Saturday 15 December 2012

မိမိစက်က နေ Data များ ကူးယူခြင်းမှ ကာကွယ်ရန်



မိတ်ဆွေတို့ ရဲ့ စက်က အရေးကြီးတဲ့ data ဖြစ်ဖြစ် အရေးမကြီးလို့ ပဲဖြစ်ဖြစ် ကိုယ်က မပေးပဲနဲ့ တစ်ခြားသူ ကူးယူခြင်းမလုပ်နိုင်အောင် ကာကွယ်လို့ ရပါတယ်ဗျာ။စိတ်ပါသူများအတွက် အောက်က နည်းလေးအတိုင်းစမ်းသပ်နိုင်ပါတယ်။


:P ၁။ Start > Run > Regedit လို့ ရိုက်ပေးပါ။ ၂။ Registry Editor ပေါ်လာတဲ့အခါမှာHKey_Local_Machine\System\Current_Control_Set\Control ကို သွားပါ။ ၃။Control ကိုရောက်ပီဆိုတာနဲ့  right side မှာ right click ထောက်ပြီး keyကိုခေါ်လိုက်ပါ။ ဒါဆို left side မှာ New folder အသစ်တစ်ခုကိုတွေ့ ရပါလိမ့်မယ် အဲဒီnew folder ကို မိမိတို့ က "StorageDevicePolicies " လို့ နာမည်ပေးလိုက်ပါမယ်။ ၄။ ညာဘက် Task Pane ထဲမှာ DWORD ကို Create လုပ်ပါ။ အဲဒီမှာ WriteProtectလို့ရိုက်ပြီး နာမည်ပေးပါ။ ၅။အဲဒီလိုနာမည်ပေးပြီးရင် ပေါ်လာတဲ့ WriteProtect ဆိုတဲ့ ဖိုင်ပေါ်မှာ Double Clickလုပ်ပါ။ Value Data အတွက် 0 အစား 1 လို့ ရိုက်ပေးပါ။ ၆။အားလုံးပြီးသွာရင်တော့ ထုံးစံအတိုင်း စက်ကို restart ပေါ့ဗျာ.. တစ်ချို့ ပြင်ဆင်မူ့ တွေကတော့ restart မလုပ်လည်း effect ဖြစ်ပါတယ်။ဒါပေမယ့်registry မှာပြင်ဆင်မူ့ တော်တော်များများကတော့ restart ပေးပီးမှ တက်ရောက်မူ့ ရှိတာများပါတယ်..။ ဒါဆိုရင် မိမိစက်ထဲမှာရှိတဲ့ Data တွေကို အခြားသူကရဲ့  ကိုယ်မသိပဲနဲ့ ကူးယူခြင်းမှ ကာကွယ်သွာနိုင်ပါပြီ။

0 comments:

Post a Comment