
Mozila Firefox အသုံးပြု၍
အင်တာနက်သုံးစွဲသူများအတွက် အသုံးဝင်သည့် Firefox Ad-on တစ်ခုက Multi
Bookmarks Tool Bar Ad-on ဖြစ်ပါသည်။ Multi Bookmarks Tool Bar Ad-on
ကိုအသုံးပြုခြင်းဖြင့် မိမိမှတ်သားလိုသည့် Website များကို Firefox
Bookmarks Toolbar တွင် Row များခွဲ၍ မှတ်သားပေးနိုင်ပါသည်။ မူလ Bookmark
Toolbar တွင် Row တစ်ခုတည်းသာရှိပြီး Multi Bookmarks Tool Bar Ad-on
ကိုအသုံးပြုမည်ဆိုပါက မိမိစိတ်ကြိုက် Row များထားရှိနိုင်မည်ဖြစ်ပါသည်။
အောက်ဖော်ပြပါ Link သို့သွား၍ Add to
firefox ကို Click ပေးရပါမည်။ ထို့နောက် Install ပြုလုပ်ပြီးနောက် Firefox
ကို Restart ပြုလုပ်ပြီးပါ က Firefox Multi Bookmark Toolbar ကို
အသုံးပြုနိုင်ပြီဖြစ်ပါသည်။
အခြားပြုလုပ်နိုင်သည့်နည်းလမ်းမှာ https://addons.mozilla.org/firefox/addon/1122 သို့သွားရောက်၍ Add to Firefox ကို Click ၍ Tab Mix Plus extension
ကို Install ပြုလုပ်ပေးရပါမည်။ ထို့နောက် Tab Mix Plus Option မှ Display
သို့သွားရောက်ရပါမည်။ ၄င်းမှ When tab don’t fit width တွင် Multi Row
ကိုရွေးချယ်ပေးရပါမည်။ Max number of row to display တွင် row အရေအတွက်ကို
မိမိစိတ်ကြိုက် ထားရှိနိုင်ပါသည်။ ထို့နောက် Firefox ကို Restart
ပြုလုပ်ပြီးပါ က Firefox Multi Bookmark Toolbar ကို
အသုံးပြုနိုင်ပြီဖြစ်ပါသည်။ (ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)

0 comments:
Post a Comment