Friday, 17 September 2010

Password တွေကို မှတ်သားပေးတဲ့ Keylogger

Internet café ဆိုင်တွေမှာ သုံးသူများ အတွက် (သို့) သူများ PC မှာ သုံးတဲ့သူတွေ အတွက်ပါ။ သူများ ပတ်စ်ဝေါ့ယူမယ်၊ Gmail password hack မယ်ဆိုရင် connection ကျအောင်လုပ် gtalk က password တွေ အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့ ကြည့်ပေါ့ဗျာ။ အင်း ... အဲဒီထက် ကောင်းတဲ့ နည်းရှိတယ်ဗျ ... see password လို့ ခေါ်တယ်။ သူ့ပရိုဂရမ်က မှန်လို ပုံစံလေးပါတယ်။ password နေရာမှာ မှန်ဘီလူးလို ကြည့်လိုက်ရင် ပေါ်ပြီပဲ။ portable လည်း ရှိပါတယ်။ ကဲ... ဆက်လေ့လာရအောင်....

အဲဒါထက်ဆိုးတာ တခုရှိတယ်ဗျ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် .. Window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေတယ်။ tray icon လည်း မပေါ်ဘူး။ ရှိမရှိ မသိရဘူးပေါ့ဗျာ။ သူက ခင်ဗျား keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ မှတ်ထားပေးတယ်ဗျ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ။ ပထမဆုံး gtalk sign in ၀င်မယ်ဗျာ။ သွားပြီ user name ရော ၊ password ရော။ နောက်ပြီးရင် ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေ ပြောမယ်၊ ဒါမှမဟုတ် လုပ်ငန်းပိုင်းတွေ ပြောမယ်။ တချို့တွေ credit card နံပါတ်တွေ ရိုက်မယ် အကုန်ကျန်ခဲ့တာဗျ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့။ အထူးသဖြင့် ဆိုင်ဘာကနေ သုံးရတဲ့လူတွေ။ တွေးသာကြည့်ပါတော့ဗျာ ... (All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါ မှတ်ပေးထားနိုင်တယ်၊ သတိထားနော်.. မင်းသား/မင်းသမီးတွေပါ ဖြစ်သွားမယ် ဟ…ဟ…)။

Keylogger ရန်က ဘယ်လိုကာကွယ်ရ မလဲ....။

Password တွေ ပါမသွားအောင် လုပ်မယ်ဆိုရင်။ Ctrl+Shift+Esc (or) Ctrl+Atl+Del နဲ့ Task manager ကို ခေါ်ရပါ့မယ်...။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့်ဗျာ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab ထဲမှာ ရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ... ဘာလို့ဆို ရိုးရိုးယူဆာတွေအနေနဲ့က ဘယ်လိုဖိုင်လ်က အချက်အလက်တွေကို ရီကော့ လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်း ဘေးရှင်းအားလုံးကို end process လုပ်ပြီး ကိုယ်သုံးတဲ့ ကောင်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။

အပြည့်အစုံ

Windows password သူများ ပြောင်းလို့ မရအောင် ပိတ်မယ်

ကွန်ပျူတာကို password ခံထားတတ်ကြပါတယ်။
password ခံထားရုံနဲ့ မလုံလောက်သေးဘူး ထင်ရင်တော့ ဒီနည်းကို သုံးကြည့်ပါ။.

၁၊ window+R နှိပ်ပြီး Run box ခေါ်လိုက်ပါ။
၂၊ gpedit.msc ကို ရိုက်ထည့် ok(or)Enter နှိပ်လိုက်ပါ။
၃၊ Group Policy Object Editor ဆိုတဲ့ box ကျလာပါလိမ့်မယ်။
၎၊ အဲဒီ box ရဲ့ Local Computer Policy အောက်က User Configuration ကို သွားလိုက်ပါ။
၅၊ User Configuration ရဲ့အောက်မှ Administrative Template ဆိုတာကို double click ပေးပြီသူ့ရဲ့အောက်က system ဆိုတာလေးကို double click ထပ်ပေးလိုက်ပါ။
၆၊ ပြီးရင်တော့ ညာဘက်မှာရှိနေတဲ့ setting ရဲ့အောက်က Ctrl +Alt +Del ဆိုတာကို double click ပေးပြီဝင်လိုက်ပါ။
၇၊ အပေါ်ဆုံးမှာမြင်နေရတဲ့ Remove change password ကို double click လုပ်ပြီး ၀င်လိုက်ပါ။
၈၊ အဲဒီမှာ Remove Change Password Properties ဆိုတဲ့ box ထပ်ပေါ်လာပါလိမ့်မယ်။
၉၊ အဲဒီ box ရဲ့ setting ထဲက Enable ဆိုတာလေးကို အမှန်ခြစ်လေးပေးပြီး apply , ok
ပေးလိုက်ရင် ကွန်ပျူတာ ပိုပြီးတော့ စိတ်ချရပါလိမ့်မယ်။

အပြည့်အစုံ

Password နဲ့ ပတ်သတ်လို့ သိထားသင့်တာများ

Password နဲ့ ပတ်သက်တဲ့ သတိပေးချက် တွေကို မကြာခဏ ကြားဖူးကြမှာပါ။ အင်္ဂလိပ်စာလုံး အကြီးနဲ့ အသေးတွဲသုံးဖို့၊ နံပါတ်နဲ့ အက္ခရာ တွဲသုံးဖို့၊ #%&!အစရှိတဲ့ Special Character တွေ ထည့်သုံးဖို့၊ အဘိဓာန် ထဲက စကားလုံးတွေ မသုံးဖို့၊ စာလုံး အရေအတွက် များများ သုံးဖို့၊ QWERTY လိုမျိုး အစဉ်လိုက် စာလုံးတွေ မသုံးဖို့ ဆိုတဲ့ သတိပေးချက်မျိုး တွေကို ကြားရတတ် ပါတယ်။ ဒါပေမယ့် ကွန်ပြူတာ အသုံးပြုသူ အများစုကတော့ ဘာအကြောင်းကြောင့် ဒီလို သတိပေးတယ် ဆိုတာကို သဘောမပေါက် ကြပါဘူး။ အလွယ်တကူ မှတ်လို့ မရအောင် အဲဒီလို လုပ်ခိုင်းတယ် လို့ပဲ ထင်တတ်ပါတယ်။

တကယ့် အကြောင်းရင်းမှန်ကတော့ အလွယ်တကူ မှတ်လို့ မရရုံတင် မကပါဘူး။ Password သူခိုးတွေ သုံးတတ်တဲ့ အဘိဓာန် တိုက်ခိုက်မှု (Dictionary Attack) ၊ ဘရုဖို့စ် တိုက်ခိုက်မှု (Brute Force Attack) စတဲ့ နည်းတွေကနေ ရှောင်နိုင်အောင်လည်း ပါဝင်ပါတယ်။ Password သူခိုး များဟာ ရေးထားပြီးသား ပရိုဂရမ်တွေ Script တွေကို သုံးပြီး Password ဖြည့်ရမည့် နေရာမှာ ဖြစ်နိုင်ခြေ ရှိတဲ့ Password တွေကို အလိုအလျောက် ဖြည့်ကြည့်ကြပါတယ်။ အဲဒီလို ပရိုဂရမ်တွေ ကလည်း ကိုယ်တိုင် ရေးစရာ မလိုပဲ အင်တာနက်မှာတင် အလွယ်တကူ ရှာလို့ ရနိုင် ပါတယ်။

အဘိဓာန် တိုက်ခိုက်မှု (Dictionary Attack) ဆိုတာကတော့ အဲဒီလို ရေးထားပြီးသား ပရိုဂရမ်ကို သုံးပြီး အဘိဓာန် ထဲမှာ ရှိတဲ့ အင်္ဂလိပ်စာလုံးတွေကို ပုံစံမျိုးစုံနဲ့ ပေါင်းစပ်ပြီး ဖြည့်ကြည့်တာကို ခေါ်ပါတယ်။ ဥပမာ အားဖြင့် night နဲ့ parking ပေါင်းပြီး nightparking ဆိုတဲ့ စာလုံးမျိုး၊ Bird နဲ့ Park ပေါင်းပြီး birdpark ဆိုတာမျိုးကို Password နေရာမှာ ဖြည့်ကြည့်ကြတာ မျိုးပါ။ အဲဒီတော့ ကိုယ့်ရဲ့ Password က အဘိဓာန် ထဲမှာ ရှိတဲ့ စာလုံးတွေကို သုံးထားတယ်ဆိုရင် အဘိဓာန် တိုက်ခိုက်မှု ကြောင့် Password သူခိုးတွေရဲ့ လက်ကို ရောက်သွားနိုင်ပါတယ်။ အဘိဓာန် တိုက်ခိုက်မှုကို သုံးတဲ့ Password သူခိုးအနေနဲ့ အင်္ဂလိပ် အဘိဓာန်သာ မကပဲ သူကြိုက်တဲ့ အဘိဓာန်ကို ပရိုဂရမ်ထဲမှာ အလွယ်တကူ ထည့်ပြီး သုံးလို့ရပါတယ်။ အဲဒါကြောင့် အင်္ဂလိပ် အဘိဓာန် မသုံးပဲ မလေးစကားလုံးလို အင်္ဂလိပ်စာနဲ့ ရေးထားတဲ့ စာလုံးမျိုးတွေကို သုံးရင်လည်း စိတ်မချရပါဘူး။ အဘိဓာန်ထဲက စကားလုံးတွေကို Password အနေနဲ့ မသုံးတာဟာ အကောင်းဆုံးပါပဲ။ Password သူခိုးတွေဟာ အဘိဓာန် တိုက်ခိုက်မှု ထဲမှာ qwerty, asdfg စတဲ့ ကီးဘုတ်ပေါ်မှာ ရှိတဲ့ ဂဏန်း အစဉ်လိုက် စာလုံးတွဲတွေကိုလည်း သုံးတတ်တဲ့ အတွက် ကီးဘုတ်ပေါ်မှာ ရှိတဲ့ အစဉ်လိုက် အက္ခရာတွေကို Password အနေနဲ့ ထားခြင်းမှလည်း ရှောင်သင့်ပါတယ်။

ဘရုဖို့စ် ဆိုတာကတော့ ဖြစ်နိုင်ခြေ ရှိတဲ့ စာလုံးတွေကို ပုံစံမျိုးစုံနဲ့ ဖြည့်ကြည့်တဲ့ တိုက်ခိုက်မှုပါ။ ဥပမာ အားဖြင့် ဘရုဖို့စ် နဲ့ တိုက်ခိုက်မယ့် Password သူခိုးက Password ၆လုံးစာ နေရာကို ကို 0 ကနေ 9 အထိ ဖြည့်ကြည့်မယ် ဆိုကြပါစို့။ ပရိုဂရမ်က Password ဖြည့်ရမယ့် နေရာမှာ 0 ကနေ 999999 အတွင်း ရှိသမျှ ဂဏန်းတွေကို အလို အလျောက် ဖြည့်ကြည့်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတဲ့ password အားလုံးပေါင်းက (106 + 105 + 104 + 103+ 102 + 10)= ၁၁ သန်းကျော် ရှိပါတယ်။ (10 က ဖြစ်နိုင်ခြေ ရှိတဲ့ 0 ကနေ 9 အထိ ဂဏန်း ၁၀ လုံးကို ရည်ညွှန်းပြီး ရှေ့ဆုံးက ပါဝါ 6 ကတော့ ဂဏန်း ၆ လုံးစာနေရာကို ရည်ညွှန်းပါတယ်။) ဒါပေမယ့် ၁၁ သန်းကျော်ဆိုတဲ့ ဂဏန်းကို ကွန်ပြူတာနဲ့ ဖြည့်ကြည့်ဖို့ မိနစ်ပိုင်း ပဲ ကြာပါတယ်။ အကယ်၍ ဂဏန်းချည်း သက်သက်မဟုတ်ပဲ အင်္ဂလိပ်အက္ခရာ စာလုံး အသေး ကိုပါ တွဲဖြည့်မယ် ဆိုရင်တော့ a ကနေ z အထိ အက္ခရာ ၂၆ လုံး ပိုလာပါပြီ။ အက္ခရာ ၃၆ လုံးအတွက် ဖြစ်နိုင်ခြေ ရှိတဲ့ ဂဏန်း အားလုံးပေါင်းက (366 + 365 + 364 + 363+ 362 + 36) = 2.2 ဘီလီယံ ကျော် ရှိပါတယ်။ အဲဒီအတွက် ပရိုဂရမ်ကို Run ရတဲ့ အချိန်က ဂဏန်းချည်း သက်သက် ဖြည့်တာထက် စာရင် အဆ ၂၀၀ ကျော် ပိုကြာပါတယ်။ အင်္ဂလိပ်စာလုံး အကြီးအသေး၊ ဂဏန်းနဲ့ ကီးဘုတ် ပေါ်က ရိုက်ထည့်လို့ရတဲ့ Special Character ၃၂ လုံးကို တွဲဖြည့်မယ် ဆိုရင်တော့ စုစုပေါင်း အက္ခရာ ၉၄လုံး ဖြစ်တဲ့အတွက် ဖြစ်နိုင်ခြေ ရှိတဲ့ Password က ၆၉၇ ဘီလီယံ ကျော် ရှိပါတယ်။ ဂဏန်း ချည်းသက်သက် ဖြည့်တာထက် စာရင် အဆ ၆သောင်း နီးပါး ပိုကြာပါတယ်။ အဲဒီတော့ ကိုယ့်ရဲ့ Password ထဲမှာ အက္ခရာ အကြီးအသေး ဂဏန်း နဲ့ Special Character တွေ တွဲဖြည့်မယ် ဆိုရင် ဘရုဖို့စ် တိုက်ခိုက်မှုက နေ ရှောင်နိုင်ဖို့ အခွင့်အလမ်း များပါတယ်။ Password အလုံးရေ ၁၂ လုံးထက် ပိုမယ် ဆိုရင် အကောင်းဆုံးပါပဲ။

Password ကို မကြာခဏ ပြောင်းပါ ဆိုတာလည်း ဒါကြောင့်ပါပဲ။ ကိုယ့်ရဲ့ Password ကို တစ်စုံ တစ်ယောက်က စိတ်ရှည်လက်ရှည်နဲ့ နေ့တိုင်း တိုက်ခိုက်နေမယ် ဆိုရင် တစ်နေ့မဟုတ် တစ်နေ့တော့ ကိုယ့်ရဲ့ Password ကို ဖော်နိုင်မှာပါပဲ။ ဒါကြောင့် Password ကို မကြာခဏ ပြောင်းပေးတာဟာ ပိုပြီး လုံခြုံမှု ရှိစေပါတယ်။

ဒါပေမယ့် User တွေ အတွက် အဓိက ပြသနာက အဲဒီလို အားကောင်းတဲ့ Password ကို ဘယ်လို မှတ်မိအောင် လုပ်မလဲ ဆိုတဲ့ ပြသနာပါ။ အရိုးအရှင်းဆုံး Password ဖန်တီးနည်းကို အခုလို မှတ်သား ဖူးပါတယ်။ ဂဏန်းတွေ ပါတဲ့ အင်္ဂလိပ် စာကြောင်းတစ်ခုကို မှတ်မိအောင် လုပ်လိုက်ပါ။ ဥပမာ She have 3 cats 2 dogs and he is 5 feet 8 inches tall ဆိုတာမျိုးပါ။ ပြီးရင် ရှေ့ဆုံးစာလုံးတွေကို ယူပါ။ sh3c2dahi5f8it ဆိုပြီး ရပါတယ်။ နာမ်စားတွေကို အင်္ဂလိပ် အက္ခရာ အကြီး ပြောင်းလိုက်ပါ။ ပြီးရင် ကျန်တဲ့စာလုံးတွေမှာ (a = @ , h = # , p = % , s = $ ) စတာမျိုးတွေ အစားထိုးလိုက်ပါ။ အဲဒါဆိုရင် ခုန စာကြောင်းကနေ Sh3c2d@H!5f8!t ဆိုပြီး အလွယ်တကူ ခိုးလို့မရနိုင်တဲ့ Password တစ်ခု ထွက်လာပါလိမ့်မယ်။ မမှတ်မိရင် အင်္ဂလိပ်စာကြောင်းကို ပြန်စဉ်းစားပြီး အစပြန်ဖော်လို့ ရပါတယ်။ ရိုက်ပါများရင် မှတ်မိသွားပါလိမ့်မယ်။

အဲဒါဆိုရင် မေးစရာ နောက်တစ်ခု ရှိလာပါပြီ။ ကျွန်တော်တို့ရဲ့ အီးမေးလ်တွေကို ဘရုဖို့စ် တိုက်ခိုက်မှုနဲ့ Password ဖော်လို့ ရသလား ဆိုတာပါ။ ရာဟူး ဂျီမေးလ်စတဲ့ အီးမေးလ်တွေမှာ ဘရုဖို့စ် တိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက် Catcha လို့ ခေါ်တဲ့ Word Verification ထည့်ထားပါတယ်။ Password ကို ၃ ခါ မှားနှိပ်မိရင် Word Verification ပေါ်လာပြီး Password နဲ့အတူ ကွန်ပြူတာ ဖန်သားပြင်မှာ ပေါ်လာတဲ့ စာလုံးတွေကို ရိုက်ထည့်ပေးရပါတယ်။ အဲဒီ လို ပေါ်လာတဲ့ စာလုံးတွေကို ကွန်ပြူတာ ပရိုဂရမ်နဲ့ အလွယ်တကူ ဖတ်လို့မရတဲ့ အတွက် ဘရုဖို့စ်နဲ့ တိုက်ခိုက်လို့ အလွယ်တကူ မရနိုင်ပါဘူး။ ဒါပေမယ့် ကွန်ပြူတာမှာ Optical Character Recognition လို့ ခေါ်တဲ့ ဖန်သားပြင်ပေါ်က စာလုံးတွေကို ဖတ်လို့ရတဲ့ နည်းပညာလည်း ရှိပါသေးတယ်။ အဲဒါကြောင့် စာလုံးတွေကို အတည့်အတိုင်း မရေးပဲ ရွဲ့စောင်း ရေးထားပြီး Word Verification ကို OCR နည်းပညာကို သုံးပြီး အလွယ်တကူ ဖတ်လို့ မရအောင် လုပ်ထားပါတယ်။ ကျွန်တော်တို့ သုံးနေကျ တစ်ချို့ဝက်ဘ်ဆိုဒ်(လုံခြုံရေး အရ အမည် မဖော်လိုပါ။) တွေမှာ Catcha မပါပါဘူး။ အဲဒီအတွက် ဘရုဖို့စ်နဲ့ တိုက်ခိုက်တဲ့ အခါမှာ ကိုယ့်ရဲ့ Password က အားနည်းနေရင် တခြားသူလက်ကို အလွယ်တကူ ရောက်သွားနိုင် ပါတယ်။ အဲဒါကြောင့် ကိုယ်သုံးနေတဲ့ ဝက်ဘ်ဆိုဒ်မှာ Catcha မပါမှန်း သိရင် Password ကို တတ်နိုင်သမျှ အားကောင်းအောင် လုပ်ထားပါလို့ အကြံပေးချင် ပါတယ်။

ချောကလက်မြို့ တော်မှကူးယူဖော်ပြပါသည်။

အပြည့်အစုံ

E-mail အား ကြားဝင်ဖောက်ဖတ်နိုင်သော နေရာများ

ယနေ့ခေတ်အတွက် အင်တာနက်ဆိုတာ တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်မှု့အပိုင်းမှာ အဓိကကျသော အပိုင်း၊ အခန်းကဏ္ဍကနေ ပါဝင် နေပါတယ်။ ဒါပေမဲ့ တိုးတက်လာတဲ့ နည်းပညာ အလျှောက် အင်တာနက် နဲ့ အီးမေးလ် အသုံးပြုသူတိုင်း မိမိတို့ အသုံးပြုသော နည်းပညာ အားသာချက် အားနည်းချက်တွေကို သိထား သင့်ပေသည်။ ကျွန်တော်တို့က အီးမေလ်း လိပ်စာလေး တခုရိုက်ထည့်ပြီး ပို့လိုက်တယ်.. ဒါပေမဲ့ အဲ့လိုပို့လိုက်တဲ့ မေးလ်ဟာ လူသန်းပေါင်းများစွာ သုံးနေသော အင်တာနက်ပေါ်မှာ ဖြတ်သန်းသွားလာနေကြတယ်။ ဒီလိုနေရာမှာ ကြားခံ Gateway, Server, Backbone, Segment တွေကိုဖြတ်သွားရတယ်။ ဒီအတွက် မိမိတို့သုံးနေတဲ့ မေးလ်တွေကို ကြားခံနေရာကနေ ၀င်ရောက် ဖောက်ကြည့်လို့ရတယ်ဆိုတာကို သိထားသင့်တယ်။


Internet Service Provider (ISP)
ISP ဆိုတာ မိမိတို့သုံးနေတဲ့ Network Traffic တွေအားလုံးကို အလွယ်တကွယ်စောင့် ဖမ်းနိုင်တဲ့နေရာပါ။ ကျွန်တော်တို့သုံးနေ network packet တွေဟာ ISP မှာတော့ Feed တစ်ခုထားခဲ့ရတာပဲ။ ဒီအတွက် မိမိတို့ရဲ့ မေးလ်အားလုံးကို ISP ဟာ လိုအပ်ရင်လိုအပ်သလို ၀င်ရောက် ကြည့်လို့ရတယ်။


Email Provider
မိမိအသုံးပြုနေသော မေးတွေအားလုံးကို အသုံးပြုနေသော မေးလ် provider တွေကနေ ၀င်ကြည့်လို့ရတယ်။ ဥပမာ - Gmail သုံးတယ်ဆိုရင်.. Gmail ရဲ့ Authorized person တွေက ကြည့်လို့ရတယ်။

Corporate Environment
တစ်ချို့လုပ်ငန်းကုမ္ပဏီ တွေက မိမိတို့ရဲ့ လုပ်ငန်းအတွင်း Data Document တွေ အမှားအယွင်းနဲ့ ၀န်းထမ်းတွေကိုစောင့်ကြည့်ရန် packet sniffer တွေကို Internal Network တစ်ခုလုံအတွက် ထားထားကြတယ်။

Hotel/Conference Center/Internet Café

Hotel/Conference Center တွေကနေ user တွေရဲ့ မေးလ်တွေကို intercept လုပ်လို့ရတယ်။ ဟော်တယ် တွေနဲ့ Conference Center တွေမှာ ၄င်းတို့ရဲ့ User တွေကို သတ်မှတ်ချက်အတိုင်း အသုံးပြုရအောင် Net ကိုထိန်းချူပ်ထားတယ်၊ ထို့အတူ Cyber Cafe တွေလည်းအဲ့အတိုင်းပဲ... ဒီနေရာမှာ တစ်ခုရှိတာက မြန်မာပြည်က Cyber Cafe တွေ တော်တော်များများက ၄င်းတို့ရဲ့ Server / Gateway Router တွေကို တိတိကျကျ လုံခြုံမှု့မပေးထားရင် အပြင်လူက ၄င်း server / Router ကိုဝင်ဖောက်ပြီး Network တစ်ခုလုံးရဲ့ Packet တွေကို Sniffing လုပ်ကာ အီးလ်မေးဖောက်နိုင်တယ်။

Housing Provided Connectivity
condominium and apartment complexes အချို့တွေမှာ ၄င်းတို့၏ အိမ်ရှင်၊ အိမ်ငှားတွေအတွက် Built-in High Speed Internet တွေကို ပေးသုံးကြတယ်။ ဒါက Hotel/Conference Center/Internet Café တွေတူပါတယ်။ အကယ်၍ ၄င်း Network မှာ Admin တစ်ယောက်က ညံ့ဖျင်းတာပဲဖြစ်စေ၊ Admin က ကြားဝင်ဖောက်တာပဲဖြစ်စေ ၀င်ရောက်နိုင်တယ်။

College Environment
College တွေမှာသုံးတာကို cable modems and other broadband technologies ‘shared local loop’ network model လို့ခေါ်ပြီးတော့ ၄င်းနေရာတွေမှာလည်း ကြားဝင်ဖောက်လို့ရတယ်။ ဒါကလည်း corporate networks interception နဲ့တူတယ်/

Local Loop Interception
အကယ်၍ မိမိရဲ့ အိမ်နားဝန်းကျင်မှာ သုံးနေတဲ့ လူတစ်ယောက်ရဲ့ Network နဲ့ Mail ကို interception လုပ်မယ်ဆိုရင် ပုံမှန်အားဖြင့်မလွယ်နိုင်ပေမဲ့ ၄င်း system ကိုဝင်ရောက်ဖို့ special hardware အနည်းငယ်တော့လိုတယ်။ ဒီလိုနေရာတွေမှာလည်း ၀င်ရောက်နိုင်တယ်။

MAN environment
ယခုအချိန်မှာတော့ MAN တွေကို ပြည်တွင်းအစိုးရအဖွဲ့အစည်းနဲ့ တွေလောက်ပဲ ကျယ်ကျယ်ပြန့်ပြန့်သုံးတာများတယ်။ ဒီလိုနေရာမှာလည်း မိတ်ဆွေတို့သုံးနေတဲ့ network ကို sniffing လုပ်လို့ရတယ်။

Wireless Network Access Point
Wireless Network ဆိုရင် များသောအား Wi-Fi ကိုပဲပြေးမြင်လိမ့်မယ်.. ဟုတ်ပါတယ်. ဒီလို Wi-Fi Wireless AP တွေကလည်း Interception လုပ်လို့ရတယ်။ ၄င်း Wireless တွင်၊ Wi-Fi, WiMAX, Bluetooth, GPRS, HSDPA စည်တို့လည်းပါဝယ်တယ်။

တကယ်တမ်းပြောရမယ်ဆိုရင် ဒါတွေတင်မကဘူး အများကြီးရှိသေးတယ်။ ဒါတွေက အဓိက နေရာတွေပဲ။

ဒီတော့ မိမိတို့ရဲ့ မေးလ်တွေကို ဘယ်သူမှ မ၀င်ဖတ်နိုင်အောင် လုပ်ဆောင်တဲ့ နည်းမရှိဘူး။ ဒါပေမဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ မိမိပို့လိုက်သော messages တွေကို Encrypt လုပ်ပြီးပို့ကာ ကြာဝင်ဖောက်ကြည့်လို့မရအောင် လုပ်ဆောင်ခြင်းသာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်။

အပြည့်အစုံ

About ADSL (Asymetric Digital Subscriber Line)

ADSLအကြောင်းလေးပါ

ADSL ဆိုတာဘာလဲ...။ ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးပေါ်မှာ Computer ပေါင်းမြောက်များစွာဟာ Network ချိတ်ထားကြပြီး Computer တွေဟာ တလုံးနဲ့ တလုံး သတင်းအချက်အလက်တွေ၊ နည်းပညာတွေ၊ စီးပွားရေးကိစ္စတွေ
အစရှိတာတွေကို အပြန်အလှန် ဖလှယ် နေကြတာနဲ့အမျှ Computer တွေတလုံးနဲ့ တလုံး Network ချတ်ဆက်မှုဟာ အင်မတန်မှ များပြားလာပြီး Internet ဆိုတဲ့ ဝေါ်ဟာရကြီး ဟာလည်း ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။ အဲဒီ Internet ဆိုတဲ့ ဝေါ်ဟာရကြီးသည် Inter-Network ဆိုတဲ့စကားစုကနေဆင်းသက်လာတာ ဖြစ်ပါတယ်။ Internet ဆိုတဲ့ ဝေါ်ဟာရကြီး ပေါ်ပေါက်လာတဲ့ အချိန်မှာတော့ Internet ချိတ်ဆက်တဲ့ Computer များဟာလည်း မရေတွက်နိုင်လောက်အောင် များပြားလာပါပြီ။

အဲဒီလိုမျိုး Computer တွေဟာ Internet ကိုအသုံးပြုပြီး ချိတ်ဆက်လာတာနဲ့အမျှ Internet ကို ချိတ်ဆက်တဲ့ InternetConnaction ချိတ်ဆက်မှုနည်းပညာထဲမှာ ADSL လို့ခေါ်တဲ့ Internet Connection ချိတ်ဆက်မှုဟာ ကျွန်တော်တို့ မြန်မာပြည်မှာရေပန်းအစားဆုံးဖြစ်နေပါတယ်။ ကဲအဲဒီတော့ .....ကျွန်တော်တို့တွေဟာ ADSL ဆိုတဲ့ Internet Connection ချိတ်ဆက်မှုနည်းပညာကြီးကိုနားလည် သဘောပေါက် ထားသင့်တယ်လို့ ထင်ပါတယ်။

ADSL ရဲ့အရှည်ကောက်က(Asymetric Digital Subscriber Line)လို့ခေါ်တယ်။ ခုဆိုရင် ADSL Internet Connection ကြီးကို ကျွန်တော်တို့မြန်မာပြည်မှာရှိကြတဲ့ Internet Cafe ဆိုင်တွေ တော်တော်များဟာ အသုံးပြု နေကြပြီ ဖြစ်ပါတယ်။ ADSL ဆိုတဲ့ Internet Connection ကြီး မပေါ်ခင်တုန်းက ကျွန်တော်တို့ တတွေဟာ Intennet ကို Phone Line ကနေတစ်ဆင့် Dial-up Connection ကို အသုံးပြုပြီး Internet ကို ချိတ်ဆက် ကြရပါတယ်။ အဲဒီ Dial-up Connection ကိုစတင် အသုံးပြုတုန်းကဆိုရင်သူ့ရဲ့ Internet Connection ဟာ အရမ်းကို နှေးလွန်း လှပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အင်မတန်မှ မြန်နှုန်းမြင့်တဲ့ Internet Connection Line များပေါ် ထွက်လာပြီ ဖြစ်ပါတယ်။

ADSL ဆိုတာကလဲ Internet Connection ကိုချတ်ဆက်တဲ့နေရာမှာ Phone Line ကိုအသုံးပြုပြီး ချိတ်ဆက်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ADSL ဆိုတဲ့ Internet Connection အသုံးပြုတဲ့ Phone Line ကတော့ Digital Phone Line ပဲဖြစ်ပါတယ်။ ကဲအဲဒီတော့ Phone Line မှာ Digital Phone Line နှင့် Analog Phone Line ရှိပါတယ်။ ဒီတော့ ADSL Internet Connection နဲ့ Internet ကို ချိတ်ဆက်မယ်ဆိုရင် မိမိဆီမှာ ရှိတဲ့ Phone Line သည် Digital ..Phone Line ဖြစ်မှသာလျှင် ချိတ်ဆက်လို့ရမယ်ဆိုတာကို မမေ့ပါနဲ့။ ကဲဒီလိုဆိုရင် ကိုယ့်ဆီမှာ ရှိတဲ့ Phone Line က Digital Phone Line တော့မှန်ပါတယ်။ အဲဒီ Digital Phone Line သည် ဘယ်ကနေ လာသလဲ။ Phone Line ဆိုမှတော့ Phone Exchange ကနေလာတာပေါ့... ကျွန်တော် ပြောချင်တာကလည်း အဲဒီ Phone Exchange ကိုပဲ ပြောချင်တာပါ။

အဲဒီ Phone Exchange မှာ DSLAM ထိုင်ထားရမယ်။ အဲဒီ Phone Exchange မှာ DSLAM ကြိီးရှိမှ ကျွန်တော်တို့ လိုချင်တဲ့ ADSL Internet Connection ကြီးချိတ်ပေးလို့ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ Digital Phone Line နဲ့ အဲဒီ DSLAM ဆိုတဲ့ အကောင်ကြီးနဲ့ သွားချိတ်ထားမှ Internet Connection က အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ ရှုပ်နေတာပဲ DSLAM ဆိုတဲ့ အကောင်ကြီးက ဘာလဲ... ဆက်ရှင်းပါဦး။ အဲဒီ DSLAM ကြီးက ဘာကို လုပ်ဆောင်ရတာလဲဆိုရင်.....သူလုပ်ဆောင်ပေးတဲ့ အလုပ်ကို ပြောချင်တာ DSLAM လုပ်ဆောင် ပေးရတာကတော့ Voice(အသံ)နှင့် Data ကို ခွဲထုတ်ပေးတဲ့ အလုပ်ကို လုပ်ဆောင်ပေးရတာဗျ။ နောက်ပြီးတော့ အဲဒီ DSLAM ကြီးက ISP နဲ့လည်း တိုက်ရိုက် ချိတ်ဆက်ထားတယ်။ နောက်ပြီး Voice နဲ့ Data ကို သီးသန့်ပြန်ခွဲပေးတော့ ကျွန်တော်တို့တတွေဟာ Internet ကိုလည်း သုံးလို့ရ၊ Phone လည်းပြောလို့ရ တပြိုင်တည်း အလုပ် (၂) ခုလုပ်လို့ရသွားတာပေါ့။ ကဲကဲ... ကျွန်တော်ပြောတာကို ပိုပြီး သဘောပေါက် နားလည်သွားအောင် အောက်မှာဆွဲပြထားတဲ့ ပုံလေးကိုသေချာကြည့်လိုက်ပါဦးနော်။




ကဲ...ဘယ်လိုလဲဗျ ကျွန်တော်ဆွဲထားတဲ့ပုံကို ကြည့်ပြီးနားလည်းလား ရှုပ်သွားသလား။ ကျွန်တော်ဆက်ပြီး ရှင်းပြပါ့မယ်။ ပုံမှာပြထားတဲ့ အတိုင်းပေါ့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ISP (Internet Service Provider) ကြီးက တစ်ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ကြီးဖြစ်တဲ့ Internet ကြီးနဲ့ ချိတ်ဆက် ထားတယ်။ အဲဒီ ISP ကြီးက ဘာနဲ့သွားပြီး ချိတ်ဆက် ထားလဲဆိုရင် PSTN(Public Suitch Telephone Network) လို့ခေါ်တဲ့ Telephone Network ကြီးနဲ့ ချိတ်ဆက် ထားတယ်။ အဲဒီ PSTN ကွန်ရက်ထဲကပဲ ကျွန်တော် Phone Exchange တစ်ခုကို ဆွဲထုတ်ပြီးပြထားတယ်။ ၎င်း Phone Exchange ထဲမှာရှိတဲ့ Voice နဲ့ Data ကို ခွဲပေးတဲ့ DSLAM ကြိီးသည်လည်း Internet Connection ရသော Line ကြီးနဲ့ ချတ်ဆက်ထားပါတယ်။ ထိုမှတစ်ဆင့် DSLAM ကြီးသည် Phone Line ငယ်များကို တဆင့်ပြန်ထွက်စေပြီး ADSL Model ဖြင့်ပြန်လည်၍ဆက်သွယ်လိုက်တဲ့ အခါမှာတော့ Internet နှင့် Phone တပြိုင်နက်ထဲ အသုံးပြုလို့ရပြီ ဖြစ်ပါတယ်။

ADSL Model များရဲ့ Internet သုံးပြုနိုင်တဲ့ Speed ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။ ADSL Model မှာ ADSL, ADSL 2 နှင့် ADSL 2+ ဆိုပြိီး အမျိုးအစားသုံးမျိုးရှိပါတယ်။ ရိုးရိုး ADSL Model ရဲ့ Download Speed သည် 8 Mbps ၊ Upload Speed သည် 1 Mbps ရှိသည်။ ADSL 2 Moden ရဲ့Download Speed သည် 12 Mbps Upload speed သည် 1 Mbps ရှိသည်။ ADSL 2+ Moden ရဲ့ Speed Download Speed သည် 24 Mbps ၊ Upload Speed သည် 1 Mbps ရှိသည်။ ကဲဒါဆိုရင် ADSL Modem ရဲ့ အမျိုးအစားပေါ်မှုတည်ပြီး လည်းကောင်းတို့ရဲ့ Speed ကွာခြားချက်ကို နားလည် ပြီလို့ထင်တယ်။

အပြည့်အစုံ

IP Test

Start - Run - cmd ထဲမှာ IP၊ Subnet၊ Gateway၊ MAC၊ DNS၊ Server တွေရဲ့ Address တွေနဲ့ Network Adaptor ကောင်းမကောင်းကို စစ်ရမှာ စိတ်မရှည်ဘူးဆိုရင် အောက်မှာပေးထားတဲ့ Code လေးကို Notepad ထဲကို ကူးထည့်ပြီး .bat ဖိုင်အနေနဲ့ Desktop မှာ သိမ်းလိုက်ပါ။ ပြီးရင် အဲ့ဒီဖိုင်လေးကို ဖွင့်လိုက်ယုံနဲ့ ရပါပြီ။

@echo.
@echo.
@echo.
@echo mistake51area.ning.com.
@echo.
@echo.
@echo mistake51area@gmail.com
@echo.
@ipconfig/all | find "IP Address"
@ipconfig/all | find "Subnet Mask"
@ipconfig/all | find "Default Gateway"
@ipconfig/all | find "Host Name"
@ipconfig/all | find "DNS Suffix Search List"
@ipconfig/all | find "Physical Address"
@ipconfig/all | find "DHCP Enabled"
@ipconfig/all | find "DHCP Server"
@ping 127.0.0.1
@echo.
@pause

အပြည့်အစုံ

Computer လုပ်ငန်းစဉ်အတွက် Process Hacker

Hacker ဆိုလို့ လန့်မသွားပါနဲ့။ ဒီ Hacker က သင့် Computer လုပ်ငန်းစဉ်ကို ၀န်ဆောင်းမှုပေးမယ့် Process Hacker ပါ။ သင့် computer လုပ်ငန်းစဉ်များကို စစ်ဆေးကြည့်နိုင်ပြီး လုပ်ငန်းစဉ်များကို စီမံ ပေးနိုင်ပါတယ်။ Process Hacker သည် Open Source Application ဖြစ်ပြီး Task Manager ရဲ့ အသွင်အပြင် များကို သူ့ရဲ့ လုပ်ဆောင်ချက်အသစ်များနဲ့ ပူးပေါင်းပြီး သင့် computer ကို အန္တရာယ်ပေးမယ့် ခြိမ်းခြောက်နေတဲ့ အရာတွေကို စောင့်ကြည့်ပေးမှာပါ။

Computer ကို ဖွင့်ပြီး စသုံးလိုက်တာနဲ့စနစ်နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ application တွေ ရှိနေပါတယ်။ ဒါတွေကို ကျွန်တော်တို့သိထားသင့်ပါတယ်။ Windows Task Manager နဲ့ စစ်ကြည့်နိုင်ပေမယ့် အသေးစိတ်တော့မသိနိုင်ပါ။ ဒီ အားနည်းချက်ကို Process Hacker က အားဖြည့်ပေးခြင်း ဖြစ်ပါတယ်။ Process Hacker က ဖျောက်ထားတဲ့ ၊ ဖွက်ထားတဲ့ လုပ်ငန်းစဉ်များကိုပါ သိတာတယ်။ တစ်ချို့က ဒါတွေ သိစရာမလိုဘူးလို့ ပြောကြပါတယ်။ Computer မှာ Error တွေ ခဏခဏ တက်နေတဲ့အခါ (သို့) စနစ်က အလုပ်ကောင်းကောင်း မလုပ်တဲ့အခါ နောက်ကွယ်မှာ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်တို့ သိဖို့ လိုလာပါပြီ။......ဆက်ကြည့်ပါစို့

Process Hacker Process Hacker ကို ကျွန်တော်တို့ Computer က လုပ်ငန်းစဉ်များနဲ့ ၀န်ဆောင်မှုများကို ထိန်းချုပ်နိုင်တဲ့ Feature-packed Tool လို့ ဆိုရအောင်။ အောက်ဖော်ပြပါပုံမှာ ကွန်ပျူတာအလုပ်လုပ်နေတဲ့ လုပ်ငန်းစဉ်များကို တွေ့နိုင်ပါတယ်။ Process Hacker က အဆင့်ဆင့် ပြပေးထားပါတယ်။

အထက်တွင် ဖော်ပြထားသော ပုံတွင် အောက်ပါစာရင်းများကို တွေ့နိုင်ပါတယ်။
- လုပ်ငန်းလုပ်ဆောင်မှု အပြည့်အစုံစာရင်းနဲ့ ၄င်းတို့ကို ထိန်းချုပ်နိုင်တဲ့အမိန့်များ ( start, stop, pause, resume and delete)
- ကွန်ရက် ( network connection ) ဆက်သွယ်မှုစာရင်း
- လုပ်ငန်းစဉ်အားလုံးအတွက် အချက်အလက်များ၊ ဆောင်ရွက်မှုမှတ်တမ်း၊ အန္တရာယ်များစာရင်း၊ virtual mempry မြေပုံ၊ အချက်အလက်ပြမြေပုံ စသည်တို့ကို ကြည့်နိုင်ပါတယ်။
- ထို့အပြင် လုပ်ငန်းစဉ်အားလုံးကို အပြည့်အ၀ ထိန်းချုပ်ဖို့ရာ လုပ်ဆောင်ချက်များလည်းပါဝင်ပါတယ်။ ( ဥပမာ - လုံခြုံရေးဆိုင်ရာ ဆော့ဖ်ဝဲများရဲ့ ကာကွယ်ပေးနိုင်တဲ့ လုပ်ငန်းစဉ်၊ driver ဆော့ဖ်ဝဲများ ရဲ့ စွမ်းဆောင်ရည်၊ ၄င်းတို့ကို ဆိုင်းငံထားခြင်း၊ ရပ်ခြင်း၊ ပြန်လည်လုပ်ဆောင်စေခြင်းများ ဖြစ်ပါတယ်။
- IceSword, avast!, anti-virus, AVG antivirus, COMODO Internet Security စတဲ့ လုပ်ငန်းစဉ်များကို ထိန်းချုပ်ခြင်း၊
- ဖျောက်ထားတဲ့ ၊ ဖွက်ထားတဲ့ လုပ်ငန်းစဉ်များကို ရှာဖွေခြင်းနဲ့ ၄င်းတို့ကိုရပ်ဆိုင်းခြင်း၊ Process Hacker သည် Hacker Defender, FU ကဲ့သို့ ဖျောက်ထားတဲ့ rootkits များကို ချိတ်ဆက်ခြင်း Terminating IceSword
Hacker Defender detection- DLL ထည့်ခြင်းနဲ့ ပြန်ဖြုတ်ခြင်းနဲ့ အခြားများစွာသော လုပ်ဆောင်ချက်များ ပါဝင်ပါတယ်။


ကဲ... ဒေါင်းလော့ယူမယ်ဆိုရင်တော့... http://processhacker.sourceforge.net/ မှာသွားယူနိုင်ပါတယ်

အပြည့်အစုံ

Internet ကို ဆိုင်မှာ သုံးရင် သတိထားပါ


အင်တာနက်ဆိုင်တွေမှာ သွားသုံးတဲ့အခါ အထူးသတိထားရမယ့် အချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ ကိုယ်သုံးမယ့် Keyboard ကြိုးနဲ့ Computer System Unit နဲ့ ချိတ်မယ့် ပလပ်ပေါက်မှာ အနက်ရောင် Device လေးတစ်ခု ခံထားပြီဆိုရင် အဲဒီ ကွန်ပျူတာမှာ မသုံးပါနှင့်တော့။

အဲဒီ Black Device က ကိုယ်ရိုက်သမျှ အက္ခရာဂဏန်းတွေ အားလုံးကို သိုမှတ် သိမ်းဆည်းလိုက်တဲ့အတွက် သုံးတဲ့သူ Keyboard မှာ ရိုက်သမျှ အားလုံးမှတ်ထားလိုက်ရော။ ကိုယ့်ရဲ့ Email Password အပါအ၀င် အဲဒီနေ့ သုံးသမျှ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ အားလုံး ခိုးယူခံထားပြီသာမှတ်။ ခရက်ဒစ်ကဒ်၊ ဘဏ်စာရင်းတို့သုံးပြီး Online ပေါ်မှာ ၀ယ်ချင်တာ ၀ယ်လို့ရတဲ့ နိုင်ငံတွေမှာတော့ ပိုဆိုးတာပေါ့။ ခရက်ဒစ်ကဒ် နံပါတ်တို့၊ ဘဏ်စာရင်းနံပါတ်တို့ ရိုက်ထည့်လိုက်တာနဲ့ ခိုးပြီးသားပဲ။ နေ့မကူးခင် အင်တာနက်ဆိုင်တွေမှာ သုံးရင် သတိထား၊ ဘဏ်ထဲကရှိတဲ့ ကိုယ်ပိုင်ငွေ ပြောင်ဖို့သာပြင်။

ဒီ Black Device ကို နိုင်ငံအချို့မှာတော့ ဟိုတယ်တွေ၊ ကုန်စည်ပြပွဲတွေ၊ လေဆိပ်တွေနဲ့ အင်တာနက် ကဖေးတွေမှာ အများအားဖြင့် သုံးကြတယ်။ မြန်မာနိုင်ငံမှာတော့ အင်တာနက် ကဖေးတွေမှာ သုံးဖို့များတယ်။ သေချာစစ်ကြည့်ပြီးမှ သုံးပေါ့၊ သေချာအောင် ပုံပါထည့်ပေးလိုက်တယ်။

အပြည့်အစုံ