Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Tuesday, 25 December 2012

Virus အကြောင်းများ

About Virus Value Value တစ်ခုမှာရှိတဲ့ Data တစ်ခုကိုဖော်ပြတဲ့နေရာမှာ Data type အမျိုးအစား (၆)မျိုးအနက်က တစ်ခုခုနဲ့ဖော်ပြနိုင်ပါတယ်။ အဲ့ဒီ (၆) မျိုးကတော့
About Virus Value
Value တစ်ခုမှာရှိတဲ့ Data တစ်ခုကိုဖော်ပြတဲ့နေရာမှာ Data type အမျိုးအစား (၆)မျိုးအနက်က တစ်ခုခုနဲ့ဖော်ပြနိုင်ပါတယ်။ အဲ့ဒီ (၆) မျိုးကတော့ ...........

1.REG_BINARY
Raw Binary Data, Hardware သတင်းတွေကို ကွန်ပျူတာမှ binary အဖြစ်သိမ်းပေမယ့်၊ Registery editor မှာ အကျဉ်းခြုံးရန် Hexa Decimal နဲ့ပြပေးတယ်။

2.REG_DWORD
4 byte အရှည်ရှိတဲ့ ကိန်းဂဏန်းနဲ့သိမ်း၊ Device Driver များ၊ Service နှင့်သက်ဆိုင်သော
ကန့်သတ်ချက်(parameter) များကိုဖော်ပြပေးတယ်။

3.REG_EXPAND_SZ
ကိန်းရှင် (variable) များ

4.REG_MULTI_SZ
multiple type, user များသိနိုင်သော Char နှင့် ဂဏန်းများရောနှောပုံ၊ နေရာလွတ်၊ ကော်မာနဲ့ အခြားအမှတ်တွေပါ။

5.REG_SZ
စာသားများပါဝင်ပြီး အလျားသတ်မှတ်ချက်ရှိသော အက္ခရာစဉ်ကိန်းတန်း တစ်ခု။

6.REG_FULL_RESOCE_DESCRIPTOR
Hardware တစ်ခုကို (Dirver တစ်ခု) Resource List ကိုသိမ်းဆည်းရန် ဒီဇိုင်းထုတ်ထားသော Nested Array တစ်ခုတို့ပဲ ဖြစ်ပါတယ်။

About Virus (No-1)

ဗိုင်းရပ်စ် ဆိုသည်မှာ (ပထမပိုင်း)


ဗိုင်းရပ်စ်ဆိုသည်မှာ လို့ခေါင်းစဉ်တပ်ထားတာ ကျွန်တော်လဲ သိသလောက်လေး ပြောပြပေးတာပါ။  General Knowledge ပေါ့ဗျာ….. ကဲ ဖတ်ပေးဦးဗျာ………. အကျိုးရှိမှာပါ…
လူတွေရော အားလုံးပါပဲ တစ်ခုခုဆို Virus လို့ပဲ သိပါတယ်။ တကယ်တော့ Virus အနွယ်ဝင် အမျိုးအစားများရှိနေပါတယ်။ အဲဒါတွေအကြောင်း ရှင်းလင်းပြထားတဲ့ မူလရေးသားသူ ဆရာမျိုးသူရ အားအထူး ကျေးဇူးတင်ရှိပါတယ်။

၁။ Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်.. လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ် မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင် လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်။ ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ်.. ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ .. သူတို့ဟာ ကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး... ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ။ Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ .. စသဖြင့်ပေါ့...ဗျာ

၂။ Malware

Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာ ပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်.. Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware, dishonest adware, crimeware and other malicious and unwanted software တွေပါဝင်လေ့ရှိပါတယ်..

၃။ worm

worm ဆိုတာက virus နဲ့ ဆင်တူအောင် ရေးထားကြတာပါပဲ။ virus တစ်ခုရဲ့ Sub-class လို့လည်း ခေါ်လို့ရပါတယ်။ သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက် လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်။ သူ့ပါသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်။ အကြီးမားဆုံး အန္တရာယ်ကတော့ သူက သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်။ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်။ network bandwidth တွေကိုတက်လာစေတယ်။ Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်။ လူသိများတဲ့ worm ကတော့ Blaster worm ပါ။ ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်။ Blaster worm က windows စတက်တာနဲ့ Registry ကီး HKEY_LOCAL_MACHINE\SOFTWARE\ Microsoft\Windows\CurrentVersion\ Run\windows auto update = msblast.exe မှာ နေရာယူပါတယ်။ msblast.exe ဆိုတာကတော့ နာမည်တူပေးထားတာပေါ့။ Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်။
About Virus (No-2)
ဗိုင်းရပ်စ်ဆိုသည်မှာ (ဒုတိယပိုင်း)

၎။ Trojan horse

Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်။ Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာသင်ဖူးကြမှာပေါ့။ Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ။ အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်။ ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်။ ဥပမာပေါ့ဗျာ... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်။ အဲဒီတော့ အဲဒိ Game ကို Trojan horse လို့ခေါ်တာပေါ့။ တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့။ နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်။
Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)

၅။ Spyware
သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လို အလုပ်လုပ်သလဲဆိုတာ သိကြမှာပါ။ သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်  ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်။ Spyware တွေက များသော အားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်။ ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်။ သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့ဗျာ။ တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေ ပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ။ Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်း ကာကွယ်နိုင်ပါတယ်။

၆။ Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်။ သူကတော့ Screen မှာ Automatic ပေါ်လာအောင် ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်။ အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်။

၇။ Crimeware
Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက် ရည်ရွယ်ပြီး ရေးကြတာများပါတယ်။ သူက user password တွေ၊ links တွေ၊ အချက်အလက်တွေကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့။ ဥပမာပြောရရင်
ခုခေတ်စားနေတဲ့ key logger တို့ keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်။
Source; http://bonemyathein.blogspot.com/p/virus.html























































 

အပြည့်အစုံ

Master Email account ဘယ်လိုသုံးမလဲ

ဒီလို email ကို ဆိုင်ရာဆိုင်ရာအတွက် (Email လုံခြုံရေး ဘယ်လိုလုပ်မလဲ ဆောင်းပါးကို ဖတ်နိုင်ပါတယ်) သုံးဖို့ account တွေ အများကြီး လုပ်ထားတော့ အင်တာနက်ဆိုင်တွေမှာ email check တဲ့ အခါမှာ
အချိန်တွေ အများကြီးကုန်နိုင်ပါတယ်။ တစ်ခုဝင်လိုက် ဖတ်လိုက် ထွက်လိုက်နှင့်ပေါ့။ ဒီလို မဖြစ်ရလေအောင် master email account တစ်ခု ထားပြီးတော့ တစ်နေရာထဲကနေ ကိုယ့်ရဲ့ email account တွေ အားလုံးကို ဖတ်တာ၊ စာပြန်ရေးတာ ဖြစ်ဖြစ် လုပ်နိုင်ပါတယ်။

ကိုယ့်ရဲ့ Master email account ထဲကနေ Mail Setting/Accounts and Import/Check mail using POP3/Add POP3 Email Account ကနေ ကိုယ်ကြည့်ချင်တဲ့ email ID တစ်ခုချင်း ထည့်ရပါမယ်။ အဲဒီမှာ username ရယ် password ရယ် ထည့်ပြီး Always use SSL ရယ် Lable incoming message ရယ် Archive incoming message ရယ်ကို ရွေးချင်ရင် ရွေးလို့ရတယ်။ တစ်ခြား web browser ကနေပြီးတော့ ဒီ Master account မှာ ထည့်မယ့် email ID (slave acccount) ထဲကိုဝင်ပြီးတော့ mail setting/forwarding and POP/IMAP အောက်က POP download မှာ enable ဆိုတဲ့ ရွေးချယ်စရာ တစ်ခုခုကို ရွေးပြီး အောက်မှာ Save Changes ကို နှိပ်ရပါမယ်။ ပြီးတော့မှ Master email ID ဖွင့်ထားတဲ့ browser ကိုပြန်သွားပြီး Add account ကိုနှိပ်ရမယ်။

ရပြီဆိုရင် နောက်တဆင့်မှာ Yes... ရွေးစရာကို ရွေးပြီး send verification ကို ထပ်နှိပ်ရပါမယ်။ ဒါက နောင်ဆုံး အတည်ပြုချက် ရယူတာဖြစ်တယ်။

ခုနက slave email account ထဲကို ပြန်သွားပြီး ရောက်လာတဲ့ အတည်ပြုချက် code number ကို ယူပြီး master account မှာ ထည့်လိုက်တော့မှ ဒီလုပ်ဆောင်ချက်ဟာ အောင်မြင်မှာဖြစ်တယ်။ တကယ်အလုပ် လုပ်မလုပ်ကိုတော့ စမ်းကြည့်လိုက်ပါအုံး။ မရရင်တော့ တနေရာရာမှာ မှားတာရှိလို့ ဖြစ်မှာပါ။ မရရင် ပြန်မေးကြည့် လိုက်ပါနော်။

ဒီလိုနဲ့ slave email ID(s) ထဲမှာ ၀င်လာသမျှ email အသီးသီးဟာ Master email account ထဲမှာချက်ချင်းရောက်နေပြီး ဖတ်လို့ရပါတယ်။ ပြန်ပို့တဲ့ အခါမှာလည်း ကြိုက်တဲ့ email ID နှင့် ပြန်ပို့လို့ ရပါတယ်။ Slave email ID နှင့် Master account ထဲကနေ email စာ အသစ် ရေးဖို့ဆိုရင် Gmail ကိုသုံးတဲ့ အချိန်မှာ standard version နှင့် သုံးဖို့လိုအပ်ပါတယ်။ From ဆိုတဲ့ နေရာကနေ ဘယ် email ID နှင့် ပို့ချင်သလဲ ရွေးလို့ရတယ်လေ။

Standard version မှာ Functions တွေပိုစုံတယ် အင်တာနက် ချိတ်ဆက်မှု အမြန်နုန်းလည်း ပိုကောင်းဖို့ လိုအပ်ပါတယ်။

အဲဒါကတော့ ကိုယ့် email account အသီးသီးကို Master ID တစ်ခုထဲမှာ backup လုပ်တာဖြစ်တယ်။ အဲဒီ Master account ကိုလည်း တစ်ခြား ID သို့ ထပ်ပြီး Backup လုပ်လို့ရပါသေးတယ်။
(burmait.net မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံ

Cryptography ရဲ့ အဓိပ္ပာယ်


သတင်း အချက်အလက်လုံခြုံရေး သိပ္ပံပညာကို ခေါ်ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ ဂရိစကားလုံးဖြစ်ပါတယ်။ ဂရိစကားလုံး kryptos ကဆင်းသက်လာတဲ့ ဝေါဟာရဖြစ်ပြီး၊ ထိန်ချန်ထားသော အဓိပ္ပာယ်ရပါတယ်။
cryptography ဟာ cryptology နဲ့cryptanalysis စတဲ့ ဘာသာရပ်တွေနဲ့ နီးကပ်စွာ ဆက်စပ်လျက် ရှိပါတယ်။ cryptography မှာစာသားနဲ့ ရုပ်ပုံတွေပေါ်စေတဲ့ microdots နည်းပညာနဲ့ သတင်းအချက်အလက်တွေကို storage ပြုလုပ်ပြီးတော့ဖြစ်စေ၊ လွှဲပြောင်းပြီးတော့ဖြစ်စေ၊ ခြေရာ ဖျောက်နိုင်တဲ့နည်းလမ်းတွေ ပါဝင်ပါတယ်။

ကွန်ပျူတာ နည်းပညာကို အဓိကသုံးစွဲလာတဲ့ ဒီနေ့ခေတ်မှာ cryptography နည်းပညာဟာ ပုံမှန်စာသား plaintext တွေကို ciphertext အဖြစ်ပြောင်းလဲစေတဲ့ (encryption) ခေါ် အချက်အလက် လုံခြုံရေးလုပ်ဆောင်ချက် ဖြစ်စဉ်နဲ့ ဆက်နွယ်နေတက်ပါတယ်။ ciphertext အဖြစ်ကနေ plaintext အဖြစ်ပြန်ပြောင်းတာကိုတော့ decryption လို့ခေါ်ပါတယ်။
Cryptography ရဲ့အဓိက အားသာချက် (၄) ရပ်ကတော့
၁။ Confidentiality
သတင်းအချက်အလက်ကိုမသက်ဆိုင်သူ၊မရည်ညွှန်းခံရသူတွေနားမလည်နိုင်ခြင်း။
၂။ Integrity
သတင်း အချက်အလက်ကို ပေးဖို့သူနဲ့ ရည်ရွယ်ထားတဲ့ လက်ခံသူအကြားမှာ storage ပြုလုပ်မှု၊ transit ပြုလုပ်မှုတွေကို ၀င်ရောက်ပြုပြင်တာမျိုးတွေကို ထောက်လှမ်း စူးစမ်းနိုင်ခြင်း။
၃။ Non-repudiation
သတင်းအချက်အလက်ကို ပေးပို့တဲ့သူဟာ ယင်း သတင်း အချက်အလက် ကိုဖန်တီးခြင်း၊ ပြုပြင် ပြောင်းလဲခြင်းတွေ ပြုလုပ်ပြီးနောက်ထပ် အဆင့်တစ်ရပ်ကို ရောက်ရှိချိန်မှာ သူရဲ့ ရည်ရွယ်ချက်ကို ငြင်းဆိုမှုမပြုနိုင်ခြင်း။
၎။ Authentication
သတင်းအချက်အလက် ပေးပို့သူနဲ့ လက်ခံသူတို့ ဟာ ၎င်းတို့ရဲ့ ကိုယ်ရေး အချက်အလက်တွေကို ကိုယ်စီကိုယ်ငှ အတည်ပြုနိုင်ပြီး၊ သတင်းအချက်အလက်ရဲ့ ဇစ်မြစ်ကိုလည်း အတည်ပြုနိုင်ခြင်း အစရှိတာတွေပါဝင်ပါတယ်။

အထက်ဖော်ပြပါ စံသတ်မှတ်ချက် တွေအားလုံး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းနဲ့ ကိုက်ညီတဲ့ protocol တွေနဲ့ procedure တွေကို cryptosystem တွေလို့ခေါ်ဆိုပါတယ်။
Cryptosystem တွေဟာ အများနားလည်သလို သင်္ချာလုပ်ထုံး လုပ်နည်းတွေ၊ ကွန်ပျူတာ ပရိုဂရမ်တွေမျှသာ မဟုတ်ပါဘူး။ ၎င်းတို့မှာမှန်းဆရခက်တဲ့ password တွေရွေးချယ်ရခြင်း၊ အသုံးမပြုတဲ့ system တွေကို log-off ပြုလုပ်ခြင်း၊ အရေးကြီးတဲ့ procedure တွေကို မသက်ဆိုင်သူတွေနဲ့ မဆွေးနွေးခြင်း စတဲ့လူသားတစ်ဦးရဲ့ လုပ်ဆောင်ချက်တွေကို လည်းဆောင်ရွက်ပေးပါတယ်။ (burmait.net မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံ

အင်တာနက်လွတ်လပ်မှုသဘော Net neutrality အကြောင်း

ကနေ့ကာလရဲ့ နည်းပညာနဲ့ဆက်သွယ်ရေးကဏ္ဍ communictions sector မှာ မူဝါဒရေးရာနဲ့ပတ်သက်လို့ အငြင်းအခုံအဖြစ်ရဆုံး ဝေါဟာရဟာ net neutrality ဆိုတဲ့ စကားစုဖြစ်လို့လာနေပါတယ်။
Net neutrality ဆိုတဲ့ဝေါဟာရမှာ net ကတော့ “အင်တာနက်ကွန်ရက်ကြီး” တစ်ခုလုံးကိုရည်ညွှန်းတာဖြစ်ပြီး၊ neutrality ဆိုတာကိုတော့ “ဘက်မလိုက်မှု၊ ကြားနေမှု” စတဲ့ အနက်သဘောတွေနဲ့သုံးကြတာပါ။ ဒီစကားစုကို “အင်တာနက်ကြားနေမှု” လို့လည်း ဟိုတစ်ပတ်က အင်တာနက်ဆောင်းပါးတစ်စောင်မှာ စမ်းသပ်ပြန်ဆိုသုံးစွဲခဲ့ပါသေးတယ်။ ဒါပေမယ့် စာဖတ်ပရိသတ်ကို အရည်လည်၊ သဘောပေါက်ဖို့ ခက်နေဦးမှာပါ။ ဒါကြောင့်ဒီအင်တာဗျူးမှာတော့ net neutrality ဆိုတာကို လက်ရှိအင်တာနက်အရေးအသားများပေါ်မှာ သုံးစွဲနေတဲ့အနက်ရင်းနဲ့ နီးစပ်မှုအရှိဆုံးဖြစ်အောင်၊ “အင်တာနက်လွတ်လပ်မှုသဘော” လို့ ပြန်ဆိုလိုက်ပါတယ်။ ယခုဖော်ပြမယ့် အမေးအဖြေတွေကတော့ net neutrality ဆိုတာဘာလဲဆိုတဲ့ မေးခွန်းနဲ့စထားတယ်။ Google Verizon တို့ရဲ့မကြာမီက ပူးတွဲအဆိုပြချက် ပေါ်လစီချမှတ်သူခေါင်းဆောင်များအတွက် အင်တာနက်ကို ထိန်းချုပ်ဖို့ကိစ္စပါဝင်သလို၊ AT & T, Comcast, Verizon တို့လို service provider ကုမ္ပဏီကြီးတွေနဲ့ အင်တာနက်ကွန်ရက်ရဲ့ အတားအဆီးမရှိ လွတ်လပ်မှုပင်ကိုယ်သဘောထားကို ထိန်းသိမ်းချင်တဲ့ လစ်ဘရယ်အုပ်စုများရဲ့အငြင်းအခုံတွေကိုပါ ရောင်ပြန်ဟပ်ထားပါတယ်။

Q Net neutrality ဆိုတာ ဘာလဲ။ 
A ဒီဝေါဟာရရဲ့အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်းဖွင့်ဆို ဖော်ပြကြတာတော့မရှိသေးဘူး။ ဒါပေမယ့် လူတော်တော်များများအတွက်ကတော့ ဒီဝေါဟာရရဲ့အဓိပ္ပာယ်က “အင်တာနက်အသုံးပြုသူတွေဟာ Web ပေါ်က service နဲ့ content တွေကိုအကန့်အသတ်မူမရှိဘဲ ချိတ်ဆက်သုံးစွဲနိုင်တယ်၊ သုံးသင့်တယ်” လို့ပဲ ရိုးရိုးအဓိပ္ပာယ်ထွက်တယ်။ တခြားနည်းနဲ့ပြောရရင်တော့ broadband service provider တွေကို အင်တာနက်ဆက်သွယ်မှုကိုနှေးအောင်လုပ်ခွင့်ပေးတာ တစ်ချို့သော content တွေကို ပိတ်ဆို့ (block) လုပ်တာမျိုးကို ခွင့်မပြုသင့်ဘူးလို့ဆိုတာပါ။ (အမေးအဖြေကအရေးကြီးလို့ မူရင်းကိုပါ တွဲလျက်ဖော်ပြပါရစေ။ ဘာသာပြန်သူ) Q Whar is Net neutrality? A There is no clear definition of the phrase "Net neutrality". But to most people it simply means that Internet users should be able to have unfettered access to content and services on the web. In other words, broadband service providers should not be allowed to monkey with the traffic to block certain content or slow it down.

Q အင်တာနက်ကို ပွင့်လင်းလွတ်လပ်အောင် open ဖြစ်အောင် ထိန်းသိမ်းပေးထားတဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေ မရှိဘူးလား။ 
A မရှိပါ။ Broadband provider တွေကို သူတို့ရဲ့ network တွေပေါ်မှာ ဘာလုပ်နိုင်၊ ဘာမလုပ်နိုင်ဘူးဆိုတာကို သီးသန့်ပြောထား၊ ရေးထားတဲ့ ဥပဒေသို့မဟုတ် အရေးယူဆောင်ရွက်နိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေ တစ်ခါမှမရှိခဲ့ပါဘူး။ တစ်ချို့ဥပဒေတွေကတော့ အဆိုပြုထားတုန်း၊ ဒါပေမယ့် အားလုံးကလည်း ဒီအဆင့်မှာပဲ ပျက်ကုန်တာပါ။ ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC) ကတော့ Net neutrality principle ဆိုပြီး ရေးထားတာတွေရှိတယ်။ ဒါပေမယ့် အဲဒါတွေကလည်း တရားဝင်စည်းမျဉ်းတွေရယ်တော့ မဟုတ်ပါဘူး။ FCC ဟာယခုတော့ အခိုင်အမာဆောင်ရွက်နိုင်၊ အရေးယူပြဌာန်းနိုင်တဲ့ တရားဝင်ချမှတ်ထားတဲ့ ဥပဒေစည်းမျဉ်းတွေ ရေးဆွဲဖို့လုပ်နေပါတယ်။

Q Net neutrality အငြင်းအခုံကိစ္စထဲမှာ Googleနဲ့ Verizon တို့ ဘာကြောင့်ပါဝင်နေတာလဲ။ 
A Google နဲ့ Versizon တို့ဟာ FCC နဲ့ ဥပဒေပြုအမတ်တွေဆီမှာ အဆိုပြုချက်ဥပဒေကြမ်း proposal တစ်ခုရှိခဲ့ပါတယ်။ ဒါဟာ အဆိုပြုချက်သက်သက်ပါပဲ။ FCC အာဏာပိုင်တွေနဲ့ ဥပဒေပြုအမတ်တွေကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ဥပဒေကြမ်းတရပ်ဆွဲနိုင်ဖို့ သူတို့ရဲ့အဆိုပြုတောင်းဆိုချက်တွေကို ထည့်သွင်းစဉ်းစားမလား၊ မစဉ်းစားဘူးလားဆိုတာ ဆုံးဖြတ်ရမှာပါ။ Google နဲ့ Verizon Service provider တွေဟာသူတို့ရဲ့ network တွေပေါ်မှာလည်ပတ်နေတဲ့ အချို့သော appliction တွေအတွက် အပိုဝန်ဆောင်ခကောက်ခံမလား၊ မကောက်ခံဘူးလားဆိုတာပါ။ ၀ိုင်ယာလက်စ်ကွန်ရက် တွေကို Net neutrality စည်းမျဉ်းကနေ ဖယ်ထုတ်သင့်၊ မသင့်ဆိုတာပါ။

Q ဒါဆို ဘာဥပဒေမှ လောလောဆယ်မရှိသေးဘူးဆိုရင်၊ လက်ရှိကျွန်တော်တို့သုံးနေတဲ့ အင်တာနက်ဆိုတာ မလွတ်လပ်ဘူးဆိုတဲ့သဘောလား။ 
A ဒါလည်း “လွတ်လပ်တယ်” ဆိုတာကို ခင်ဗျားဘယ်လိုအဓိပ္ပာယ်ဖွင့်သလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ စားသုံးသူအများစုကတော့ သူတို့မှာ ဘာပြဿနာမှမရှိဘူးပြောကြတယ်။ သူတို့ရဲ့ broadband နှေးအောင်လုပ်တာ သို့မဟုတ် ပိတ်ဆို့ (block) တာ မရှိကြပါဘူး။ သူတို့ဟာအင်တာနက်ပေါ်မှာ လွတ်လပ်စွာသွားနိုင်ပြီး မည်သည့် အင်တာနက်အသုံးပြုရတဲ့ application ကိုမဆို သူတို့ရဲ့ broadband connection တွေပေါ်မှာ လွတ်လပ်စွာသုံးနိုင်ကြပါတယ်။ ဗီဒီယိုတွေကြည့်နိုင်တယ်။ Skype လို third party ကြည့်ရင်တော့ net ဆိုတာလွတ်လပ်တယ်ပေါ့။ ဒါပေမယ့်ဒါက service provider တွေဟာ အင်တာနက် traffic ကို မစီမံမခန့်ခွဲဘူး။ ဦးစားပေးမလုပ်ဆောင်ဘူးလို့ ဆိုလိုတာတော့မဟုတ်ဘူး။ Broadband service provider တွေဟာ မြေပေါ်မှာဖိုင်ဘာလိုင်း၊ ကြေးနန်းလိုင်းတွေကနေ သို့မဟုတ် လေလှိုင်းကနေစသဖြင့် ဘယ်လိုပဲ service ပေးနေသည်ဖြစ်ပါစေ၊ သူတို့ဟာ ကိုယ့်ရဲ့ network တွေကိုစီမံနိုင်ရပါမယ်။ အင်တာနက်ပေါ်မှာ information တွေကို သယ်ဆောင်ပို့ပေးခြင်းနဲ့ပတ်သက်လို့ အသုံးပြုနေတဲ့ Internet Protocol ဆိုတာဟာလည်း အကောင်းဆုံး အားထုတ်မှုတစ်ခုပါပဲ။ ၎င်းက network တလျှောက်မှာ information packet တွေကိုပို့ပေးတယ်။ ဒီ information တွေအားလုံးဟာလည်း Speed အမျိုးမျိုး၊ တစ်ခါတစ်လေ လမ်းကြောင်းအမျိုးမျိုးနဲ့ သွားနေပါတယ်။ ဒီ packet အမျိုးမျိုးဟာလည်း သူတို့ရဲ့ပန်းတိုင်နေရာကိုရောက်ရင် ပြန်စုစည်းရတယ်။ ဒါဟာ network ရင်းမြစ်တွေအတွက် အလွန်ထိရောက်တဲ့ အသုံးပြုမှုပါ။ ဒါပေမယ့် ဟိုင်းဝေးလမ်းတွေပေါ်သွားနေတဲ့ ကားတွေလိုပေါ့။ တစ်ချို့ packet တွေဟာလည်း သွားနေစဉ်မှာ ပိတ်ဆို့မှုဖြစ်တာတွေ ကြုံရတတ်ပါတယ်။ လူတွေကတော့ text-based packet တွေနှောင့်နှေးတာကို သတိမထားမိတတ်ကြပါဘူး။ ဒါပေမယ့် အဲဒါတွေမှာ အချိန်သတ်မှတ်ချက်နဲ့ သွားရတဲ့ဒေတာတွေဖြစ်ကြတဲ့ Voice call လို့၊ Vidoe Stream လုပ်တာမျိုးတွေလိုပါတယ်ဆိုရင် နှေးကွေးတာ၊ ပိတ်ဆို့မှုဖြစ်နေတာကို ကြုံရမှာပါ။ ဒီတော့ ဒေတာတွေစီးဆင်းနေမှုအားလုံးကို အချိန်မီ စနစ်တကျသွားလာနေစေဖို့ network operator တွေဟာ စီခံခန့်ခွဲမှုနည်းတွေနဲ့ တက္ကနိုလိုဂျီတွေကို ကားလမ်းတွေမှာ လမ်းပြရဲတွေကအဆင်ပြေအောင်လုပ်ပေးသလိုမျိုး လုပ်ဆောင်ပေးရပါတယ်။ Network operator တွေဟာ ဒီတက္ကနိုလိုဂျီတွေကို သုံးလာတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ သူတို့ရဲ့ network တွေမှာပိတ်ဆို့မှု traffic တွေများလာလေ traffic management နည်းလမ်းတွေပါသုံးပြီး ဖြေရှင်းပေးရလေပါပဲ။ AT & T နဲ့ Verizon လိုကုမ္ပဏီမျိုးတွေက ပြောနေတာကလည်း သူတို့ရဲ့ network တွေကိုထိန်းချုပ်ဖို့ဆိုတာဟာ subscriber တွေအားလုံးအတွက် အဲဒီလို traffic တွေမကြုံအောင် စနစ်တကျစီမံနိုင်ရေးပါ။

Q ဒါဆို အင်တာနက်လွတ်လပ်မှုသဘော Net neutrality ကိုထောက်ခံသူတွေက ဘာတွေကို ကြောက်နေတာလဲ။ 
A ဒါနဲ့ပတ်သက်လို့ ပုံစံကျဥပဒေစည်းမျဉ်းတွေမရှိဘဲ broadband provider တွေက သူတို့ရဲ့ စွမ်းအားကို မတရားအသုံးချကြမှာ ကြောက်ကြလို့ပါ။ Traffic ဖြစ်နေတာတွေကို ထိန်းချုပ်ဖို့အတွက် သူတို့ရဲ့ management technique တွေကိုသုံးရမယ့်အစား၊ net ပေါ်မှာ ပြိုင်ဘက် provider တွေရဲ့ serviceတွေကို သုံးနေတဲ့ user တွေရဲ့ connection တွေကို နှောင့်နှေးအောင်လုပ်မှာစိုးလို့ပါ။ ဥပမာပြောရရင် ခင်ဗျားရဲ့ broadband provider က video service ပေးနေတယ်ဆိုပါတော့။ ဒါဆိုရင် ခင်ဗျားရဲ့ကုမ္ပဏီက network ပေါ်မှာတော့ ပြိုင်ဖက်ကုမ္ပဏီရဲ့ video service ထက်ခင်ဗျားအတွက် service ကိုပဲ ဦးတည်ပေးဖို့ ကြိုးစားကောင်းကြိုးစားတော့မှာပဲ။ ဒီလိုဖြစ်တာနဲ့ အဲဒီပြိုင်ဘက်ကုမ္ပဏီရဲ့ service ဟာလည်း နှောင့်နှေးသွားပြီး၊ ခင်ဗျားကုမ္ပဏီအတွက်ပဲ ပိုကောင်းတော့မှာပေါ့။ နောက်ထပ်ကြောက်ကြတာတစ်ခုကတော့ broadband service provider တွေဟာ content နဲ့ application developer တွေနဲ့ပူးပေါင်းပြီး စာချုပ်ချုပ်ဆိုမှာ၊ netbased service အင်တာနက်အခြေခံဝန်ဆောင်မှု အားလုံးတိုင်းဟာလည်း connection ပိုကောင်းချင်ရင် ငွေပိုပေးရမယ်ဆိုတာမျိုးဖြစ်လာမှာကို ကြောက်ကြတာပါ။ ဒါဆိုရင်လူတိုင်းသုံးနိုင်တဲ့ public Internet ဟာ နှေးကွေးတဲ့၊ ဘာမှသုံးလို့မရတဲ့ content တွေပဲပေးတော့မှာပေါ့။

Q ဒါဆို net neutrality အငြင်းခုံဟာ နောက်ဆိုဘာဖြစ်လာနိုင်မလဲ။ 
A နိုဝင်ဘာမှာ အမေရိကန်ကွန်ရက်ရွေးကောက်ပွဲတွေရှိတာမို့ အဲဒီမတိုင်ခင်တော့ ဘာမှဖြစ်ဦးမှာမဟုတ်ပါဘူး။ လောလောဆယ်မှာတော့ FCC ရော service provider တွေရော၊ ထောက်ခံသူ၊ ဆန့်ကျင်သူတွေအားလုံးဟာ ၀ိုင်ယာလတ်စ် network တွေအတွက် Net neutrality rule တွေကို သုံးသပ်ဆင်ခြင်နေရတုန်းပါ။ FCC ရဲ့ဥက္ကဌ ဂျူးလီယပ်စ်ဂီနာချောစကီးကတော့ ဒီလိုပြောထားတယ်။ “အားလုံးမြင်တဲ့အတိုင်းပါပဲ။ ကိစ္စတွေကတော့ ထွေပြားရှုပ်ထွေးပြီး၊ အသေးစိတ်ကျပါတယ်။ အရေးယူဆောင်ရွက်နိုင်မယ့် ဥပဒေတွေပြဌာန်းနိုင်ဖို့ အဆိုပြုချက်ဥပဒေကြမ်းတစ်ခုလုပ်တာတောင်မှ အားနည်းချက်ကလေးတွေရှိနေပြီး၊ လွတ်လပ်ပွင့်လင်းတဲ့ opern Internet ဖြစ်ရေး အခြေခံရည်မှန်းချက်ကို အန္တရာယ်ဖြစ်စေနိုင်တာတွေ ပါနေဆဲဖြစ်ပါတယ်။”
Source: www.myanmarinternetjournal.com

အပြည့်အစုံ

Saturday, 15 December 2012

ဒီဂျစ်တယ်လ်ဗွီဒီယိုတည်းဖြတ်နည်း(မြန်မာ)ဘာသာပြန်




ဒါလေးကတော့ ကျွန်တော်တို့ ဆရာ သန်းထိုက် ရေးသားထားတဲ့ အသုံးချ ဗွီဒီယိုတည်းဖြတ်နည်း ပညာ ဆိုတဲ့ စာအုပ်လေးပဲဖြစ်ပါတယ်.။ အထဲမှာ ခေါင်းစဉ် အလိုက် မသိမဖြစ်စနစ်တွေ Video tape formats တွေ၊ Video system formats တွေကအစ အသေးစိတ်ရေးပေးထားပါတယ်။ ဝါသနာ မပါရင်တောင် ဆောင် ထားသင့်တဲ့ စာအုပ်လေး တစ်အုပ်ဖြစ်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 10 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်.။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ.။။
Digital Video Editing ( မြန်မာ )


You might also like:

အပြည့်အစုံ

Digital ကင်မရာအကြောင်း တစေ့တစောင့်

ကျွန်ုပ်သည် နိုင်ငံခြားမှာနေပေမဲ့  ကွန်ပျုတာက လွဲပြီး ကင်မရာကောင်းစွာတစ်လုံး ဝယ်မကိုင်နိုင်ပါဘူး 
ဈေးကြီးတယ်လေ ဒါပေမဲ့  အားယင် အရောင်းခမ်းမတွေမှာ ခနခနဝင် ကလိဘူးပါတယ်။အာသာပြေပေါ့ ဗျာ ဒါပေမဲ့  အခုနည်းပညာထဲမှာ ပိုပြီးစုံလင်အောင် ဝါသနာရှင်များလည်း
တစ်စိတ်တစ်ဒေသ သိရအောင် ဘလောက်ဂါ ဆရာများရေးထားသော နည်းပညာထဲမှ ရှာဖွေပြီး ပညာပါရမီ ကုသိုလ်ဓါန ပြုလိုက်ပါတယ် ၊ကျနော်ဂေါ်လီပါ..



သူငယ်ချင်းရေ… ငါလည်း အရမ်းတော့ မသိဘူးကွာ.. ပီးတော့ ကင်မရာနဲ့ ပတ်သတ်ပီးတော့ Experience လည်း ငါ့မှာ သိပ်တော့ မရှိဘူး။ သိသလောက်လေးတော့ ၀င်ပြောကြည့်ပါ့မယ်။ တကယ်တော့ ကင်မရာတလုံးမှာ Key က Optical Zoom ပါ။ Lens နဲ့ Auto focus တို့ကို ခဏထားလိုက်ပါဦး ။ ကင်မရာတလုံးကို ၀ယ်မှာလို့ ခေါင်းစဉ်ဆိုပေ့မယ် ကင်မရာတလုံး ဘယ်လောက်ကောင်းကောင်း လက်သားပေါ်မှာ မူတည်ပါတယ်။ လက်သားဆိုတာ ဘာလည်းဆိုတာ ရိုးရိုးရှင်းရှင်းလေးပဲ့ ပြောပြမယ်ကွာ ။ ကင်မရာကို ကိုင်တွယ် ချိန်ပီး ရိုက်တဲ့ချိန်မှာ တည်ညိမ်နိင်တဲ့ အလေ့အကျင့် လက်သားပေါ့။ နောက်တခုက အနုပညာ အတွေးအခေါ်ပေါ်မှာ မူတည်ပီး ကင်မရာကနေ ဓါက်ပုံ တပုံထွက်လာအောင် ရိုက်မယ်ဆိုရင် လည်း Mp ဘယ်လောက်နည်းနည်း ကင်မရာကောင်းတာဆိုတာကို ခွဲလို့ မရဘူး ဆိုတာကို ဟိုးအရင်က ဓါက်ပုံ ကောင်းအောင်ရိုက်ခဲ့တဲ့ ဓါက်ပုံဆရာတွေအများရှိတယ် ဆိုတာတွေနဲ့ နဲနဲ ထောက်ပြပေးချင်ပါတယ်။ ဒါက ပထမ ဆုံး Intro ပေါ့ နောက်ဆက်ပီး သူငယ်ချင်း သိချင်တာလေးတွေကို သိသလောက်လေး နည်းနည်းလေးပြောပြပေးကြည့်ချင်တယ်။ ကင်မရာတလုံးကို ခုနောက်ပိုင်းဆိုရင် Mp ကိုပဲ့ ကြည့်ပီး အကောင်းအဆိုး ခွဲလို့ မရတော့ပါဘူး။ သတိထားပီး Sony နဲ့ Cannon တို့မှာ ကြည့်ကြည့်လိုက်ပါ။ ခုနောက်ပိုင်း 10 Mp လောက် အနိမ့် ဆုံးလောက် ဖြစ်နေပီ။ ဒါတွေကိုကြည့်ပီး Mp များတယ် ကောင်းတယ်ဆိုပီး ခွဲလို့ မရပါဘူး. ။Matrix ဆိုတာလေးတွေလည်း ရှိသေးတယ်။
Lens ဆိုတာ ဘာသာပြန်လိုက်ရင်တော့ မှန်ဘီလူးပေါ့ ။ သူ့က ဘာတွက်အသုံးဝင်လည်းဆိုရင် ဒီတိုင်းရှိတဲ့ ကိုယ်ရိုက်ချင်တဲ့ ပုံရိပ် တခုကို ချိန်တဲ့နေရာမှာ အရမ်းစကားပြောတယ်။ ဘယ်လိုလည်းဆိုတော့ Lens Wide ကျယ်လေ ကိုယ်ရိုက်ချင်တဲ့ ပုံရိပ်ကို (တနေရာတည်း) ထင်ထင်ရှားရှား ပီပြင်အောင်ပိုရိုက်လို့ ရလေပေါ့ ။ သဘောတရားက အဝေးကြီးက ပုံရိပ် တခုဆိုပါတော့ အဲ့  ပုံရိပ်ကို အဝေးကြီးကနေ လှမ်းရိုက်တော့မယ်ဆိုရင် Lens wide က ဒီနေရာမှာ အသုံးဝင်တော့တာပဲ့။ အဝေးကြီးက ပုံရိပ်ကို တနေရာတည်း ကိုယ်လိုချင်တဲ့ နေရာ တခုတည်းကို စုစည်းပီး တိတိကျကျ ပုံဖော်ပေးနိင် အောင် စွမ်းဆောင်နိင်တဲ့ စွမ်းဆောင်ရည် ရှိတယ်ပေါ့။ နောက်တခုက ကိုယ်ရိုက်မဲ့ ပုံရိပ်က မြင်ကွင်းက ကျယ်နေတယ်။ ဒီလို မြင်ကွင်းက ကျယ်နေတယ်ဆိုရင်လည်း အဲ့ဒီ အကျယ်အတိုင်း Zoom ချိန်ဖို့ဆိုတာ Experience မရှိသေးသူ တယောက်တွက်က မလွယ်ဘူး။ ဒီအကျယ်အတိုင်းရိုက်တော့မယ်ဆိုရင်လည်း Lens က Key တခုလို ဖြစ်နေတာပါပဲ့။ ဒီထက် ပိုပီး နားလည်အောင် စာနဲ့ ဘယ်လို ရှင်းပြရမလည်း မသိဘူး။ နောက်တခုက Focus အကြောင်းလေး နဲနဲ့ပြောပြချင်တယ်
 
ခုနောက်ပိုင်းမှာ Auto focus နဲ့ Manual Focus ဆိုပီး Focus နှစ်မျိုး ပါလာတာ ရှိတယ်။ Auto focus က ဘယ်လိုလည်းဆိုတော့ သူ့ ထဲ့မှာ ပါတဲ့ Shutter speed တို့ ISO Mode တို့ Explosure တို့ကို သူ့ဘာသာ ကင်မရာက နေ ချိန်ညိပီး အလင်းအမှောင်ကို ချိန်ပေးတာကို ပြောတာ။ နောက် Manual ဆိုတာကတော့ ရှင်းပါတယ်။ ကိုယ့်ဘာသာ ချိန်ညှိရတာပေါ့။ အလင်းအမှောင် ကိုယ်က ညရိုက်မှာ ဆိုရင် Shutter Speed ချရိုက်ရတာတို့ကို ကိုယ့်ဘာသာ ချိန်ရမယ်ပေါ့ နနက်ရိုက်မယ်ဆိုရင် Shutter speed ကို မြှင့်ထားရတယ်။ ဒီလို မြှင့်တာ နိမ့်တယ် ဆိုတဲ့ သဘောက ဘယ်လို နိမ့်ရ မြှင့်ရတယ်ဆိုတာလည်း ကိုယ်ကိုင်တဲ့ ကင်မရာကို ဘယ်လို ညှိရမယ်ဆိုတာကိုယ်တိုင် ကိုယ်ကျ နေတွေ ညတွေ မိုးရွာနေတဲ့ ချိန် နှင်းကျနေတဲ့ ချိန်တွေမှာ လိုက်ရိုက်ကြည့်ပီးမှ ချိန်နိင်တဲ့ Speed ကို သိမှာပါ။ Shutter Speed ကို ညရိုက်မယ်ဆိုရင် ဘာလို့ နိမ့်ထားတာလည်းဆိုရင် အလင်းရဲ့ သွားနုန်း အလင်းအမှောင် သွားနုန်းတွေ မတူလို့ပဲ့။ ဒါ Shutter Speed ရဲ့ အလုပ်လုပ်ပုံလေး နည်းနည်းပေါ့။

တကယ်လို့ Shutter Speed ကို ကောင်းကောင်း မကိုင်နိင်ဘူး ဆိုရင် Flash Gun ပါတဲ့ ကင်မရာမျိုးကို ရွေးဝယ်ပီး Flash Gun နဲ့ ရိုက်လို့ ရတယ်ပေါ့။ face detection ဆိုတာဘာလည်းလို့ အပေါ်မှာ မေးထားတဲ့ အထဲ့မှာပါတယ်။ အဲ့တာဘာလည်းဆိုတော့ မျက်နာ ပေါ်မှာ မူတည်ပီးတော့ ကင်မရာ က ပုံရိပ်ယူတာကိုပြောတာပါ။ ခေါင်းစောင်းနေတယ် ဆိုပါဆို ဒါဆို Focus ကပါ နည်းနည်း စောင်းတဲ့ ဘက်ကို လိုက်ပီး ယူနိင်တဲ့ သင့်တင့်တဲ့ ပုံရိပ်ကို ယူနိင်တာတို့ လုပ်တာပါ။နောက်တခုက image stablizer ဆိုတာ ဘာလည်းဆိုတာ ထပ်မေးထားသေးတယ်။ ကဲ့ ဒါနောက်ဆုံးမေးခွန်းဆိုတော့ အားပြည့်နေပီ ( ဖြေလို့ လက်ပေါက်ကပ်တဲ့ မေးခွန်းတွေ ပီးတော့မှာကို ) image stablizer ဆိုတာ အပြေးပြိုင်ပွဲ တခုမှာ ဓါက်ပုံရိုက်တယ် ဆိုပါဆိုကွာ ။ ပြေးနေတဲ့ အပြေးသမားကို ရိုရိုး image stablizer မပါတာနဲ့ ရိုက်လို့ မရဘူးလေ ။ image stablizer မပါတာနဲ့ သွားရိုက်ရင် ၀ါးသွားတာတို့ အလင်းကျန်တာတို့ နောက်ထပ် ဆိုးကျိုးတွေ ရှိတာပေါ့ကွာ။ image stablizer ပါတာကတော့ ပြေးနေတဲ့ လူ တယောက်ကို image stablizer ပါတဲ့ ကင်မရာနဲ့ ရိုက်ရင် အဆင်ပြေပြေနဲ့ ရုပ်ညိမ်တခုကို ရနိင်တဲ့ Function ပါ။ဥပမာ အငြိမ့်မင်းသမီး အက ကနေတာကို ဒီ Function သုံးပီး ရိုက်ရတယ်။ ဒါမှ ပုံက ကနေတဲ့ပုံကိုမှ ရုပ်သေ မ၀ိုးဝါးတဲ့ လိုချင်တဲ့ ပုံမျိုးရမှာပါ။။

ဒီလောက်ဆို အကြမ်းဖျင်းနားလည်ပီ ထင်တယ် သူငယ်ချင်း။နောက်ထပ် Focus မှာ Closest focusing distance တို့ ထပ်ပီး ရှိသေးတယ်။ နောက်ဆုံးတခုကတော့ Shooting Mode ကတော့ Video ရိုက်ကွင်းတွေတွက်ပဲ့။ သူမှာ့ ဒီ Video ဇတ်ကား တကားရိုက်ဖို့ အချိန်တွေ Ratio တွေ နဲ့ Speed တွေ ဆိုပီး အပိုင်းလိုက်ပါဝင်လာတာ ရှိတယ်။ ဒါတွေကို ကိုယ်ကိုတိုင်ပဲ့ ဘယ်လို အနေအထားမျိုးမှာ ဘယ်လို Speed နဲ့ ရိုက်ရမယ် ဘယ်လို အချိန် ယူရမယ်ဆိုတာတွေကို ချိန်ညှိနိင်တယ်… ဒီ Modes မှာ။ Smile Shutter ဆိုတာကတော့ Smile Detection ပါ။ သူ့ရဲ့ သဘောတရားကတော့ ကိုယ်ရိုက်မယ့် ဓါက်ပုံ အရိုက်ခံမယ် သူက ပြုံးမှ ဒီ Shutter နဲ့  ရိုက်လို့ ရတယ်။မပြုံးထားရင် ဒီ Smile Shutter နဲ့ ရိုက်လို့ မရဘူးဆိုတဲ့ သဘောပါပဲ့။ Focal Length ဆိုတာကတော့ Lens ရဲ့ အရှည်ကို ဆိုလို့တာ။ နောက်ဆုံး တခုကတော့ Compensation ပဲ့။ Compensation ဆိုတာက Shooter ကြိုက်တဲ့ Modes ပေါ့။ သူ့မှာ +/- ပါတယ်။ ဒီ သဘောကတော့ Explosure မှာ ပါဝင်တာကို ချိန်ညှိတာ ဥပမာပေါ့ F2 . F3 နိမ့်တာ မြင့်တာတွေကို ဒီ Modes မှာပါတယ်။ ကဲ့ ဒီထက်ပိုပိုပီး ထက်ပီး ရှင်းပြဖို့တော့ သူငယ်ချင်းရေ… လက်ထဲ့မှာ ကင်မရာတလုံး ရှိနေမှ ဒါက ဘာလုပ်တယ် ဒါက ဘာလုပ်တယ်ဆိုတာကို ရှင်းပြရတာ ပိုကောင်းတယ်။ ဒီတိုင်း စာနဲ့ကတော့ တော်တော် ပြောပြရခက်ပါတယ်။ ကင်မရာဆိုတာ ..လက်တွေ့ ဆန်တယ်။ အနုပညာဆန်တယ်။ အတွေးအခေါ်လေး နဲ့ ထွင်းဖောက်နိင်စွမ်းလေးတွေ လိုတယ်ဆိုတာကိုတော့ သိထားဖို့လိုပါတယ်။ ဒီထက်ပိုသိချင်ရင်တော့ ကျောင်းပိတ်ရက်မှာ ငါ့တက္ကသိုလ်ကျောင်းတော်ကြီးဆီကို လာခဲ့လိုက်လေနော်။ ခုက အကြမ်းဖျင်းပေါ့ကွာ။ မိသားစုတွေလည်းသိအောင် သိသလောက်လေး ဖော်ပြတာပါ။တကယ်တော့ မေးထားတာတွေကို လက်တွေ မဟုတ်ပဲ့ ဒီတိုင်း စာတွေ ပြောရတာ အဆင်မပြေဘူး။ ပီးတော့ မေးတာတွေကို လက်တွေ့ နယ်ပယ်မှာ မသုံးဘူး.ရင်ပြန်ပြာပြရတာ အရမ်းခက်တယ် သူငယ်ချင်းလေးရ..ဒီတော့ ကိုယ်တိုင် ကင်မရာတလုံးဝယ်ပီး ကိုယ်တိုင် လေ့လာဖို့ပဲ့ တိုက်တွန်းလိုပါတယ်။
ကင်မရာနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေကို ဒီနေရာမှာ တခါ တင်ပေးထားဖူးပါသေးတယ်။ ဒီအောက်မှာ အစုလိုက် ပြန်တင်ပေးလိုက်ပါတယ်။
ကင်မရာ ဖုန်းနဲ့ ပတ်သတ်ပြီး GPS ,GPRS and AGPS အကြောင်းကိုလည်း ဒီနေရာမှာ တခါ ဖော်ပြပေးထားဘူးပါတယ်။ 
နောက်ပိုင်း ကင်မရာ တလုံးဝယ်ရင် ဘယ်အပိုင်းတွေကို ကြည့်ရမယ်ဆိုတာကို ကျွန်တော် ဆက်ဖော်ပြပေးပါ့မယ်။ ဒီကြားတည်း စာဖတ်သူများအနေနဲ့ သိချင်တဲ့ အပိုင်းကို comment မှာ မေးခဲ့နိုင်ပါတယ်။ကျွန်တော် တက်သလောက် နားလည်အောင် ဖြေပေးပါ့မယ်။
အဆင်ပြေပါစေ.. 
သန့်ဇင်ဌေး

အပြည့်အစုံ

Thursday, 20 October 2011

ကွန်ပျုတာသမိုင်း အကျဉ်း

ကွန်ပျုတာ

တိုက်ရိုက်အဓိပ္ပါယ်ပြန်လျှင် သချာင်္တွက်စက်ဖြစ်ပါသည်။ တနည်းအားဖြင့်၎င်းမှာ လျှပ်စစ်စွမ်းအားနှင့် သချာင်္ ပညာရပ်များအား အသုံးပြု၍ လုပ်ငန်းရပ်များအား အဆင်ပြေချော မွှေ့လွယ်ကူစေရန် ဖန်တီးယူထားသည့် စက်အမျိုးအစား တခုဖြစ်ပါသည်။ မှတ်တမ်းများ သိမ်းဆည်းခြင်း (Datastorage)၊ ပြန်လည် ခေါ်ယူခြင်း (Retrive)၊ အစီအစဉ်များ ထည့်သွင်းခြင်းနှင့် ထုတ်ယူခြင်း(l/O Device)၊ စဉ်းစား တွက်ချက်ပေးခြင်း (Calculate) တို့အား လုပ်ငန်းစဉ်များ အလိုက်အသုံးပြုနိုင်ရန် စီစဉ်ထားပါသည်။

ကွန်ပျုတာအား တီထွင်ရန် စတင်စဉ်စားခဲ့စဉ် ထဲကပင် လုပ်ငန်းရပ်အသီးသီး၌ အသုံးပြုနိုင်ရန် ရည်ရွယ်၍ တီထွင်ခဲ့ခြင်းဖြစ်သည်။ စတင်တီထွင်ခဲ့စဉ်အချိန်တွင် (Analog Computer) နှင့် (Digital Computer) ဟူ၍ တည်ဆောက်ပုံနှစ်မျိုး ရှိခဲ့ပါသည်။ (Analog Computer)သည် လျှပ်စစ်စွမ်းအားရရှိမှုပမာဏ အနည်းအများပေါ် မူတည်၍ အနီးစပ်ဆုံး ဖော်ပြပေးခြင်းဖြင့် လုပ်ဆောင်ပါသည်။ (Digital Computer)သည် လျှပ်စစ်စွမ်းအား အတိအကျ ရရှိမှုအပေါ် မူတည်၍ လုပ်ဆောင်ပါသည်။


ကွန်ပျုတာ မတိုင်မှီ ခေတ်

၁၆ ရာစုနှစ်နှောင်းပိုင်းမှ စတင်၍ လုပ်ငန်းရပ် အသီးသီးအား လွယ်ကူချောမွှေ့ ဆင်ပြေစေရန် ပညာရှင်များမှ[ပေသီး](abacus)အား အခြေခံ၍ အဆင့်ဆင့် စမ်းသပ်တီထွင်လာခဲ့ကြပါသည်။ ၁၆၁၄ ခုနှစ်တွင်(John Napier)မှ သချာင်္ပညာရပ်ပိုင်းဆိုင်ရာ တွက်ချက်မှုများအား အဆင်သင့် ကြည့်ရှုနိုင်ရန် .၅ ဒဿမ ငါးနေရာအထိ အတိအကျ တွက်ယူအဖြေထုတ်ပေးထားသော အစီအစဉ် (Logarithms)အား တီထွင်ဖန်တီးခဲ့သည်။

၁၆၁၅ တွင် William Oughtred မှနေ၍ (Slide Rule) စနစ်အားတီထွင့်  ခဲသည်။(Slide Rule) ဆိုသည်မှာလျှင်မြန်စွာတွက်ချက်နိုင်ရန်အ တွက်(Logarithms) စနစ်အားအကျဉ်းချူံး စီစဉ်ထားသောသချာင်္ ပညာရပ်ပိုင်းဆိုင်ရာအသုံးချမှုများဖြစ်ပါသည်။ ၎င်းအား ယနေ့ကာလ ခေတ်ပေါ်အီလက်ထရွန်းနစ်သချာင်္တွက်စက်(Electronic Calculator) များတွင်အသုံးပြုထားပါသည်။

၁၆၂၃ တွင် William Schickard မှ သချာင်္တွက်စက်၏ အစဖြစ်သော(Mechanical Calculator) အား တီထွင် ခဲ့ပါသည်။ ပထမဦးဆုံး စက်ကိရိယာဖြင့် တွက်ချက်ခြင်း အစီအစဉ်အား ပြင်သစ်နိုင်ငံသား ဖြစ်သူသချာင်္နှင့် ဒဿနိကပညာရှင် Blaise Pascal မှ ၁၆၄၂ ခုနှစ်တွင် တီထွင်ခဲ့ပြီး ၁၆၄၅ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပါသည်။

၎င်းကိရိယာအား အလုပ်လုပ်ဆောင်နိုင်ရန်အ တွက် လက်ဖြင့် မောင်းနှင်ရသော ဂီယာ(gear)များ၊ စက်သီး (Pulley)များဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ၁၆၇၂-၁၆၇၄ ခုနှစ်တွင် Gottfried Leibniz မှ ပထမဆုံး(Calculator) အား တီထွင်နိုင်ခဲ့ပါသည်။ ၁၈၀၁ ခုနှစ်တွင် Joseph Marie Jacquard ၏ ကြိုးပမ်းအားထုတ်မှုဖြင့် အလိုလျောက် လည်ပတ်နိုင်သော ယက်ကန်းစက်တမျိုးဖြစ်သည့် (Analytical Engine) ကို ရရှိခဲ့သည်။

၎င်းစက်မှာ အပေါက်များစွာ ပါဝင်သောကဒ်ပြား (Punched-Card) များဖြင့် ထည့်သွင်းအသုံးပြု ခဲ့သည်။ ၁၈၂၀ တွင် Charles Thomas de Colmar မှ ပထမဆုံး ပြည့်စုံသော တွက်ချက်မှု အတိုင်းအတာအား တိုးမြှင့်ပေးခဲ့ပါသည်။

၁၈၂၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံမှ Charles Babbage သည် ဓါတ်ခွဲစက်(Analytical Engine) တခုပြုလုပ်ရန်အ ကြံရှိခဲ့၍ ၎င်းစက်တွင် မည်သည့် တွက်ချက်မှုမျိုးမဆို ပါဝင်ထည့်သွင်းထားသည်။ သို့ရာတွင် ၎င်းစက်အတွက် လိုအပ်သည့် ဖွဲ့စည်းပုံအား တည်ဆောက်နိုင်ရန်အတွက်မူ ယင်းအချိန်ကာလတွင် ပညာရှင်များ အနေဖြင့် များစွာမှ အခက်အခဲ ရှိခဲ့ကြပါသည်။

Charles Babbage ၏မူလစိတ်ကူးမှာယင်းစက်သည်အ ချက်အလက်ပေါင်းမြောက်များစွာအားလက်ခံနိုင်၊ထည့်သွင်းနိုင်၊အ ဖြေထုတ်နိုင်ရန်ဖြစ်ပါသည်။

၂၀ ရာစုနှစ်အ စောပိုင်းတွင် လေဟာမီးလုံး (Vacuum Tube) များအား အသုံးပြုခြင်းဖြင့် ကွန်ပျုတာ စက်မှုပညာမှ အီလက်ထရောနစ်စနစ်သို့ ကူးပြောင်းလာခဲ့ကြ၍ ဂီယာ (Gear) နှင့် စက်သီး (Pulley) တို့အား မလိုအပ်တော့ချေ။ လျှပ်စစ်ခလုတ်များမှ တူညီသော ရလဒ်အဖြေများကို ရရှိနိုင်ပြီဖြစ်ပါသည်။

ယင်းတွင်သင်္ကေတနှစ်ခုပါသည့် (Binary) ဘာသာများဖြင့်အသုံးပြုထားပါသည်။ အချက်အလက်နှင့် ညွှန်ကြားချက်များအား(l/O) ဖြင့်အကျဉ်းချုံးထားပါသည် ၎င်းစနစ်မှာ (0) နှင့် (၁) နံပါတ်များအားအ ဖွင့်၊အပိတ် (On/Off) လုပ်ပေးခြင်းဖြင့်လုပ်ငန်းရပ်များအားဝန်ပိုကျုံ့လာစေပါသည်။

လေဟာမီးလုံး (Vacuum Tube) များမှာဂီယာ (Gear) နှင့် စက်သီး(Pulley)များထက် ပိုမိုတိကျစွာ အလုပ်လုပ်ဆောင်လာနိုင်ပါသည်။ Charles Babbage စဥ်းစားထားခဲ့သည့် (Analytical Engine) မှာ ၁၈၃၀ ခုနှစ်ရောက်မှ အပြီးသတ် ဖန်တီးနိုင်ခဲ့ပါသည်။ နောက်ဆုံးတွင် ၎င်း၏ စဉ်းစားမှုများ အားလုံးသည် ယနေ့ခေတ်ကာလ အသုံးချနေကြသော (Programmable Computer) အဖြစ်သို့ ရောက်ရှိလာခဲ့ပါသည်။

၁၈၉၀ ခုနှစ်တွင် Herman Hollerith မှ အမေရိကန် သန်းခေါင်စာရင်း မှတ်တမ်းအတွက် ကဒ်ပြားများအား အပေါက်ဖောက်ခြင်းစနစ် (punched-Card System) အဖြစ် တိုးမြှင့်ပေးခဲ့သည်။ ၁၉၃၆ ခုနှစ်တွင်Alan Turing မှ ကွန်ပျုတာ၏ သချာင်္ပညာရပ်ပိုင်းဆိုင်ရာ သီအိုရီများအား တိုးမြှင့်ထုတ်လုပ်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် Konrad Zuse မှ(Boolean) အက္ခရာသချာင်္စနစ်အား အသုံးပြု၍ ပထမဆုံး (Binary Caculator) အဖြစ် တည်ဆောက်ခဲ့သည်။

၁၉၃၉ ခုနှစ်တွင် ပထမဆုံး[သချာင်္] နှင့် [ရူပဗေဒ] ပညာရပ်များအား လျှပ်စစ်စွမ်းအားဖြင့် အဓိက အသုံးပြုထားပြီး စက်ပိုင်းဆိုင်ရာ တွက်ချက်မှုဖြင့် အလုပ်လုပ်နိုင်သော (J V Atanasoff-Barry) ကွန်ပျုတာအား အမေရိကနိုင်ငံတွင် တီထွင်ခဲ့သည်။ ၎င်းစက်အား ပထမဆုံး လေဟာမီးလုံးတွဲများနှင့် အသုံးပြု ဖန်တီးတည်ဆောက်ထားခဲ့သည်။ ၎င်းစက်မှာ လုပ်ငန်းရပ်တခုအတွက်သာ ပုံဖော်ထားပါသည်။ သို့ရာတွင် အလွန်ရှည်လျားသော သချာင်္ပညာရပ်ပိုင်းဆိုင်ရာ ဇယားကြီးများ၏ တွက်ချက်မှုများအား တခုချင်းစီ အနီးစပ်ဆုံး တွက်ချက်နိုင်အောင် ရေးဆွဲခဲ့ပါသည်။

မြန်မာနိုင်ငံကွန်ပျုတာ သမိုင်း

မြန်မာနိုင်ငံတွင် ကွန်ပျူတာ တက္ကသိုလ် မဆိုထားဘိ ကွန်ပျူတာဌာနပင် မရှိသေးမီက (၁၉၇၃ ခုနှစ် မတိုင်မီက) တက္ကသိုလ်တခု၏ သင်္ချာဌာနလက်အောက်တွင် တွက်ချက်ရေး ယူနစ်အဖြစ် စတင် ဖွဲ့စည်းခဲ့သည်ဟု အဆိုရှိသည်။ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမှတ်တမ်းပြုစုသော ကိစ္စရပ်များကို ကူညီဆောင်ရွက်ခဲ့ရကြောင်းလည်း သိရသည်။ စက္ကူ ကဒ်ပြားများကို စက်ဖြင့် အပေါက်ဖေါက်ပြီး သုံးရသော စနစ်ဖြစ်သည်။ နောက်ပိုင်းတွင် ပီစီမဟုတ်သေးသော ကွန်ပြူတာများ တစ်စတစ်စ ရောက်ရှိလာပြီး
ဝန်ကြီးဌာနအချို့တွင် သုံးစွဲလာသည်။

MCC အမည်ဖြင့် ကွန်ပြူတာပညာ ဆင့်ပွါးပေးသော အစုအဖွဲ့ရှိခဲ့ဖူးပြီး ကွန်ပြူတာသင်တန်းကျောင်း လုံးဝမရှိဟု ဆိုသည်။ ရှေးဦးစွာ ရောက်ရှိလာသော PC တို့တွင်လည်း CD ROM, Sound card, Mouse စသည်တို့ မပါဝင်သေးပဲ DOS Version ဖြင့်ပင် Run နိုင်သော စာစီစာရိုက်အတွက် (WordStar) စာရင်းဇယားဆွဲရန် (Foomtools) စသည့် ဆော့ဖ်ဝဲများ သုံးကြရသည် ဆိုပါသည်။

နောက်ပိုင်း (Wordperfect 5.1) ပေါ်ပေါက်လာပြီး (Dbase 4), (Lotus 1-2-3) စသည်တို့အပြင် (Harbor Graphic 3 ), (AutoCAD) စသည်တို့ကိုပါ သုံးစွဲလာနိုင်ကြောင်း သိရပါသည်။ WINDOWS OS ပေါ်လာသော အပြောင်းအလဲပြီးသည့်တိုင် မြန်မာပြည်တွင် ကွန်ပြူတာမြင်သိထိတွေ့ဖူးသူ အလွန်နည်းပါးပြီး WINDOW 95 ပေါ်ပေါက်လာပြီးမှ တစတစ ပြည်သူလူထုအတွင်း ကွန်ပြူတာ သုံးစွဲနိုင်သော အခြေအနေ ရောက်လာခဲ့ပါသည်။

သင်ကြားရေးတွင်မူ WINDOWS 3.1 ခေတ်ကပင် CSS, RS, MCC စသော သင်တန်း အဖွဲ့အစည်းများလည်း ပေါ်ထွန်းလာပြီး။ ACE, KMD စသည့် အဖွဲ့အစည်းများလည်း ဆက်လက် ပေါ်ပေါက်လာကြောင်း သိရပါသည်။

ကွန်ပြူတာဂျာနယ်သည်လည်း မြန်မာ့ကွန်ပြူတာသမိုင်းတွင် အရေးပါသော အခန်းမှ ပါဝင်နေကာ အကျိုးပြု ပံ့ပိုးကူညီနိုင်ခဲ့ပါသည်။

ဒင်းနစ်ဝင်းသိန်း၏ အစီအစဉ်ဖြင့် အချို့အခြေခံပညာကျောင်းများအတွက် LC630 Macintosh ကွန်ပြူတာများ အကြွေးရောင်းချပေးခဲ့ရာမှ မြို့ငယ်လေးများ၏ အထက်တန်းကျောင်းများပါ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် Clone PC များ ၀ယ်ယူသိမ်းဆည်း ပြသသောအလေ့၊ Multimedia classroom များ ဖွဲ့စည်းတည်ဆောက်သော ဓလေ့များ ထွန်းကားခဲ့သည် ဆိုပါသည်။

ဆက်လက်ပြီး Network ကွန်ယက်ချိတ်ဆက်သော လုပ်ငန်းများ ဖွံ့ဖြိုးလာခဲ့သော်လည်း အင်တာနက်ကို တိုက်ရိုက် မသုံးနိုင်သေးပဲ အင်ထရာနက်သုံးကြရသည် ဆိုပါသည်။

Dial up စနစ် ကွန်ယက်ချိတ်ဆက်ပစ္စည်းတို့မှာ ခွင့်ပြုချက်မရလျှင် သုံးစွဲခွင့်မရှိသော ကန့်သတ်ပစ္စည်း ဖြစ်ခဲ့ရပြီး နောင်အခါ IP Star စလောင်းများဖြင့် Internet ချိတ်ဆက် အသုံးပြုမှုအထိ ကျယ်ပြန့် လာသည်ဆိုပါသည်။

ကွန်ပြူတာဝန်ဆောင်မှုအပိုင်းတွင် စာစီစာရိုက်လုပ်ငန်းမှာ စီးပွားဖြစ်အသွင် ဦးစွာပေါ်ပေါက်လာပြီး၊ ကွန်ပြူတာဖြင့် ဇာတာဖွဲ့ပေးခြင်းစသည်တို့လည်း ပိုမိုစောစီးစွာ ပေါ်ပေါက်ဖူးသည်ဆိုပါသည်။ စာစီရာမှ ဒီဇိုင်းလုပ်ငန်းများ ထိုမှတဆင့် စီဒီဗီဒီယိုအခွေကူးခြင်း/ MP3 ပြောင်းပေးခြင်း၊ ငှားရမ်းခြင်း ဓါတ်ပုံအ ခွေထုတ်ခြင်း ဗီဒီယိုတည်းဖြတ်ခြင်း ကာတွန်းရုပ်ရှင်ဖန်တီးခြင်း၊ ဂိမ်းဆိုင်များ ဖွင်ခြင်းတို့နှင့်အတူ ဆိုင်ဘာကဖေးဆိုင်များ ပေါ်ထွန်းလာသည်အ ထိ ကမ္ဘာနှင့်အညီ ရင်ဘောင်တန်းလိုက်လာနိုင်သလို IT ပညာရှင်များလည်း အထိုက်အလျောက် ပေါ်ပေါက်လာပြီး ကွန်ယက်များ ချိတ်ဆက်ထိန်းသိမ်းပေးခြင်း ဆော့ဖ်ဝဲရေးသားရောင်းချခြင်း။ Webpage ဒီဇိုင်းရေးဆွဲကြော်ညာပေးခြင်း စသည့်အတတ်များလည်း တတ်ကျွမ်းလာနေပြီ ဖြစ်ပါသည်။ ဟက်ကာများလည်း ရှိသည်ဟု ကြားသိနေရပါသည်။

ကွန်ပြူတာသမိုင်း...........

ကွန်ပျူတာဆိုတာ
“ကွန်ပျူတာ”ဆိုတာ ဘာလဲတဲ့ !!

ပြောရမယ်ဆိုရင် သေချာတာတော့ “ကွန်ပျူတာ”ဟာ electronic device (ပစ္စည်း) တခုဖြစ်ပါတယ်။ သူ့ရဲ့ စတင်ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကို လေ့လာမယ်ဆိုရင် ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀)ကျော် လောက်တုန်းက ရှေးခေတ်လူသားတွေ သုံးခဲ့တ “ပေသီး” (သို့) ဂဏန်းပေါင်းစက် (Abacus) ခေတ်ကို ပြန်ရောက်သွားပါလိမ့်မယ်။ အဲဒီ (Abacus) “ပေသီး”ကနေ အ ခြေခံပြီး လူတွေဟာ ဂဏန်းပေါင်းစက် တီထွင်လာနိုင်သည်အထိ ဉာဏ်ရည်တွေ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ အဲဒီ ဂဏန်းပေါင်းစက်မှတဆင့် မှတ်ဉာဏ် (Memory) ပိုမိုကောင်းမွန် တွက်ချက် (processing)နိုင်သော ကွန်ပျူတာတွေအထိ တီထွင်တိုးတက်လာခဲ့ပါတယ်။ ကွန်ပျူတာရယ်လို့ ဖြစ်ပေါ်လာပေမယ့်လည်း ကွန်ပျူတာဆိုတဲ့ ရှေးသမိုင်းကြောင်းတွေ ထပ်ရှိပါသေးတယ်။


ဒီအ ပင်ကိုဘယ်လိုစိုက်ခဲ့လဲ၊ မြေသြဇာဘယ်လိုသုံးရလဲ၊ မြေသြဇာအတွက် နွားချေးဘယ်နှစ်ပိဿာ ထည့်ရတယ်။ အဲဒီအပင်က စိုထိုင်းတဲ့နေရာမှာ ပေါက်တာလား ပြီးတော့ ခြောက်သွေ့တဲ့နေရာမှာ ပေါက်တာလား စသည်ဖြင့် ပုံစံတွေနဲ့ လေ့လာမယ်ဆိုရင် ဒါက စိုက်ပျိုးရေးသမား အလုပ်ဖြစ်သွားပါပြီ။

ပိုဆိုးတာက  နည်းပညာ (Technology) ဆိုတာကလည်း အချိန်နဲ့အမျှ ပြောင်းလဲတိုးတက် (update) အမြဲဖြစ်နေတဲ့အချိန်။ ဒီအချိန်မှာ ကိုယ်က သမိုင်းကြောင်းပဲ အသေးစိတ်ပြန်သွားပြီး လေ့လာမယ်ဆိုရင် အကျိုးထူးလာနိုင်ဖို့ နည်းလမ်းနည်းပါတယ်။

မြောင်းကြီးကြီးခုန်ဖို့နောက်ကိုခြေ(၂)လှမ်း၊ (၃)လှမ်းလောက်လှမ်းလိုက်ပါ။ ပြီးတော့မှ အရှိန်နဲ့ ပြေးခုန်လိုက်  ကိုယ်လိုချင်တဲ့ ဟိုဖက်အခြမ်းက Update Technology ကို မရောက်စရာအကြောင်း မရှိပါဘူး။


Computer History
Year/Enter
Computer History
Inventors/Inventions
Computer History
Description of Event
1936
Konrad Zuse - Z1 Computer First freely programmable computer.
1942
John Atanasoff & Clifford Berry
ABC Computer
Who was first in the computing biz is not always as easy as ABC.
1944
Howard Aiken & Grace Hopper
Harvard Mark I Computer
The Harvard Mark 1 computer.
1946
John Presper Eckert & John W. Mauchly
ENIAC 1 Computer
20,000 vacuum tubes later...
1948
Frederic Williams & Tom Kilburn
Manchester Baby Computer & The Williams Tube
Baby and the Williams Tube turn on the memories.
1947/48
John Bardeen, Walter Brattain & Wiliam Shockley
The Transistor
No, a transistor is not a computer, but this invention greatly affected the history of computers.
1951
John Presper Eckert & John W. Mauchly
UNIVAC Computer
First commercial computer & able to pick presidential winners.
1953
International Business Machines
IBM 701 EDPM Computer
IBM enters into 'The History of Computers'.
1954
John Backus & IBM
FORTRAN Computer Programming Language
The first successful high level programming language.
Stanford Research Institute, Bank of America, and General Electric
ERMA and MICR
The first bank industry computer - also MICR (magnetic ink character recognition) for reading checks.
1958
Jack Kilby & Robert Noyce
The Integrated Circuit
Otherwise known as 'The Chip'
1962
Steve Russell & MIT
Spacewar Computer Game
The first computer game invented.
1964
Douglas Engelbart
Computer Mouse & Windows
Nicknamed the mouse because the tail came out the end.
1969
ARPAnet The original Internet.
1970
Intel 1103 Computer Memory The world's first available dynamic RAM chip.
1971
Faggin, Hoff & Mazor
Intel 4004 Computer Microprocessor
The first microprocessor.
1971
Alan Shugart &IBM
The "Floppy" Disk
Nicknamed the "Floppy" for its flexibility.
1973
Robert Metcalfe & Xerox
The Ethernet Computer Networking
Networking.
1974/75
Scelbi & Mark-8 Altair & IBM 5100 Computers The first consumer computers.
1976/77
Apple I, II & TRS-80 & Commodore Pet Computers More first consumer computers.
1978
Dan Bricklin & Bob Frankston
VisiCalc Spreadsheet Software
Any product that pays for itself in two weeks is a surefire winner.
1979
Seymour Rubenstein & Rob Barnaby
WordStar Software
Word Processors.
1981
IBM
The IBM PC - Home Computer
From an "Acorn" grows a personal computer revolution
1981
Microsoft
MS-DOS Computer Operating System
From "Quick And Dirty" comes the operating system of the century.
1983
Apple Lisa Computer The first home computer with a GUI, graphical user interface.
1984
Apple Macintosh Computer The more affordable home computer with a GUI.
1985
Microsoft Windows Microsoft begins the friendly war with Apple.


အပြည့်အစုံ

အိုင်တီ သမားတယောက် ရှိသင့်သည့် ကိုယ်ကျင့်တရားများ

အိုင်တီ သမား တစ်ဦး အနေနဲ့ လိုက်နာရမဲ့ ကိုယ်ကျင့် တရား အများ အပြား ရှိပါသည်။ ပြည်ပတွင် အလုပ် လုပ်နေသည့် အိုင်တီ သမား များသည် ထို ကိုယ်ကျင့် တရားများကို အထူး ဂရုစိုက် ကြရပါသည်။ အိုင်တီ သမား၏ ကိုယ်ကျင့် တရားများ ဆိုင်ရာ ဘာသာရပ်သည် နိုင်ငံတစ်ကာ အဆင့်မှီ တက္ကသိုလ်များတွင် အိုင်တီပညာ ဘွဲ့ယူရန် သင်ကြားမည် ဆိုပါက မဖြစ်မနေ သင်ယူရမည့် ဘာသာရပ် ဖြစ်သည်။ အိုင်တီသမား တစ်ဦး အနေဖြင့် ရှိအပ်သည့် Genearl Moral Imperatives ခေါ် အခြေခံ ကိုယ်ကျင့် တရားများဖြင့် ပြည့်စုံခြင်း ရှိမရှိ အောက်ပါ မေးခွန်း (၄) ခုကို ၏ အဆိုကို အမှန်၊ အမှား ရွေးချယ် ဖြေဆိုကြည့်ခြင်းဖြင့် ကိုယ်တိုင် ဆန်းစစ်နိုင်ပါမည်။

မေးခွန်း(၁)
မိမိသည် ဘုန်းကြီးကျောင်း၊ သို့မဟုတ် ဘုရားကျောင်း ကဲ့သို့သော ကုသိုလ်ဖြစ် အဖွဲ့ အစည်းတွင် ကွန်ပျူတာနှင့် ပတ်သက်၍ အခမဲ့ ကူညီလုပ်ကိုင် ပေးနေသည်။ မိမိ ကုသိုလ်ဖြစ် လုပ်ပေးနေသည့် ကိစ္စများ တစ်ခါတစ်ရံ မပြီးပြတ်သည့်အခါ မိမိ၏ အလုပ်ခွင်တွင် မိမိအသုံးပြုနေသည့် ကွန်ပျူတာကို အားလပ်သည့် အချိန်တွင် အသုံးချ၍ လုပ်ပေးသည်။ အဘယ်ကြောင့် ဆိုသော် မိမိသည် အလှူဒါနကို အများအတွက် ပြုလုပ်ပေးခြင်း ဖြစ်ပြီး အခြား ကိုယ်ရေး ကိုယ်တာ ကိစ္စအတွက် အလုပ်မှ ကွန်ပျူတာကို သုံးခြင်းမဟုတ်။ ထို့အပြင် အလုပ်ခွင်မှ အားလပ်သည့် အချိန်မှသာ အလုပ်မှ ကွန်ပျူတာကို အသုံးပြုသည် ဖြစ်သဖြင့် အလုပ်ကို မထိခိုက်ပါ။ ထို့ကြောင့် ဤကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် အိုင်တီသမား တစ်ဦး ရှိသင့်သည့် ကိုယ်ကျင့် တရားကို မထိခိုက်ပါ။ ဤ အဆိုမှန်ပါသလား၊ မှားပါသလား ဖြေဆိုကြည့်ပြီး အောက်ဆုံးတွင် ရေးထားသည့် အဖြေနှင့် တိုက်ဆိုင်ကြည့်ပါ။
မေးခွန်း (၂)
မိမိသည် ကွန်ပျူသမား တစ်ဦးဖြစ်သည်ကို သိကြသည့် မိမိ၏ မိတ်ဆွေများနှင့် သူတို့က တဆင့် မိတ်ဆက်ပေးသည့် မိတ်ဆွေများ၏ ကွန်ပျူတာများကို အခါအားလျှော်စွာ ကြည့်ရှုပေးရသည်။ ထိုသို့ ကြည့်ရှုပေးရာတွင် မိမိက တစ်ခါတရံ အခကြေးငွေလည်း ယူသည်။ မိတ်ဆွေများ များပြားလာသည့်အခါ မိမိ၏ ပြင်ပ ကိုယ်ပိုင် လုပ်ငန်းလေး တစ်ခုကဲ့သို့ ဖြစ်နေတော့သည်။ သို့ရာတွင် မိမိက အလုပ်ဌာန တစ်ခုတွင် ကွန်ပျူတာအိုင်တီ သမားတစ်ဦး အဖြစ် အချိန်ပြည့် တာဝန်ထမ်းဆောင် လျှက်ရှိသည့် အခါ မိမိ၏ မိတ်ဆွေများက ရုံးချိန်အတွင်း မိမိအား တယ်လီဖုန်း ဖြင့် ဆက်သွယ်နိုင်မည် မဟုတ်ပါ။ ထိုအခါ မိမိ အနေဖြင့် မိမိတာဝန် ထမ်းဆောင်နေသည့် အလုပ်ဌာနတွင် မိမိကိုယ်ပိုင် အသုံးပြုသည့် အီးမေးလ် လိပ်စာကို အသုံးပြုပြီး၊ မိမိ၏ မိတ်ဆွေများနှင့် အဆက်အသွယ် ပြုလုပ်သည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် အိုင်တီသမား တစ်ဦး ရှိသင့်သည့် ကိုယ်ကျင့် တရားကို မထိခိုက်ပါ။ ဤ အဆိုမှန်ပါသလား၊ မှားပါသလား ဖြေဆိုကြည့်ပြီး အောက်ဆုံးတွင် ရေးထားသည့် အဖြေနှင့် တိုက်ဆိုင်ကြည့်ပါ။

မေးခွန်း (၃)
မိမိသည် ပရိုဂျက်တစ်ခုကို လုပ်နေရာတွင် သတ်မှတ်ထားသည့် အချိန်အတွင်း ပြီးဆုံးရန် မဖြစ်နိုင်သည့် အခြေအနေသို့ ရောက်လာသည်။ ထိုသို့ သတ်မှတ်ချိန် အတွင်း ပြီးစီးရန်မူ နောက်ဆုံး အဆင့်ဖြစ်သည့် ပြန်လည် စစ်ဆေးခြင်း နှင့် စမ်းသပ်ခြင်း ပြုလုပ်ရမည့် အချိန်ကို အစားထိုး သုံးမှသာ ဖြစ်နိုင်တော့မည် ဖြစ်ရာ၊ နောက်ဆုံး အဆင့် ပြန်လည် စမ်းသပ် စစ်ဆေးခြင်း မပြုလုပ်တော့ဘဲ သတ်မှတ်ချိန်အတွင်း အပြီးသတ် ဆောင်ရွက်ပေး လိုက်တော့သည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် အိုင်တီသမား တစ်ဦး ရှိသင့်သည့် ကိုယ်ကျင့် တရားကို မထိခိုက်ပါ။ ဤ အဆိုမှန်ပါသလား၊ မှားပါသလား ဖြေဆိုကြည့်ပြီး အောက်ဆုံးတွင် ရေးထားသည့် အဖြေနှင့် တိုက်ဆိုင်ကြည့်ပါ။

မေးခွန်း (၄)
မိမိ၏ အလုပ်ရှင်က မိမိကို ဆော့ဖ်ဝဲလ် ရေးရန် အတွက် အလုပ်ခန့်ထားသည်။ လခလည်း ကောင်းကောင်း ပေးထားသည်။ မိမိရေးသည့် ဆော့ဖ်ဝဲလ်မှာ အသုံးပြုသူ User များအတွက် အချိန်တိုတိုနှင့် အကျိုးရှိစွာ အသုံးချနိုင်သည် ဖြစ်စေ၊ မချနိုင်သည် ဖြစ်စေ၊ မိမိ၏ တာဝန်မရှိပါ။ ဤကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် အိုင်တီသမား တစ်ဦး ရှိသင့်သည့် ကိုယ်ကျင့် တရားကို မထိခိုက်ပါ။ ဤ အဆို မှန်ပါသလား၊ မှားပါသလား ဦးစွာ ဖြေဆိုကြည့်ပြီး အောက်ဆုံးတွင် ရေးထားသည့် အဖြေနှင့် တိုက်ဆိုင်ကြည့်ပါ။

အထက်ပါ မေးခွန်းများတွင် မေးခွန်း နံပါတ်(၁)မှာ မိမိ၏ အချိန်ကို လစာပေး၍ ဝယ်ယူထားသည့် အခါမျိုးတွင် အချိန်ဝယ်ယူ ထားသူ၏ သိရှိ သတောညီချက် မရှိဘဲ မသုံးသင့်ပါ။ ထို့ကြောင့် မေးခွန်း နံပါတ်(၁) အဆိုမှာ ဤကဲ့သို့ အခြေအနေကို မဖော်ပြ ထားသဖြင့် မှားပါသည်။ မေးခွန်း နံပါတ်(၂)မှာ လည်း အလားတူပင် ဖြစ်ပါသည်။ ထို့ကြောင့် မှားပါသည်။ မေးခွန်း နံပါတ်(၃)မှာ အိုင်တီသမားတို့ အဓိက ရှိသင့်သည့် Avoid harm to others ဆိုသည့် ကိုယ်ကျင့် တရားနှင့် Be honest and trustworthy ဆိုသည့် ကိုယ်ကျင့် တရားများ ဖြစ်ကြသည့် တစ်ဦးတစ်ယောက်ကို နစ်နာစေခြင်း မရှိစေရအောင်၊ ရိုးရိုးသားသား နှင့် ယုံကြည် စိတ်ချရအောင် ကျင့်ကြံရမည် ဖြစ်ရာ၊ မိမိ၏ ဆော့ဖ်ဝဲလ်သည် အသုံးပြုသူ၏ ယုံကြည်စိတ်ချရမှု ရှိစေဖို့ နှင့် အခြား ထိခိုက်မှု တစ်စုံတစ်ရာ မဖြစ်ဖို့ရန် မိမိမှာ တာဝန်ရှိသဖြင့်၊ ထိုအဆိုလည်း မှားပါသည်။ မေးခွန်း နံပါတ်(၄) အဆိုမှာ အိုင်တီသမားအဖို့ ခံယူရမည့် Strive to achieve the highest quality, effectiveness and dignity in both the process and products of professional work ဆိုသည့် ဂုဏ်သိက္ခာကို ကျွမ်းကျင်သူ ပညာရှင် အနေဖြင့် ပြုလုပ်သည့် လုပ်ငန်းစဉ်နှင့် ပြုလုပ်လိုက်သည့် ထွက်ကုန်ပစ္စည်း ထဲတွင် အကောင်းဆုံး အရည်အသွေး ဖြစ်အောင် ကြိုးစား အားထုတ်ခြင်း နှင့် အသုံးပြုသူ အတွက် အကျိုးရှိစေခြင်း ရှိရမည် ဖြစ်သည်။ ထို့ကြောင့် နံပါတ် (၄) အဆိုမှာလည်း မှားယွင်းပါသည်။

အိုင်တီ သမားများအတွက် အခြေခံ လိုအပ်သည့် ကိုယ်ကျင့်တရား (၈) ချက်ကို ကွန်ပျူတာ လူ့အဖွဲ့ အစည်းများက အောက်ပါအတိုင်း သတ်မှတ် ဖော်ပြကြပါသည်။
၎င်းတို့မှာ-
  • Contribute to society and human well-being
    အများပြည်သူနှင့် လူအများအား ကူညီထောက်ပံ့ခြင်း၊
  • Avoid harm to others
    အခြားသူ တစ်ဦးတစ်ယောက် ထိခိုက်နာကျင် စေမည့်ကိစ္စကို ရှောင်ကြဉ်ခြင်း၊
  • Be honest and trustworthy
    ရိုးသားခြင်းနှင့် မိမိအပေါ် ယုံကြည်မှု ရရှိစေခြင်း၊
  • Be fair and take action not to discriminate
    သာတူညီမျှရှိခြင်း နှင့် ခွဲခြားသည့် ဆက်ဆံ ဆောင်ရွက်မှု မရှိခြင်း၊
  • Honor property rights including copyrights and patent
    တစ်ဦးခြင်း၏ မူပိုင်ခွင့်များ၊ မှတ်ပုံတင် မူပိုင်ခွင့်များ အပါအဝင် ဥစ္စာပစ္စည်း ပိုင်ဆိုင်မှု အခွင့်အရေးကို လေးစားခြင်း၊
  • Give proper credit for intellectual property
    သူတစ်ပါး၏ အသိဥာဏ်ပညာကို အသိအမှတ်ပြု ဖော်ပြခြင်း၊
  • Respect the privacy of others
    သူတစ်ပါး၏ ကိုယ်ပိုင် ပုဂ္ဂလိက အခွင့်အရေးကို လေးစားခြင်း၊
  • Honor confidentiality
    လျှို့ဝှက် ထားရှိမှုအတွက် စောင့်ရှောက်တတ်ခြင်း၊
တို့ဖြစ်ကြပါသည်။

မူရင်း။ မီးပြတိုက် ဘလော့ဘ်မှ ကူးယူဖော်ပြပါသည်။

အပြည့်အစုံ