
၁။ Definitions
Google Search ကိုအသုံးပြု၍
မိမိသိရှိလိုသည့် စာလုံး၏ Definitions ကို လွယ်ကူတိကျစွာရှာဖွေ နိုင်ပါသည်။
ဥပမာအားဖြင့် မိမိသိရှိလိုသည့် atom ၏ Definitions ကို Google Search တွင်
Define atom ဟု ရေးသား၍ ရှာဖွေကြည့်ပါက atom ၏ Definition
ကိုတွေ့ရှိရမည်ဖြစ်ပါသည်။ ထို့အတူ အခြားသိရှိလိုသည့် Definitions
များကိုလည်း Define (သိရှိလိုသည့်စာလုံး) ဟုရေးသားရှာဖွေနိုင်ပါသည်။
၂။ Local Search
Google Local
ကိုအသုံးပြုခြင်းဖြင့် နယ်မြေတစ်ခုအတွင်းရှိ
မိမိသိရှိလိုသည့်အချက်အလက်များကို လွယ်ကူစွာရှာဖွေနိုင်ပါသည်။ ဥပမာအားဖြင့်
ထိုင်းနိုင်ငံဘန်ကောတ်မြို့ရှိ ဘုရားကျောင်းများ၊ စင်္ကာပူနိုင်ငံရှိ Hotel
များ စသည်တို့ကို သိရှိနိုင်ပါသည်။ http://local.google.com/ သို့ဝင်၍ ၄င်းတွင် မိမိသိရှိလိုသည့် Area ကိုရွေးချယ်၍ Hotel၊ restaurant စသည်ဖြင့် ရှာဖွေနိုင်ပါသည်။
၃။ Phone number lookup
Google Search မှာ
ဖုန်းနံပါတ်အပြည့်အစုံကိုရိုက်ထည့်ပေး၍ ထိုဖုန်းပိုင်ရှင်၏အမည် လိပ်စာစသည့်
အချက်အလက်များကိုရှာဖွေသိရှိနိုင်ပါသည်။ ဖုန်းနံပါတ်ကိုရိုက်ထည့်ရာတွင်
Area Code များကိုပါရိုက်ထည့် ပေးရန်လိုအပ်ပါသည်။
၎။ ရာသီဥတုအခြေအနေကိုကြည့်ရှုခြင်း
ရာသီဥတုအခြေအနေကိုကြည့်ရှုလိုပါက
weather ဟုရေးသား၍ နောက်တွင် မိမိသိရှိလိုသည့် နိုင်ငံ၊ မြို့တို့၏ Zip
Code သို့မဟုတ် အမည်ကိုရေးသား၍
ထိုနယ်မြေ၏ရာသီဥတုအခြေအနေကိုကြည့်ရှုနိုင်ပါသည်။
၅။ လေကြောင်းလိုင်းများ
Google တွင် Airline အမည်နှင့်
Flight Number တို့ကိုရိုက်ထည့်၍ ထိုလေယာဉ်၏ ခရီးစဉ်၊ ရောက်ရှိ ချိန်၊
ထွက်ခွာချိန်စသည့် အချက်အလက်များကိုပြသပေးပါသည်။ ဥပမာ delta 123
ဟုရေးသားကြည့်ရှုပါက delta airline ၏ Flight 123 လေယာဉ်၏ Informations
များကိုပြသပေးမည်ဖြစ်ပါသည်။
၆။ ဘာသာပြန်ဆိုခြင်း
Google Language Tools
ကိုအသုံးပြု၍ ၀ါကျများကိုဘာသာပြန်ဆိုခြင်း၊ Web Page တစ်ခု
လုံးကိုဘာသာပြန်ဆိုခြင်း စသည်တို့ကိုအသုံးပြုနိုင်ပါသည်။ www.google.com/language_tools
သို့ဝင်ရောက်၍ ဘာသာပြန်ဆိုကြည့်ရှုနိုင်ပါသည်။ Language ပေါင်း ၅၃ မျိုးကို
ဘာသာပြန်ဆို ကြည့်ရှုနိုင်ပါသည်။ သို့ရာတွင် မြန်မာဘာသာစကားမပါရှိပါ။
၇။ Link ပြုလုပ်ထားသည့် Website များကိုကြည့်ရှုခြင်း
Website တစ်ခုတွင် Link
ချိတ်ထားသည့် အခြား Websites များကိုကြည့်ရှုလိုပါက
link:http://www.cherrymyay.com ဟုရေးသား၍ကြည့်ရှုနိုင်ပါသည်။ ထိုအခါ
www.cherrymyay. com နှင့် Link ချိတ်ထားသည့်အခြား Websites
များကိုတွေ့မြင်ရမည်ဖြစ်ပါသည်။ www.cherry myay.com နေရာတွင် မိမိနှစ်သက်ရာ
Website ကိုရေးသားကြည့်ရှုနိုင်ပါသည်။
၈။ File Format တစ်မျိုးတည်းကိုသာရှာဖွေခြင်း
Google Search တွင်
မိမိသိရှိလိုသည့်အကြောင်းအရာ၊ ရှာဖွေလိုသည့်အကြောင်းအရာ နောက်တွင် File
Format ကိုသေချာတိကျစွာဖြည့်သွင်းပေးခြင်းဖြင့်
ရှာဖွေလိုသည့်အကြောင်းအရာကို တိကျစွာရှာဖွေနိုင်ပါသည်။ ဥပမာ “asus audio driver” filetype:pdf ဟုရေးသားရှာဖွေကြည့်ရှုပါက Asus ကွန်ပျူတာ၏ Audio driver အကြောင်းကို PDF File ဖြင့်ရှာဖွေပေးထားသည်ကိုတွေ့မြင်ရမည် ဖြစ်ပါသည်။
၉။ Calculator အဖြစ်အသုံးပြုခြင်း
Google Search Engine ကို
Calculator အဖြစ်အသုံးပြုနိုင်ပါသည်။ ဥပမာ ၂၀၀ x ၂၀၀ ဟုရေးသားကြည့်ရှုပါက
Google မှအဖြေကိုတွက်ထုတ်ပေးသွားမည်ဖြစ်ပါသည်။
၁၀။ Stock Symbol များအသုံးပြုခြင်း
Stock Symbol ဆိုသည်မှာ ရှေ့ဆုံးစကားလုံးများကိုသာခေါ်ဆိုသည့် စကားစုဖြစ်ပါသည်။ ဥပမာ GOOG – Google၊ MSFT- Microsoft၊ BAC – Bank of America
စသည်ဖြင့်ဖြစ်ပါသည်။ Google တွင် ထို Stock Symbol
များကိုရိုက်ထည့်ကြည့်ပါက ထိုအဖွဲ့အစည်း၏ ငွေးကြေး၊မတည်ငွေ၊ အရင်းအနှီး၊
ထုတ်ကုန် စသည်ဖြင့် အချက်အလက်များကိုပြသပေးမည်ကို တွေ့ရပါမည်။
(ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)
0 comments:
Post a Comment