Monday 21 February 2011

ကိုယ်ပိုင် ပရော့စီ ဆာဗာတခု တည်ဆောက်မယ်

မူရင်း - Kznt (မြန်မာမိသားစုဖိုရမ်) 
Create your own Proxy server !
မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ မြန်မာမိသားစုဝင် တော်တော်များများ ကြုံတွေ့နေရတဲ့ ကျော်ခွရတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဒီနေ့ ကျွန်တော် ကိုယ်ပိုင် Proxy Sever တည်ဆောက်ခြင်း ဆိုတဲ့ အကြောင်းလေးကို ကိုဖိုးလပြည့်ရဲ့ ဆွေးနွေးချက်နောက်ကနေ ဖြည့်စွက် ဆွေးနွေး ပေးသွားချင်ပါတယ်။ Technical Knowledge ဘာမှ သိဖို့ မလိုပါဘူး – ဟိုထည့်ဒီထည့် စာရိုက်တတ်ရင် ရပါပြီ။

တကယ်တော့ Proxy Sever တစ်ခု တည်ဆောက်တယ် ဆိုတာ ထင်သလောက်ကြီး ခက်ခက်ခဲခဲ မရှိပါဘူး – ကျွန်တော်တို့ နေ့တိုင်း သုံးနေကျ Google search ကိုသုံးပြီး ရှာလိုက်ရင် proxy servers တွေကို တည်ဆောက်နိုင်ဖို့ သိပ်အသုံးတည့်တဲ့ PHP scripts တွေ အင်တာနက်ထဲမှာ မရေမတွက် နိုင်လောက်အောင် တွေ့ရှိနိုင်ပြီး ခဏချင်းလဲ proxy servers တွေကို မိနစ်ပိုင်းအတွင်း တည်ဆောက်နိုင်ပါတယ်။ ကန့်သတ်ချက် တစ်ခု ရှိတာက PHP ပေါ်မှာ အခြေခံထားတဲ့ Proxies တွေဆိုတာ proxy scripts တွေကို host လုပ်ထားနိုင်ဖို့ web server တွေလိုအပ်ပြီး – ကိုယ့်ရဲ့ proxy site ကို အသက်သွင်းနိုင်ဖို့ အတွက် domain name တစ်ခုလည်း မဖြစ်မနေ လိုအပ်မှာ ဖြစ်ပါတယ်။

အဲလိုမျိုးသာဆို ကျွန်တော်တို့မှာ Domain name တွေ Server space တွေ ရှိမနေဘူးဆို ဘယ်လို လုပ်ကြမလဲ ??

တကယ်လို့ ကျွန်တော်တို့ဆီမှာ အဲတာတွေ ရှိမနေလည်း ကိုယ်ပိုင် proxy server တစ်ခုကို Technical knowledge ဘာမှ သိထားစရာမလိုပဲ Free ဖန်တီးနိုင်ပါတယ်။

Google App Engine Free Proxy Server တစ်ခု ဖန်တီးခြင်း

ဒီနေရာမှာ ကျွန်တော် အကြမ်းဖန်တီးထားတဲ့ proxy site လေးရှိပါတယ်။ အရင်ဆုံး စမ်းကြည့်ပါ။

သုံးလို့ ရတယ်ဆိုမှ အောက်က အဆင့်တွေကို ဆက်ဖတ်ပါ။ ကျွန်တော် သိထားသလောက်တော့ မြန်မာနိုင်ငံက ကျွန်တော့် အသိတွေရော – ကျန်တဲ့ တရုတ်တို့ ဘာတို့က အသိတွေလည်း ဒီ proxy လေးနဲ့ အဆင်ပြေတယ်ဆိုတာ သိရပါတယ်။ တကယ်လို့ ကျွန်တော် စမ်းသပ်နိုင်ဖို့ ဖော်ပြပေးထားတဲ့ Proxy လေး အဆင်ပြေပြီ ဆိုရင် ကိုယ်ပိုင် Proxy တစ်ခု တည်ဆောက်နိုင်ဖို့ စလိုက်ကြရအောင်ပါ။

ဒီအောက်ဖော်ပြပါ နည်းလမ်းဟာ Google App Engine ကို အသုံးပြုတည်ဆောက်ထားတာ ဖြစ်ပြီး လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်က မိသားစုဝင်များ မျှော်လင့်ထားသလောက် မခက်ခဲပဲ တော်တော်လေး လွယ်ကူတယ်ဆိုတာ လက်တွေ့ ကျွန်တော်နဲ့ အတူ ပူးပေါင်း တည်ဆောက်ကြည့်ရင် သိလာပါလိမ့်မယ် -


အဆင့် ( ၁ ) : ပထမဦးဆုံး ကျွန်တော်တို့ ဒီနေရာ >> appengine.google.com ကိုသွားပြီး ကိုယ့်ရဲ့ Google account တစ်ခုခုနဲ့ Sign-in လုပ်ပါ။


အဆင့် ( ၂ ) : အောက်ဖော်ပြပါ စာမျက်နှာကို ရောက်ရင် “Create an Application” button ကို click ပေးပါ။


ဒါဟာ ကျွန်တော် တို့အတွက် ပထမဆုံး အကြိမ် ဖန်တီးတာ ဖြစ်တဲ့အတွက် Google ကနေ ကျွန်တော်တို့ဆီ verification code ကို SMS နဲ့ ပို့ပေးနိုင်ဖို့ ကျွန်တော်တို့ရဲ့ Mobile phone no ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ဖုန်းမရှိလည်း သူငယ်ချင်း တစ်ယောက်ယောက် ဖုန်းနံပါတ်ထည့်ပေးလိုက်ပြီး သူ့ဖုန်းဆီဝင်လာတဲ့ SMS ကနေ verification code ကို ပြန်ထည့်လည်း ဖြစ်ပါတယ်။ :D အခု အရင်ဆုံး ကိုယ့်ရဲ့ Mobile phone no ကို country code ခံပြီး ထည့်ပေးလိုက်ပါ။ ဥပမာ – မြန်မာနိုင်ငံဆို +95 …. စသဖြင့်

ပြီးတဲ့နောက်မှာ ဖုန်းထဲကို ဝင်လာတဲ့ Google App Engine Code ကို အောက်မှာ ဖော်ပြထားတဲ့ box ထဲမှာ ထည့်သွင်းပေးရ ပါမယ်။


အဆင့် ( ၃ ) : အောက်ဖော်ပြပါ ပုံမှာ မြင်ရတဲ့ အတိုင်း Application Identifier: မှာ မိမိနှစ်သက်ရာ sub-domain အမည်သစ် တစ် ခုခုကို ရိုက်သွင်းပြီး အဲ့ဒီ့ domain name ဟာ available ဖြစ်မဖြစ် စစ်ဆေးရပါမယ်။ တကယ်လို့ available မဖြစ်ရင် နောက်အမည် တစ်မျိုးကို ပြောင်းလဲရွေးချယ်ပြီး အဆင်ပြေပြီ ဆိုရင် Google Terms တွေကို သဘောတူ လက်ခံပါကြောင်း check box မှာ အမှန်ခြစ်ပေးလိုက်ပါ။ အဲ့နောက်မှာ Create Applications ကို ဆက်နှိပ်ပါ။



ဖော်ပြပါ ပုံမှာ sub-domain အဖြစ် ကျွန်တော်တို့ဖန်တီးလိုက်တဲ့ myanmarfamilyproxy ဆိုတာ ကျွန်တော်တို့ proxy application ရဲ့ App ID လို့ ဆိုရင်လည်း ဟုတ်ပါတယ်။ မြင်သာအောင် ပြောရရင် – ဥပမာ အနေနဲ့ အောက်ဖော်ပြပါ ပုံမှာ တွေ့နေရတဲ့ myanmarfamilyproxy ဆိုတာ ကျွန်တော်တို့ရဲ့ App ID ပါပဲ။ အဲ့ဒီ့ နောက်မှာ အနီရောင်နဲ့ ဖော်ပြထားတဲ့ myanmarfamilyproxy ဆိုတဲ့ App ID ကို နောက်အဆင့်တွေမှာ အသုံးပြုဖို့ အတွက် Copy လုပ်ထားဖို့ လိုပါတယ်။


အဆင့် ( ၄ ) : ဟုတ်ပါပြီ – ခုဆိုရင် ကျွန်တော်တို့ရဲ့ Proxy server အတွက် လိုအပ်တာတွေ ပြင်ဆင်ပြီးပါပြီ – အဲဒါကြောင့် ကျွန်တော်တို့ နောက်ပြန်သွားပြီး Proxy server application တွေကို Google App Engine ဆီ Upload တင်ဖို့ ပြင်ဆင်ပါ့မယ်။ Python.org ရှိရာဆီ သွားပြီး ခုနောက်ဆုံးထွက် version ကို Download ချပါ။ ဒီနေရာကနေ >> Python 2.6.5 Windows installer download ချလို့လည်း ဖြစ်ပါတယ်။ ( Linux နဲ့ Mac OS X သမားများ သက်ဆိုင်ရာ Site ထိ သွားရောက်ပြီး Download ချကြပါရန် )။ Download ရယူပြီးသွားရင် ပုံမှန်အတိုင်း Python ကို install လုပ်လိုက်ပါ။






အဆင့် ( ၅ ) : Python ကို installed လုပ်ဆောင်ပြီးသွားပြီ ဆိုတာနဲ့ ဒီနေရာကို >> code.google.com သွားပြီး Python အတွက် Google App Engine SDK ကို Download ရယူပြီး install လုပ်ဆောင်ပါ။ ဒီနေရာကနေ >> GoogleAppEngine_1.3.4.msi Download ချလို့လည်း ရပါတယ်။ ( Linux နဲ့ Mac OS X သမားများ သက်ဆိုင်ရာ Site ထိ သွားရောက်ပြီး Download ချကြပါရန် )။




အဆင့် ( ၆ ) : ဒီနေရာက >> Zip file ကို Download ချပြီး extract လုပ်လိုက်ပါ။ ရလာတဲ့ folder ကို desktop ပေါ်မှာ တင်ထားလိုက်ပါ။ အဲ့ဒီ့ Zip file ထဲမှာ transform_content.py ၊ mirror.py ၊ main.html ၊ index.yaml ၊ app.yaml ဆိုပြီး ဖိုင် ( ၅ ) ခု ပါဝင်တာ တွေ့ရပါလိမ့်မယ်။

အဆင့် ( ၇ ) : Desktop မှာ ရှိနေတဲ့ Google App Engine Launcher ကို ဖွင့်လိုက်ပါ။ မှန်ကန်တဲ့ လမ်းကြောင်းတွေ ပြောင်းလဲ ဖြည့်သွင်းပေးနိုင်ဖို့ Menu bar အောက်မှာ ရှိနေတဲ့ Edit ကနေ >> Preferences ကို သွားပါ။



နောက်ထပ် မြင်တွေ့ရတဲ့ box မှာ ပြင်ဆင်ဖြည့်သွင်းရမယ့် ပုံစံကတော့ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။ ဖော်ပြပါအတိုင်း Python Path, App Engine SDK နဲ့ Editor မှာ ဖော်ပြထားချက်အတိုင်း လမ်းကြောင်းတွေ မှန်ကန်အောင် Select ကနေ ဖြည့်သွင်း ပေးပါ။ OK ကို click ပေးပါ။




အဆင့် ( ၈ ) : နောက်တစ်ဆင့် အနေနဲ့ အောက်မှာဖော်ပြထားတဲ့ အတိုင်း File ကနေ >> Add Existing Application ကို click ပေးပါ။



ပြီးသွားရင် ကျွန်တော်တို့ အဆင့် ( ၆ ) မှာ ဖြည်ချခဲ့တဲ့ Zip file ရှိရာဆီ Browse ကနေတဆင့် အောက်ဖော်ပြပါအတိုင်း ခေါ်ယူပါ့မယ်။ ပြီးရင် Add ကို click ပေးပါ။


အဲ့ဒီ့နောက်မှာ အောက်မှာ ဖော်ပြအတိုင်း Edit button ကို click ပေးပါ။



“YOUR_APP_ID” နေရာမှာ ကျွန်တော်တို့ အဆင့် ( ၃ ) မှာ မှတ်လာခဲ့တဲ့ App ID (sub-domain) ကို ဖြည့်သွင်းပေးလိုက်ပါ။ အဲ့နောက် File menu ကနေ Save လုပ်ပြီး Exit လိုက်ပါ။



အဆင့် ( ၉ ) : အထက်ဖော်ပြပါ အဆင့် အားလုံး လုပ်ဆောင်ပြီးသွားရင် အောက်ဖော်ပြပါအတိုင်း Deploy ကို ကလစ်ပေးပါ။


ခုလိုမျိုး စာတွေ တက်လာပါလိမ့်မယ်။ ခဏ စောင့်နေပါ။



တစ်မိနစ် ပတ်ဝန်းကျင်လောက် နေရင် ပိတ်လို့ ရပါပြီ ဆိုတဲ့ စာ အဲ့ဒီ စာကြောင်းတွေ နေရာမှာ အစားထိုး ပေါ်လာပါလိမ့်မယ်။ ဒါဆိုရင် ကျွန်တော်တို့ ဖန်တီးလိုက်တဲ့ ကိုယ်ပိုင် Proxy ကို စသုံးလို့ ရပါပြီ။ Mozilla ကို ဖွင့်လိုက်ပါ။

မိမိတို့ရဲ့ သက်ဆိုင်ရာ url ကို ရိုက်ပြီး ခုလို စမ်းသပ်နိုင်ပါပြီ။


HTML ကို ကျွမ်းကျင်ရင် ကျွမ်းကျင်သလို main.html မှာ ရှိတဲ့ အကြောင်းအရာတွေကို ပြင်ဆင်တည်းဖြတ်ပြီး မိမိစိတ်ကြိုက် ဖန်တီးနိုင်ပါသေးတယ်။ ကျွန်တော်တော့ ထူးပြီး မလုပ်ချင်တော့ပါဘူး – ဒီနေ့ တစ်နေကုန် အဲတာလုပ်လိုက် ဒီဘက်မှာ စာရေးလိုက်နဲ့ လုပ်နေတာ လက်တွေလည်း တော်တော်ညောင်းနေပါပြီ။

Credits: ဒီ Proxy server ဖြစ်မြောက်ရေးအတွက် open-source web caching project >> Mirrorr ကို ဖန်တီးထားတဲ့ Brett Slatkin ရဲ့ Code ကို ယူငင် သုံးစွဲထားပါတယ်။
Update: ဒီ Proxy server အတွက် သိထားသင့်တာလေးတွေ ဆက်ပြီး ပြောပြသွားပါ့မယ်။
  • ခု ကျွန်တော်တို့ ဖန်တီးထားတဲ့ proxy ဟာ Flash videos အားလုံးကို ကြည့်ရှုနိုင်ပါတယ်။ ( ဥပမာ YouTube and ABC News ) ဒါပေမယ့် US မှာပဲ ကြည့်လို့ ရတဲ့ နာမည်ကြီး Hulu တို့ တော့ ကြည့်ရမှာ မဟုတ်ပါဘူး။
  • Proxy တစ်ခုတည်းကို လူတွေအများကြီး ဝိုင်းသုံးရင် “quota exceed” ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်ထားတဲ့ ကိုယ့် Proxy server လေးကို အမြတ်တနိုးနဲ့ ကိုယ်တစ်ယောက်တည်းပဲ သုံးပါ။ သူများသုံးချင်ရင် သူ့ဘာသာသူ နောက်တစ်ခု လုပ်ပါစေ။ စေတနာကောင်းစွာနဲ့ ကိုယ့်ဟာကို မပေးပါနဲ့။
  • ဒီ Proxy ဟာ basic proxy server ဖြစ်တဲ့အတွက် logins ဝင်ဖို့ လိုအပ်တဲ့ ( ဥပမာ – Gmail, Hotmail ) sites မျိုးတွေကို ဝင်လို့ ရမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ မြန်မာမိသားစုဝင်တွေ နည်းလမ်း မသိသေးတဲ့ တစ်ချိန်တုန်းက တစ်နေ့နဲ့ တစ်နေ့ ဒီ ကျော်ခွရမယ့် ဆိုဒ်ကိုပဲ ဟိုလူ့မေးရ ဒီလူ့မေးရ – အသုံးတည့်ပြန်ရင် ရတနာ တစ်ပါးလို သိမ်းထားရ နဲ့ တော်တော်လေး ဒုက္ခများတာ တွေ့ရပါတယ်။ အခု ဒီပို့စ်ကို ဖတ်ပြီးရင်တော့ ဘယ် ကျော်ခွဆိုဒ်မှ လိုက်မေးနေဖို့ မလိုတော့ပါဘူး – ကိုယ့်ဘာသာ စိတ်ကြိုက် ကျော်ခွဆိုဒ်တွေ လိုသလောက် ဖန်တီးနိုင်ပြီး ကိုယ်ပိုင်အဆင်ပြေသလို ခွနိုင်ပါပြီ။

အပြည့်အစုံ

Sunday 6 February 2011

Folder တွေဖွင့်ရတာ ကြာနေရင်

WindowsXPမှာ Folderတွေ ဖွင့်တဲ့အခါ တစ်ခါတစ်လေ ကြာနေတတ်ပါတယ်။ မြန်ဆန်အောင် လုပ်တဲ့နည်းလေးပဲ ပြောပြလိုက်ပါမယ်။ Windows Xpသုံးနေတဲ့ သူငယ်ချင်းများ အဆင်ပြေ လွယ်ကူစေအောင်ပါ။ လုပ်နည်းလေးကတော့
1. My Computer ကိုဖွင့်လိုက်ပါ။
2. Menu bar မှာပါတဲပ Tools ကို Click လိုက်ပါ။
3. Folder option ကို Click လိုက်ပါ။
4. Folder optionထဲက View tab ကိုဝင်လိုက်ပါ။
5. View ထဲက Automatically search for network folders and printers ကိုအမှန်ခြစ်လေး ဖြူတ်ပေးလိုက်ပါ။ ပြီးရင် Apply >> OK ပေါ့။


 ဒါဆိုရင်တော့ အတိုင်းအတာ တစ်ခုအထိ folder လေးတွေ ဖွင်တဲ့အခါမှာ မြန်မြန်ဆန်ဆန် ပွင့်လာမှာတော့ သေချာပါတယ်။ အားလုံးအဆင်ပြေပါစေ။

နောက်တစ်နည်း
1. Run Box မှ Regedit လို့ရိုက်ပြီး Registry ထဲရောက်အောင် သွားလိုက်ပါ။
2. Registry ထဲရောက်ရင် HKEY_LOCAL_MACHINE> System > CurrentControlSet > Control >Filesystem ထဲရောက်အောင် သွားလိုက်ပါ။
3. Filesystem ကိုရောက်ရင် Right Click ထောက်ပြီး New ကနေ DWORD Value အသစ်တစ်ခု တည်ဆောက်လိုက်ပါ။ မရှင်းရင် ပုံလေးကို ကြည့်ပေးပါ။


4. ညာဘက်မှာ New Value ဆိုပြီး အသစ်တစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။ ပေါ်လာတဲ့ New Value #1 နေရာမှာ NtfsDisableLastAccessUpdate လို့အတိအကျ Rename ပေးလိုက်ပါ။


5. Rename ပေးထားတဲ့ နေရာလေးကို Double Click နှိပ်လိုက်ရင် တန်ဖိုးသတ်မှတ်ဖို့ Box လေးတစ်ခု ထပ်ကျလာပါလိမ့်မယ်။ Value ကို 0 ကနေ 1 ဆိုပြီး ပြောင်းပြီး သတ်မှတ်ပေးလိုက်ပါ။ ပြီးရင် OK ပေါ့။ 

အပြည့်အစုံ

Secret Run Command


ကျွန်တော်တို့ Run Box မှာ ရိုက်ထည့်လို့ရတဲ့ Command တော်တော်များများကို သူငယ်ချင်းများအားလုံး သိပြီးသားဖြစ်ကြမှာပါ။ အခုပြောမှာကတော့ အင်မတန်လူသိနည်းတဲ့ Run Box Command လေးတွေ ပါပဲ။ ဗဟုသုတ အဖြစ်ဝေမျှလိုက်ပါတယ်။ Run Command လေးတွေ စမ်းသပ်ချင်တဲ့ သူငယ်ချင်းများ အတွက်ပေါ့။
Command
1. အစက်ကလေး တစ်စက်ကတော့ Home Directory ဆီကိုရောက်ပါလိမ့်မယ်။


2. အစက်လေး နှစ်စက်ဆိုရင်တော့ User Directory ဆီကို ရောက်ပါလိမ့်မယ်။


3. အစက်ကလေး သုံးစက်ဆိုရင်တော့ my computer ကိုရောက်ပါလိမ့်မယ်။


4. “ \ “လေးတစ်ချောင်းကတော့ SystemDrive ထဲကိုရောက်ပါလိမ့်မယ်။


အားလုံးပဲ လိုသလိုအသုံးပြူဖို့ပါ။

အပြည့်အစုံ

Drive တွေကို Software မသုံးပဲ ဖျောက်ကြည့်မယ်


 ဒီနည်းလေးကတော့ တော်တော်များများ သိပြီးသားဖြစ်ကြမှာပါ။  တော်တော်လေးလည်း ကြာနေခဲ့ပါပြီ။ ဒါပေမယ့် Software မသုံးပဲ လုပ်လို့ရတာက တစ်ကြောင်း၊ မေးတဲ့သူငယ်ချင်းတွေလည်း ရှိနေတာက တစ်ကြောင်းမို့ တင်ပေးလိုက်ပါတယ်။ CMD ကနေ ဖျောက်တဲ့နည်းလေးပါ။ ဆော့ဝဲမသုံးပဲ လုပ်ရတာကို စိတ်ဝင်စားတဲ့ သူငယ်ချင်းများအတွက် ဝေမျှပေးလိုက်ပါတယ်။
  
လုပ်နည်း
1. Start > Run > Cmd လို့ရိုက်လိုက်ပါ။
2. ကျလာတဲ့ Cmd Box လေးထဲမှာ diskpart လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။
3. နောက်တစ်ဆင့် အနေနဲ့ list volume လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ မိမိစက်ထဲမှာရှိတဲ့ Drive တွေရဲ့ List ကိုပြသပေးပါတယ်။ မရှင်းခဲ့ရင် အောက်မှာ ပုံလေးကို ကြည့်ပေးပါ။


4. အဲ့ဒီကမှာ မိမိဖျောက်ချင်တဲ့ Drive ရဲ့ Volume နံပါတ်ကို ရွေးပေးရပါမယ်။ ဒါကြောင့် select volume 2 လို့ရိုက်ပေးလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က Drive E ကိုဖျောက်ချင်လို့ပါ။ ပုံလေးကိုကြည့်ပေးပါ။


5. နောက်ဆုံးအဆင့် အနေနဲ့ Remove Letter E လို့ရိုက်ပေးလိုက်ပါ။ ကျွန်တော်က E ကိုဖျောက်မှာမို့ E လို့ရွေးပေးတာပါ။ E နေရာမှာ မိမိဖျောက်ချင်တဲ့ Drive Letter ရွေးပေးရမှာ ဖြစ်ပါတယ်။ ပုံလေးကြည့်လိုက်ရင် ရှင်းသွားမှာပါ။ 


6. Reboot ပေးရမယ်လို့ ပြောထားတဲ့ အတွက် Restart ပေးလိုက်ရင် မိမိဖျောက်ထားတဲ့ Drive လေး ပျောက်သွားမှာဖြစ်ပါတယ်။

ပြန်ဖော်နည်း
တကယ်လို့ မိမိကပြန်ဖော်ချင် ပါတယ်ဆိုရင် အဆင့် (၁) မှ (၄) အထိကို အရင်ဆုံးလုပ်ဆောင် ပေးရပါမယ်။ အဆင့် (၅)နေရာရောက်လာရင် Remove Letter E နေရာမှ assign Letter E လို့ ရိုက်ပေးလိုက်တာနဲ့ မိမိဖျောက်ထားတဲ့ Drive လေး ပြန်ပေါ်လာမှာဖြစ်ပါတယ်။ အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ (မူရင်း။ ။ မိုးထက်မြင့်)

အပြည့်အစုံ

မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ Internet Connection များ


မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ Internet Connection များထဲမှ လူသိများပြီးတော့၊ အထင်ရှားဆုံးဖြစ်နေတဲ့ Connection အမျိုးအစား တွေကို ပြောပြပေးမယ်။ ပထမဆုံးအနေနဲ့ အသုံးပြုမည့်သူတွေဟာ Internet Connection အသုံးပြုတော့မယ်ဆိုရင် မိမိတို့ဘာအတွက် Internet Connection ကိုအသုံးပြုမှာလဲ ဆိုတာကို အရင်ဆုံး စဉ်းစားရပါမယ်။ ဥပမာ - Website တွေကြည့်မယ်၊ Data တွေကို Download; Upload လုပ်မယ် (ဒေါင်းမယ်၊ တင်မယ်ဆိုတဲ့နေရာမှာ အနည်းငယ်လောက်ပဲရှိတဲ့ ဖိုင်ဆိုဒ်အမျိုးအစားကို ဆိုလိုတာ ပါခင်ဗျာ။) ချက်တင်းလုပ်မယ်၊ မေလ်းပို့မယ်၊ ကွန်နက်ရှင်ကောင်းရင် စကားပြောမယ်ဆိုရင်တော့ Dial Up Connection ကိုအသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် အခြားလုပ်ဆောင်ချက်တွေကော၊ ကွန်ပြူတာကို တစ်လုံးမက ၅လုံးလောက်ကို Sharing လုပ်ပြီးသုံးမယ် ဆိုရင်တော့ Broadband Connection အမျိုးအစားထဲက တစ်ခုခုကို ရွေးချယ်ရမှာဖြစ်ပါတယ်။ Company; Office နဲ့အခြား Hotel; University တွေမှာဆိုရင်တော့ ADSL Connection ကို Speed နည်းတဲ့ဟာမျိုး၊ မိမိတို့Company အလိုက်ဘယ်လိုမျိုးသုံးရင် ပိုအဆင်ပြေမလဲဆိုတာကို သေချာစဉ်းစာပြီးတော့ Internet Connection အမျိုးအစားတွေကို ရွေးချယ်ရမှာဖြစ်ပါတယ်။ အောက်မှာ Internet Connection အမျိုးအစားတွေ ဖြစ်ပါတယ်။

1. Dial Up Connection (Dialup Connection မှာနောက်တစ်မျိုး Internet & E-mail Dial up Service ဆိုတာလဲရှိပါတယ်။)
2.iPSTAR Connection
3. Broadband Wireless Local Loop (WLL Connection လို့ခေါ်သလို၊ Broadband connection လိုလဲခေါ်ပါတယ်။)
4. ADSL (Asynchronous Digital Subscriber Line) Broad Band Connection
5. ADSL (Asynchronous Digital Subscriber Line) 2 Broadband Connection
6. ADSL 2+ (Asynchronous Digital Subscriber Line) )Broadband Connection
7. WiMAX (Worldwide Interoperability for Microwave Access) Connection
8. Wi-Fi Wireless Connection တို့ဖြစ်ပါတယ်။

အပေါ်က Internet Connection အမျိုးအစားအားလုံးကို မြန်မာ့ဆက်သွယ်ရေး (MPT: Ministry of Post and Telecommunication) နဲ့ Bagan Net တို့ကနေ ISP (Internet Service Provider) အဖြစ်အသုံးပြုနေတာ ဖြစ်ပါတယ်။ အောက်မှာ တစ်ခုချင်းစီရဲ့ အသုံးပြုပုံနဲ့ အခြား သိသင့်တာတွေ ဆက်ဖတ်ကြည့်ရအောင်။

1. Dial Up Connection
Dial Up Connection ကိုအသုံးပြုမယ်ဆိုရင် စရိတ်အသက်သာဆုံးနဲ့အသုံးပြုနိုင်တဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ ပထမဆုံးလိုအပ်တာတွေကတော့ Desktop Computer (သို့) Laptop; Phone Line; Modem and ISP (Internet Service Provider) တို့လိုအပ်ပါတယ်။ Operating System အနေနဲ့လဲ သိပ်အများကြီးမလိုအပ်ပါဘူး။ အဲဒါကြောင့် ကွန်ပြူတာအမျိုးအစား၊ Hard Disk Space; Memory ; OS ဘယ်အမျိုးအစားရယ်လို့ စိတ်ပူနေစရာမလိုပါဘူးခင်ဗျာ။ မြန်မာနိုင်ငံရဲ့ မည်သည့်နေရာဒေသတွင်မဆို Computer; Digital Phone Line; Modem; Access Kit တို့ရှိပါက အချိန်မရွေးတပ်ဆင်အသုံးပြုနိုင်တဲ့ Connection အမျိုးအစားဖြစ်ပါတယ်ခင်ဗျာ။

Desktop Computer (or) Laptop နဲ့ Phone Line ရှိပြီဆိုတာနဲ့ Modem ကိုအရင်ဆုံးရှာရပါမယ်။ ဘာဖြစ်လို့ Modem လိုအပ်လဲဆိုရင်တော့ Computer ကနေနားလည်လက်ခံတဲ့ Digital Data တွေကို Analog data (အသံလိုမျိုး) အဖြစ်ပြောင်းပေးမယ့် ကြားခံပစ္စည်းတစ်ခုဖြစ်ပါတယ်။ မိမိတို့ Modem ကနေ Analog data တွေကို ဖုန်းလိုင်းကနေတဆင့် အခြား Modem ကို ရောက်သွားမယ်။ ပြီးတော့အခြား Modem ကနေ မိမိတို့ကွန်ပြူတာတွေဆီကို Digital data အဖြစ်ပြန်လဲပေးပို့ပေးမယ့် အရာတစ်ခုဖြစ်ပါတယ်။ Modem ရဲ့ Speed ကိုတော့ Kbps (Kilo Bit Per Second)နဲ့သတ်မှတ်ပါတယ်။ Modem ပစ္စည်းဝယ်တိုင်း သူတို့ရဲ့ နံမည်အမျိုးအစားပြီးရင် Data ပို့လွှတ်နိုင်တဲ့ Speed (52Kbps; 56Kbps ဆိုပြီးတော့)ကို ဖော်ပြထားတတ်ကြပါတယ်။ Desktop မှာဆိုရင်တော့ Modem ကိုတပ်ဆင် အသုံးပြုရမှာဖြစ်ပါတယ်။ Modem ကတော့ အမျိုးအစားအနေနဲ့ Internal Modem နဲ့ External Modem ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ Internal Modem ကတော့ ကွန်ပြူတာအတွင်းထဲမှာ PCI Expansion Slot တစ်ခုထဲမှာထည့်ပြီးတော့အသုံးပြုနိုင်တဲ့ Board အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ External Modem ကတော့ ကွန်ပြူတာ ဘေးမှာပဲဖြစ်ဖြစ် တစ်နေရာရာမှာထားပြီးတော့ ပလပ်ထိုးပြီးတော့ အသုံးပြုရတဲ့ Box လေးနဲ့ဖြစ်ပါတယ်။ Internal Modem ထပ်နည်းနည်းဈေးကြီးပြီးတော့ Speed နည်းနည်းနေပါတယ်။ အများဆုံးကတော့ မျက်စိရှင်း သက်သာအောင် Internal Modem ကို အသုံးပြုပါတယ်။ Sharing လုပ်ပြီးသုံးချင်ရင်တော့ External Modem ကိုအသုံးပြုနိုင်ပါတယ်။ Modem Card ၀ယ်တဲ့အခါမှာပါလာတဲ့ Modem Driver ကို Install လုပ်ပြီးတော့ ကွန်ပြူတာတွင် Modem ကိုစတင်အသုံးပြုနိုင်မှာဖြစ် ပါတယ်။ Laptop မှာတော့ Modem ကို တစ်ပါတည်း ပါတတ်ကြပါတယ်။ Laptop Modem ကတော့ တစ်ခါတည်းပါဝင်နေလို့ Install လုပ်စရာမလိုပါဘူးခင်ဗျာ။ ရိုးရိုး Modem ထပ်အနည်းငယ် Speed လဲမြန်ပြီးတော့ ဖုန်းလိုင်းနဲ့ချိတ်ဆက် အသုံးပြုရင်လဲ အလွယ်တကူ ချိတ်ဆက် နိုင်ပါတယ်။

Phone Line အနေနဲ့ကတော့ Digital Phone Line ဖြစ်ရပါ့မယ်။ Dial Up Connection အသုံးပြုနေတဲ့ အချိန်မှာတော့ ဖုန်းကို အ၀င်၊ အထွက် အသုံးပြုလို့ရနိုင်မှာမဟုတ်ပါဘူး။ ဖုန်းလိုင်းနဲ့ချိတ်ဆက်ပြီးတော့ အသုံးပြုနေတာဖြစ်လို့ ဖုန်းလိုင်းကျပ်တဲ့ အချိန်တွေမှာဆိုရင် အခက်အခဲအနည်းငယ်တော့ရှိနိုင်ပါတယ်။ မိမိတို့အိမ်ဖုန်းကနေတဆင့် အသုံးပြုရမှာဖြစ်လို့ ရုံးအဖွဲ့အစည်း၊ အင်တာနက်ဆိုင်နဲ့ အခြားဖုန်း အသုံးပြုမှုတွေများတဲ့ မနက်ပိုင်းနဲ့ညနေပိုင်းမှာတော့ Connection Speed ကနှေးနေတတ်ပါတယ်။ ညပိုင်းနဲ့မနက်စောစော ဆိုရင်တော့ Modem Speed အတိုင်း Internet Connection Speed ကိုအပြည့်အ၀ ရနိုင်မှာဖြစ်ပါတယ်။

ISP (Internet Service Provider) အနေနဲ့ကတော့ Dial Up Connection အတွက် Bagan Net ကနေ ရောင်းချတဲ့ Access Kit ကို ၀ယ်ယူ ထားဖို့လိုအပ်မှာဖြစ်ပါတယ်။ Access Kit ကိုဝယ်ယူဖို့အတွက် လျှောက်လွှာတင်စရာမလိုပါဘူးခင်ဗျာ။ Access Kit မှာပါတဲ့ User Name နဲ့ Password ကိုရိုက်ထည့်ပြီးတော့ Internet Connection ကိုချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ မိမိတို့အသုံးပြုချင်တဲ့ Access Kit အချိန်အမျိုးအစား (၁၅နာရီ၊ နာရီ ၃၀၊ နာရီ ၆၀) ကိုလိုက်ပြီးတော့ နီးစပ်ရာ Internet Café; Cyber နဲ့အခြားစတိုးဆိုင်များမှာ ၀ယ်ယူရရှိနိုင် ပါတယ်။ Access Kit ထဲမှာ User Name and Password တို့အပြင် မိမိတို့အသုံပြုနေတဲ့ Operating System အမျိုးအစားအလိုက် ဘယ်လိုချိတ်ဆက်အသုံးပြုရမယ် ဆိုတာကို ဖော်ပြပေးထားတဲ့ စာရွက်လေးလဲပါဝင်ပါတယ်။ အခုတော့ အောက်ကလင့်လေးကနေတဆင့် Dial Up Connection ချိတ်ဆက်မှုကို လေ့လာနိုင်ပါတယ်ခင်ဗျာ။

Start > Control Panel >Network Connection ကိုရောက်အောင်သွားပါ။ (သို့) Start > Connect to > Show all Connection ကနေလဲ တိုက်ရိုက်သွားနိုင်ပါတယ်။ ပြီးရင်တော့ Network Connections Box ထဲကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ Network Connection box ထဲမှ New Tasks အောက်ရှိ Create a New Connection ကိုနှိပ်ပါ။


အဲဒီနောက်မှာတော့ New Connection Wizard ဆိုတဲ့ Box လေးတစ်ခုပေါ်လာမှာဖြစ်ပါတယ်။


1. Connect to the Internet ကို Green Iron bubble လုပ်ထားပေးပါ။ ပြီးရင် Next ကိုဆက်လုပ်ပါ။


2. “Set up my connection manually” ကို Green iron bubble ရွေးပေးပါ။ နောက်ပြီးရင်တော့ Next ကိုဆက်ပြီးတော့ Click ဆက်လုပ်ပါ။


3. ပထမဆုံး “Connect using a dial up modem” ကိုရွေးချယ်လိုက်ပါ။ ပြီးရင် Next ကိုဆက်နှိပ်ပါ။


4. ISP Name နေရာတွင် “BganNet” သို့မဟုတ် “Myantel” ကိုရိုက်ထည့်ပေးပါ။ ထို့နောက် Next ကိုဆက်လက်နှိပ်ပေးပါ။


5. Phone number နေရာတွင် (146) ကိုရိုက်ထည့်ပါ။ 146 ကနေတဆင့် Internet Service Provider ကိုအဆက်အသွယ်လုပ်ပေးမှာဖြစ်ပါတယ်။ 146 လိုင်းကိုခေါ်ဆိုပြီးအသုံးပြုတဲ့အတွက် ဖုန်းဖိုးဝန်ဆောင်ခကို ပေးရမှာမဟုတ်ပါဘူး။

6. ထို့နောက် Internet Account Information နေရာတွင် UserName နဲ့ Password ကိုရိုက်ထည့်ပါ။ (User Name and Password ကတော့ Access kit ထဲမှာပါဝင်တဲ့ နံပါတ်လေးများဖြစ်ပါတယ်။) Confrim ဖြစ်အောင် Password ကိုနောက်တစ်ကြိမ်ပြန်ရိုက်ပါ။ ပြီးရင် Next ကိုဆက်လက်သွားပါ။


7. “Add a shortcut to this connection to my desktop” ကို check လုပ်လို့ရပါတယ်။ အဲဒါဆိုရင်တော့ မိမိ Desktop မှာ Connection ပုံစံလေးတစ်ခု ရောက်သွားမှာဖြစ်ပါတယ်။ မထားချင်ဘူးဆိုရင်လည်း ရပါတယ်။ Desktop မှာမထားဘူးဆိုရင် (Start >>Connect to>> BaganNet connection) ဆိုပြီးတော့အဆင့်ဆင့် သွားရပါမယ်။ ပြီးနောက် Finish ကို click လုပ်လိုက်ပါ။


8. Finish လုပ်ပြီးတာနဲ့ “Connect Dial-up Connection” ဆိုပြီးတော့ Box လေးတစ်ခုကျလာ မှာဖြစ်ပါတယ်။ အဲဒီ box လေးမှာ Properties ကို click လုပ်ပါ။


9. ထို Properties box လေးထဲမှ “Option” tag လေးကိုသွားပါ။


10. “Option” tag အောက်ရှိ Redialing Options မှာ Redial attempts, Time between redial attempts and Idle time before hanging up box လေးတွေနေရာတွင် မိမိကြိုက်နှစ်သက်ရာရွေးချယ် ပြီးတော့အသုံးပြုနိုင်ပါတယ်။


11. ထို့နောက်ဆက်လက်ပြီး Networking tag ကိုနှိပ်လိုက်ပါ။ Internet Protocol (TCP/IP) နှင့် QoS Packet Scheduler တို့ကို check လုပ်ပေးပါ။ ပြီးရင် Internet Protocol (TCP/IP) ကိုရွေးပြီးနောက် “Properties” ကိုနှိပ်ပါ။ ပြီးနောက် OK ကို နှိပ်ပါ။


12. အဲဒီနောက်မှာတော့ Internet Protocol Properties box လေးတစ်ခုကျလာမှာဖြစ်ပါတယ်။ Obtain an IP address automatically ကို check လုပ်ပေးပါ။ နောက်တော့ Use the following DNS server address ကိုရွေးပေးပါ။ ပြီးနောက် 203.81.71.69 နှင့် 203.81.71.73 တို့ကိုရိုက်ထည့်ထားပါ။ အဲဒီနောက်မှာတော့ OK ကို click လုပ်လိုက်ပါ။

နောက်ဆုံးမှာတော့ OK ကိုနှိပ်လိုက်ပါ။ ထို့နောက် Connect Bagan Net Box လေး ဆီမှာရှိတဲ့ Dial ကို Click လုပ်လိုက်ပါ။ အဲဒီနောက်မှာ Modem နဲ့ ဖုန်းကနေတဆင့် ဖုန်းခေါ်သလိုမျိုး အသံကြားရပြီးတော့ Modem မှ အသံရှည်ကို ကြားလိုက်ရပြီးဆိုတာနဲ့ Internet Connection ချိတ်ဆက်မိသွားမှာဖြစ်ပါတယ်။ ဖုန်းလိုင်းအားမယ်ဆိုရင် (သို့) လိုင်းရှင်းမယ်ဆိုရင်တော့ ချက်ချင်းကို Internet ကိုချိတ်ဆက်မိမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မိမိတို့ရဲ့ Computer ရဲ့ Taskbar မှာ Computer နှစ်လုံးဆင့်ပုံလေးနဲ့ မီးလေး လင်းလိုက်၊ မှောင်လိုက်ဖြစ်ကာ Bagan Net Connection is now Connected ဆိုတဲ့ စာတမ်းလေးနဲ့ Speed (52Kbps; 54Kbps; 56Kbps) ဆိုတဲ့ အကြောင်းလေးကို ပြပေးမှာဖြစ်ပါတယ်။


Dial Up Connection ရဲ့ အားသာချက်ကတော့ - အများကြီးသိပ်မရှိပါဘူး။ အိမ်မှာ အလွယ်တကူ အသုံးပြုနိုင်တယ်။ အလွယ်တကူ တပ်ဆင်ရလို့ အချိန်ကုန်ခြင်းနဲ့စရိတ်စက သက်သာမှာဖြစ်ပါတယ်။

Dial Up Connection ရဲ့ အားနည်းချက်ကတော့ - Connection Speed က Kbps လောက်ပဲရတော့ နှေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဖုန်းလိုင်းနဲ့ တပ်ဆင်ပြီးတော့ အသုံးပြုရလို့ ဖုန်းလိုင်းကျပ်တဲ့ အချိန်တွေဆိုရင် Connection Speed နှေးမယ်။ Internet အသုံးပြုနေလို့ ဖုန်းဆက်လို့မရတာတွေရှိမယ်။ အောက်မှာတော့ Internet; ISP; Phone Exchange; Modem တို့ ဘယ်လိုဆက်သွယ်လဲ ဆိုတာကိုပြထားတဲ့ ပုံလေးကို လေ့လာကြည့်ရအောင်။


နောက်အပေါ်မှာပြောထားတဲ့အတိုင်း Dial Up Connection နောက်တစ်မျိုးဖြစ်တဲ့ Internet & E-mail Dial Up Service အကြောင်းလေး ကိုလေ့လာကြည့်ရအောင်။ သူ့ကိုတော့ မြန်မာနိုင်ငံမှာ Broadband Connection အမျိုးအစားတွေမရှိတုံးက Company အချို့နှင့် ရုံးအချို့ မှာ အသုံးပြုခဲ့ရတဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ အခုအချိန်မှာတော့ တော်တော်လေးကို မသုံးကြသလို၊သိတဲ့လူတွေလဲ သိပ်မရှိတော့ပါဘူး။ ဘာဖြစ်လို့မသုံးတော့လဲဆိုတာကတော့ အခုခေတ်မှာ Broadband တို့လိုမျိုး Connection Speed ပိုမြန်တဲ့ဟာတွေ ထွက်ပေါ်နေလို့ဖြစ်ပါတယ်။ Internet & Email Dial Up Service ပေးတဲ့ Connection အမျိုးအစားကတော့ ရန်ကုန်တစ်ခုတည်းမှာပဲ အရင်ကအသုံးများခဲ့တယ်။ ကွန်နက်ရှင် Speed ကတော့ Dial Up ရိုးရိုး Connection ထပ်အနည်းငယ်မြန်တာကလွဲပြီးတော့ ဈေးကြီးပါတယ်။ Internet & Email Dial Up Connection ကိုသုံးမယ်ဆိုရင်တော့ MPTဖြစ်ဖြစ်၊ Bagan Net မှာဖြစ်ဖြစ် လျှော်လွှာတင် ပြီးတော့ အသုံးပြုရမှာဖြစ်ပါတယ်။ လျှောက်လွှာတင်ထားပြီး (၂)ပတ်ကနေ(၄)ပတ်ကြာတော့မှာသာလျှင် Connection လိုင်းကိုချပေးမှာ ဖြစ်ပါတယ်။ ပထမဆုံးလိုင်းရပြီးဆိုရင် User Name နဲ့ Password ကိုချပေးမှာဖြစ်ပါတယ်။ ပြီးရင်တော့ နှစ်စဉ်ကြေး၊ လစဉ်ကြေးတွေ ပေးသွင်းပြီးတော့ မိမိတို့လိုချင်တဲ့ Connection အမျိုးအစားအလိုက် FEC 10 ကနေစတင်ပြီးတော့ သုံးချင်တဲ့နာရီအလိုက်နှင့် အပိုသုံးမိတဲ့ နာရီတွေအတွက် ပိုက်ဆံသွင်းရမှာဖြစ်ပါတယ်။ Email Account ကတော့ စလုပ်ကတည်း တစ်ခု အနည်းဆုံးကနေ အများဆုံး ၂၅ ခုအထိ ရနိုင်မှာဖြစ်ပါတယ်။ Connection အမျိုးအစားတွေအနေနဲ့ Student Plan; Consumer Plan; Enterprise Plan ဆိုပြီးတော့ရှိပါတယ်။ အသုံးလဲသိပ်မများတော့လို့၊ အခုလက်ရှိလဲ Internet & Email Dial Up Service ကိုမချပေးတော့တာတွေရှိလို့ ဒီလောက်လေးနဲ့တင် ဗဟုသုတအနေနဲ့ ပြောပြထားတာ ဖြစ်ပါတယ်။

iPSTAR Connection အကြောင်းလေး ကိုအောက်က ပို့စ်မှာ ကြည့်လို့ရပါတယ်။ Connection အားလုံးကို တစ်ခုတည်းနဲ့ပို့စ်တင်ရင် အရှည်ကြီးဖြစ်ပြီးတော့ ပုံတွေလဲအများကြီးဖြစ်မယ်၊ ဖတ်ရတဲ့လူလဲ အဆင်ပြေမှာ မဟုတ်ပါဘူး။ Connection အားလုံးရဲ့ အားသာချက်၊ အားနည်ချက်၊ ဘယ်လိုနေရာတွေကို အသုံးပြုနိုင်လဲ ဆိုတာကိုလဲ တတ်နိုင်သလောက် ပြောပြပေးထားပါမယ်။ အဲဒါကြောင့် Connection အမျိုးအစားလိုက် တနေ့တစ်မျိုး (သို့) နှစ်မျိုး တင်ပေးသွားပါ့မယ်။ ပို့စ်အရေအတွက် များစေချင်လို့လုပ်တဲ့သဘော မဟုတ်ပါဘူးခင်ဗျာ။ (မူရင်း။ ။မြန်မာမိသားစုဖိုရမ်)

အပြည့်အစုံ

iPSTAR Broadband Connection


ဒီ Connection အမျိုးအစားကတော့ ဂြိုလ်တု ဆက်သွယ်ရေး စနစ်ကို သုံးပြီးတော့ Internet Connection ကော၊ ဖုန်းလိုင်း ကော နှစ်မျိုးလုံး အသုံးပြုနိုင်တဲ့ Connection အမျိုးအစား ဖြစ်ပါတယ်။ iPSTAR Connection ကလဲ မြန်မာနိုင်ငံတွင် အသုံးပြုနေသော အင်တာနက် ၀န်ဆောင်မှုများအနက်မှ Broadband Connection အမျိုးအစား တစ်မျိုးလဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်တော့ ဆက်သွယ်ရေးခက်ခဲတဲ့ နေရာ ဒေသတွေမှာ ဖုန်းလိုင်း အသုံးပြုချင်လို့ iPSTAR Connection ကို အသုံးများကြတာ ဖြစ်ပါတယ်။ အရင်တုံးကတော့ အထက်တန်းကျောင်းတွေမှာ e-Learing အတွက် အသုံးပြုကြတယ်။ ကျိုက်ထီးရိုးဘုရားတောင်ပေါ်မှာတောင် iPSTAR ဖုန်းဆိုပြီးတော့ ၀န်ဆောင်မှုပေးတာတွေလဲ အရင်နှစ်တွေတုံးကတော့ ရှိခဲ့ဘူးတယ်။ (၂၀၀၀ခုနှစ် ကျော်လောက်က ထင်တယ်။ iPSTAR phone ဆိုပြီးတော့ ဖုန်းဆက်သွယ် အသုံးပြုနေတာကို တွေ့ဘူးတယ်။) iPSTAR Connection ကို လိုချင်တယ်ဆိုရင်တော့ MPT မှာလျှောက်ထားနိုင်ပါတယ်။ ဆက်သွယ်ရေး ခက်ခဲ့တဲ့ နေရာတွေမှာ လုပ်ငန်းအတွက်သုံးမယ်ဆိုလဲ လုပ်ငန်းလိုင်စင်တို့၊ လိုအပ်တာတွေ တင်ပြပြီးတော့ မြန်မာဆက်သွယ်ရေးကို လျှောက်ထားနိုင်ပါတယ်။ အခုသိသလောက်ကတော့ သိပ်မချပေးတော့ပါဘူး။ iPSTAR Connection ဟာ ဂြိုလ်တုဆက်သွယ်ရေး စနစ်တစ်ခု ဖြစ်တာကြောင့် ဖုန်းလိုင်း (Cable Phone Line) ရှိစရာမလိုပါဘူး။ သူ့မှာ Internet; e-mail ; Phone Line တို့ကို တချိန်တည်း၊ တပြိုင်နက် တည်းအသုံးပြုနိုင်ပါတယ်။ အချိန်းမရွေး (7days and 24 hours) နေ့ညမပျက်အသုံးပြုနိုင်ပါတယ်။ မီးမလာရင်တောင်မှ Watt (2000) လောက်ရှိတဲ့ အင်ဗတာ သို့မဟုတ် မီးစက်တို့ဖြင့်လည်း အသုံးပြုနိုင်ပါတယ်။ iPSTAR Connection ရဲ့ Satellite Dish (စလောင်းဗန်း) ကိုတော့ ၂ပေ၊ ၄ပေ ဆိုပြီးတော့ အသုံးပြုကြပါတယ်။ (ပုံမှာ Satellite Dish တပ်ဆင်ထားတာကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်။) iPSTAR Connection တစ်ခုလျှောက်လိုက်ပြီးဆိုတာနဲ့ ဖုန်းလိုင်း (၄)လိုင်းကို တပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ရိုးရိုး Digital Phone တွေနဲ့တော့ နံပါတ်ကတော့ မတူပါဘူး။ သူ့ဖုန်းမှာ ဂဏန်းကတော့ (၇)လုံး ရှိပါတယ်။ ၃၃၅၅၆၆၇ တို့လိုမျိုး၊ ၄၄၂၂၈၈၁ တို့လိုမျိုး (၃၃နဲ့၄၄) စတဲ့ ဖုန်းလိုင်းမျိုးတွေဖြစ်ပါတယ်။ ဖုန်းခေါ်ခနှုန်းကတော့ တစ်မိနစ်ကို (၅၀)ကျပ်ကို မြန်မာငွေပေးဆောင်ရမှာ ဖြစ်ပါတယ်။ အ၀င်ဖုန်းခေါ်ဆိုမှု အတွက် ဖုန်းခပေးစရာမလိုပါဘူး။ အထွက်ခေါ်ဆိုမှုအတွက်သာ ပေးဆောင်ရမှာဖြစ်ပါတယ်။ ဖုန်း လေးလုံးရှိတယ်ဆို လေးလုံးလုံး တပြိုင်တည်း ဖုန်းပြောနိုင်ပါတယ်။ ဖုန်းကြေးကိုလဲ တစ်လုံးချင်းဆီ ဆောင်ရမှာဖြစ်ပါတယ်။ နိုင်ငံခြား (oversea call )ကိုလဲ Digital Phone လိုမျိုးခေါ်ဆိုနိုင်ပါတယ်။ ကျသင့်ငွေကတော့ Digital Phone အတိုင်းကျသင့်ပြီးတော့ FEC နဲ့ဆောင်ရမှာဖြစ်ပါတယ်။ ဖုန်းကြေးဆောင်ရမယ့် နေရာနဲ့ဝေးတဲ့နေရာတွေမှာဆိုရင်တော့ ပုံသေ ဖုန်းကြေးကို ဆောင်ထားလို့ရပါတယ်။ တစ်လကို တစ်သိန်းနဲ့ ပုံသေ ဖုန်းကြေးဆောင်ထားလို့ ရပါတယ်။ အဲဒီတစ်သိန်းဆောင်ထားမယ်ဆိုရင် ဘယ်လောက်ဖုန်းပြောပြော တစ်လအတွက် အပြီး တစ်သိန်းဖြစ်ပါတယ်။ ဖုန်းအသုံးပြုတဲ့ အချိန်များတယ်ဆိုရင်တော့ တန်မယ်ပေါ့ဗျာ။ မများရင်တော့ မတန်ဘူးပေါ့။ iPSTAR Broadband Connection မှာ VoIP (Voice Over Internet Protocol) ကိုလဲအသုံးပြုနိုင်ပါတယ်။ VoIP အတွက်ဆိုရင်တော့ ဖုန်းပြောခက မတူပါဘူး။ နည်းနည်းများသွားမှာဖြစ်ပါတယ်။ iPSTAR Connection ဖုန်းလိုင်းကိုတော့ရိုးရိုးဖုန်းလိုင်းလိုမျိုး အသံကြည်လင်ပြတ်သားစွာ ကြားနိုင်ပါတယ်။ iPSTAR Connection တပ်ဆင်မယ်ဆိုရင်တော့ သိန်း (၅၄)သိန်း ကုန်ကျမှာဖြစ်ပါတယ်။ တပ်ဆင်စရိတ်တွေ၊ ပညာရှင်ခတွေ (ကျွှမ်းကျင်တဲ့လူတပ်ဆင်ပေးမှသာ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ လိုင်းဖမ်းဖို့အတွက်၊ (ခေါင်းမိုးပေါ်မှာ လိုင်းမိတာလား၊ မြေကြီးပေါ်မှာပဲ ဒီတိုင်းလိုင်းမိတာလား ဆိုတာ စမ်းသပ်ဖို့အတွက်)၊ ကွန်ပြူတာတွေနဲ့ ချိတ်ဆက်ဖို့ အတွက်) ခရီးအလိုက်ကုန်ကျမယ့် စရိတ်တွေ မပါသေးပါဘူး။ ဖုန်းလိုင်းအတွက်လဲ တစ်နှစ်ကို နှစ်စဉ်ကြေး ဖုန်း(၄)လုံးအတွက် (၆၀၀၀၀) ကျပ်ဆောင်ရမှာဖြစ်ပါတယ်။ iPSTAR Broadband Connection ကို အင်တာနက်အဖြစ်ပါ အသုံးပြုချင်တယ်ဆိုရင်တော့ Sharing နဲ့ Delicated ဆိုပြီတော့ နှစ်မျိုးရှိပါတယ်။ Sharing ဆိုတာကတော့ အင်တာနက်ကို မိမိတို့တပ်ဆင်အသုံးပြုချိန်မှသာ Connection bandwidth ကိုဖွင့်ပေးမှာဖြစ်ပါတယ်။ Delicated ကတော့ မိမိတို့ အင်တာနက်ကို သုံးသုံး၊ မသုံးသုံး ၂၄နာရီ Connection bandwidth ကိုဖွင့်ထားပေးမှာဖြစ်ပါတယ်။ Connection Speed နဲ့ Fees ကြေးတွေကတော့ -
iPSTAR Broadband Connection Sharing Internet Fees အတွက် လစဉ်ကြေးတွေက-
128Kbps ဆိုရင် 60FEC ; 192Bbps ဆိုရင် 90FEC; 256Kbps ဆိုရင် 120FEC

iPSTAR Broadband Connection Delicated Fees အတွက်လစဉ်ကြေးတွေက-
128Kbps – 240FEC; 192Kbps – 360FEC; 256Kbps – 480; 512Kbps – 960FEC

အားလုံး Connection အမျိုးအစားတွေအတွက် Data Limit ကတော့ ကန့်သတ်ချက်မရှိပါဘူးခင်ဗျာ။ Sharing Internet Connection ကိုတော့ ရိုးရိုးအသုံးပြုတဲ့သူတွေအတွက်အဆင်ပြေမှာပါ။ Delicated Internet Connection အတွက်ဆိုရင်တော့ သိပ်ဟန်မယ်မထင်ပါဘူး။ Internet Fees ကြေးက လေးဆလောက်ကွာနေလို့ပါ။ ဒါပေမယ့် ဖုန်းလိုင်းလေးလိုင်းလုံးမှာအသုံးပြုမယ်ဆိုရင်တော့ ဈေးသိပ် မကြီးဘူးလို့ ထင်ရပါမယ်။ ဖုန်းလိုင်း တစ်လိုင်းချင်းဆီအတွက်ဆိုရင်တော့ ဈေးကများတယ်လို့ ထင်ရမှာပါ။

iPSTAR Broadband Connection အားနည်းချက် - ဖုန်းလိုင်းလေးလိုင်းလုံးအသုံးပြုမှသာလျှင် ပိုက်ဆံ အကုန်အကျ သက်သာမယ်လို့ ထင်ရပါတယ်။ ကုန်ကျစရိတ်ကလဲအရမ်းများပါတယ်။ စက်တစ်ခုခု ပျက်ခဲ့ရင်လဲ မိမိတို့ကိုယ်တိုင်အလွယ်တကူမပြင်နိုင်လို့ ပညာရှင်တွေကို ခေါ်ယူရမယ်ဆိုရင် အရမ်းဝေးတဲ့ဒေသတွေဖြစ်နေရင်တော့ လာစရိတ်၊ စားစရိတ်၊ ပေးစရိတ်နဲ့ ကာမိမှာမဟုတ်ပါဘူး။ Internet Connection သုံးမယ်ဆိုရင်လဲ အခု Connection Speed တွေထပ်စရာ နှေးနေတာတွေရှိပါတယ်။ တစ်ယောက်တည်းသုံးဖို့အတွက်ဆိုရင်တော့ မသုံးသင့်ပါဘူး။

iPSTAR Broadband Connection အားသာချက် - ဝေးလံတဲ့ဒေသတွေအတွက်ဆိုရင်တော့ အသုံးပြုနိုင်လို့အဆင်ပြေနိုင်ပါတယ်။ တယ်လီဖုန်းကြိုးလိုင်းမလိုလို့ ဖုန်းလိုင်း အတွက်လဲပူစရာမလိုလို့ ဖုန်းလိုင်းအနေနဲ့သုံးမယ်ဆိုရင်လဲကောင်းပါတယ်။ ဖုန်းလေးလုံးလဲ တစ်ပြိုင်တည်းအသုံးပြုနိုင်သလို၊ အင်တာနက်လဲ အသုံးပြုနိုင်တဲ့အတွက် ဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေအတွက်ဆိုရင်တော့ အသုံးပြု သင့်တဲ့ Connection အမျိုးအစားတစ်မျိုးလဲဖြစ်ပါတယ်။

ဒါကတော့မနေ့ကအဆက် နံပါတ်(၂) ဖြစ်တဲ့ IPSTAR Connection အကြောင်းပါ။
SOURCE။ ။မြန်မာမိသားစု

အပြည့်အစုံ