Friday 17 September 2010

Protecting from Internal Threats (Part1)

Passwords 

Passwords  များသည် ကွန်ယက်များ၏ လုံခြုံရေးအတွက်  ကာကွယ်နိုင်သည့် အမြင့်မားဆုံးသော သော့ချက်ဖြစ်ပါသည်။ မည်သည့် စနစ်တွင်မဆို စည်းကမ်း နည်းလမ်းအတိုင်း ညီညွှတ်သော  Password နှင့် User Account ရယူထားနိုင်ပါသည်။ User Account များသည် ကန့်သတ်/ သတ်မှတ်ထားသော ခွင့်ပြုချက်များဖြင့် တည်ဆောက်ထားသော်လည်း လုံခြုံရေးအရ ကျိုးပေါက်မှုများ ရှိနေဆဲဖြစ်ပါသည်။

Hacker များသည် Network များအတွင်းဝင်ရောက်ရန် တစိတ်တပိုင်းကြိုးပမ်းမှုမှာ အစဉ်ရှိနေကြောင်း သတိရှိနေရမည် ဖြစ်ပါသည်။ ထိုကြောင့် မိမိတို့သုံးစွဲသော  Passwords များကို မသက်ဆိုင်သူများ မသိရှိစေရန် ကာကွယ်ထားရမည် ဖြစ်ပါသည်။ Passwords များကို  Administrator မှ ဝေငှရာတွင်လည်း တယ်လီဖုန်းပေါ်မှ မည်သည့်အခါတွင်မှ မပေးရပေ။ User မှ Password ပျောက်ဆုံးလျှင်သော် လည်းကောင်း၊ မေ့လျော့ခဲ့လျှင် လည်းကောင်း  Administrator မှ Letters နှင့် Numbers များ ရှုတ်ထွေး ရောနှောပါဝင်သည့် Password အသစ်ကို ပြန်လည် သတ်မှတ်ပေးရမည်ဖြစ်ပြီး User မှ ပြောင်းလဲ ပေးသော  Password အသစ်ဖြင့် ဝင်ရောက်ရသည်။ Stronger  Network  Operating  System များတွင် ယင်းကဲ့သို့သော စွမ်းဆောင်ရည်များ ပါဝင်ပါသည်။ ဥပမာအားဖြင့် Windows 2000 serverUser တည်ဆောက်ရာတွင် ရှိသော User must change password at next logon Setting ဖြစ်ပါသည်။


သုံးစွဲသူများ တည်ဆောက်ရာတွင် ကောင်းမွန်သော Password များကို ရွေးချယ်ပေးရမည်။ ဇနီး၊ လင်ယောင်္ကျား နှင့် မိမိ၏ အိမ်မွေးတိရစ္ဆာန် အမည်များ၊ မွေးနေ့ရက်စွဲများ စသည်တို့ကို အသုံးမပြုသင့်ပေ။ Password များအား အနည်းဆုံး Characters 6 လုံးနှင့်အထက် LettersNumbers နှင့် Punctuation  Symbols များ ရှုတ်ထွေး ရောနှောပါဝင်သော String  Passwords များကို သုံးစွဲရမည်ဖြစ်သည်။ ယင်းသို့ Password သုံးစွဲခြင်းကြောင့် စီမံခန့်ခွဲမှုဆိုင်ရာ အခက်အခဲ များလည်း အမြဲတစေ ရင်ဆိုင်နေရမည် ဖြစ်သည်။ ပထမတစ်ချက်မှာ သုံးစွဲသူမှာ မိမိ  Password အားမေ့လျော့ခြင်း၊ မိမိ User  Name  Password ဖြင့် အခြားသူမှ ဝင်ရောက်ခြင်းကြောင့် သူတို့၏  Password များအား မကြာခဏ ပြင်ဆင် ပေးနေရခြင်းနှင့် ဒုတိယတစ်ချက်မှာ Password အား မပျောက်ဆုံးရအောင် Write Down လုပ်ထားခြင်းဖြင့် အလွယ်တကူ ရရှိပြီး Network ကျိုးပေါက်ခြင်းများ ဖြစ်ပါသည်။
Device များသုံးစွဲပြီး  Password ကာကွယ်ရန် () နည်း ရှိပါသည်။ Smart Device နှင့် Biometrics ဖြစ်ပါသည်။ Smart Device မှာ Credit Card ပင်ဖြစ်ပြီး PC နှင့် USB  သို့မဟုတ်အခြား Small Device များ ချိတ်ဆက်ပြီး  Password ထည့်သွင်းခြင်းအစား သုံးစွဲခြင်းဖြစ်ပါသည်။

Biometrics မှာ Finger PrintRetinas User’s Voice များကို Scan လုပ်ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ဆောင်ရွက်ပါက အလွန်အမင်း လုံခြုံမှု ကောင်းမွန်လာသော်လည်း ကုန်ကျစရိတ်မှာ များစွာ မြင့်တက် လာမည် ဖြစ်ပါသည်။

0 comments:

Post a Comment