Thursday, 3 January 2013

သိထားသင့်သော ကွန်ပျူတာအကြောင်း....

ကွန်ပျူတာ တစ်လုံး မှာ hardware နဲ့ software ဆိုပြီး နှစ်ပိုင်း ရှိပါတယ်။

Hardware ဆိုတာက အရှင်းဆုံးပြောရရင် လက်နဲ့ကိုင်တွယ်လို့ရတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။
ဥပမာ။ ။ monitor၊ mouse   

Software ဆိုတာက လက်နဲ့ကိုင်တွယ်လို့မရတဲ့ ကွန်ပျူတာအသုံးပြု ပစ္စည်းလို့ ပြောရင်လည်းမှန်ပါတယ်။
program များကို စုဆောင်းထားတာကို software လို့ခေါ်ပါတယ်။ software ဆိုတာ ကွန်ပျူတာကို ဘာလုပ်ရမယ်၊ ဘယ်အချိန်မှာ လုပ်ရမလဲဆိုတာ ထိန်းကျောင်းပေးတဲ့ ညွန်ကြားချက် အစုအဝေးလည်းဖြစ်ပါတယ်။ software မပါဘဲ ကွန်ပျူတာ ဘာမှလုပ်လို့မရသလို hardware မပါဘဲနဲ့လည်း ကွန်ပျူတာ ဘာမှ လုပ်လို့ရမှာ မဟုတ်ပါဘူး။

software မှာ နှစ်မျိုးထပ်ခွဲပါသေးတယ်။
၁။ application software
၂။ system software

application software

application software ဆိုတာကတော့ application တွေမှာ အသုံးပြုဖို့ အလုပ်လုပ်ဖို့ user (အသုံးပြုသူ)တွေကို အကူအညီပေးတဲ့ software တွေဖြစ်ပါတယ်။

system software

system software ဆိုတာကတော့ hardware တွေ အလုပ်လုပ်နိုင်ဖို့အတွက်နဲ့ application software တွေ အသုံးပြုနိုင်ရန်အတွက် maintain လုပ်ပေးပါတယ်။

နောက်ပြီး ကွန်ပျူတာမှာ ဂဏန်း နှစ်လုံးနဲ့ဘဲ အလုပ်လုပ်ပါတယ်။ 0 နဲ. 1 ပါ။ Binary number လို့လဲခေါ်ပါတယ်။ Binary Digit ကိန်းလို့လဲခေါ်ဆိုရပါတယ်။ အတိုကောက်ကိုတော့ Bit လို့ခေါ်ပါတယ်။
ဂဏန်းတစ်လုံး၊ စပေ့ဘားတစ်ချက်၊ စာတစ်လုံးကိုဆိုရင် 8 bit လို့ခေါ်ပါတယ်။
01010101 ယခုလို 0 နဲ့ 1 တွေချည်းပါတဲ့ ဂဏန်း 8 လုံးတွဲကို 8 bit လို့ခေါ်ပြီး 8 Bit ဟာ 1 byte နဲ့ ညီမျှပါတယ်။
1 bit (binary digit*) = the value of 0 or 1
8 bits = 1 byte
1024 bytes = 1 kilobyte
1024 kilobytes = 1 megabyte
1024 megabytes = 1 gigabyte
1024 gigabytes = 1 terabyte
1024 terabytes = 1 petabyte
Abbreviations
1 kilobyte = 1 k
1 megabyte = 1 MB
1 gigabyte = 1 GB
1 terabyte = 1 TB
1 petabyte = 1 PB
Size in "bytes"
Kilobyte (KB) = 1,024
Megabyte (MB) = 1,048,576
Gigabyte (GB) = 1,073,741,824
Terabyte (TB) = 1,099,511,627,776
Petabyte (PB) = 1,125,899,906,842,624


ကွန်ပျူတာသမိုင်း
ရှေးယခင်က ကွန်ပျူတာ ကို သတ်မှတ်ဖို့ ရန်အလွန်တရာမှခက်ခဲ ခဲ့ သည်။ယခုအချိန်တွင်မူကွန်ပျူတာကို အမည်အမျိုးမျိုး ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပြီဖြစ်သည်။ ယခုအချိန်တွင်မူကိရိယာများ (Devices) တော်တော်များများကို ကွန်ပျူတာ တပ်ပြီးခေါ်နေကြပြီဖြစ်သည်။အစောဆုံး ကွန်ပျူတာ သည် တွက်ချက်မှုပိုင်းကို ပေသီး(Abacus)များမှ စခဲ့သည်။ ပေသီးသည် ပထမဆုံးဂဏန်းပေါင်းစက် ပင်ဖြစ်သည်။ ပေသီးကို တရုတ်ပြည်တွင် စတင်အသုံးပြုခဲ့သည်။

အလယ်ခေတ်အရောက်တွင် ဥရောပ သချာင်္ နှင့် အင်ဂျင်နီယာ ပညာရှင် Wilhelm Schickard က ၁၆၂၃ခုနှစ် တွင် ပထမဆုံး စက်ပစ္စည်းနှင့်တွက်ချက်သောဂဏန်းပေါင်းစက်(Calculators) တစ်ခုကို တည်ဆောက်ခဲ့သည်။သို့သော်လည်းယခုခေတ်တွင် ၎င်း ကိရိယာDevice ကို ကွန်ပျူတာ လို့ခေါ်ဆို၍ မရတော့ပေ။အဘယ်ကြောင့်ဆို သော်၎င်းကိရိယာသည် Programmed ပါဝင်ခြင်းမရှိသောကြောင့်ဖြစ်သည်။ ၁၈၀၁ ခုနှစ် တွင် Joseph Marie Jacquard သည် Textile ယက်ကန်းစက်ကို အခြေခံပြီး Punched Paper Cards Series ကို အသုံးပြုပြီး သူ့၏ ယက်ကန်းစက်ကို အလိုအလျှောက် အလုပ်လုပ်စေခဲ့သည်။ Jacquard ၏ ယက်ကန်းစက်မှ ရလဒ်သည် ကွန်ပျူတာ ဖြစ်ပေါ်တိုးတက်လာစေဖို့ရန် အကြောင်းရင်း တစ်ရပ်ဖြစ်သည်။ ၁၈၃၇ ခုနှစ် တွင် Charles Babbage သည် Programmable Mechanical Computer ကို စတင် Design ရေးဆွဲခဲ့သည်။ Analytical Engine ဟုအမည်ပေးခဲ့သည်။ ၁၈၉၀ ခုနှစ် အရောက် တွင်US Census က Punched Card အတွက် ကြီးမားသော Scale Automated Data Processing စွမ်းဆောင်ရည်ရှိအောင် Tabulating Machines ကို Herman Hollerith က Designed ရေးဆွဲခဲ့သည်။ Computing Tabulating Recording Corporation ( ယခုအခါ IBM ဖြစ်လာသည် ) က ထုတ်လုပ်ခဲ့ပါသည်။

၁၉ ရာစု အကုန်အရောက် တွင်ကွန်ပျူတာ တွေဟာ အသုံးဝင်သောအရာတစ်ခုဖြစ်လာခဲ့သည်။ ကွန်ပျူတာ သည် လူတို့ အတွက်လိုအပ်နေပြီဆိုတာက သက်သေပြလိုက်ပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် Punched Card, Boolean Algebra , The Vacuum Tube (Thermionic Value) နဲ့ Teleprinter တွေဟာ ပေါ်ပေါက်ခဲ့သောကြောင့်ဖြစ်သည်။၂၀ ရာစု အတောအတွင်းတွင် သိပ္ပံပညာသည် များစွာတိုးတက်မှုရှိလာခဲ့ပြီး Analog Computer များလည်း တိုးတက်ပေါ်ပေါက်ခဲ့သည်။ သို့သော်လည်း၎င်း ကွန်ပျူတာများသည် Programmable မဖြစ်သည့်အပြင် အခုခေတ် Digital ကွန်ပျူတာ များ၏ တိကျသော စွမ်းဆောင်ရည် များလည်းပါဝင်ခြင်း မရှိသေးပေ။


ကွန်ပျူတာ အလုပ်လုပ်ပုံ
ယေဘုယျသုံး ကွန်ပျူတာ တွင် အဓိက လေးမျိုးမှာ ဂဏန်း သင်္ချာ နှင့် လော့ဂျစ် အစိတ်အပိုင်း (arithmetic and logic unit)၊ ထိန်းချူပ် အစိတ်အပိုင်း (control unit)၊ မှတ်ဥာဏ်(Memory Device) နှင့် အသွင်း အထုတ် ကိရိယာ (I/O) များတို့ ဖြစ်သည်။ ၄င်း အစိတ်အပိုင်း တို့ကို ဝါယာကြိုးများ အတွဲလိုက်ဖြစ်သော ဘတ်စ် များ ဖြင့် တွယ်ချိတ်ထားသည်။

ထိန်းချုပ်ဌာန

ဗဟိုထိန်းချူပ် ဌာန (control unit, often called a control system or CPU) သို့မဟုတ် စီပီယူ သည် ကွန်ပျူတာ၏ အစိတ်အပိုင်း မျိုးစုံကို လမ်းဆောင်သည်။ ၄င်းသည် ပရိုဂရမ် ၏ ညွှန်ကြားချက်များကို တစ်ကြောင်းခြင်း ဖတ်ရှူ ပြီး အဓိပ္ပါယ် ပြန်သည်။ ထိန်းချူပ် ဌာနသည် အဆင့်မြင့်သော ကွန်ပျူတာများတွင် ၄င်းညွှန်ကြားချက် အစဉ်များကို မြန်ဆန်စေရန်အတွက် ခုန်ကျော် ဖတ်ရှူ ခြင်း လုပ်လေ့ရှိသည်။

ထိန်းချူပ် ဌာန ၏ အဓိက မှာ ပရိုဂရမ် ကောင်တာ၊ နောက် ညွှန်းကြားချက် ကို ဘယ်နေရာမှ ဖက်ရှူမည် ကို မှတ်သားထားသော အထူး သိုလှောင်ရာ ရာဂျစ်စတာ တို့ဖြစ်သည်။
MIPS architecture ၏ ညွှန်ကြားချက် ကို ထိန်းချူပ် ဌာနမှ ဖတ်ရှူပုံ ဖော်ပြသော ပုံကြမ်း


ထိန်းချူပ် ဌာန၏ အလုပ်များမှာ နောက် စီပီယူများတွင် ကွာခြားနိုင်သော်လည်း အခြေခံမှာ အောက်ပါအတိုင်းဖြစ်သည်။
  1. ပရိုဂရမ် ကောင်တာ ညွှန်ပြသော အခန်းမှ လာမည့် ညွှန်ကြားချက် (instruction) ကုဒ်ကို ဖက်ပါ။
  2. ၄င်းညွှန်ကြားချက် ကုဒ်ကို အဓိပ္ပါယ် ပြန်ပြီး အမိန့်ပေးချက် (command) များ သို့မဟုတ် အခြားစက်များ၏ အဝင်လှိုင်း (signal) များ အဖြစ် လုပ်ဆောင်ပါ။
  3. ညွှန်ကြားချက် အသစ်ရေးရန် ပရိုဂရမ် ကောင်တာကို တစ်ခုမြင့်ပါ။
  4. ညွှန်ကြားချက် ပါလျှင် မှတ်ဥာဏ်(Memory Device) အခန်းများမှ အချက်အလက်များကို ဖက်ပါ။ များသောအားဖြင့် ၄င်းဖက်ရှူရမည့် အခန်းနံပါတ်ကို ညွှန်ကြားချက် ကုဒ် ထည်မှာပင် သိမ်းဆီးလေ့ရှိသည်။
  5. ညွှန်ကြားချက် သည် အေအယ်လ်ယူ သို့မဟုတ် အထူးစက်များမှ လုပ်ဆောင်ချက်များ လိုအပ်လျှင် ၄င်းစက်အား မောင်းနှင်ပါ။
  6. အေအယ်လ်ယူမှ အဖြေကို မှတ်ဥာဏ်(Memory Device)တွင်းသို့ ပြန်လည်သိမ်းဆည်းပါ သို့မဟုတ် ပရင့်တာ ကဲ့သို့ ပုံနှိပ်စက် များတွင် ထုတ်ပါ။
  7. အစ အဆင့် (၁) သို့ ပြန်သွားပါ။
ဂဏန်း သင်္ချာ နှင့် လော့ဂျစ် ဌာန
Main articles: Arithmetic logic unit and အေယ်လ်ယူ
ဂဏန်း သင်္ချာ နှင့် လော့ဂျစ် အစိတ်အပိုင်း (Arithmetic and logic unit, ALU) ခေါ် အေယ်လ်ယူ သည် ဂဏန်း သင်္ချာ နှင့် လော့ဂျစ် ဆောင်ရွက်မှု အပိုင်း နှစ်ခု ကိုလုပ်ဆောင်သည်။
ဂဏန်း သင်္ချာ လုပ်ဆောင်မှုတွင် ALU သည် အခြေခံများဖြစ်သည့် အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား၊ တြီဂိုနိုမေတြီ ဖန်ရှင်များ နှင့် square root တို့ လုပ်ဆောင်သည်။ အချိုသော လုပ်ဆောင်မှု များမှာ ကိန်းပြည့်များတိုတာ လုပ်ဆောင်နိုင်ပြီး အချိုမှာ တိကျမှု ရော့ကျနိုင်သော်လည်း ဒဿမ ကိန်း (floating point) မှ ကိန်းစစ် (real number) များအထိ လုပ်ဆောင်နိုင်သည်။ သို့သော်၊ မည်သည့် ကွန်ပျူတာမဆို မည်မျှပင် ခက်ခဲသော အလုပ်ဖြစ်ပါစေ တစ်ဆင့်ခြင်း လွယ်ကူသော အဆင့်များအဖြစ် ပြောင်းလည်းစေခြင်းဖြင့် စွမ်းဆောင်နိုင်သည်။ ထို့ကြောင့် မည်သည့် ကွန်ပျူတာမဆို ဘယ်လို ဂဏန်းသင်္ချာပြဿနာမဆို ဖြေရှင်းနိုင်ပြီး ၄င်း၏ အေယ်လ်ယူ က တိုက်ရိုက် ဖြေရှင်၍မရပါက သွယ်ဝိုက်သော်နည်းဖြင့် ဖြေရှင်းနိုင်သည် ။

အပြည့်အစုံ

Command Prompt ကို Disable ပြုလုပ်နည်း(၃)မျိုး

command-prompt
command-prompt
မိမိကွန်ပျူတာကို အခြားတစ်ယောက်အား ခေတ္တငှားရမည့်အခါမျိုးတွင် Command Prompt ကို Disable ပြုလုပ်ထားခြင်းဖြင့် ကွန်ပျူတာကို အတန်အသင့် စိတ်ချလုံခြုံစေနိုင်ပါသည်။ ထို့အပြင် Command Prompt ကိုအသုံးပြု၍ ကွန်ပျူတာကိုကလိခြင်းမှလည်း ကာကွယ် နိုင်ပါသည်။Command Prompt ကို Disable ပြုလုပ်ရန်အတွက်
Start \ Run မှ တစ်ဆင့်အောက်ဖော်ပြပါ စာသားများကို Copy ကူး၍ Ok ကို Click ပေးရပါမည်။ ထိုအခါ Command Prompt ကို Disable ပြုလုပ်ပြီးဖြစ်ပါသည်။
REG add HKCU\Software\Policies\Microsoft\Windows\System /v DisableCMD /t REG_DWORD /d 0 /f
ဒုတိယနည်းမှာ Registry Editor သို့ဝင်ရောက်၍ Command Prompt ကို Disable ပြုလုပ်ခြင်းဖြစ်ပါသည်။
၁။ Register Editor သို့ဝင်ရောက်ရပါမည်။ Start\ Run တွင် regedit ဟုရိုက်နှိပ်၍ Ok ပေးရပါမည်။
၂။ အောက်ဖော်ပြပါ အတိုင်းဝင်ရောက်ရပါမည်-
HKEY_CURRENT_USER\Software\Policies\Microsoft\Windows\System
၃။ ထို့နောက် ညာဘက် Pane အတွင်းရှိ DisableCMD ကို Double Click နှိပ်၍ Data တွင် ၀ ဟုပေးရပါမည်။
၎။ Register Editor ကို ပိတ်ပြီးနောက် Command Prompt ကို Disable ပြုလုပ်ပြီးဖြစ်ပါသည်။
နောက်ဆုံးနည်းလမ်းတစ်မျိုးမှာ Group Policy မှတစ်ဆင့် Disable ပြုလုပ်ခြင်းဖြစ်ပါသည်။
၁။ Start \ Run တွင် gpedit.msc ဟုရိုက်၍ Ok ပေးပြီး Group Policy သို့ဝင်ရောက်ရပါမည်။
၂။ User Configuration > Administrative Templates > System သို့ဝင်ရောက်ရပါမည်။
၃။ System Click ပြီးနောက် ညာဘက် Pane အတွင်းရှိ “Prevent access to the command prompt” ကို Double click နှိပ်၍
Disable ကို Check ပေး၍ Ok ပေးရပါမည်။ ထို့နောက် Group Policy ကို ပိတ်ပြီနောက် Command Prompt ကို Disable ပြုလုပ်ပြီး ဖြစ်ပါ သည်။ (ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံ

Windows အကြောင်းနှင့် Windows Genuine ပြဿနာ

diff_disks_vm_9
WGA_Validation
Windows ဆိုသည်မှာ computer တစ်လုံး၏ အရေးအကြီးဆုံးသော အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။  Windows တွင် Window 98, Window XP, Window Vista နှင့် Window 7 ဟူ၍ မျိုးစုံရှိပါသည်။ အသုံးပြုရာတွင် style များလှပခြင်း၊ အဆင်သင့်အသုံးပြုနိုင်သည့် Software များထည့်သွင်းပေးထားခြင်း စသည်ဖြင့် Window တစ်ခုနှင့်တစ်ခု မတူသော်လည်း အခြေခံအားဖြင့် Window တစ်ခု၏လုပ်ဆောင်ချက်များမှာ အားလုံးအတူတူပင်ဖြစ်ပါသည်။  တိတိကျကျပြောရမည်ဆိုပါက Window ဆိုသည်မှာ Microsoft မှ ထုတ်လုပ်ထားသည့်  Operating System တစ်ခုပင်ဖြစ်ပါသည်။Operating System တွင် System ၂ မျိုးရှိပါသည်။ ၄င်းတို့မှာ DOS (Disk Operating System) နှင့် NOS (Network Operating System) ဟူ၍ဖြစ် ပါသည်။ DOS (Disk Operating System) တွင် သာမန်ကွန်ပျူတာမျာ၌ အသုံးပြုသည့် Window များဖြစ်သည့် Microsoft Window XP, Window Vista စသည်များနှင့် apple ၏  Window Mac အစရှိသည်တို့ပါဝင်ပါသည်။ NOS (Network Operating System)  တွင်Microsoft Window Server, Linux, Novell’s Netwar စသည်ဖြင့် ပါဝင်ပါသည်။ များသောအားဖြင့် NOS များကို သာမန် Client ကွန်ပျူတာများတွင် အသုံးမပြုပဲ Server အဖြစ် အသုံးပြုသော ကွန်ပျူတာများတွင်သာ အသုံးပြုလေ့ရှိပါသည်။ ထူးခြားမှုတစ်ရပ်အနေဖြင့် Linux သည် ယခင်က Server များအတွက်သာရည်ရွယ်၍ ထုတ်လုပ် သော်လည်း ယခုအခါ Client များတွင်အသုံးပြုနိုင်ရန် Version ကိုပါထုတ်လုပ်နေပြီဖြစ်ပါသည်။ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Window တွင် windows Genuine ဆိုပြီး အောက်ဖော်ပြပါ အတိုင်း Error Message တွေပေါ်လာခဲ့ရင် ပြုလုပ်ရန် နည်းလမ်းဖြစ်ပါသည်။
WGA_Validation
WGA_Validation
၁။  Window Task Manager ကိုခေါ်၍ Process သို့ဝင်ကာ wgatray.exe ကို End ပြုလုပ်ပေးရ ပါမည်။
၂။ ကွန်ပျူတာကို Restart ချကာ Safe Mode သို့ဝင်ရောက်ရပါမည်။ ( ကွန်ပျူတာကို Restart ချပြီးနောက် F8 ကို နှိပ်၍ Safe Mode သို့ဝင်ရောက်နိုင်ပါသည်။)
၃။ Safe Mode တွင် C:\Windows\System32\ သို့သွား၍ WgaTray.exe ကို Delet ရပါမည်။
၎။ ထို့နောက် ကွန်ပျူတာကို Restart ပေးလိုက်ပါက Window Genuine ပြဿနာကို ရှင်းလင်း ပြီးဖြစ်ပါသည်။ သို့ရာတွင် အချို့ ကွန်ပျူတာ များတွင် အထက်ပါအတိုင်းပြုလုပ်သော်လည်း ဖြေရှင်း ပေးနိုင်ခြင်းမရှိပါက အောက်ဖော်ပြပါအတိုင်းဆက်လက်လုပ်ဆောင်ရပါမည်။
၅။ အဆင့် ၃ ထိလုပ်ဆောင်ရပါမည်။ ထို့နောက် C:\Windows\System32\dllcache သို့သွား၍ WgaTray.exe ကို Delet ရပါမည်။
၆။ Registry Editor သို့ဝင်ရောက်ရပါမည်။ Start \ Run တွင် regedit ဟုရိုက်၍ ၀င်ရောက်ရပါ မည်။
၇။ Registry Editor တွင် HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon\Notify သို့သွား၍ WgaLogon Folder ကို Delet ပြုလုပ်ပေးရပါ မည်။
၈။ ထို့နောက် ကွန်ပျူတာကို Restart ပေးပြီးနောက် Window ပြန်တက်လာသည့်အခါတွင် Window Genuine ပြဿနာကို ဖြေရှင်း ပြီးဖြစ်ပါသည်။
Sysem File Type များ

အပြည့်အစုံ

Sysem File Type များ

System File
System File
ကွန်ပျူတာတွင်အသုံးပြုထားသည့် System File Type များနှင့် ၄င်းတို့၏ File Extension များကို ဗဟုသုတအနေဖြင့်ဖော်ပြလိုက်ပါသည်။ ထိုသို့ သိရှိထားခြင်းဖြင့် ကွန်ပျူတာ System ၏ အရေးကြီးသည့် File များကို မှားယွင်းဖျတ်မိခြင်းမှလည်း ကင်းဝေးစေနိုင်ပါသည်။
Extension- File Description
.adm- Administrative Template File
.ani -Animated Cursor
.ann -Help Annotations
.bmk -Help Bookmarks
.cab -Windows Cabinet File
.cnt -Contents File
.cpl -Windows Control Panel
.cur -Windows Cursor
.desklink- Desktop Shortcut
.dev -Windows Device Driver File
.dmp -Windows Memory Dump
.drv- Device Driver
.dss- DCC Active Designer File
.dvd -DOS Device Driver
.ffa- Find Fast Status File
.ffl- Find Fast Document List
.ffo- Find Fast Document Properties Cache
.ffx- Microsoft Find Fast Index
.fpbf -Mac OS X Burn Folder
.ftg- Full Text Group
.fts- Full Text Search
.grp- Windows Program Manager Group
.hdmp- Windows Heap Dump
.hhc- HTML Help Table of Contents
.hhk- HTML Help Index
.hlp -Windows Help File
.icns -Icon Resource
.ico- Icon File
.idx- Index File
.ini- Initialization File
.ins-Internet Naming Service File
.ion- 4DOS File Description
.its- Internet Document Set
.kbd- Keyboard Layout Script
.kext- Mac OS X Kernel Extension
.key- Security Key
.manifest- Windows Visual Styles File
.mapimail -Send To Mail Recipient
.mdmp- Windows Minidump
.msc- Microsoft Management Console Snap-in Control F
.msp- Windows Installer Patch
.msstyles- Windows XP Style
.mui- MultiLanguage Resource File
.mydocs- Send To My Documents
.nt- Windows NT Startup File
.p7b- PKCS #7 Certificate File
.pdr- Windows Port Driver
.pfx PKCS- #12 Certificate File
.pid- Creative Driver File
.pol- Windows Policy File
.prefpane- Mac OS X System Preference Pane
.prf- Windows System File
.prt -Printer Driver File
.pwl- Windows Password List
.reg- Registry File
.scf- Windows Explorer Command
.scr- Windows Screensaver
.sdb- Custom Application Compatibility Database
.str- Windows Screensaver File
.swp- Swap File
.sys- System File
.sys- Motorola Driver File
.theme -Desktop Theme
.vga- VGA Display Driver
.vgd- Generic CADD VGA Driver
.vxd- Virtual Device Driver
.wdgt- Dashboard Widget
(ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။) 

အပြည့်အစုံ

NTLDR ပျောက်ဆုံးသည့်ပြဿနာ

NTLDR Missing Message
NTLDR ဆိုသည်မှာ NT Loader ရဲ့ အတိုကောက်တစ်ခုဖြစ်ပြီး Windows NT ကို တက်အောင်ကူညီပေးပါသည်။ အကြောင်းအမျိုးမျိုးကြောင့် NTLDR  Program File သည် Hard disk မှ ပျောက်ဆုံးသွားခဲ့ပါက ကွန်ပျူတာကို Window အသစ်တင်သည့်အခါတွင်  Windows တက်လာမည်မဟုတ်ပါ။ Windows XP သည် NTLDR ကို အသုံးပြုထား သည့်အတွက် NTLDR ပျောက်သွားသည့်အခါ Windows XP လည်းတက်လာနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကွန်ပျူတာတွင် NTLDR ပျောက်ဆုံးသွားပါက Boot လုပ်တဲ့အချိန်တွင်
NTLDR is missing
Press any key to Restart ဟူသော စာတန်းကိုသာမြင်တွေ့ရပြီး Windows တက်လာခြင်း မရှိတော့ပေ။ ထိုသို့ဖြစ်ရခြင်းမှာ-
၁။ Hard Disk ကို BIOS setup ထဲတွင် တိတိကျကျ မကြေငြာထားခြင်း။ Window တင်ရာ တွင် BIOS မှ မှားယွင်းကြေငြာမိခြင်း။
၂။ Boot မလုပ်ပေးနိုင်သော နေရာမှနေ၍ Computer ကို သွား၍ Boot လုပ်ခိုင်းမိခြင်း။
၃။ Boot.ini ဆိုသည့် File အား မှားယွင်းပြီး Configuration လုပ်ထားမိခြင်း။ NTLDR ပျက်ခြင်း နှင့် NTDETECT.COM ဆိုသည့်ဖိုင်နှစ်ခုမှ တစ်ခုပျက်စီးပျောက်ဆုံးသွားခြင်း။
၎။ Hard Disk အသစ်တစ်လုံးအား ကွန်ပျူတာတွင်ထပ်မံ၍ တပ်ဆင်အသုံးပြုထာားမိခြင်း။ Hard Disk အတွင်းရှိ Boot Sector (သို့မဟုတ်) Master Boot Record ပျက်သွားခြင်း။
(၈) Windows XP ကြီးတစ်ခုလုံး ပျက်သွားရခြင်း စသည့်အကြောင်းများကြောင့် ဖြစ်ပါသည်။ အဆိုပါ ပြဿနာကို ဖြေရှင်းရန်အတွက် Window တင်ရာတွင် Window ခွေဖြင့်တစ်ပါတည်း ဖြေရှင်းနိုင်သကဲ့သို့ NTLDR Boot Disk ဖြင့်လည်းဖြေရှင်းနိုင်ပါသည်။ Window ခွေဖြင့် ဖြေရှင်းရန်အတွက် အောက်ပါအတိုင်းပြုလုပ်ပေးရပါမည်-
၁။ ကွန်ပျူတာကိဖွင့်၍ု BIOS မှ First Boot ကို CD ဟုရွေးချယ်ပေး၍ Window ခွေထည့်၍ Window တင်ပေးရပါမည်။ ထို့နောက် အောက်ဖော်ပြပါပုံအတိုင်း Window XP Professional Setup သို့ရောက်ရှိလာပါက Repair ပြုလုပ်ရန်အတွက် Keyboard မှ R ကို နှိပ်ပေးရပါမည်။
NTLDR Missing
NTLDR Missing
၂။ ထို့နောက် 1 ကိုရိုက်၍ Enter ကို နှိပ်ပေးရပါမည်။ ကွန်ပျူတာတွင် Window တင်ထား သည့် C Partition တစ်ခုတည်းရှိသည့်အတွက် 1 ဟု ရိုက်ခြင်းဖြစ်ပါသည်။ ကွန်ပျူတာတွင် Window 2 ခုတင်ထားပါက 2 ဟုရိုက်ပေးရမည်ဖြစ်ပါသည်။
၃။ Administrator Password အသုံးပြုထားပါက ရိုက်နှိပ်ပေးရပါမည်။ Administrator Password အသုံးပြုထားခြင်းမရှိပါက Enter ကိုနှိပ်ပေးရပါမည်။
၎။ NTLDR နှင့် NTDETECT.COM ဆိုသည့် File  နှစ်ခုကို Command Prompt အသုံးပြု၍ CD Drive မှ Hard Disk သို့ ကူးထည့်ပေးရပါမည်။ အောက်ဖော်ပြပါ စာသားများကို အသုံးပြု၍ ကူးထည့်ပေးရပါမည်။
COPY D:I386NTLDR C:
ဟုရိုက်ပြီးနောက် Enter ကို နှိပ်ရပါမည်။ ထိုအခါ 1 File(s) Copied ဟုMessage ကိုတွေ့မြင် ရပါက File ကူးယူခြင်းပြီးဆုံးပြီဖြစ်ပါသည်။ ထို့နောက်ဆက်လက်၍
COPY D:I386NTDETECT.COM C:
ဟုရိုက်ပြီးနောက် Enter ကို နှိပ်ရပါမည်။ 1 File(s) Copied ဟုMessage ကိုတွေ့မြင်ရပါက File ကူးယူခြင်းပြီးဆုံးပြီးဖြစ်ပြီး Window CD ခွေကိုထုတ်၍ ကွန်ပျူတာကို Restart ချပေးရ ပါမည်။ ထိုအခါ NTLDR ပျောက်ဆုံးခြင်းကို ဖြေရှင်းပြီးဖြစ်ပါသည်။
http://www.computerhope.com/issues/ch000465.htm တွင်အသေးစိတ်လေ့လာနိုင်ပါ သည်။

အပြည့်အစုံ

Software Install ပြုလုပ်မရခြင်း


ကွန်ပျူတာတွင် Window XP အသုံးပြုသူများအနေဖြင့် Software အသစ်များကို Install ပြုလုပ်ရာတွင် အောက်ဖော်ပြပါပုံအတိုင်း Error Message ကိုတွေ့မြင်ရပြီး Install ပြုလုပ်မရသည့်အခါမျိုးကြုံတွေ့ရတတ်ပါသည်။
ထိုသို့ကြုံတွေ့ရပါက Software ကို အောင်မြင်စွာ Install ပြုလုပ်ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါအတိုင်းပြုလုပ်ပေးရပါမည်။
၁။ Start \ Run တွင် regedit ဟုရိုက်၍ Registry Editor သို့ဝင်ရောက်ရပါမည်။
၂။ Registry Editor တွင် HEKY_LOCAL_ MACHINE သို့ဝင်ရောက်၍ Software\Policies\Microsoft\Windows\Installer သို့ ၀င်ရောက်ရပါမည်။
၃။ ၄င်းတွင် DisableMSI ကို Value ၀(သုည) ဟုပေး၍ OK ပေးရပါမည်။ ထို့နောက် Install ပြုလုပ်မရသည့် Software ကို အောင်မြင်စွာ Install ပြုလုပ်နိုင်ပြီဖြစ်ပါသည်။

အပြည့်အစုံ

Virus များကို CMD ဖြင့်သတ်ခြင်း

ကွန်ပျူတာအသုံးပြုရာတွင် Anti Virus Software များအသုံးမပြု၍သော်လည်းကောင်း၊ အသုံးပြု ထားသည့် Anti Virus Software များ ကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့်သော်လည်းကောင်း Virus များပျံ့နှံ့ကူးစက်နိုင်ပါသည်။ ထိုသို့ကြုံတွေ့ရပါက CMD မှတစ်ဆင့် Virus များ ကို ရှင်းလင်းနိုင်ပါသည်။ ထိုသို့ရှင်းလင်းရန်အတွက် Virus အမည်ကိုသိရှိရန်လိုအပ်ပါသည်။ ကွန်ပျူတာ အသုံးပြုသူများအနေဖြင့် သိရှိထားသင့်ပြီး အကျိုးရှိနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ အောက်ဖော်ပြပါအတိုင်း တစ်ဆင့်ခြင်း စီ ပြုလုပ်သွားရပါမည်။
၁။ Start \ Run တွင် cmd ဟုရိုက်၍ OK ပေးရပါမည်။

၂။ ထို့နောက် ကွန်ပျူတာတွင်ရှိနေသည့် Partition များမှ Virus 0င်ရောက်နေသည့် အပိုင်းသို့ဝင်ရောက်ရပါမည်။ ဆိုလိုသည်မှာ ကွန်ပျူတာတွင် Partition ၃ ခုရှိသည့်အနက်  D တွင် Virus ၀င်ရောက်နေပါက cmd တွင် D: ဟုရိုက်၍ Enter ကို နှိပ်ပေးရပါမည်။ ထိုအခါ cmd တွင် Virus ၀င်ရောက်နေသည့် Partition သို့ဝင်ရောက်ပြီးဖြစ်ပါသည်။

၃။ ထို့နောက် attrib -r -h -s(virus name.frile extension) ရိုက်၍ Enter ပေးရပါမည်။ virus name.file extension ဆိုသည်မှာ မိမိစက် တွင် ၀င်ရောက်နေသည့် Virus အမည်နှင့် အမျိုးအစားကို ဆိုလိုခြင်းဖြစ်ပါသည်။

၎။ ထိုသို့ပြုလုပ်ပေးပြီးပါက c:\windows>- ဟုcmd တွင်တွေ့မြင်နေရမည်ဖြစ်ပြီး Virus ကိုရှင်းလင်းရန်အတွက် del(virus name.frile extension) ဟုရိုက်၍ Enter ပေးရပါမည်။ ထိုသို့ပြုလုပ်ပြီးပါက ကွန်ပျူတာတွင်ဝင်ရောက်သော Virus ကိုရှင်းလင်းပြီးဖြစ်ပါသည်။ (ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံ

Task Manager ကို .Bat File ဖြင့်ဖွင့်၍ အသုံးပြုနည်း

ကွန်ပျူတာတစ်လုံးကိုအသုံးပြုရာ၌ ထိုကွန်ပျူတာအတွင်း Install ပြုလုပ်ထားသည့် Software များ၊ Application များကိုသိရှိနိုင်ရန်အတွက် Task Manager ကိုဖွင့်၍ ကြည့်ရှုနိုင်ပါသည်။ Keyboard မှ Ctrl+Alt+del ကိုနှိပ်၍ဖြစ်စေ၊ Taskbar ပေါ်တွင် Right Click ထောက်၍ Task Manager မှတစ်ဆင့်ဝင်၍ဖြစ်စေကြည့်ရှုနိုင်ပါသည်။ သို့ရာတွင် အချို့သော ကွန်ပျူတာများတွင် Task Manager ကိုကြည့်ရှုမရနိုင်စေရန် ပိတ်ထားတတ်ကြပါသည်။ အကြောင်းအမျိုးမျိုးကြောင့် အင်တာနက်ဆိုင်များတွင် အင်တာနက်အသုံးပြုရသည့်အခါတွင်ဖြစ်စေ၊ မိမိကိုယ်ပိုင်မဟုတ်သည့်ကွန်ပျူတာများကို အသုံးပြုရသည့်အခါတွင်ဖြစ်စေ မိမိ၏ personal Data များကိုခိုးယူခြင်းမခံရစေရန် သတိပြုရန်လိုအပ်ပါသည်။ အကယ်၍ မိမိအသုံး ပြုနေသော ကွန်ပျူတာတွင် Keylogger ကဲ့သို့သော Software မျိုးကို Install ပြုလုပ်ထားပါ က Keyboard မှ ရိုက်လိုက်သည့် စာလုံးများကို မှတ်သားထားခြင်း၊ ကွန်ပျူတာတွင် အသုံးပြုမှုမှန်သမျှကို သိမ်းဆည်းထားခြင်းတို့ပြုလုပ်မည်ဖြစ်ပြီး အရေးကြီးသည့် Personal Data များကို ခိုးယူခံရမည်ဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်ပိုင်မဟုတ်သည့်ကွန်ပျူတာများကို စတင်အသုံးပြုသည်နှင့် Task Manager ကိုဖွင့်၍ ကွန်ပျူတာတွင် Install ပြုလုပ်ထားသည့် Software များကို ဂရုတစိုက်ကြည့်ရှုရန်လိုအပ်ပါသည်။ အကယ်၍ Task Manager ကို ပိတ်ထားပါက အောက်ဖော်ပြပါအတိုင်းပြုလုပ်၍ ကြည့်ရှုနိုင်ပါသည်-
၁။ Start \ All Program \ Accessories မှ Notepad ကိုဖွင့်ရပါမည်။
၂။ Notepad တွင် အောက်ဖော်ပြပါ Code များကို Copy ကူး၍ ထည့်ပေးရပါမည်-
@echo off
mode 33,25
setlocal ENABLEDELAYEDEXPANSION
Title Process Manager
:Begin
CD /D “!TEMP!”
set “TASKLIST=%windir%\system32\tasklist.exe”
set “FIND=%windir%\system32\find.exe”
set “wmic=%windir%\System32\Wbem\wmic.exe”
set “Explore=%windir%\explorer.exe”
:Reload
cls
set num=0
echo.________________________________
echo.[ Process Name ] [ PID ]
echo.——————————–
if not defined NAME set NAME=%USERNAME%
!TASKLIST! /FI “USERNAME eq !NAME!” /FO TABLE /NH >”plist.txt”
for /f “tokens=*” %%a in (plist.txt) do (
set /a num+=1
set “list=%%a”
set “list=!list:~0,32!”
echo.!list!
)
echo.________________________________
Del /f /q “plist.txt” >nul 2>&1
Title !NAME! – [!num!] Process Running.
if not defined ac (
if /i “!NAME!”==”%USERNAME%” goto :USR
if /i “!NAME!”==”SYSTEM” goto :SYS
)
if /i “!ac!”==”K” goto :Kill
if /i “!ac!”==”S” goto :SYSTEM
if /i “!ac!”==”U” goto :USER
if /i “!ac!”==”E” goto :Explore
set “ac=”
GOTO :Reload
:USER
set “NAME=”
set “ac=”
GOTO :Reload
:USR
echo.CH : K=Kill, S=System, E=Explore
set /p “ac=Action : “
GOTO :Reload
:SYSTEM
set NAME=SYSTEM
set “ac=”
GOTO :Reload
:SYS
echo.CH : K=Kill, U=User, E=Explore
set /p “ac=Action : “
GOTO :Reload
:Kill
echo.Type PID to Kill..
set “ac=”
set /p “PID=PID : “
if not defined PID goto :Reload
Taskkill /F /PID !PID! >nul 2>&1
if errorlevel 1 (echo.No Task Running w/ this PID.) else (
if !PID! geq 0 if !PID! lss 10 (
echo.Can’t kill Critical Process
goto :clr_var2
) else (
echo.Success : Task with PID=!PID!
echo. has been KILLED..
))
:clr_var2
set “ac=”
set “PID=”
PAUSE>NUL
GOTO :Reload
:Explore
echo.Type PID to Explore..
set “ac=”
set /p “PID=PID : “
if not defined PID goto :Reload
if !PID! lss 10 goto :clr_var
if !PID! gtr 10000 goto :clr_var
!wmic! process get ProcessID,ExecutablePath >”path.txt”
for /f “tokens=1,2 delims= ” %%a in (‘type “path.txt” ^| !FIND! ” !PID! “‘) do (
set “exepath=%%~dpa”
)
if not defined exepath (
echo.No Task Running w/ this PID.
PAUSE>NUL
) else (START !Explore! “!exepath!”)
:clr_var
set “PID=”
set “exepath=”
Del /f /q “path.txt” >nul 2>&1
GOTO :Reload
:END
၃။ ထို့နောက် .Bat File Type ဖြင့် Save ပေးရပါမည်။ File Name ကို နှစ်သက်ရာပေးနိုင်ပါ သည်။ ဥပမာ task.bat ဟုဖြစ်ပါသည်။
၎။ ထို Save လုပ်ထားသည့် .bat File ကို Double Click နှိပ်လိုက်ပါက Command Prompt ဖြင့် Task Manager ကဲ့သို့ ကွန်ပျူတာတွင် Install ပြုလုပ်ထားသည့် Software များ၊ Application များ၊ Processes များ စသည်ဖြင့် ဖော်ပြပေးနေမည်ဖြစ်ပါသည်။
၅။ System ကိုကြည့်ရှုလိုပါက S ဟုရိုက်၍ Enter ကိုနှိပ်ရပါမည်။ ထိုအခါ ကွန်ပျူတာ system မှ အသုံးပြုထားသည့် executable file များကိုတွေ့မြင်ရမည်ဖြစ်ပါသည်။
၆။ ကွန်ပျူတာတွင် Install ပြုလုပ်ထားသည့် Software များကို ကြည့်ရှုလိုပါက u (User ၏ အတိုကောတ်) ကိုရိုက်ထည့်၍ Enter ကိုနှိပ်ပြီးကြည့်ရှုနိုင်ပါသည်။
၇။ Install ပြုလုပ်ထားသည့် Software များအနက်မှ Kill ပြုလုပ်လိုသည့် Software ရှိပါက k ဟုရိုက်၍ Kill ပြုလုပ်လိုသည့် Software ၏ PID(Process Identifier) no ကိုရိုက်ပြီးနောက် Enter ကိုနှိပ်ပြီး Kill ပြုလုပ်နိုင်ပါသည်။ PID(Process Identifier) no များကိုပါ ဖော်ပြပေး ထားပါမည်။

အပြည့်အစုံ

Internet သုံးစွဲမှု အကျိုးကျေးဇူးနှင့် အန္တရာယ်


၁။ ကမ္ဘာတစ်ဝှမ်းတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုဆက်ဆံရေး ဆက်သွယ်မှုပုံစံရပ်သည် သတင်းအချက်အလက် နည်းပညာရပ်များအားအသုံပြု၍ တိုးတက်ပြောင်းလဲလာခဲ့ပါသည်။ ထိုသို့ပြောင်းလဲတိုးတက်စေရန် အဓိကလုပ်ဆောင် လာသောအရာမှာ အင်တာနက်ပင်ဖြစ်ပါသည်။ အင်တာနက်ဆိုသည်မှာ တစ်ကမ္ဘာလုံးရှိ ကွန်ပျူတာအသုံးပြုသူများအား ချိတ်ဆက်ပေးထားသည့် ကွန်ရက်စနစ်ပင်သည်။ အင်တာနက်မတိုင်မီတွင် Main Farme Computer အား ဗဟိုပြုထားသော ကွန်ရက်စနစ်အငယ်စားများသာ ရှိခဲ့ပါသည်။ ၁၉၆၀ ပြည့်လွန်နှစ်မှစတင်၍ ကွန်ပျူတာသုတေသနပညာ ရှင်များဖြစ်ကြသော Levi C. Finch နှင့် Robert W. Taylor တို့မှ ဦးဆောင်၍ Packet Switching ဟုခေါ်ဆိုသော စနစ်တရပ်အား တီထွင်၍ တစ်ကွဲတစ်ပြားစီဖြစ်နေသော ကွန်ရက်များအား ချိတ်ဆက်နိုင်ရန် ကြိုးစားခဲ့ပါသည်။ ၁၉၆၀ ပြည့်နှောင်းပိုင်းနှင့် ၁၉၇၀ ပြည့်လွန် နှစ်တွင်မှု ARPANET စနစ် စတင်ပေါ်ပေါက်လာခဲ့ပါသည်။ ၄င်း ARPANET စနစ်အား အမေရိကန်တပ်မတော်မှ ဖော်ထုတ်အသုံးပြုခဲ့ကြပါသည်။ ထိုကွန်ရက်စနစ်အား နည်းပညာဆိုင်ရာ၊ စစ်ရေးနှင့် သုတေသနလုပ်ငန်းအတွက်သာ ကန့် သတ်အသုံးပြုခဲ့ကြပါသည်။ ARPANET သည် အင်တာနက်၏ ရှေ့ပြေးကွန်ရက်စနစ်ဖြစ်ရာ နောင်တွင် အင်တာနက်အဖြစ်သို့ ပြောင်းလဲထွက်ပေါ်လာခဲ့ပါသည်။ ၁၉၈၀ ခုနှစ် နောက်ပိုင်းအထိ အင်တာနက်သည် အစိုးရထိပ်တန်းကန့်သတ်ထားသော နည်းပညာရပ်ဖြစ်ခဲ့ပါ သည်။ စစ်ရေးနှင့် သုတေသနလုပ်ငန်းအတွက်သာ အသုံးပြုခွင့်ရှိကာ အမေရိကန်အမျိုးသားသိပ္ပံ ဖောင် ဒေးရှင်း (National Science Foundation) မှ ကြီးကြပ်ခဲ့ပါသည်။ ထို့နောက် ၁၉၉၀ ခုနှစ် အစောပိုင်းကာလမှ စတင်၍ အင်တာနက်သည် ကမ္ဘာအရပ်ရပ်ရှိ လူသားအားလုံးအတွက် ဖြစ်ပေါ် လာခဲ့ပါသည်။
၂။ အင်တာနက်အသုံးပြုမူသည် စတင်ပေါ်ထွက်လာသည်မှစ၍ အချိန်နှင့်တပြေးညီ ကြီးမားကျယ်ပြန့် လာခဲ့ပါသည်။ ယုခုဆိုလျှင် အင်တာနက်သည် တစ်ကမ္ဘာလုံးရှိ အိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ ကျောင်းများ၊ ရုံးများနှင့် စာကြည့်တိုက်များ သို့ပါရောက်ရှိနေခဲ့ပြီး ဖြစ်ပါသည်။ ပညာရေးဆိုင်ရာ သုတေသနလုပ်ငန်းနှင့် စစ်ဘက်ရေးရာကာ ကွယ်ရေးအတွက်ပါ ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ အင်တာနက်အားအသုံး ပြု၍ ဖိုင်များလွှဲပြောင်းခြင်း၊ အီးမေးများပို့ခြင်းနှင့် USENET ဟုခေါ်ဆိုသော Fourm မှ တဆင့် သတင်းအချက်အလက်များပေးပို့ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြပါသည်။ ထို့ နောက် HTTP (Hypertext Transfer Protocol) တိုးတက်ကျယ်ပြန့်လာပြီး စာသား၊ ရုပ်ပုံ၊ အသံဖိုင်များကိုပါ ပို့ဆောင်နိုင်သော Webpage ဟုခေါ်ဆိုသော Hyperlinked Electronic Document မှတစ်ဆင့် အင်တာနက်အသုံးပြုသူများအချင်းချင်း ဖိုင်များ အား ပို့ဆောင်နိုင်လာကြပါသည်။ ယခုအခါတွင် အင်တာနက်အသုံးပြုမူသည် ကမ္ဘာပေါ်ရှိ လူများအချင်းချင်း ဆက်သွယ်ရေး၊ ဖျော် ဖြေရေးအတွက်ပါ အသုံးပြုလာကြပြီဖြစ်ပါသည်။ ပညာရပ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ သိလိုသမျှအားလုံးကို အင်တာ နက်စာမျက်နှာပေါ်တွင် ရှာဖွေလေ့လာနိုင်သဖြင့် ကျောင်းသားလူငယ်များနှင့် သုတေသနပညာရှင်များအတွက် အလွန် အမင်းပင် အကျိုးကျေးဇူးဖြစ်ထွန်းပါသည်။ အင်တာနက်အသုံးပြု၍ တစ်ဦးနှင့်တစ်ဦးဆက်သွယ်နိုင်ခြင်း၊ သုတေသန လုပ်ဆောင်နိုင်ခြင်း၊ ပို့ချခြင်းနှင့် သင်ရိုးညွှန်းတမ်းများ ဖြန့်ဝေနိုင်ခြင်း၊ သုတေသနရလဒ်စာတမ်းများနှင့် ဆောင်းပါးများကို ထုတ်ဝေဖြန့်ဝေနိုင်ခြင်းတို့ကို ပြုလုပ်နိုင်လာပါသည်။
၃။ အင်တာနက်အား ကုမ္ပဏီများ၊ အဖွဲ့အစည်းများသည် တစ်ဦးချင်းစီအထိ နည်းလမ်းအမျိုးမျိုးနှင့်အသုံးပြုကြပါသည်။ ကုမ္ပဏီများသည် ကြော်ငြာခြင်း၊ ရောင်းဝယ်ခြင်း၊ ကုန်စည်ဖြန့်ဖြူးခြင်းနှင့် ဖောက်သည် ၀န်ဆောင်မူပေးခြင်းတို့ပါဝင်သော အီလက်ထရောနစ် ကူးသန်း ရောင်းဝယ်ရေး (E-Commerce) အတွက် အင်တာနက်ကို အသုံးပြုကြပါသည်။ Oline သတင်းနှင့် မိုးလေ၀သသတင်းအတွက်သာမက ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များအတွက်ကိုပါ အသုံးပြုလာနိုင်ကြပါသည်။ အင်တာနက်အားအသုံးပြု၍ Chatting ပြုလုပ်ခြင်းနှင့် Email ပို့လွှတ်ခြင်း အားဖြင့် အလိုရှိသည့်အချိန်တွင် ဆက်သွယ်မူများအား လုပ်ဆောင်လာနိုင်ခဲ့ပါသည်။ ထို့အပြင် ဘဏ္ဍာရေးဆိုင်ရာသတင်းအချက်အလက်များ ဖလှယ်မူနှင့် သတင်းအရင်းအမြစ်များရရှိမူ (Business- to- Transaction) တို့အတွက်လည်း အင်တာနက်အား အသုံးပြုကြပါသည်။ အဖွဲ့အစည်းများသည် လည်း ဆက်သွယ်မူပြုလုပ်ရာတွင်လည်း Video Conference ပြုလုပ်နိုင်သည်အထိ အင်တာနက်အား အသုံးပြုလာနိုင်ကြပါ သည်။ တစ်ဦးချင်းအနေဖြင့်လည်း ဆက်သွယ်ရေး၊ ဖျော်ဖြေရေး၊ အချက်အလက်ရှာဖွေရေး၊ ကုန်စည်နှင့် ၀န်ဆောင်မူများကို ရောင်းဝယ်ရေးတို့ အတွက်လည်း အင်တာနက်အား အသုံးပြုကြပါသည်။

၎။ အင်တာနက်အသုံးပြုမူများအား လေ့လာမည်ဆိုပါက အောက်ဖော်ပြပါ အကြောင်းအရာများ အား လေ့လာတွေ့ရှိ ရမည်ဖြစ်ပါသည်။ အင်တာနက်သို့ ၀င်ရောက်ရန်အတွက် Internet Browser ကိုဖွင့်ပြီးနောက် စတင်ထည့်သွင်းရသည့် စာလုံးမှာ WWW ပင်ဖြစ်ပါသည်။ ၎င်း WWW သည် World Wide Web ၏ အတိုကောက်ပင်ဖြစ်ပြီး Web ဟုလည်း ခေါ်ဆို ကြပါသည်။ Web သည် အင်တာနက်အား အသုံးပြုသော နည်းလမ်းများအထဲမှ တစ်ခုဖြစ်သော်လည်း အင်တာနက် အကြောင်းပေါ် ရှိ ၈၀% သည် Web များပင် ဖြစ်ပါသည်။ ၎င်း Web ကြောင့်ပင် အင်တာနက်သည် ပိုမိုထင်ရှားလာခဲ့ ခြင်းဖြစ်ပါသည်။ World Wide Web အား ဗြိတိသျှလူမျိုး ရူပဗေဒ ကွန်ပျူတာသိပံ္ပပညာရှင် Timotty Beaners Lee မှ ၁၉၈၉ ခုနှစ်တွင် တီထွင်ဖော်ထုတ် ခဲ့ခြင်းဖြစ်ပါသည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ နျူကလီးယား သုတေသနဆိုင်ရာ ဥရောပအသင်း (CERN) တွင် သုတေသန လုပ်ဆောင် ဖော်ထုတ်ခဲ့ခြင်းဖြစ်ပါသည်။ ၁၉၉၀ ခုနှစ် ဩဂုတ် ၆ ရက်နေ့တွင် Web အား အများပြည်သူနှင့် စတင် မိတ်ဆက်နိုင်ခဲ့ပါသည်။ အင်တာနက်အသုံးပြုမူအား ပိုမို၍ လွယ်ကူစေသော ၀န်ဆောင်မူတစ်ရပ်မှာ Web လမ်းညွှန်း Search Engine ပင်ဖြစ်ပါသည်။ ၁၉၉၄ ခုနှစ် တွင် ကျောင်းသားတစ်ဦးဖြစ်သော Jerry Yang Yahoo Search Engine အား ဖော်ထုတ်နိုင်ခဲ့ပါသည်။ Yahoo Search Engine ပြီးနောက် ပေါ်ထွက်လာသော Search Engine မှာ Google Search Engine ပင်ဖြစ်ပါသည်။ Google Search Engine အား စတန်းဖိုဒ့်တက္ကသိုလ်မှ လာရီပေ့ခ်ျ နှင့် ဆာဂျီ ဘရင် ကျောင်းသားနှစ်ဦးတို့မှ ဖော်ထုတ်ခဲ့ခြင်းဖြစ်ပါသည်။

၅။ အင်တာနက်ပေါ်တွင် သတင်းအချက်အလက်များရှာဖွေရန် Search Engine အသုံးပြုခြင်း သာမက တစ်ဦးချင်းနှင့် အဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်းများအား ဆက်သွယ်ရန် အင်တာနက်အား မဖြစ်မနေ အသုံးပြုနေသော နည်းပညာတစ်ရပ်မှာ Email နှင့် Chatting ပင်ဖြစ်ပါသည်။ မိမိ ဆက်သွယ်လိုသော သူများအား အချိန်မရွေး၊ နေရာမရွေး Email မှ တစ်ဆင့် ချက်ခြင်း ဆက်သွယ်နိုင်မည့် ဖြစ်ပါသည်။ ကိုယ်ပိုင် Mail Account နှင့် Chatting Account အား အလွယ်တကူရရှိနိုင်ခြင်းနှင့် ၎င်းတို့အား အသုံးပြုနိုင်ရန်အတွက် ကိုယ်ပိုင်ကွန်ပျူတာမလိုအပ်ဘဲ အင်တာနက်ချိတ်ဆက်ထားသည့် မည်သည့် ကွန်ပျူတာ မှမဆို အသုံးပြုနိုင်ခြင်း တို့အတွက်ကြောင့် အင်တာနက်နှင့် Email Chatting အသုံးပြုမူသည် အရှိန်အဟုန်ပိုမို ကြီးမားလာ ခဲ့ပါသည်။

၆။ ယနေ့ခေတ်ကာလတွင် အင်တာနက်အား နိုင်ငံရေး၊ စီးပွားရေးနှင့် လူမူရေးရူ ဒေါင့်တွင် ကြီးမားသော အခန်းကဏ္ဍ အနေဖြင့် တည်ရှိနေလေသော အကြောင်းအရာများ မှာလည်း Fourum Blogss နှင့် Social Network များပင်ဖြစ်ပါသည်။ အင်တာနက် Fourum များတွင် အကြောင်းအရာမျိုးစုံကို ဆွေးနွေးနိုင်ပြီး မိမိလိုချင်သည့်အကြောင်း အရာခေါင်းစဉ်ကို တင်ပြ နိုင်ပါသည်။ ထို့အတူ အခြားသူများ၏ မှတ်ချက်များနှင့် တုံ့ပြန်မူများကို Fourum တွင်ဝင်ရောက်ဖတ်ရူနိုင်ပါသည်။ သို့ဖြစ်ပါ၍ အင်တာနက် Fourum သုံးစွဲမူသည် အင်တာနက်အသုံးပြုသူများ သတင်းအချက်အလက်ရှာဖွေရန်အတွက် အထူးပင် ရေပန်းစား အသုံးများလာခဲ့ပါသည်။ အခြားထင်ရှားရေပန်စားလာသော အင်တာနက်အသုံးပြုမူတစ်ရပ်မှလည်း Bolgs များ ပင်ဖြစ်ပါသည်။ မူလအစတွင် Blogs သည် စာသားများ၊ ရုပ်ပုံများနှင့် အခြားသော မီဒီယာများ ကို ဖော်ပြရန် ဖန်တီသူအတွက် အကောင်းဆုံးနည်းလမ်းဖြစ်သော Web စာမျာက်နှာ (Static Webpage) များပင်ဖြစ်ပါသည်။ အင်တာနက်အသုံးပြုမူ ပိုမိုလွယ်ကူလာစေခြင်းနှင့် Website တစ်ခုလုံး ဖန်တီး ခြင်းထက် မိမိအတွေး (Idea) များကိုသာ ဝေမျှချင်ကြသည့်အတွက် Blogs သို့မဟုတ်၊ Web Blogs များသည် ထင်ရှားလာခြင်းဖြစ်ပါသည်။ Blogs သည် တစ်ဦးခြင်း သို့မဟုတ်၊ အသင်းအဖွဲ့များ မှနေ၍ အခြားတစ်စုံတစ်ဦးထံသို့ ဆက်သွယ်စေနိုင်ပါသည်။ Blogs နှင့် Forum များမှတစ်ဆင့် သဘောထားမှတ်ချက်များ၊ သတင်းများ၊ ခံယူချက်များ ဝေမျှနိုင်ပါသည်။ ထိုကဲ့သို့ မိမိတို့အတွေး၊ အဘောထား၊ ခံယူချက်များကို အင်တာနက်ပေါ်တွင် ဝေမျှရာတွင် အသုံးပြုသော အခြားဆန်းသစ်သည့် နည်းလမ်းတစ်ရပ်မှ Social Network လူမူရေးကွန်ရက် များပင်ဖြစ်ပါ သည်။ အင်တာနက်ပေါ်ရှိ လူမူရေးကွန်ရက်များသည် အင်တာနက်အသုံးပြုသူတစ်ဦးချင်းစီ ၏ နေ့စဉ်ဘ၀အတွင်းသို့ ထည် ထည့်ဝင့်ဝင်း ၀င်ရောက်နေရာယူလာပြီဖြစ်ပါသည်။ ၎င်းလူမူရေးကွန်ရက်များတွင် တစ် ဦးချင်စီ၏ ကိုယ်ပိုင်စာမျက်နှာများ ဖွင့်လှစ်နိုင်ကြပြီး အဆွေခင်ပွန်းဖွဲ့မူကိုလည်း လွယ်ကူစွာပြုလုပ်နိုင်ကြပါသည်။ ထင်ရှားကျော်ကြားသော လူမူရေးကွန်ရက် နှစ်ခုမှာ Facebook.com နှင့် Myspace.com တို့ ဖြစ်ကြပါသည်။ Social Network၊ Forum နှင့် Blogs များ၏ အားသာချက်များမှ ကမ္ဘာအရပ်ရပ်ရှိ မိမိတို့နှင့် သဘောထားအကြိုက်တူ ညီသောသူများအား တစ်နေရာတည်းတွင် စုစည်းတွေ့ရှိနိုင်ပြီး အဆွေခင်ပွန်း တိုးပွားစေခြင်းပင်ဖြစ်ပါသည်။ ထိုသို့သာမက online Dating ကဲ့သို့သော ၀န်ဆောင်မူအား အသုံးပြု၍ ဘ၀လက်တွဲဖော်ရှာဖွေရာတွင်လည်း အထူးပင်အကြိုးကျေးဇူးရရှိစေပါသည်။ Social Network Blogs နှင့် Forum များအား အသုံးပြု၍ Knowledges Sharing ကြောင့် သာမန်လူများအား အသိပညာ အတက်ပညာရပ်များကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် တက်ကျွမ်းလာကြပါသည်။ သူတစ်ပါးအား မှီခိုအားထားမူပြုနေရခြင်း သည်လည်း လျော့နည်းလာပြီး မီဒီယာ ၏အခန်းဏ္ဍသည်လည်း တစ်ဟုန်ထိုး တိုးတက်လာခဲ့ပါသည်။ လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်အရည်အသွေးများ ပိုမိုတောက်ပြောင်လာခဲ့ပြီး အရည်အချင်းမြင့်မာသော နိုင်ငံသားများ ဖြစ်ပေါ်လာစေခဲ့ပါသည်။

၇။ အင်တာနက်အသီးအပွင့်များကို ခံစားနိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းလာကြ ရ ငွေကြေး ၀န်ဆောင်မှု၊ အေဂျင်စီလုပ်ငန်းများ အများအပြားပေါ်ထွက်လာခဲ့ကြပါသည်။ ယခုအခါ တွင် လေယာဉ်လက်မှတ်ဝယ်ရန်၊ စာအုပ်ဝယ်ရန်၊ ငွေလွှဲရန်၊ လောင်းကစားပြုလုပ်ရန်၊ ဈေးဝယ် ရန်၊ ကြော်ငြာထည့်ရန်နှင့် ကြင်ဖက်ရှာဖွေရနစ်သော လူမူရေး၊ စီးပွား ရေးကိစ္စရပ်များ အတွက် အင်တာနက်အား အသုံးပြုလာပြီ ဖြစ်ပါသည်။ နိုင်ငံရေးအနေဖြင့်လည်း သတင်းများထုတ်ပြန်ခြင်းနှင့် ဆိုက်ဘာ တိုက်ပွဲဟုခေါ်ဆိုရသော သတင်း အချက်အလက်စစ်ပွဲအတွက် အင်တာနက်အား အသုံးပြုကြပါသည်။ Internet အသုံး ပြုမူ တနေ့တခြား များပြားခြင်းနည်းတူ ရင်ဆိုင်ကြုံတွေ့နေရသော နည်းပညာစိန်ခေါ်မူ တစ်ရပ်မှာ သတင်းအချက်အလက် လုံခြုံမူပင် ဖြစ်သည်။ Hacker များ၏ တရားမ၀င်ခိုး ယူဝင်ရောက် သုံးစွဲမူနှင့် ၎င်းတို့ ဖန်းတီးထားသည Virus များကြောင့် သတင်းအချက် အလက်လုံခြုံမူသည် ပိုမိုရူပ်ထွေးလာခဲ့ရပါသည်။ ဈေးကွက် Company ကြီးများသည် ဖောက်သည်များ၏ ကိုယ်ရေးအချက်လက်များအား မှတ်တမ်းတင်ထားရှိပြီး ပုံမှန်ရောင်းချနိုင်ခွင့်ရရှိရန် ကျိုးပမ်းကြပါသည်။ အစိုးရနှင့် လူမူ အဖွဲ့စည်းများမှ စုဆောင်းထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို တိုင်းတာလေ့လာရေး၊ ကုန်စည်တိုးမြုင့်ရေး နှင့် အမျိုးသားလုံခြုံရေးကိစ္စရပ်များအတွက် အသုံးပြုကြ ပါသည်။ ၎င်းအချက်အလက်များသည် မသမာသူများလက်သို့ ရောက်ရှိသွားသောအခါတွင်မူ မလိုလား အပ်သော ပြဿနာရပ်များစွာ ပေါ်ပေါက်လာရပါတော့သည်။

၈။ Intrenet ခေတ်သို့ ရောက်ရှိလာသောအခါ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမူရေး ကိစ္စရပ်အ၀၀တို့တွင် အရာရာ အဆင်ပြေတိုးတက်လာသည်ကို တွေ့ရှိခဲ့ရပါသည်။ ထိုသို့ တိုးတက်လာခြင်းနည်းတူ ဆိုးကျိုးများသည်လည်း ပေါ်ပေါက်လာခဲ့ရပါသည်။ ယခုအခါ Internet Chatting သည် အလွန် အသုံးပြုများ Internet သုံးစွဲမူတစ်ရပ်ပင်ဖြစ်ပါ သည်။ တစ်ဦးနှင့်တစ်ဦး မဆုံတွေ့ဘူးသူများသည် Internet ပေါ်တွင် မိတ်ဖွဲ့၍ ဆက်သွယ်ပြုလုပ်လေ့ရှိပါသည်။ ထိုသို့ ကောင်းမွန်စွာ ဆက်သွယ်မှု ပြုလုပ်ခြင်း နည်းတူ Internet ရာဇ၀တ်မူပြုလုပ်ခြင်းကိုလည်း တွေ့ရှိရပါသည်။ ထိုရာဇ၀တ်ပြုလုပ်ပုံအား ဥပမာအနေဖြင့် ဖော်ပြရမည်ဆိုလျှင် တိုက်ခိုက်မည့်သူမှ ပစ်မှတ်အား Chatting နှင့် Email မှတဆင့် ရင်နှီးမူရရှိအောင် ပထမ ဦးစွာ မိတ်ဖွဲ့လေ့ရှိကြောင်းတွေ့ရှိရပါသည်။ ပစ်မှတ်ယုံကြည်မူအား ရရှိအောင်တည်ဆောက်ပြီး မိမိအလိုရှိရာသို့ သိမ်သွင်း၍ရ အောင် ကြိုးပမ်းလေ့ရှိပါသည်။ ပစ်မှတ်အနေဖြင့် ယုံလွယ်တက်ခြင်း၊ Internet လုံခြုံမူဆိုင်ရာ ဗဟုသုတနည်းခြင်း၊ စပ်စု တက်ခြင်းနှင့် လောဘအစရှိသော သဘောသဘာဝများရှိပါက တိုက်ခိုက်သူမှာ ထိန်းချုပ်မူရရှိစေရန် ပိုမိုလွယ်ကူစေ ပါသည်။ ပစ်မှတ်၏ ယုံကြည်မူရရှိပြီးသောအခါ တိုက်ခိုက်သူမှာ အတွင်းရေး အစရှိသော ကိစ္စရပ်များနှင့်ပတ်သက်၍ အချက်အလက်များ စုဆောင်းပါသည်။ ထို့နောက် ထိုအချက်အလက် များ ကိုအသုံးချ၍ ခြိမ်းခြောက်ခြင်း၊ မိမိအလိုရှိရာသို့ခိုင်းစေခြင်း အစရှိသည့်တို့ကို ပြုလုပ်လေ့ရှိပါသည်။ ထင်ရှားသော အဖြစ်ပျက်တစ်ရပ်မှာ Online မှတဆင့် မိတ်ဖွဲ့၍ Internet ရာဇ၀တ်မူ ကြောင့် မိမိကိုယ်ကို သတ်သေသွားသော Korea ရုပ်မြင်သံကြား သရုပ်ဆောင်မင်းသမီး Jeong Da Bin နှင့် ပေါ့အဆိုတော် Yuni တို့၏ အဖြစ်အပျက်များပင် ဖြစ်ပါသည်။

၉။ Internet အသုံးပြုတိုက်ခိုက်မူပုံစံများသည် တစ်ဦးချင်းကိုယ်ကျိုးအတွက် တိုက်ခိုက်လေ့ရှိရာမှ ယခုအခါတွင်မူ နိုင်ငံ၏ စီးပွားရေးနှင့် စစ်ရေးကိစ္စရပ်များတွင်ပါ အကျိုးအမြတ်ရရှိအောင် အသုံးပြုလာကြောင်းတွေ့ရှိရပါသည်။ Google Internet Company၊ PC World၊ New York Time သတင်းစာများနှင့် အခြင်းသတင်းဌာနများ၏ သတိပေးချက်အရ တရုတ် နိုင်ငံ၏ Cyber ထောက်လှမ်းရေး အဖွဲ့ဝင်များသည် ဆန့်ကျင် ဘက်အဖွဲ့အစည်းများနှင့် အခြားသူများ Online မိတ်ဖွဲ့မူအား အသုံးပြု၍ အချက်အလက်များစုဆောင်းကြောင်း (CNN) သတင်းဌာနမှ သတင်းထုတ်ပြန်ကြောင်း သိရှိရပါသည်။ ၎င်းစုဆောင်းရရှိသော အချက်အလက်များအားအသုံးပြု၍ ပစ်မှတ်များ၏ Email များအတွင်းသို့ ၀င်ရောက်ကာ သတင်းအချက် အလက်စုဆောင်းပြီး ရောင်းစားခြင်း ပြုလုပ်သည်ဟု သိရှိရပါသည်။ Ghost Net ဟုခေါ်ဆိုသော Internet သူလျှို ကွန်ရက် အဖွဲ့အစည်းသည် ကမ္ဘာပေါ်တွင်ရှိသော အစိုးရ၊ သံရုံး၊ နေတိုးအဖွဲ့၊ သတင်းမီဒီယာ အချို့နှင့် နိုင်ငံတကာအဖွဲ့ အစည်းပိုင် သော Computer တစ်ထောင်ကျော်အတွင်းသို့ ၀င်ရောက်ပြီး သတင်းအချက်အလက်များ ရယူခဲ့ကြောင်း ဗြိတိန်၊ အမေရိကန် နှင့် ကနေဒါနိုင်ငံ ပညာရေးအဖွဲ့အစည်းများ၏ သုတေသီများ မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ထိုသတင်းအချက်အလက် စုဆောင်းရေး သူလျှိုပြုလုပ်မူ ပုံစံအား လေ့လာရာတွင်လည်း ပစ်မှတ်အဖွဲ့အစည်းများရှိ လူပုဂ္ဂိုလ်များအား Online Chatting၊ Datting၊ Social Website နှင့် Blogss များမှတဆင့် ရင်းနှီးမူရအောင် ပထမဦးစွာ ပြုလုပ်ြ ကကြောင်း တွေ့ရှိရပါသည်။ ထိုပုဂ္ဂိုလ်များ၏ Computer များမှတဆင့် ပစ်မှတ်အဖွဲ့အစည်း အတွင်းရှိ Computer များတွင်ရှိသော အချက်အလက် များနှင့် Email များသာမက Vedio Camera များနှင့် Microphone အသုံးပြု၍ စကားပြောသော အကြောင်းအရာများကို ရယူသွား ကြောင်း သိရှိရပါသည်။ ထိုကြောင့် Nato အဖွဲ့သည် Internet အားစစ်မြေပြင်တစ်ခုအနေဖြင့် သိမြင်လာကြပြီး စစ်နည်း ဗျူဟာတစ်ခု ကျင့်သုံးဖို့လိုကြောင်း အဘောပေါက်လာကြခြင်း ဖြစ်ပါသည်။

၁၀။ ယခုအခါတွင် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ကိစ္စအရပ်ရပ်များသည် Internet ကွန်ရက်ပေါ် မှီခိုအားထားလာရ သည် ဖြစ်သဖြင့် မသမာသူ ဆန့်ကျင်ဘက် အဖွဲ့အစည်းများမှနေ၍ Internet တိုက်ခိုက်မူနည်းလမ်းများအား အသုံးပြု၍ အမျိုးမျိုး အနှောက်အယှက်ပေးလာကြောင်းသိရှိရပါသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံနှင့် ဂျာမနီ အပါအ၀င် နေတိုးအဖွဲ့ဝင် နိုင်ငံများသည် အတွင်းစည်း Cyber လုံခြုံရေး ဗဟိုဌာနတစ်ခု Estonia နိုင်ငံ Tallin မြို့တွင် တည်ထောင်ဖွင့်လှစ်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။ ၎င်းဌာနတွင် ၀န်ထမ်းပေါင်း ၃၃ ဦးရှိပြီး Internet ပေါ်မှတဆင့် တိုက်ခိုက်နိုင်သော Computer Virus များ၊ အန္တရယ်ရှိသော Social Network အသုံးပြုသူများနှင့် Meeting ပြုလုပ်မူများအား စဉ်ဆက် မပြတ် လေ့လာဆန်းစစ်ကာ သတိ ထုတ်ပြန့်မူများနှင့် ကာ ကွယ်မူများ ပြုလုပ်လေ့ ရှိကြောင်း သိရှိရ ပါသည်။

၁၁။ တရုတ်နိုင်ငံတွင်လည်း ၎င်း၏တပ်မတော်သားများအား Blogs ရေးသားခြင်း၊ Social Network များ အသုံးပြု၍ Online Dating နှင့် Chatting ပြုလုပ်ခြင်းများအား တားမြစ်ထားသည့် စည်းကမ်းချက်များ ထုတ်ပြန့်ထားကြောင်းလေ့လာ သိရှိရပါသည်။ တရုတ်နိုင်ငံတပ်မတော်ရှိ တပ်မတော်သား ၂.၃ သန်းကျော်အား သတင်းပေါက်ကြားမူ ထိန်းသိမ်းရန် Internet မှတဆင့် ချိန်းဆို ဆက်သွယ်မူပြုလုပ်ခြင်း အား တားမြစ်ပိတ်ပင်ခဲ့ကြောင်း ဇွန်လ ၂၆ ရက်နေ့ထုတ် တရုတ်သတင်း စာနှင့် Media များတွင် တွေ့ရှိရပါ သည်။ ထိုတားမြစ်ပိတ်ပင်ရာတွင် ကိုယ်ပိုင် Blogss များ ရေးသားခြင်း၊ Chatting ပြု လုပ်ခြင်း၊ Socail Website များသို့ ၀င်ရောက်အသုံးပြုခြင်း၊ Forum များသို့ ၀င်ရောက် ဆွေးနွေးခြင်း၊ Message များ ပေးပို့ခြင်းနှင့် Internet Cafe များသို့ သွားရောက်အသုံး ပြုခြင်းတို့အား တားမြစ် ထားကြောင်း တွေ့ရှိရပါသည်။ အဘယ် ကြောင့်ဆိုသော် အထက်ပါ Internet အသုံးပြုမူများမှတဆင့် မိမိတို့၏ Online မှအသိမိတ်ဆွေများအား မိမိတို့ တပ်ဖွဲ့အကြောင်းများ၊ သွားရောက်ရမည့်နေရာ၊ အသုံးပြုသောယာဉ်များ၊ ကိုင်ဆောင်ရသော လက်နက်များ နှင့် တပ်တည်နေရာ အစ ရှိသော စစ်ရေးဆိုင်ရာ သတင်းများကို Internet မှ ဆက်သွယ်အသုံးပြုရာတွင် အမှတ်တမဲ့ ပြောဆိုမိတက် ကြသေ ကြောင့် ဖြစ်ပါသည်။ ၎င်းအချက်များကိုအခွင့်ကောင်းယူ၍ ဆန့်ကျင်ဘက်အဖွဲ့အစည်းများမှ အကျိုးအမြတ်ရယူသွားခြင်းကို ကာကွယ် ရန်အတွက် ပိတ်ပင်ခြင်း ဖြစ်ကြောင်းယူဆရပါသည်။

၁၂။ အထက်ပါ အချက်အလက်များပေါ်မူတည်၍ အသင်းအချက်အလက်နည်းပညာ ပြိုင်ဆိုင်မူများနှင့် ထပ်မံပေါ်ပေါက် လာသော နည်းပညာရပ်များအား မိမိတို့အနေဖြင် အချိန်နှင့်တပြေးညီ သိရှိရမည့်နည်းတူ လုံခြုံရေးအသိ ရှိရန်လိုအပ်ကြောင်း တွေ့ရှိရပါသည်။ Internet အသုံးပြုမူ လုံခြုံရေးနှင့် ပတ်သက်၍ လေ့လာရာတွင် အခြေခံအချက် အနေဖြင့် ၄ ပိုင်းတွေ့ရှိရပါ သည်။ ၎င်းတို့မှာ
၁။ Network Security Policy
၂။ Administrator’s Skill
၃။ Realtime Monitoring
၎။ အသုံးပြုသူများ၏ လုံခြုံရေးအသိဟူ၍ ဖြစ်ပါသည်။
၁၃။ Network Security Policy အနေဖြင့် မိမိအဖွဲ့အစည်း၏ လုံခြုံရေးအန္တရယ်ဖြစ် စေနိုင်သော Oline ဆက်သွယ်မူများ ပြုလုပ်မူနှင့် Social Network များအား အသုံးပြုမူများအား မိမိ Network အတွင်းတွင် အသုံးပြုခွင့် မရရှိစေရန် ပိတ်ပင်ထား ခြင်းအား ပြုလုပ်နိုင်ပါသည်။ ထိုသို့ ပြုလုပ်ရာတွင်လည်း အသုံးပြုသူ၏ အမှန်တကယ်လိုအပ်ချက် ပေါ်မူတည်၍ အဆင့်သတ် မှတ်ခြင်းများကိုလည်း ပြုလုပ်နိုင်ပါသည်။ အမှန်တကယ်အားဖြင့် Network Security Policy သည် သက်ဆိုင်ရာဌာန၏ လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်ပေါ်တွင်သာ မူတည်ပါသည်။ Administrator ၏ ကျွမ်းကျင်မူမှာလည်း Internet လုံခြုံမူဆိုင် ရာ အစိတ်အပိုင်းတွင် အရေးကြီးသောအပိုင်းမှ ပါဝင်ပါသည်။ အဘယ်ကြောင့်ဆိုသော် သက်ဆိုင်ရာဌာန၏ ချမှတ်ထားသော လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များအား အကောင်အထည်ဖော် လုပ်ဆောင်ရသောသူ ဖြစ်သောကြောင့်ဖြစ်ပါသည်။ Realtime Monitoring ပြုလုပ်၍ မိမိ Networkအတွင်းရှိ Internet အသုံးပြုမူအား စဉ်ဆက် မပြတ် လေ့လာစောင့်ကြည့်ပြီး အန္တရယ်ရှိသော ဆက်သွယ်မူများအား ပိတ်ပင်ရန် Security Group အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန်မှာလည်း အင်မတန်မှ အရေး ကြီးလှပါသည်။ မည်သို့ပင် လုံခြုံရေးတင်းကြပ်သော Network Security ပိုင်းဆိုင်ရာ တားမြစ်ချက်များ ချမှတ်ထားစေကာမူ Internet အသုံးပြုသူများ၏ လုံခြုံရေးဆိုင်ရာ အသိပညာ ဗဟုသုတနည်းပါးလျှင် မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက် လာနိုင်ပါသည်။ Internet အသုံးပြုသူများ၏ လုံခြုံရေးဆိုင်ရာ အသိပညာရှိမူသည် Network Administrator ပေါ်တွင် မူတည်ပါသည်။ Network Administrator အနေဖြင့် မိမိ Network အတွင်ရှိ Internet အသုံးပြုသူများအား လုံခြုံရေးဆိုင် ရာအသိပညာရရှိစေရန် ဟောကြားခြင်း၊ ညွှန်ကြားခြင်း အစရှိသည့်တို့ကို ပြုလုပ်ရမည် ဖြစ်ပါသည်။ မိမိ တို့၏ Network တွင် အန္တရယ်ရှိသော Internet သုံးစွဲမူ မရှိစေရန်အတွက် Content Filtering၊ Instant Messaging Interception System၊ Mail Filter System နှင့် Interception System အစရှိသည့်တို့အား သုံးစွဲထားသင့်ပါသည်။ လုံခြုံရေးအသိရှိစွာ ဖြင့် Internet အား အသုံးပြုမည်ဆိုပါက Internet သည် အသုံးပြုသူအတွက် ကောင်းမွန်သော အကျိုးကျေးဇူးများကို ရရှိစေမည် ဖြစ်ပါ သည်။ ထို့ကြောင့် Intetnet အသုံးပြုမူဆိုင်ရာ လုံခြုံရေးအသိရှိစေရန် ကြိုးစားသင့်ပါသည်။
သန့်ဇင်အောင်
(ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။) 

အပြည့်အစုံ

Virus ၀င်ရောက်တိုင်း Hard Disk ကို Format ချခြင်းသည် ဖြေရှင်းနည်းအမှန်မဟုတ်

၁။ Internet မှ Program များကို Download ချ၍ Install ပြုလုပ်ခြင်းနှင့် Uninstall ပြုလုပ်ခြင်းတို့ကို ကွန်ပျူတာ အသုံးပြုသူတိုင်း ပြုလုပ်နေကြပါသည်။ မိမိမသိသော Software အသစ်များကို Install ပြုလုပ်ပြီးသော်လည်း ကွန်ပျူတာသည် ကောင်းမွန်စွာ အလုပ်လုပ်နေပါလိမ့်မည်။ ကြာလာသည်နှင့်အမျှ ဘယ်ကမှန်းမသိသော Error Massage များကို စတင်လက်ခံရမည်ဖြစ် သည်။ ထိုအခါ ကွန်ပျူတာသည် စတင် Hang လာပြီး အဆိုးဆုံးအခြေအနေ ရောက်လာမည်။ ထို့နောက် Blue Screen သာမြင် ရတော့သည် အခြေအနေသို့ ရောက်ရှိလာတော့မည်။ ကွန်ပျူတာ၏ Performance ကို အမျိုးမျိုးရန်ပြုတတ်သော Worm များ သို့မဟုတ် ဒုက္ခပေးသော Virus များ ကွန်ပျူတာထဲတွင် စတင်ဝင်ရောက် နှောက်ယှက်နေမည်။ Antivirus Program ဖြင့် Virus စစ်ဆေးသောအခါတွင်လည်း Virus မရှိကြောင်း ပြသနေပါသည်။ထို့နောက် ဘာမှန်းမသိသော Error Message များတက်လာပြီး များစွာ သော ပြဿနာများကို ကြုံတွေ့ရမည်ဖြစ်သည်။

၂။ နောက်အကြောင်းအရာတစ်ခုမှာ ကွန်ပျူတာအစိတ်အပိုင်းများနှင့် ကိုက်ညီမှုမရှိသော၊ ချို့ ယွင်း နေသော Hardware အသစ်တစ်ခုကို ပေါင်းထည့်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ၄င်းအပြင် ကွန်ပျူတာ အတွင်းပျက်စီးခြင်း အကျိုးသက်ရောက်မှုပေးနိုင်သည့် Electrostatic Discharge ပင် ဖြစ်သည်။ အကြောင်းအရင်းမှာ ကွန်ပျူတာ System နှင့် ကိုက်ညီမှုမရှိသော Software အသစ်တစ်ခုအား Install လုပ်ခြင်း နှင့် ထို Software အား Uninstall လုပ်ရာတွင် မမှန်ကန်သောကြောင့် ဖြစ်သည်။

၃။ Windows Operating System တိုင်းတွင် Registry များရှိသည်။ Registry စနစ်တွင် ကွန်ပျူတာ၏ Hardware နှင့် Software များအကြောင်း သတင်းအချက်အလက်များ ပါဝင်ပါသည်။ ကွန်ပျူတာတွင် ကြာရှည်စွာ အသုံးမခံသော Software များ (သို့မဟုတ်) Uninstall ပြန်လုပ်၍မရသော Software များ ရှိနေပါက ၄င်း Software များသည် ကွန်ပျူတာအား ရပ်သွား၊ နှေးသွားအောင် ပြုလုပ်နေမည်။ ၄င်းတို့ကို ဖယ်ရှားခြင်း Registry Cleaning လုပ်ခြင်းဖြင့် ဖြစ်ပေါ်နေသော Error အချို့ကို တစ်ခါတစ်ရံမှာဖြေရှင်း နိုင်လိမ့်မည်။ သို့သော် ပြဿနာအများစုမှာ Video Driver တွေကြောင့် ကွန်ပျူတာအတွင်း Freezing Problem များဖြစ်တတ်ပါသည်။ Video Driver များထဲတွင် ကွန်ပျူတာမှာသုံးမရသော Latest Driver နှင့် New components များရှိပါသည်။ ဤပြဿနာ ကိုဖြေရှင်းရန် Video Card ၏တိကျသော Model ကိုရှာပါ။ ပြီးနောက် Video Card ၏ Company Website တွင် Update ကို Install လုပ်ပါ။

၎။ ထိုကဲ့သို့ ကွန်ပျူတာတွင် Virus ၀င်ရောက်ပြီး Error များဖြစ်ပေါ်တိုင်း Hard Disk Format ချမည်ဆိုလျင် တစ်ကြိမ်တစ်ခါသာ ပြုလုပ်သင့်ပါသည်။ အခြားနည်းလမ်းများနှင့်ဖြေရှင်းရန် ကြိုးစားကြည့် ပါ။ Hard Disk ၏ Purification နှင့် Formatting သည် ကြီးမားသော လမ်းကြောင်းကြီးဖြစ်ပါသည်။ သင်သာအမှားတစ်ခုလုပ်လိုက်လျင် သင့်ကွန်ပျူတာသည် အသုံးမကျမှုများသာ ဆက်လက်ဖြစ်ပေါ်နေမည်။
ထို့ကြောင့် ကွန်ပျူတာတွင် Virus ၀င်ရောက်ပြီး Error များဖြစ်ပေါ်တိုင်း Hard Disk Format ချခြင်းသည် အကောင်းဆုံး ဖြေရှင်းနည်း မဟုတ်သဖြင့် အခြားတက်သိနားလည်သူများအား မေးမြန်းပြီး ဖြေရှင်းသင့်ပါ သည်။ (ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံ

Remove Write Protection On USB Drive or Memory Card


writeprotected
Write Protected
ကွန်ပြူတာအသုံးပြုရာတွင် USB Drive၊ Memory Card  များဖြင့် Data များကို ကူးယူရွှေ့ပြောင်းမှုပြုလုပ်သည့်အခါ အထက်ဖော်ပြပါ Message ကိုတွေ့မြင်ရပြီး Write Protected Problem ကိုကြုံတွေ့ရတတ်ပါသည်။ ထိုသို့ကြုံတွေ့ရပါက  File၊ Folder အစရှိသည်ဖြင့် Data များကို ကူး ယူခြင်း၊ သိမ်းဆည်းခြင်းတို့ကိုပြုလုပ်၍မရခြင်း၊ အဆိုပါ Write Protected Problem ဖြစ်နေသည့် USB Drive ကို Format ချ၍မရနိုင်ခြင်း အစရှိသည်ဖြင့် ကြုံတွေ့ရမည်ဖြစ်ပါသည်။ ထိုသို့ Writer Protection ဖြစ်ရခြင်း အကြောင်းရင်းများမှာ  USB Drive အတွင်း တစ်ခါ တစ်ရံဖြစ်ပေါ်နိုင်လေ့ရှိသည့် Physical Lock ကြောင့်ဖြစ်သည်။ သို့ရာတွင် Write Protected ဖြစ်ရသည့် အဓိက အကြောင်းရင်းမှာ Virus သို့မဟုတ် Script များ၏ အကျိုးသက်ရောက်မှုကြောင့်ဖြစ် သည်။ Virus သို့မဟုတ် Script များသည် Registry Hack  အတွင်းသို့ပြောင်းလဲမှုများ ဖြစ်ပေါ်စေပြီး ကွန်ပြူတာသို့ချိတ်ဆက်အသုံးပြုလာသည့် မည်သည့် USB Drive များကို Write Protected Problem ကိုဖြစ်ပေါ်စေပါသည်။

အဆိုပါ Write Protection Problem ကိုဖြေရှင်းရန်အတွက် အောက်ဖော်ပြပါအတိုင်းဆောင်ရွက်ရပါမည်။
၁။ Start/ Run တွင် regedit ဟုရိုက်၍ OK ပေးရပါမည်။
၂။ Registry Editor သို့ရောက်ရှိပါက အောက်ပါအတိုင်းအဆင့်ဆင့် ၀င်ရောက်ရပါမည်။
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\StorageDevicePolicies
၃။ Registry အတွင်း StorageDevicePolicies ကိုမတွေ့ရှိရပါက အသစ်တည်ဆောက်ပေးရန်လိုအပ်ပါသည်။
၎။ StorageDevicePolicies အသစ်တည်ဆောက်ရန်အတွက် Notepad တွင် အောက်ပါစသားများကို ကူးယူ၍ Paste ပေးရပါမည်။
cd\reg add “HKLM\System\CurrentControlSet\Control\StorageDevicePolicies” /t Reg_dword /v WriteProtect /f /d 1
၅။ အဆိုပါ Notepad ကို Save as မှတစ်ဆင့် နှစ်သက်ရာနာမည်ပေး၍ .bat File Type ဖြင့်သိမ်းဆည်းရပါမည်။ ထို့နောက် Double Click ဖြင့် Run ပေးရပါမည်။ ထိုအခါ StorageDevicePolicies ကို Registry အတွင်းတည်ဆောက်ပြီးဖြစ်ပါသည်။


၆။ ထို့နောက် Right Pane အတွင်းရှိ Write protect key ကို Double Click နှိပ်၍ Value Data Box တွင် ၀ (သုည) ကိုရေး၍ OK ပေးရပါမည်။

၇။ ကွန်ပြူတာကို Restart ပေးလိုက်ပြီးနောက် Write Protection Problem ကိုဖြေရှင်းပြီး USB Drive များကို ပုံမှန်အ တိုင်း ပြန်လည်အသုံးပြု နိုင်ပြီဖြစ်ပါသည်။ (ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံ

အသုံးဝင်မည့် Firefox Add-ons

Mozila Firefox အသုံးပြု၍ အင်တာနက်သုံးစွဲသူများအတွက် အသုံးဝင်သည့် Firefox Ad-on တစ်ခုက Multi Bookmarks Tool Bar Ad-on  ဖြစ်ပါသည်။ Multi Bookmarks Tool Bar Ad-on ကိုအသုံးပြုခြင်းဖြင့် မိမိမှတ်သားလိုသည့် Website များကို Firefox Bookmarks Toolbar တွင် Row များခွဲ၍ မှတ်သားပေးနိုင်ပါသည်။ မူလ Bookmark Toolbar တွင် Row တစ်ခုတည်းသာရှိပြီး Multi Bookmarks Tool Bar Ad-on ကိုအသုံးပြုမည်ဆိုပါက မိမိစိတ်ကြိုက် Row များထားရှိနိုင်မည်ဖြစ်ပါသည်။
အောက်ဖော်ပြပါ Link သို့သွား၍ Add to firefox ကို Click ပေးရပါမည်။ ထို့နောက် Install ပြုလုပ်ပြီးနောက် Firefox ကို Restart ပြုလုပ်ပြီးပါ က Firefox Multi Bookmark Toolbar ကို အသုံးပြုနိုင်ပြီဖြစ်ပါသည်။

အခြားပြုလုပ်နိုင်သည့်နည်းလမ်းမှာ https://addons.mozilla.org/firefox/addon/1122 သို့သွားရောက်၍ Add to Firefox ကို Click ၍ Tab Mix Plus extension ကို Install ပြုလုပ်ပေးရပါမည်။ ထို့နောက် Tab Mix Plus Option မှ Display သို့သွားရောက်ရပါမည်။ ၄င်းမှ When tab don’t fit width တွင် Multi Row ကိုရွေးချယ်ပေးရပါမည်။ Max number of row to display တွင် row အရေအတွက်ကို မိမိစိတ်ကြိုက် ထားရှိနိုင်ပါသည်။ ထို့နောက် Firefox ကို Restart ပြုလုပ်ပြီးပါ က Firefox Multi Bookmark Toolbar ကို အသုံးပြုနိုင်ပြီဖြစ်ပါသည်။ (ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံ

ကွန်ပျူတာသန့်ရှင်းရေး

ကွန်ပျူတာအသုံးပြုရာတွင် ကွန်ပျူတာအတွင်း၌နေရာယူထား သည့် မလိုအပ်သည့်ဖိုင်များကို ပုံမှန်ရှင်းလင်းရေးပြုလုပ်ပေးရန် လိုအပ်ပါသည်။ ထိုမလိုအပ်သည့်ဖိုင်များကို ပုံမှန်ရှင်း လင်းခြင်းမပြုလုပ်ပေးပါက ကွန်ပျူတာအသုံးပြုရာတွင် လေးလံခြင်းများဖြစ်ပေါ်စေသည့်အပြင် ကွန်ပျူတာ၏သိုလှောင်နိုင်သည့် ပမာဏကိုပါလျော့ကျစေနိုင်ပါသည်။ ကွန်ပျူတာ အတွင်း မလိုအပ်သည့်ဖိုင်များကို ရှင်းလင်းရန်အတွက် Moo0 DiskCleaner ကိုအသုံးပြုနိုင်ပါသည်။ Portable Software တစ်ခုဖြစ်ပြီး ရှင်းလင်းလွယ်ကူသော Interface ဖြင့် အလွယ်တကူအသုံးပြုနိုင်ပါသည်။ အောက်ဖော်ပြပါ Link တွင် Download ချပြီးနောက် DiskCleaner.exe ကို Double Click ဖြင့် Run ပေးလိုက်သည်နှင့် အောက်ဖော်ပြပါ ပုံအတိုင်း ကွန်ပျူတာအတွင်းနေရာယူထားသည့် မလိုအပ်သည့်ဖိုင်များနှင့်ပမာဏကို တွေ့မြင်ရမည်ဖြစ်ပါသည်။ ၄င်းဖိုင်များကို Select ပြုလုပ်၍ Clean now ကို Click ပြုလုပ်  ပေးခြင်းဖြင့် မလိုအပ်သည့်ဖိုင်များကို ရှင်းလင်းနိုင်ပါသည်။ (ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)
Download ချရန်

အပြည့်အစုံ

Google Search Engine ကို အသုံးပြုသည့်အခါတွင်

အင်တာနက်အသုံးပြုရာတွင် Search Engine အမျိုးမျိုးရှိပါသည်။ ကမ္ဘာတစ်ဝှမ်းတွင် Google onf ၈၀.၅၇% ဖြင့်အသုံးပြုမှုအများဆုံးဖြစ်ပါသည်။ ထိုလူသုံးအများဆုံး Search Engine တစ်ခုဖြစ်သည့် Google Browser ကိုထိထိရောက်ရောက်အသုံးပြုနိုင်ရန်အတွက် Google  Browser နှင့်ပတ်သက်၍ User များ သတိ မမူမိသည့် အချက်များကို ဖော်ပြလိုက်ပါသည်။

၁။       Definitions
          Google Search ကိုအသုံးပြု၍ မိမိသိရှိလိုသည့် စာလုံး၏ Definitions ကို လွယ်ကူတိကျစွာရှာဖွေ နိုင်ပါသည်။ ဥပမာအားဖြင့် မိမိသိရှိလိုသည့် atom ၏ Definitions ကို Google Search တွင် Define atom ဟု ရေးသား၍ ရှာဖွေကြည့်ပါက atom ၏ Definition ကိုတွေ့ရှိရမည်ဖြစ်ပါသည်။ ထို့အတူ အခြားသိရှိလိုသည့် Definitions များကိုလည်း Define (သိရှိလိုသည့်စာလုံး) ဟုရေးသားရှာဖွေနိုင်ပါသည်။
၂။       Local Search
          Google Local ကိုအသုံးပြုခြင်းဖြင့် နယ်မြေတစ်ခုအတွင်းရှိ မိမိသိရှိလိုသည့်အချက်အလက်များကို လွယ်ကူစွာရှာဖွေနိုင်ပါသည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံဘန်ကောတ်မြို့ရှိ ဘုရားကျောင်းများ၊ စင်္ကာပူနိုင်ငံရှိ Hotel များ စသည်တို့ကို သိရှိနိုင်ပါသည်။ http://local.google.com/ သို့ဝင်၍ ၄င်းတွင် မိမိသိရှိလိုသည့် Area ကိုရွေးချယ်၍ Hotel၊ restaurant စသည်ဖြင့် ရှာဖွေနိုင်ပါသည်။
၃။       Phone number lookup
          Google Search မှာ ဖုန်းနံပါတ်အပြည့်အစုံကိုရိုက်ထည့်ပေး၍ ထိုဖုန်းပိုင်ရှင်၏အမည် လိပ်စာစသည့် အချက်အလက်များကိုရှာဖွေသိရှိနိုင်ပါသည်။ ဖုန်းနံပါတ်ကိုရိုက်ထည့်ရာတွင် Area Code များကိုပါရိုက်ထည့် ပေးရန်လိုအပ်ပါသည်။
၎။ ရာသီဥတုအခြေအနေကိုကြည့်ရှုခြင်း
          ရာသီဥတုအခြေအနေကိုကြည့်ရှုလိုပါက weather ဟုရေးသား၍ နောက်တွင် မိမိသိရှိလိုသည့် နိုင်ငံ၊ မြို့တို့၏ Zip Code သို့မဟုတ် အမည်ကိုရေးသား၍ ထိုနယ်မြေ၏ရာသီဥတုအခြေအနေကိုကြည့်ရှုနိုင်ပါသည်။
၅။ လေကြောင်းလိုင်းများ
          Google တွင် Airline အမည်နှင့် Flight Number တို့ကိုရိုက်ထည့်၍ ထိုလေယာဉ်၏ ခရီးစဉ်၊ ရောက်ရှိ ချိန်၊ ထွက်ခွာချိန်စသည့် အချက်အလက်များကိုပြသပေးပါသည်။ ဥပမာ delta 123 ဟုရေးသားကြည့်ရှုပါက delta airline ၏ Flight 123 လေယာဉ်၏ Informations များကိုပြသပေးမည်ဖြစ်ပါသည်။
၆။ ဘာသာပြန်ဆိုခြင်း
          Google Language Tools ကိုအသုံးပြု၍ ၀ါကျများကိုဘာသာပြန်ဆိုခြင်း၊ Web Page တစ်ခု လုံးကိုဘာသာပြန်ဆိုခြင်း စသည်တို့ကိုအသုံးပြုနိုင်ပါသည်။ www.google.com/language_tools သို့ဝင်ရောက်၍ ဘာသာပြန်ဆိုကြည့်ရှုနိုင်ပါသည်။ Language ပေါင်း ၅၃ မျိုးကို ဘာသာပြန်ဆို ကြည့်ရှုနိုင်ပါသည်။ သို့ရာတွင် မြန်မာဘာသာစကားမပါရှိပါ။
၇။       Link ပြုလုပ်ထားသည့် Website များကိုကြည့်ရှုခြင်း
          Website တစ်ခုတွင် Link ချိတ်ထားသည့် အခြား Websites များကိုကြည့်ရှုလိုပါက link:http://www.cherrymyay.com ဟုရေးသား၍ကြည့်ရှုနိုင်ပါသည်။ ထိုအခါ www.cherrymyay. com နှင့် Link ချိတ်ထားသည့်အခြား Websites များကိုတွေ့မြင်ရမည်ဖြစ်ပါသည်။ www.cherry myay.com နေရာတွင် မိမိနှစ်သက်ရာ Website ကိုရေးသားကြည့်ရှုနိုင်ပါသည်။
၈။ File Format တစ်မျိုးတည်းကိုသာရှာဖွေခြင်း
          Google Search တွင် မိမိသိရှိလိုသည့်အကြောင်းအရာ၊ ရှာဖွေလိုသည့်အကြောင်းအရာ နောက်တွင် File Format ကိုသေချာတိကျစွာဖြည့်သွင်းပေးခြင်းဖြင့် ရှာဖွေလိုသည့်အကြောင်းအရာကို တိကျစွာရှာဖွေနိုင်ပါသည်။ ဥပမာ “asus audio driver” filetype:pdf ဟုရေးသားရှာဖွေကြည့်ရှုပါက Asus ကွန်ပျူတာ၏ Audio driver အကြောင်းကို PDF File ဖြင့်ရှာဖွေပေးထားသည်ကိုတွေ့မြင်ရမည် ဖြစ်ပါသည်။
၉။ Calculator အဖြစ်အသုံးပြုခြင်း
          Google Search Engine ကို Calculator အဖြစ်အသုံးပြုနိုင်ပါသည်။ ဥပမာ ၂၀၀ x ၂၀၀ ဟုရေးသားကြည့်ရှုပါက Google မှအဖြေကိုတွက်ထုတ်ပေးသွားမည်ဖြစ်ပါသည်။
၁၀။ Stock Symbol များအသုံးပြုခြင်း
Stock Symbol ဆိုသည်မှာ ရှေ့ဆုံးစကားလုံးများကိုသာခေါ်ဆိုသည့် စကားစုဖြစ်ပါသည်။ ဥပမာ GOOG – Google၊ MSFT- Microsoft၊ BAC – Bank of America စသည်ဖြင့်ဖြစ်ပါသည်။ Google တွင် ထို Stock Symbol များကိုရိုက်ထည့်ကြည့်ပါက ထိုအဖွဲ့အစည်း၏ ငွေးကြေး၊မတည်ငွေ၊ အရင်းအနှီး၊ ထုတ်ကုန် စသည်ဖြင့် အချက်အလက်များကိုပြသပေးမည်ကို တွေ့ရပါမည်။
(ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံ

Memory Stick၊ Flash Drive များနှင့် exe Virus

Memory Stick၊ Flash Drive များနှင့် exe Virus
         Memory Stick များနှင့် External Hard disk များကိုကွန်ပျူတာများတွင် တပ်ဆင်အသုံးပြုရာ၌ ကြုံတွေ့ရသည့် Virus များအနက် exe virus ကို command prompt အသုံးပြု၍ ရှင်းလင်းနည်းဖြစ်ပါသည်။ Antivirus Software  Update မဖြစ်သည့်ကွနပျူတာများအတွက် အတိုင်းအတာတစ်ခုအထိစိတ်ချ ရစေမည် ဖြစ်သည့်အပြင် ကွန်ပျူတာတွင်အသုံးပြုသည့် Dos Command အကြောင်းကိုလည်းသိရှိနားလည်စေနိုင်မည် ဖြစ်ပါသည်။
          ပထမဦးစွာ Flash Drive ကိုကွန်ပျူတာတွင်တပ်ဆင်ပြီးနောက်  Run တွင် cmd ကိုရိုက်၍ Command Prompt သို့ဝင်ရောက်ရပါမည်။ ထို့နောက် cmd တွင် dir h:\*.exe /a ဟုရေးသား၍ Enter နှိပ်ရပါမည်။ ၄င်း command တွင်
          Dir h:\ ၏ဆိုလိုရင်းမှာ dir သည် Folder များ၊ File များကိုကြည့်ရှူရန်အတွက်ဖြစ်ပြီး h:\ သည် ကွန်ပျူတာတွင် တပ်ဆင်ထားသော  Memory Stick ၏ Drive Name ဖြစ်ပါသည်။
          *.exe တွင် *. သည် Memory Stick H အတွင်းရှိ Folder များအားလုံးကို သီးသန့်ကြည့်ရှူရန်အတွက် ဖြစ်ပြီး *.exe ဟုဆိုသည့်အတွက် Memory Stick H အတွင်းရှိ exe များအားလုံးကို ကြည့်ရှူနိုင်ရန်အတွက် ဖြစ်ပါသည်။
          /a သည် System File များကိုဖြစ်စေ၊ Hidden ဖြစ်နေသည့် Virus များနှင့် ထို Virus များ ကြောင့်Hidden ဖြစ်နေသည့် File များနှင့် Folder များကို တွေ့မြင်နိုင်ရန်အတွက်ဖြစ်ပါသည်။ ထို့ကြောင့် dir h:\*.exe /a မှာ Memory Stick H အတွင်းရှိ Hidden ဖြစ်နေသည့် exe virus များကို ဖော်ပြရန် အတွက်အသုံးပြုခြင်းဖြစ်ပါသည်။ ထို့နောက် အောက်ဖော်ပြပါပုံအတိုင်း Memory Stick H အတွင်းရှိ exe Virus များကိုတွေ့မြင်ရမည်ဖြစ်ပါသည်။
အဆိုပါ exe virus များကို ရှင်းလင်းရန်အတွက် del h:\*.exe command ရိုက်၍ Enter နှိပ်ရပါမည်။ ၄င်းမှာ Memory Stick H အတွင်းရှိ exe များအားလုံးကို Delete ပြုလုပ်ခြင်းဖြစ်ပါသည်။ သို့ရာတွင် အောက်ဖော်ပြပါပုံအတိုင်း Could Not Find h:\*.exe ဟု Drive H အတွင်း exe File များမရှိပါဟု Message ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ dir h:\*.exe /a ဖြင့်ကြည့်ရှူစဉ်က exe File များကိုတွေ့မြင်ရပြီး ယခု Delete ပြုလုပ်သည့်အခါတွင် မရှိပါဟု message တွေ့မြင်ရခြင်းမှာ Virus များမှထိန်းချုပ်ထားသည့်အတွက်ဖြစ် ပါသည်။
          အဆိုပါ Virus များ၏ထိန်းချုပ်မှုကိုဖြေရှင်းရန်အတွက် attrib h:\*.exe –s –r –h Command ကိုအသုံးပြုရပါမည်။ ၄င်း Command တွင် attrib သည် attribute ကိုဆိုလိုခြင်းဖြစ်ပြီး ၄င်းသည် File တစ်ခုကို ပုံမှန်အားဖြင့် ဖျက်ဆီးမရအောင်ပြုလုပ်နိုင်ပါသည်။ s သည် System File အဖြစ်သက်မှတ်ထားပြီး သာမန်  Delete ဖြင့်ဖျက်၍မရပါ။ r သည် Read Only ဖြစ်ပြီး တွေ့ရှိနိုင်သော်လည်း ရေးသားပြင်ဆင်ခွင့်မပြုပေ။ h သည် hidden ဖြစ်ပြီး ပုံမှန်အားဖြင့်မြင်တွေ့နိုင်ခြင်းမရှိစေရန် လုပ်ဆောင်ပါသည်။ exe virus သည် system File အယောင်ဆောင်ထားပြီး ဖျက်ဆီးမရအောင်ပြုလုပ်ထားခြင်း၊ ပုံမှန်အားဖြင့်မြင်တွေ့ခြင်းမရှိစေရန် Hidden ပြုလုပ်ထားခြင်းစသည့်ထိန်းချုပ်ထားမှုများကို ဖြေရှင်းရန်အတွက် – ကိုအသုံးပြုခြင်းဖြစ်ပါသည်။
          Virus များ၏ထိန်းချုပ်မှုကို ဖြေရှင်းပြီးနောက် exe Virus ကိုရှင်းလင်းနိုင်ပြီဖြစ်ပါသည်။ ယခင်အသုံးပြု ပြီးသည့် del h:\*.exe Command ကိုအသုံးပြုရပါမည်။ ထို့နောက် Memory Stick H အတွင်းရှိ exe virus များ ကျန်ရှိနေခြင်းရှိ၊ မရှိကို dir h:\*.exe /a ဖြင့်ကြည့်ရှူပါက exe Virus များမရှိတော့ကြောင်း တွေ့မြင်ရမည် ဖြစ်ပါသည်။
ထို့ကြောင့် ကွန်ပျူတာများအတွင်းရှိ exe Virus များကို Command Prompt ဖြင့်လွယ်ကူစွာ ရှင်းလင်းနိုင်ပါသည်။Memory Stick များအတွင်းရှိ exe Virus များကို ရှင်းလင်းရန်အတွက် အောက်ဖော်ပြပါ Command 3 ကြောင်းသာလိုအပ်ပါသည်။
dir h:\*.exe /a                             Virus များကိုစစ်ဆေးခြင်း။
attrib h:\*.exe –s –r –h        Virus များ၏ထိန်းချုပ်မှုကိုဖြေရှင်းခြင်း။
del h:\*.exe                       Virus များကိုရှင်းလင်းခြင်း။

အပြည့်အစုံ

Virus များကြောင့် File၊ Folder များပျောက်ဆုံးနေလျင်

ကွန်ပျူတာတွင်ဖြစ်စေ၊ Flash Drive များတွင်ဖြစ်စေ Virus များကြောင့် File၊ Folder များပျောက် ဆုံးနေပြီး Use space တွင်လည်းအဆိုပါ File များကိုသိမ်းဆည်းထားသည်ဟု ဖော်ပြနေပါက အောက်ပါအတိုင်းလုပ်ဆောင်ခြင်းဖြင့် File၊ Folder များကိုပြန်လည်တွေ့ရှိရမည်ဖြစ်ပါသည်။ ထိုသို့ပြု လုပ်ခြင်းသည် Virus များကို ရှင်းလင်းခြင်းမဟုတ်ပဲ Virus Effect ကြောင့်ပျောက်ဆုံးနေသည့် Data များကိုသာ ရှာဖွေခြင်းဖြစ်ပါသည်။ ထို့ကြောင့် Data များကိုရှာဖွေပြီးသော်လည်း Virus ကိုရှင်းလင်း ရန် လိုအပ်မည်ဖြစ်ပါသည်။
၁။ Start မှတစ်ဆင့် Run Box တွင် regedit ဟုရေးသား၍ Registry Editor သို့ဝင်ရောက်ရပါမည်။
၂။ Registry Editor တွင် HKEY_LOCAL_MACHINE\ SOFTWARE\ Microsoft\ Windows\
CurrentVersion\ Explorer\ Advanced\ FolderHidden\ SHOWALL
ထိရောက်စေရန် အဆင့်ဆင့် ၀င်ရောက်ရပါမည်။
၃။ SHOWALL ကို Left Cclick ဖြင့်နှိပ်၍ ညာဘက် Box (Pane) အတွင်းရှိ CheckedValue  ကို Right Click မှတစ်ဆင့် Modify သို့ဝင်ရောက်ရပါမည်။ ValueData တွင် ၀(သုည) ကို 1 ဟုပြောင်း လဲပေးရပါမည်။
၎။ အကယ်၍ ညာဘက် Box (Pane) အတွင်း၌ CheckedValue ကိုမတွေ့ရှိပါက SHOWALL ကို Right Click နှိပ်၍ New မှတစ်ဆင့် DWORD (32-bit) Value ကိုတည်ဆောက်ပေး၍ အမည်ကို CheckedValue ဟုပေး၍ Value ကို 1 ဟုပေးရပါမည်။
၅။ ထို့နောက်ကွန်ပျူတာကို Restart ချပြီးနောက် Hidden ဖြစ်နေသည့် File၊ Folder များကိုပြန်လည် တွေ့ရှိရမည်ဖြစ်ပါသည်။ (ချယ်ရီမြေ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံ

Tuesday, 25 December 2012

Proxy အကြာင်းသိကောင်းစရာ

Proxy Server ဆိုတာ ဘာလဲ
About Proxy Proxy Server ဆိုတာ ဘာလဲ Proxy Server ဆိုတာ သင့်ကွန်ပျူတာနဲ့ အင်တာနက်ကြားမှာ တည်ရှိပြီး အင်တာနက်က သတင်းအချက်အလက် တော်တော်များများကို ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က Website တစ်ခုကို ကြည့်တဲ့အခါ အရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ Proxy Server က သူ့ဆီမှာ ကျွန်တော်တို့တောင်းဆိုတဲ့ Website ရှိရင် ပြန်ပို့ပေးလိုက်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲရတဲ့သူအဖို့ ပိုပြီးမြန်တဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်က Proxy Server တွေဟာ အဲဒီလို Cache လုပ်တာထက် Website Filtering အတွက်ပဲ လုပ်ထားသလားလို့တောင် ထင်ရပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ ရှိတဲ့ တစ်ချို့ Proxy Server တွေဟာ မူရင်း Website က Update လုပ်လိုက်တာတောင် သူတို့က Update မလုပ်နိုင်သေးပါဘူး။ Technical အရ ပြောရရင်တော့ TTL (Time To Live) တန်ဖိုးကို အများကြီး ပေးထားတယ်နဲ့ တူပါတယ်။ Web Filtering လုပ်မထားတဲ့ Proxy Server တွေ မြန်မာပြည်မှာ ရှိပေမဲ့ သုံးတဲ့အခါ username နဲ့ password တောင်းတာကို တွေ့ရပါတယ်။ (ygncache2.mpt.net.mm ပါ)

Anonymous Proxy Server ဆိုတာဘာလဲ 
Website တော်တော်များများဟာ ယုံလို့မရပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ IP ကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ ကွန်ပျူတာ Hard Disk ထဲက အချက်အလက်တွေကိုတောင်မှ လှမ်းခိုးနိုင်ပါတယ်။ အဲဒီလို လုပ်ဖို့အတွက်ကလည်း အလကားရတဲ့ Hacking program လေးတွေကို သုံးပြီး လုပ်နိုင်ပါတယ်။ Anonymous Proxy Server တွေဟာ ကျွန်တော်တို့ရဲ့ IP ကို ဖျောက်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အချက်အလက်ခိုးယူနိုင်တဲ့ Website ကို ကြည့်ရင်တောင်မှ ကျွန်တော်တို့ရဲ့ IP ကို အဲဒီ Site ဟာ မသိနိုင်ပါဘူး။ Anonymous Proxy Server တွေကပဲ အဲဒီလို user ရဲ့ IP ကို ဖျောက်ပေးနိုင်ပြီး သာမန် Proxy Server တွေကတော့ ကျွန်တော်တို့ရဲ့ IP ကို target Server ဆီကို ပို့ပေးလေ့ရှိပါတယ်။
Free Proxy Server ဆိုတာဘာလဲ Free Proxy Server ဆိုတဲ့အတိုင်းပါပဲ။ Free ရတယ်၊ လူတိုင်းသုံးလို့ရပါတယ်။ နိုင်ငံတော်တော်များများမှာ Free Proxy Server များစွာရှိပေမဲ့ တော်တော်များများဟာတော့ Anonymous Proxy Server တွေ မဟုတ်ကြပါဘူး။

Proxy Server အမျိုးအစားများ
HTTP Proxy Proxy ဆိုတာ Server သက်သက်ပါပဲ။ ဘာ Proxy လဲဆိုတာ သိမှ ကိုယ့်အတွက် အသုံးဝင်မှာပါ။ HTTP Proxy ရဲ့ အကူအညီနဲ့ Web Pages တွေ ကြည့်နိုင်မယ်၊ download ဆွဲနိုင်ပါမယ်။ အခုနောက်ပိုင်းမှာတော့ Program တွေကလည်း HTTP Proxy တွေနဲ့ တွဲအလုပ်လုပ်နိုင်ပါပြီ။ ဥပမာ ICQ လို Chat Program တွေပါ။

SOCKS Proxy 
သူကတော့ ပိုအစွမ်းထက်ပါတယ်။ အင်တာနက်ပေါ်မှာရှိတဲ့ ဘယ် Information ဆိုရင် ဘယ်လို လွှဲယူပေးရမယ်ဆိုတာ သိပါတယ်။ အဓိကကတော့ TCP/IP Protocol နဲ့ ကောင်းကောင်းကြီး အလုပ်လုပ်နိုင်တာပါ။ ဒါပေမဲ့ SOCKS Proxy ကို သုံးမယ်ဆိုရင်တော့ အဲဒီ Proxy Server ဟာ SOCKS 4 လား SOCKS 5 ဆိုတာ သိဖို့ လိုပါလိမ့်မယ်။

CGI Proxy  
CGI Proxy ဟာ Browser ကနေပဲတစ်ဆင့် access လုပ်နိုင်တဲ့ Proxy Serve ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ သုံးနေကြတဲ့ ကျော်တဲ့Website ဆိုတာ အဲဒီ CGI Proxy ကိုပြောတာပါပဲ။
FTP Proxy FTP Proxy ကတော့ FTP Server တွေနဲ့ တွဲအလုပ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ CuteFTP လို GetRight တို့တွေမှာ FTP Proxy တွေ ထည့်သုံးလို့ ရပါတယ်။ မြန်မာနိုင်ငံက Proxy တွေမှာ FTP Proxy တွေ ရှိပေမဲ့ Public အတွက်တော့ ပိတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ FTP သုံးချင်ရင်တော့ နိုင်ငံခြားက FTP Proxy တွေ လှမ်းသုံးရင်တော့ ရနိုင်ပါတယ်။ (လက်တွေ့တော့ ကျွန်တော်လည်း မစမ်းဖူးပါ)

Proxy Server သုံးလို့ ရတဲ့ အကျိုးကျေးဇူး 
အဓိကကတော့ ကိုယ်ကြည့်နေတဲ့ Site, ကိုယ်သုံးနေတဲ့ Mail, ကိုယ်သုံးနေတဲ့ Web Chat တွေက ကိုယ်ဘယ်ကလဲ ဆိုတာ မသိတော့တာပါပဲ။ အဲဒီတော့ ကိုယ့် information အတွက် လုံခြုံမှုရှိပါတယ်။ မြန်မာပြည်မှာ အဲဒါက ဖန်တီးပြီးသားပါ။ ကျွန်တော်တို့တွေ ဘယ် site ပဲကြည့်ကြည့် သူတို့က ကျွန်တော်တို့ IP ကို မသိပါဘူး။ data မခိုးနိုင်ပါဘူး။ ဒီမှာတော့ Proxy ဆိုရင် ကျော်ဖို့ပဲလို့ကို ထင်နေကြတော့ပါ။ ကျွန်တော်တို့နိုင်ငံရဲ့ Proxy က Web Filtering လုပ်ထားတယ်၊ တခြားနိုင်ငံက Proxy က Web Filter လုပ်မထားဘူး၊ အဲဒီတော့ ကျွန်တော်တို့က အဲဒီ Proxy ကို သုံးလိုက်ရင် အလိုလို ကျော်ပြီးသား ဖြစ်သွားတာပါ။ တခြား Proxy တွေ သုံးတယ်ဆိုတာကလည်း အရမ်းခက်ခဲတာမဟုတ်ပဲ ကိုယ်သုံးနေတဲ့ Browser ရဲ့ Option ထဲမှာ Proxy Server ဆိုတဲ့ နေရာမှာ ကိုယ်သုံးချင်တဲ့ Proxy Server ရဲ့ IP ကို ရိုက်ထည့်လိုက်ရုံနဲ့ ရပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံက Proxy ကို လှမ်းသုံးဖို့ဆိုတာ အဲဒီလောက်ကြီးထိလည်း မလွယ်ပါဘူး။ (CGI Proxy တွေကို မဆိုလိုပါ)

ဘယ်လို ပြဿနာတွေ ကြုံနိုင်လဲ ဆိုတော့
(၁) ကိုယ့်နေရာနဲ့ ကိုယ့်သုံးတဲ့ Proxy နဲ့ အရမ်းဝေးနေတဲ့အခါ နှေးတာတွေ၊ ချိတ်ဆတ်မရတာတွေ ဖြစ်တတ်ပါတယ်။
(၂) ကိုယ်သုံးတဲ့ Proxy ဟာ ကိုယ်ဟာ မြန်မာပြည်ကမို့ သုံးခွင့်မပေးတာမျိုးလည်း ရှိတတ်ပါတယ်။
(၃) တချို့ Proxy Server တွေကတော့ IP နဲ့ ကန့်သတ်ထားတာမျိုးလည်း ရှိပါတယ်။ ကိုယ့် IP က သူတို့ list ထဲမှာ မပါရင် သုံးမရတာမျိုး ဖြစ်ပါတယ်။
(၄) အဓိကကတော့ ကျွန်တော်တို့ရဲ့ ISP က ကျွန်တော်တို့သုံးမဲ့ Proxy Server တွေကို Access Denied လုပ်ထားတာလည်း ဖြစ်လေ့ရှိပါတယ်။ အဲဒါက အများဆုံးပါ။ source: IT men

အပြည့်အစုံ

Virus အကြောင်းများ

About Virus Value Value တစ်ခုမှာရှိတဲ့ Data တစ်ခုကိုဖော်ပြတဲ့နေရာမှာ Data type အမျိုးအစား (၆)မျိုးအနက်က တစ်ခုခုနဲ့ဖော်ပြနိုင်ပါတယ်။ အဲ့ဒီ (၆) မျိုးကတော့
About Virus Value
Value တစ်ခုမှာရှိတဲ့ Data တစ်ခုကိုဖော်ပြတဲ့နေရာမှာ Data type အမျိုးအစား (၆)မျိုးအနက်က တစ်ခုခုနဲ့ဖော်ပြနိုင်ပါတယ်။ အဲ့ဒီ (၆) မျိုးကတော့ ...........

1.REG_BINARY
Raw Binary Data, Hardware သတင်းတွေကို ကွန်ပျူတာမှ binary အဖြစ်သိမ်းပေမယ့်၊ Registery editor မှာ အကျဉ်းခြုံးရန် Hexa Decimal နဲ့ပြပေးတယ်။

2.REG_DWORD
4 byte အရှည်ရှိတဲ့ ကိန်းဂဏန်းနဲ့သိမ်း၊ Device Driver များ၊ Service နှင့်သက်ဆိုင်သော
ကန့်သတ်ချက်(parameter) များကိုဖော်ပြပေးတယ်။

3.REG_EXPAND_SZ
ကိန်းရှင် (variable) များ

4.REG_MULTI_SZ
multiple type, user များသိနိုင်သော Char နှင့် ဂဏန်းများရောနှောပုံ၊ နေရာလွတ်၊ ကော်မာနဲ့ အခြားအမှတ်တွေပါ။

5.REG_SZ
စာသားများပါဝင်ပြီး အလျားသတ်မှတ်ချက်ရှိသော အက္ခရာစဉ်ကိန်းတန်း တစ်ခု။

6.REG_FULL_RESOCE_DESCRIPTOR
Hardware တစ်ခုကို (Dirver တစ်ခု) Resource List ကိုသိမ်းဆည်းရန် ဒီဇိုင်းထုတ်ထားသော Nested Array တစ်ခုတို့ပဲ ဖြစ်ပါတယ်။

About Virus (No-1)

ဗိုင်းရပ်စ် ဆိုသည်မှာ (ပထမပိုင်း)


ဗိုင်းရပ်စ်ဆိုသည်မှာ လို့ခေါင်းစဉ်တပ်ထားတာ ကျွန်တော်လဲ သိသလောက်လေး ပြောပြပေးတာပါ။  General Knowledge ပေါ့ဗျာ….. ကဲ ဖတ်ပေးဦးဗျာ………. အကျိုးရှိမှာပါ…
လူတွေရော အားလုံးပါပဲ တစ်ခုခုဆို Virus လို့ပဲ သိပါတယ်။ တကယ်တော့ Virus အနွယ်ဝင် အမျိုးအစားများရှိနေပါတယ်။ အဲဒါတွေအကြောင်း ရှင်းလင်းပြထားတဲ့ မူလရေးသားသူ ဆရာမျိုးသူရ အားအထူး ကျေးဇူးတင်ရှိပါတယ်။

၁။ Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်.. လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ် မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင် လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်။ ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ်.. ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ .. သူတို့ဟာ ကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး... ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ။ Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ .. စသဖြင့်ပေါ့...ဗျာ

၂။ Malware

Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာ ပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်.. Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware, dishonest adware, crimeware and other malicious and unwanted software တွေပါဝင်လေ့ရှိပါတယ်..

၃။ worm

worm ဆိုတာက virus နဲ့ ဆင်တူအောင် ရေးထားကြတာပါပဲ။ virus တစ်ခုရဲ့ Sub-class လို့လည်း ခေါ်လို့ရပါတယ်။ သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက် လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်။ သူ့ပါသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်။ အကြီးမားဆုံး အန္တရာယ်ကတော့ သူက သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်။ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်။ network bandwidth တွေကိုတက်လာစေတယ်။ Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်။ လူသိများတဲ့ worm ကတော့ Blaster worm ပါ။ ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်။ Blaster worm က windows စတက်တာနဲ့ Registry ကီး HKEY_LOCAL_MACHINE\SOFTWARE\ Microsoft\Windows\CurrentVersion\ Run\windows auto update = msblast.exe မှာ နေရာယူပါတယ်။ msblast.exe ဆိုတာကတော့ နာမည်တူပေးထားတာပေါ့။ Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်။
About Virus (No-2)
ဗိုင်းရပ်စ်ဆိုသည်မှာ (ဒုတိယပိုင်း)

၎။ Trojan horse

Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်။ Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာသင်ဖူးကြမှာပေါ့။ Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ။ အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်။ ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်။ ဥပမာပေါ့ဗျာ... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်။ အဲဒီတော့ အဲဒိ Game ကို Trojan horse လို့ခေါ်တာပေါ့။ တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့။ နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်။
Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)

၅။ Spyware
သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လို အလုပ်လုပ်သလဲဆိုတာ သိကြမှာပါ။ သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်  ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်။ Spyware တွေက များသော အားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်။ ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်။ သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့ဗျာ။ တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေ ပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ။ Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်း ကာကွယ်နိုင်ပါတယ်။

၆။ Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်။ သူကတော့ Screen မှာ Automatic ပေါ်လာအောင် ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်။ အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်။

၇။ Crimeware
Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက် ရည်ရွယ်ပြီး ရေးကြတာများပါတယ်။ သူက user password တွေ၊ links တွေ၊ အချက်အလက်တွေကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့။ ဥပမာပြောရရင်
ခုခေတ်စားနေတဲ့ key logger တို့ keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်။
Source; http://bonemyathein.blogspot.com/p/virus.html























































 

အပြည့်အစုံ

Social Network ဆိုတာဘာလဲ

Web 2.0 ခေါ် Social Network ဆိုတာဟာ လူတိုင်းနီးပါး၊ လူငယ်တိုင်းလိုလို ကြားနေရတဲ့ ခေတ်ပေါ် အခေါ်အဝေါ်တစ်ခုပါ။
အင်တာနက်ပေါ်မှာ လူအများနှင့် ချိတ်လို့ရတဲ့ နေရာပေါ့။ မိုဘိုင်းလ်ဖုန်းနှင့်လည်း သုံးလို့ရတယ်။ နည်းပညာ တစ်ခေတ်စမ်းထမှုပေါ့။ ၀ါသနာတူရာ စိတ်ဝင်စားတဲ့ နယ်ပယ်အလိုက်ကို မိတ်ဆွေဖွဲ့ပြီး ဆုံဆည်းရာ ရပ်ဝန်းနယ်ပယ် တစ်ခုလို့ပြောရင်လည်း မှားမယ်မထင်ပါဘူး။

Freedom is not free လို့ပြောကြတာ ရှိသလို free ရတိုင်းလည်း တကယ်တော့ free မဖြစ်ဘူး။ တကယ့်လောကမှာ free ဆိုတာ မရှိပါဘူး။ အပေးအယူတွေချည်းပါဘဲ။

Social Network Site တွေမှာ အဖွဲ့ဝင်လုပ်လိုက်တာနှင့် ကိုယ့်ရဲ့အချက်အလက်တွေဟာ အဲဒီဝက်ဆိုက်ပိုင်ရှင် ဆီကို ရောက်သွားပြီ။ သူကြိုက်သလို စီမံနိုင်ခွင့်ကို သဘောတူလို့ free သုံးလို့ရတာပေါ့။ အခုနောက်ပိုင်း account အသစ်တွေတောင်မှ သတ်သတ်လုပ်စရာ မလိုတော့ဘဲ ကိုယ့်ရဲ့ email ID နှင့် password ကိုပဲ သုံးပြီး ၀င်လို့ရတဲ့ social site တွေ အများကြီးရှိလာပါပြီ။

Campaign လုပ်တာဖြစ်ဖြစ် အများသိအောင်ဖြန့်ရမယ့် သတင်းတွေကို ဖြန့်ချင်တဲ့အခါမှာ ကိုယ့် email ထဲကိုဝင်ပြီး ကိုယ်တိုင်စာပို့စရာ မလိုတော့ဘူး။ Social Site တွေကနေ form လေးလုပ်ပေးထားတာလေးကို ဖြည့်ပြီးတော့ အဲဒီမှာ ကိုယ့်နာမည်၊ email ID နှင့် email password ကို ထည့်လိုက်တာနှင့် ကိုယ့်ရဲ့ email ထဲက contact မှာ ရှိရှိသမျှသူတွေဆီကို ကိုယ့် email ကိုယ့် နာမည်နှင့် စာပို့ပေးပါတယ်။

Website တွေ blog တွေ social site တွေ အများကြီးကို ဘာဖြစ်လို့ free ဖြစ်နေတာလည်းဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Social site ဖြစ်ဖြစ် free ရတာတွေရော ၀ယ်ရတာတွေရော သုံးတဲ့အခါတိုင်း agreement (သဘောတူချက်) ကို သဘောတူကြောင်း နှိပ်ပြီးမှသာ သုံးခွင့်ရတာပါ။ ဒါပေမယ့် တော်တော်များများကတော့ အဲဒီထဲမှာ ဘာတွေပါတယ်ဆိုတာ မဖတ်ကြဘူး။ ဖတ်လည်း နားမလည်းဘူးပေါ့။

အဲဒီ free ၀န်ဆောင်မှု ပေးတဲ့သူတွေမှာလည်း ကြီးကြီးမားမား ကုန်ကျစရိတ်တွေရှိပါတယ်။ အဲတာတွေအတွက် ၀င်ငွေပြန်ရအောင် လုပ်ရပါတယ်။ အဲတာကို user တွေက သဘောတူလို့ free သုံးခွင့်ရတာပါ။

Social Network Site တွေဟာ ထုတ်လုပ်သူ လုပ်ငန်းရှင်တွေအတွက်သူတို့ ရောင်းကုန်ကို ကြော်ငြာဖို့ ပစ်မှတ်ဖြစ်လာသလို ကြော်ငြာလုပ်ငန်းရှင်တွေ အတွက်လည်း ပစ်မှတ် ဖြစ်လာတယ်။ ကြားခံကြော်ငြာနှင့် ၀င်ငွေရှာတဲ့ သူတွေအတွက်လည်း အဓိက ၀င်ငွေရတဲ့ နေရာဟာ Social Network Site တွေလို free ၀န်ဆောင်မှုပေးတဲ့ site တွေပါဘဲ။

အဲဒီဝက်ဆိုက်တွေကို ၀င်လိုက်တာနှင့် ကိုယ့် email အပါအ၀င် username နှင့် password တွေကိုပါ ပေးလိုက်ရတာပါ။ ကိုယ်သုံးနေတဲ့ ၀န်ဆောင်မှုကို ပေးတဲ့ဆိုက်တွေက သူတို့ကြော်ငြာစရာရှိရင် ကိုယ့် email နှင့် ကိုယ့် contact အားလုံးဆီကို ပို့လိုက်လို့ရတယ်။ ကိုယ့်အချက်အလက်တွေ သူများကို ပြန်ရောင်းလို့လည်း ရသေးတယ်။

အင်တာနက်ပေါ်မှာ အားတိုင်း ကလေ့ချင်တဲ့ သူတွေ သတိထားစရာပါ။ ကိုယ့်ရဲ့ privacy နှင့် လုံခြုံမှုကို တန်ဖိုးထားချင်ရင်တော့ သတိထား သုံးရမှာ ဖြစ်ပါတယ်။ တကယ်လို့ သုံးတော့မယ်ဆိုရင်လည်း email ID သီးသန့်တွေနှင့် အသုံးပြုသင့်ပါတယ်။ username နှင့် password တွေလည်း တစ်ခြားဟာတွေနှင့် မတူအောင် သုံးသင့်ပါတယ်။ ကိုယ်ရေး အချက်အလက်တွေကိုလည်း ကိုယ်မှတ်မိနေမယ့် အမှားတွေသာ ပေးသင့်တယ်။

Email ID အများကြီးသုံးသူတွေအတွက် account တစ်ခုထဲကနေတခြား email တွေ ဘယ်လိုကြည့်လို့ရတယ် ဆိုတာ ဒီဆောင်းပါး (Master Email account ဘယ်လိုသုံးမလဲ) မှာ ဖတ်နိုင်ပါတယ်။ (burmait.net မှ ကူးယူဖော်ပြပါသည်။)

အပြည့်အစုံ

Master Email account ဘယ်လိုသုံးမလဲ

ဒီလို email ကို ဆိုင်ရာဆိုင်ရာအတွက် (Email လုံခြုံရေး ဘယ်လိုလုပ်မလဲ ဆောင်းပါးကို ဖတ်နိုင်ပါတယ်) သုံးဖို့ account တွေ အများကြီး လုပ်ထားတော့ အင်တာနက်ဆိုင်တွေမှာ email check တဲ့ အခါမှာ
အချိန်တွေ အများကြီးကုန်နိုင်ပါတယ်။ တစ်ခုဝင်လိုက် ဖတ်လိုက် ထွက်လိုက်နှင့်ပေါ့။ ဒီလို မဖြစ်ရလေအောင် master email account တစ်ခု ထားပြီးတော့ တစ်နေရာထဲကနေ ကိုယ့်ရဲ့ email account တွေ အားလုံးကို ဖတ်တာ၊ စာပြန်ရေးတာ ဖြစ်ဖြစ် လုပ်နိုင်ပါတယ်။

ကိုယ့်ရဲ့ Master email account ထဲကနေ Mail Setting/Accounts and Import/Check mail using POP3/Add POP3 Email Account ကနေ ကိုယ်ကြည့်ချင်တဲ့ email ID တစ်ခုချင်း ထည့်ရပါမယ်။ အဲဒီမှာ username ရယ် password ရယ် ထည့်ပြီး Always use SSL ရယ် Lable incoming message ရယ် Archive incoming message ရယ်ကို ရွေးချင်ရင် ရွေးလို့ရတယ်။ တစ်ခြား web browser ကနေပြီးတော့ ဒီ Master account မှာ ထည့်မယ့် email ID (slave acccount) ထဲကိုဝင်ပြီးတော့ mail setting/forwarding and POP/IMAP အောက်က POP download မှာ enable ဆိုတဲ့ ရွေးချယ်စရာ တစ်ခုခုကို ရွေးပြီး အောက်မှာ Save Changes ကို နှိပ်ရပါမယ်။ ပြီးတော့မှ Master email ID ဖွင့်ထားတဲ့ browser ကိုပြန်သွားပြီး Add account ကိုနှိပ်ရမယ်။

ရပြီဆိုရင် နောက်တဆင့်မှာ Yes... ရွေးစရာကို ရွေးပြီး send verification ကို ထပ်နှိပ်ရပါမယ်။ ဒါက နောင်ဆုံး အတည်ပြုချက် ရယူတာဖြစ်တယ်။

ခုနက slave email account ထဲကို ပြန်သွားပြီး ရောက်လာတဲ့ အတည်ပြုချက် code number ကို ယူပြီး master account မှာ ထည့်လိုက်တော့မှ ဒီလုပ်ဆောင်ချက်ဟာ အောင်မြင်မှာဖြစ်တယ်။ တကယ်အလုပ် လုပ်မလုပ်ကိုတော့ စမ်းကြည့်လိုက်ပါအုံး။ မရရင်တော့ တနေရာရာမှာ မှားတာရှိလို့ ဖြစ်မှာပါ။ မရရင် ပြန်မေးကြည့် လိုက်ပါနော်။

ဒီလိုနဲ့ slave email ID(s) ထဲမှာ ၀င်လာသမျှ email အသီးသီးဟာ Master email account ထဲမှာချက်ချင်းရောက်နေပြီး ဖတ်လို့ရပါတယ်။ ပြန်ပို့တဲ့ အခါမှာလည်း ကြိုက်တဲ့ email ID နှင့် ပြန်ပို့လို့ ရပါတယ်။ Slave email ID နှင့် Master account ထဲကနေ email စာ အသစ် ရေးဖို့ဆိုရင် Gmail ကိုသုံးတဲ့ အချိန်မှာ standard version နှင့် သုံးဖို့လိုအပ်ပါတယ်။ From ဆိုတဲ့ နေရာကနေ ဘယ် email ID နှင့် ပို့ချင်သလဲ ရွေးလို့ရတယ်လေ။

Standard version မှာ Functions တွေပိုစုံတယ် အင်တာနက် ချိတ်ဆက်မှု အမြန်နုန်းလည်း ပိုကောင်းဖို့ လိုအပ်ပါတယ်။

အဲဒါကတော့ ကိုယ့် email account အသီးသီးကို Master ID တစ်ခုထဲမှာ backup လုပ်တာဖြစ်တယ်။ အဲဒီ Master account ကိုလည်း တစ်ခြား ID သို့ ထပ်ပြီး Backup လုပ်လို့ရပါသေးတယ်။
(burmait.net မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံ