Saturday, 15 December 2012

သင့်ကွန်ပျုတာရဲ့Graphic မန်မိုရီကို ကြည့်နည်း





ဒီနည်းလေးကတော့ ဘာမှပြောင်းလဲပေးဖို့ မလိုပါဘူး..။ ဗဟုသုတ အနေနဲ့ တင်ပေးလိုက်တာပါ..။ ကျနော်တို့ ကွန်ပျူတာတွေမှာ ဂရပ်ဖစ်မန်မိုရီကလည်း တခန်းပါဝင်ပါတယ်..။ ဘာလို့လဲဆိုတော့ ဂရပ်ဖစ်မရှိရင် Games တွေကစားလို့မရပါဘူး..။ နောက်ပြီး Screen Saver လည်းအလုပ်မလုပ်ပါဘူး..။
စက်အဟောင်းတွေ ဝင်းဒိုးအသစ်တင်တဲ့အခါ ဂရပ်ဖစ်တွေ ပျောက်တတ်ပါတယ်..။ အဲခါမျိုးတွေမှာ Driver အခွေရှိတဲ့စက်တွေကတော့ လွယ်ပေမယ့် Driver ခွေမရှိတော့တဲ့စက်တွေမှာတော့ အင်တာနက်မှာ လိုက်ရှာရတာ အတော်လေး ရွာလည်ပါတယ်..။  နောက်တစ်ခုက မိမိတို့စက်ရဲ့ ဂရပ်ဖစ်က တအားနည်းနေတဲ့အခါ ၊ တချို့ဂိမ်းတွေ ဆော့လို့မရတဲ့အခါ ဂရပ်ဖစ်ကတ်ကို ထပ်မြင့်လို့ရပါတယ်..။ အပိုထပ်တိုးလို့ ရပါတယ်..။ အဲဒါကတော့ ဆိုင်မှာ သွားလုပ်ရမှာပါ..။ ဂရပ်ဖစ်ကတ်တော့ပါပြီး ဂရပ်ဖစ်မန်မိုရီ အလုပ်မလုပ်တဲ့အခါ ပုံမှာပြထားတဲ့ B နေရာမှ ဂရပ်ဖစ် တန်ဖိုး မပေါ်ပဲနဲ့ n/a ဆိုတဲ့ စာသားလေးပဲ မြင်ရမှာပါ..။ အဲလိုမျိုးပေါ်နေရင်တော့ မိမိစက်ရဲ့ မော်ဒယ်နဲ့ အမျိုးအစား တူမယ့် ဂရပ်ဖစ်ဆော့ဝဲလ်ကို ရှာပြီးသာ ထည့်ပေတော့...။
ဂရပ်ဖစ်ကို ကြည့်နည်းလေးကတော့ ကီးဘုတ်မှ ရှော့ကပ်ကီး windows+R နဲ့ Run Box ကိုဖွင့်ပြီး.. dxdiag စာသားကိုရိုက်ထည့်ပါ..။ Enter သို့မဟုတ် OK နှိပ်ပါ.. ပုံမှာဆက်ကြည့်လိုက်ပါဗျာ..
  
ဂရပ်ဖစ်မန်မိုရီ 256 MB
 လောက်ဆိုရင်ပဲ အတော်လေး ကောင်းနေပါပြီ..။ ဂိမ်းတော်တော်များများကိုလည်း ဆော့လို့ရပါပြီ..။

အပြည့်အစုံ

မော်နီတာပေါ်က ကြိုက်တဲ့နေရာဗွီဒီယိုရိုက်နည်း













အောင်မလေးဗျာ ကျနော်တော်တော်လေး လိုခြင်နေတာ တော်တော်များများ နေရာတွေမှာတွေ့ပါတယ် နည်းပညာပိုင်းဆိုင်ရာ သင်ကြးမှုတွေ ပြပေးတဲ့အခါမျိုးတွေမှာ မော်နီတာကို ဗွီဒီယိုလေး ရိုတ်ပြီး လုပ်ပြတာ အရင်ကထင်တာ ကင်မရာနှင့်ရိုတ်ပြီးတင်တယ်ဘဲပေါ့ (ပညာရှိများတွေးလိုက်ရင် တက်တက်ဆင် လွဲတာပဲ) ဒီလိုလုပ်ဖို့ကို ဘယ်မှာစပြီးစိတ်ကူးရလဲဆိုတော့ ကျနော် ဆရာတယောက်နှင့် Yahoo မှာ Video call လုပ်တိုင်းသူပြောတာတွေကို ဖမ်းထားပြီး ပြန်ကြည့်ဖို့လုပ်တယ် Real Player ရောအများကြီးဘဲမရဘူး Google Video chats လည်းမရဘူး VZO မှာရတော့လည်း ဖိုင်ကပြောင်းလို့မရဘူး။ စိတ်လေပါရော ဆရာသမားကလည်း ဘိုလိုပြောတာဆိုတော့ သိတဲ့အတိုင်းအကုန် ချုပ်လိုက်ရင် ဘယ်လိုပြောလိုက်ပင် မသိဖြစ်သွားတာတွေကများနေတယ် တနေ့မှာ ကျနော်က စိတ်တိုတိုနှင့် လိုက်မွှေနောက်ရှာဖွေလိုက်တာ ထွက်လာပါတယ် အမျိုးပေါင်းမနည်း အဲဒီထဲကမှ ပိုက်ပိုက်မပေးရတာရယ် အကောင်းဆုံးနှင့် အလွယ်ဆုံးသုံးနိုင်တာကို စကာတင်လိုက်တာ အခုပေးမယ့် BSR Screen Recorder ဆော့ဝဲလ်လေး ထွက်လာပါတယ် သူကသုံးရတာလွယ်တယ် ပေါ့ပေါ့ပါးပါးလဲရှိတယ် နည်းပညာနှင့်ပတ်သက်ပြီး တင်ပြနေတဲ့ ဆရာတွေအတွက်လည်း ကောင်းမယ်ထင်တယ် မော်နီတာပေါ်က ကြိုက်တဲ့နေရာကို Video record လုပ်ထားနိုင်တဲ့ Recorder လေးပါ မော်နီတာတခုလုံးလား တစိတ်တပိုင်းလား ကြိုက်သလိုချိန်လို့ရတယ် ကိုယ့်မော်နီတာမှပေါ်နေသမျှ ဘာမဆိုမှတ်တမ်းတင်လို့ရတယ် ဗွီဒီယို ဖိုင်ကိုလည်း ကိုယ်ကြိုက်ရာရွေးလို့ရတယ် မော်နီတာမှာပေါ်သမျှဆိုရှင်းနေပြီ တချို့ဆိုက်တွေက Real Player နှင့်ကူးလို့မရတာကိုပါ သနားတယ်ဘဲ ဟင်း ဟင်း မကောင်းဘူးလား (သိပြီးသား ဂုရုကင်းကောင်ကြီးများအတွက် တောင်းပန်ပါတယ် ကျနော်လို ခရုငယ်လေးတွေအတွက် ပြန်မျှတာပါဗျာ)

မူရင်းဆိုက်ကို သွားပြီး ထပ်မွှေခြင်ရင်ဒေါင်းရန် >>> ဒီမှာပါ

ဆော့ဝဲလ်လေးဘဲ အသင့်ဒေါင်းပြီး ယူခြင်တဲ့ ပုဂံအကျဉ်းသားများအတွက်လည်း လုပ်ပေးလိုက်ပါတယ်
Windows ( XP / Me / NT / 2000 / 2003 )ဒေါင်း၇န်>>> ဒီမှာပါ
Windows ( VISTA / 7 / 64BitXP )ဒေါင်း၇န်>>> ဒီမှာပါ

အပြည့်အစုံ

Internet Download Manager




အင်တာနက် သုံးသည့်နှင့် မဖြစ်မနေ လိုအပ်သည့် အရာတစ်ခုအကြောင်း ရေးသားဖော်ပြပါမည်။ Internet Download Manager ကို ကွန်ပျူတာထဲသို့ မည်သို့ မည်ပုံ ထည့်သွင်းရမည်ကို ရေးသားပေးခဲ့ဖူးပါ၏။ သို့ရာတွင် ကျွန်ုပ်၏ ရှင်းလင်းချက် ညံ့ဖျင်းမှုကြောင့် အားလုံးလိုလို နားမလည် ဖြစ်နေပုံရ၏။ ထို့ကြောင့် IDM အကြောင်းကို အစကနေ ထပ်မံရေးသားဖော်ပြအပ်ပေ၏။
၁) IDM ကိုဒီမှာ>>> Download လုပ်ယူပါ။
၂) idman60b ကို Install လုပ်ပါ။ Restart တောင်းပါက ပေးလိုက်ပါ။ ပြီးပါက
၃) Start Bar ညာဘက် အောက်ခြေတွင် ပေါ်နေသော IDM သင်္ကေတ အလုံးလေးကို Right Click လုပ်ပြီး Exit ကို ရွေး၍ ပိတ်ပါ။
၎) Download လုပ်ယူထားသော ဖိုင်ထဲတွင် Patch ဖိုင်ကို ဖွင့်ပါ။ Patch ကို နှိပ်ပါ။
  ၅) ဖိုင်လမ်းကြောင်းတစ်ခု မေးလိမ့်မည်။ My Computer ရှိ Local Disk (C:) အောက်တွင် Program Files ကို သွားပါ။ Internet Download Manager ဖိုင်ကိုဖွင့်၍ IDMan အလုံးလေးကို ရွေးလိုက်ပါ။
၆) ဒါဆိုရင် Patch လုပ်တာ ပြီးသွားပါပြီး။
၇) Start မှ IDM ကို ပြန်ဖွင့်လိုက်ပါ။
ဒါဆိုရင် အမြဲတမ်း သုံးနိုင်ပါပြီး။ အထူးမှာကြားလိုသည်မှာ IDM update လုပ်မလား မေးသည့်အခါ No သာ ပေးရန် ဖြစ်ပါသည်။ အဆင်ပြေလိမ့်မည်ဟု မျှော်လင့်လျက် .
မောင်စေတနာဆိုက်မှ ကူးယူဝေမျလိုက်ပါတယ်၊

အပြည့်အစုံ

မိမိကွန်ပျူတာ Hangs ရခြင်းအကြောင်း (၁၀)ချက်



ကျွန်တော်တို့ ကွန်ပျူတာ ကိုသုံးနေရင် Hangs တာမျိုး Crashes ဖြစ်တာ မျိုး ကြုံဖူးကြမှာပါ။ ဘာကြောင့်ဖြစ်တာလဲဆိုရင် ကျွန်တော်တို့ မိမိတို့ စက် မှာ မလိုအပ်တဲ့ process တွေ အလုပ်လုပ်နေလို့ ဖြစ်ပါတယ် အဲဒီလို မဖြစ် ရအောင် ဖြေရှင်းနည်း (၁၀) ချက်ရှိတယ်။

1. မိမိတို့ computer မှာ ctrl+alt+ delete key (တစ်ချို့စက်တွေမှာ ctrl+shift+Esc ) နိုပ်ပြီ Task manager ကိုခေါ်လိုက်ပါ။ ပြီရင် processes ထဲမှာ ကို အသုံးမလိုတဲ့ software တွေကို End Process လိုက်လုပ်ပါ။

2. နောက်တစ်ခုက virtual memory တိုးပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ program တွေ အများကြီး run ထားတဲ့အခါ virtual memory မလုံလောက် တဲ့အတွက် စက် Hangs တာမျိုးတွေ ဖြစ်တက်ပါတယ်။

3. နောက်တစ်ခုကတော့ ကျွန်တော်တို့ Browser တွေရဲ့ History တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ ccleaner software နဲ့ ဖြေရှင်းက အတော် ကောင်းတယ်။ software မသုံးချင်တဲ့ သူငယ်ချင်းများအတွက် Internet explorer မှာ Tools ဆိုတာ တွေ့ကြမှာပါ။ အဲဒီမှာ internet option ထဲက General မှာ clear History ကို click လိုက်ပြီ ok ပေးလိုက်တာပါ။ Firefox မှာလဲ ကျွန်တော်တို့ option ထဲက privacy ထဲမှာ private ထဲက setting မှာ ကျွန်တော်တို့ clear ပေးလိုက်ပါ။ Browser History တွေကို ပြောတာနော်။

4. နောက်တစ်ခုကတော့ Internet temporary files တွေကို delete ပေးရ ပါ့ မယ်။ ဒါကတော့ option က ဖျက်တာနဲ့စာရင် ccleanner softeware နဲ့ ဖြေရှင်းတာ အကောင်းဆုံးဖြစ်ပါတယ်။

5. နောက်တစ်ခုက ကျွန်တော်တို့ cookies တွေကို ဖျက်ထုတ်တာဖြစ်ပါ တယ်။ Internet Browser တွေက option ထဲကနေ cookies တွေကို ဖျက်ထုတ်လိုက်ပါ။

6. နောက်တစ်ခုကတော့ မလိုအပ်တဲ့ programs တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ မိမိတို့စက်မှာ မလိုအပ်တာတွေကို မိမိသာ အသိဆုံးဖြစ်မှာပါ။ မိမိcomputer က control panel ထဲက add/remove programs ထဲက မလိုတာတွေကို install လုပ်လိုက်ပါ။

7. နောက်တစ်ခုကတော့ files တွေကို ပြန်စီတာဖြစ်ပါတယ်။ Defragmenter ချတယ်လို့လဲခေါ်ပါတယ်။ Defragmenter ချတဲ့နေရာမှာ မိမိ Defragmenter ချတဲ့အခါ မိမိချချင်တဲ့ Disk မှာ free space 15% ရှိရပါမယ်။ မရှိရင်တော့ defragmenter ချလို့ မရပါဘူး။ လုပ်နည်းကတော့ all programs/accessories /system tool/disk defragmenter မှာ မိမိ partition ခွဲထားတစ်လောက် file တွေကို ပြန်စီလိုက်ပါ။

8. နောက်တစ်ခုကတော့ မိမိ ကွန်ပျူတာမှာ error ကို check လုပ်တာပါ။ မိမိစက်မှာ error တက်နေတဲ့ program တွေကို check လုပ်လိုက်တာပါ။ ဘယ်လိုလုပ်ရသလဲဆိုရင် မိမိ error ရှာချင်တဲ့ disk ပေါ်မှာ right click ထောက်။ properties ထဲက tools မှာ error-checking အကွက်ထဲမှာ check Now ကို click ပြီ မိမိတို့လုပ်စေချင်တာကို အမှန်ခြစ်ပေးပြီ check လုပ်လိုက်ပါ။

9. နောက်တစ်ခုကတော့ ကျွန်တော်တို့ Run ထဲမှာ (%temp%;prefetch; recent) ကို ပုံမှန်ဖျက်ထုတ်ပေးပါ။ ဖျက်လို့မရတဲ့ files တွေလဲတွေ့ရမှာ ပါ။ ဖျက်ရချင်ရင်တော့ unlocker softeare နဲ့ ဖြေရှင်းလို့ရပါတယ်။ free ပေးပါတယ် google မှာရှာလိုက်ပါ။နောက်တစ်ခုကတော့ ကျွန်တော် တို့ computer ထဲက search button မှာ cooking လို့ ရိုက်ထည့်ပြီ သူ့ထဲမှာ ရှိတဲ့ ဖိုင်တွေကို ဖျက်ထုတ်လိုက်ပါ. ဗိုင်းရပ်အများ ဆုံးနားခို တဲ့ နေရာလဲဖြစ်ပါတယ်။

10. နောက်တစ်ခုကတော့ မိမိတို့ computer ဖွင့်ဖွင့်ချင်မှာ process  တွေကြောင့် ကျွန်တော်တို့ window အတက် အတော်လေး ပါတယ်။ ဒါကြောင့် msconfig က startup ထဲမှာ မလိုအပ်ဘူးထင်တာတွေကို disable ပေးထားလိုက်ပါ။ လိုအပ်တာတွေတော့ မှားမပေးနဲ့နော်။
နောက်တစ်ခုကတော့ shutdown လုပ်တဲ့အခါမှာ power ပေါက် ထိုးပိတ်တာမျီုးမလုပ်ပါနဲ့။

အပြည့်အစုံ

မိမိဂျီမေးအကောင့် လုံခြုံအောင်လုပ်တဲ့နည်း




ကျနော်က ဂျီမေးလ် သုံးနေတာတော့ အတော်ကြာပါပြီ မရှိမဖြစ်လောက်ကို သုံးနေရတာပါ ဒီတော့ ဂျီမေးလ် အကောင့်လေးနှင့် ပါတ်သက်လာရင် တော်တော်လေး လန့်ပါတယ် Hack တယ်လို့ ကြားရင် ကိုယ့်မေးလ်လေး စိတ်မချဖြစ်ရတာ အမောပါ
ကျနော် အကောင့်လုံခြုံအောင် အမြဲတမ်းရှာဖွေနေမိပြီး ကျနော့လိုဘဲ ဂျီမေးလ် အကောင့်လေး စိုးရိမ်တက်သူများအတွက် ရေးပေးလိုက်တာပါ ဘာပညာမှတော့ ထူးထူးဆန်းဆန်းမပါပါဘူး ပညာရှင်များအတွက်တော့ ဟာသဖြစ်နေမှာပါ ဒါပေမယ့် ကျနော်လို ဘာမှ မသိသေးသူများအတွက် ရည်ရွယ်ပြီး ရှင်းပြလိုက်တာပါ
ပထမအဆင့် Protocol Secure
ကိုယ့်အကောင့်ကို Changing the HTTPS setting သို့ပြောင်းပါ HTTPS (Hypertext Transfer Protocol Secure) ဆိုတာက HTTP (Hypertext Transfer Protocol) ထက် ပိုပြီး လုံခြုံရေးအဆင့်တခုရှိနေပါတယ် သူက secure protocol ပါ
လုပ်ရတာလွယ်ပါတယ်
(၁) မိမိအကောင့်ကို Sign up လုပ်ဝင်လိုက်ပါ
(၂) yourmail@gmail.com ဘေးနားမှ Settings ထဲကို ၀င်လိုက်ပါ
(၃) General မှာ Browser connection မှ Always use https ကို မှတ်ပေးလိုက်ပါ
(၄) အောက်ဆုံးမှာသွားပြီး Save Changes လုပ်လိုက်ရင် ပြီးပါပြီ
ကိုယ်မေးလ်အကောင့် ကို ၀င်လိုက်တိုင်း http:// မဟုတ်တော့ပါဘူး https:// ဖြစ်နေတာကိုတွေ့ရမှာပါ

ဒုတိယအဆင့် Password
မိမိ အကောင့် password ကို ရိုးရိုးကြီး မပေးထားပါနှင့် ဥပမာ( password )ဆိုတာမျိုးထက်( pAssWord123SeCurE )လို့ပေးနိုင်ရင် အကောင်းဆုံးလို့ Google ဆိုထားပါတယ် နောက်ပြီး အကောင့် password ကို တနှစ်မှာ အနည်းဆုံး နှစ်ကြိမ်ပြောင်းရန် Google တိုက်တွန်းထားပါတယ် Microsoft အဆိုအရ password တခုဟာ (၇၂) ရက်ထက်ပိုပြီး မလုံခြုံပါဘူးလို့ ပြောထားတာလည်း ရှိပါတယ် မိမိနှစ်သက်သလို ရွေးချယ်ပါ

တတိယအဆင့် Password recovery options
အရေးအကြောင်းရှိလို့ ကိုယ့်အကောင့် password မေ့သွားရင် ဖြစ်ဖြစ် ဒါမှမဟုတ် အခြားသူတယောက်က မိမိအကောင့်ကို password recovery လုပ်ပြီးအခိုးမခံရအောင် မိမိအကောင့်စဖွင့်တဲ့အချိန်က ပေးထားသော recovery အကောင့်ကို များသောအားဖြင့် သူငယ်ချင်း တယောက်ယောက်ရဲ့ အကောင့်ပေးထားလေ့ရှိပါတယ် အဲဒီလို ပေးထားရင် အကောင်းဆုံးက အမြန်ဆုံးပြောင်းလိုက်ပါ မိမိရဲ့ အကောင့် Recovery ကိုလည်း စိတ်တိုင်းကျ ပြောင်းရအောင်
(၁) မိမိအကောင့်ကို Sign up လုပ်ဝင်လိုက်ပါ
(၂) yourmail@gmail.com ဘေးနားမှ Settings ထဲကို ၀င်လိုက်ပါ
(၃) Account and Import မှ အောက်ဆုံးမှာရှိသော Google Account setting မှ Visit your Google Account setting ကလစ်နှိပ်ဝင်ပါ
(၄) Personal Settings အောက်မှ Change password recovery options ကို ကလစ်နှိပ်ဝင်ပြီး မိမိစိတ်တိုင်းကျ လုံခြုံစိတ်ချရအောင်ပြောင်းနိုင်ပါသည်။

အထူးလုံခြုံရေး

ပြည်ပမှာနေထိုင်သူဖြစ်ပါက(သို့) လက်ကိုင်ဖုန်းရှိပါလျှင် Google မှ ၀န်ဆောင်မှုအသစ်အဖြစ် Password ပြောင်းရင် ဒါမှမဟုတ် အခြားနေရာဒေသမှ ကွန်ပြုတာဖြင့် မိမိ Gmail ကိုဖွင့်ရန်ကြိုးစားသည်နှင့် မိမိပေးထားသည့် ဖုန်းနံပတ်သို့ confirmation code ကို မိမိဖုံးသို့ SMS ပေးပို့ပြီး အတည်ပြုခိုင်းပါသည်။ ထိုဝန်ဆောင်မှုသည် တော်တော်လေး ကောင်းသောကြောင့် သုံးဆွဲနိုင်သူများ Setting တွင် မိမိဖုန်းနံပါတ်ဖြင့် လုံခြုံရေး ပိုမိုမြှင့်တင်နိုင်ပါသည်။ 

ဒီလောက်လုပ်ပြီးရင်တော့ တော်တော်လေးစိတ်ချရပါပြီ။ အဆင့်မြင့်နည်းပညာသုံး မသာမာသော အစိုးရအဖွဲ့စည်းက မွေးထားသော ဟတ်ကာပညာရှင်များပင် မိမိအကောင့်ကိုခိုးနိုင်ရန် အတော်ကြိုးစားရပါလိမ့်မည်။

အပြည့်အစုံ

မိမိစက်က နေ Data များ ကူးယူခြင်းမှ ကာကွယ်ရန်



မိတ်ဆွေတို့ ရဲ့ စက်က အရေးကြီးတဲ့ data ဖြစ်ဖြစ် အရေးမကြီးလို့ ပဲဖြစ်ဖြစ် ကိုယ်က မပေးပဲနဲ့ တစ်ခြားသူ ကူးယူခြင်းမလုပ်နိုင်အောင် ကာကွယ်လို့ ရပါတယ်ဗျာ။စိတ်ပါသူများအတွက် အောက်က နည်းလေးအတိုင်းစမ်းသပ်နိုင်ပါတယ်။


:P ၁။ Start > Run > Regedit လို့ ရိုက်ပေးပါ။ ၂။ Registry Editor ပေါ်လာတဲ့အခါမှာHKey_Local_Machine\System\Current_Control_Set\Control ကို သွားပါ။ ၃။Control ကိုရောက်ပီဆိုတာနဲ့  right side မှာ right click ထောက်ပြီး keyကိုခေါ်လိုက်ပါ။ ဒါဆို left side မှာ New folder အသစ်တစ်ခုကိုတွေ့ ရပါလိမ့်မယ် အဲဒီnew folder ကို မိမိတို့ က "StorageDevicePolicies " လို့ နာမည်ပေးလိုက်ပါမယ်။ ၄။ ညာဘက် Task Pane ထဲမှာ DWORD ကို Create လုပ်ပါ။ အဲဒီမှာ WriteProtectလို့ရိုက်ပြီး နာမည်ပေးပါ။ ၅။အဲဒီလိုနာမည်ပေးပြီးရင် ပေါ်လာတဲ့ WriteProtect ဆိုတဲ့ ဖိုင်ပေါ်မှာ Double Clickလုပ်ပါ။ Value Data အတွက် 0 အစား 1 လို့ ရိုက်ပေးပါ။ ၆။အားလုံးပြီးသွာရင်တော့ ထုံးစံအတိုင်း စက်ကို restart ပေါ့ဗျာ.. တစ်ချို့ ပြင်ဆင်မူ့ တွေကတော့ restart မလုပ်လည်း effect ဖြစ်ပါတယ်။ဒါပေမယ့်registry မှာပြင်ဆင်မူ့ တော်တော်များများကတော့ restart ပေးပီးမှ တက်ရောက်မူ့ ရှိတာများပါတယ်..။ ဒါဆိုရင် မိမိစက်ထဲမှာရှိတဲ့ Data တွေကို အခြားသူကရဲ့  ကိုယ်မသိပဲနဲ့ ကူးယူခြင်းမှ ကာကွယ်သွာနိုင်ပါပြီ။

အပြည့်အစုံ

Friday, 9 December 2011

iOS နဲ့ Android စမတ်ဖုန်းတွေကို ကြိုးမဲ့ CCTV ကင်မရာအဖြစ် ဘယ်လိုအသုံးချမလဲ

iOS သို့မဟုတ် Android စမတ်ဖုန်း တစ်လုံးသာပိုနေမယ်ဆိုရင် ကြိုးမဲ့ CCTV ကင်မရာအဖြစ် အသုံးချဖို့ စိတ်ကူးမိပါတယ်။ မိမိအိမ်ခြံဝိုင်း၊ မွေးထားတဲ့ တိရစ္ဆာန်ငယ်လေးတွေ၊ ကလေးငယ် သို့မဟုတ် အသက်ကြီး လူမမာတွေကို အနီးကပ်မကြည့်ရှုဖို့ အရေးတကြီးလိုအပ်မယ်ဆိုရင် အပိုရှိနေတဲ့ iOS သို့မဟုတ် Android စမတ်ဖုန်းကို Wireless Network Camera အဖြစ် အသုံးချလို့ ရပါတယ်။

iOS အသုံးပြုထားတဲ့ iPhone, iPod touch, iPad တွေကို Wireless Network camera အဖြစ်အသုံးပြုမယ် ဆိုရင်တော့ ပထမဦးဆုံး Apple App Store မှ Wireless Network camera app ကို Download ဆွဲယူရပါတယ်။ ပြီး image recording ကို enable လုပ်ထားရမှာဖြစ်ပါတယ်။ ကင်မရာမှ ကိုယ်လိုချင်တဲ့ ရုပ်ပုံအကွာအဝေးနဲ့ ဆိုဒ်ကို လိုသလို ချိန်ညှိယူလို့ ရပါတယ်။
ပြီးတော့ မိမိ လက်မှာထားရှိမဲ့ iOS device မှာတော့ yawcam ဆိုတဲ့ software ကို အရင်ဆုံးသွင်း ရမှာဖြစ်ပါတယ်။ ဒါကိုတော့ www.yawcam .com ဆိုတဲ့ ဝက်ဘ်ဆိုဒ်လေးမှ အခမဲ့ Download ဆွဲယူနိုင်ပါတယ်။ ဒါကတော့ စောင့်ကြည့်ကင်မရာကို Network ချိတ်ဆက်ပေးတဲ့ software ဖြစ်ပါတယ်။ ဒါကြောင့်မို့ iOS ကို CCTV ကင်မရာအဖြစ် သုံးမယ်ဆိုရင်တော့ Local Internet service ရှိရမှာဖြစ်ပါတယ်။ ပြီးရင် သင့်ရဲ့ iOS Device က http:// အနောက်မှာ ကင်မရာရဲ့ IP address ကိုရိုက်ထည့်ပေးရပါမယ်။ ယင်း IP address ကလည်း စောင့်ကြည့်ကင်မရာမှာ ပေါ်နေမှာဖြစ်ပါတယ်။ ယင်းကိုကြည့်ပြီးတော့ အလွယ်တကူ ရိုက်ထည့် နိုင်ပါတယ်။ IP address ကတော့ မိမိ အသုံးပြုတဲ့ နေရာအလိုက် ကွာခြားမှုရှိပါတယ်။ ဒါတွေ ပြီးပြီဆိုရင်တော့ သင့်ဘယ်နေရာရောက် မိမိ အိမ်ကို ကိုင်ဆောင်ထားတဲ့ iOS device ကနေ စောင့်ကြပ်ကြည့် ရှုလို့ရပါပြီ။

Android စမတ်ဖုန်းတွေမှာလည်း သိပ်ကွာခြားချက်မရှိပါဘူး။ သူကတော့ အရင်ဆုံး www.market.android.com ကနေ Motion Dectector Pro ဆိုတဲ့ App လေးကို Download ဆွဲရမှာဖြစ် ပါတယ်။ ဒီစနစ်ကတော့ အင်မတန်လွယ်ကူပါတယ်။ App ကိုဖွင့်မယ် ပြီးတော့ ရိုက်ကူး၊ Record လုပ်တဲ့ image နဲ့ ဗီဒီယိုတွေကို မိမိ ပို့ဆောင်မဲ့ ဖုန်းရဲ့ နံပါတ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ ဒါကတော့ SMS စနစ်ကို သုံးစွဲခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့ Android ကို Wireless Network Camera အဖြစ် အသုံးပြုမယ်ဆို ရင်တော့ ဖုန်းဘေလ် ကုန်ကျမှာ ဖြစ်ပါတယ်။ ကင်မရာရဲ့ Motion တွေကို မိမိဖုန်းနဲ့ လိုသလိုချိန်ညှိယူ လို့ရပါတယ်။ Advance setting ထဲဝင်ပြီးတော့ အမျိုးမျိုးပြောင်းလဲယူနိုင်ပါတယ်။

ဒါဆိုရင် iOS နဲ့ Android စမတ်ဖုန်းတွေကို Wireless Network Camera အဖြစ် အသုံးပြုလို့ရပါပြီ။

(MyarmarICT မှ ပြန်လည်ဖော်ပြသည်)

အပြည့်အစုံ

Computer connector များအကြောင်း

မြန်မာမိသားစုဖော်ရမ်မှ ကူးယူဖော်ပြသည်။
 
ကျွန်တော်တို့ဆိုဒ်မှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D

အထက်ကပုံမှာဆိုရင် သာမှန်အားဖြင့် Desktop computer တစ်လုံးရဲ့  Case နောက်ဖက်မှာမြင်တွေ့  ရမည့် connector များဖြစ်ပါတယ်…ဒီ connector တွေဟာ built in connector တွေဖြစ်ပြီး သူတို့ မှာ standard color နဲ့  standard size လေးတွေရှိပါတယ်..ဥပမာအားဖြင့် ps/2 keyboard connector သည် အပြာရောင် သတ်မှတ်ထားပြီး pin အားဖြင့် 6pin mini din connector ဖြစ်ပါတယ်..ဒါက desktop ကွန်ပျူတာရဲ့ ဘယ် motherboard မဆို ဒီအတိုင်းသတ်မှတ်ထားတာဖြစ်ပါတယ်..ဒါမှလည်း ကီးဘုတ်ထုတ်တဲ့ company တွေ mouse ထုတ်တဲ့ company တွေအလုပ်ဖြစ်မှာပေါ့..နို့ မိုဆို သူတို့ ထုတ်ချင်တဲ့ design ကိုသာထုတ်မယ်ဆိုရင် motherboard တွေက အမျိုးမျိုးရှိတဲ့အတွက် အရွယ်အစား ကိုက်ညီမှာမဟုတ်ဘူးလေ..ဒါကြောင့် company တွေက သတ်မှတ်ထားတဲ့ standard color နဲ့  size ကိုလိုက်နာပြီး ဒီဇိုင်းထုတ်ကြရပါတယ်..user အနေတွေ ဖက်ကအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဒီလို color လေးတွေကို မှတ်သားခြင်းအားဖြင့် ဘယ် motherboard အမျိုးအစားမဆို color ကိုကြည့်လိုက်တာနဲ့  ဘယ် connector ကတော့ ဘယ် color ဆိုပြီး အလွယ်တကူ တပ်ဆင်နိုင်ပါတယ်..

PS/2 port(keyboard)
အပြာရောင်နဲ့ pin ၆ pin ပါတဲ့ connector ဟာ PS/2 keyboard connector ဖြစ်ပါတယ်..mini din keyboard connector လို့ လည်းခေါ်ပါတယ်..
PS/2 port(mouse)
အစိမ်းရောင်နဲ့ pin ၆ pin ပါတဲ့ connector ဟာ PS/2 mouse connector ဖြစ်ပါတယ်..mini din mouse connector လို့ လည်းခေါ်ပါတယ်..
USB port
USB port တွေဟာ 4 pin flat connector (ခေါင်းအပြား)ဖြစ်ပြီး အနည်းဆုံး နှစ်ခုပါလေ့ရှိပါတယ်..USB connector သုံးထားတဲ့ device မှန်သမျှ computer နဲ့ ချိတ်ဆက်ဖို့ ဒီ USB connector ကို လာတပ် ရပါတယ်..
Ethernet port(network)
Ethernet port ကို RJ-45 port လို့ လည်းခေါ်ပါတယ်..Desktop မှာ ရော laptop မှာပါ ဒီ RJ-45 port ကိုအသုံးပြုပါတယ်..မိမိကွန်ပျူတာကို network/internet ချိတ်ဆက်သည့်အခါ ဒီ port မှာလာတပ်ရပါတယ်..
Serial port(dial-up modem)
Phone line နဲ့ internet ချိတ်ဆက်သည့်အခါ အသုံးပြုတဲ့ modem port ဖြစ်ပါတယ် serial port connector တွေဟာ male connector ဖြစ်ပါတယ်..pin အရေတွက်အားဖြင့် 9 pin ပါရှိပါတယ်..
LPT1 printer port(printer)
Printer နဲ့ ကွန်ပျူတာ ချိတ်ဆက်ဖို့ ဒီ connector မှာ လာတပ်ပေးရပါတယ်..DB 25 connector လို့  လည်းခေါ်ပါတယ်..printer တွေကို USB port နဲ့  အသုံးပြုတာများပါတယ်..USB connector က printer မှာမပါဘူးဆိုရင်တော့ DB 25 printer port ကိုအသုံးပြုရမှာဖြစ်ပါတယ်…..
VGA port(monitor)
VGA DB connector ဟာ 3 row15 pin အပြာရောင် ဖြစ်ပါတယ်..motherboard တွေမှာ built in ပါလေ့ရှိပါတယ် တစ်ချို့ ဘုတ်တွေ မှာတော့ မပါဘူး အဲဒီလိုမပါခဲ့ရင် VGA card ကို ၀ယ်စိုက်ရပါတယ်..
Speakers port
သီးချင်းနားထောင်ဖို့  speaker သုံးပြီးဖွင့်မယ်ဆိုရင် jack plug ကို ဒီ အစိမ်းနုရောင် connector မှာ လာတပ်ရပါတယ်
Line in
Line in ဆိုတာ အပြင်က tape ,recorder တွေကို ကွန်ပျူတာထဲကို သွင်းချင်တယ်ဆိုရင် ဒီ အပြာနုရောင် line in connector မှာလာတပ်ပြီးတော့သွင်းလို့ ရပါတယ်..
Microphone
Microphone ကတော့ စကားပြောဖို့ အတွက် အသံသွင်းဖို့ အတွက် jack plug ကို ဒီ ပန်းနုရောင် connector မှာ လာတပ်ရပါတယ်..ဒီ connector တွေရဲ့ ဘေးနားလေးတွေမှာ microphone ဆိုလည်း microphone ပုံစံ speaker ဆိုလည်း speaker ပုံလေးတွေ case cover(I/O frame cover ) မှာပြထားပေးတတ်ကြပါတယ်..
Game port(joystick)
Joystick 2 row 15 pin connector ကို game ဆော့တဲ့အခါ အသုံးပြုတဲ့ connector ဖြစ်ပါတယ်..ခုနောက်ပိုင်းတော့ joystick ကို USB connector ကို အသုံးပြုတာများပါတယ်..ဒါပေမဲ့ backward compatible ဖြစ်အောင်ထည့်ပေးထားပါတယ်..တစ်ချို့ motherboard တွေမှာတော့ မပါပါဘူး..

Motherboard ပေါ်ရှိ Switch panel


Motherboard ပေါ်မှာ ရှိတဲ့  switch panel တွေဖြစ်ပါတယ်..သူကဘာလုပ်ပေးလဲဆိုတော့ စက်ကို power on ဖို့ Hard disk မီးလုံးလေးတွေလင်းစေဖို့  Restart ခလုပ်တွေ လာရောက်ချိတ်ဆက်ဖို့ အတွက် panel လေးတွေ ပါပါတယ်…ဒါအပြင် system beep အသံထုတ်ပေးဖို့ အတွက် speaker အသေးလေးပါရှိပါတယ်(ဒီ speaker က သီချင်းနားထောင်တဲ့ speaker မဟုတ်ပါ)ပုံမှာဆိုရင် switch panel ရဲ့  connector ငုတ်လေးတွေ တွေ့ ရမှာဖြစ်ပါတယ်..Hard disk LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ် power LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ်ဆိုတာ အဲဒီ panel ရဲ့ ဘေးနားမှာ ငုတ် အနေအထားရဲ့ ပုံစံအတိုင်း စာလေးနဲ့ ရေးပြထား ပါတယ်.. အဲဒီအတိုင်း တပ်ဆင်နိုင်တယ်..တကယ်လို့ မှ ဘယ် connector ကဘယ်ငုတ်မှာတပ်ရမှန်း မသေချာဘူးဆိုရင် motherboard မှာ manual book ကနေ ကြည့်ပြီးတပ်ဆင်နိုင်တယ်(manual စာအုပ်ပျောက်နေရင် motherboard model နဲ့ manual book ကို အင်တာနက်မှာ ရှာနိုင်တယ်)


RESET SW - ဆိုတာ restart ခလုတ်ပါပဲ ကျွန်တော်တို့ ကွန်ပျူတာကို restart ချချင်တယ်ဆိုရင် case က restart ခလုတ်ကို နိုပ်ရတယ်မလား..SW ဆိုတာ switch ကိုအတိုကောက်ရေးထားတာဖြစ်ပါတယ်..
H.D.D LED(IDE LED) - ဆိုတာ ကျွန်တော်တို့ hard disk ပုံမှန်အလုပ်လုပ်တဲ့အနေထားကို LED ကနေ ကြည့်ရင်သိနိုင်တယ် တစ်ခါတရံ စက်ကလေးလံနေပြီး ဘာမှလုပ်လို့ မရတော့တဲ့အခြေအနေမှာ Hard disk lED ကိုကြည့်လိုက်ပါ အနီရောင်ဖြစ်နေပြီး အကြာကြီးလင်းနေတတ်ပါတယ်..တစ်ခါတစ်ရံ HDD LED လို့ ရေးတတ်သလို IDE LED လို့ လည်းရေးတတ်ကြပါတယ်..motherboard company တစ်ခုနဲ့တစ်ခု မတူပါ..
POWER SW(PWR)- ဆိုတာ ကျွန်တော်တို့ စက်ကို စတင်ပြီး ခလုတ်ဖွင့်ဖို့ အတွက် ချိတ်ထားတဲ့ connector ပဲဖြစ်ပါတယ်…သူက motherboard မှတစ်ဆင့် power supply အလုပ်လုပ်စေဖို့ အတွက် စတင်စက်နိုးပေးတဲ့သူဖြစ်ပါတယ်..
POWER LED - ဆိုတာ power ပုံမှန်အလုပ်လုပ်မှု အနေထားတိုင်းရှိမရှိ LED ကနေသတိထား ကြည့်ရှု့  နိုင်ပါတယ်..power LED ကိုတပ်မထားလည်း ကိတ်စတော့မရှိပါ..သို့ သော် power ပိုင်းနဲ့  ပတ်သက်လာလျင်ခန့် မှန်းရလွယ်ကူအောင်တပ်ဆင်ပေးသင့်ပါတယ်..
Speaker - ဆိုတာ computer စက်စတက်တက်ချင်း တီ ဆိုတဲ့  post သံတွေ Error beep သံတွေ ပေးဖို့  အတွက် panel မှာ speaker ဆိုတဲ့နေရာမှာ တပ်ဆင်ပေးရပါတယ်….ဒီ RESET SW တို့  H.D.D LED connector တို့ ကို motherboard ပေါ်မှာ ရှိတဲ့ switch panel မှာ လာတပ်ပေးရပါတယ်..အခု switch panel တွေရဲ့ ငုတ်အနေအထားဟာ motherboard ထုတ်တဲ့ ကုမ္ပဏီတွေ တစ်ခုနဲ့ တစ်ခု မတူညီနိုင်ပါဘူး..ဒါကြောင့် manual ကြည့်တတ်ရမယ် motherboard ပေါ်မှာရှိတဲ့ panel ရဲ့ ဘေးမှာ ရေးထားတဲ့ စလုံးအတိုကောက်တွေ panel ရဲ့ အနေအထားပုံစံတွေကို သိဖို့ လိုပါတယ်..power LED တို့ Hard disk LED တို့ ဆိုတာ ဒီ connector တွေက case(computer casing) တိုင်းမှာ ပါရှိတဲ့ connector တွေဖြစ်ပါတယ်..

ကိုစံငြိမ်း(မြန်မာမိသားစုဖိုရမ်)

အပြည့်အစုံ