Thursday 20 October 2011

ဗိုင်းရပ်စ်တွေကို နာမည်ပေးပုံ


Virus-namingAntivirus တွေက ဗိုင်းရပ်စ်တွေကို နာမည်ပေးပုံတွေက တစ်ခုနဲ့တစ်ခု မတူကြပါဘူး။ ဒါပေမဲ့ Format တွေတော့ တူကြပါတယ်။ သူတို့ကတော့ Virus တွေ Worm တွေအားလုံးကို Malware သို့မဟုတ် Threat လို့ သတ်မှတ်ကြပါတယ်။ Format လေးတွေကို သိထားခြင်းအားဖြင့် အနည်းဆုံးတော့ Win32 ဗိုင်းရပ်စ်ဝင်လို့ဗျာဆိုတဲ့ အပြောအဆိုအမှားတွေကို ရှောင်ကြဉ်နိုင်ပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့ Microsoft Security Essential အနေနဲ့ Malware တွေကို နာမည်ပေးတဲ့ ပုံစံလေးကို ရှင်းပြထားပါတယ်။
ဒီပုံလေးမှာတော့ Malware တစ်ခုရဲ့ နာမည်အပြည့်အစုံကို ဖော်ပြထားပါတယ်။
Naming-conv
ရှေ့ဆုံးက Worm ဆိုတာက Malware အမျိုးအစားကို ပြောတာပါ။ အဲဒီနေရာမှာ Worm လည်း ဖြစ်နိုင်တယ်၊ Virus လို့လည်း ပြနိုင်ပါတယ်။ Malware အမျိုးအစားတွေကတော့ အောက်မှာပြထားသလို အများကြီးပါ။
Adware
Backdoor
Behavior
BrowserModifier
Constructor
DDoS
Dialer
DoS
Exploit
HackTool
Joke
MonitoringTool
Program
PWS
RemoteAccess
Rogue
SettingsModifier
SoftwareBundler
Spammer
Spoofer
Spyware
Tool
Trojan
TrojanClicker
TrojanDownloader
TrojanDropper
TrojanProxy
TrojanSpy
VirTool
Virus
Worm
Type ရဲ့နောက်မှာ ထိခိုက်နိုင်တဲ့ Platform နာမည်ကို သတ်မှတ်ပါတယ်။ Win32 ဆိုရင် 32bit Windows မှန်သမျှကို ဒုက္ခပေးနိုင်ပါတယ်။ 64bit Windows တွေကို မထိခိုက်ပါဘူး။ Win95 လို့ဆိုရင်တော့ Windows 95 ကိုပဲ ထိခိုက်ပါလိမ့်မယ်။ ဥပမာအားဖြင့် နာမည်ကြီး ချန်နိုဘိုင်းဗိုင်းရပ်စ်ဟာ Win95 ဖြစ်တဲ့အတွက် Windows XP, 7 မှာ ချန်နိုဘိုင်းဝင်ရင် ဘာမှဖြစ်မှာမဟုတ်ပါဘူး။ ရှိတဲ့ Platform နာမည်တွေ အတိုကောက်နဲ့ ရှင်းလင်းချက်တွေကတော့ အောက်မှာပြထားတဲ့အတိုင်းပါပဲ။
AndroidOS Android OS
DOS MS-DOS platform
EPOC Psion devices
FreeBSD FreeBSD platform
iPhoneOS iPhone OS
Linux Linux platform
MacOS MAC 9.x platform or earlier
MacOS_X MacOS X or later
OS2 OS2 platform
Palm Palm OS
Solaris System V-based Unix platforms
SunOS Unix platforms 4.1.3 or lower
SymbOS Symbian OS
Unix general Unix platforms
Win16 Win16 (3.1) platform
Win2K Windows 2000 platform
Win32 Windows 32-bit platform
Win64 Windows 64-bit platform
Win95 Windows 95, 98 and ME platforms
Win98 Windows 98 platform only
WinCE Windows CE platform
WinNT Windows NT platform
ဟော လာပါပြီ။ နောက်မှာပါတဲ့ Taterf ဆိုတာကမှ တကယ့်ဗိုင်းရပ်စ်ရဲ့ နာမည်ဖြစ်ပါတယ်။ Family name လို့လည်း ခေါ်ပါတယ်။ နောက်က .K ဆိုတာကတော့ ဗိုင်းရပ်စ်ရဲ့ variant ပါ။ variant က A ကနေ Z ထိတင်မကပဲ AA ကနေ ZZ ထိ စသည်ဖြင့် ရှိပါတယ်။ variant ကွဲရင် ဗိုင်းရပ်စ်ရဲ့ တိုက်ခိုက်ပုံချင်းကလည်း အနည်းငယ်ကွဲပြားပါတယ်။
နောက်ဆုံးက dll ကတော့ suffix လို့ခေါ်ပြီး ပိုပြီးအသေးစိတ်အောင် ထည့်ပေးထားဖြင့်ဖြစ်ပါတယ်။ dll ဖိုင်တွေကို အဓိက ကူးစက်မယ်ဆိုတဲ့ သဘောပါ။
ဒီလောက်ဆိုရင် ကိုယ့်ကွန်ပျူတာထဲ ၀င်တဲ့ဗိုင်းရပ်စ်ရဲ့ နာမည်ကို ဘယ်လိုခေါ်မလဲဆိုတာ ခွဲခြားနိုင်သွားလိမ့်မယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်ရဲ့ နာမည်ကို သိပြီးတဲ့နောက်မှာ အဲဒီ ဗိုင်းရပ်စ်ရဲ့ အပြုအမူကို အင်တာနက်မှာ ရှာပြီး ဆက်လေ့လာပါလို့ တိုက်တွန်းပါရစေ။ ဗိုင်းရပ်စ်ဖိုင်ကို ဖျက်ပစ်တာ၊ ဒါမှမဟုတ် ဗိုင်းရပ်စ်ကပ်နေတဲ့ ဖိုင်တွေအားလုံးကို ဖျက်ပစ်တာဟာ ဗိုင်းရပ်စ်ကို သတ်ရုံလေးပဲ သတ်တာပါ။ အဲဒီ ဗိုင်းရပ်စ်က ဖျက်ဆီးသွားတဲ့ ခြေရာလက်ရာတွေကိုတော့ ပြင်ဆင်ပြီးသား ဖြစ်မှာမဟုတ်ပါဘူး။ သူ ပြင်ဆင်သွားတဲ့ Registry၊ Modify လုပ်သွားတဲ့ system files တွေ စသည်ဖြင့်ပါ။ နဂိုအတိုင်းပြန်ဖြစ်အောင် ပြုလုပ်နိုင်မှ ကိုယ့်ကွန်ပျူတာက အကောင်းအတိုင်း သုံးနိုင်ပါလိမ့်မယ်။ နာမည်ကို သိရင် အဲဒီဗိုင်းရပ်စ်တွေရဲ့ အပြုအမူကို Google မှာ ရှာဖွေနိုင်သလို www.symantec.com မှာလည်း ရှာဖွေနိုင်ကြောင်းပါ။
credit: itmen

0 comments:

Post a Comment