှ Notepad ကိုဖွင့်ရပါမည်။
၂။ Notepad တွင် အောက်ဖော်ပြပါ Code များကို Copy ကူး၍ ထည့်ပေးရပါမည်-
@echo off
mode 33,25
setlocal ENABLEDELAYEDEXPANSION
Title Process Manager
:Begin
CD /D “!TEMP!”
set “TASKLIST=%windir%\system32\tasklist.exe”
set “FIND=%windir%\system32\find.exe”
set “wmic=%windir%\System32\Wbem\wmic.exe”
set “Explore=%windir%\explorer.exe”
:Reload
cls
set num=0
echo.________________________________
echo.[ Process Name ] [ PID ]
echo.——————————–
if not defined NAME set NAME=%USERNAME%
!TASKLIST! /FI “USERNAME eq !NAME!” /FO TABLE /NH >”plist.txt”
for /f “tokens=*” %%a in (plist.txt) do (
set /a num+=1
set “list=%%a”
set “list=!list:~0,32!”
echo.!list!
)
echo.________________________________
Del /f /q “plist.txt” >nul 2>&1
Title !NAME! – [!num!] Process Running.
if not defined ac (
if /i “!NAME!”==”%USERNAME%” goto :USR
if /i “!NAME!”==”SYSTEM” goto :SYS
)
if /i “!ac!”==”K” goto :Kill
if /i “!ac!”==”S” goto :SYSTEM
if /i “!ac!”==”U” goto :USER
if /i “!ac!”==”E” goto :Explore
set “ac=”
GOTO :Reload
:USER
set “NAME=”
set “ac=”
GOTO :Reload
:USR
echo.CH : K=Kill, S=System, E=Explore
set /p “ac=Action : “
GOTO :Reload
:SYSTEM
set NAME=SYSTEM
set “ac=”
GOTO :Reload
:SYS
echo.CH : K=Kill, U=User, E=Explore
set /p “ac=Action : “
GOTO :Reload
:Kill
echo.Type PID to Kill..
set “ac=”
set /p “PID=PID : “
if not defined PID goto :Reload
Taskkill /F /PID !PID! >nul 2>&1
if errorlevel 1 (echo.No Task Running w/ this PID.) else (
if !PID! geq 0 if !PID! lss 10 (
echo.Can’t kill Critical Process
goto :clr_var2
) else (
echo.Success : Task with PID=!PID!
echo. has been KILLED..
))
:clr_var2
set “ac=”
set “PID=”
PAUSE>NUL
GOTO :Reload
:Explore
echo.Type PID to Explore..
set “ac=”
set /p “PID=PID : “
if not defined PID goto :Reload
if !PID! lss 10 goto :clr_var
if !PID! gtr 10000 goto :clr_var
!wmic! process get ProcessID,ExecutablePath >”path.txt”
for /f “tokens=1,2 delims= ” %%a in (‘type “path.txt” ^| !FIND! ” !PID! “‘) do (
set “exepath=%%~dpa”
)
if not defined exepath (
echo.No Task Running w/ this PID.
PAUSE>NUL
) else (START !Explore! “!exepath!”)
:clr_var
set “PID=”
set “exepath=”
Del /f /q “path.txt” >nul 2>&1
GOTO :Reload
:END
၃။ ထို့နောက် .Bat File Type ဖြင့် Save ပေးရပါမည်။ File Name ကို နှစ်သက်ရာပေးနိုင်ပါ သည်။ ဥပမာ task.bat ဟုဖြစ်ပါသည်။
၎။ ထို Save လုပ်ထားသည့် .bat File ကို Double Click နှိပ်လိုက်ပါက Command Prompt ဖြင့် Task Manager ကဲ့သို့ ကွန်ပျူတာတွင် Install ပြုလုပ်ထားသည့် Software များ၊ Application များ၊ Processes များ စသည်ဖြင့် ဖော်ပြပေးနေမည်ဖြစ်ပါသည်။
၅။ System ကိုကြည့်ရှုလိုပါက S ဟုရိုက်၍ Enter ကိုနှိပ်ရပါမည်။ ထိုအခါ ကွန်ပျူတာ system မှ အသုံးပြုထားသည့် executable file များကိုတွေ့မြင်ရမည်ဖြစ်ပါသည်။
၆။ ကွန်ပျူတာတွင် Install ပြုလုပ်ထားသည့် Software များကို ကြည့်ရှုလိုပါက u (User ၏ အတိုကောတ်) ကိုရိုက်ထည့်၍ Enter ကိုနှိပ်ပြီးကြည့်ရှုနိုင်ပါသည်။
၇။ Install ပြုလုပ်ထားသည့် Software များအနက်မှ Kill ပြုလုပ်လိုသည့် Software ရှိပါက k ဟုရိုက်၍ Kill ပြုလုပ်လိုသည့် Software ၏ PID(Process Identifier) no ကိုရိုက်ပြီးနောက် Enter ကိုနှိပ်ပြီး Kill ပြုလုပ်နိုင်ပါသည်။ PID(Process Identifier) no များကိုပါ ဖော်ပြပေး ထားပါမည်။

အပြည့်အစုံ