Friday, 15 October 2010

Dangerous Malicious Codes and Vulnerability Websites


ယခုအချိန်တွေမှာ  website တွေ အဟက်ခံရတယ်။ တစ်ခုပြီးတစ်ခုပါပဲ။ ဒါတွေက website တစ်ခု အဟက်ခံရလို့ အဲ့ site တစ်ခုတည်း ထိတာ မဟုတ်ပါဘူး။ ဟက်ကာ တော်တော်များများက site တစ်ခုကိုရသွားရင် defacement တစ်ခု လုပ်တာကလွဲရင် ကျန်တာဘာမှ မလုပ်ပါဘူး။ ဒီအတွက် လာရောက်လည်ပတ်တဲ့သူကိုလည်း မထိခိုက်ပါဘူး။ ဒါပေမဲ့ အန္တရယ်ရှိတာက Mailicous Code တွေ ထည့်သွားမဲ့ Hacker တွေကိုတော့ အလွန်ကိုကြောက်စရာကောင်းတယ်ဆိုတာ သိစေချင်လို့ ဒီ Post ကို Korea Information Security Agency နဲ့ ကျွန်တော့် မိတ်ဆွေ bot hacker (တရုတ်ပြည်မှ Game Password Hacker) တစ်ယောက် တို့အား ကိုးကားပြီးရေးထားတာပါ။

Malicious Codes များ ထည့်သွင်းမှုအတွက် ဟက်ကာတွေ တိုက်ခိုက်ရာတွင်


၁. တိုက်ခိုက်ရေးသမားတွေက မိမိတို့ရဲ့ Target ကွန်ပျူတာ၊ အဖွဲ့အစည်း၊ Website တွေထဲကို SQL Injection တွေနဲ့ ၀င်ရောက်ကြပါတယ်။ SQL Injection တွေတစ်ခုတည်းလားဆိုတော့လည်း ဒီတစ်ခုတည်းတော့မဟုတ်ပါဘူး။ တစ်ခြားတိုက်ခိုက်လို့ရတဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ဘယ်လိုပင် ဖြစ်ပါစေ သူတို့ လိုချင်တဲ့အပိုင်းကတော့ user တွေ အများအပြား ၀င်ရောက်လည်ပတ်တတ်တဲ့ နေရာတွေပါ။ ဒီလူတွေဆီကနေ Cookies တွေခိုးမယ်။ IP တွေယူမယ် စသည်ဖြင့်ပေါ့။
၂။ တိုက်ခိုက်ရေးသမားတွေက Vulnerability Website တွေထဲမှာ ၄င်းတို့ရဲ့ Malicious Code တွေ ထည့်သွင်းထားသော Attacker ရဲ့ Web Link တွေ ချိတ်ဆက်ပေးပါတယ်။ ဒီလိုချိတ်ဆက်တဲ့နေရာမှာ iframe ဆိုတာနဲ့သုံးကြပါတယ်။
iframe ဆိုတာ webpage element တစ်ခုဖြစ်ပြီး တစ်ခြား web page တွေကို ၄င်းရဲ့ သတ်မှတ်ထားတဲ့ ဘောင်အတွင်းမှာ အလုပ်လုပ်ရန်အတွက် အသုံးပြုကြပါတယ်။ ....

ဥပမာ . . Planet Myanmar Website မှာ Iframe ကိုထည့်သွင်းထားပုံကိုကြည့်ပါ။

ဆိုတာကိုကြည့်ပါ။

၃. အဲ့အချိန်မှာ အင်တာနက် အသုံးပြုသူတွေက Attacker (Hacker) တွေ ဟက်လုပ်ထားတဲ့ Website တွေကို ၀င်ရောက်လည်ပတ်ပါတယ်။

၎. အကယ်၍ အင်တာနက် အသုံးပြုရဲ့ ကွန်ပျူတာက လုံခြုံရေးမရှိခြင်း၊ Up to Date မဖြစ်နေတဲ့ Internet Security or Antivirus မရှိဘူးဆိုရင် ထိုကဲ့သို့သော Website မှနေ အလွယ်တကူ မိမိရဲ့ ကွန်ပျူတာကို Trojan တွေဝင်ရောက်လာပါလိမ့်မယ်။

၅. ပြီးရင် မိမိရဲ့ Information တွေ၊ user ID, Password တွေကို သတ်မှတ်ထားတဲ့ လမ်းကြောင်းလိပ်စာအတိုင်း ပြန်လည်ခိုးယူပို့ပေးပါလိမ့်မယ်။

ဒီလိုတိုက်ခိုက်မှုမျိုးက ယနေ့ခေတ်မှာတော်တော်လေးကို တွေ့ရပြီး Porn / Unsecure site တွေကို ၀င်ရောက်လည်ပတ်က Antivirus အသွင်ဝင်ရောက်လာတတ်တဲ့ Malware တွေနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ဒီကောင်က နဲနဲအဆင့်ပိုမြင့်သွားတယ်။ ဒီလိုပုံစံတွေက Website တော်တော်များများမှာ ဖြစ်ကြပြီးတော့ ဖြစ်လိုက်တဲ့ Website တွေရဲ့ ၉၀ ရာခိုင်းနှုန်းကတော့ SQL Injection vulnerability မှနေ ဟက်ကာတွေ ၀င်ရောက်ကာ malicious codes တွေ ထည့်သွင်းသွားခြင်းဖြစ်ပါတယ်။
နောက်တစ်ခုကတော့ Upload Vulnerability ပါ.. သူကတော့ WebBoard တွေမှာ user တွေအတွက် image upload တွေပေးထားတာကနေဖြစ်တာပါ။
i. ထို Web Board က extension ဖိုင် စီစစ်မှုကိုမထားခြင်း။ ( Webmaster တွေသတိပြုရမှာက ထိုကဲ့သို့သော Upload setting မှာ extension filtering ကိုစစ်ဖို့လိုပါတယ်)
ii. Upload လုပ်ထားသော file ၏ လမ်းကြောင်းကို user နှင့် Attacker မှ အလွယ်တစ်ကူ ရယူသိရှိနိုင်ခြင်း။
iii. Upload လုပ်ထားသော file များရှိ folder အား execute လုပ်ခွင့် ခွင့်ပြုချက်ပေးထားခြင်းကြောင်းဖြစ်သည်။

ဒီတော့ Trojan File တွေနဲ့ user တွေကို ဘယ်လို တိုက်ခိုက်လဲဆိုတာကို အနည်းငယ် ထပ်ပြီးရှင်းပါမယ်..

Ice Fox Prodigal Web Trojan Generator ဒါက Website တွေကို တိုက်ခိုက်တဲ့နေရာမှာ အလွယ်တကူ အသုံးပြုနိုင်တဲ့ Virus Creator တစ်ခုပါပဲ။ (ဟက်ကာတော်တော်များများကတော့ သူတို့ကိုယ်တိုင် Code လုပ်တာများပါတယ်။)



၎င်းအထဲမှာ iframe ကို width=0 ဆိုပြီး မြှုပ်ထားပါတယ်။ ပြီးရင် icyfox.htm ဆိုတာက icyfox.js ပါတဲ့ Backdoor/Trojan ဖိုင်တွေကို ဆွဲယူသုံးတဲ့သူတွေပါ။ တစ်နည်းအားဖြင့် ၄င်း .js အထဲမှာ Hacker ရေးဆွဲထားတဲ့ လမ်းကြောင်းအတိုင်းကို လုပ်ဆောင်မယ့် Code တွေရှိပါတယ်။

Malicious Code တွေကိုထည့်တာကတော့ ဒါပဲ... ဒီအထဲမှာ Malicious Website ကို လာရောက်လည်ပတ်တဲ့သူတွေရဲ့ Computer တိုင်းလိုလိုမှာ Trojan တွေထည့်လိုက်တယ်။ ပြီးရင် ၄င်း ကွန်ပျူတာတွေထဲကနေ File / Folder တွေကို ခိုးယူလို့ရအောင် Remote Access သုံးလို့ရအောင် အသုံးပြုတဲ့ Web Base UI Program တွေနဲ့ Internet User တွေရဲ့ ကွန်ပျူတာကို လိုအပ်သလို ထိန်းချူပ်တယ်။ ဒီအတိုင်းနဲ့ 2005 လောက်က တရုတ်ပြည်မှာ oct 16 ကနေ oct 17 အထိ ၃၄ နာရီအတွင်းကို ၁၂၁၆ ယောက်လောက် ထိသွားတယ်။

Web Adminstrator တစ်ယောက်အနေနဲ့ မိမိ website ရဲ့ ReWrite Rule တွေကိုသိထားရမယ်။ Security Holes တွေကို အမြဲစစ်ကြည့်နေရမယ်။ user တွေဘက်ကနေ script uploading နဲ့ execution တွေကို block လုပ်ထားရမယ်။ Attacker တစ်ယောက် malicious script တစ်ခု run တာနဲ့ site တစ်ခုတည်းမဟုတ်ဘူး server ရဲ့ root ထဲအထိကိုရောက်နိုင်တယ်။ web board တွေမှာ image uploading module တွေကို သတိထားရတယ်။

source: lannthit

အပြည့်အစုံ

Copy & Paste , Ctrl + C / V ကိုသတိထားရန်

ကျွန်တော်တို့တွေ Ctrl + C/ Copy လုပ်တယ် ပြီးရင် past လုပ်ပါတယ်။ ဒီတော့ ဒီလိုလုပ်လိုက်တဲ့ဟာ အားလုံးကို clipboard မှာယာယီသိမ်းပေးသွားတယ်။ ဒါကို အင်တာနက်ကနေပြီးတော့ အလွယ်တကွယ် Javascripts & ASP တွေနဲ့ ပေါင်းပြီး ကြည့်လို့ရပါတယ်။

ဥပမာအနေနဲ့ ကြည့်မယ်ဆိုရင်
1) Copy any text by ctrl+c
2) Click the Link: www.friendlycanadian.com/applications/clipboard.htm
3) ဒါဆိုရင် မိမိ copy ကူးထားလိုက်တဲ့ စာသားကို ၄င်း webpage မှာ မြင်ရပါလိမ့်မယ်။

ဒါကြောင့် မိမိရဲ့ password, creditcard numbers, pin စသည်တို့ကို မိမိအင်တာနက် သုံးနေစဉ် copy မလုပ်ပါနဲ့။ မိမိရဲ့ clipboard မှ အလွယ်တကူ ခိုးယူနိုင်တယ်ဆိုတာ သိစေချင်လို့ပါ။
ဒါကလည်း အခုအချိန်မှာ firefox မှ လွဲပြီး အခြား browser တွေမှာ ဖြစ်တာများပါတယ်။ Browser တိုင်းမှာ လုံခြုံရေးဆိုင်ရာ script တွေကို access လုပ်မယ် မလုပ်ဘူးဆိုတာ Inform လုပ်ပေမဲ့ user တိုင်းက message ကို တော်တော်နဲ့ မဖတ်တတ်ပါဘူး။ yes or no ဆိုရင် " yes" လိုက်တာပဲ။ allow or disallow ဆိုရင် "allow" လိုက်တာပဲ။

ဒါကိုကာကွယ်ဖို့ IE မှာဆိုရင်
အောက်ပါအပိုင်း setting လုပ်မယ်။

1. Go to internet options->security


2. Press custom level

3. In the security settings, select disable under Allow paste operations via script.

ဒါဆိုရင် လုံခြုံသွားပါပြီ။

http://www.lannthit.com မှ ကူးယူဖော်ပြပါသည်။

အပြည့်အစုံ

Tuesday, 12 October 2010

အင်တာနက်စိစစ် ဖြတ်တောက်မှုများ ကျော်လွှားနိုင်ရေး စာအုပ်

ပိတ်ထားတဲ့ ၀က်ဆိုက်ဘ်တွေ ဘလော့ဘ်တွေကို ကြည့်ရှုနိုင်ဖို့အတွက် စိတ်ဝင်စားဖွယ်ရာ စာအုပ်တအုပ် တင်ပေးလိုက်ပါတယ်။ အဲဒါကတော့ အင်တာနက်စိစစ် ဖြတ်တောက်မှုများ ကျော်လွှားနိုင်ရေး လူထု လက်စွဲ စာအုပ်တအုပ်ပါ။ ကေဵာ်လွှားခြင်း နည်းပညာ ဆိုတာ အင်တာနက် စိစစ်မှုတွေကို ကေဵာ်လွှားရာမှာ အသုံးပြုတဲ့ ကိရိယာတွေ၊ ဆော့ဖ်ဝဲနဲႚ နည်းလမ်းတွေကို ခေၞတာပၝ။ ကေဵာ်လွှားတဲ့ နည်းပညာ တွေမှာ ႟ရှုပ်႟ရှုပ်ထွေးထွေး ဆန်းဆန်းပြားပြား ရှိလှတဲ့ ကွန်ပျူတာ ပ႟ိုဂရမ် တွေပၝသလို၊ အဆင့်တိုင်း အဆင့်တိုင်း လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်မဲ့ တားမြစ် ဝက်ဘ်ဆိုဒ် တွေကို တိုက်ရိုက် ဝင်ကြည့်တာထက် ရှာဖွေရေး အင်ဂဵင်တွေ (Search Engine) မှာ ယာယီသိမ်းထားတဲ့ နေရာတွေက တဆင့် ဝင်ရောက်တာမဵိုးဖြစ်တဲ့ သာမန် နည်းလမ်းတွေအထိ ပၝပၝတယ်။ ဒီလက်စွဲ စာအုပ်ဟာ The Citizen Lab, The University of Toronto, September, 2007, A Civisec Project က ထုတ်ဝေ ဖြန်ႚခဵိခဲ့တဲ့ "EVERYONE’S GUIDE TO BY-PASSING INTERNET CENSORSHIP FOR CITIZENS WORLDWIDE" ကို မြန်မာပြန်ထားတာ ဖြစ်ပၝတယ်။ နည်းပညာ ကျွမ်းကဵင်မှု မရှိတဲ့ အင်တာနက် သုံးစွဲသူတွေအတွက် ဆင်ဆာဖြတ်တောက်မှုကို ကေဵာ်လွှားနိုင်မဲ့ နည်းပညာတွေနဲႚ မိတ်ဆက်ပေးဖိုႚ ရည်႟ရွယ်္ဘပီး ထုတ်ဝေခဲ့တာ ဖြစ်သလို၊ လက်ရှိ မြန်မာနိုင်ငံက အင်တာနက် သုံးသူတွေ ရင်ဆိုင် နေရတဲ့ အခြေအနေတွေ၊ လိုအပ်ခဵက်တွေနဲႚ အကိုက်ညီဆုံး နည်းလမ်းကိုေ႟ရွးခဵယ်နိုင်ဖိုႚ အထောက်အကူလည်း ပေးနိုင်တာကြောင့် အခုလို မြန်မာပြန်္ဘပီး ပြန်လည် ဖြန်ႚခဵိလိုက်တာ ဖြစ်ပၝတယ်။ လိုအပ် သူတွေ အေနနဲႚ လိုသလို သံုးၾကဖုိႚပၝပဲ။

အင်တာနက်စိစစ် ဖြတ်တောက်မှုများ ကျော်လွှားနိုင်ရေး လူထု လက်စွဲစာအုပ်ကိုတော့ မြန်မာအိုင်အက်ပီ (Myanmarisp)ကနေ ကူးယူဖော်ပြတာပါ။ သူ့ရဲ့ လင့်ကတော့ https://www.myanmarisp.com/ICT/ICT/ict0038/view မှာ သွားရောက်ကြည့်နိုင်သလို့...

Guide Burmese

အပြည့်အစုံ

အင်တာနက်သုံးစွဲသူများအတွက် အသိပေးချက် ၈ ချက်

အင်တာနက်သုံးစွဲသူများအတွက် အသိပေးချက် ၈ ချက်နဲ့ လက်တွေ့အသုံးချ အစီအစဉ် စာအုပ်လေး တင်ပေးလိုက်တာပါ။ အင်တာနက်ဆိုင်တွေမှာ သုံးစွဲသူများ သတိထားရမယ့် အချက်အလက်တွေဖြစ်ပါတယ်။ အင်တာနက်ဆိုင်မှာ သုံးစွဲသူတွေ အနေနှင့်လည်း ဖတ်ရှုထားသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ မြန်မာအိုင်အက်ပီ Myanmarisp ကနေ ရေးသားတင်ပြထားတာပါ။ သူရဲ့လင့်ကတော့ https://www.myanmarisp.com/ICT/ICT/ict0039/view မှာ ၀င်ရောက်ကြည့်ရှုနိုင်သလို တခါတည်း ဖတ်လို့ရအောင်လည်း စာအုပ်ကို တင်ပေးထားပါတယ်။


Do and Don't Internet Users

အပြည့်အစုံ

Portable Oxford English Dictionary

Portable Oxford English Dictionary အော့ဖိုစ် ကထုတ်ထားတဲ့ သွားလိုရာ USB flash Drive လေးနဲ့ သိမ်းဆည်း သယ်ယူသွားလို့ ရပါတယ်။ သုံးချင်တဲ့ ကွန်ပျူတာ ကောက်ပြီးသုံးယုံပါပဲ။ Portable Oxford English Dictionary ကို ဒေါင်းလော့လုပ် ယူမယ်ဆိုရင် Portable Oxford English Dictionary ဒီမှာ မှာ ဒေါင်းလော့ လုပ်ယူပြီး သိမ်းဆည်းထား နိုင်ပါတယ် ခင်ဗျား။ ဒေါင်းလော့ယူမယ်ဆိုရင်... Read More ကိုနှိပ်ပြီး ဒေါင်းလော့လို့ရမှာ ဖြစ်ပါတယ်။

အပြည့်အစုံ

Babylon English Myanmar Dictionary


ဒီနေ့တော့ အင်္ဂလိပ်စာ လေ့လာသူနဲ့၊ ဘာသာပြန်သူများအတွက် English - မြန်မာ အဘိဓါန်ကို ဘယ်လို ယူရမလဲဆိုတာ ပြောပြပါမယ်။ မြန်မာပညာရှင်တွေ အများအပြားကလည်း တင်ပြပေးတာ ရှိပါတယ်။ ဒါပေမယ့် ကျနော့်စာမျက်နှာထဲ ၀င်ရောက်လာသူ အချို့ ဟာ အမှုမဲ့ အမှတ်မဲ့ မသိသေးတာလေးတွေ ရှိမှာပါ။ ဒါကြောင့်မို့ Basic Users ကော Advance Usersများအတွက် ဝေမျှပေးတာပါ။
 
တကယ်တော့ Babylon Dictionaryဟာ English to English Dictionaryပါ။ သူ့ကို English - မြန်မာအဘိဓါန် အဖြစ် ပြောင်းမှာပါ။
(၁) ဦးစွာ ဤလင့်အား နှိပ်၍ File download ယူပါ။
Zip File ထဲတွင် Setup, patch file နှင့် မြန်မာအဘိဓါန်ထည့်သွင်းတဲ့ file ပါပါတယ်။
(၂) Download လုပ်ပြီး Compress zipped fileလုပ်ပါ။
(၃) Installation Window ပေါ်လာပြီး Next ကို နှိပ်၍ license agreement ကို Yesနှိပ်ပါ။
 

(၄) Installation Typeမှာ Quick Installation ကိုသာထား၍ Install buttonကို နှိပ်ပါ။
(၅) Installation complete မှာ update ယူဖို့အတွက် email လိပ်စာတောင်းပါမယ်။ လိပ်စာရိုက်၍ finish နှိပ်ပါ။ (၆) ဖွင့်ထားသော Babylonကို ပိတ်ပါ။ Task barမှလည်း R-clickနှိပ်၍ Exit
(၇) ဖြုတ်ထားသော zip folder မှ Patch file ကိုဖွင့်ပါ။ ထို့နောက် patch buttonကိုနှိပ်ပါ။
(၈) Babylon Dictionaryကို ဖွင့်ပါ။ Optionသွား၍ Dictionaryမှ Install Dictionary from Diskနှိပ်ပါ။ Padonma English - Myanmar fileကို ရွေး၍ Installလုပ်ပါ။
ပြီးပါပြီ။

www.waidar.co.cc မှ ကူးယူဖော်ပြသည်။

အပြည့်အစုံ

အင်္ဂလိပ် - မြန်မာ အဘိဓာန် (English Myanmar Dictionary)

အခုတင်ပေးလိုက်တဲ့ အဘိဓာန်ကတော့ အင်္ဂလိပ်-မြန်မာ အဘိဓာန်လေးပါ။ အင်္ဂလိပ်စာ လေ့လာသူများအတွက် ရှာဖွေပြီး တင်ပေးလိုက်တာပါ။ ဒီအင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ရေးသားသူကတော့ ကိုစိုးမင်းဖြစ်ပါတယ်။ အခုလင့်ကို http://wxpydict.googlecode.com/files/wxPyDict_setup.exe သွားရောက်ပြီး ဒေါင်းလော့ ယူနိုင်ပါတယ်။ သြော်.. ဒေါင်းလော့ယူမယ်ဆိုရင်... Read More ကိုနှိပ်ပြီး ဒေါင်းလော့လို့ရမှာ ဖြစ်ပါတယ်။

အပြည့်အစုံ

မြန်မာ-အင်္ဂလိပ် အဘိဓာန် (Myanmar English Dictionary)

Crystalrays.org မှာတွေ့လို့ မြန်မာ - အင်္ဂလိပ် အဘိဓာန် တင်ပေးလိုက်ပါတယ်။ အပိုင်း (၁) နဲ့ အပိုင်း (၂) ဆိုပြီး ခွဲထားပါတယ်။ ဒေါင်းလော့ယူမယ်ဆိုရင် နှစ်ပိုင်းလုံးကို ဒေါင်းလော့လုပ်ရမှာဖြစ်ပါတယ်။

Myanmar-English Dictionary iso-119MB
part1- 52.5 MB
part2- 47.5 MB

အပိုင်း (၁) ကို ယခု လင့်မှ http://dc196.4shared.com/download/244307200/92d13c06/ME_dictpart1.rar ဒေါင်းလော့ယူလို့ရပါတယ်။
အပိုင်း (၁) ကို ယခု လင့်မှ http://dc205.4shared.com/download/244307575/a8b548cb/ME_dictpart2.rar ဒေါင်းလော့ယူလို့ရပါတယ်။

Password ကတော့... www.crystalrays.org ဖြစ်ပါတယ်။

အပြည့်အစုံ