Thursday 3 January 2013

NTLDR ပျောက်ဆုံးသည့်ပြဿနာ

NTLDR Missing Message
NTLDR ဆိုသည်မှာ NT Loader ရဲ့ အတိုကောက်တစ်ခုဖြစ်ပြီး Windows NT ကို တက်အောင်ကူညီပေးပါသည်။ အကြောင်းအမျိုးမျိုးကြောင့် NTLDR  Program File သည် Hard disk မှ ပျောက်ဆုံးသွားခဲ့ပါက ကွန်ပျူတာကို Window အသစ်တင်သည့်အခါတွင်  Windows တက်လာမည်မဟုတ်ပါ။ Windows XP သည် NTLDR ကို အသုံးပြုထား သည့်အတွက် NTLDR ပျောက်သွားသည့်အခါ Windows XP လည်းတက်လာနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကွန်ပျူတာတွင် NTLDR ပျောက်ဆုံးသွားပါက Boot လုပ်တဲ့အချိန်တွင်
NTLDR is missing
Press any key to Restart ဟူသော စာတန်းကိုသာမြင်တွေ့ရပြီး Windows တက်လာခြင်း မရှိတော့ပေ။ ထိုသို့ဖြစ်ရခြင်းမှာ-
၁။ Hard Disk ကို BIOS setup ထဲတွင် တိတိကျကျ မကြေငြာထားခြင်း။ Window တင်ရာ တွင် BIOS မှ မှားယွင်းကြေငြာမိခြင်း။
၂။ Boot မလုပ်ပေးနိုင်သော နေရာမှနေ၍ Computer ကို သွား၍ Boot လုပ်ခိုင်းမိခြင်း။
၃။ Boot.ini ဆိုသည့် File အား မှားယွင်းပြီး Configuration လုပ်ထားမိခြင်း။ NTLDR ပျက်ခြင်း နှင့် NTDETECT.COM ဆိုသည့်ဖိုင်နှစ်ခုမှ တစ်ခုပျက်စီးပျောက်ဆုံးသွားခြင်း။
၎။ Hard Disk အသစ်တစ်လုံးအား ကွန်ပျူတာတွင်ထပ်မံ၍ တပ်ဆင်အသုံးပြုထာားမိခြင်း။ Hard Disk အတွင်းရှိ Boot Sector (သို့မဟုတ်) Master Boot Record ပျက်သွားခြင်း။
(၈) Windows XP ကြီးတစ်ခုလုံး ပျက်သွားရခြင်း စသည့်အကြောင်းများကြောင့် ဖြစ်ပါသည်။ အဆိုပါ ပြဿနာကို ဖြေရှင်းရန်အတွက် Window တင်ရာတွင် Window ခွေဖြင့်တစ်ပါတည်း ဖြေရှင်းနိုင်သကဲ့သို့ NTLDR Boot Disk ဖြင့်လည်းဖြေရှင်းနိုင်ပါသည်။ Window ခွေဖြင့် ဖြေရှင်းရန်အတွက် အောက်ပါအတိုင်းပြုလုပ်ပေးရပါမည်-
၁။ ကွန်ပျူတာကိဖွင့်၍ု BIOS မှ First Boot ကို CD ဟုရွေးချယ်ပေး၍ Window ခွေထည့်၍ Window တင်ပေးရပါမည်။ ထို့နောက် အောက်ဖော်ပြပါပုံအတိုင်း Window XP Professional Setup သို့ရောက်ရှိလာပါက Repair ပြုလုပ်ရန်အတွက် Keyboard မှ R ကို နှိပ်ပေးရပါမည်။
NTLDR Missing
NTLDR Missing
၂။ ထို့နောက် 1 ကိုရိုက်၍ Enter ကို နှိပ်ပေးရပါမည်။ ကွန်ပျူတာတွင် Window တင်ထား သည့် C Partition တစ်ခုတည်းရှိသည့်အတွက် 1 ဟု ရိုက်ခြင်းဖြစ်ပါသည်။ ကွန်ပျူတာတွင် Window 2 ခုတင်ထားပါက 2 ဟုရိုက်ပေးရမည်ဖြစ်ပါသည်။
၃။ Administrator Password အသုံးပြုထားပါက ရိုက်နှိပ်ပေးရပါမည်။ Administrator Password အသုံးပြုထားခြင်းမရှိပါက Enter ကိုနှိပ်ပေးရပါမည်။
၎။ NTLDR နှင့် NTDETECT.COM ဆိုသည့် File  နှစ်ခုကို Command Prompt အသုံးပြု၍ CD Drive မှ Hard Disk သို့ ကူးထည့်ပေးရပါမည်။ အောက်ဖော်ပြပါ စာသားများကို အသုံးပြု၍ ကူးထည့်ပေးရပါမည်။
COPY D:I386NTLDR C:
ဟုရိုက်ပြီးနောက် Enter ကို နှိပ်ရပါမည်။ ထိုအခါ 1 File(s) Copied ဟုMessage ကိုတွေ့မြင် ရပါက File ကူးယူခြင်းပြီးဆုံးပြီဖြစ်ပါသည်။ ထို့နောက်ဆက်လက်၍
COPY D:I386NTDETECT.COM C:
ဟုရိုက်ပြီးနောက် Enter ကို နှိပ်ရပါမည်။ 1 File(s) Copied ဟုMessage ကိုတွေ့မြင်ရပါက File ကူးယူခြင်းပြီးဆုံးပြီးဖြစ်ပြီး Window CD ခွေကိုထုတ်၍ ကွန်ပျူတာကို Restart ချပေးရ ပါမည်။ ထိုအခါ NTLDR ပျောက်ဆုံးခြင်းကို ဖြေရှင်းပြီးဖြစ်ပါသည်။
http://www.computerhope.com/issues/ch000465.htm တွင်အသေးစိတ်လေ့လာနိုင်ပါ သည်။

0 comments:

Post a Comment