Thursday 20 October 2011

သင့်ရဲ့ Password တွေကို Hacker တွေက ဘယ်လို ခိုးလဲ? ဘယ်လို ကာကွယ်မလဲ?

ပထမနည်း (တခါမှ မပို့ဖူးတဲ့သူက မေးလ်ပို့ခဲ့ရင် မဖွင့်နှင့်)

မေးလ်ပို့ပြီး ခင်ဗျားတို့ password ကို ယူမယ့် program ကို ခင်ဗျားတို့ ကိုယ်တိုင်နှိပ်ချင်လာအောင် လုပ်တဲ့နည်းပါ။ ဒါကြောင့် ဂျီမေးလ်စစ်တဲ့အခါ ကိုယ်နဲ့မသိတဲ့ သူတယောက်ယောက် (ကိုယ့်ကို မေးလ်တခါမှ မပို့ဖူးတဲ့သူ)က ပို့လာရင် ဖတ်လို့တော့ရပါတယ်။ အထဲက ဘာကိုမှ မနှိပ်ပါနဲ့ ပြန်ထွက်လိုက်ပါ။

password ကို ခိုးမယ့် ဖိုင်ဟာ သီချင်း (SONG + Hack Program  ဒါမှမဟုတ် Software တခုခု ဖြစ်နိုင်ပါတယ်။ နောက်ပြီး link လေးတွေလည်း ဖြစ်နိုင်ပါတယ်။ (ဥပမာ ဟိုမော်ဒယ်လ်ရဲ့ ဟိုကား ကြည့်ချင်ရင် ဒီကိုနှိပ်ပြီးတော့ ဟိုကားမကြည့်ရပဲ။ password ပါသွားမယ်။ သဘောတရားပြောတာပါ)

ဒုတိယနည်း ( remember password မလုပ်နှင့်)

ဒါကတော့ ခင်ဗျားတို့တွေ Gtalk သုံးရင် remember မှာ အမှန်လေး တခါတလေ ပျင်းလို့ ခြစ်မိရင် ခင်ဗျားတို့ရဲ့ password ကို computer က မှတ်သွားမှာပါ။ အဲ့ဒီ Password တွေက Mozilla ထဲ ရောက်သွားပြီး hack မယ့်သူက ရှာနိုင်ပါတယ်။

နောက်ပြီး website တခုမှာ Member ၀င်တဲ့အခါ remember password လုပ်မလားမေးရင် မလုပ်နဲ့ပေါ့ ပိတ်လိုက်ပါ။

တတိယနည်း (အင်တာနက်ဆိုင်မှာသုံးရင် key logger ၀င်မ၀င်စစ်ပါ)
တတိယနည်းကတော့ keylogger software ကို ခင်ဗျားသုံးမယ့် စက်မှာ ကြိုတင်ပြီး run ထားတာပါ။ အဲ့ဒီ software က ခင်ဗျား key board မှာ ရိုက်သမျှကို မှတ်ပေးနေမယ်။ ခင်ဗျား ၀င်သမျှ website တွေကိုလည်း မှတ်ပေးနေမှာပါ။ ဒီတော့ကာ အဲ့ဒီ software လေး run ထားလား မ run ထားလားသိအောင် လုပ်ရမပါ။ 

Ctrl+Shift+Esc ( or) Ctrl+Atl+ Del နဲ့ Task manager ကို ခေါ်လိုက်ပါ။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့်ဗျာ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့။ အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။
အကောင်းဆုံး  နည်းလမ်းကတော့ taskmanager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ။ ဘာလို့ဆို ရိုးရိုး ယူဆာတွေ အနေနဲ့က ဘယ်လိုဖိုင်လ်က အချက်အလက်တွေကို ရီကော့ လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်းဘေးရှင်း အားလုံးကို end process လုပ်ပြီး ကိုယ်သုံးတဲ့ကောင်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။

0 comments:

Post a Comment