Friday 17 September 2010

Protecting from Internal Threats (Part2)

User Account Control

Access လုပ်ရန် Account အား တစ်ဦးချင်း သတ်မှတ်ချက်များဖြင့် ကန့်သတ် ထားနိုင်ပါသည်။ ထိုသို့ တည်ဆောက်ရာတွင် ၄င်းတို့လိုအပ်သော Data အရင်းအမြစ်ထက်မပိုသော ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက် ရမည်။ တင်းကြပ်စွာ ဆောင်ရွက်နိုင်ရန်မှာ Unauthorized Access များ ဝင်ရောက်သုံးစွဲခြင်းမှ ကာကွယ်ရန် ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်နိုင်ရန်မှာ User Account များအား ထိန်းချုပ်နိုင်ရန်မှာ Group တည်ဆောက်ထားရန် ဖြစ်သည်။ တစ်ဦးချင်းအလိုက် ဦးစွာ User Account များ တည်ဆောက်ရမည်။

Permissions / Rights ( Read, Write, Execute, Modify, Full Control) များဆောင်ရွက်ပေးရမည်။ ယင်း User Account တူညီသူများကို Network Operating Systems များမှ သဘောတူညီ စုဖွဲ့ထားခြင်းအား ပေါင်းစပ်/ပူးပေါင်းသည်(Combined)ဟု ခေါ်သည်။ ထိုသို့ User များမှ Data အရင်းအမြစ်များအား ဝင်ရောက်သုံးစွဲနိုင်ခြင်းကို Effective Permissions ဟုခေါ်ပါသည်။ Network Operating system များသည် Organization-based Security ဆောင်ရွက် နိုင်ပါသည်။

ယင်းကို Organizational Unit (OU)ဟု ခေါ်ပါသည်။ Windows 2000 Server, Windows 2003 Server တို့ ဖြစ်ပြီး Computers, Groups, Printers, Users, Shared Resources များအား တစ်ခုတည်းတွင် Big Directory Tree အဖြစ် တည်ဆောက်ထားနိုင်ပါသည်။ Active Directory Users and Computers ဟုလည်း ခေါ်ပါသည်။


ထိုသို့ ဆောင်ရွက်ခြင်းသည် ကြီးမားသော စီမံခန့်ခွဲမှုဖြစ်ပေသည်။ ယခင်ရှိသော Network Size ကြီးမားလာသော်လည်း One Big Directory Tree တွင် ထားရှိခြင်းဖြင့် ကျယ်ပြန့်ကြီးထွားလာခြင်း မရှိပေ။ Organizational Unit သည် ထိုသို့ အခြေအနေများအား အထောက်အကူပြုရန် Tool ပင်ဖြစ်ပါသည်။ Organizational Unit သည် Users နှင့် Groups များအတွက် သိမ်းဆည်းရန်နေရာ
တစ်ခုအဖြစ်သာ ဆောင်ရွက်ခြင်းဖြစ်ပြီး Rights Permissions များအတွက် ရယူနိုင်ခြင်းမရှိပါ။

Policies

Policy သည် User Account, Computer, Group သို့မဟုတ် Organizational Unit များအတွက် များစွာ အထောက်အပံ့ ဖြစ်ပါသည်။ သို့သော် (Network Operating System) များပေါ်တွင် တည်မှီ၍ ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။ Windows 2000 System များပေါ်တွင် Local Policies များ အသုံးပြုပါက Local Security Settings ဟုခေါ်ပါသည်။

0 comments:

Post a Comment