Tuesday 28 September 2010

Desktop computer ၀ယ်တော့မယ်ဆိုရင်

Desktop computer ၀ယ်တော့မယ် ဆိုရင် ပထမဦးဆုံး စဉ်းစားသင့်တဲ့ အချက်က ဘယ်လို အမျိုးအစားကို ၀ယ်မှာ လည်း ဆိုတာပါ။ အရင်တုန်းက desktop ကွန်ပျူတာမှာ ရွေးခြယ် စရာ မရှိပေမဲ့ နောက်ပိုင်းမှာ desktop, nettop, compact, all in one စသဖြင့် အမျိုးမျိုးရှိလာခဲ့ပါတယ်။ Desktop ကတော့ နေရာ ကျယ်ကျယ် ပေးရတယ်၊ ဈေးနှုန်း သက်သာတယ်၊ power user တွေအတွက် အဆင်ပြေပြီး hardware ပစ္စည်းတွေ လိုအပ်ရင် အလွယ်တကူ တိုးချဲ့နိုင် စွမ်းရှိပါတယ်။

Nettop တွေက အများအားဖြင့် လက်ဖ၀ါးပေါ် တင်ထား နိုင်လောက်တဲ့ အရွယ်လောက် ရှိတဲ့အတွက် လူတွေ စိတ်ဝင်စား ကြတာ အမှန်ဖြစ်ပေမဲ့ သတိပြုရမှာက သူ့ရဲ့ hardware ပစ္စည်းတွေက အများအားဖြင့် laptop ရဲ့ ပစ္စည်းတွေကို အသုံးပြုထားတာ ဖြစ်တာကြောင့် desktop လို စွမ်းဆောင်ရည် မကောင်းပဲ hardware ပစ္စည်းတိုးချဲ့ ဖို့လည်း အခက်အခဲ ရှိပါတယ်။ compact PC တွေက nettop လောက် မသေးပေမဲ့ သူသည်လည်း အကန့်အသတ် နဲ့သာ upgrade လုပ်နိုင်ပါတယ်။ တကယ်လို့ သာမန် အဆင့် နဲ့ အင်တာနက် လောက်သာ အသုံးပြုချင်တယ် ဆိုရင်တော့ ရွေးခြယ်သင့် သလို All in one ကွန်ပျူတာတွေ ကလည်း ခေတ်စားလာ ခဲ့ပါတယ်။ ယေဘုယျ အားဖြင့် ကြည့်ရင်တော့ monitor ခပ်ထူထူ တစ်လုံး လိုဖြစ်နေသလို သူ့ရဲ့ အားနည်းချက်ကလည်း monitor နဲ့ တွဲထား ရတဲ့ အတွက် ကွန်ပျူတာကို လဲရင် monitor ကိုပါ တပါတည်း လဲပစ်ရတာပါ။
နောက်စဉ်းစား ရမဲ့ အချက်က processor ပါ။ ထုတ်လုပ်သူတွေက Intel, AMD စသဖြင့် အဓိက ၂ ခုရှိပြီး အမျိုးအစားထဲမှာတော့ Pentium , Core 2 Duo, Athlon, Sempron စသဖြင့် ရှိပါတယ်။ သာမန်အားဖြင့် Core နှစ် core ဆိုရင် multitasking အတွက် အကောင်းဆုံး လုပ်ဆောင်နိုပြီး၊ သုံး core လေး core ဆိုရင် လုပ်ဆောင်ချက် ပိုမို ကောင်းမွန် ပါတယ်။ clock speed ကလည်း စဉ်းစား စရာ တစ်ခုဖြစ်ပြီး သတိထားရမှာက အမြန်နှုန်းမှာ သူ့လိုင်းနဲ့ သူပဲ နှိုင်းယှဉ် နိုင်ပါတယ်။ ဥပမာ အားဖြင့် 2.0 GHz Intel Atom Processor က 1.8 GHz Intel Atom Processor ထက် ပိုမြန်ပေမဲ့ 1.8 GHz Intel Core 2 Duo ထက် ပိုမြန်မှာ မဟုတ်ပါဘူး။
နောက်တစ်ချက်က memory ပါ။ memory များလေ ကွန်ပျူတာ ရဲ့ စွမ်းဆောင်ရည် ကောင်းလေ ဆိုတာ သိသာတဲ့ အချက် ဖြစ်သလို ထပ်ထွက် လာမဲ့ software တွေကို လိုက်မှီဖို့ ကိုယ်ဝယ်ယူမဲ့ mother board မှာ memory slot အပို ရှိသေး ရဲ့လား ဆိုတာ လေ့လာ ပြီးမှ ၀ယ်သင့်ပါတယ်။ memory အနေနဲ့ Windows Vista တင်ထားရင် အနည်းဆုံး 1 GB လောက်ရှိသင့်ပြီး Windows 7 ဆိုရင် ဒီထက်ပိုရှိတာက ကောင်းပါတယ်။ Windows နဲ့ ကွန်ပျူတာ လည်ပတ်ဖို့ လိုအပ်တဲ့ ဆော့ဖ်ဝဲတွေ ကပဲ 512 MB လောက် လိုအပ်နေတာကြောင့် အနည်းဆုံးတော့ 1 GB လောက် ရှိသင့်ပါတယ်။
Video card အနေနဲ့ကတော့ desktop ကွန်ပျူတာတွေအတွက် ရွေးခြယ်စရာ အများကြီး ရှိပါတယ်။ များသောအား ဖြင့် ဈေးနှုန်း ကိုလိုက်ပြီး ကိုယ်ကြိုက်နှစ်သက်ရာ ကို အလွယ်တကူ ရွေးခြယ် နိုင်ပါတယ်။ ဂရပ်ဖစ်ကို အသားပေး သုံးမယ်၊ ဖန်တီးမယ် ဆိုရင်တော့ video card ကောင်းကောင်း လိုအပ်မှာဖြစ်ပြီး သာမန်အားဖြင့် ဆိုရင်တော့ mother board မှာ ပါပြီးသားဖြစ်တဲ့ built-in video card တွေက လုံလောက်ပါတယ်။ ဒါပေမဲ့ လိုအပ်ရင် တိုးချဲ့ နိုင်ဖို့ video card slot ပါတဲ့ mother board ကိုဝယ်ထားရင်တော့ ပိုပြီး စိတ်ချရနိုင်ပါတယ်။
နောက်တစ်ခုက Hard disk ပါ။ 200 GB, 500 GB စသဖြင့် ဈေးနှုန်းပေါပေါ တွေနဲ့ အများကြီး ထွက်ပေါ်နေတဲ့ ကြားမှာ တော့ ဈေးနှုန်း မြင့်မြင့်နဲ့ တံဆိပ် ကောင်းကောင်း အမျိုးအစား ကို ရွေးခြယ်စေချင်ပါတယ်။ အဖိုးတန် data တွေကို သိမ်းထား ရမှာ ဖြစ်တာကြောင့် ဖြစ်နိုင်ရင် Hard disk ၂ လုံးလောက် ထားပြီး တစ်လုံးကို backup အနေနဲ့ ထားရင် ပိုသင့်လျော်နိုင်ပါတယ်။ Hard disk က မြန်မြန်လည်ပတ်နိုင်လေ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည် မြင့်လေ ဆို တဲ့အတိုင်း လည်ပတ်နှုန်းတွေက 5400 RPM ကနေ 10000 RPM အထိ ရှိကြပါတယ်။ 7200 RPM ဆိုရင်တော့ အသင့် တော်ဆုံးပါ။
နောက်ဆုံး အချက်ကတော့ monitor ပါ။ monitor တွေမှာ အခုနောက်ပိုင်း LCD တွေပဲ နေရာယူ လာတာနဲ့ အမျှ ရွေးခြယ် စရာတွေကလည်း များပြားလှပါတယ်။ အဓိက ကတော့ refresh rate ပါ။ refresh rate များရင် လှုပ်ရှားမှု များတဲ့ game လို၊ ရုပ်ရှင်လို အရာတွေကို အထစ်အငေါ့ မရှိ ပြသ ပေးနိုင်ပါတယ်။ ၅ မီလီ စက္ကန့် respond time လောက် ဆို လုံလောက်ပါတယ်။ refresh rate က မီလီစက္ကန့်နဲ့ တိုင်းတာပြီး နည်းလေ ကောင်းလေပါ။ မော်နီတာ ကြီးကြီး ၀ယ်ရင် ကောင်းပေမဲ့ သူ့ရဲ့ recommended resolution က ကိုယ့်စက် ရဲ့ video card နဲ့ ချိန်ညှိ နိုင်၊ မနိုင် ကိုလည်း စုံစမ်းပြီးမှ ၀ယ်သင့်ပါတယ်။ အဲလိုမှ မဟုတ်ရင် မော်နီတာကြီးက ကောင်းပေမဲ့ ရုပ်ပုံတွေ ဖွာနေတာ၊ ဘေးဖက် ကို ကားနေ တာစတဲ့ ပြသနာတွေ ကြုံတွေ့ရနိုင်ပါတယ်။
  
တူလေး ရေးသားသည်။ http://www.tu-lay.net မှ ကူးယူဖော်ပြသည်။

0 comments:

Post a Comment