Wednesday 15 September 2010

Comments, Feeds တွေထည့်မယ်ဆိုရင်..

မိမိအလိုရှိရာ၊ နှစ်သက်ရာ ဘလော့ဒ်မှ Comment တွေ Feed ကို မိမိဘလော့ဒ်မှာဖြစ်စေ၊ မိမိဘလော့ဒ်မှ Comment တွေကို သက်ဆိုင်ရာပိုစ့်၏ခေါင်းစဉ် များမပါပဲဖြစ်စေ၊ ဖေါ်ပြဖို့အတွက်ပါ။ အဲဒီလို မိမိအလိုရှိရာ၊ နှစ်သက်ရာ ဘလော့ဒ်မှ Comments တွေ Feeds ကို ထည့်သွင်းမည်ဆိုရင် ဖတ်ရှုသူတွေအတွက် အဆင်ပြေပြီး၊ အချိန်ကုန်သက်သာ စေမှာပါ။

တခုရှိတာက မိမိရယူထားသော ဘလော့ဒ်ပိုင်ရှင်ရဲ့ ခွင့်ပြုချက်ရယူထားသင့်ပါတယ်။ သူက သူပိုင်ဘလော့ဒ်မှာ သူအနေနဲ့ ရေးချင်တာရေးပေမယ့် မိမိက သူရဲ့ Feed ကိုရယူထားတဲ့ အတွက် မိမိရဲ့စာမျက်နှာ မှာ တစုံတရာ ရိုက်ခိုက် နိုင်တာကို သတိထားသင့်ပါတယ်။ ဒါကြောင့် ဘလော့ဒ်ပိုင်ရှင်ရဲ့ ခွင့်ပြုချက်ရယူထားရင် ပိုပြီးတော့ အဆင်ပြေမှာ။ ဒါကြောင့်ကြိုတင်သိရှိပြီး၊ မသုံးခင် နားလည်မှုယူသင့်ပါတယ်။ အခုဟာရေးမယ်နည်း ကတော့ လွယ်ကူသောနည်းပါ။ ဒီလိုပါ ....

ပိုစ့် ရဲ့ summary အတွက်ဆိုရင်

http://မိမိပေးထားသောနာမည်.blogspot.com/feeds/posts/summary?alt=rss

ပိုစ့် အပြည့်အစုံကိုဆိုရင်


http://မိမိပေးထားသောနာမည်.blogspot.com/feeds/posts/full?alt=rss

ပိုစ့် ရဲ့ comments ကိုသာဆိုရင်

http://မိမိပေးထားသောနာမည်.blogspot.com/feeds/comments/full?alt=rss
တွေကို Dashboard > Template > Page Elements ကိုသွားပြီးရင် မိမိတင်ထားချင်သောနေရာမှ
Add a Page Elements >Feed ကို ရွေပြီးထည့်ပါ၊ ပြီးရင် Save ကိုနှိပ်ပါ။ ဒါဆိုရင်ရပါပြီ။ တကယ်လို့ ကိုယ်က ?alt=rss ကိုဖြုတ်ပြီး တော့ ?alt=rss&max-results=25 ကိုထည့်မယ်ဆိုရင် မိမိဆီမှာ ၂၅ ခု လာပေါ်မှာပါ။ မိမိလိုချင်သလောက်ကို ကိန်းဂဏန်းထည့်ရင် ထည့်သလောက်လာပြပါလိမ့်မယ်။ အိုကေပြီထင်ပါတယ်။

0 comments:

Post a Comment