Wednesday 15 September 2010

UDC ( Universal Document Converter )

ဒီဆော့်ဝဲလ်က MS Word File တွေကနေ Image ဖိုင်တွေ အဖြစ်ပြောင်းပေးတဲ့ ဆော့်ဝဲလ်ပါ..။ ပုံတွေ အတွက်ဆိုရင်တော့ သီးသန့်မလိုပါဘူး ..။ Copy လုပ်ပြီး Print ထဲမှာ Paste ပေးလိုက်ရင် အဆင်ပြေပါတယ်..။ သို့သော် စာတွေကို ပြောင်းချင်တဲ့ အခါဆိုရင်တော့ အနည်းငယ် ခက်ခဲနိုင်ပါတယ်..။ Print Scr ရိုက်ရင်တော့ ရတာပေါ့ :D ...။ အဲဒီလို စာတွေကိုပါ ပုံအဖြစ် ပြောင်းချင်တယ်ဆိုရင်တော့ ဒီ UDC ( Universal Document Converter ) လေးက အသုံးဝင်ပါတယ်..။ တခြား ဆော့်ဝဲလ်ကောင်းတာတွေလဲ ရှိပါလိမ့်မယ်..။ ကျွန်တော်လဲ C-Box မှာ မေးထားတာတွေ့လို့ Googling လုပ်ပြီး စမ်းကြည့်ထားတာ..။ အသုံးပြုချင်သူများ အောက်မှာ လုပ်နည်း အသေးစိတ်ပါ ရေးထားပေးပါတယ်..။
jhon: အစ်ကို word ကနေ image(eg,jpg,..) file ကို ဘယ်လို ပြောင်းလို့ ရပါသလဲ။
Download UDC ( Universal Document Converter ) ကို ဒေါင်းလုတ်ချ..။ ပြီးရင် ဒေါင်းလို့ ရလာတဲ့ Udc ဆော့်ဝဲလ်ကို မိမိစက်မှာ Install လိုက်ပါ..။ Install တာက သာမာန်လုပ်နေကျ အတိုင်းပဲမို့ ရှင်းမပြတော့ဘူး..။ လုပ်နည်းကိုတော့ MS Word 2003 ကို မူတည်ပြီး နမူနာ အနေနဲ့ ရှင်းပြပေးသွားမယ်..။ MS Word 2007 လဲ လုပ်နည်း အတူတူပါပဲ..။ နေရာလေး အနည်းငယ် ကွဲသွားတာပဲ ရှိတယ်..။ စမ်းကြည့်လိုက်ရင် အဆင်ပြေမှာပါ..။

မိမိ ပြောင်းလိုတဲ့ MS Word Document ကို ဖွင့်လိုက်ပါ..။ထိုမှတဆင့် Main Menu--> File --> Print ကို Click လိုက်ပါ..။

Print Box တက်လာရင် Name နေရာမှာ Printers list မှ Universal Document Converter ရွေးလိုက်ပါ..။ ပြီးရင် ဘေးမှာ ရှိတဲ့ Properties ကို ထပ် Click လိုက်ပါ..။

Universal Document Converter Properties Box တက်လာပါလိမ့်မယ်..။ Settings Tag မှ Current Profile နေရာမှာ Document to JPEG , Color ကို ရွေးလိုက်ပါ..။

ပြီးရင် အောက်မှာ Image Settings Tab ပေါ်လာပါလိမ့်မယ်..။ အဲဒီနေရာမှာ မိမိပြောင်းလိုတဲ့ File Format အမျိုးအစားကို ရွေးပေးပြီး OK ကို Click လိုက်ပါ..။

Microsoft Word Print မှာ စတင်ပြီး Converting လုပ်နေပါပြီ..။ Image File ကို ပြောင်းပြီးတဲ့ အခါမှာ Default အားဖြင့် C:\UDC Output Files Folder မှာ သွားပြီး သိမ်းပါတယ်..။

နောက်ဆုံး အားလုံးပြီးသွားတဲ့ အချိန်မှာတော့ ကျွန်တော်တို့ လိုချင်တဲ့ File Format အတိုင်း ပုံ ထွက်လာပါပြီ..။ တခြားလုပ်လို့ ရတာတွေလဲ အများကြီး ရှိပါတယ်..။ ကိုယ်တိုင်ပဲ စမ်းကြည့်လိုက်ပါတော့.. :D ။


Ref : http://www.print-driver.com

အဆင်ပြေပါစေ

source:မနောသား

1 comments:

Unknown said...

ပြောင်းလို့တော့ရပါတယ်ဒါပေမဲ့
စာထဲမှာက logoကြီးပါနေတယ်ဗျ

Post a Comment