Saturday 2 October 2010

Laptop ၀ယ်တော့မယ် ဆိုရင်

အခုအချိန်မှာ laptop တွေကလည်း ဒုနဲ့ဒေး ထွက်ပေါ်နဲ့ပြီး laptop, netbook စသဖြင့် အမျိုးအစားတွေကလည်း အမျိုးမျိုးရှိပါတယ်။ ဒီ လို ရှုပ်ထွေး လှတဲ့ ရွေးခြယ်မှုတွေကြားမှာ ကိုယ်နဲ့ ကိုက်ညီတဲ့ laptop တစ်လုံး ကိုအကောင်း ဆုံး ရွေးခြယ် ၀ယ်ယူနိုင်ဖို့အတွက် အခြေခံ အချက်လေး တွေကို စုစည်း ပေးလိုက်ပါတယ်။

Laptop တစ်လုံးဆိုရင် ပထမဦးဆုံး စဉ်းစား မိတဲ့အချက် ကတော့ အရွယ်အစား နဲ့ပုံစံပါ။ အရွယ်အစား သိပ် သေး လွန်းရင် စာရိုက်ရတာ နှေးကွေး မယ်။ အလုပ်တွင် မှာ မဟုတ်သလို၊ မလိုအပ်ပဲ ကြီးလွန်း နေပြန်တော့လည်း laptop ရဲ့ ရည် ရွယ်ချက်ဖြစ်တဲ့ အလွယ်တကူ သယ်သွား နိုင်မှုကို ထိခိုက် လာပြန် ပါတယ်။ laptop ကို သာမန် အားဖြစ် screen size နဲ့ ခွဲခြား လိုက်မယ် ဆိုရင် ၁၂ လက်မ နဲ့အောက် တွေကို netbook လို့ ယေဘုယျ သတ်မှတ် နိုင်ပြီး ၁၂ လက်မ အထက် တွေကတော့ laptop အတွက် ရွေးခြယ်လို့ကောင်းတဲ့ အရွယ် အစားပါ။ ၁၆ လက်မ အထက် ဖြစ်လာပြီ ဆိုရင်တော့ desktop ကွန်ပျူတာ အစားထိုး ကွန်ပျူတာ တွေဖြစ်လာပြီး သယ်သွားတာနည်းပြီး အလုပ်မှာ၊ အိမ် မှာ အများ အားဖြင့် ထားပြီး သုံးမယ်ဆိုရင် ရွေးခြယ် သင့်ပါတယ်။

ဒုတိယ စဉ်းစား ရမဲ့ အချက်က processor ပါ။ ထုတ်လုပ်သူ တွေက Intel, AMD စသဖြင့် အဓိက ၂ ခုရှိပြီး အမျိုး အစား ထဲမှာတော့ Pentium , Core 2 Duo, Athlon, Sempron စသဖြင့် ရှိပါတယ်။ သာမန် အားဖြင့် Core နှစ် core ဆိုရင် multitasking အတွက် အကောင်းဆုံး လုပ်ဆောင်နိုင်ပြီး၊ သုံး core လေး core ဆိုရင် လုပ်ဆောင်ချက် ပိုမို ကောင်းမွန် ပါတယ်။ clock speed ကလည်း စဉ်းစား စရာ တစ်ခုဖြစ်ပြီး သတိ ထားရမှာက အမြန်နှုန်းမှာ သူ့လိုင်း နဲ့ သူပဲ နှိုင်းယှဉ် နိုင်ပါတယ်။ ဥပမာ အားဖြင့် 2.0 GHz Intel Atom Processor က 1.8 GHz Intel Atom Processor ထက် ပိုမြန်ပေမဲ့ 1.8 GHz Intel Core 2 Duo ထက် ပိုမြန်မှာ မဟုတ်ပါဘူး။

နောက်တစ်ချက် ကတော့ memory ပါ။ သာမန် အားဖြင့် memory များရင် ပိုမို ကောင်းမွန်အောင် လုပ်ဆောင် ပေးနိုင် ပေမဲ့ ဈေးလည်း ကွာ သွားမှာပါ။ ပြင်ပမှာ memory တွေက အလွယ်တကူ ၀ယ်ယူ နိုင်တာကြောင့် laptop ၀ယ်တဲ့ အချိန်မှာ memory ကို လိုအပ် သလောက်ပဲ ၀ယ်ယူပြီး နောက်ပိုင်း အသုံးပြုတဲ့ ပုံစံ၊ ဆော့ဖ်ဝဲ တွေရဲ့ လိုအပ် ချက် တွေကြောင့် ထပ်မံ လိုအပ် ခဲ့ရင် ၀ယ်ပြီး တိုးချဲ့တာက ပိုကောင်း တဲ့ အကြံ တစ်ခုပါ။ သတိထား ရမှာက memory အတွက် slot အပို ကျန်မကျန် ကို မေးပြီး ၀ယ်ဖို့ပါ။

ဗီဒီယို ကဒ်ကလည်း စဉ်းစားရမဲ့ အချက် ထဲမှာ ပါဝင် နေပြန်ပါတယ်။ တကယ်လို့ laptop ကို အလုပ် အတွက်လည်း အသုံးပြု ချင်တယ်၊ နားနေ ချိန်မှာ ဂိမ်းလည်း ဆော့ချင် တယ်ဆိုရင် တော့ graphic / video ကဒ် ကောင်းကောင်း ပါတဲ့ laptop ကို ရွေးခြယ် ရမှာပါ။ ဗီဒီယို ကဒ် ကောင်းရင် ကောင်းသလို ဈေးနှုန်းလည်း တက်လာမှာ ဖြစ်ပြီး ဘက်ထရီ သက်တမ်း မှာပါ သက်ရောက်မှု တွေရှိလာ မှာပါ။ သာမန် အားဖြင့် အသုံးပြုဖို့ဆိုရင်တော့ 512 MB ရှိတဲ့ ဗီဒီယို ကဒ်က လုံလောက် ပါတယ်။

နောက်ပိုင်း laptop တွေမှာ optical drive (CD drive) မပါဝင် လာတာတွေတွေ့ရပြီး တကယ်လို့ ကိုယ်က ရံဖန်ရံခါ သာ CD / DVD အသုံးပြု တယ်ဆိုရင်တော့ optical drive မပါတဲ့ ပါးလွာတဲ့ laptop ကိုရွေးခြယ်ပြီး CD / DVD အတွက် external drive ကို ၀ယ်ယူနိုင်ပါတယ်။ Hard Disk မှာတော့ သိုလှောင်စွမ်းအား များတာက ရေရှည် အတွက် စိတ်ချ ရပြီး သာမန် အသုံးပြု သူများ အတွက်တော့ 250 GB ဆိုရင် လုံလောက်ပါတယ်။ လည်ပတ်နှုန်းမှာ တော့ 5400 RPM ကနေ 1,000 RPM အတွင်းရှိပြီး 7200 RPM လောက်ဆိုရင် အတော် အဆင်ပြေ နေပါပြီ။ လည်ပတ် နှုန်းမြင့်ရင် Hard disk ရဲ့ ဖတ်နှုန်း မြန်မှာ ဖြစ်သလို၊ စက်လည်း စွမ်းဆောင် ရည်လည်း တက်လာ မှာ ဖြစ်ပေမဲ့ တစ်ဖက် မှာလည်း လည်ပတ် နှုန်းများလေ ဘက်ထရီ အကုန် မြန်လေ ဆိုတာလည်း သတိထား ရမှာပါ။
Wireless ကလည်း နောက်ဆုံးမှာ 802.11n အထိ ရှိနေပြီး၊ n ဆိုရင်တော့ data တွေကို အမြန်ဆုံး ရွေ့ပြောင်း နိုင်မှာပါ။ ဒါပေမဲ့ ဈေးနှုန်း သိပ်ဟ လွန်းရင် g လောက် ဆိုရင် လည်း အတော်ကို အဆင်ပြေ ပါတယ်။ ကျွန်တော့် desktop နဲ့ laptop မှာ အားလုံး 802.11g ပေမဲ့ data တွေကိုတော့ အခက်အခဲ မရှိ အေးအေး ဆေးဆေး ရွေ့ပြောင်း နိုင် ပါတယ်။
ဘက်ထရီ မှာလည်း နောက်ပိုင်း laptop တွေမှာ Apple Mac book တွေလို ကိုယ်တိုင် ဖြုတ်တပ် မလုပ်နိုင်တဲ့ အမျိုး အစား တွေလည်း ထွက်နေတာ ကြောင့် ဘက်ထရီ အပို ဆောင်ထား ချင်တဲ့ သူတွေ က laptop မ၀ယ် ခင်မှာ ကိုယ် ၀ယ် မဲ့ laptop က ဘက်ထရီ ဖြုတ်လို့ ရမရ စစ်ဆေး သင့်ပါတယ်။ ဘက်ထရီနဲ့ ပတ်သက်လို့ နောက် တစ်ချက် က အသုံးခံ တဲ့ အချိန်ပါ။ အများစုက ကြော်ငြာ ထားသလို အသုံး မခံတာကို သတိပြုရပါမယ်။ တကယ်လို့ ကိုယ်က ဗီဒီယို တွေ ကြည့်မယ်။ software များများ သုံးမယ် ဆိုရင် ပြောထား တဲ့ အချိန်ရဲ့ တ၀က် လောက် ကိုပဲ မှန်း ရမှာ ဖြစ်ပြီး သာမန် internet ကြည့်ရုံ လောက်ဆိုရင်တော့ ၃ ပုံ ၂ ပုံလောက် မှန်းထား နိုင်ပါတယ်။

Screen မှာတော့ ယေဘုယျ အားဖြင့် နေပူတဲ့ outdoor မှာ ကောင်းမွန်တဲ့ ပုံရိပ် တွေကို ထုတ်ပေး နိုင်ခြင်းရှိ ၊ မရှိ စတဲ့ အချက်က laptop ၀ယ်ယူရာမှာ စဉ်းစား ရမဲ့ အချက်ပါ။ တချို့ laptop screen တွေက reflective screen တွေ ဖြစ်ပြီး နေရောင် ထဲမှာ ကောင်းကောင်း အလုပ်လုပ် နိုင်သလို တချို့ angle တွေမှာ မှန် အနေနဲ့ အလုပ်လုပ် နိုင်ပါ တယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်နဲ့ တကယ် အသုံးတဲ့မယ့် အမျိုးအစား ကို ရွေးခြယ် ၀ယ်ယူ ရင်တော့ ကုန်သင့် သလောက် ပဲ ကုန်မှာ တော့ အသေ အချာပါ။

တူလေးရေးသားသည်။

4 comments:

Unknown said...

Thanks a lot:-) :-) :-)

Unknown said...

thz

almon said...

ကျေးဇူး

almon said...

thanks a lot!!!!

Post a Comment