Showing posts with label computer maintenance. Show all posts
Showing posts with label computer maintenance. Show all posts

Thursday, 3 January 2013

ကွန်ပျူတာသန့်ရှင်းရေး

ကွန်ပျူတာအသုံးပြုရာတွင် ကွန်ပျူတာအတွင်း၌နေရာယူထား သည့် မလိုအပ်သည့်ဖိုင်များကို ပုံမှန်ရှင်းလင်းရေးပြုလုပ်ပေးရန် လိုအပ်ပါသည်။ ထိုမလိုအပ်သည့်ဖိုင်များကို ပုံမှန်ရှင်း လင်းခြင်းမပြုလုပ်ပေးပါက ကွန်ပျူတာအသုံးပြုရာတွင် လေးလံခြင်းများဖြစ်ပေါ်စေသည့်အပြင် ကွန်ပျူတာ၏သိုလှောင်နိုင်သည့် ပမာဏကိုပါလျော့ကျစေနိုင်ပါသည်။ ကွန်ပျူတာ အတွင်း မလိုအပ်သည့်ဖိုင်များကို ရှင်းလင်းရန်အတွက် Moo0 DiskCleaner ကိုအသုံးပြုနိုင်ပါသည်။ Portable Software တစ်ခုဖြစ်ပြီး ရှင်းလင်းလွယ်ကူသော Interface ဖြင့် အလွယ်တကူအသုံးပြုနိုင်ပါသည်။ အောက်ဖော်ပြပါ Link တွင် Download ချပြီးနောက် DiskCleaner.exe ကို Double Click ဖြင့် Run ပေးလိုက်သည်နှင့် အောက်ဖော်ပြပါ ပုံအတိုင်း ကွန်ပျူတာအတွင်းနေရာယူထားသည့် မလိုအပ်သည့်ဖိုင်များနှင့်ပမာဏကို တွေ့မြင်ရမည်ဖြစ်ပါသည်။ ၄င်းဖိုင်များကို Select ပြုလုပ်၍ Clean now ကို Click ပြုလုပ်  ပေးခြင်းဖြင့် မလိုအပ်သည့်ဖိုင်များကို ရှင်းလင်းနိုင်ပါသည်။ (ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)
Download ချရန်

အပြည့်အစုံ