Showing posts with label Networking. Show all posts
Showing posts with label Networking. Show all posts

Tuesday, 25 December 2012

Social Network ဆိုတာဘာလဲ

Web 2.0 ခေါ် Social Network ဆိုတာဟာ လူတိုင်းနီးပါး၊ လူငယ်တိုင်းလိုလို ကြားနေရတဲ့ ခေတ်ပေါ် အခေါ်အဝေါ်တစ်ခုပါ။
အင်တာနက်ပေါ်မှာ လူအများနှင့် ချိတ်လို့ရတဲ့ နေရာပေါ့။ မိုဘိုင်းလ်ဖုန်းနှင့်လည်း သုံးလို့ရတယ်။ နည်းပညာ တစ်ခေတ်စမ်းထမှုပေါ့။ ၀ါသနာတူရာ စိတ်ဝင်စားတဲ့ နယ်ပယ်အလိုက်ကို မိတ်ဆွေဖွဲ့ပြီး ဆုံဆည်းရာ ရပ်ဝန်းနယ်ပယ် တစ်ခုလို့ပြောရင်လည်း မှားမယ်မထင်ပါဘူး။

Freedom is not free လို့ပြောကြတာ ရှိသလို free ရတိုင်းလည်း တကယ်တော့ free မဖြစ်ဘူး။ တကယ့်လောကမှာ free ဆိုတာ မရှိပါဘူး။ အပေးအယူတွေချည်းပါဘဲ။

Social Network Site တွေမှာ အဖွဲ့ဝင်လုပ်လိုက်တာနှင့် ကိုယ့်ရဲ့အချက်အလက်တွေဟာ အဲဒီဝက်ဆိုက်ပိုင်ရှင် ဆီကို ရောက်သွားပြီ။ သူကြိုက်သလို စီမံနိုင်ခွင့်ကို သဘောတူလို့ free သုံးလို့ရတာပေါ့။ အခုနောက်ပိုင်း account အသစ်တွေတောင်မှ သတ်သတ်လုပ်စရာ မလိုတော့ဘဲ ကိုယ့်ရဲ့ email ID နှင့် password ကိုပဲ သုံးပြီး ၀င်လို့ရတဲ့ social site တွေ အများကြီးရှိလာပါပြီ။

Campaign လုပ်တာဖြစ်ဖြစ် အများသိအောင်ဖြန့်ရမယ့် သတင်းတွေကို ဖြန့်ချင်တဲ့အခါမှာ ကိုယ့် email ထဲကိုဝင်ပြီး ကိုယ်တိုင်စာပို့စရာ မလိုတော့ဘူး။ Social Site တွေကနေ form လေးလုပ်ပေးထားတာလေးကို ဖြည့်ပြီးတော့ အဲဒီမှာ ကိုယ့်နာမည်၊ email ID နှင့် email password ကို ထည့်လိုက်တာနှင့် ကိုယ့်ရဲ့ email ထဲက contact မှာ ရှိရှိသမျှသူတွေဆီကို ကိုယ့် email ကိုယ့် နာမည်နှင့် စာပို့ပေးပါတယ်။

Website တွေ blog တွေ social site တွေ အများကြီးကို ဘာဖြစ်လို့ free ဖြစ်နေတာလည်းဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Social site ဖြစ်ဖြစ် free ရတာတွေရော ၀ယ်ရတာတွေရော သုံးတဲ့အခါတိုင်း agreement (သဘောတူချက်) ကို သဘောတူကြောင်း နှိပ်ပြီးမှသာ သုံးခွင့်ရတာပါ။ ဒါပေမယ့် တော်တော်များများကတော့ အဲဒီထဲမှာ ဘာတွေပါတယ်ဆိုတာ မဖတ်ကြဘူး။ ဖတ်လည်း နားမလည်းဘူးပေါ့။

အဲဒီ free ၀န်ဆောင်မှု ပေးတဲ့သူတွေမှာလည်း ကြီးကြီးမားမား ကုန်ကျစရိတ်တွေရှိပါတယ်။ အဲတာတွေအတွက် ၀င်ငွေပြန်ရအောင် လုပ်ရပါတယ်။ အဲတာကို user တွေက သဘောတူလို့ free သုံးခွင့်ရတာပါ။

Social Network Site တွေဟာ ထုတ်လုပ်သူ လုပ်ငန်းရှင်တွေအတွက်သူတို့ ရောင်းကုန်ကို ကြော်ငြာဖို့ ပစ်မှတ်ဖြစ်လာသလို ကြော်ငြာလုပ်ငန်းရှင်တွေ အတွက်လည်း ပစ်မှတ် ဖြစ်လာတယ်။ ကြားခံကြော်ငြာနှင့် ၀င်ငွေရှာတဲ့ သူတွေအတွက်လည်း အဓိက ၀င်ငွေရတဲ့ နေရာဟာ Social Network Site တွေလို free ၀န်ဆောင်မှုပေးတဲ့ site တွေပါဘဲ။

အဲဒီဝက်ဆိုက်တွေကို ၀င်လိုက်တာနှင့် ကိုယ့် email အပါအ၀င် username နှင့် password တွေကိုပါ ပေးလိုက်ရတာပါ။ ကိုယ်သုံးနေတဲ့ ၀န်ဆောင်မှုကို ပေးတဲ့ဆိုက်တွေက သူတို့ကြော်ငြာစရာရှိရင် ကိုယ့် email နှင့် ကိုယ့် contact အားလုံးဆီကို ပို့လိုက်လို့ရတယ်။ ကိုယ့်အချက်အလက်တွေ သူများကို ပြန်ရောင်းလို့လည်း ရသေးတယ်။

အင်တာနက်ပေါ်မှာ အားတိုင်း ကလေ့ချင်တဲ့ သူတွေ သတိထားစရာပါ။ ကိုယ့်ရဲ့ privacy နှင့် လုံခြုံမှုကို တန်ဖိုးထားချင်ရင်တော့ သတိထား သုံးရမှာ ဖြစ်ပါတယ်။ တကယ်လို့ သုံးတော့မယ်ဆိုရင်လည်း email ID သီးသန့်တွေနှင့် အသုံးပြုသင့်ပါတယ်။ username နှင့် password တွေလည်း တစ်ခြားဟာတွေနှင့် မတူအောင် သုံးသင့်ပါတယ်။ ကိုယ်ရေး အချက်အလက်တွေကိုလည်း ကိုယ်မှတ်မိနေမယ့် အမှားတွေသာ ပေးသင့်တယ်။

Email ID အများကြီးသုံးသူတွေအတွက် account တစ်ခုထဲကနေတခြား email တွေ ဘယ်လိုကြည့်လို့ရတယ် ဆိုတာ ဒီဆောင်းပါး (Master Email account ဘယ်လိုသုံးမလဲ) မှာ ဖတ်နိုင်ပါတယ်။ (burmait.net မှ ကူးယူဖော်ပြပါသည်။)

အပြည့်အစုံ

Sunday, 6 February 2011

မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ Internet Connection များ


မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ Internet Connection များထဲမှ လူသိများပြီးတော့၊ အထင်ရှားဆုံးဖြစ်နေတဲ့ Connection အမျိုးအစား တွေကို ပြောပြပေးမယ်။ ပထမဆုံးအနေနဲ့ အသုံးပြုမည့်သူတွေဟာ Internet Connection အသုံးပြုတော့မယ်ဆိုရင် မိမိတို့ဘာအတွက် Internet Connection ကိုအသုံးပြုမှာလဲ ဆိုတာကို အရင်ဆုံး စဉ်းစားရပါမယ်။ ဥပမာ - Website တွေကြည့်မယ်၊ Data တွေကို Download; Upload လုပ်မယ် (ဒေါင်းမယ်၊ တင်မယ်ဆိုတဲ့နေရာမှာ အနည်းငယ်လောက်ပဲရှိတဲ့ ဖိုင်ဆိုဒ်အမျိုးအစားကို ဆိုလိုတာ ပါခင်ဗျာ။) ချက်တင်းလုပ်မယ်၊ မေလ်းပို့မယ်၊ ကွန်နက်ရှင်ကောင်းရင် စကားပြောမယ်ဆိုရင်တော့ Dial Up Connection ကိုအသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် အခြားလုပ်ဆောင်ချက်တွေကော၊ ကွန်ပြူတာကို တစ်လုံးမက ၅လုံးလောက်ကို Sharing လုပ်ပြီးသုံးမယ် ဆိုရင်တော့ Broadband Connection အမျိုးအစားထဲက တစ်ခုခုကို ရွေးချယ်ရမှာဖြစ်ပါတယ်။ Company; Office နဲ့အခြား Hotel; University တွေမှာဆိုရင်တော့ ADSL Connection ကို Speed နည်းတဲ့ဟာမျိုး၊ မိမိတို့Company အလိုက်ဘယ်လိုမျိုးသုံးရင် ပိုအဆင်ပြေမလဲဆိုတာကို သေချာစဉ်းစာပြီးတော့ Internet Connection အမျိုးအစားတွေကို ရွေးချယ်ရမှာဖြစ်ပါတယ်။ အောက်မှာ Internet Connection အမျိုးအစားတွေ ဖြစ်ပါတယ်။

1. Dial Up Connection (Dialup Connection မှာနောက်တစ်မျိုး Internet & E-mail Dial up Service ဆိုတာလဲရှိပါတယ်။)
2.iPSTAR Connection
3. Broadband Wireless Local Loop (WLL Connection လို့ခေါ်သလို၊ Broadband connection လိုလဲခေါ်ပါတယ်။)
4. ADSL (Asynchronous Digital Subscriber Line) Broad Band Connection
5. ADSL (Asynchronous Digital Subscriber Line) 2 Broadband Connection
6. ADSL 2+ (Asynchronous Digital Subscriber Line) )Broadband Connection
7. WiMAX (Worldwide Interoperability for Microwave Access) Connection
8. Wi-Fi Wireless Connection တို့ဖြစ်ပါတယ်။

အပေါ်က Internet Connection အမျိုးအစားအားလုံးကို မြန်မာ့ဆက်သွယ်ရေး (MPT: Ministry of Post and Telecommunication) နဲ့ Bagan Net တို့ကနေ ISP (Internet Service Provider) အဖြစ်အသုံးပြုနေတာ ဖြစ်ပါတယ်။ အောက်မှာ တစ်ခုချင်းစီရဲ့ အသုံးပြုပုံနဲ့ အခြား သိသင့်တာတွေ ဆက်ဖတ်ကြည့်ရအောင်။

1. Dial Up Connection
Dial Up Connection ကိုအသုံးပြုမယ်ဆိုရင် စရိတ်အသက်သာဆုံးနဲ့အသုံးပြုနိုင်တဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ ပထမဆုံးလိုအပ်တာတွေကတော့ Desktop Computer (သို့) Laptop; Phone Line; Modem and ISP (Internet Service Provider) တို့လိုအပ်ပါတယ်။ Operating System အနေနဲ့လဲ သိပ်အများကြီးမလိုအပ်ပါဘူး။ အဲဒါကြောင့် ကွန်ပြူတာအမျိုးအစား၊ Hard Disk Space; Memory ; OS ဘယ်အမျိုးအစားရယ်လို့ စိတ်ပူနေစရာမလိုပါဘူးခင်ဗျာ။ မြန်မာနိုင်ငံရဲ့ မည်သည့်နေရာဒေသတွင်မဆို Computer; Digital Phone Line; Modem; Access Kit တို့ရှိပါက အချိန်မရွေးတပ်ဆင်အသုံးပြုနိုင်တဲ့ Connection အမျိုးအစားဖြစ်ပါတယ်ခင်ဗျာ။

Desktop Computer (or) Laptop နဲ့ Phone Line ရှိပြီဆိုတာနဲ့ Modem ကိုအရင်ဆုံးရှာရပါမယ်။ ဘာဖြစ်လို့ Modem လိုအပ်လဲဆိုရင်တော့ Computer ကနေနားလည်လက်ခံတဲ့ Digital Data တွေကို Analog data (အသံလိုမျိုး) အဖြစ်ပြောင်းပေးမယ့် ကြားခံပစ္စည်းတစ်ခုဖြစ်ပါတယ်။ မိမိတို့ Modem ကနေ Analog data တွေကို ဖုန်းလိုင်းကနေတဆင့် အခြား Modem ကို ရောက်သွားမယ်။ ပြီးတော့အခြား Modem ကနေ မိမိတို့ကွန်ပြူတာတွေဆီကို Digital data အဖြစ်ပြန်လဲပေးပို့ပေးမယ့် အရာတစ်ခုဖြစ်ပါတယ်။ Modem ရဲ့ Speed ကိုတော့ Kbps (Kilo Bit Per Second)နဲ့သတ်မှတ်ပါတယ်။ Modem ပစ္စည်းဝယ်တိုင်း သူတို့ရဲ့ နံမည်အမျိုးအစားပြီးရင် Data ပို့လွှတ်နိုင်တဲ့ Speed (52Kbps; 56Kbps ဆိုပြီးတော့)ကို ဖော်ပြထားတတ်ကြပါတယ်။ Desktop မှာဆိုရင်တော့ Modem ကိုတပ်ဆင် အသုံးပြုရမှာဖြစ်ပါတယ်။ Modem ကတော့ အမျိုးအစားအနေနဲ့ Internal Modem နဲ့ External Modem ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ Internal Modem ကတော့ ကွန်ပြူတာအတွင်းထဲမှာ PCI Expansion Slot တစ်ခုထဲမှာထည့်ပြီးတော့အသုံးပြုနိုင်တဲ့ Board အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ External Modem ကတော့ ကွန်ပြူတာ ဘေးမှာပဲဖြစ်ဖြစ် တစ်နေရာရာမှာထားပြီးတော့ ပလပ်ထိုးပြီးတော့ အသုံးပြုရတဲ့ Box လေးနဲ့ဖြစ်ပါတယ်။ Internal Modem ထပ်နည်းနည်းဈေးကြီးပြီးတော့ Speed နည်းနည်းနေပါတယ်။ အများဆုံးကတော့ မျက်စိရှင်း သက်သာအောင် Internal Modem ကို အသုံးပြုပါတယ်။ Sharing လုပ်ပြီးသုံးချင်ရင်တော့ External Modem ကိုအသုံးပြုနိုင်ပါတယ်။ Modem Card ၀ယ်တဲ့အခါမှာပါလာတဲ့ Modem Driver ကို Install လုပ်ပြီးတော့ ကွန်ပြူတာတွင် Modem ကိုစတင်အသုံးပြုနိုင်မှာဖြစ် ပါတယ်။ Laptop မှာတော့ Modem ကို တစ်ပါတည်း ပါတတ်ကြပါတယ်။ Laptop Modem ကတော့ တစ်ခါတည်းပါဝင်နေလို့ Install လုပ်စရာမလိုပါဘူးခင်ဗျာ။ ရိုးရိုး Modem ထပ်အနည်းငယ် Speed လဲမြန်ပြီးတော့ ဖုန်းလိုင်းနဲ့ချိတ်ဆက် အသုံးပြုရင်လဲ အလွယ်တကူ ချိတ်ဆက် နိုင်ပါတယ်။

Phone Line အနေနဲ့ကတော့ Digital Phone Line ဖြစ်ရပါ့မယ်။ Dial Up Connection အသုံးပြုနေတဲ့ အချိန်မှာတော့ ဖုန်းကို အ၀င်၊ အထွက် အသုံးပြုလို့ရနိုင်မှာမဟုတ်ပါဘူး။ ဖုန်းလိုင်းနဲ့ချိတ်ဆက်ပြီးတော့ အသုံးပြုနေတာဖြစ်လို့ ဖုန်းလိုင်းကျပ်တဲ့ အချိန်တွေမှာဆိုရင် အခက်အခဲအနည်းငယ်တော့ရှိနိုင်ပါတယ်။ မိမိတို့အိမ်ဖုန်းကနေတဆင့် အသုံးပြုရမှာဖြစ်လို့ ရုံးအဖွဲ့အစည်း၊ အင်တာနက်ဆိုင်နဲ့ အခြားဖုန်း အသုံးပြုမှုတွေများတဲ့ မနက်ပိုင်းနဲ့ညနေပိုင်းမှာတော့ Connection Speed ကနှေးနေတတ်ပါတယ်။ ညပိုင်းနဲ့မနက်စောစော ဆိုရင်တော့ Modem Speed အတိုင်း Internet Connection Speed ကိုအပြည့်အ၀ ရနိုင်မှာဖြစ်ပါတယ်။

ISP (Internet Service Provider) အနေနဲ့ကတော့ Dial Up Connection အတွက် Bagan Net ကနေ ရောင်းချတဲ့ Access Kit ကို ၀ယ်ယူ ထားဖို့လိုအပ်မှာဖြစ်ပါတယ်။ Access Kit ကိုဝယ်ယူဖို့အတွက် လျှောက်လွှာတင်စရာမလိုပါဘူးခင်ဗျာ။ Access Kit မှာပါတဲ့ User Name နဲ့ Password ကိုရိုက်ထည့်ပြီးတော့ Internet Connection ကိုချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ မိမိတို့အသုံးပြုချင်တဲ့ Access Kit အချိန်အမျိုးအစား (၁၅နာရီ၊ နာရီ ၃၀၊ နာရီ ၆၀) ကိုလိုက်ပြီးတော့ နီးစပ်ရာ Internet Café; Cyber နဲ့အခြားစတိုးဆိုင်များမှာ ၀ယ်ယူရရှိနိုင် ပါတယ်။ Access Kit ထဲမှာ User Name and Password တို့အပြင် မိမိတို့အသုံပြုနေတဲ့ Operating System အမျိုးအစားအလိုက် ဘယ်လိုချိတ်ဆက်အသုံးပြုရမယ် ဆိုတာကို ဖော်ပြပေးထားတဲ့ စာရွက်လေးလဲပါဝင်ပါတယ်။ အခုတော့ အောက်ကလင့်လေးကနေတဆင့် Dial Up Connection ချိတ်ဆက်မှုကို လေ့လာနိုင်ပါတယ်ခင်ဗျာ။

Start > Control Panel >Network Connection ကိုရောက်အောင်သွားပါ။ (သို့) Start > Connect to > Show all Connection ကနေလဲ တိုက်ရိုက်သွားနိုင်ပါတယ်။ ပြီးရင်တော့ Network Connections Box ထဲကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ Network Connection box ထဲမှ New Tasks အောက်ရှိ Create a New Connection ကိုနှိပ်ပါ။


အဲဒီနောက်မှာတော့ New Connection Wizard ဆိုတဲ့ Box လေးတစ်ခုပေါ်လာမှာဖြစ်ပါတယ်။


1. Connect to the Internet ကို Green Iron bubble လုပ်ထားပေးပါ။ ပြီးရင် Next ကိုဆက်လုပ်ပါ။


2. “Set up my connection manually” ကို Green iron bubble ရွေးပေးပါ။ နောက်ပြီးရင်တော့ Next ကိုဆက်ပြီးတော့ Click ဆက်လုပ်ပါ။


3. ပထမဆုံး “Connect using a dial up modem” ကိုရွေးချယ်လိုက်ပါ။ ပြီးရင် Next ကိုဆက်နှိပ်ပါ။


4. ISP Name နေရာတွင် “BganNet” သို့မဟုတ် “Myantel” ကိုရိုက်ထည့်ပေးပါ။ ထို့နောက် Next ကိုဆက်လက်နှိပ်ပေးပါ။


5. Phone number နေရာတွင် (146) ကိုရိုက်ထည့်ပါ။ 146 ကနေတဆင့် Internet Service Provider ကိုအဆက်အသွယ်လုပ်ပေးမှာဖြစ်ပါတယ်။ 146 လိုင်းကိုခေါ်ဆိုပြီးအသုံးပြုတဲ့အတွက် ဖုန်းဖိုးဝန်ဆောင်ခကို ပေးရမှာမဟုတ်ပါဘူး။

6. ထို့နောက် Internet Account Information နေရာတွင် UserName နဲ့ Password ကိုရိုက်ထည့်ပါ။ (User Name and Password ကတော့ Access kit ထဲမှာပါဝင်တဲ့ နံပါတ်လေးများဖြစ်ပါတယ်။) Confrim ဖြစ်အောင် Password ကိုနောက်တစ်ကြိမ်ပြန်ရိုက်ပါ။ ပြီးရင် Next ကိုဆက်လက်သွားပါ။


7. “Add a shortcut to this connection to my desktop” ကို check လုပ်လို့ရပါတယ်။ အဲဒါဆိုရင်တော့ မိမိ Desktop မှာ Connection ပုံစံလေးတစ်ခု ရောက်သွားမှာဖြစ်ပါတယ်။ မထားချင်ဘူးဆိုရင်လည်း ရပါတယ်။ Desktop မှာမထားဘူးဆိုရင် (Start >>Connect to>> BaganNet connection) ဆိုပြီးတော့အဆင့်ဆင့် သွားရပါမယ်။ ပြီးနောက် Finish ကို click လုပ်လိုက်ပါ။


8. Finish လုပ်ပြီးတာနဲ့ “Connect Dial-up Connection” ဆိုပြီးတော့ Box လေးတစ်ခုကျလာ မှာဖြစ်ပါတယ်။ အဲဒီ box လေးမှာ Properties ကို click လုပ်ပါ။


9. ထို Properties box လေးထဲမှ “Option” tag လေးကိုသွားပါ။


10. “Option” tag အောက်ရှိ Redialing Options မှာ Redial attempts, Time between redial attempts and Idle time before hanging up box လေးတွေနေရာတွင် မိမိကြိုက်နှစ်သက်ရာရွေးချယ် ပြီးတော့အသုံးပြုနိုင်ပါတယ်။


11. ထို့နောက်ဆက်လက်ပြီး Networking tag ကိုနှိပ်လိုက်ပါ။ Internet Protocol (TCP/IP) နှင့် QoS Packet Scheduler တို့ကို check လုပ်ပေးပါ။ ပြီးရင် Internet Protocol (TCP/IP) ကိုရွေးပြီးနောက် “Properties” ကိုနှိပ်ပါ။ ပြီးနောက် OK ကို နှိပ်ပါ။


12. အဲဒီနောက်မှာတော့ Internet Protocol Properties box လေးတစ်ခုကျလာမှာဖြစ်ပါတယ်။ Obtain an IP address automatically ကို check လုပ်ပေးပါ။ နောက်တော့ Use the following DNS server address ကိုရွေးပေးပါ။ ပြီးနောက် 203.81.71.69 နှင့် 203.81.71.73 တို့ကိုရိုက်ထည့်ထားပါ။ အဲဒီနောက်မှာတော့ OK ကို click လုပ်လိုက်ပါ။

နောက်ဆုံးမှာတော့ OK ကိုနှိပ်လိုက်ပါ။ ထို့နောက် Connect Bagan Net Box လေး ဆီမှာရှိတဲ့ Dial ကို Click လုပ်လိုက်ပါ။ အဲဒီနောက်မှာ Modem နဲ့ ဖုန်းကနေတဆင့် ဖုန်းခေါ်သလိုမျိုး အသံကြားရပြီးတော့ Modem မှ အသံရှည်ကို ကြားလိုက်ရပြီးဆိုတာနဲ့ Internet Connection ချိတ်ဆက်မိသွားမှာဖြစ်ပါတယ်။ ဖုန်းလိုင်းအားမယ်ဆိုရင် (သို့) လိုင်းရှင်းမယ်ဆိုရင်တော့ ချက်ချင်းကို Internet ကိုချိတ်ဆက်မိမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မိမိတို့ရဲ့ Computer ရဲ့ Taskbar မှာ Computer နှစ်လုံးဆင့်ပုံလေးနဲ့ မီးလေး လင်းလိုက်၊ မှောင်လိုက်ဖြစ်ကာ Bagan Net Connection is now Connected ဆိုတဲ့ စာတမ်းလေးနဲ့ Speed (52Kbps; 54Kbps; 56Kbps) ဆိုတဲ့ အကြောင်းလေးကို ပြပေးမှာဖြစ်ပါတယ်။


Dial Up Connection ရဲ့ အားသာချက်ကတော့ - အများကြီးသိပ်မရှိပါဘူး။ အိမ်မှာ အလွယ်တကူ အသုံးပြုနိုင်တယ်။ အလွယ်တကူ တပ်ဆင်ရလို့ အချိန်ကုန်ခြင်းနဲ့စရိတ်စက သက်သာမှာဖြစ်ပါတယ်။

Dial Up Connection ရဲ့ အားနည်းချက်ကတော့ - Connection Speed က Kbps လောက်ပဲရတော့ နှေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဖုန်းလိုင်းနဲ့ တပ်ဆင်ပြီးတော့ အသုံးပြုရလို့ ဖုန်းလိုင်းကျပ်တဲ့ အချိန်တွေဆိုရင် Connection Speed နှေးမယ်။ Internet အသုံးပြုနေလို့ ဖုန်းဆက်လို့မရတာတွေရှိမယ်။ အောက်မှာတော့ Internet; ISP; Phone Exchange; Modem တို့ ဘယ်လိုဆက်သွယ်လဲ ဆိုတာကိုပြထားတဲ့ ပုံလေးကို လေ့လာကြည့်ရအောင်။


နောက်အပေါ်မှာပြောထားတဲ့အတိုင်း Dial Up Connection နောက်တစ်မျိုးဖြစ်တဲ့ Internet & E-mail Dial Up Service အကြောင်းလေး ကိုလေ့လာကြည့်ရအောင်။ သူ့ကိုတော့ မြန်မာနိုင်ငံမှာ Broadband Connection အမျိုးအစားတွေမရှိတုံးက Company အချို့နှင့် ရုံးအချို့ မှာ အသုံးပြုခဲ့ရတဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ အခုအချိန်မှာတော့ တော်တော်လေးကို မသုံးကြသလို၊သိတဲ့လူတွေလဲ သိပ်မရှိတော့ပါဘူး။ ဘာဖြစ်လို့မသုံးတော့လဲဆိုတာကတော့ အခုခေတ်မှာ Broadband တို့လိုမျိုး Connection Speed ပိုမြန်တဲ့ဟာတွေ ထွက်ပေါ်နေလို့ဖြစ်ပါတယ်။ Internet & Email Dial Up Service ပေးတဲ့ Connection အမျိုးအစားကတော့ ရန်ကုန်တစ်ခုတည်းမှာပဲ အရင်ကအသုံးများခဲ့တယ်။ ကွန်နက်ရှင် Speed ကတော့ Dial Up ရိုးရိုး Connection ထပ်အနည်းငယ်မြန်တာကလွဲပြီးတော့ ဈေးကြီးပါတယ်။ Internet & Email Dial Up Connection ကိုသုံးမယ်ဆိုရင်တော့ MPTဖြစ်ဖြစ်၊ Bagan Net မှာဖြစ်ဖြစ် လျှော်လွှာတင် ပြီးတော့ အသုံးပြုရမှာဖြစ်ပါတယ်။ လျှောက်လွှာတင်ထားပြီး (၂)ပတ်ကနေ(၄)ပတ်ကြာတော့မှာသာလျှင် Connection လိုင်းကိုချပေးမှာ ဖြစ်ပါတယ်။ ပထမဆုံးလိုင်းရပြီးဆိုရင် User Name နဲ့ Password ကိုချပေးမှာဖြစ်ပါတယ်။ ပြီးရင်တော့ နှစ်စဉ်ကြေး၊ လစဉ်ကြေးတွေ ပေးသွင်းပြီးတော့ မိမိတို့လိုချင်တဲ့ Connection အမျိုးအစားအလိုက် FEC 10 ကနေစတင်ပြီးတော့ သုံးချင်တဲ့နာရီအလိုက်နှင့် အပိုသုံးမိတဲ့ နာရီတွေအတွက် ပိုက်ဆံသွင်းရမှာဖြစ်ပါတယ်။ Email Account ကတော့ စလုပ်ကတည်း တစ်ခု အနည်းဆုံးကနေ အများဆုံး ၂၅ ခုအထိ ရနိုင်မှာဖြစ်ပါတယ်။ Connection အမျိုးအစားတွေအနေနဲ့ Student Plan; Consumer Plan; Enterprise Plan ဆိုပြီးတော့ရှိပါတယ်။ အသုံးလဲသိပ်မများတော့လို့၊ အခုလက်ရှိလဲ Internet & Email Dial Up Service ကိုမချပေးတော့တာတွေရှိလို့ ဒီလောက်လေးနဲ့တင် ဗဟုသုတအနေနဲ့ ပြောပြထားတာ ဖြစ်ပါတယ်။

iPSTAR Connection အကြောင်းလေး ကိုအောက်က ပို့စ်မှာ ကြည့်လို့ရပါတယ်။ Connection အားလုံးကို တစ်ခုတည်းနဲ့ပို့စ်တင်ရင် အရှည်ကြီးဖြစ်ပြီးတော့ ပုံတွေလဲအများကြီးဖြစ်မယ်၊ ဖတ်ရတဲ့လူလဲ အဆင်ပြေမှာ မဟုတ်ပါဘူး။ Connection အားလုံးရဲ့ အားသာချက်၊ အားနည်ချက်၊ ဘယ်လိုနေရာတွေကို အသုံးပြုနိုင်လဲ ဆိုတာကိုလဲ တတ်နိုင်သလောက် ပြောပြပေးထားပါမယ်။ အဲဒါကြောင့် Connection အမျိုးအစားလိုက် တနေ့တစ်မျိုး (သို့) နှစ်မျိုး တင်ပေးသွားပါ့မယ်။ ပို့စ်အရေအတွက် များစေချင်လို့လုပ်တဲ့သဘော မဟုတ်ပါဘူးခင်ဗျာ။ (မူရင်း။ ။မြန်မာမိသားစုဖိုရမ်)

အပြည့်အစုံ

iPSTAR Broadband Connection


ဒီ Connection အမျိုးအစားကတော့ ဂြိုလ်တု ဆက်သွယ်ရေး စနစ်ကို သုံးပြီးတော့ Internet Connection ကော၊ ဖုန်းလိုင်း ကော နှစ်မျိုးလုံး အသုံးပြုနိုင်တဲ့ Connection အမျိုးအစား ဖြစ်ပါတယ်။ iPSTAR Connection ကလဲ မြန်မာနိုင်ငံတွင် အသုံးပြုနေသော အင်တာနက် ၀န်ဆောင်မှုများအနက်မှ Broadband Connection အမျိုးအစား တစ်မျိုးလဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်တော့ ဆက်သွယ်ရေးခက်ခဲတဲ့ နေရာ ဒေသတွေမှာ ဖုန်းလိုင်း အသုံးပြုချင်လို့ iPSTAR Connection ကို အသုံးများကြတာ ဖြစ်ပါတယ်။ အရင်တုံးကတော့ အထက်တန်းကျောင်းတွေမှာ e-Learing အတွက် အသုံးပြုကြတယ်။ ကျိုက်ထီးရိုးဘုရားတောင်ပေါ်မှာတောင် iPSTAR ဖုန်းဆိုပြီးတော့ ၀န်ဆောင်မှုပေးတာတွေလဲ အရင်နှစ်တွေတုံးကတော့ ရှိခဲ့ဘူးတယ်။ (၂၀၀၀ခုနှစ် ကျော်လောက်က ထင်တယ်။ iPSTAR phone ဆိုပြီးတော့ ဖုန်းဆက်သွယ် အသုံးပြုနေတာကို တွေ့ဘူးတယ်။) iPSTAR Connection ကို လိုချင်တယ်ဆိုရင်တော့ MPT မှာလျှောက်ထားနိုင်ပါတယ်။ ဆက်သွယ်ရေး ခက်ခဲ့တဲ့ နေရာတွေမှာ လုပ်ငန်းအတွက်သုံးမယ်ဆိုလဲ လုပ်ငန်းလိုင်စင်တို့၊ လိုအပ်တာတွေ တင်ပြပြီးတော့ မြန်မာဆက်သွယ်ရေးကို လျှောက်ထားနိုင်ပါတယ်။ အခုသိသလောက်ကတော့ သိပ်မချပေးတော့ပါဘူး။ iPSTAR Connection ဟာ ဂြိုလ်တုဆက်သွယ်ရေး စနစ်တစ်ခု ဖြစ်တာကြောင့် ဖုန်းလိုင်း (Cable Phone Line) ရှိစရာမလိုပါဘူး။ သူ့မှာ Internet; e-mail ; Phone Line တို့ကို တချိန်တည်း၊ တပြိုင်နက် တည်းအသုံးပြုနိုင်ပါတယ်။ အချိန်းမရွေး (7days and 24 hours) နေ့ညမပျက်အသုံးပြုနိုင်ပါတယ်။ မီးမလာရင်တောင်မှ Watt (2000) လောက်ရှိတဲ့ အင်ဗတာ သို့မဟုတ် မီးစက်တို့ဖြင့်လည်း အသုံးပြုနိုင်ပါတယ်။ iPSTAR Connection ရဲ့ Satellite Dish (စလောင်းဗန်း) ကိုတော့ ၂ပေ၊ ၄ပေ ဆိုပြီးတော့ အသုံးပြုကြပါတယ်။ (ပုံမှာ Satellite Dish တပ်ဆင်ထားတာကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်။) iPSTAR Connection တစ်ခုလျှောက်လိုက်ပြီးဆိုတာနဲ့ ဖုန်းလိုင်း (၄)လိုင်းကို တပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ရိုးရိုး Digital Phone တွေနဲ့တော့ နံပါတ်ကတော့ မတူပါဘူး။ သူ့ဖုန်းမှာ ဂဏန်းကတော့ (၇)လုံး ရှိပါတယ်။ ၃၃၅၅၆၆၇ တို့လိုမျိုး၊ ၄၄၂၂၈၈၁ တို့လိုမျိုး (၃၃နဲ့၄၄) စတဲ့ ဖုန်းလိုင်းမျိုးတွေဖြစ်ပါတယ်။ ဖုန်းခေါ်ခနှုန်းကတော့ တစ်မိနစ်ကို (၅၀)ကျပ်ကို မြန်မာငွေပေးဆောင်ရမှာ ဖြစ်ပါတယ်။ အ၀င်ဖုန်းခေါ်ဆိုမှု အတွက် ဖုန်းခပေးစရာမလိုပါဘူး။ အထွက်ခေါ်ဆိုမှုအတွက်သာ ပေးဆောင်ရမှာဖြစ်ပါတယ်။ ဖုန်း လေးလုံးရှိတယ်ဆို လေးလုံးလုံး တပြိုင်တည်း ဖုန်းပြောနိုင်ပါတယ်။ ဖုန်းကြေးကိုလဲ တစ်လုံးချင်းဆီ ဆောင်ရမှာဖြစ်ပါတယ်။ နိုင်ငံခြား (oversea call )ကိုလဲ Digital Phone လိုမျိုးခေါ်ဆိုနိုင်ပါတယ်။ ကျသင့်ငွေကတော့ Digital Phone အတိုင်းကျသင့်ပြီးတော့ FEC နဲ့ဆောင်ရမှာဖြစ်ပါတယ်။ ဖုန်းကြေးဆောင်ရမယ့် နေရာနဲ့ဝေးတဲ့နေရာတွေမှာဆိုရင်တော့ ပုံသေ ဖုန်းကြေးကို ဆောင်ထားလို့ရပါတယ်။ တစ်လကို တစ်သိန်းနဲ့ ပုံသေ ဖုန်းကြေးဆောင်ထားလို့ ရပါတယ်။ အဲဒီတစ်သိန်းဆောင်ထားမယ်ဆိုရင် ဘယ်လောက်ဖုန်းပြောပြော တစ်လအတွက် အပြီး တစ်သိန်းဖြစ်ပါတယ်။ ဖုန်းအသုံးပြုတဲ့ အချိန်များတယ်ဆိုရင်တော့ တန်မယ်ပေါ့ဗျာ။ မများရင်တော့ မတန်ဘူးပေါ့။ iPSTAR Broadband Connection မှာ VoIP (Voice Over Internet Protocol) ကိုလဲအသုံးပြုနိုင်ပါတယ်။ VoIP အတွက်ဆိုရင်တော့ ဖုန်းပြောခက မတူပါဘူး။ နည်းနည်းများသွားမှာဖြစ်ပါတယ်။ iPSTAR Connection ဖုန်းလိုင်းကိုတော့ရိုးရိုးဖုန်းလိုင်းလိုမျိုး အသံကြည်လင်ပြတ်သားစွာ ကြားနိုင်ပါတယ်။ iPSTAR Connection တပ်ဆင်မယ်ဆိုရင်တော့ သိန်း (၅၄)သိန်း ကုန်ကျမှာဖြစ်ပါတယ်။ တပ်ဆင်စရိတ်တွေ၊ ပညာရှင်ခတွေ (ကျွှမ်းကျင်တဲ့လူတပ်ဆင်ပေးမှသာ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ လိုင်းဖမ်းဖို့အတွက်၊ (ခေါင်းမိုးပေါ်မှာ လိုင်းမိတာလား၊ မြေကြီးပေါ်မှာပဲ ဒီတိုင်းလိုင်းမိတာလား ဆိုတာ စမ်းသပ်ဖို့အတွက်)၊ ကွန်ပြူတာတွေနဲ့ ချိတ်ဆက်ဖို့ အတွက်) ခရီးအလိုက်ကုန်ကျမယ့် စရိတ်တွေ မပါသေးပါဘူး။ ဖုန်းလိုင်းအတွက်လဲ တစ်နှစ်ကို နှစ်စဉ်ကြေး ဖုန်း(၄)လုံးအတွက် (၆၀၀၀၀) ကျပ်ဆောင်ရမှာဖြစ်ပါတယ်။ iPSTAR Broadband Connection ကို အင်တာနက်အဖြစ်ပါ အသုံးပြုချင်တယ်ဆိုရင်တော့ Sharing နဲ့ Delicated ဆိုပြီတော့ နှစ်မျိုးရှိပါတယ်။ Sharing ဆိုတာကတော့ အင်တာနက်ကို မိမိတို့တပ်ဆင်အသုံးပြုချိန်မှသာ Connection bandwidth ကိုဖွင့်ပေးမှာဖြစ်ပါတယ်။ Delicated ကတော့ မိမိတို့ အင်တာနက်ကို သုံးသုံး၊ မသုံးသုံး ၂၄နာရီ Connection bandwidth ကိုဖွင့်ထားပေးမှာဖြစ်ပါတယ်။ Connection Speed နဲ့ Fees ကြေးတွေကတော့ -
iPSTAR Broadband Connection Sharing Internet Fees အတွက် လစဉ်ကြေးတွေက-
128Kbps ဆိုရင် 60FEC ; 192Bbps ဆိုရင် 90FEC; 256Kbps ဆိုရင် 120FEC

iPSTAR Broadband Connection Delicated Fees အတွက်လစဉ်ကြေးတွေက-
128Kbps – 240FEC; 192Kbps – 360FEC; 256Kbps – 480; 512Kbps – 960FEC

အားလုံး Connection အမျိုးအစားတွေအတွက် Data Limit ကတော့ ကန့်သတ်ချက်မရှိပါဘူးခင်ဗျာ။ Sharing Internet Connection ကိုတော့ ရိုးရိုးအသုံးပြုတဲ့သူတွေအတွက်အဆင်ပြေမှာပါ။ Delicated Internet Connection အတွက်ဆိုရင်တော့ သိပ်ဟန်မယ်မထင်ပါဘူး။ Internet Fees ကြေးက လေးဆလောက်ကွာနေလို့ပါ။ ဒါပေမယ့် ဖုန်းလိုင်းလေးလိုင်းလုံးမှာအသုံးပြုမယ်ဆိုရင်တော့ ဈေးသိပ် မကြီးဘူးလို့ ထင်ရပါမယ်။ ဖုန်းလိုင်း တစ်လိုင်းချင်းဆီအတွက်ဆိုရင်တော့ ဈေးကများတယ်လို့ ထင်ရမှာပါ။

iPSTAR Broadband Connection အားနည်းချက် - ဖုန်းလိုင်းလေးလိုင်းလုံးအသုံးပြုမှသာလျှင် ပိုက်ဆံ အကုန်အကျ သက်သာမယ်လို့ ထင်ရပါတယ်။ ကုန်ကျစရိတ်ကလဲအရမ်းများပါတယ်။ စက်တစ်ခုခု ပျက်ခဲ့ရင်လဲ မိမိတို့ကိုယ်တိုင်အလွယ်တကူမပြင်နိုင်လို့ ပညာရှင်တွေကို ခေါ်ယူရမယ်ဆိုရင် အရမ်းဝေးတဲ့ဒေသတွေဖြစ်နေရင်တော့ လာစရိတ်၊ စားစရိတ်၊ ပေးစရိတ်နဲ့ ကာမိမှာမဟုတ်ပါဘူး။ Internet Connection သုံးမယ်ဆိုရင်လဲ အခု Connection Speed တွေထပ်စရာ နှေးနေတာတွေရှိပါတယ်။ တစ်ယောက်တည်းသုံးဖို့အတွက်ဆိုရင်တော့ မသုံးသင့်ပါဘူး။

iPSTAR Broadband Connection အားသာချက် - ဝေးလံတဲ့ဒေသတွေအတွက်ဆိုရင်တော့ အသုံးပြုနိုင်လို့အဆင်ပြေနိုင်ပါတယ်။ တယ်လီဖုန်းကြိုးလိုင်းမလိုလို့ ဖုန်းလိုင်း အတွက်လဲပူစရာမလိုလို့ ဖုန်းလိုင်းအနေနဲ့သုံးမယ်ဆိုရင်လဲကောင်းပါတယ်။ ဖုန်းလေးလုံးလဲ တစ်ပြိုင်တည်းအသုံးပြုနိုင်သလို၊ အင်တာနက်လဲ အသုံးပြုနိုင်တဲ့အတွက် ဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေအတွက်ဆိုရင်တော့ အသုံးပြု သင့်တဲ့ Connection အမျိုးအစားတစ်မျိုးလဲဖြစ်ပါတယ်။

ဒါကတော့မနေ့ကအဆက် နံပါတ်(၂) ဖြစ်တဲ့ IPSTAR Connection အကြောင်းပါ။
SOURCE။ ။မြန်မာမိသားစု

အပြည့်အစုံ

Broadband Wireless Local Loop Connection အကြောင်း


Broadband Wireless Local Loop Connection ကတော့ အရင်ကတော့ အသုံးများခဲ့တဲ့ Broadband Connection အမျိုးအစား တစ်ခုပဲဖြစ်ပါတယ်။ ADSL Broadband Connection ကိုမြန်မာနိုင်ငံမှာ အသုံးမပြုခင်တုံးက ဒီအမျိုးအစား Connection ကို အသုံးပြုရတာ ဖြစ်ပါတယ်။ Internet & e-mail Dial Up Services Connection အစား အဲဒီနေရာမှာ အစားထိုး ၀င်ရောက်လာတဲ့ Connection အမျိုးအစား ဖြစ်ပါတယ်။ ဖုန်းလိုင်းမရှိရင်လဲ အသုံးပြုနိုင်တဲ့ Connection အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Dial Up Connection အမျိုးအစားထပ် အဆပေါင်းများစွာကွာခြားတဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ Broadband Connection အမျိုးအစား ဆိုတဲ့အတိုင်း high speed; high internet connection ကိုပေးခဲ့တဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ Broadband Wireless Local Loop Connection အမျိုးအစားမှာ Outdoor Unit နဲ့ Indoor Unit တို့ကိုအသုံးပြုထားတာဖြစ်ပါတယ်။ မိမိတို့Computer မှာဆိုရင် LAN Connection အမျိုးအစားဖြင့် အသုံးပြုနိုင်ပါတယ်။ မိမိတို့ယူထားတဲ့ Connection Speed ပေါ်မူတည်ပြီးတော့ Computer တွေကို မိမိတို့စိတ်ကြိုက် Sharing ပေးပြီးတော့ အသုံးပြုနိုင်ပါတယ်။ IP Address နဲ့ e-mail ကိုလဲ မိမိတို့ယူထားတဲ့ Connection Speed အမျိုးအစားကိုလိုက်ပြီးတော့ အသုံးပြုနိုင်ပါတယ်။ ထပ်ပြီးတော့ E-mail Account ကိုလိုချင်ပါကလဲ ၀ယ်ယူလို့ရနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အများဆုံးအသုံးပြုနေတဲ့ Broadband Wireless Local Loop Connection Speed ကတော့ 512Kbps ကိုသုံးကြပါတယ်။ ဒီ Connection အမျိုးအစား ကတော့ ရန်ကုန်နဲ့မန္တလေးမြို့မှာသာ အသုံးပြုနိုင်တဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေး (MPT) နှင့် Bagan Net တို့ကနေ Connection ကို ချထားပေးတာဖြစ်ပါတယ်။ မိမိတို့အသုံးပြုချင်တယ်ဆိုရင် လုပ်ငန်းလိုင်စင်တို့၊ အခြားသက်ဆိုင်ရာအထောက်အထားများပြပြီးတော့ လျှောက်ထားနိုင်ပါတယ်။ အခုချိန်မှာဆိုရင်တော့ Broadband Wireless Local Loop Connection အမျိုးအစားတွေကို ချထားပေးခြင်းမျိုးကို မပြုလုပ်တော့ပါဘူး။ အရင်ယူထားတဲ့ Company တွေကိုသာ သီးသန့်အနေနဲ့ Connection ပေးထားတာမျိုးပဲရှိတော့ပါတယ်။ ဒီConnection မှာ VoIP လို့ခေါ်တဲ့ (Voice Over Internet Protocol) Services ကိုလဲ ၀န်ဆောင်မှုပေးပါတယ်။ VoIP ဖုန်းလိုချင်တယ် ဆိုရင်လဲ Connection လျှောက်ရင်းနဲ့တစ်ခါတည်းလျှောက်ထားလို့ရပါတယ်။ VoIP Phone အတွက်ဆိုရင် သီးသန့်အခကြေးငွေဖြင့်ဝယ်ယူရမှာဖြစ်ပါတယ်။ FEC -250 လောက်ကုန်ကျမှာဖြစ်ပြီးတော့၊ နံပါတ်ရဖို့အတွက်နံပါတ်ကြေး FEC- 20၊ ဖုန်းလိုင်းတပ်ဆင်ဖို့အတွက်တပ်ဆင်ခ FEC-30၊ နှစ်စဉ်ကြေး အဖြစ် FEC – 60 တော့ VoIP Phone လိုင်းအတွက်ကုန်ကျမှာဖြစ်ပါတယ်။ VoIP ဖုန်းကို Connection လိုင်းတစ်လိုင်းဆိုရင် တစ်လုံး လျှောက်ထားနိုင်ပါတယ်။ VoIP Phone အတွက် တစ်မိနစ်ကို နယ်ဝေးအတွက်ဆို (၂၅)ကျပ် နဲ့ မြို့တွင်းဆို (၁၅)ကျပ် အထွက်ဖုန်းတွေအတွက် ပေးဆောင်ရမှာဖြစ်ပါတယ်။ အ၀င်ဖုန်းအတွက်တော့ အခမဲ့ပါ။ Broadband Wireless Local Loop Connection 512Kbps Speed အမျိုးအစားအတွက် စစချင်းဆိုရင်တော့ One Time Installation Fees အတွက် - 1400FEC၊ နှစ်စဉ်ကြေး အတွက် - 60FEC၊ လစဉ်ကြေးအတွက် - 75FEC လောက်တော့ ကုန်ကျမှာပါ။

Broadband Wireless Local Loop Connection အားသာချက် - Connection Speed က မြန်တယ်။ ၂၄နာရီ အချိန်းမရွေးအသုံးပြုနိုင်တယ်။ ကြီးမားတဲ့ e-mail attachment ဖိုင်တွေကိုအလျင်အမြန် Upload; Download ချနိုင်တယ်။ Voip Phone အတွက်ဆိုရင်တော့ ဖုန်းလိုင်းကျပ်တာတွေဘာတွေမရှိဘူး။ အချိန်မရွေးခေါ်ဆိုအသုံးပြုနိုင်တယ်။ Connection Speed က မြန်တဲ့ အလျှောက် Cost ကလဲ ပေးရတာနဲ့တန်အောင်အသုံးပြုနိုင်ပါတယ်။ Data တွေကို MB ကန့်သတ်ချက်မရှိ Upload; Download လုပ်နိုင်ပါတယ်။

Broadband Wireless Local Loop Connection အားနည်းချက် - ဒီ Connection ယူပြီးတော့ အသုံးပြုနေတဲ့ အနီးအနားပတ်ဝန်းကျင် မှာဆိုရင် Television; Satellite တွေမှာ အစင်းကြောင်းများ၊ ဖြောက်ထခြင်းများကို အနည်းနဲ့အများ ကြည့်လို့မရအောင် ထိဖြစ်ပေါ်နိုင်ပါတယ်။ အဆိုးဆုံးလို့ ပြောလို့ရတဲ့ အချက်တစ်ခုပါ။

ဒီလောက်နဲ့ပဲ Broadband Wireless Local Loop Connection ကြောင်း အဆုံးသတ်လိုက်ပါတော့မယ်။ အခုချိန်မှာလဲ ရန်ကုန်နှင့်မန္တလေးတို့မှာ ချထားပေးခြင်း မရှိတော့တဲ့အတွက် လူသိနည်းပြီးတော့ ဒီအမျိုးအစား ရှိခဲ့မှန်းတောင် မသိတော့တဲ့အခြေအနေကို ရောက်နေပြီးတော့ ဒီနေရာလေးမှာပဲ Stop လိုက်ပါပြီခင်ဗျာ။ Connection အားလုံးရဲ့ အားသာချက်၊ အားနည်းချက်များကိုတော့ ပိုးကောင်လေး သိထားတဲ့ ဗဟုသုတလေးတွေပေါ်မှာ အခြေခံပြီးတော့ သုံးသပ်ပြထားတာတွေ ဖြစ်ပါတယ်။ အောက်က ပုံလေးတွေကို လေ့လာပြီးတော့ ဘယ်လိုမျိုး အသုံးပြုထားတယ်ဆိုတာနှင့်၊ ဘယ်လိုမျိုး ပစ္စည်းတွေ ပါတယ်ဆိုတာကို တော့ အသေးစိတ် ပုံလေးတွေ ဆွဲပြထားပါတယ်။

Broadband Wireless Local Loop Connection ကို Outdoor Unit နှင့် Indoor Unit အသုံးပြုပြီးတော့ ISP ကနေတဆင့် Internet ကိုချိတ်ဆက်အသုံးပြုထားတဲ့ပုံလေးဖြစ်ပါတယ်။

ဒီပုံလေးကတော့ Company တစ်ခုရဲ့အတွင်းပိုင်းမှာ Broadband Wireless Local Loop ကိုအသုံးပြုထားတာဖြစ်ပြီးတော့ VoIP ဖုန်းပါ အသုံးပြုထားတဲ့ပုံလေးကိုလေ့လာလို့ရအောင် ပြထားတာဖြစ်ပါတယ်။

နောက်ဆုံးပုံလေးကတော့ မြေကြီးမှာပါ ကြိုးချပြီးတော့ Broadband Wireless Local Loop Connection ကို အသုံးပြုပြီးတော့ Local ထဲမှာ Switch တွေ၊ Router တွေအသုံးပြုပြီး Outdoor Unit နှင့် Indoor Unit တို့ကနေ ISP ကိုဆက်သွယ်ပြီးတော့ အင်တာနက်ချိတ်ထား ပုံကိုပြထားတာဖြစ်ပါတယ်။

ဒါကတော့ နံပါတ်(၃) အမျိုးအစားဖြစ်တဲ့  Broadband Wireless Local Loop Connection အကြောင်းပါ။

SOURCE။ ။မြန်မာမိသားစု

Image and video hosting by TinyPic

အပြည့်အစုံ

Tuesday, 28 September 2010

Hide Your IP Address


Real Hide IP ဆိုတဲ့ ဆော့ဖ်ဝဲလ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူက မိမိတို့ သုံးနေတဲ့ IP ကို တစ်ခြားနိုင်ငံ IP အဖြစ်
ပြောင်းလဲပေးပါတယ်။ အဲအတွက် မိမိကိုယ် ဘယ်နိုင်ငံကမှန်း အမှန်မသိတော့ပါဘူး။
တနည်းအားဖြင့် proxy ကျော်တာပေါ့ဗျာ ။ ဘန်းထားတဲ့ဆိုက်တွေကို ဒီဆော့ဖ်ဝဲလ်လေး သုံးပြီး ကျော်ရင်လဲ ရပါတယ်။
ကျွန်တော်စမ်းကြည့်တာတော့ အဆင်ပြေပါတယ်။ သုံးနည်းကလဲ Hide IP ဆိုပြီး နှိပ်လိုက်ရင် ရပါပြီး ။

မိမိပြောင်းချင်တဲ့ IP ကို နိုင်ငံအလံတွေ နှိပ်ပြီး ပြောင်းချင်တဲ့ နိုင်ငံ IP ပြောင်းနိုင်ပါတယ်။
ဖူးဗားရှင်းပါ .. အထဲမှာ ကရက်ဖိုင်ပါပါတယ်။

http://ifile.it/um7hlc5
(or)
http://www.mediafire.com/?x3wqz53aj68syyi
(or)
http://dl.dropbox.com/u/9563152/RealHideIP-4.0.4.2.rar
(or)
http://www.fileden.com/files/2009/1/4/2252355/RealHideIP-4.0.4.2.rar

ရေးသားသူ ရာမညဖိုးလပြည့်

အပြည့်အစုံ

Friday, 17 September 2010

About ADSL (Asymetric Digital Subscriber Line)

ADSLအကြောင်းလေးပါ

ADSL ဆိုတာဘာလဲ...။ ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးပေါ်မှာ Computer ပေါင်းမြောက်များစွာဟာ Network ချိတ်ထားကြပြီး Computer တွေဟာ တလုံးနဲ့ တလုံး သတင်းအချက်အလက်တွေ၊ နည်းပညာတွေ၊ စီးပွားရေးကိစ္စတွေ
အစရှိတာတွေကို အပြန်အလှန် ဖလှယ် နေကြတာနဲ့အမျှ Computer တွေတလုံးနဲ့ တလုံး Network ချတ်ဆက်မှုဟာ အင်မတန်မှ များပြားလာပြီး Internet ဆိုတဲ့ ဝေါ်ဟာရကြီး ဟာလည်း ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။ အဲဒီ Internet ဆိုတဲ့ ဝေါ်ဟာရကြီးသည် Inter-Network ဆိုတဲ့စကားစုကနေဆင်းသက်လာတာ ဖြစ်ပါတယ်။ Internet ဆိုတဲ့ ဝေါ်ဟာရကြီး ပေါ်ပေါက်လာတဲ့ အချိန်မှာတော့ Internet ချိတ်ဆက်တဲ့ Computer များဟာလည်း မရေတွက်နိုင်လောက်အောင် များပြားလာပါပြီ။

အဲဒီလိုမျိုး Computer တွေဟာ Internet ကိုအသုံးပြုပြီး ချိတ်ဆက်လာတာနဲ့အမျှ Internet ကို ချိတ်ဆက်တဲ့ InternetConnaction ချိတ်ဆက်မှုနည်းပညာထဲမှာ ADSL လို့ခေါ်တဲ့ Internet Connection ချိတ်ဆက်မှုဟာ ကျွန်တော်တို့ မြန်မာပြည်မှာရေပန်းအစားဆုံးဖြစ်နေပါတယ်။ ကဲအဲဒီတော့ .....ကျွန်တော်တို့တွေဟာ ADSL ဆိုတဲ့ Internet Connection ချိတ်ဆက်မှုနည်းပညာကြီးကိုနားလည် သဘောပေါက် ထားသင့်တယ်လို့ ထင်ပါတယ်။

ADSL ရဲ့အရှည်ကောက်က(Asymetric Digital Subscriber Line)လို့ခေါ်တယ်။ ခုဆိုရင် ADSL Internet Connection ကြီးကို ကျွန်တော်တို့မြန်မာပြည်မှာရှိကြတဲ့ Internet Cafe ဆိုင်တွေ တော်တော်များဟာ အသုံးပြု နေကြပြီ ဖြစ်ပါတယ်။ ADSL ဆိုတဲ့ Internet Connection ကြီး မပေါ်ခင်တုန်းက ကျွန်တော်တို့ တတွေဟာ Intennet ကို Phone Line ကနေတစ်ဆင့် Dial-up Connection ကို အသုံးပြုပြီး Internet ကို ချိတ်ဆက် ကြရပါတယ်။ အဲဒီ Dial-up Connection ကိုစတင် အသုံးပြုတုန်းကဆိုရင်သူ့ရဲ့ Internet Connection ဟာ အရမ်းကို နှေးလွန်း လှပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အင်မတန်မှ မြန်နှုန်းမြင့်တဲ့ Internet Connection Line များပေါ် ထွက်လာပြီ ဖြစ်ပါတယ်။

ADSL ဆိုတာကလဲ Internet Connection ကိုချတ်ဆက်တဲ့နေရာမှာ Phone Line ကိုအသုံးပြုပြီး ချိတ်ဆက်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ADSL ဆိုတဲ့ Internet Connection အသုံးပြုတဲ့ Phone Line ကတော့ Digital Phone Line ပဲဖြစ်ပါတယ်။ ကဲအဲဒီတော့ Phone Line မှာ Digital Phone Line နှင့် Analog Phone Line ရှိပါတယ်။ ဒီတော့ ADSL Internet Connection နဲ့ Internet ကို ချိတ်ဆက်မယ်ဆိုရင် မိမိဆီမှာ ရှိတဲ့ Phone Line သည် Digital ..Phone Line ဖြစ်မှသာလျှင် ချိတ်ဆက်လို့ရမယ်ဆိုတာကို မမေ့ပါနဲ့။ ကဲဒီလိုဆိုရင် ကိုယ့်ဆီမှာ ရှိတဲ့ Phone Line က Digital Phone Line တော့မှန်ပါတယ်။ အဲဒီ Digital Phone Line သည် ဘယ်ကနေ လာသလဲ။ Phone Line ဆိုမှတော့ Phone Exchange ကနေလာတာပေါ့... ကျွန်တော် ပြောချင်တာကလည်း အဲဒီ Phone Exchange ကိုပဲ ပြောချင်တာပါ။

အဲဒီ Phone Exchange မှာ DSLAM ထိုင်ထားရမယ်။ အဲဒီ Phone Exchange မှာ DSLAM ကြိီးရှိမှ ကျွန်တော်တို့ လိုချင်တဲ့ ADSL Internet Connection ကြီးချိတ်ပေးလို့ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ Digital Phone Line နဲ့ အဲဒီ DSLAM ဆိုတဲ့ အကောင်ကြီးနဲ့ သွားချိတ်ထားမှ Internet Connection က အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ ရှုပ်နေတာပဲ DSLAM ဆိုတဲ့ အကောင်ကြီးက ဘာလဲ... ဆက်ရှင်းပါဦး။ အဲဒီ DSLAM ကြီးက ဘာကို လုပ်ဆောင်ရတာလဲဆိုရင်.....သူလုပ်ဆောင်ပေးတဲ့ အလုပ်ကို ပြောချင်တာ DSLAM လုပ်ဆောင် ပေးရတာကတော့ Voice(အသံ)နှင့် Data ကို ခွဲထုတ်ပေးတဲ့ အလုပ်ကို လုပ်ဆောင်ပေးရတာဗျ။ နောက်ပြီးတော့ အဲဒီ DSLAM ကြီးက ISP နဲ့လည်း တိုက်ရိုက် ချိတ်ဆက်ထားတယ်။ နောက်ပြီး Voice နဲ့ Data ကို သီးသန့်ပြန်ခွဲပေးတော့ ကျွန်တော်တို့တတွေဟာ Internet ကိုလည်း သုံးလို့ရ၊ Phone လည်းပြောလို့ရ တပြိုင်တည်း အလုပ် (၂) ခုလုပ်လို့ရသွားတာပေါ့။ ကဲကဲ... ကျွန်တော်ပြောတာကို ပိုပြီး သဘောပေါက် နားလည်သွားအောင် အောက်မှာဆွဲပြထားတဲ့ ပုံလေးကိုသေချာကြည့်လိုက်ပါဦးနော်။




ကဲ...ဘယ်လိုလဲဗျ ကျွန်တော်ဆွဲထားတဲ့ပုံကို ကြည့်ပြီးနားလည်းလား ရှုပ်သွားသလား။ ကျွန်တော်ဆက်ပြီး ရှင်းပြပါ့မယ်။ ပုံမှာပြထားတဲ့ အတိုင်းပေါ့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ISP (Internet Service Provider) ကြီးက တစ်ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ကြီးဖြစ်တဲ့ Internet ကြီးနဲ့ ချိတ်ဆက် ထားတယ်။ အဲဒီ ISP ကြီးက ဘာနဲ့သွားပြီး ချိတ်ဆက် ထားလဲဆိုရင် PSTN(Public Suitch Telephone Network) လို့ခေါ်တဲ့ Telephone Network ကြီးနဲ့ ချိတ်ဆက် ထားတယ်။ အဲဒီ PSTN ကွန်ရက်ထဲကပဲ ကျွန်တော် Phone Exchange တစ်ခုကို ဆွဲထုတ်ပြီးပြထားတယ်။ ၎င်း Phone Exchange ထဲမှာရှိတဲ့ Voice နဲ့ Data ကို ခွဲပေးတဲ့ DSLAM ကြိီးသည်လည်း Internet Connection ရသော Line ကြီးနဲ့ ချတ်ဆက်ထားပါတယ်။ ထိုမှတစ်ဆင့် DSLAM ကြီးသည် Phone Line ငယ်များကို တဆင့်ပြန်ထွက်စေပြီး ADSL Model ဖြင့်ပြန်လည်၍ဆက်သွယ်လိုက်တဲ့ အခါမှာတော့ Internet နှင့် Phone တပြိုင်နက်ထဲ အသုံးပြုလို့ရပြီ ဖြစ်ပါတယ်။

ADSL Model များရဲ့ Internet သုံးပြုနိုင်တဲ့ Speed ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။ ADSL Model မှာ ADSL, ADSL 2 နှင့် ADSL 2+ ဆိုပြိီး အမျိုးအစားသုံးမျိုးရှိပါတယ်။ ရိုးရိုး ADSL Model ရဲ့ Download Speed သည် 8 Mbps ၊ Upload Speed သည် 1 Mbps ရှိသည်။ ADSL 2 Moden ရဲ့Download Speed သည် 12 Mbps Upload speed သည် 1 Mbps ရှိသည်။ ADSL 2+ Moden ရဲ့ Speed Download Speed သည် 24 Mbps ၊ Upload Speed သည် 1 Mbps ရှိသည်။ ကဲဒါဆိုရင် ADSL Modem ရဲ့ အမျိုးအစားပေါ်မှုတည်ပြီး လည်းကောင်းတို့ရဲ့ Speed ကွာခြားချက်ကို နားလည် ပြီလို့ထင်တယ်။

အပြည့်အစုံ

IP Test

Start - Run - cmd ထဲမှာ IP၊ Subnet၊ Gateway၊ MAC၊ DNS၊ Server တွေရဲ့ Address တွေနဲ့ Network Adaptor ကောင်းမကောင်းကို စစ်ရမှာ စိတ်မရှည်ဘူးဆိုရင် အောက်မှာပေးထားတဲ့ Code လေးကို Notepad ထဲကို ကူးထည့်ပြီး .bat ဖိုင်အနေနဲ့ Desktop မှာ သိမ်းလိုက်ပါ။ ပြီးရင် အဲ့ဒီဖိုင်လေးကို ဖွင့်လိုက်ယုံနဲ့ ရပါပြီ။

@echo.
@echo.
@echo.
@echo mistake51area.ning.com.
@echo.
@echo.
@echo mistake51area@gmail.com
@echo.
@ipconfig/all | find "IP Address"
@ipconfig/all | find "Subnet Mask"
@ipconfig/all | find "Default Gateway"
@ipconfig/all | find "Host Name"
@ipconfig/all | find "DNS Suffix Search List"
@ipconfig/all | find "Physical Address"
@ipconfig/all | find "DHCP Enabled"
@ipconfig/all | find "DHCP Server"
@ping 127.0.0.1
@echo.
@pause

အပြည့်အစုံ