Thursday, 3 January 2013

Internet သုံးစွဲမှု အကျိုးကျေးဇူးနှင့် အန္တရာယ်


၁။ ကမ္ဘာတစ်ဝှမ်းတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုဆက်ဆံရေး ဆက်သွယ်မှုပုံစံရပ်သည် သတင်းအချက်အလက် နည်းပညာရပ်များအားအသုံပြု၍ တိုးတက်ပြောင်းလဲလာခဲ့ပါသည်။ ထိုသို့ပြောင်းလဲတိုးတက်စေရန် အဓိကလုပ်ဆောင် လာသောအရာမှာ အင်တာနက်ပင်ဖြစ်ပါသည်။ အင်တာနက်ဆိုသည်မှာ တစ်ကမ္ဘာလုံးရှိ ကွန်ပျူတာအသုံးပြုသူများအား ချိတ်ဆက်ပေးထားသည့် ကွန်ရက်စနစ်ပင်သည်။ အင်တာနက်မတိုင်မီတွင် Main Farme Computer အား ဗဟိုပြုထားသော ကွန်ရက်စနစ်အငယ်စားများသာ ရှိခဲ့ပါသည်။ ၁၉၆၀ ပြည့်လွန်နှစ်မှစတင်၍ ကွန်ပျူတာသုတေသနပညာ ရှင်များဖြစ်ကြသော Levi C. Finch နှင့် Robert W. Taylor တို့မှ ဦးဆောင်၍ Packet Switching ဟုခေါ်ဆိုသော စနစ်တရပ်အား တီထွင်၍ တစ်ကွဲတစ်ပြားစီဖြစ်နေသော ကွန်ရက်များအား ချိတ်ဆက်နိုင်ရန် ကြိုးစားခဲ့ပါသည်။ ၁၉၆၀ ပြည့်နှောင်းပိုင်းနှင့် ၁၉၇၀ ပြည့်လွန် နှစ်တွင်မှု ARPANET စနစ် စတင်ပေါ်ပေါက်လာခဲ့ပါသည်။ ၄င်း ARPANET စနစ်အား အမေရိကန်တပ်မတော်မှ ဖော်ထုတ်အသုံးပြုခဲ့ကြပါသည်။ ထိုကွန်ရက်စနစ်အား နည်းပညာဆိုင်ရာ၊ စစ်ရေးနှင့် သုတေသနလုပ်ငန်းအတွက်သာ ကန့် သတ်အသုံးပြုခဲ့ကြပါသည်။ ARPANET သည် အင်တာနက်၏ ရှေ့ပြေးကွန်ရက်စနစ်ဖြစ်ရာ နောင်တွင် အင်တာနက်အဖြစ်သို့ ပြောင်းလဲထွက်ပေါ်လာခဲ့ပါသည်။ ၁၉၈၀ ခုနှစ် နောက်ပိုင်းအထိ အင်တာနက်သည် အစိုးရထိပ်တန်းကန့်သတ်ထားသော နည်းပညာရပ်ဖြစ်ခဲ့ပါ သည်။ စစ်ရေးနှင့် သုတေသနလုပ်ငန်းအတွက်သာ အသုံးပြုခွင့်ရှိကာ အမေရိကန်အမျိုးသားသိပ္ပံ ဖောင် ဒေးရှင်း (National Science Foundation) မှ ကြီးကြပ်ခဲ့ပါသည်။ ထို့နောက် ၁၉၉၀ ခုနှစ် အစောပိုင်းကာလမှ စတင်၍ အင်တာနက်သည် ကမ္ဘာအရပ်ရပ်ရှိ လူသားအားလုံးအတွက် ဖြစ်ပေါ် လာခဲ့ပါသည်။
၂။ အင်တာနက်အသုံးပြုမူသည် စတင်ပေါ်ထွက်လာသည်မှစ၍ အချိန်နှင့်တပြေးညီ ကြီးမားကျယ်ပြန့် လာခဲ့ပါသည်။ ယုခုဆိုလျှင် အင်တာနက်သည် တစ်ကမ္ဘာလုံးရှိ အိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ ကျောင်းများ၊ ရုံးများနှင့် စာကြည့်တိုက်များ သို့ပါရောက်ရှိနေခဲ့ပြီး ဖြစ်ပါသည်။ ပညာရေးဆိုင်ရာ သုတေသနလုပ်ငန်းနှင့် စစ်ဘက်ရေးရာကာ ကွယ်ရေးအတွက်ပါ ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ အင်တာနက်အားအသုံး ပြု၍ ဖိုင်များလွှဲပြောင်းခြင်း၊ အီးမေးများပို့ခြင်းနှင့် USENET ဟုခေါ်ဆိုသော Fourm မှ တဆင့် သတင်းအချက်အလက်များပေးပို့ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြပါသည်။ ထို့ နောက် HTTP (Hypertext Transfer Protocol) တိုးတက်ကျယ်ပြန့်လာပြီး စာသား၊ ရုပ်ပုံ၊ အသံဖိုင်များကိုပါ ပို့ဆောင်နိုင်သော Webpage ဟုခေါ်ဆိုသော Hyperlinked Electronic Document မှတစ်ဆင့် အင်တာနက်အသုံးပြုသူများအချင်းချင်း ဖိုင်များ အား ပို့ဆောင်နိုင်လာကြပါသည်။ ယခုအခါတွင် အင်တာနက်အသုံးပြုမူသည် ကမ္ဘာပေါ်ရှိ လူများအချင်းချင်း ဆက်သွယ်ရေး၊ ဖျော် ဖြေရေးအတွက်ပါ အသုံးပြုလာကြပြီဖြစ်ပါသည်။ ပညာရပ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ သိလိုသမျှအားလုံးကို အင်တာ နက်စာမျက်နှာပေါ်တွင် ရှာဖွေလေ့လာနိုင်သဖြင့် ကျောင်းသားလူငယ်များနှင့် သုတေသနပညာရှင်များအတွက် အလွန် အမင်းပင် အကျိုးကျေးဇူးဖြစ်ထွန်းပါသည်။ အင်တာနက်အသုံးပြု၍ တစ်ဦးနှင့်တစ်ဦးဆက်သွယ်နိုင်ခြင်း၊ သုတေသန လုပ်ဆောင်နိုင်ခြင်း၊ ပို့ချခြင်းနှင့် သင်ရိုးညွှန်းတမ်းများ ဖြန့်ဝေနိုင်ခြင်း၊ သုတေသနရလဒ်စာတမ်းများနှင့် ဆောင်းပါးများကို ထုတ်ဝေဖြန့်ဝေနိုင်ခြင်းတို့ကို ပြုလုပ်နိုင်လာပါသည်။
၃။ အင်တာနက်အား ကုမ္ပဏီများ၊ အဖွဲ့အစည်းများသည် တစ်ဦးချင်းစီအထိ နည်းလမ်းအမျိုးမျိုးနှင့်အသုံးပြုကြပါသည်။ ကုမ္ပဏီများသည် ကြော်ငြာခြင်း၊ ရောင်းဝယ်ခြင်း၊ ကုန်စည်ဖြန့်ဖြူးခြင်းနှင့် ဖောက်သည် ၀န်ဆောင်မူပေးခြင်းတို့ပါဝင်သော အီလက်ထရောနစ် ကူးသန်း ရောင်းဝယ်ရေး (E-Commerce) အတွက် အင်တာနက်ကို အသုံးပြုကြပါသည်။ Oline သတင်းနှင့် မိုးလေ၀သသတင်းအတွက်သာမက ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များအတွက်ကိုပါ အသုံးပြုလာနိုင်ကြပါသည်။ အင်တာနက်အားအသုံးပြု၍ Chatting ပြုလုပ်ခြင်းနှင့် Email ပို့လွှတ်ခြင်း အားဖြင့် အလိုရှိသည့်အချိန်တွင် ဆက်သွယ်မူများအား လုပ်ဆောင်လာနိုင်ခဲ့ပါသည်။ ထို့အပြင် ဘဏ္ဍာရေးဆိုင်ရာသတင်းအချက်အလက်များ ဖလှယ်မူနှင့် သတင်းအရင်းအမြစ်များရရှိမူ (Business- to- Transaction) တို့အတွက်လည်း အင်တာနက်အား အသုံးပြုကြပါသည်။ အဖွဲ့အစည်းများသည် လည်း ဆက်သွယ်မူပြုလုပ်ရာတွင်လည်း Video Conference ပြုလုပ်နိုင်သည်အထိ အင်တာနက်အား အသုံးပြုလာနိုင်ကြပါ သည်။ တစ်ဦးချင်းအနေဖြင့်လည်း ဆက်သွယ်ရေး၊ ဖျော်ဖြေရေး၊ အချက်အလက်ရှာဖွေရေး၊ ကုန်စည်နှင့် ၀န်ဆောင်မူများကို ရောင်းဝယ်ရေးတို့ အတွက်လည်း အင်တာနက်အား အသုံးပြုကြပါသည်။

၎။ အင်တာနက်အသုံးပြုမူများအား လေ့လာမည်ဆိုပါက အောက်ဖော်ပြပါ အကြောင်းအရာများ အား လေ့လာတွေ့ရှိ ရမည်ဖြစ်ပါသည်။ အင်တာနက်သို့ ၀င်ရောက်ရန်အတွက် Internet Browser ကိုဖွင့်ပြီးနောက် စတင်ထည့်သွင်းရသည့် စာလုံးမှာ WWW ပင်ဖြစ်ပါသည်။ ၎င်း WWW သည် World Wide Web ၏ အတိုကောက်ပင်ဖြစ်ပြီး Web ဟုလည်း ခေါ်ဆို ကြပါသည်။ Web သည် အင်တာနက်အား အသုံးပြုသော နည်းလမ်းများအထဲမှ တစ်ခုဖြစ်သော်လည်း အင်တာနက် အကြောင်းပေါ် ရှိ ၈၀% သည် Web များပင် ဖြစ်ပါသည်။ ၎င်း Web ကြောင့်ပင် အင်တာနက်သည် ပိုမိုထင်ရှားလာခဲ့ ခြင်းဖြစ်ပါသည်။ World Wide Web အား ဗြိတိသျှလူမျိုး ရူပဗေဒ ကွန်ပျူတာသိပံ္ပပညာရှင် Timotty Beaners Lee မှ ၁၉၈၉ ခုနှစ်တွင် တီထွင်ဖော်ထုတ် ခဲ့ခြင်းဖြစ်ပါသည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ နျူကလီးယား သုတေသနဆိုင်ရာ ဥရောပအသင်း (CERN) တွင် သုတေသန လုပ်ဆောင် ဖော်ထုတ်ခဲ့ခြင်းဖြစ်ပါသည်။ ၁၉၉၀ ခုနှစ် ဩဂုတ် ၆ ရက်နေ့တွင် Web အား အများပြည်သူနှင့် စတင် မိတ်ဆက်နိုင်ခဲ့ပါသည်။ အင်တာနက်အသုံးပြုမူအား ပိုမို၍ လွယ်ကူစေသော ၀န်ဆောင်မူတစ်ရပ်မှာ Web လမ်းညွှန်း Search Engine ပင်ဖြစ်ပါသည်။ ၁၉၉၄ ခုနှစ် တွင် ကျောင်းသားတစ်ဦးဖြစ်သော Jerry Yang Yahoo Search Engine အား ဖော်ထုတ်နိုင်ခဲ့ပါသည်။ Yahoo Search Engine ပြီးနောက် ပေါ်ထွက်လာသော Search Engine မှာ Google Search Engine ပင်ဖြစ်ပါသည်။ Google Search Engine အား စတန်းဖိုဒ့်တက္ကသိုလ်မှ လာရီပေ့ခ်ျ နှင့် ဆာဂျီ ဘရင် ကျောင်းသားနှစ်ဦးတို့မှ ဖော်ထုတ်ခဲ့ခြင်းဖြစ်ပါသည်။

၅။ အင်တာနက်ပေါ်တွင် သတင်းအချက်အလက်များရှာဖွေရန် Search Engine အသုံးပြုခြင်း သာမက တစ်ဦးချင်းနှင့် အဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်းများအား ဆက်သွယ်ရန် အင်တာနက်အား မဖြစ်မနေ အသုံးပြုနေသော နည်းပညာတစ်ရပ်မှာ Email နှင့် Chatting ပင်ဖြစ်ပါသည်။ မိမိ ဆက်သွယ်လိုသော သူများအား အချိန်မရွေး၊ နေရာမရွေး Email မှ တစ်ဆင့် ချက်ခြင်း ဆက်သွယ်နိုင်မည့် ဖြစ်ပါသည်။ ကိုယ်ပိုင် Mail Account နှင့် Chatting Account အား အလွယ်တကူရရှိနိုင်ခြင်းနှင့် ၎င်းတို့အား အသုံးပြုနိုင်ရန်အတွက် ကိုယ်ပိုင်ကွန်ပျူတာမလိုအပ်ဘဲ အင်တာနက်ချိတ်ဆက်ထားသည့် မည်သည့် ကွန်ပျူတာ မှမဆို အသုံးပြုနိုင်ခြင်း တို့အတွက်ကြောင့် အင်တာနက်နှင့် Email Chatting အသုံးပြုမူသည် အရှိန်အဟုန်ပိုမို ကြီးမားလာ ခဲ့ပါသည်။

၆။ ယနေ့ခေတ်ကာလတွင် အင်တာနက်အား နိုင်ငံရေး၊ စီးပွားရေးနှင့် လူမူရေးရူ ဒေါင့်တွင် ကြီးမားသော အခန်းကဏ္ဍ အနေဖြင့် တည်ရှိနေလေသော အကြောင်းအရာများ မှာလည်း Fourum Blogss နှင့် Social Network များပင်ဖြစ်ပါသည်။ အင်တာနက် Fourum များတွင် အကြောင်းအရာမျိုးစုံကို ဆွေးနွေးနိုင်ပြီး မိမိလိုချင်သည့်အကြောင်း အရာခေါင်းစဉ်ကို တင်ပြ နိုင်ပါသည်။ ထို့အတူ အခြားသူများ၏ မှတ်ချက်များနှင့် တုံ့ပြန်မူများကို Fourum တွင်ဝင်ရောက်ဖတ်ရူနိုင်ပါသည်။ သို့ဖြစ်ပါ၍ အင်တာနက် Fourum သုံးစွဲမူသည် အင်တာနက်အသုံးပြုသူများ သတင်းအချက်အလက်ရှာဖွေရန်အတွက် အထူးပင် ရေပန်းစား အသုံးများလာခဲ့ပါသည်။ အခြားထင်ရှားရေပန်စားလာသော အင်တာနက်အသုံးပြုမူတစ်ရပ်မှလည်း Bolgs များ ပင်ဖြစ်ပါသည်။ မူလအစတွင် Blogs သည် စာသားများ၊ ရုပ်ပုံများနှင့် အခြားသော မီဒီယာများ ကို ဖော်ပြရန် ဖန်တီသူအတွက် အကောင်းဆုံးနည်းလမ်းဖြစ်သော Web စာမျာက်နှာ (Static Webpage) များပင်ဖြစ်ပါသည်။ အင်တာနက်အသုံးပြုမူ ပိုမိုလွယ်ကူလာစေခြင်းနှင့် Website တစ်ခုလုံး ဖန်တီး ခြင်းထက် မိမိအတွေး (Idea) များကိုသာ ဝေမျှချင်ကြသည့်အတွက် Blogs သို့မဟုတ်၊ Web Blogs များသည် ထင်ရှားလာခြင်းဖြစ်ပါသည်။ Blogs သည် တစ်ဦးခြင်း သို့မဟုတ်၊ အသင်းအဖွဲ့များ မှနေ၍ အခြားတစ်စုံတစ်ဦးထံသို့ ဆက်သွယ်စေနိုင်ပါသည်။ Blogs နှင့် Forum များမှတစ်ဆင့် သဘောထားမှတ်ချက်များ၊ သတင်းများ၊ ခံယူချက်များ ဝေမျှနိုင်ပါသည်။ ထိုကဲ့သို့ မိမိတို့အတွေး၊ အဘောထား၊ ခံယူချက်များကို အင်တာနက်ပေါ်တွင် ဝေမျှရာတွင် အသုံးပြုသော အခြားဆန်းသစ်သည့် နည်းလမ်းတစ်ရပ်မှ Social Network လူမူရေးကွန်ရက် များပင်ဖြစ်ပါ သည်။ အင်တာနက်ပေါ်ရှိ လူမူရေးကွန်ရက်များသည် အင်တာနက်အသုံးပြုသူတစ်ဦးချင်းစီ ၏ နေ့စဉ်ဘ၀အတွင်းသို့ ထည် ထည့်ဝင့်ဝင်း ၀င်ရောက်နေရာယူလာပြီဖြစ်ပါသည်။ ၎င်းလူမူရေးကွန်ရက်များတွင် တစ် ဦးချင်စီ၏ ကိုယ်ပိုင်စာမျက်နှာများ ဖွင့်လှစ်နိုင်ကြပြီး အဆွေခင်ပွန်းဖွဲ့မူကိုလည်း လွယ်ကူစွာပြုလုပ်နိုင်ကြပါသည်။ ထင်ရှားကျော်ကြားသော လူမူရေးကွန်ရက် နှစ်ခုမှာ Facebook.com နှင့် Myspace.com တို့ ဖြစ်ကြပါသည်။ Social Network၊ Forum နှင့် Blogs များ၏ အားသာချက်များမှ ကမ္ဘာအရပ်ရပ်ရှိ မိမိတို့နှင့် သဘောထားအကြိုက်တူ ညီသောသူများအား တစ်နေရာတည်းတွင် စုစည်းတွေ့ရှိနိုင်ပြီး အဆွေခင်ပွန်း တိုးပွားစေခြင်းပင်ဖြစ်ပါသည်။ ထိုသို့သာမက online Dating ကဲ့သို့သော ၀န်ဆောင်မူအား အသုံးပြု၍ ဘ၀လက်တွဲဖော်ရှာဖွေရာတွင်လည်း အထူးပင်အကြိုးကျေးဇူးရရှိစေပါသည်။ Social Network Blogs နှင့် Forum များအား အသုံးပြု၍ Knowledges Sharing ကြောင့် သာမန်လူများအား အသိပညာ အတက်ပညာရပ်များကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် တက်ကျွမ်းလာကြပါသည်။ သူတစ်ပါးအား မှီခိုအားထားမူပြုနေရခြင်း သည်လည်း လျော့နည်းလာပြီး မီဒီယာ ၏အခန်းဏ္ဍသည်လည်း တစ်ဟုန်ထိုး တိုးတက်လာခဲ့ပါသည်။ လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်အရည်အသွေးများ ပိုမိုတောက်ပြောင်လာခဲ့ပြီး အရည်အချင်းမြင့်မာသော နိုင်ငံသားများ ဖြစ်ပေါ်လာစေခဲ့ပါသည်။

၇။ အင်တာနက်အသီးအပွင့်များကို ခံစားနိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းလာကြ ရ ငွေကြေး ၀န်ဆောင်မှု၊ အေဂျင်စီလုပ်ငန်းများ အများအပြားပေါ်ထွက်လာခဲ့ကြပါသည်။ ယခုအခါ တွင် လေယာဉ်လက်မှတ်ဝယ်ရန်၊ စာအုပ်ဝယ်ရန်၊ ငွေလွှဲရန်၊ လောင်းကစားပြုလုပ်ရန်၊ ဈေးဝယ် ရန်၊ ကြော်ငြာထည့်ရန်နှင့် ကြင်ဖက်ရှာဖွေရနစ်သော လူမူရေး၊ စီးပွား ရေးကိစ္စရပ်များ အတွက် အင်တာနက်အား အသုံးပြုလာပြီ ဖြစ်ပါသည်။ နိုင်ငံရေးအနေဖြင့်လည်း သတင်းများထုတ်ပြန်ခြင်းနှင့် ဆိုက်ဘာ တိုက်ပွဲဟုခေါ်ဆိုရသော သတင်း အချက်အလက်စစ်ပွဲအတွက် အင်တာနက်အား အသုံးပြုကြပါသည်။ Internet အသုံး ပြုမူ တနေ့တခြား များပြားခြင်းနည်းတူ ရင်ဆိုင်ကြုံတွေ့နေရသော နည်းပညာစိန်ခေါ်မူ တစ်ရပ်မှာ သတင်းအချက်အလက် လုံခြုံမူပင် ဖြစ်သည်။ Hacker များ၏ တရားမ၀င်ခိုး ယူဝင်ရောက် သုံးစွဲမူနှင့် ၎င်းတို့ ဖန်းတီးထားသည Virus များကြောင့် သတင်းအချက် အလက်လုံခြုံမူသည် ပိုမိုရူပ်ထွေးလာခဲ့ရပါသည်။ ဈေးကွက် Company ကြီးများသည် ဖောက်သည်များ၏ ကိုယ်ရေးအချက်လက်များအား မှတ်တမ်းတင်ထားရှိပြီး ပုံမှန်ရောင်းချနိုင်ခွင့်ရရှိရန် ကျိုးပမ်းကြပါသည်။ အစိုးရနှင့် လူမူ အဖွဲ့စည်းများမှ စုဆောင်းထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို တိုင်းတာလေ့လာရေး၊ ကုန်စည်တိုးမြုင့်ရေး နှင့် အမျိုးသားလုံခြုံရေးကိစ္စရပ်များအတွက် အသုံးပြုကြ ပါသည်။ ၎င်းအချက်အလက်များသည် မသမာသူများလက်သို့ ရောက်ရှိသွားသောအခါတွင်မူ မလိုလား အပ်သော ပြဿနာရပ်များစွာ ပေါ်ပေါက်လာရပါတော့သည်။

၈။ Intrenet ခေတ်သို့ ရောက်ရှိလာသောအခါ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမူရေး ကိစ္စရပ်အ၀၀တို့တွင် အရာရာ အဆင်ပြေတိုးတက်လာသည်ကို တွေ့ရှိခဲ့ရပါသည်။ ထိုသို့ တိုးတက်လာခြင်းနည်းတူ ဆိုးကျိုးများသည်လည်း ပေါ်ပေါက်လာခဲ့ရပါသည်။ ယခုအခါ Internet Chatting သည် အလွန် အသုံးပြုများ Internet သုံးစွဲမူတစ်ရပ်ပင်ဖြစ်ပါ သည်။ တစ်ဦးနှင့်တစ်ဦး မဆုံတွေ့ဘူးသူများသည် Internet ပေါ်တွင် မိတ်ဖွဲ့၍ ဆက်သွယ်ပြုလုပ်လေ့ရှိပါသည်။ ထိုသို့ ကောင်းမွန်စွာ ဆက်သွယ်မှု ပြုလုပ်ခြင်း နည်းတူ Internet ရာဇ၀တ်မူပြုလုပ်ခြင်းကိုလည်း တွေ့ရှိရပါသည်။ ထိုရာဇ၀တ်ပြုလုပ်ပုံအား ဥပမာအနေဖြင့် ဖော်ပြရမည်ဆိုလျှင် တိုက်ခိုက်မည့်သူမှ ပစ်မှတ်အား Chatting နှင့် Email မှတဆင့် ရင်နှီးမူရရှိအောင် ပထမ ဦးစွာ မိတ်ဖွဲ့လေ့ရှိကြောင်းတွေ့ရှိရပါသည်။ ပစ်မှတ်ယုံကြည်မူအား ရရှိအောင်တည်ဆောက်ပြီး မိမိအလိုရှိရာသို့ သိမ်သွင်း၍ရ အောင် ကြိုးပမ်းလေ့ရှိပါသည်။ ပစ်မှတ်အနေဖြင့် ယုံလွယ်တက်ခြင်း၊ Internet လုံခြုံမူဆိုင်ရာ ဗဟုသုတနည်းခြင်း၊ စပ်စု တက်ခြင်းနှင့် လောဘအစရှိသော သဘောသဘာဝများရှိပါက တိုက်ခိုက်သူမှာ ထိန်းချုပ်မူရရှိစေရန် ပိုမိုလွယ်ကူစေ ပါသည်။ ပစ်မှတ်၏ ယုံကြည်မူရရှိပြီးသောအခါ တိုက်ခိုက်သူမှာ အတွင်းရေး အစရှိသော ကိစ္စရပ်များနှင့်ပတ်သက်၍ အချက်အလက်များ စုဆောင်းပါသည်။ ထို့နောက် ထိုအချက်အလက် များ ကိုအသုံးချ၍ ခြိမ်းခြောက်ခြင်း၊ မိမိအလိုရှိရာသို့ခိုင်းစေခြင်း အစရှိသည့်တို့ကို ပြုလုပ်လေ့ရှိပါသည်။ ထင်ရှားသော အဖြစ်ပျက်တစ်ရပ်မှာ Online မှတဆင့် မိတ်ဖွဲ့၍ Internet ရာဇ၀တ်မူ ကြောင့် မိမိကိုယ်ကို သတ်သေသွားသော Korea ရုပ်မြင်သံကြား သရုပ်ဆောင်မင်းသမီး Jeong Da Bin နှင့် ပေါ့အဆိုတော် Yuni တို့၏ အဖြစ်အပျက်များပင် ဖြစ်ပါသည်။

၉။ Internet အသုံးပြုတိုက်ခိုက်မူပုံစံများသည် တစ်ဦးချင်းကိုယ်ကျိုးအတွက် တိုက်ခိုက်လေ့ရှိရာမှ ယခုအခါတွင်မူ နိုင်ငံ၏ စီးပွားရေးနှင့် စစ်ရေးကိစ္စရပ်များတွင်ပါ အကျိုးအမြတ်ရရှိအောင် အသုံးပြုလာကြောင်းတွေ့ရှိရပါသည်။ Google Internet Company၊ PC World၊ New York Time သတင်းစာများနှင့် အခြင်းသတင်းဌာနများ၏ သတိပေးချက်အရ တရုတ် နိုင်ငံ၏ Cyber ထောက်လှမ်းရေး အဖွဲ့ဝင်များသည် ဆန့်ကျင် ဘက်အဖွဲ့အစည်းများနှင့် အခြားသူများ Online မိတ်ဖွဲ့မူအား အသုံးပြု၍ အချက်အလက်များစုဆောင်းကြောင်း (CNN) သတင်းဌာနမှ သတင်းထုတ်ပြန်ကြောင်း သိရှိရပါသည်။ ၎င်းစုဆောင်းရရှိသော အချက်အလက်များအားအသုံးပြု၍ ပစ်မှတ်များ၏ Email များအတွင်းသို့ ၀င်ရောက်ကာ သတင်းအချက် အလက်စုဆောင်းပြီး ရောင်းစားခြင်း ပြုလုပ်သည်ဟု သိရှိရပါသည်။ Ghost Net ဟုခေါ်ဆိုသော Internet သူလျှို ကွန်ရက် အဖွဲ့အစည်းသည် ကမ္ဘာပေါ်တွင်ရှိသော အစိုးရ၊ သံရုံး၊ နေတိုးအဖွဲ့၊ သတင်းမီဒီယာ အချို့နှင့် နိုင်ငံတကာအဖွဲ့ အစည်းပိုင် သော Computer တစ်ထောင်ကျော်အတွင်းသို့ ၀င်ရောက်ပြီး သတင်းအချက်အလက်များ ရယူခဲ့ကြောင်း ဗြိတိန်၊ အမေရိကန် နှင့် ကနေဒါနိုင်ငံ ပညာရေးအဖွဲ့အစည်းများ၏ သုတေသီများ မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ထိုသတင်းအချက်အလက် စုဆောင်းရေး သူလျှိုပြုလုပ်မူ ပုံစံအား လေ့လာရာတွင်လည်း ပစ်မှတ်အဖွဲ့အစည်းများရှိ လူပုဂ္ဂိုလ်များအား Online Chatting၊ Datting၊ Social Website နှင့် Blogss များမှတဆင့် ရင်းနှီးမူရအောင် ပထမဦးစွာ ပြုလုပ်ြ ကကြောင်း တွေ့ရှိရပါသည်။ ထိုပုဂ္ဂိုလ်များ၏ Computer များမှတဆင့် ပစ်မှတ်အဖွဲ့အစည်း အတွင်းရှိ Computer များတွင်ရှိသော အချက်အလက် များနှင့် Email များသာမက Vedio Camera များနှင့် Microphone အသုံးပြု၍ စကားပြောသော အကြောင်းအရာများကို ရယူသွား ကြောင်း သိရှိရပါသည်။ ထိုကြောင့် Nato အဖွဲ့သည် Internet အားစစ်မြေပြင်တစ်ခုအနေဖြင့် သိမြင်လာကြပြီး စစ်နည်း ဗျူဟာတစ်ခု ကျင့်သုံးဖို့လိုကြောင်း အဘောပေါက်လာကြခြင်း ဖြစ်ပါသည်။

၁၀။ ယခုအခါတွင် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ကိစ္စအရပ်ရပ်များသည် Internet ကွန်ရက်ပေါ် မှီခိုအားထားလာရ သည် ဖြစ်သဖြင့် မသမာသူ ဆန့်ကျင်ဘက် အဖွဲ့အစည်းများမှနေ၍ Internet တိုက်ခိုက်မူနည်းလမ်းများအား အသုံးပြု၍ အမျိုးမျိုး အနှောက်အယှက်ပေးလာကြောင်းသိရှိရပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံနှင့် ဂျာမနီ အပါအ၀င် နေတိုးအဖွဲ့ဝင် နိုင်ငံများသည် အတွင်းစည်း Cyber လုံခြုံရေး ဗဟိုဌာနတစ်ခု Estonia နိုင်ငံ Tallin မြို့တွင် တည်ထောင်ဖွင့်လှစ်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။ ၎င်းဌာနတွင် ၀န်ထမ်းပေါင်း ၃၃ ဦးရှိပြီး Internet ပေါ်မှတဆင့် တိုက်ခိုက်နိုင်သော Computer Virus များ၊ အန္တရယ်ရှိသော Social Network အသုံးပြုသူများနှင့် Meeting ပြုလုပ်မူများအား စဉ်ဆက် မပြတ် လေ့လာဆန်းစစ်ကာ သတိ ထုတ်ပြန့်မူများနှင့် ကာ ကွယ်မူများ ပြုလုပ်လေ့ ရှိကြောင်း သိရှိရ ပါသည်။

၁၁။ တရုတ်နိုင်ငံတွင်လည်း ၎င်း၏တပ်မတော်သားများအား Blogs ရေးသားခြင်း၊ Social Network များ အသုံးပြု၍ Online Dating နှင့် Chatting ပြုလုပ်ခြင်းများအား တားမြစ်ထားသည့် စည်းကမ်းချက်များ ထုတ်ပြန့်ထားကြောင်းလေ့လာ သိရှိရပါသည်။ တရုတ်နိုင်ငံတပ်မတော်ရှိ တပ်မတော်သား ၂.၃ သန်းကျော်အား သတင်းပေါက်ကြားမူ ထိန်းသိမ်းရန် Internet မှတဆင့် ချိန်းဆို ဆက်သွယ်မူပြုလုပ်ခြင်း အား တားမြစ်ပိတ်ပင်ခဲ့ကြောင်း ဇွန်လ ၂၆ ရက်နေ့ထုတ် တရုတ်သတင်း စာနှင့် Media များတွင် တွေ့ရှိရပါ သည်။ ထိုတားမြစ်ပိတ်ပင်ရာတွင် ကိုယ်ပိုင် Blogss များ ရေးသားခြင်း၊ Chatting ပြု လုပ်ခြင်း၊ Socail Website များသို့ ၀င်ရောက်အသုံးပြုခြင်း၊ Forum များသို့ ၀င်ရောက် ဆွေးနွေးခြင်း၊ Message များ ပေးပို့ခြင်းနှင့် Internet Cafe များသို့ သွားရောက်အသုံး ပြုခြင်းတို့အား တားမြစ် ထားကြောင်း တွေ့ရှိရပါသည်။ အဘယ် ကြောင့်ဆိုသော် အထက်ပါ Internet အသုံးပြုမူများမှတဆင့် မိမိတို့၏ Online မှအသိမိတ်ဆွေများအား မိမိတို့ တပ်ဖွဲ့အကြောင်းများ၊ သွားရောက်ရမည့်နေရာ၊ အသုံးပြုသောယာဉ်များ၊ ကိုင်ဆောင်ရသော လက်နက်များ နှင့် တပ်တည်နေရာ အစ ရှိသော စစ်ရေးဆိုင်ရာ သတင်းများကို Internet မှ ဆက်သွယ်အသုံးပြုရာတွင် အမှတ်တမဲ့ ပြောဆိုမိတက် ကြသေ ကြောင့် ဖြစ်ပါသည်။ ၎င်းအချက်များကိုအခွင့်ကောင်းယူ၍ ဆန့်ကျင်ဘက်အဖွဲ့အစည်းများမှ အကျိုးအမြတ်ရယူသွားခြင်းကို ကာကွယ် ရန်အတွက် ပိတ်ပင်ခြင်း ဖြစ်ကြောင်းယူဆရပါသည်။

၁၂။ အထက်ပါ အချက်အလက်များပေါ်မူတည်၍ အသင်းအချက်အလက်နည်းပညာ ပြိုင်ဆိုင်မူများနှင့် ထပ်မံပေါ်ပေါက် လာသော နည်းပညာရပ်များအား မိမိတို့အနေဖြင် အချိန်နှင့်တပြေးညီ သိရှိရမည့်နည်းတူ လုံခြုံရေးအသိ ရှိရန်လိုအပ်ကြောင်း တွေ့ရှိရပါသည်။ Internet အသုံးပြုမူ လုံခြုံရေးနှင့် ပတ်သက်၍ လေ့လာရာတွင် အခြေခံအချက် အနေဖြင့် ၄ ပိုင်းတွေ့ရှိရပါ သည်။ ၎င်းတို့မှာ
၁။ Network Security Policy
၂။ Administrator’s Skill
၃။ Realtime Monitoring
၎။ အသုံးပြုသူများ၏ လုံခြုံရေးအသိဟူ၍ ဖြစ်ပါသည်။
၁၃။ Network Security Policy အနေဖြင့် မိမိအဖွဲ့အစည်း၏ လုံခြုံရေးအန္တရယ်ဖြစ် စေနိုင်သော Oline ဆက်သွယ်မူများ ပြုလုပ်မူနှင့် Social Network များအား အသုံးပြုမူများအား မိမိ Network အတွင်းတွင် အသုံးပြုခွင့် မရရှိစေရန် ပိတ်ပင်ထား ခြင်းအား ပြုလုပ်နိုင်ပါသည်။ ထိုသို့ ပြုလုပ်ရာတွင်လည်း အသုံးပြုသူ၏ အမှန်တကယ်လိုအပ်ချက် ပေါ်မူတည်၍ အဆင့်သတ် မှတ်ခြင်းများကိုလည်း ပြုလုပ်နိုင်ပါသည်။ အမှန်တကယ်အားဖြင့် Network Security Policy သည် သက်ဆိုင်ရာဌာန၏ လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်ပေါ်တွင်သာ မူတည်ပါသည်။ Administrator ၏ ကျွမ်းကျင်မူမှာလည်း Internet လုံခြုံမူဆိုင် ရာ အစိတ်အပိုင်းတွင် အရေးကြီးသောအပိုင်းမှ ပါဝင်ပါသည်။ အဘယ်ကြောင့်ဆိုသော် သက်ဆိုင်ရာဌာန၏ ချမှတ်ထားသော လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များအား အကောင်အထည်ဖော် လုပ်ဆောင်ရသောသူ ဖြစ်သောကြောင့်ဖြစ်ပါသည်။ Realtime Monitoring ပြုလုပ်၍ မိမိ Networkအတွင်းရှိ Internet အသုံးပြုမူအား စဉ်ဆက် မပြတ် လေ့လာစောင့်ကြည့်ပြီး အန္တရယ်ရှိသော ဆက်သွယ်မူများအား ပိတ်ပင်ရန် Security Group အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန်မှာလည်း အင်မတန်မှ အရေး ကြီးလှပါသည်။ မည်သို့ပင် လုံခြုံရေးတင်းကြပ်သော Network Security ပိုင်းဆိုင်ရာ တားမြစ်ချက်များ ချမှတ်ထားစေကာမူ Internet အသုံးပြုသူများ၏ လုံခြုံရေးဆိုင်ရာ အသိပညာ ဗဟုသုတနည်းပါးလျှင် မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက် လာနိုင်ပါသည်။ Internet အသုံးပြုသူများ၏ လုံခြုံရေးဆိုင်ရာ အသိပညာရှိမူသည် Network Administrator ပေါ်တွင် မူတည်ပါသည်။ Network Administrator အနေဖြင့် မိမိ Network အတွင်ရှိ Internet အသုံးပြုသူများအား လုံခြုံရေးဆိုင် ရာအသိပညာရရှိစေရန် ဟောကြားခြင်း၊ ညွှန်ကြားခြင်း အစရှိသည့်တို့ကို ပြုလုပ်ရမည် ဖြစ်ပါသည်။ မိမိ တို့၏ Network တွင် အန္တရယ်ရှိသော Internet သုံးစွဲမူ မရှိစေရန်အတွက် Content Filtering၊ Instant Messaging Interception System၊ Mail Filter System နှင့် Interception System အစရှိသည့်တို့အား သုံးစွဲထားသင့်ပါသည်။ လုံခြုံရေးအသိရှိစွာ ဖြင့် Internet အား အသုံးပြုမည်ဆိုပါက Internet သည် အသုံးပြုသူအတွက် ကောင်းမွန်သော အကျိုးကျေးဇူးများကို ရရှိစေမည် ဖြစ်ပါ သည်။ ထို့ကြောင့် Intetnet အသုံးပြုမူဆိုင်ရာ လုံခြုံရေးအသိရှိစေရန် ကြိုးစားသင့်ပါသည်။
သန့်ဇင်အောင်
(ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။) 

အပြည့်အစုံ

Virus ၀င်ရောက်တိုင်း Hard Disk ကို Format ချခြင်းသည် ဖြေရှင်းနည်းအမှန်မဟုတ်

၁။ Internet မှ Program များကို Download ချ၍ Install ပြုလုပ်ခြင်းနှင့် Uninstall ပြုလုပ်ခြင်းတို့ကို ကွန်ပျူတာ အသုံးပြုသူတိုင်း ပြုလုပ်နေကြပါသည်။ မိမိမသိသော Software အသစ်များကို Install ပြုလုပ်ပြီးသော်လည်း ကွန်ပျူတာသည် ကောင်းမွန်စွာ အလုပ်လုပ်နေပါလိမ့်မည်။ ကြာလာသည်နှင့်အမျှ ဘယ်ကမှန်းမသိသော Error Massage များကို စတင်လက်ခံရမည်ဖြစ် သည်။ ထိုအခါ ကွန်ပျူတာသည် စတင် Hang လာပြီး အဆိုးဆုံးအခြေအနေ ရောက်လာမည်။ ထို့နောက် Blue Screen သာမြင် ရတော့သည် အခြေအနေသို့ ရောက်ရှိလာတော့မည်။ ကွန်ပျူတာ၏ Performance ကို အမျိုးမျိုးရန်ပြုတတ်သော Worm များ သို့မဟုတ် ဒုက္ခပေးသော Virus များ ကွန်ပျူတာထဲတွင် စတင်ဝင်ရောက် နှောက်ယှက်နေမည်။ Antivirus Program ဖြင့် Virus စစ်ဆေးသောအခါတွင်လည်း Virus မရှိကြောင်း ပြသနေပါသည်။ထို့နောက် ဘာမှန်းမသိသော Error Message များတက်လာပြီး များစွာ သော ပြဿနာများကို ကြုံတွေ့ရမည်ဖြစ်သည်။

၂။ နောက်အကြောင်းအရာတစ်ခုမှာ ကွန်ပျူတာအစိတ်အပိုင်းများနှင့် ကိုက်ညီမှုမရှိသော၊ ချို့ ယွင်း နေသော Hardware အသစ်တစ်ခုကို ပေါင်းထည့်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ၄င်းအပြင် ကွန်ပျူတာ အတွင်းပျက်စီးခြင်း အကျိုးသက်ရောက်မှုပေးနိုင်သည့် Electrostatic Discharge ပင် ဖြစ်သည်။ အကြောင်းအရင်းမှာ ကွန်ပျူတာ System နှင့် ကိုက်ညီမှုမရှိသော Software အသစ်တစ်ခုအား Install လုပ်ခြင်း နှင့် ထို Software အား Uninstall လုပ်ရာတွင် မမှန်ကန်သောကြောင့် ဖြစ်သည်။

၃။ Windows Operating System တိုင်းတွင် Registry များရှိသည်။ Registry စနစ်တွင် ကွန်ပျူတာ၏ Hardware နှင့် Software များအကြောင်း သတင်းအချက်အလက်များ ပါဝင်ပါသည်။ ကွန်ပျူတာတွင် ကြာရှည်စွာ အသုံးမခံသော Software များ (သို့မဟုတ်) Uninstall ပြန်လုပ်၍မရသော Software များ ရှိနေပါက ၄င်း Software များသည် ကွန်ပျူတာအား ရပ်သွား၊ နှေးသွားအောင် ပြုလုပ်နေမည်။ ၄င်းတို့ကို ဖယ်ရှားခြင်း Registry Cleaning လုပ်ခြင်းဖြင့် ဖြစ်ပေါ်နေသော Error အချို့ကို တစ်ခါတစ်ရံမှာဖြေရှင်း နိုင်လိမ့်မည်။ သို့သော် ပြဿနာအများစုမှာ Video Driver တွေကြောင့် ကွန်ပျူတာအတွင်း Freezing Problem များဖြစ်တတ်ပါသည်။ Video Driver များထဲတွင် ကွန်ပျူတာမှာသုံးမရသော Latest Driver နှင့် New components များရှိပါသည်။ ဤပြဿနာ ကိုဖြေရှင်းရန် Video Card ၏တိကျသော Model ကိုရှာပါ။ ပြီးနောက် Video Card ၏ Company Website တွင် Update ကို Install လုပ်ပါ။

၎။ ထိုကဲ့သို့ ကွန်ပျူတာတွင် Virus ၀င်ရောက်ပြီး Error များဖြစ်ပေါ်တိုင်း Hard Disk Format ချမည်ဆိုလျင် တစ်ကြိမ်တစ်ခါသာ ပြုလုပ်သင့်ပါသည်။ အခြားနည်းလမ်းများနှင့်ဖြေရှင်းရန် ကြိုးစားကြည့် ပါ။ Hard Disk ၏ Purification နှင့် Formatting သည် ကြီးမားသော လမ်းကြောင်းကြီးဖြစ်ပါသည်။ သင်သာအမှားတစ်ခုလုပ်လိုက်လျင် သင့်ကွန်ပျူတာသည် အသုံးမကျမှုများသာ ဆက်လက်ဖြစ်ပေါ်နေမည်။
ထို့ကြောင့် ကွန်ပျူတာတွင် Virus ၀င်ရောက်ပြီး Error များဖြစ်ပေါ်တိုင်း Hard Disk Format ချခြင်းသည် အကောင်းဆုံး ဖြေရှင်းနည်း မဟုတ်သဖြင့် အခြားတက်သိနားလည်သူများအား မေးမြန်းပြီး ဖြေရှင်းသင့်ပါ သည်။ (ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံ

Remove Write Protection On USB Drive or Memory Card


writeprotected
Write Protected
ကွန်ပြူတာအသုံးပြုရာတွင် USB Drive၊ Memory Card  များဖြင့် Data များကို ကူးယူရွှေ့ပြောင်းမှုပြုလုပ်သည့်အခါ အထက်ဖော်ပြပါ Message ကိုတွေ့မြင်ရပြီး Write Protected Problem ကိုကြုံတွေ့ရတတ်ပါသည်။ ထိုသို့ကြုံတွေ့ရပါက  File၊ Folder အစရှိသည်ဖြင့် Data များကို ကူး ယူခြင်း၊ သိမ်းဆည်းခြင်းတို့ကိုပြုလုပ်၍မရခြင်း၊ အဆိုပါ Write Protected Problem ဖြစ်နေသည့် USB Drive ကို Format ချ၍မရနိုင်ခြင်း အစရှိသည်ဖြင့် ကြုံတွေ့ရမည်ဖြစ်ပါသည်။ ထိုသို့ Writer Protection ဖြစ်ရခြင်း အကြောင်းရင်းများမှာ  USB Drive အတွင်း တစ်ခါ တစ်ရံဖြစ်ပေါ်နိုင်လေ့ရှိသည့် Physical Lock ကြောင့်ဖြစ်သည်။ သို့ရာတွင် Write Protected ဖြစ်ရသည့် အဓိက အကြောင်းရင်းမှာ Virus သို့မဟုတ် Script များ၏ အကျိုးသက်ရောက်မှုကြောင့်ဖြစ် သည်။ Virus သို့မဟုတ် Script များသည် Registry Hack  အတွင်းသို့ပြောင်းလဲမှုများ ဖြစ်ပေါ်စေပြီး ကွန်ပြူတာသို့ချိတ်ဆက်အသုံးပြုလာသည့် မည်သည့် USB Drive များကို Write Protected Problem ကိုဖြစ်ပေါ်စေပါသည်။

အဆိုပါ Write Protection Problem ကိုဖြေရှင်းရန်အတွက် အောက်ဖော်ပြပါအတိုင်းဆောင်ရွက်ရပါမည်။
၁။ Start/ Run တွင် regedit ဟုရိုက်၍ OK ပေးရပါမည်။
၂။ Registry Editor သို့ရောက်ရှိပါက အောက်ပါအတိုင်းအဆင့်ဆင့် ၀င်ရောက်ရပါမည်။
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\StorageDevicePolicies
၃။ Registry အတွင်း StorageDevicePolicies ကိုမတွေ့ရှိရပါက အသစ်တည်ဆောက်ပေးရန်လိုအပ်ပါသည်။
၎။ StorageDevicePolicies အသစ်တည်ဆောက်ရန်အတွက် Notepad တွင် အောက်ပါစသားများကို ကူးယူ၍ Paste ပေးရပါမည်။
cd\reg add “HKLM\System\CurrentControlSet\Control\StorageDevicePolicies” /t Reg_dword /v WriteProtect /f /d 1
၅။ အဆိုပါ Notepad ကို Save as မှတစ်ဆင့် နှစ်သက်ရာနာမည်ပေး၍ .bat File Type ဖြင့်သိမ်းဆည်းရပါမည်။ ထို့နောက် Double Click ဖြင့် Run ပေးရပါမည်။ ထိုအခါ StorageDevicePolicies ကို Registry အတွင်းတည်ဆောက်ပြီးဖြစ်ပါသည်။


၆။ ထို့နောက် Right Pane အတွင်းရှိ Write protect key ကို Double Click နှိပ်၍ Value Data Box တွင် ၀ (သုည) ကိုရေး၍ OK ပေးရပါမည်။

၇။ ကွန်ပြူတာကို Restart ပေးလိုက်ပြီးနောက် Write Protection Problem ကိုဖြေရှင်းပြီး USB Drive များကို ပုံမှန်အ တိုင်း ပြန်လည်အသုံးပြု နိုင်ပြီဖြစ်ပါသည်။ (ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံ

အသုံးဝင်မည့် Firefox Add-ons

Mozila Firefox အသုံးပြု၍ အင်တာနက်သုံးစွဲသူများအတွက် အသုံးဝင်သည့် Firefox Ad-on တစ်ခုက Multi Bookmarks Tool Bar Ad-on  ဖြစ်ပါသည်။ Multi Bookmarks Tool Bar Ad-on ကိုအသုံးပြုခြင်းဖြင့် မိမိမှတ်သားလိုသည့် Website များကို Firefox Bookmarks Toolbar တွင် Row များခွဲ၍ မှတ်သားပေးနိုင်ပါသည်။ မူလ Bookmark Toolbar တွင် Row တစ်ခုတည်းသာရှိပြီး Multi Bookmarks Tool Bar Ad-on ကိုအသုံးပြုမည်ဆိုပါက မိမိစိတ်ကြိုက် Row များထားရှိနိုင်မည်ဖြစ်ပါသည်။
အောက်ဖော်ပြပါ Link သို့သွား၍ Add to firefox ကို Click ပေးရပါမည်။ ထို့နောက် Install ပြုလုပ်ပြီးနောက် Firefox ကို Restart ပြုလုပ်ပြီးပါ က Firefox Multi Bookmark Toolbar ကို အသုံးပြုနိုင်ပြီဖြစ်ပါသည်။

အခြားပြုလုပ်နိုင်သည့်နည်းလမ်းမှာ https://addons.mozilla.org/firefox/addon/1122 သို့သွားရောက်၍ Add to Firefox ကို Click ၍ Tab Mix Plus extension ကို Install ပြုလုပ်ပေးရပါမည်။ ထို့နောက် Tab Mix Plus Option မှ Display သို့သွားရောက်ရပါမည်။ ၄င်းမှ When tab don’t fit width တွင် Multi Row ကိုရွေးချယ်ပေးရပါမည်။ Max number of row to display တွင် row အရေအတွက်ကို မိမိစိတ်ကြိုက် ထားရှိနိုင်ပါသည်။ ထို့နောက် Firefox ကို Restart ပြုလုပ်ပြီးပါ က Firefox Multi Bookmark Toolbar ကို အသုံးပြုနိုင်ပြီဖြစ်ပါသည်။ (ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံ

ကွန်ပျူတာသန့်ရှင်းရေး

ကွန်ပျူတာအသုံးပြုရာတွင် ကွန်ပျူတာအတွင်း၌နေရာယူထား သည့် မလိုအပ်သည့်ဖိုင်များကို ပုံမှန်ရှင်းလင်းရေးပြုလုပ်ပေးရန် လိုအပ်ပါသည်။ ထိုမလိုအပ်သည့်ဖိုင်များကို ပုံမှန်ရှင်း လင်းခြင်းမပြုလုပ်ပေးပါက ကွန်ပျူတာအသုံးပြုရာတွင် လေးလံခြင်းများဖြစ်ပေါ်စေသည့်အပြင် ကွန်ပျူတာ၏သိုလှောင်နိုင်သည့် ပမာဏကိုပါလျော့ကျစေနိုင်ပါသည်။ ကွန်ပျူတာ အတွင်း မလိုအပ်သည့်ဖိုင်များကို ရှင်းလင်းရန်အတွက် Moo0 DiskCleaner ကိုအသုံးပြုနိုင်ပါသည်။ Portable Software တစ်ခုဖြစ်ပြီး ရှင်းလင်းလွယ်ကူသော Interface ဖြင့် အလွယ်တကူအသုံးပြုနိုင်ပါသည်။ အောက်ဖော်ပြပါ Link တွင် Download ချပြီးနောက် DiskCleaner.exe ကို Double Click ဖြင့် Run ပေးလိုက်သည်နှင့် အောက်ဖော်ပြပါ ပုံအတိုင်း ကွန်ပျူတာအတွင်းနေရာယူထားသည့် မလိုအပ်သည့်ဖိုင်များနှင့်ပမာဏကို တွေ့မြင်ရမည်ဖြစ်ပါသည်။ ၄င်းဖိုင်များကို Select ပြုလုပ်၍ Clean now ကို Click ပြုလုပ်  ပေးခြင်းဖြင့် မလိုအပ်သည့်ဖိုင်များကို ရှင်းလင်းနိုင်ပါသည်။ (ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)
Download ချရန်

အပြည့်အစုံ

Google Search Engine ကို အသုံးပြုသည့်အခါတွင်

အင်တာနက်အသုံးပြုရာတွင် Search Engine အမျိုးမျိုးရှိပါသည်။ ကမ္ဘာတစ်ဝှမ်းတွင် Google onf ၈၀.၅၇% ဖြင့်အသုံးပြုမှုအများဆုံးဖြစ်ပါသည်။ ထိုလူသုံးအများဆုံး Search Engine တစ်ခုဖြစ်သည့် Google Browser ကိုထိထိရောက်ရောက်အသုံးပြုနိုင်ရန်အတွက် Google  Browser နှင့်ပတ်သက်၍ User များ သတိ မမူမိသည့် အချက်များကို ဖော်ပြလိုက်ပါသည်။

၁။       Definitions
          Google Search ကိုအသုံးပြု၍ မိမိသိရှိလိုသည့် စာလုံး၏ Definitions ကို လွယ်ကူတိကျစွာရှာဖွေ နိုင်ပါသည်။ ဥပမာအားဖြင့် မိမိသိရှိလိုသည့် atom ၏ Definitions ကို Google Search တွင် Define atom ဟု ရေးသား၍ ရှာဖွေကြည့်ပါက atom ၏ Definition ကိုတွေ့ရှိရမည်ဖြစ်ပါသည်။ ထို့အတူ အခြားသိရှိလိုသည့် Definitions များကိုလည်း Define (သိရှိလိုသည့်စာလုံး) ဟုရေးသားရှာဖွေနိုင်ပါသည်။
၂။       Local Search
          Google Local ကိုအသုံးပြုခြင်းဖြင့် နယ်မြေတစ်ခုအတွင်းရှိ မိမိသိရှိလိုသည့်အချက်အလက်များကို လွယ်ကူစွာရှာဖွေနိုင်ပါသည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံဘန်ကောတ်မြို့ရှိ ဘုရားကျောင်းများ၊ စင်္ကာပူနိုင်ငံရှိ Hotel များ စသည်တို့ကို သိရှိနိုင်ပါသည်။ http://local.google.com/ သို့ဝင်၍ ၄င်းတွင် မိမိသိရှိလိုသည့် Area ကိုရွေးချယ်၍ Hotel၊ restaurant စသည်ဖြင့် ရှာဖွေနိုင်ပါသည်။
၃။       Phone number lookup
          Google Search မှာ ဖုန်းနံပါတ်အပြည့်အစုံကိုရိုက်ထည့်ပေး၍ ထိုဖုန်းပိုင်ရှင်၏အမည် လိပ်စာစသည့် အချက်အလက်များကိုရှာဖွေသိရှိနိုင်ပါသည်။ ဖုန်းနံပါတ်ကိုရိုက်ထည့်ရာတွင် Area Code များကိုပါရိုက်ထည့် ပေးရန်လိုအပ်ပါသည်။
၎။ ရာသီဥတုအခြေအနေကိုကြည့်ရှုခြင်း
          ရာသီဥတုအခြေအနေကိုကြည့်ရှုလိုပါက weather ဟုရေးသား၍ နောက်တွင် မိမိသိရှိလိုသည့် နိုင်ငံ၊ မြို့တို့၏ Zip Code သို့မဟုတ် အမည်ကိုရေးသား၍ ထိုနယ်မြေ၏ရာသီဥတုအခြေအနေကိုကြည့်ရှုနိုင်ပါသည်။
၅။ လေကြောင်းလိုင်းများ
          Google တွင် Airline အမည်နှင့် Flight Number တို့ကိုရိုက်ထည့်၍ ထိုလေယာဉ်၏ ခရီးစဉ်၊ ရောက်ရှိ ချိန်၊ ထွက်ခွာချိန်စသည့် အချက်အလက်များကိုပြသပေးပါသည်။ ဥပမာ delta 123 ဟုရေးသားကြည့်ရှုပါက delta airline ၏ Flight 123 လေယာဉ်၏ Informations များကိုပြသပေးမည်ဖြစ်ပါသည်။
၆။ ဘာသာပြန်ဆိုခြင်း
          Google Language Tools ကိုအသုံးပြု၍ ၀ါကျများကိုဘာသာပြန်ဆိုခြင်း၊ Web Page တစ်ခု လုံးကိုဘာသာပြန်ဆိုခြင်း စသည်တို့ကိုအသုံးပြုနိုင်ပါသည်။ www.google.com/language_tools သို့ဝင်ရောက်၍ ဘာသာပြန်ဆိုကြည့်ရှုနိုင်ပါသည်။ Language ပေါင်း ၅၃ မျိုးကို ဘာသာပြန်ဆို ကြည့်ရှုနိုင်ပါသည်။ သို့ရာတွင် မြန်မာဘာသာစကားမပါရှိပါ။
၇။       Link ပြုလုပ်ထားသည့် Website များကိုကြည့်ရှုခြင်း
          Website တစ်ခုတွင် Link ချိတ်ထားသည့် အခြား Websites များကိုကြည့်ရှုလိုပါက link:http://www.cherrymyay.com ဟုရေးသား၍ကြည့်ရှုနိုင်ပါသည်။ ထိုအခါ www.cherrymyay. com နှင့် Link ချိတ်ထားသည့်အခြား Websites များကိုတွေ့မြင်ရမည်ဖြစ်ပါသည်။ www.cherry myay.com နေရာတွင် မိမိနှစ်သက်ရာ Website ကိုရေးသားကြည့်ရှုနိုင်ပါသည်။
၈။ File Format တစ်မျိုးတည်းကိုသာရှာဖွေခြင်း
          Google Search တွင် မိမိသိရှိလိုသည့်အကြောင်းအရာ၊ ရှာဖွေလိုသည့်အကြောင်းအရာ နောက်တွင် File Format ကိုသေချာတိကျစွာဖြည့်သွင်းပေးခြင်းဖြင့် ရှာဖွေလိုသည့်အကြောင်းအရာကို တိကျစွာရှာဖွေနိုင်ပါသည်။ ဥပမာ “asus audio driver” filetype:pdf ဟုရေးသားရှာဖွေကြည့်ရှုပါက Asus ကွန်ပျူတာ၏ Audio driver အကြောင်းကို PDF File ဖြင့်ရှာဖွေပေးထားသည်ကိုတွေ့မြင်ရမည် ဖြစ်ပါသည်။
၉။ Calculator အဖြစ်အသုံးပြုခြင်း
          Google Search Engine ကို Calculator အဖြစ်အသုံးပြုနိုင်ပါသည်။ ဥပမာ ၂၀၀ x ၂၀၀ ဟုရေးသားကြည့်ရှုပါက Google မှအဖြေကိုတွက်ထုတ်ပေးသွားမည်ဖြစ်ပါသည်။
၁၀။ Stock Symbol များအသုံးပြုခြင်း
Stock Symbol ဆိုသည်မှာ ရှေ့ဆုံးစကားလုံးများကိုသာခေါ်ဆိုသည့် စကားစုဖြစ်ပါသည်။ ဥပမာ GOOG – Google၊ MSFT- Microsoft၊ BAC – Bank of America စသည်ဖြင့်ဖြစ်ပါသည်။ Google တွင် ထို Stock Symbol များကိုရိုက်ထည့်ကြည့်ပါက ထိုအဖွဲ့အစည်း၏ ငွေးကြေး၊မတည်ငွေ၊ အရင်းအနှီး၊ ထုတ်ကုန် စသည်ဖြင့် အချက်အလက်များကိုပြသပေးမည်ကို တွေ့ရပါမည်။
(ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံ

Memory Stick၊ Flash Drive များနှင့် exe Virus

Memory Stick၊ Flash Drive များနှင့် exe Virus
         Memory Stick များနှင့် External Hard disk များကိုကွန်ပျူတာများတွင် တပ်ဆင်အသုံးပြုရာ၌ ကြုံတွေ့ရသည့် Virus များအနက် exe virus ကို command prompt အသုံးပြု၍ ရှင်းလင်းနည်းဖြစ်ပါသည်။ Antivirus Software  Update မဖြစ်သည့်ကွနပျူတာများအတွက် အတိုင်းအတာတစ်ခုအထိစိတ်ချ ရစေမည် ဖြစ်သည့်အပြင် ကွန်ပျူတာတွင်အသုံးပြုသည့် Dos Command အကြောင်းကိုလည်းသိရှိနားလည်စေနိုင်မည် ဖြစ်ပါသည်။
          ပထမဦးစွာ Flash Drive ကိုကွန်ပျူတာတွင်တပ်ဆင်ပြီးနောက်  Run တွင် cmd ကိုရိုက်၍ Command Prompt သို့ဝင်ရောက်ရပါမည်။ ထို့နောက် cmd တွင် dir h:\*.exe /a ဟုရေးသား၍ Enter နှိပ်ရပါမည်။ ၄င်း command တွင်
          Dir h:\ ၏ဆိုလိုရင်းမှာ dir သည် Folder များ၊ File များကိုကြည့်ရှူရန်အတွက်ဖြစ်ပြီး h:\ သည် ကွန်ပျူတာတွင် တပ်ဆင်ထားသော  Memory Stick ၏ Drive Name ဖြစ်ပါသည်။
          *.exe တွင် *. သည် Memory Stick H အတွင်းရှိ Folder များအားလုံးကို သီးသန့်ကြည့်ရှူရန်အတွက် ဖြစ်ပြီး *.exe ဟုဆိုသည့်အတွက် Memory Stick H အတွင်းရှိ exe များအားလုံးကို ကြည့်ရှူနိုင်ရန်အတွက် ဖြစ်ပါသည်။
          /a သည် System File များကိုဖြစ်စေ၊ Hidden ဖြစ်နေသည့် Virus များနှင့် ထို Virus များ ကြောင့်Hidden ဖြစ်နေသည့် File များနှင့် Folder များကို တွေ့မြင်နိုင်ရန်အတွက်ဖြစ်ပါသည်။ ထို့ကြောင့် dir h:\*.exe /a မှာ Memory Stick H အတွင်းရှိ Hidden ဖြစ်နေသည့် exe virus များကို ဖော်ပြရန် အတွက်အသုံးပြုခြင်းဖြစ်ပါသည်။ ထို့နောက် အောက်ဖော်ပြပါပုံအတိုင်း Memory Stick H အတွင်းရှိ exe Virus များကိုတွေ့မြင်ရမည်ဖြစ်ပါသည်။
အဆိုပါ exe virus များကို ရှင်းလင်းရန်အတွက် del h:\*.exe command ရိုက်၍ Enter နှိပ်ရပါမည်။ ၄င်းမှာ Memory Stick H အတွင်းရှိ exe များအားလုံးကို Delete ပြုလုပ်ခြင်းဖြစ်ပါသည်။ သို့ရာတွင် အောက်ဖော်ပြပါပုံအတိုင်း Could Not Find h:\*.exe ဟု Drive H အတွင်း exe File များမရှိပါဟု Message ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ dir h:\*.exe /a ဖြင့်ကြည့်ရှူစဉ်က exe File များကိုတွေ့မြင်ရပြီး ယခု Delete ပြုလုပ်သည့်အခါတွင် မရှိပါဟု message တွေ့မြင်ရခြင်းမှာ Virus များမှထိန်းချုပ်ထားသည့်အတွက်ဖြစ် ပါသည်။
          အဆိုပါ Virus များ၏ထိန်းချုပ်မှုကိုဖြေရှင်းရန်အတွက် attrib h:\*.exe –s –r –h Command ကိုအသုံးပြုရပါမည်။ ၄င်း Command တွင် attrib သည် attribute ကိုဆိုလိုခြင်းဖြစ်ပြီး ၄င်းသည် File တစ်ခုကို ပုံမှန်အားဖြင့် ဖျက်ဆီးမရအောင်ပြုလုပ်နိုင်ပါသည်။ s သည် System File အဖြစ်သက်မှတ်ထားပြီး သာမန်  Delete ဖြင့်ဖျက်၍မရပါ။ r သည် Read Only ဖြစ်ပြီး တွေ့ရှိနိုင်သော်လည်း ရေးသားပြင်ဆင်ခွင့်မပြုပေ။ h သည် hidden ဖြစ်ပြီး ပုံမှန်အားဖြင့်မြင်တွေ့နိုင်ခြင်းမရှိစေရန် လုပ်ဆောင်ပါသည်။ exe virus သည် system File အယောင်ဆောင်ထားပြီး ဖျက်ဆီးမရအောင်ပြုလုပ်ထားခြင်း၊ ပုံမှန်အားဖြင့်မြင်တွေ့ခြင်းမရှိစေရန် Hidden ပြုလုပ်ထားခြင်းစသည့်ထိန်းချုပ်ထားမှုများကို ဖြေရှင်းရန်အတွက် – ကိုအသုံးပြုခြင်းဖြစ်ပါသည်။
          Virus များ၏ထိန်းချုပ်မှုကို ဖြေရှင်းပြီးနောက် exe Virus ကိုရှင်းလင်းနိုင်ပြီဖြစ်ပါသည်။ ယခင်အသုံးပြု ပြီးသည့် del h:\*.exe Command ကိုအသုံးပြုရပါမည်။ ထို့နောက် Memory Stick H အတွင်းရှိ exe virus များ ကျန်ရှိနေခြင်းရှိ၊ မရှိကို dir h:\*.exe /a ဖြင့်ကြည့်ရှူပါက exe Virus များမရှိတော့ကြောင်း တွေ့မြင်ရမည် ဖြစ်ပါသည်။
ထို့ကြောင့် ကွန်ပျူတာများအတွင်းရှိ exe Virus များကို Command Prompt ဖြင့်လွယ်ကူစွာ ရှင်းလင်းနိုင်ပါသည်။Memory Stick များအတွင်းရှိ exe Virus များကို ရှင်းလင်းရန်အတွက် အောက်ဖော်ပြပါ Command 3 ကြောင်းသာလိုအပ်ပါသည်။
dir h:\*.exe /a                             Virus များကိုစစ်ဆေးခြင်း။
attrib h:\*.exe –s –r –h        Virus များ၏ထိန်းချုပ်မှုကိုဖြေရှင်းခြင်း။
del h:\*.exe                       Virus များကိုရှင်းလင်းခြင်း။

အပြည့်အစုံ

Virus များကြောင့် File၊ Folder များပျောက်ဆုံးနေလျင်

ကွန်ပျူတာတွင်ဖြစ်စေ၊ Flash Drive များတွင်ဖြစ်စေ Virus များကြောင့် File၊ Folder များပျောက် ဆုံးနေပြီး Use space တွင်လည်းအဆိုပါ File များကိုသိမ်းဆည်းထားသည်ဟု ဖော်ပြနေပါက အောက်ပါအတိုင်းလုပ်ဆောင်ခြင်းဖြင့် File၊ Folder များကိုပြန်လည်တွေ့ရှိရမည်ဖြစ်ပါသည်။ ထိုသို့ပြု လုပ်ခြင်းသည် Virus များကို ရှင်းလင်းခြင်းမဟုတ်ပဲ Virus Effect ကြောင့်ပျောက်ဆုံးနေသည့် Data များကိုသာ ရှာဖွေခြင်းဖြစ်ပါသည်။ ထို့ကြောင့် Data များကိုရှာဖွေပြီးသော်လည်း Virus ကိုရှင်းလင်း ရန် လိုအပ်မည်ဖြစ်ပါသည်။
၁။ Start မှတစ်ဆင့် Run Box တွင် regedit ဟုရေးသား၍ Registry Editor သို့ဝင်ရောက်ရပါမည်။
၂။ Registry Editor တွင် HKEY_LOCAL_MACHINE\ SOFTWARE\ Microsoft\ Windows\
CurrentVersion\ Explorer\ Advanced\ FolderHidden\ SHOWALL
ထိရောက်စေရန် အဆင့်ဆင့် ၀င်ရောက်ရပါမည်။
၃။ SHOWALL ကို Left Cclick ဖြင့်နှိပ်၍ ညာဘက် Box (Pane) အတွင်းရှိ CheckedValue  ကို Right Click မှတစ်ဆင့် Modify သို့ဝင်ရောက်ရပါမည်။ ValueData တွင် ၀(သုည) ကို 1 ဟုပြောင်း လဲပေးရပါမည်။
၎။ အကယ်၍ ညာဘက် Box (Pane) အတွင်း၌ CheckedValue ကိုမတွေ့ရှိပါက SHOWALL ကို Right Click နှိပ်၍ New မှတစ်ဆင့် DWORD (32-bit) Value ကိုတည်ဆောက်ပေး၍ အမည်ကို CheckedValue ဟုပေး၍ Value ကို 1 ဟုပေးရပါမည်။
၅။ ထို့နောက်ကွန်ပျူတာကို Restart ချပြီးနောက် Hidden ဖြစ်နေသည့် File၊ Folder များကိုပြန်လည် တွေ့ရှိရမည်ဖြစ်ပါသည်။ (ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံ